三相
应当建立定 · 原书第 207–222 页 · 141 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 207 页
လက္ခဏာရေး သုံးတန်
三相
ဧကော အာဒိတောဝ အနိစ္စတော သင်္ခါရေ သမ္မသတိ။ ယသ္မာ ပန န အနိစ္စတော သမ္မသနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ ဒုက္ခတောပိ အနတ္တတောပိ သမ္မသိတဗ္ဗမေဝ၊ တသ္မာ ဒုက္ခတောပိ အနတ္တတောပိ သမ္မသတိ။
一位禅修者最初即以无常思惟诸行。然而,仅仅以无常思惟,并不能因此发生出起;还必须以苦、以无我思惟。因此,他也以苦、以无我思惟诸行。
တဿေဝံ ပဋိပန္နဿ အနိစ္စတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊အယံ အနိစ္စတော အဘိနိဝိသိတွာ အနိ- စ္စတော ဝုဋ္ဌာတိ နာမ။
当他如此修行时,如果在以无常思惟之际发生出起,这就称为“从无常入手,而由无常出起”。
သစေ ပနဿ ဒုက္ခတော အနတ္တတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိ- သိတွာ ဒုက္ခတော အနတ္တတော ဝုဋ္ဌာတိ နာမ။ ဧသ နယော ဒုက္ခတော အနတ္တတော အဘိနိဝိသိတွာသေသ- ဝုဋ္ဌာနေသုပိ။ (ဝိသုဒ္ဓိ-၂-၃ဝ၁။)
如果他在以苦或以无我思惟之际发生出起,这就称为“从无常入手,而由苦或由无我出起”。从苦或无我入手时,其余各种出起情形也应依此理了知。(《清净道论》2-301。)
原书第 208 页
= တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာကို ရှေးဦးစွာ အားထုတ်ခါစ၌မှာပင် ဒုက္ခသစ္စာ သမုဒယ သစ္စာ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှု ဥဒယ ဝယ သဘောကိုလည်းကောင်း၊ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက်နေသည့် ခယ-ဝယ သဘောကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု သုံးသပ်ရှုပွား၏။ သို့သော် အနိစ္စဟု သုံးသပ် ရှုပွားနေရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ် ပေါ်နိုင်။ ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရမှုသဘောကို လည်းကောင်း၊ ထိုသင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း၊ ထိုသင်္ခါရတရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲ
意思是:一位禅修者刚开始修习观时,以智观见名为苦谛、集谛的色、名、因、果诸行法的生起与坏灭之性(udaya-vaya),或观见它们不断穷尽、不断坏灭之性(khaya-vaya),而以“无常”修观、审察。然而,仅仅以无常修观、审察,趣向出起观(vuṭṭhānagāminī-vipassanā),或名为“出起”的圣道智,并不能生起。他还以智观见:诸行法受生灭冲击而不断遭受逼迫之性,以及诸行法不断崩解、因而可怖之义,而以“苦”修观;又以智观见:诸行法并不是一个不坏的、凝成一团而——
အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း သုံးသပ်ရှုပွား၏။ ဤသို့ ကျင့်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနိစ္စဟု ရှုပွား သုံးသပ်ခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ ငြားအံ့၊ ဤယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စဟု သင်္ခါရတရားတို့ကို စတင်နှလုံးသွင်းရှုပွား၍ အနိစ္စအားဖြင့် သင်္ခါရ တရားတို့မှ ထသည် မည်၏။
——坚固不变、作为坚实核心而存在的我,而以“无我”修观、审察。如此修行的禅修者,如果在以无常修观、审察之际,趣向出起观或名为“出起”的圣道智于其相续中生起,这位禅修者就称为“先以无常对诸行法入手修观,而由无常从诸行法出起”。
နောက်တစ်မျိုးကား ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် အကယ်၍ ဒုက္ခဟု သို့မဟုတ် အနတ္တဟု သုံးသပ် ရှုပွားခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာငြားအံ့၊ ဤယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စဟု သင်္ခါရတရားတို့ကို စတင် နှလုံးသွင်းရှုပွား၍ ဒုက္ခအားဖြင့် သို့မဟုတ် အနတ္တအားဖြင့် သင်္ခါရတို့မှ ထသည် မည်၏။ ဒုက္ခဟု သို့မဟုတ် အနတ္တဟု သင်္ခါရတရားတို့ကို စတင် နှလုံးသွင်း၍ ကြွင်းသော သင်္ခါရတို့မှ ထခြင်းတို့၌လည်း ဤနည်းတူပင် သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၃ဝ၁။) 〔မှတ်ချက် ---- ဝုဋ္ဌာနဂါမိနိဝိပဿနာဟူသည် သင်္ခါရတရားတို့မှ လွတ်ရာ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားသော မဂ္ဂဝီထိစိတ်အစဥ်နှင့် ယင်းမဂ္ဂဝီထိ၏ ရှေး၌ ကပ်လျက်ရှိသော မနောဒွါရိက ဝိပဿနာဇော ဝီထိ အနည်းငယ် တစ်ခု နှစ်ခုကို ဆိုလိုပေသည်။〕 ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ သင်္ခါရတရားတို့ကို အနိစ္စသက်သက်ရှုရုံဖြင့် ဒုက္ခသက်သက်ရှုရုံဖြင့်
另一种情形是:如果在以苦或以无我修观、审察之际,趣向出起观或名为“出起”的圣道智于这位禅修者的相续中生起,他就称为“先以无常对诸行法入手修观,而由苦或由无我从诸行法出起”。从苦或无我对诸行法入手时,其余各种出起情形也应依此理了知。(《清净道论》2-301。)〔按:所谓“趣向出起观”,是指一往直前奔向脱离诸行之涅槃的道心路心流,以及紧接在该道心路之前的一两个意门观速行心路。〕依上述《清净道论义注》,只是观无常、只是观苦——
အနတ္တသက်သက်ရှုရုံဖြင့်ကား အရိယမဂ်သို့ မဆိုက်နိုင်၊ လက္ခဏာရေးသုံးတန်လုံးစုံအောင် လှည့်လည်၍ သုံးသပ် ရှုပွားနိုင်မှသာလျှင် အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဟု မှတ်သားပါ။ အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတို့၌ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်များနှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောလိုက်က တစ်သားတည်း ဖြစ်သွားသကဲ့သို့ ညီညွတ်နေသော အဆုံးအဖြတ်များပင် ဖြစ်ကြသည်။ ဘုရားရှင်ကလည်း သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်၍ ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူ၏။ (အနတ္တလက္ခဏသုတ္တန် စသည်ကို ထောက်ရှုပါ။) အဋ္ဌကထာများကလည်း လက္ခဏာရေးသုံးတန် စုံအောင် ရှုပွား သုံးသပ်ပါမှ အရိယမဂ် သို့ ဆိုက်နိုင်မည်။ လက္ခဏာတစ်မျိုးတည်း တင်၍ သုံးသပ်ရှုပွားနေရုံမျှဖြင့်ကား အရိယမဂ်သို့ မဆိုက်နိုင်ဟု ဆုံးဖြတ်တော်မူ၏။ ''မြဲရာ၌ သံပတ်၊ တင်းရာ၌ သပ်ပင်း''ဟူ၏သို့ ဘုရားဟောဒေသနာတော်ကို ပို၍ ခိုင်ခံ့အောင်
