纯观乘者之道

应当建立定 · 原书第 195–198 页 · 24 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 195 页
သုဒ္ဓဝိပဿနာယာနိကလမ်း
纯观乘者之道
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ-၂-၂၂၂။) = သမထမဖက် ဝိပဿနာယာဥ် သက်သက်ရှိသော (= သုဒ္ဓဝိပဿနာယာနိက) ပုဂ္ဂိုလ်သည်လည်းကောင်း၊ နာမ်ကမ္မဋ္ဌာန်းက စ၍ အားမထုတ်လိုဘဲ (= နာမ်တရားကစ၍ မသိမ်းဆည်းလိုဘဲ) ရုပ်ကမ္မဋ္ဌာန်းက စ၍ အားထုတ် လိုသော (= ရုပ်တရားက စ၍ သိမ်းဆည်းလိုသော) စျာန်သမထယာဥ် ရှိသော (= သမထယာနိက) ပုဂ္ဂိုလ်သည် လည်းကောင်း ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်ကို ပြည့်စုံစေလိုခဲ့သော် စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း၌ ဖွင့်ဆို ရေးသားခဲ့ ကုန်ပြီးသော ထိုထို ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏ အစွမ်းဖြင့် အကျဥ်းနည်းအားဖြင့်သော်လည်းကောင်း၊ အကျယ်နည်းအားဖြင့်သော်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို
“纯观乘者,或这位止乘者,从《四界分别观》中所说的种种把握诸界的方法中,随取任何一种,依简略法或详细法把握四界。”(《清净道论》2-222。)也就是说:不以止为助伴、唯以观为乘的纯观乘者;以及不想从名业处开始用功(即不想先把握名法)、而想从色业处开始用功(即想先把握色法)的具禅那止乘者;这两类人若想圆满见清净之智见,就应从四界分别观业处中已经阐述的种种把握四界的方法里任选一种,依简略法或详细法,对四界——
သိမ်းဆည်းရ၏။ (ဝိသုဒ္ဓိ-၂-၂၂၂။)
——加以把握。(《清净道论》2-222。)
原书第 196 页
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ သတ်မှတ်ချက် ညွှန်ကြားချက်အရ သမထကို အခြေမခံဘဲ ဝိပ- ဿနာကို တိုက်ရိုက်သွားလိုသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်း- ကောင်း၊ ရုပ်ကမ္မဋ္ဌာန်းက စ၍ အားထုတ်လိုသော ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထ ယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို ---- ၁။ အကျဥ်းနည်းအားဖြင့်သော်လည်းကောင်း၊ ၂။ အကျယ်နည်းအားဖြင့်သော်လည်းကောင်း၊ ၃။ အကျဥ်းနည်း အကျယ်နည်း နှစ်နည်းလုံးအားဖြင့်သော်လည်းကောင်း စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။
依上述《清净道论》义注的判定与指示,不以止为基础、想直接进入观而转入见清净阶段的纯观乘者,以及想从色业处开始用功、由色业处转入见清净阶段的止乘者,都必须开始把握四界:一、依简略法;二、依详细法;三、兼依简略法与详细法。
ယေဘုယျဟု မှတ်ပါ
须知这是一般情形
အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ (မ-ဋီ-၁-၃၆၉။) = နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို စ၍ နှလုံးသွင်းခြင်းသည်ကား ယေဘုယျ အားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်၏။ (မ-ဋီ-၁-၃၆၉။) ဤဋီကာဆရာတော်၏ မိန့်ဆိုချက်အတိုင်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဒုက္ခသစ္စာ သမုဒယ သစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို စ၍နှလုံးသွင်းရာဝယ် နာမ်တရားကို အဦးမူ၍ (= နာမ်တရားကစ၍) သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်ဟု မှတ်ပါ။ အနည်းစု အပ္ပကနည်းအားဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်း နာမ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းသည်လည်း ရှိကောင်း ရှိနိုင်သည်။ အလားတူပင် ရုပ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် သင်္ခါရတရားတို့ကို စတင် သိမ်းဆည်းခြင်းသည်လည်း ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အတွက်
“以名法为门而开始进入观,一般应当用于止乘者。”(《中部复注》1-369。)依照复注论师这项开示,在开始作意作为观智所缘、称为苦谛与集谛的诸行法时,以名法为先(即从名法开始)加以把握,一般是止乘者所行的方式。少数例外情形下,纯观乘者也可能从名业处开始把握。同样,以色法为先而开始把握作为观智所缘的诸行法,一般是纯观乘者——
