《无碍解道》巴利教说的说明

入出息念定部分 · 原书第 326–330 页 · 40 个翻译单元

本页并入了原书的相邻小节:进一步的说明。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 326 页
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၏ ရှင်းလင်းချက်
《无碍解道》巴利教说的说明
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌လည်း ပဿမ္ဘယဖြစ်ပုံကို အမေးအဖြေများ ပြုလုပ်လျက် အောက်ပါအတိုင်း ရှင်းလင်း ဟောကြားထားတော်မူပေသည်။ (ပဋိသံ-၁၈၃။) ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အဘယ်သို့လျှင် အား ထုတ်သနည်း။
《无碍解道》的巴利教说也以问答方式,说明身行如何平息如下。(《无碍解道》183。)怎样训练“令粗重身行平息,我将入息”?怎样训练“令粗重身行平息,我将出息”?
ကာယသင်္ခါရတို့ဟူသည် အဘယ်သည်တို့နည်း။
哪些是身行?
၁။ ရှည်သော ဝင်သက်လေတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ 〔ကာယိကာတိ ရူပကာယေ ဘဝါ (ပဋိသံ-ဋ္ဌ-၂- ၁၁၃။ မဟာဋီ-၁-၃၂၄) = ကရဇကာယဟု ခေါ်ဆိုသော ဘူတရုပ်-ဥပါဒါရုပ် ဟူသော ရူပကာယ = ရုပ်တရား အပေါင်းကို မှီ၍ ဝင်သက်လေ (ထွက်သက်လေ)တို့သည် ဖြစ်ပေါ်လာကြကုန်၏ဟု ဆိုလိုသည်။〕 ထိုတရားတို့ သည် (= ထိုဝင်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယခေါ် ရုပ်တရားအပေါင်းနှင့်) စပ်ကုန်သည်ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယသင်္ခါရတို့ မည်ကုန်၏။ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည် ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည် ဖြစ်၍ အားထုတ်၏။ (ရုန့်ရင်းသော ကာယသင်္ခါရကို အဆင့်ဆင့် နူးညံ့စေမှု ချုပ်စေမှုကို ဆိုလိုသည်။) ၂။ ရှည်သော ထွက်သက်လေတို့သည် ကိုယ်၌ (ကရဇကာယ ခေါ် ရုပ်တရားအပေါင်း၌ မှီ၍) ဖြစ်ကုန်၏၊ ထိုတရားတို့သည် (= ထိုထွက်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယ ခေါ် ရုပ်တရားအပေါင်းနှင့်) စပ်ကုန်
“所谓‘身体所生’,是指在色身中生起。”(《无碍解道义注》2-113;《大复注》1-324。)意思是:入息(出息)依止称为所生身、由大种色与所造色构成的色身——一切色法——而生起。〕这些法(即这些入息)与身体(即称为所生身的一切色法)相连、相关,又因由所生身所造作,所以称为身行。他训练令这些身行平息、止息而趋于寂静。(这里说的是使粗重身行逐级变得柔和微细、逐级平息。)2.长出息依身体(即依止称为所生身的一切色法)而生;这些法(即这些出息)与身体(即称为所生身的一切色法)相连——
သည်ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယ သင်္ခါရတို့ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည် ဖြစ်၍ ချုပ်စေသည် ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေ သည် ဖြစ်၍ အားထုတ်၏။
——而相关,又因由所生身所造作,所以称为身行。他训练令这些身行平息、止息而趋于寂静。
၃။ တိုသော ဝင်သက်လေတို့သည် ။ ပ ။
3.短入息……(余如第1项。)
၄။ တိုသော ထွက်သက်လေတို့သည် ။ ပ ။
4.短出息……(余如第2项。)
၅။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ် ကုန်သော ဝင်သက်လေတို့သည် ။ ပ ။
5.经过训练,能清楚了知入息始、中、末全体的入息……(余如第1项。)
၆။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ် ကုန်သော ထွက်သက်လေတို့သည် ကိုယ်၌ (= ကရဇကာယ ခေါ် ရုပ်တရားအပေါင်း၌ မှီ၍) ဖြစ်ကုန်၏။ ထို
6.经过训练,能清楚了知出息始、中、末全体的出息,依身体(即依止称为所生身的一切色法)而生。这些——
原书第 327 页