——或只是观无我,都不能到达圣道。应当记住:只有轮番修观、审察齐全的三相,才能到达圣道。《无我相经》等各种三轮法教中,佛陀的指示与这一裁定完全一致,犹如恒河水与阎牟那河水混合后融为一体。佛陀指示人们把三相标举于诸行法而修观。(参见《无我相经》等。)诸义注也裁定:必须修观、审察齐全的三相,才能到达圣道;只标举一种相而修观、审察,不能到达圣道。正如俗语所说“牢处再加箍,紧处再打楔”,这些裁定把佛陀所说的教法更加牢固地——
ချည်နှောင် တုတ်နှောင်ထားသော အဆုံးအဖြတ်များပင် ဖြစ်ကြသည်။ အကြောင်းကား ဤသို့ ဖြစ်၏။
——系紧、加固。理由如下。
ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာန--- သမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၆၄။)
如此,对于把诸行见为无我的人,会有称为“破除见”的作用;对于把诸行见为无常的人,会有称为“破除慢”的作用;对于把诸行见为苦的人,会有称为“穷尽贪著”的作用。(《清净道论》2-264。)
原书第 209 页
သမာဓိထူထောင်သင့်ပုံပိုင်း ဆိုလိုရင်း ---- ၁။ အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်၏။
意思是:1.无常随观智能舍断慢执。
၂။ ဒုက္ခာနုပဿနာဉာဏ်က နိကန္တိခေါ် တဏှာစွဲကို ပယ်ခွာနိုင်၏။
2.苦随观智能舍断称为“贪著”(nikanti)的爱执。
၃။ အနတ္တာနုပဿနာဉာဏ်က အတ္တစွဲကို ပယ်ခွာနိုင်၏။
3.无我随观智能舍断我执。
ထိုသို့ ပယ်ရာ၌ အနုပဿနာဉာဏ်တစ်ပါးကို ကျန်အနုပဿနာဉာဏ် နှစ်ပါးက အားကြီးသော မှီရာ ဥပ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ = အနုပဿနာဉာဏ်တစ်ပါးသည် ကျန်အနုပဿနာဉာဏ် နှစ်ပါးတို့၏ အားပေးထောက်ပံမှုဟူသော အားကြီးသော မှီရာကို ရရှိပါမှ ထိုအနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်ရှင်းလာ၏၊ တိုးတက်ကြီးပွားလာ၏၊ ဘာဝနာအရှိန် အားကောင်းလာ၏။ ထိုသို့ ထက်မြက်စူးရှ လာသော ရဲရင့်လာသော သန့်ရှင်းလာသော တိုးတက်ကြီးပွားလာသော ဘာဝနာအရှိန် အားကောင်းလာသော အနုပဿနာဉာဏ်ကသာလျှင် ဆိုင်ရာ ဆိုင်ရာ ကိလေသာအစွဲကို ဖြိုခွဲဖျက်ဆီးနိုင်ပေသည်။
在如此舍断时,一种随观智必须得到其余两种随观智以强大的亲依止缘力所给予的助益;也就是说,只有获得其余两种随观智以这种强大的亲依止缘力给予的支持,这一种随观智才会变得锐利、勇健、清净、增长广大,修习力也会增强。只有如此变得锐利、勇健、清净、增长广大而修习力强劲的随观智,才能摧破、毁除各自相应的烦恼执著。
(မဟာဋီ-၂-၄၁၅-၄၁၆ - ကြည့်ပါ။)
(参见《大复注》2-415—416。)
သို့သော် အနုပဿနာဉာဏ်တို့က ဆိုင်ရာ ဆိုင်ရာ ကိလေသာအစွဲတို့ကို ဖြိုခွဲဖျက်ဆီးရာ၌ တဒင်္ဂအားဖြင့်သာ ဖြိုခွဲဖျက်ဆီးနိုင်၏။ အရိယမဂ်ဉာဏ်ကသာလျှင် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ဖြိုခွဲဖျက်ဆီးနိုင်ပေသည်။ သို့သော် အရိယမဂ်တရားတို့မည်သည် အနုပဿနာဉာဏ် အမည်ရသော ဝိပဿနာ ဉာဏ်တို့က အဆင့်ဆင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော ဉာဏ်မျိုးဖြစ်၏။ သို့အတွက် ဘုရားရှင်သည် သုသိမသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူ၏။
然而,各种随观智摧破、毁除各自相应的烦恼执著时,只能以彼分断的方式加以摧毁;只有圣道智能以正断的方式,把各自相应的烦恼无余摧毁。不过,诸圣道法(即圣道智)只有在名为随观智的诸观智依次以亲依止缘力给予助益后,才能生起。因此,佛陀在《苏尸摩经》中作如下开示。
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ-၁-၃၄၄။) = ချစ်သား သုသိမ …သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် သိသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏။ (သံ-၁-၃၄၄။) သုသိမ ပရိဗိုဇ်ဘဝမှ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော သုသိမ ရဟန်းတော်က အရိယမဂ်ဉာဏ်သည် အဘိညာဏ်၏ အကျိုးဆက်ဟု ယူဆ၍ မေးမြန်းလျှောက်ထားလာသဖြင့် အရိယမဂ်ဉာဏ် သည် အဘိညာဏ်၏ အကျိုးဆက် မဟုတ်၊ သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်သည်။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ပေါ်လာသော ဉာဏ်ဖြစ်သည်ဟု ပြန်လည်၍ မိန့်ကြားတော်မူသော စကားများ ဖြစ်ကြ၏။
“苏尸摩,先有法住智,后有涅槃智。”(《相应部》1-344。)这里说:善住于诸行法无常、苦、无我行相之中的、名为法住智的观智先生起;以殊胜涅槃为所缘而知的圣道智后生起。(《相应部》1-344。)苏尸摩从外道游行者出家为比丘以后,认为圣道智是神通智的结果,因而向佛陀请问。佛陀回答:圣道智不是神通智的结果,只是善住于诸行法无常、苦、无我行相之中的、名为法住智的观智之结果;它是只在诸观智终了之后才生起的智。这就是佛陀的答语。
(သုသိမသုတ္တန်အဋ္ဌကထာ၌ ကြည့်ပါ။) သို့အတွက် အရိယမဂ်ဉာဏ်ကို လိုလား တောင့်တလျက် ရှိသော အသင် ယောဂီသူတော်ကောင်းသည် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူသော အနုပဿနာဉာဏ်တို့ကို ထက်- မြက်စူးရှ ရဲရင့်သန့်ရှင်းလာအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။
(参见《苏尸摩经义注》。)因此,希求圣道智的贤善禅修者,应当努力使无常随观智、苦随观智、无我随观智这些随观智变得锐利、勇健而清净。
အနတ္တရောင်ခြည်တော်
无我之光
ထို လက္ခဏာရေး သုံးတန်တို့တွင် အနတ္တလက္ခဏာကား ဘုရားရှင်တို့ ပွင့်ထွန်းရာ သာသနာတွင်း၌သာ သတ္တဝါတို့ သိရှိခွင့် ရနိုင်သော လက္ခဏာတစ်မျိုး ဖြစ်၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အနတ္တလက္ခဏာကို ထင်ရှား ပြတော်မူလိုသည်ရှိသော် ----
三相之中,无我相只有在诸佛出世的教法时期,众生才有机会了知。正等觉佛陀若要彰显无我相,便会——
原书第 210 页
၁။ အနိစ္စလက္ခဏာဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။