သတ်မှတ်ချက်ပင် ဖြစ်သည်။ သို့သော် သမထယာနိက ပုဂ္ဂိုလ်သည်လည်း ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်နှင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထယာနိကပုဂ္ဂိုလ်တို့သည် ရုပ်တရားကို သိမ်းဆည်းလိုလတ်သော် ဓာတ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်း ရှုပွားရ၏။ ထိုသို့ သိမ်းဆည်းရှုပွားရန်လည်း ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ညွှန်ကြားထား၏။ အကြောင်းပြချက်ကား ဤသို့ ဖြစ်၏။
——所应遵循的方式。不过,止乘者若想从色业处开始把握,也同样可以这样做。纯观乘者,以及想从色业处开始把握诸行法的止乘者,在把握色法时,都应从界业处、也就是从四界开始把握与观修。《清净道论》义注也作了这样的指示。理由如下。
အကြောင်းပြချက်
理由
သမာဓိထူထောင်ပုံ နည်းစနစ်များကို ညွှန်ကြားပြသရာ သမထပိုင်း၌ကား သမထကမ္မဋ္ဌာန်း (၄ဝ) ရှိ၏။
在说明建立定的方法时,止的领域有四十种止业处。
သို့သော် ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိကြောင်းကို အဋ္ဌကထာ များ၌ ဖွင့်ဆိုလျက် ရှိ၏။
然而,诸义注说明,在观的领域只有色业处与名业处两种业处。
ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။
“业处确有两种:色业处与名业处。这两种也正称为色把握(rūpa-pariggaha)与非色把握(arūpa-pariggaha)。”
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတု- ဝဝတ္ထာနံ ကထေသိ။ (မ-ဋ္ဌ-၁-၂၈ဝ။ အဘိ-ဋ္ဌ-၂-၂၅၂။) = ဝိပဿနာပိုင်း၌ ကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = ရူပပရိဂ္ဂဟ၊ နာမ်ကို သိမ်းဆည်းခြင်း= နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း =
“其中,世尊宣说色业处时,依简略作意法或详细作意法宣说四界分别观。”(《中部义注》1-280;《阿毗达磨义注》2-252。)也就是说:在观的领域,业处有色业处与名业处两种。把握色,即以智分别色,称为“色把握”(rūpa-pariggaha);把握名,即以智分别名,称为——
原书第 197 页
သမာဓိထူထောင်သင့်ပုံပိုင်း အရူပပရိဂ္ဂဟ ဟူ၍လည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ရုပ်တရားကို သိမ်းဆည်းပုံကို ဟောကြားပြသတော်မူသည်ရှိသော် အကျဥ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန် အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားပြသတော်မူရိုး ဓမ္မတာ ဖြစ်၏။ (မ-ဋ္ဌ-၁-၂၈ဝ။ အဘိ-ဋ္ဌ-၂-၂၅၂။) ဤအထက်ပါ အဋ္ဌကထာများ၏သတ်မှတ်ချက်အရ ရုပ်တရားကို သိမ်းဆည်းပုံ ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံနှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်းနှင့် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဟု နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရားက စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထ ယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ သမထကို အခြေမခံသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း
——“非色把握”(arūpa-pariggaha)。在这两种业处中,世尊宣说色业处、也就是宣说如何把握色法时,照例会依简略作意法或详细作意法,宣说称为 catudhātuvavatthāna(四界分别观)的界业处。(《中部义注》1-280;《阿毗达磨义注》2-252。)依照上述诸义注的判定,因为对于把握色法、修习色业处的方法,世尊只宣说了界业处简略法与界业处详细法这两种,所以,想从色法开始把握诸行法的止乘者,以及不以止为基础的纯观乘者——
ဓာတ်ကြီး (၄)ပါးကိုသာလျှင် စတင်၍ သိမ်းဆည်းရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။ ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထွင်းဖောက်သိမြင်တော်မူသည့် သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ကျင့်ခြင်းသည်သာလျှင် အသင် ယောဂီသူတော်ကောင်းအတွက် ပို၍ အကျိုးရှိသော ကျင့်စဥ် ဖြစ်ပေမည်၊ အကောင်းဆုံးသော ကျင့်စဥ်လည်း ဖြစ်ပေမည်။ ရုပ်တရားကိုကား ရှု၏၊ သို့သော် ဓာတ်ကမ္မဋ္ဌာန်းကို စတင်၍ မရှုပါက ဘုရားရှင် ဆိုလိုသော ရုပ် ပရမတ် နယ်မြေသို့ ဆိုက်ရောက်ဖို့အရေးကား မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေဦးမည် ဖြစ်သည်။