အာနာပါနဿတိသမာဓိပိုင်း တရားတို့သည် (= အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ်ကုန် သော ထွက်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယ ခေါ် ရုပ်တရား အပေါင်းနှင့်) စပ်ကုန်သည် ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယသင်္ခါရတို့ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည်ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။
——法(即经过训练而能清楚了知始、中、末全体的出息)与身体(即称为所生身的一切色法)相连、相关,又因由所生身所造作,所以称为身行。他训练令这些身行平息、止息而趋于寂静。
အကြင်သို့ သဘောရှိကုန်သော ရုန့်ရင်းကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို (= ရူပကာယကို) ---- ၁။ အာနမနာ = အကြင် နောက်မှ ရှေးရှု (= ရှေ့သို့) ညွတ်ခြင်းသည်၊ ၂။ ဝိနမနာ = အကြင် နံပါး နှစ်ဖက်သို့ (= ဘေးနှစ်ဖက်သို့) ညွတ်ခြင်းသည် ၊ ၃။ သန္နမနာ = အကြင် ကောင်းစွာ ထက်ဝန်းကျင်သို့ ညွတ်ခြင်းသည် တစ်နည်း - လွန်စွာ ညွတ်ခြင်းသည်၊ ၄။ ပဏမနာ = အကြင် ရှေ့မှ နောက်သို့ ညွတ်ခြင်းသည်၊ ၅။ ဣဉ္ဇနာ = အကြင် စဥ်းငယ် ရှေးရှု လှုပ်ခြင်းသည်၊ ၆။ ဖန္ဒနာ = အကြင် စဥ်းငယ် နံပါးသို့ လှုပ်ခြင်း (= တုန်ခြင်း)သည်၊ ၇။ စလနာ = အကြင် စဥ်းငယ် ထက်ဝန်းကျင် လှုပ်ခြင်းသည်၊ ၈။ ပကမ္ပနာ = အကြင် စဥ်းငယ် နောက်သို့ လှုပ်ခြင်းသည် ---- ရှိ၏၊ ထိုသို့ သဘောရှိသော ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ်၏၊ ကျင့်၏။ ထိုသို့ သဘောရှိသော ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို
当粗重身行使身体(色身)出现下列动作时:1.အာနမနာ——由后向前弯曲;2.ဝိနမနာ——向左右两侧弯曲;3.သန္နမနာ——向四周充分弯曲,另一说是过度弯曲;4.ပဏမနာ——由前向后弯曲;5.ဣဉ္ဇနာ——稍微向前移动;6.ဖန္ဒနာ——稍微向侧面移动、颤动;7.စလနာ——稍微向四周移动;8.ပကမ္ပနာ——稍微向后移动、颤动。对于具有这些特征的粗重身行,他训练:“令其平息,我将入息。”对于具有这些特征的粗重身行,他又训练:“令其平息,我将——
ရှူထုတ်အံ့ဟု အားထုတ်၏၊ ကျင့်၏။
——出息。”
အကြင်သို့ သဘောရှိကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို ---- ၁။ အကြင် နောက်မှ ရှေးရှု (= ရှေ့သို့) မညွတ်ခြင်းသည်၊ ၂။ အကြင် နံပါး နှစ်ဖက်သို့ မညွတ်ခြင်းသည်၊ ၃။ အကြင် ကောင်းစွာ ထက်ဝန်းကျင်သို့ မညွတ်ခြင်းသည်၊ ၄။ အကြင် ရှေ့မှ နောက်သို့ မညွတ်ခြင်းသည်၊ ၅။ အကြင် စဥ်းငယ် ရှေးရှု မလှုပ်ခြင်းသည်၊ ၆။ အကြင် စဥ်းငယ် နံပါးသို့ မလှုပ်ခြင်းသည်၊ ၇။ အကြင် စဥ်းငယ် ထက်ဝန်းကျင် မလှုပ်ခြင်းသည်၊ ၈။ အကြင် စဥ်းငယ် နောက်သို့ မလှုပ်ခြင်းသည် ---- ရှိ၏၊ ထိုသို့ သဘောရှိသော ငြိမ်သက်သော သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ်၏၊ ကျင့်၏။ ထိုသို့သဘောရှိသော ငြိမ်သက်သော သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အားထုတ်၏၊ ကျင့်၏။
当身行使身体不再出现下列动作时:1.不由后向前弯曲;2.不向左右两侧弯曲;3.不向四周充分弯曲;4.不由前向后弯曲;5.不稍微向前移动;6.不稍微向侧面移动;7.不稍微向四周移动;8.不稍微向后移动。对于这样宁静、微细的身行,他训练:“令其进一步平息,我将入息。”对于这样宁静、微细的身行,他又训练:“令其进一步平息,我将出息。”
ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အလွန် နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင် သက်လေကို ရှူသွင်းအံ့ဟူ၍ အကယ်၍ အားထုတ်သည် ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ အလွန်နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟူ၍ အကယ်၍အားထုတ်သည် ဖြစ်အံ့ ကျင့် သည် ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ----