——1.也以无常相使它显明;
၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။
2.也以苦相使它显明;
၃။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ နှစ်မျိုးတို့ဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။
3.也以无常相与苦相两者使它显明。
ထိုသုံးမျိုးတို့တွင် အနိစ္စလက္ခဏာဖြင့် အနတ္တလက္ခဏာကို ထင်ရှားပြ၍ ဟောတော်မူပုံမှာ ဤသို့ ဖြစ်၏။
这三种方式之中,以无常相彰显无我相的开示如下。
စက္ခု အတ္တာတိ ယော ဝဒေယျ၊ တံ န ဥပပဇ္ဇတိ။ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာတိ ဣစ္စဿ ဧဝမာဂတံ ဟောတိ၊ တသ္မာ တံ န ဥပပဇ္ဇတိ၊ စက္ခု အတ္တာတိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ။ (မ-၃-၃၂၉ - ဆဆက္ကသုတ္တန်။) = ''စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ) သည် အတ္တတည်း''ဟု တစ်ဦးတစ်ယောက်သော သူသည် ပြောဆိုလာ ငြားအံ့၊ ထိုပြောဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ )၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်း သည်လည်းကောင်း ထင်ရှား၏။ အကြင်တရားအား ဖြစ်ခြင်းသည်လည်းကောင်း ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) ''ငါ၏အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်း ပျက်၏''ဟု ဆိုရာ ရောက်၏၊ ထိုကြောင့်''စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ ) သည် အတ္တတည်း''ဟု တစ်ဦးတစ်ယောက်သောသူသည် ပြောဆိုလာငြားအံ့၊ ထိုပြောဆိုခြင်းသည် မသင့်၊ ထိုကြောင့် စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ ) သည် အနတ္တတည်း။
如果有人说“眼净色(即眼门)是我”,这种说法便不成立。眼净色(即眼门)的生起与坏灭都是显明的。对于生起与坏灭都显明的法,如果把它说成我,就等于说:“我的我既生起,也坏灭。”因此,若有人说“眼净色(即眼门)是我”,这种说法并不合理。所以,眼净色(即眼门)是无我的。(《中部》3-329,《六六经》。)
(မ-၃-၃၂၉။)
(《中部》3-329。)
ဤဖော်ပြပါ ဆဆက္ကသုတ္တန်၌ အနိစ္စဖြင့် အနတ္တလက္ခဏာကို ထင်ရှားပြတော်မူ၏။
在上述《六六经》中,佛陀以无常彰显无我相。
ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ''ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ''တိ။ (သံ-၂-၅၅။ ဝိ-၃-၁၈။) = ရဟန်းတို့ …ရုပ်သည် အတ္တမဟုတ် = အနတ္တတည်း၊ ရဟန်းတို့ …ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤ ရုပ်သည် နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟူ၍ လည်း ရုပ်၌ (စီရင်၍) ရလေရာ၏။ ရဟန်းတို့ …ရုပ်သည် အတ္တ မဟုတ်သောကြောင့် (= အနတ္တသာ ဖြစ် သောကြောင့်) နာကျင်ခြင်းငှာ ဖြစ်၏။ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟူ၍ လည်း ရုပ်၌ (စီရင်၍) မရအပ်။ (သံ-၂-၅၅။ ဝိ-၃-၁၈။) ဤဖော်ပြပါ အနတ္တလက္ခဏသုတ္တန်၌ ဒုက္ခဖြင့် အနတ္တလက္ခဏာကို ထင်ရှားအောင် ညွှန်ကြားပြသတော်
诸比丘,色不是我,即是无我。诸比丘,如果这个色是我,这个色就不会导致苦恼,人们也应当能够支配色:“愿我的色如此;愿我的色不要如此。”然而,诸比丘,因为色不是我,只是无我,所以色会导致苦恼;人们也不能支配色:“愿我的色如此;愿我的色不要如此。”(《相应部》2-55;《律藏》3-18。)在上述《无我相经》中,佛陀以苦彰显无我相——
မူ၏။
——如此加以教示。
ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (သံ-၂-၁၉။) = ရဟန်းတို့ …ရုပ်သည် အနိစ္စတည်း၊ အနိစ္စဖြစ်သော ထိုရုပ်သည် ဒုက္ခတည်း၊ ဒုက္ခဖြစ်သော ထိုရုပ်သည် အနတ္တတည်း။အနတ္တဖြစ်သော ထိုရုပ်ကို ''ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ်''ဟု ဤသို့လျှင် မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။
诸比丘,色是无常的;凡是无常的,就是苦的;凡是苦的,就是无我的。对于无我的色,应当以正慧如实观见:“这不是我的,这不是我,这不是我的我。”(《相应部》2-19。)也就是说,应以能够破除色法密集与名法密集的观智光明,如实、不颠倒地观见。
(သံ-၂-၁၉။)
(《相应部》2-19。)
ဤအထက်ပါ ယဒနိစ္စသုတ္တန် စသည်တို့၌ အနိစ္စ-ဒုက္ခ နှစ်မျိုးတို့ဖြင့် အနတ္တလက္ခဏာကို ပေါ်လွင်ထင်ရှား အောင် ညွှန်ကြားပြသတော်မူသည်။ အဘယ်အကြောင်းကြောင့် ထိုကဲ့သို့ ညွှန်ကြားပြသနေရသနည်းဟူမူ အနိစ္စ
在上述《凡无常经》等经中,佛陀以无常、苦两相使无我相显明。为什么必须如此教示呢?因为无常——
原书第 211 页
သမာဓိထူထောင်သင့်ပုံပိုင်း ဒုက္ခ လက္ခဏာ နှစ်ပါးတို့၏ လောက၌ ပေါ်လွင်ထင်ရှားသောကြောင့် ဖြစ်၏။
——与苦二相在世间显而易见。
လက်ထဲမှ အိုးခွက် ပန်းကန် စသော တစ်စုံ တစ်ခုသော ပစ္စည်းဝတ္ထု လွတ်ကျ၍ ကွဲသွားခဲ့သော် ''အဟော အနိစ္စံ = သြော် …အနိစ္စ''ဟု လောက၌ ပြောဆိုကြ၏။ ဤသို့လျှင် အနိစ္စလက္ခဏာသည် လောက၌ ထင်ရှားသည် မည်၏။ တစ်ဖန် မိမိ ခန္ဓာကိုယ်အတ္တဘော၌ ထွတ်မြင်း အိုင်းအမာနာစသည့် အနာများဖြစ်ပေါ်လာသော်လည်း- ကောင်း၊ သစ်ငုတ်ဆူးငြှောင့်စသည် အစူးခံရ အတိုက်ခံရကုန်သော်လည်းကောင်း ''အဟော ဒုက္ခံ = သြော်… ဒုက္ခ''ဟု လောက၌ ပြောဆိုကြ၏။ ဤသို့လျှင် လောက၌ ဒုက္ခလက္ခဏာသည် ထင်ရှားသည် မည်၏။
手里的碗、盘等某件物品失手落地而破碎时,世人会说:“အဟော အနိစ္စံ(啊,无常!)”由此可见,无常相在世间是显明的。又如自己的身体生起疮疖、脓肿等病痛,或被树桩、荆棘等刺伤、撞伤时,世人会说:“အဟော ဒုက္ခံ(啊,苦!)”由此可见,苦相在世间也是显明的。
အနတ္တလက္ခဏာကား မထင်ရှားပေ။ ပညာမျက်စိ မရှိသူတို့အဖို့ အမိုက်တိုက်ကြီးအတိသာ ဖြစ်၏၊ ဉာဏ်၌ မထင်လွယ်သော လက္ခဏာ ဖြစ်၏၊ ထိုးထွင်းသိနိုင်ခဲ၏၊ ထင်ရှားပြသရန် ခဲယဥ်း၏၊ ပညတ်တင်၍ ဟောကြား ပြသခြင်း အသိပေးခြင်းငှာ ခက်ခဲလှ၏။