——都必须只从把握、观修四界开始。完全依照那位无需老师帮助、以自生智自行洞彻一切法的一切知正等觉佛陀所宣说、指示与教诫而修行,才是对禅修贤友更有利益、也是最好的修行之道。若虽观照色法,却不从界业处开始观修,那么,要抵达佛陀所说的究竟色法领域,仍会像天空与大地一样相距遥远。
ဤစတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကား ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် ဥပစာရသမာဓိကို ရွက်ဆောင်ပေးတတ်သော ဥပစာရကမ္မဋ္ဌာန်းအမျိုးအစားတွင် ပါဝင်ကြောင်းကို (ဝိသုဒ္ဓိ-၁-၁ဝ၇။)တွင် ဆုံးဖြတ် ထားပေသည်။ ဥပစာရကမ္မဋ္ဌာန်းဟူသည် ဥပစာရသမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ သို့အတွက် ဤ ဓာတ်ကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကို ရွက်ဆောင်ပေးသည့် စွမ်းအား ရှိခြင်းကြောင့် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ဥပစာရသမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်ခိုက် သမထပိုင်းတွင် အကျုံးဝင်၏။ တစ်ဖန် ရုပ်ကမ္မဋ္ဌာန်းက စ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်နှင့် သမထယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးသည်လည်း ဓာတ်ကြီးလေးပါးကိုပင် စတင်၍ သိမ်းဆည်း ရှုပွားရ၏။
称为 catudhātuvavatthāna(四界分别观)的这一界业处,在四十种业处中,判定属于能导向近行定的近行业处一类。(《清净道论》1-107。)所谓近行业处,是指必须修习至抵达近行定的业处。因此,这一界业处具有导向近行定的力量;以四界为所缘建立定直至近行定时,它属于止的领域。再者,无论是不依止而想从色业处转入见清净阶段的纯观乘者,还是止乘者,也都必须从把握、观修四界开始。
သို့အတွက် သမထပိုင်း ဝိပဿနာပိုင်း နှစ်ဘက်ရ ကမ္မဋ္ဌာန်းအမျိုးအစား တစ်ခု ဖြစ်ပေသည်။ သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တိုက်ရိုက်သွားလိုခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရသဖြင့် ထိုဓာတ်ကမ္မဋ္ဌာန်းလမ်းမှ အထွတ်အထိပ်သို့ ရောက်အောင် ထူထောင်ထားသော သမာဓိကို မည်သည့်သမာဓိ ခေါ်ဆိုပုံကို ဆက်လက်၍ ရှင်းပြအပ်ပေသည်။ ထိုသို့ ရှင်းလင်းတင်ပြရာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်းဖြင့် သမာဓိထူထောင်ပုံက စ၍ အကျဥ်းချုပ်ကာ ဖော်ပြအပ်ပါသည်။ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်း ပွားများအားထုတ် ပုံကို ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏။
所以,它是一种兼属止与观两方面的业处。纯观乘者若想直接进入见清净阶段,必须从界业处开始用功;因此,下面继续说明:循界业处之道建立至最高程度的定,应称作哪一种定。说明时,先从界业处简略法如何建立定开始,略作叙述。世尊在《大念处经》中如此宣说界业处简略法的修习。
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ-၁-၇၃။) = ရဟန်းတို့ နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပ ကာယကိုပင် ''ဤရူပကာယ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်သည် ရှိ၏''ဟု (ပုဂ္ဂိုလ်- သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ပညာ မျက်စိဖြင့် စေ့စေ့ငုငု မြင်အောင် ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏၊ နှလုံးသွင်း၍ နေ၏။
“再者,诸比丘,比丘无论这个身体如何安住、如何置放,都依界省察它:‘此身中有地界、水界、火界、风界。’”(《中部》1-73。)也就是说:诸比丘,再者,禅修比丘对于这个如其所住、如其所置的色身,作意‘此色身中有地界、水界、火界、风界’,并以智慧之眼逐一仔细观察,不作个人、有情、生命或自我的理解,只依界的自性,审察、思惟而观修。
(မ-၁-၇၃။)
(《中部》1-73。)
原书第 198 页
တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ခန္ဓာကိုယ်၏ အရိုးကြား-အကြောကြား-အသားကြား-အရေကြားသို့ ဉာဏ်တည်းဟူသော လက်ဖြင့် တစ်လုံးစီ တစ်လုံးစီအသီးအသီး ခွဲခြားစိတ်ဖြာ၍ ဓာတ်ကြီးလေးပါးတို့ကို သိမ်း ဆည်း၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလ အသိန်း မက ကြိမ်ဖန်များစွာ အဖန်ဖန် အထပ်အထပ် ဆင်ခြင်သုံးသပ် ရှုပွားရမည်ဟု ထပ်ဆင့် ညွှန်ကြားထား တော်မူ၏။ (ဝိသုဒ္ဓိ-၁-၃၄၇ - ကြည့်။) တဿေဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၃၄၇။) = ဤသို့ ကြိုးစားအားထုတ်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ မကြာမီ အချိန်ကာလအတွင်း မှာပင် ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏အရောင်ဖြင့် ထွန်းပြခြင်း ကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ပိုင်းခြားယူထားအပ်သော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်
《清净道论》义注又进一步指示:应以智慧之手深入身体的骨间、筋间、肉间与皮间,逐一分别解析、把握四界,反复思惟、观修为地界、水界、火界、风界,达数百次、数千次乃至数十万次之多。(参见《“如此精进者,不久便生起仅属近行、未达到安止的定,因为它以由照见诸界差别之慧所摄取的自性法为所缘。”(《清净道论》1-347。)也就是说,对于如此精进的禅修者,不久之后,由那具有以自身光明照见四界各自自性特相差别之作用的慧所把握、所分别的四界各自的——
သဘာဝသတ္တိ သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် နက်နဲရကား အပ္ပနာ စျာန်သို့ မရောက်နိုင်သော (အပ္ပနာစျာန်၏အနီး၌ တည်ရှိသော ဥပစာရသမာဓိအစစ်နှင့် တူညီသော သဘော လက္ခဏာ ရှိသောကြောင့် သဒိသူပစာရအားဖြင့်) ဥပစာရမျှသာဖြစ်သော သမာဓိသည် ဖြစ်ပေါ်လာ၏။
——自性力、自性特相,也就是究竟法的自性,成为定的所缘;由于这种所缘甚深,不能达到安止禅,便生起仅属近行的定〔它与住在安止禅近处的真正近行定具有相同的性质,故依“同类借称”(sadisūpacāra)而称为近行定〕。
(ဝိသုဒ္ဓိ-၁-၃၄၇။)
(《清净道论》1-347。)
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ အထွတ်အထိပ်သို့ ရောက်အောင် ထူ- ထောင်ထားသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိ - ဟု ခေါ်ဆိုထားသည်ကို ရှေးဦးစွာ မှတ်သားထားပါ။
首先应当记住:上述《清净道论》义注把循界业处修行一路建立至最高程度的欲界定,称为“近行定”。
တစ်ဖန် ဝိသုဒ္ဓိမဂ်မဟာဋီကာတွင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
再者,《清净道论大复注》作如下解释。
၁။ သမထယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိကို၊ ၂။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ခဏိကသမာဓိကို၊ ၃။ သမထယာနိက၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း ဝိမောက္ခမုခ = ကိလေသာတို့မှ လွတ်မြောက်ကြောင်းလမ်းဟု အမည်ရသော အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာ- နုပဿနာဉာဏ် သုံးမျိုးအပေါင်းကို --- ကြဥ်ဖယ်ထား၍ တစ်ရံတစ်ဆစ်မျှသော်လည်း လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားကို ရခြင်းသည် မဖြစ်သင့်ပေ။ (မဟာဋီ-၁-၁၅။) ဤအထက်ပါ မဟာဋီကာက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ဓာတ်က- မ္မဋ္ဌာန်းလမ်းမှ ထူထောင်ထားသော သမာဓိကို ခဏိကသမာဓိဟု ခေါ်ဝေါ်သုံးစွဲထား၏။ အထက်ပါ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဥပစာရသမာဓိဟု ခေါ်ဝေါ်သုံးစွဲထား၏။
一、对止乘者而言,若离近行定与安止定这两种定;二、对纯观乘者而言,若离刹那定;三、对止乘者与纯观乘者两类人而言,若离作为脱离烦恼之道、合称“三解脱门”的无常随观智、苦随观智、无我随观智三者——那么,无论何时都不可能证得出世间的道、果与涅槃法。(《大复注》1-15。)上述《大复注》把纯观乘者以四界为所缘、循界业处之道建立起来的定称为“刹那定”;上述《清净道论》义注则称之为“近行定”。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。