若把刚才所说的“平息”理解成连极其柔和微细的身行也要彻底止息,并作这样的努力与训练:“令极其柔和微细的身行彻底止息,我将入息;令极其柔和微细的身行彻底止息,我将出息”,那么——
原书第 328 页
၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍ သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း မဖြစ်လေရာ။
1.便不可能生起、培育以入息和出息为所缘而贴近了知的修习心。
၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းသွား ခြင်းကြောင့် သိမ်မွေ့သော ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း မဖြစ် လေရာ။
2.由于修习之力使柔和微细的入息、出息止息,也就不可能再使柔和微细的入息、出息生起并增长。
၃။ ဝင်သက်လေ ထွက်သက်လေတို့၏ မရှိခြင်းကြောင့်ပင်လျှင် ထိုဝင်သက်လေ ထွက်သက်လေလျှင် အာရုံ ရှိသော ဘာဝနာစိတ်နှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိကိုလည်း ပွားစေခြင်း ဖြစ်စေခြင်းသည် မဖြစ်လေရာ။
3.正因为没有入息、出息,也就不可能培育与以入息、出息为所缘的修习心相应的入出息念。
၄။ ထိုသို့ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိ၏ မဖြစ်ခြင်းကြောင့်ပင်လျှင် ထိုအာနာပါနဿတိ နှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း မဖြစ်လေရာ။
4.正因为以入出息为所缘的入出息念不能生起,也就不可能培育与该入出息念相应的入出息念定。
၅။ ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စားနိုင်သည်လည်း မဖြစ်လေကုန်ရာ။
5.智者、善人也就不可能进入以入出息为所缘的禅那等至。
၆။ ထိုသို့ မဝင်စားနိုင်ခြင်းကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထသည်လည်း မဖြစ် လေကုန်ရာ။ ---- ဤကား စောဒနာ စကားရပ်တည်း။
6.因为不能如此入定,也就不可能从以入出息为所缘的禅那等至出定。——以上是诘问。
ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့် ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်း အံ့ဟု အကယ်၍ အားထုတ်သည်ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အကယ်၍ အားထုတ်သည် ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ ဤသို့ ရုန့်ရင်း ရုန့်ရင်းသော ကာယသင်္ခါရ ကို ငြိမ်းစေသည် ချုပ်စေသည် ဖြစ်လတ်သော် ---- ၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း ဖြစ်ပေရာ၏။
若依上述方式努力、训练:“令身行平息,我将入息;令身行平息,我将出息”,如此令一个又一个粗重身行渐次平息、止息,那么:1.便能够生起、培育以入息和出息为所缘而贴近了知的修习心。
၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွား ကုန်သော်လည်း ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။
2.即使柔和微细的自然入息、出息因修习之力而止息,仍有名为“入息、出息”者得以生起并继续开展。
၃။ အာနာပါနလျှင် အာရုံရှိသော ဘာဝနာစိတ်နှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။
3.也能够培育与以入出息为所缘的修习心相应的入出息念。
၄။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။
4.也能够培育与以入出息为所缘的入出息念相应的入出息念定。
၅။ သို့ဖြစ်ရကား ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စား ကြသည်မူလည်း ဖြစ်ပေကုန်ရာ၏။
5.因此,智者、善人也能够进入以入出息为所缘的禅那等至。
၆။ ထိုသို့ ဝင်စားနိုင်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထနိုင်သည်မူလည်း ဖြစ်ပေကုန်ရာ၏။
6.因为能够如此入定,也就能够从以入出息为所缘的禅那等至出定。
原书第 329 页