无我相却并不显明。对于没有慧眼的人,它全然被巨大黑暗所笼罩;这种相不容易在智中显现,难以洞彻了知,难以清楚显示,也极难施设、宣说、开示而使人知晓。
အနိစ္စဒုက္ခလက္ခဏာနိ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ပညာယန္တိ၊ အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓုပ္ပါဒါ န ပညာယတိ၊ ဗုဒ္ဓုပ္ပါဒေယေဝ ပညာယတိ။ (အဘိ-ဋ္ဌ-၂-၄၆။) = အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ နှစ်မျိုးတို့ကား ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာ အခါ၌လည်းကောင်း၊ ဘုရားရှင်တို့ မပွင့်ထွန်းရာအခါ၌သော်လည်းကောင်း လောက၌ ထင်ရှားကြကုန်၏။ အနတ္တလက္ခဏာသည်ကား ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာအခါနှင့် ကင်း၍ (= ဘုရားရှင်တို့ မပွင့်ထွန်းရာအခါ၌) မထင်ရှားပေ။ ဘုရားရှင် တို့ ပွင့်ထွန်းတော်မူရာအခါ၌သာလျှင် ထင်ရှားပေသည်။ (အဘိ-ဋ္ဌ-၂-၄၆။) သာသနာပအခါ တန်ခိုးအာနုဘော် ကြီးမားကြသည့် ရသေ့ပရိဗိုဇ် ဖြစ်ကြကုန်သော အလောင်းတော် သရဘင်္ဂ ဆရာရသေ့ စသည့် သူတော်ကောင်းတို့သော်မှလည်း အနိစ္စ-ဒုက္ခဟု ပညတ်တင်၍ ဟောကြားခြင်းငှာ စွမ်းနိုင်ကုန်ကြ၏။ အနတ္တဟု ပညတ်တင်၍ ဟောကြားခြင်းငှာ မစွမ်းနိုင်ခဲ့ကြကုန်။ အကယ်၍ ထိုသူတော်ကောင်း
无论诸如来出世还是不出世,无常相与苦相都会显明;无我相离开佛陀出世便不会显明,只有佛陀出世时才会显明。(《阿毗达磨义注》2-46。)即使在教法之外的时代,具有大威力的仙人、游行者,如菩萨萨罗般伽导师等贤者,也只能以“无常”“苦”这样的施设来宣说,却不能以“无我”的施设来宣说。如果这些贤者也能对来到他们面前的众人——
တို့သည်လည်း မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာကြကုန်သော ပရိသတ်တို့အား အနတ္တဟု ပညတ်တင်၍ ဟောကြားခြင်းငှာ စွမ်းနိုင်ကြကုန်ငြားအံ့။ မိမိထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်၏ မဂ်ဖိုလ်ကို ထိုးထွင်း သိမြင်ခြင်းသည် ဖြစ်ခဲ့ပေရာသည်။ (အဘိ-ဋ္ဌ-၂-၄၆။) အနတ္တလက္ခဏပညာပနဥှိ အညဿ ကဿစိ အဝိသယော၊ သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။
——以“无我”的施设宣说,那么来到他们面前的众人便应当能够洞彻证悟道果。(《阿毗达磨义注》2-46。)巴利义注引文(缅文转写):“အနတ္တလက္ခဏပညာပနဥှိ အညဿ ကဿစိ အဝိသယော၊ သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။ ”
(အဘိ-ဋ္ဌ-၂-၄၆။)
(《阿毗达磨义注》2-46。)
= သို့သော် သာဝကတို့အား အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားပြသခြင်းသည်ကား အခြားတစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်၏အရာကား မဟုတ်၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သိသင့်သိထိုက်သည့် ညေယျတရား မှန်သမျှကို အကုန်အစင် ကမ်းကုန်အောင် လမ်းဆုံးအောင် ထိုးထွင်း သိမြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ အရာသာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၂-၄၆။) ဤသို့လျှင် အနတ္တလက္ခဏာသည် မထင်ရှားသော လက္ခဏာတစ်ခု ဖြစ်၏။ ထိုးထွင်း၍ သိနိုင်ခဲသော လက္ခဏာ တစ်ခု ဖြစ်၏။ ထင်ရှားပြနိုင်ခဲသော ပညတ်တင်၍ ဟောကြားပြသရန် ခက်ခဲသော လက္ခဏာတစ်ခု ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် အနတ္တလက္ခဏာကို ဟောကြားပြသတော်မူသည်ရှိသော် ---- ၁။ အနိစ္စလက္ခဏာဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။
译:然而,为声闻施设并宣说、显示无我相,不是任何其他人的境界,只是遍尽无余、究竟洞彻一切所应知之所知法的全知正等觉佛陀之境界。(《阿毗达磨义注》2-46。)由此可知,无我相是一种不显明的相,是一种难以洞彻了知的相,也是一种难以显示、难以施设宣说的相。因此,当佛陀宣说、显示无我相时——1.也必须以无常相使它显明而宣说;
၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။
2.也必须以苦相使它显明而宣说;
၃။ အနိစ္စ ဒုက္ခ လက္ခဏာ နှစ်မျိုးဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။ (အဘိ-ဋ္ဌ-၂-၄၆-၄၇။)
3.也必须以无常相与苦相两者使它显明而宣说。(《阿毗达磨义注》2-46—47。)
原书第 212 页
ထိုမျှ ခက်ခဲသော အနတ္တလက္ခဏာ မထင်ရှားပုံ ထင်ရှားပုံကိုလည်း ဤသို့ ရှင်းပြထား၏။
关于如此难以显明的无我相为何不显明、又如何显明,义注还作如下解释。
အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ အပ္ပဋိဝေဓာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။
由于不作意、不通达种种界的分解,无我相被密集所遮蔽,所以不能现起。
ပ ။ နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။
……将种种界分别开来、完成密集的分解时,无我相便依其如实自性而现起。
(အဘိ-ဋ္ဌ-၂-၄၇။ ဝိသုဒ္ဓိ-၂-၂၇၆။)
(《阿毗达磨义注》2-47;《清净道论》2-276。)
= အနတ္တလက္ခဏာသည် အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာသို့ဆိုက်အောင် ဉာဏ်ဖြင့် ထိုးထွင်းမသိခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ် ဃန နာမ်ဃနသည် ဖုံးလွှမ်းထားအပ်သည် ဖြစ်သောကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏အသိဉာဏ်၌ မထင်ရှားလာခြင်း ဖြစ်သည်။
意思是:由于没有作意以智把色、名诸界法一法一法地分别、分析,又由于没有以智洞彻究竟色法、究竟名法,直至它们各自的自性力——即自性特相,还由于被称为色法密集、名法密集的色法团块、名法团块所遮蔽,所以无我相不能在禅修者的智中显明。
အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ ခြင်းကို ပြု၍ (လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်ပရမတ် နာမ်ပရမတ် တစ်လုံးစီကို သိမ်းဆည်းခြင်း ဟူသော) ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ = ရုပ်ဃန နာမ်ဃန အတုံးအခဲတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်း လုပ်ငန်းရပ်ကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ အနတ္တဉာဏ်အမြင် အနတ္တရောင်ခြည်တော်သည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်တည်လာပေသည်။ ဤကား အထက်ပါ အဋ္ဌကထာများ၏ ဆိုလိုရင်းတည်း။
如果能够以智把色、名诸界法一法一法地分别、分析,即完成这样的工作:依特相、作用、现起、近因,把握每一种究竟色法、究竟名法,从而把色法团块与名法团块——色法密集与名法密集——逐一分别、分析,那么无我相、无我智见与无我之光,就会依其如实自性,在禅修者的智中清楚地显现出来。这就是上述诸义注的旨趣。
အကြောင်းပြချက်
理由
ရုပ်တရား နာမ်တရားတို့သည် ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (ရူပါရူပကလာပုပ္ပါဒနံ - မဟာဋီ-၂-၂၃၅ - ဟူသော မဟာဋီကာ အသုံးအနှုန်းသို့ လိုက်၍ စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော အတူယှဥ်တွဲ ဖြစ်ကြသည့် နာမ်တရားစုကို နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။) ထိုရုပ်ကလာပ် နာမ်ကလာပ်တို့ကား ပရမတ်နယ်မြေ၌ အသေးဆုံး အဖွဲ့အစည်းများ ဖြစ်ကြ၏။ အသေးဆုံး အတုံးအခဲ ဖြစ်ကြ၏။ ထိုရုပ်ကလာပ် နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား အသီးအသီးတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းနိုင်ပါမှ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ပြိုမည်၊ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏
色法与名法依其法则,只能成组地生起,成为色聚、名聚;它们没有逐一单独生起的能力。〔依《大复注》所用的巴利语“ရူပါရူပကလာပုပ္ပါဒနံ”(色聚与非色〔名法〕聚的生起;《大复注》2-235),本书把一个心刹那内同时相应而生的名法群称为“名聚”。〕就胜义分析而言,这些色聚、名聚是最小的组合单位,也是最小的团块。只有依特相、作用、现起、近因,把握每一色聚、名聚之中的每一种究竟界法,色法密集与名法密集这些色法团块、名法团块才会破除;只有密集破除,智见才能抵达胜义;只有智见抵达胜义,无我相才会依其如实——
သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာမည် ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
——自性,在禅修者的智中清楚地显现、生起。
ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ရှုနိုင်ခဲ့သော် ထိုရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်းကိုလည်း မြင်တော့မည် ဖြစ်သည်။
如果能够把一个色聚、一个名聚之中的色法、名法观至胜义,便也将以智见到这些色聚、名聚之内每一种究竟界法的生起、住立、坏灭,即“生—住—灭”三个刹那的全体。
ထိုရုပ်နာမ်ပရမတ်တရားတို့သည်ကား မဖြစ်မီ ရှေးအဖို့ကလည်း မရှိ၊ ဖြစ်ပြီးနောက်၌လည်း (အလောင်းကောင်များ စုပုံထပ်နေသလို) တစ်နေရာ၌ စုပုံနေသည် မရှိ၊ မဖြစ်ခင်က မရှိခြင်း၊ ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုး၏ အလယ်၌သာလျှင် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအားဖြင့် အခိုက်အတန့် ထင်ရှားစွာ ပေါ်လာ ဖြစ်လာသော တရားစုများသာ ဖြစ်ကြသည်ကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် မြင်နေတော့မည် ဖြစ်၏။ ထိုတွင် နာမ်တရားတို့ကား ----
禅修者也将看见:这些究竟色法、究竟名法在尚未生起的先前并不存在,生起以后也不会像尸体堆积那样积存在某一处;它们只在“生前不存在”与“灭后不存在”这两种不存在之间,以生起、住立、坏灭,即“生—住—灭”的状态,于一瞬间鲜明地出现、发生。其中,名法——
原书第 213 页
သမာဓိထူထောင်သင့်ပုံပိုင်း ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ-ဋ္ဌ-၂-၂၉၅။) လက်ဖျစ်တစ်တွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလ အတော အတွင်း၌ အကြိမ်ပေါင်း သို့မဟုတ် စိတ္တက္ခဏပေါင်း သို့မဟုတ် နာမ်ကလာပ်ပေါင်း အကြိမ်ကုဋေတစ်သိန်းမျှ ဖြစ်၍ ချုပ်၏ဟု ဆို၏။ ဤအဆိုမှာ နာမ်တရားတို့၏ အလွန်လျင်မြန်စွာ ဖြစ်မှုကို ဦးတည်၍ မိန့်ဆိုသော စကားမျှသာ ဖြစ်သည်။ ဤအဆိုအမိန့်အရ နာမ်ကလာပ်တစ်ခုဟု ခေါ်ဆိုအပ်သော စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့သည် တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့် ပုံခဲ့သော် တစ်ပုံခန့်မျှသာ အသက်ရှည်ကြရ၏။
“在一弹指顷,生起后灭去者,数达十万俱胝。”(《相应部义注》2-295。)在所谓弹指一次、眨眼一次、闪电一瞬或一秒的时段内,生灭的次数,也就是心刹那或名聚的次数,约达十万俱胝。此说只是着眼于名法生起极其迅速而作的表述。依此说,一个心刹那中所含的一组名法,称为一个名聚;其寿命仅约相当于把一秒划分为十万俱胝份后的一份。
တစ်ဖန် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့သည်လည်း စိတ္တက္ခဏပေါင်း = နာမ်ကလာပ်ပေါင်း (၁၇)ချက်ခန့်မျှသာ သက်တမ်းရှိကြ၏။ တစ်စက္ကန့်ဟူသော အချိန်ကာလကို ကုဋေ (၅ဝဝဝ) ကျော်ခန့် ပုံသော် တစ်ပုံခန့်မျှသာ အသက်ရှည်၏ဟု ဆိုလိုပေသည်။
再者,每一个色聚中所含的色法,其寿命也只有约17个心刹那,也就是约17个名聚的寿命。换言之,若把一秒划分为五千余俱胝份,它们的寿命仅约其中一份。
ထိုမျှ သက်တမ်း အချိန်ကာလ တိုတောင်းကြကုန်သော ရုပ်ကလာပ် နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရားစုတို့တွင် ဖြစ်ပြီးပါက မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အနေအားဖြင့် တည်နေသောအတ္တကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ပညာမျက်စိဖြင့် ရှာဖွေကြည့်သော်လည်း မတွေ့မမြင် ဖြစ်နေ၏။ (၃၁)ဘုံအတွင်း၌လည်း ရုပ်နာမ်က လွဲ၍လည်း ဘာမျှ ရှာမတွေ့ ဖြစ်နေ၏။ ထိုအခါတွင်မှ အနတ္တရောင်ခြည်တော်သည် ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့်ဖြင့် တင့်တယ်စမ္ပယ်စွာ ပေါ်ထွန်း ထွက်ပေါ် လာမည် ဖြစ်ပေသည်။
在这些寿命如此短促的色聚、名聚中,各组色法与名法生起以后,并不存在一个不会毁坏、作为坚实核心与不变实质而住立的我;禅修者即使用慧眼寻找,也遍寻不见。在31界之内,除了色法与名法,也找不到任何其他法。到那时,无我之光才会庄严灿烂地显现出来。
ဤသို့ အနတ္တဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်ကလာပ် နာမ်ကလာပ်များကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုရတော့မည်သာ ဖြစ်ပေသည်ဟု ယုံကြည်စွာ မှတ်သားလေရာ၏။ ထိုသို့ ရုပ်ကလာပ် နာမ်ကလာပ်များကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲနိုင်ရေး ရှုပွားနိုင်ရေးအတွက် လိုအပ်သောအရာကား စိတ္တဝိသုဒ္ဓိ ခေါ်သော ဥပစာရသမာဓိ အပ္ပနာသမာဓိပင် ဖြစ်ပေသတည်း။ သမာဓိရှိပါမှ သိနိုင်မြင်နိုင်သော တရားများ ဖြစ်သည်ဟု ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် သမာဓိသုတ္တန်များတွင် ဟောကြား ထားတော်မူပြီး ဖြစ်ပေသည်။
应当确信并记住:为了使智见抵达无我,必须以智慧分别、分析色聚与名聚,逐一破除其中的各种密集。为了能够如此分别、分析色聚与名聚,破除各种密集而作观修,所不可缺少的正是称为心清净的近行定或安止定。因为这些法只有在具备定时才能知见,佛陀本人已经在诸《定经》中作了教导。
ဤတွင် ဃန - အတုံးအခဲ အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
下面继续说明密集这一问题。
ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး
色法的3种密集
ရုပ်တရားများကို ရုပ်ပရမတ် နယ်မြေသို့ ဉာဏ်အမြင် ဆိုက်အောင် ရှုရာ၌ ရုပ်ဃန ခေါ် ရုပ်အတုံးအခဲ သုံးမျိုး ပြိုဖို့ လိုပေသည်။ ရုပ်ပိုင်းဆိုင်ရာ၌ ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲ သုံးမျိုးရှိကြောင်းကို ဋီကာတို့၌ ဖွင့်ပြလျက် ရှိ၏။
观照色法、使智见抵达究竟色法领域时,必须破除称为色法密集的3种密集。诸复注开示了色法方面有3种密集。
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။
“所谓分解密集,就是把相续密集、组合密集与作用密集分别开来、加以辨析。”
(မ-ဋီ-၁-၃၆၅။ ဒီ-ဋီ-၂-၃ဝ၈။ မဟာဋီ-၁-၄၂၈။)
(《中部复注》1-365;《长部复注》2-308;《大复注》1-428。)
= ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဖြိုခွဲဖျက်ဆီးခြင်းဟူသည် သန္တတိဃန-သမူဟဃန-ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်း တည်း။ (မ-ဋီ-၁-၃၆၅။)
所谓以智慧逐一分别、分析而破除称为色法密集的色法团块,就是以智慧分别、分析称为相续密集、组合密集与作用密集的色法密集。(《中部复注》1-365。)
原书第 214 页
ဤ ဋီကာဆရာတော်တို့၏ သတ်မှတ်ချက်အရ ရုပ်တရားများ၌ ---- (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးသာ ရှိသည်။ ရုပ်တရားများ၌ အာရမ္မဏဃန မရှိပေ။ အကြောင်းကား ဤသို့ ဖြစ်၏။
依诸复注师的这一判定,色法只有3种密集:1.相续密集;2.组合密集;3.作用密集。色法没有所缘密集。理由如下。
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ပရမတ္ထတရားတို့ကို သာရမ္မဏဓမ္မ၊ အနာရမ္မဏဓမ္မဟု နှစ်ဖို့ နှစ်စု ပြု၍ အောက်ပါအတိုင်း ခွဲခြား၍ ဟောကြားထားတော်မူခဲ့၏။
佛陀在《法集论》巴利圣典中,把究竟法分为有所缘法与无所缘法两类、两组,作如下教导。
ကတမေ ဓမ္မာ သာရမ္မဏာ။
“哪些法是有所缘法?”
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။
“受蕴、想蕴、行蕴、识蕴;这些法是有所缘法。”
ကတမေ ဓမ္မာ အနာရမ္မဏာ။
“哪些法是无所缘法?”
သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ-၁-၂၃၈။) ဤအထက်ပါ ဓမ္မသင်္ဂဏီပါဠိတော်တွင် ဘုရားရှင်သည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏ- က္ခန္ဓာ ဟူသော နာမ်ခန္ဓာ လေးပါး = နာမ်တရားအားလုံးတို့ကို အာရုံယူတတ်သော သာရမ္မဏတရားတို့ ဟူ၍ ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ရုပ်တရားအားလုံးနှင့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံ မယူတတ်သည့် အနာရမ္မဏတရားတို့ဟူ၍လည်း ဟောကြားထားတော်မူခဲ့၏။ ထိုတွင် အာရုံယူတတ်သည့် သာရ- မ္မဏတရားတို့၌သာလျှင် အာရမ္မဏဃန ရှိကြောင်းကို ဝိသုဒ္ဓိမဂ်မဟာဋီကာတွင် ဤသို့ ဖွင့်ဆိုထားပေသည်။
“一切色法与无为界;这些法是无所缘法。”(《阿毗达磨》1-238。)在上引《法集论》巴利中,佛陀把受蕴、想蕴、行蕴、识蕴这四名蕴,也就是一切名法,教为能取所缘的有所缘法;又把一切色法与无为界——涅槃,教为不能取所缘的无所缘法。关于只有能取所缘的有所缘法才有“所缘密集”,《清净道论大复注》作如下解释。
တထာ သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ-၂-၄၃၇။) = အာရုံယူတတ်သော သာရမ္မဏတရားတို့၏ အာရုံပြုမှု ကွဲပြားသော်လည်း တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃန ဖြစ်သည်ဟု ဖွင့်ဆိုထားပေသည်။ သို့အတွက် အာရုံယူတတ်သော နာမ်တရားတို့၌ သာလျှင် အာရမ္မဏဃန ရှိပေသည်။ ရုပ်တရားတို့ကား အာရုံမယူတတ်သော အနာရမ္မဏတရားများ ဖြစ်ကြ၏။ သို့အတွက် ရုပ်တရားတို့၌ အာရမ္မဏဃနဟူသော အတုံးအခဲ မရှိသဖြင့် အထက်ပါ မူလပဏ္ဏာသဋီကာ စသော ဋီကာတို့၌ ရုပ်ပိုင်းတွင် ဃနသုံးမျိုးသာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ တစ်ဖန် 〔သာရမ္မဏာတိ ဟိ ဝစနံ စိတ္တစေတသိကာနံ အာရမ္မဏေန ဝိနာ အပ္ပဝတ္တိညေဝ ဒီပေတိ။ (မူလဋီ-၁-၁၈၁) = သာရမ္မဏဟူသော စကားသည် စိတ်-စေတသိက် တို့၏ အာရုံနှင့် ကင်း၍ မဖြစ်ခြင်းသဘောကိုသာလျှင် ပြ၏။〕 ဤဋီကာအဖွင့်အရလည်း သာရမ္မဏတရား ဟူသည့်စကားမှာ နာမ်တရားတို့ကိုသာ ရည်ညွှန်းထားသော စကားဖြစ်၏။ သို့အတွက် ရုပ်၌လည်း ဃနလေးမျိုးဟု