အာနာပါနဿတိသမာဓိပိုင်း ယခင် ဆိုအပ်ခဲ့ပြီးသော ရုန့်ရင်း ရုန့်ရင်းသော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် နူးညံ့သိမ်မွေ့သည် ထက် အလွန်နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ပွားစေသော ဘာဝနာအစီအရင်ကို အဘယ်ကဲ့သို့ မှတ်အပ် ပါသနည်းဟူမူ ---- နှိုင်းခိုင်းဖွယ်ရာ လောကဥပမာအားဖြင့်ကား -- ကြေးခွက်ကို ခေါက်အပ်သည်ရှိသော် ရှေးဦးစွာ ရုန့်ရင်း ကြမ်းတမ်းကုန်သော အသံတို့သည် ဖြစ်ပေါ်လာကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်သော အသံတို့၏ အာရုံနိမိတ်ကို (ဤအသံကား ဤသို့ဟု) ကောင်းစွာ ယူထားအပ်ခြင်းကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သော အသံတို့သည် ချုပ်ကုန်သော် လည်း ထို့နောက် သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံတို့သည် ဖြစ်ပေါ်လာကုန်၏။
怎样理解这种修习次第:令先前一个又一个粗重身行止息,同时培育比柔和微细更为柔和微细的身行?可用世间的铜锣譬喻来说明:敲击铜锣时,起初生起粗重的声音。由于已经善取粗重声音的所缘之相,已经善加作意并牢牢记在心中,所以即使粗重声音止息,随后仍会生起逐级变得轻细的余响。
သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ်ခြင်း ကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံသည် ချုပ်သွားသော်လည်း ထိုနောက် သိမ်မွေ့သော အသံ အာရုံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်သကဲ့သို့ ---- ဤဥပမာအတူသာလျှင် ရှေးဦးစွာ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေတို့သည် ဖြစ် ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ်ခြင်း ကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်း သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ကုန်သော်လည်း ထိုနောက် သိမ်မွေ့သော ဝင်သက်လေ ထွက် သက်လေတို့သည် ဖြစ်ပေါ်လာကုန်၏။
由于已经善取轻细余响的所缘之相,已经善加作意并牢牢记在心中,所以即使轻细余响止息,随后仍会生起以微细声音之相为所缘的心。同样,起初生起的是粗重的入息、出息;由于已经善取粗重入息、出息的所缘之相,已经善加作意并牢牢记在心中,所以即使粗重入息、出息止息,随后仍会生起微细的入息、出息。
သိမ်မွေ့သေးငယ်ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ် ခြင်းကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားခြင်းကြောင့် သိမ်မွေ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ကုန်သော်လည်း ထိုနောက် သိမ်မွေ့သော ဝင်သက်လေ ထွက်သက် လေ အာရုံနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်နေ၏၊ ပျံ့လွင့်ခြင်းသို့ မရောက်ရှိပေ။ ဤသို့ ဖြစ်လတ်သော် ---- ၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍ သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း ဖြစ်၏။
由于已经善取轻细入息、出息的所缘之相,已经善加作意并牢牢记在心中,所以即使微细的入息、出息止息,随后仍会生起以微细入出息之相为所缘的修习心,心不会散乱。这样:1.便能生起、培育以入息和出息为所缘而贴近了知的修习心。
၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွား ကုန်သော်လည်း ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။
2.即使柔和微细的自然入息、出息因修习之力而止息,仍有名为“入息、出息”者得以生起并继续开展。
၃။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။
3.也能够培育以入出息为所缘的入出息念。
၄။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။
4.也能够培育与以入出息为所缘的入出息念相应的入出息念定。