“同样,诸有所缘法取所缘的方式虽有差别,但若把它们作为一个整体而执取,便成为所缘密集。”(《大复注》2-437。)因此,只有能取所缘的名法才有所缘密集;色法是不能取所缘的无所缘法,所以没有所缘密集。正因如此,上述《根本五十篇复注》等复注只在色法方面“sārammaṇa 一词正表明:心与心所不能离开所缘而转起。”(《根本复注》1-181。)依这段复注开示,sārammaṇa 一词也只指名法。因此,尽管通常也有色法具4种密集的说法——
ပြောရိုးဆိုစဥ် ရှိသော်လည်း ရုပ်တို့သည် သာရမ္မဏတရား မဟုတ်ခြင်းကြောင့် ရုပ်၌ အာရမ္မဏဃနမရှိဟု မှတ်ပါ။
——仍应记住:色法并非有所缘法,所以色法没有所缘密集。
၁။ သန္တတိဃန = ရုပ်အစဥ်အတန်းအတုံးအခဲ
1.相续密集=色法相续的密集团块
ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာ သော ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် ပါဝင်လျက်ရှိ၏၊ ယင်းတေဇောဓာတ်ကို ဥတုဟုလည်း ခေါ်ဆိုသည်။
由业、心、时节、食这4种因各自生起的每一个色聚中,都含有火界;这火界也称为时节。
ယင်းတေဇောဓာတ် ဥတုသည် သြဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် များကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ နမူနာအားဖြင့် စက္ခုဒသကကလာပ် = စက္ခုအကြည်ဓာတ်လျှင် (၁ဝ) ခုမြောက် ရှိသော ရုပ်ကလာပ်အမှုန်တစ်ခု ဆိုကြပါစို့။ ယင်းစက္ခုဒသကကလာပ်ကို ဓာတ်ခွဲသော် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ စက္ခုပသာဒဟု ရုပ်သဘောတရား (၁ဝ)မျိုးကို တွေ့ရှိမည် ဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ထပ်မံဖော်ပြမည် ဖြစ်ပါသည်။) ယင်း (၁ဝ)မျိုးသော ရုပ်တရားတို့တွင်
这个火界——时节,能逐代产生新的、以食素为第8法的时节生八法聚。举例来说,设有一个眼十法聚,即以眼净色为第10法的色聚微粒。分析这个眼十法聚,可以见到10种色法:地界、水界、火界、风界、颜色、香、味、食素、命根与眼净色。(观法将在“色业处”部分的表格中再次说明。)在这10种色法之中——
原书第 215 页
သမာဓိထူထောင်သင့်ပုံပိုင်း တေဇောဓာတ် ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ်သည် သြဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇသြဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ (စက္ခုဒသကကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတု၏ သားတည်း။) တစ်ဖန် ယင်းဥတုဇသြဇဋ္ဌမကရုပ်တို့တွင်လည်း သို့မဟုတ် ရုပ်ကလာပ်တွင်လည်း တေဇောဓာတ် ပါဝင် လျက် ရှိပြန်၏၊ ယင်းတေဇောဓာတ်သည်လည်း ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မူလ စက္ခုဒသကကလာပ်၏ အတွင်း၌ တည်ရှိသောတေဇောဓာတ် = ဥတု၏ မြေးတည်း။) ဤနည်းအတိုင်း ရုပ်၏ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ထိုထိုစက္ခုဒသကကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုသည် (၄) (၅)ဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ 〔ထို (၄) (၅)ဆင့် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့တွင် နောက်ဆုံးအဆင့် နောက်ဆုံးအကြိမ်၌ ဖြစ်သော ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကား ရုပ်ကလာပ် အသစ်အသစ်ကို မဖြစ်စေနိုင်တော့ပေ။〕 ဤနည်းကို နည်းမှီ၍
——含有火界。这火界能产生以食素为第8法的时节生色聚〔它是眼十法聚中火界——时节的“子代”〕。这些时节生食素八法聚中,也同样含有火界;这个火界又会产生新的时节生食素八法聚〔它是原来眼十法聚中火界——时节的“孙代”〕。依此方式,每当色法到达住时,眼十法聚中所含的火界——时节,便能相续产生4代、5代色聚。〔其中最后一代、最后一次生起的色聚内所含的火界——时节,已经不能再产生新的色聚。〕依此方法——
ကျန်ရုပ်ကလာပ်တို့၌လည်း သဘောပေါက်ပါလေ။ အသေးစိတ်ဖြစ်ပုံကိုလည်းကောင်း ရှုကွက်ကိုလည်းကောင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းရှုကွက်တွင် ထပ်မံ၍ ဖော်ပြမည် ဖြစ်ပါသည်။ ထိုရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။
——也应理解其余色聚。它们生起的详细过程与观法,将在“色业处”的观法部分再次说明;到那里就会清楚。
အချို့သော ရုပ်ကလာပ်၌ တည်ရှိသောတေဇောဓာတ်က (၃) (၄)ဆင့် (၄) (၅) ဆင့်သော ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ကျေးဇူးပြုလျက် ဖြစ်ပေါ်စေ၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ သော စိတ်ကြောင့်ဖြစ်သော စိတ္တဇကလာပ်များတွင် ပါဝင်သော တေဇောဓာတ်ဖြစ်မူ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် အဆင့်ပေါင်းများစွာကို ဆင့်ကဲဆင့်ကဲ ကျေးဇူးပြုလျက် ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။
有些色聚中所含的火界,能逐代资助而产生3代、4代,或4代、5代新的色聚。若是止修心、观修心等心所生色聚中所含的火界,则不仅在内在相续中,还能直至外在处,逐代资助而产生许多代新的色聚。
ယင်းဥတုဇသြဇဋ္ဌမကရုပ်များကို သဘောတူ = သဘာဂဖြစ်သော တစ်ဥတုကြောင့် ဖြစ်သောရုပ်တရားဟု ခေါ်၏။
这些时节生食素八法聚,称为“由同分的单一时节所生的色法”。
တစ်ဖန် စားမျိုအပ်သော အစာအာဟာရဟူသည် မစားမီအခိုက်၌ ဖြစ်စေ၊ စားမျိုပြီး၍ အစာသစ်အိမ် အတွင်း၌ ခန္ဓာအိမ်အတွင်းသို့ မပြန့်နှံ့မီ အစာသစ်ကောဋ္ဌာသအဖြစ်၌ တည်ခိုက်၌ ဖြစ်စေ ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်သည့် ဥတုဇ သြဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ (၃၂) ကောဋ္ဌာသတို့တွင် အစာသစ်ကောဋ္ဌာသပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။
再者,所吃的食物,无论尚未吃下,还是吞下以后、在胃中作为尚未遍布全身的“胃中物(未消化食物)”而住时,都不过是由称为时节的火界所生之时节生食素八法聚的集合。它正是三十二身分中的“胃中物”。禅修者若在这一胃中物身分上专注四大种而观照,就只会见到色聚微粒。
ယင်းရုပ်ကလာပ်တို့ကား ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်နေသော ဥတုဇသြဇဋ္ဌမကရုပ်တို့တည်း။