၅။ သို့ဖြစ်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသောစျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စားကြသည်မူလည်း ဖြစ်ကုန်၏။
5.因此,智者、善人也能够进入以入出息为所缘的禅那等至。
၆။ ထိုသို့ ဝင်စားနိုင်ကုန်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထနိုင်သည်မူလည်း ဖြစ်ကုန်၏။
6.因为能够如此入定,也就能够从以入出息为所缘的禅那等至出定。
原书第 330 页
ပဿမ္ဘယံ ကာယသင်္ခါရံ = ကာယသင်္ခါရကို ငြိမ်းစေလျက် - ဟု ဤသို့ စသည်ဖြင့် ဟောကြားတော် မူအပ်သော ပါဠိတော်စကားရပ်၌ ---- ဝင်သက်လေ ထွက်သက်လေတို့သည် (= အဿာသ-ပဿာသကာယ၊ ရူပကာယ၊ နာမကာယတို့သည်) ကာယ မည်၏။ သတိသည် ထို အဿာသပဿာသကာယ (ရူပကာယ၊ နာမကာယ) ဟူသော အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ ထိုကာယကို အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။
在巴利教说“ပဿမ္ဘယံ ကာယသင်္ခါရံ”——“令身行平息”——等经句中,入息、出息(即入出息身)、色身与名身都称为“身”。念因为能趋近并安住于入出息身(色身、名身)这一所缘,所以称为“安住”(upaṭṭhāna);反复随观该身的慧,称为“智”。
ကာယသည် သတိ၏ ကပ်၍ တည်ရာဖြစ်သောကြောင့် ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (သုံးမျိုးသော ကာယဟူသော) အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာနလည်း မည်၏၊ အာရုံကို အမှတ် ရတတ်သောကြောင့် သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏၊ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ဆိုအပ်၏။ (ပဋိသံ-၁၈၃-၁၈၄။)
身因为是念趋近并安住之处,所以名为念的安住处,却不是念。念因为趋近并安住于三种身这一所缘,所以既名为“安住”;又因为能够忆持所缘,所以也名为“念”。依此念、此智,反复随观这三种身,因此称为“于身随观身之念处修习”。(《无碍解道》183—184。)
ထပ်မံ ရှင်းလင်းချက်များ
进一步的说明
ဘာဝနာဝိသုဒ္ဓိယာ ကာယသင်္ခါရေ ပဿမ္ဘမာနေပိ သြဠာရိကံ ကာယသင်္ခါရံ ပဿမ္ဘေမီတိ ယောဂိနော အာဘောဂေ သတိ တေနာဒရေန အတိဝိယ ပဿမ္ဘတိ။ အနုပဋ္ဌဟန္တမ္ပိ သုခုမံ သုအာနယံ ဟောတိ။
“即使身行因修习清净而逐渐平息,若瑜伽行者仍作意‘我要令粗重身行平息’,由于如此恭敬审慎地修习,身行便极其宁静;即使不再显现,微细身行仍能把修习良好地维持下去。”
(ပဋိသံ-ဋ္ဌ-၂-၁၁၅။)
(《无碍解道义注》2-115。)
အာနာပါနဘာဝနာလုပ်ငန်းရပ်ကို ရှင်တော်ဘုရား ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ---- ၁။ အရှည်ကို သိအောင်၊ ၂။ အတိုကို သိအောင်၊ ၃။ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင်၊ ၄။ အာနာပါန ချုပ်ငြိမ်းအောင် ---- ဤသို့ အဆင့်ဆင့်ကျင့်ခဲ့သော် ဘာဝနာ၏ စင်ကြယ်မှုကြောင့် ဝင်သက်လေ ထွက်သက်လေ ဟူသော ကာယသင်္ခါရသည် ချုပ်ငြိမ်းသွားသော်လည်း ရုန့်ရင်းကြမ်းတမ်းသော ကာယသင်္ခါရကို ငြိမ်းစေအံ့ဟု ယောဂါ ဝစရပုဂ္ဂိုလ်၏ အာဘောဂ = နှလုံးသွင်းမှု ရှိခဲ့သော် ထိုရိုသေလေးစားမှုကြောင့် ကာယသင်္ခါရသည် အလွန်လျှင် ငြိမ်သက်သွား၏၊ ရုန့်ရင်းသော ကာယသင်္ခါရသည် အသိဉာဏ်ဝ၌ မထင်မြင်လာသော်လည်း သိမ်မွေ့နူးညံ့ သော ကာယသင်္ခါရကို ကောင်းစွာ ဆောင်ထားနိုင်၏။ (ပဋိသံ-ဋ္ဌ-၂-၁၁၅။)
依照佛陀对入出息念修习所作的指示与教诫,依次训练:1.了知长;2.了知短;3.了知始、中、末全体;4.令入出息逐渐平息。这样修习时,入息、出息这一身行便因修习清净而逐渐平息。若瑜伽行者仍保持“我要令粗重身行平息”的作意,由于如此恭敬审慎地修习,身行便极其宁静;即使粗重身行不再显现于智门,柔和微细的身行仍能把修习良好地维持下去。(《无碍解道义注》2-115。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。