这些色聚,就是由称为时节的火界所生的时节生食素八法聚。
ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ်ကြောင့် နောက်ထပ် ကလာပ် အသစ်အသစ်များ ဆက်ကာ ဆက်ကာ ဖြစ်နေပုံကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်းဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသီးအသီး၌ သြဇာ ပါဝင်လျက် ရှိ၏။ ယင်းဥတုဇသြဇာသည် အစာသစ်အဖြစ်၌ တည်ရှိခိုက် ခန္ဓာကိုယ်တွင်း သို့ မပြန့်နှံ့ခင် ဥတုဇရုပ် ဥတုဇသြဇာ အဆင့်တွင်သာ တည်ရှိနေသေးသည်။ ယင်းဥတုဇသြဇာသည် အစာသစ် အိမ်၏ ဝန်းကျင်တွင် တည်ရှိနေသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝကကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ဟူသော ပါစကတေဇောဓာတ် ခေါ် အစာကို ကြေကျက်စေတတ်သော ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုကို ရရှိ၍ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့၍ သွားခဲ့သည်ရှိသော် သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇ ဋ္ဌမက ရုပ်ကလာပ်အနေဖြင့်သာ ပြန့်နှံ့၍ သွား၏၊ ယင်း သြဇဋ္ဌမကရုပ်များကို အာဟာရဇသြဇဋ္ဌမကရုပ်များဟု
禅修者必须观见:一个色聚中的火界如何接连产生新的色聚。每一个时节生食素八法聚中都含有食素。这一时节生食素在作为胃中物而住、尚未遍布全身时,仍只处于时节生色与时节生食素的阶段。当它获得消化火的资助——这种消化火,是位于胃——即“新食之所”——周围的命根九法聚中所含的火界,也就是能使食物消化的业生腹火——而遍布全身时,便只以食素为第8法的食素八法聚形态扩散。这些食素八法聚称为食生食素八法聚。
ခေါ်၏။ ယခင် အစာသစ် အမည်ရသော ဥတုဇ-သြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာကြောင့် ဖြစ်ပေါ် လာသော ရုပ်များဖြစ်၍ အာဟာရဇသြဇဋ္ဌမကရုပ်ဟု ခေါ်ခြင်းဖြစ်သည်။ (ဥတုဇသြဇာ၏ သားတည်း။) ယင်း အာဟာရဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော သြဇာကို အာဟာရဇသြဇာဟု ခေါ်၏။
由于这些色法是由先前称为胃中物的时节生食素八法聚中所含的食素产生,所以称为食生食素八法聚〔即时节生食素的“子代”〕。食生食素八法聚中所含的食素,称为食生食素。
原书第 216 页
ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်၊ စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်၊ ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်ကလာပ်တိုင်း၌လည်း သြဇာပါဝင်လျက် ရှိ၏။ ကမ္မဇသြဇာ၊ စိတ္တဇသြဇာ၊ ဥတုဇသြဇာဟု အသီးအသီး ခေါ်ဆိုပေသည်။ ယင်းကမ္မဇသြဇာ၊ စိတ္တဇသြဇာ၊ ဥတုဇသြဇာ အသီးအသီးသည် အထက်ပါ အာဟာရဇသြဇာ၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိခဲ့သော် သြဇာလျှင် (၈)ခုမြောက် ရှိသော အခြားအခြားသော သြဇဋ္ဌမက ရုပ်များကို အချို့အရာ၌ (၄) (၅) ဆင့်၊ အချို့နေရာ၌ အဆင့်များစွာ ဖြစ်စေနိုင်ပြန်၏။ တစ်ဖန် ရှေးရှေးသော အာဟာရဇသြဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော သြဇာသည်လည်း နောက်နောက် အသစ်အသစ်သော အာဟာရဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော တည်ရှိသော သြဇာ၏ အထောက်အပံ့ကို ရခဲ့သော် စားမျိုလိုက်သော အစာအာဟာရ၏ အဆီအနှစ် သြဇာဓာတ် အားကောင်းလျှင် အားကောင်းသလို (၁ဝ)ဆင့် (၁၂)ဆင့် စသည်သို့ တိုင်အောင် အဆင့်ဆင့်သော သြဇဋ္ဌမကရုပ် အသစ်အသစ်တို့ကို ဆက်ကာဆက်ကာ ဖြစ်စေနိုင်ပြန်၏။ (ယခင်
每一个业生色聚、心生色聚与时节生色聚中,也都含有食素,分别称为业生食素、心生食素与时节生食素。业生食素、心生食素、时节生食素各自若得到上述食生食素的资助,便能再产生以食素为第8法的其他食素八法聚:有时4代、5代,有时许多代。再者,较早各代食生食素八法聚中所含的食素,若得到较后新生各代食生食素八法聚中食素的支持,则随所吃食物滋养力的强弱,甚至能接连产生10代、12代等新的食素八法聚。〔这些都是先前——
အစာသစ် အမည်ရသော ဥတုဇသြဇာ၏ မြေးမြစ် အဆက်ဆက်ပင်တည်း။) ဤနည်းဖြင့် တစ်ကြိမ် စားမျို လိုက်သော အစာအာဟာရသည် (၇)ရက်သို့တိုင်အောင်ပင် ခန္ဓာအိမ်၏ အတွင်း၌ ပြန့်နှံ့၍ ဖြစ်နေသော ဟူ၏။
——称为胃中物的时节生食素之后续孙代、曾孙代等。〕依这种方式,一次吃下的食物,据说甚至能在身体内遍布并转起长达7天。
(ဝိသုဒ္ဓိ-၂-၂၄၉-၂၅၂ - ကြည့်ပါ။)
(参见《清净道论》2-249—252。)
ယင်းသို့ ဖြစ်နေမှုကို သဘောတူ = သဘာဂ ဖြစ်သော တစ်အာဟာရ တစ်သြဇာကြောင့် ဖြစ်သော ရုပ်များဟု ခေါ်သည်။
这种生起过程,称为“由同分的单一食、单一食素所生的色法”。
ယင်း တစ်ဥတု တစ်အာဟာရကြောင့် ဖြစ်သော ရုပ်များကို = တစ်ဥတု တစ်အာဟာရအတွင်း၌ တည်ရှိသော ရုပ်များကို အစဥ်အတန်းတစ်ခုတည်း တစ်ဆက်တည်းအဖြစ် မမြင်ဘဲ ရုပ်ကလာပ်တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်လျှင် သန္တတိဃန = အစဥ်အတန်းအတုံးအခဲ ပြိုသွားပြီ ဖြစ်၏။ အကယ်၍ မီးပန်းအတန်း တစ်ခုကဲ့သို့ အပ်ချည်ကြိုးတန်း တစ်ခုကဲ့သို့ အစဥ်အတန်း တစ်ခုအဖြစ် တစ်ဆက်တည်း တစ်ခုတည်းအဖြစ် မြင်ခဲ့သော် (ကလာပ်တစ်ခုချင်း အနေဖြင့် ပြတ်၍ မမြင်ခဲ့သော်) သန္တတိဃန = အစဥ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။ ထိုသို့ သန္တတိဃနဟူသော အစဥ်အတန်း အတုံးအခဲ ဖုံးအုပ်နေပါက ကလာပ်ကို မမြင်နိုင်သေး သဖြင့် ကလာပ်တစ်ခု တစ်ခု အတွင်း၌ ရှိသော ရုပ်သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်အောင် ရှုပွားခြင်းဖြင့် ရုပ်ပရမတ်နယ်မြေအစစ်သို့ ဆိုက်အောင် ရှုပွားရေးမှာ အလှမ်းဝေးလျက်ပင်
对于由同一时节、同一食所生的诸色法,也就是同一时节、同一食之内所含的诸色法,若不把它们看成同一系列、一个连续整体,而能分别、分析为一个又一个色聚来观见,相续密集便已破除。反之,若把它们看成像一列焰火或一股线那样的同一系列、同一连续整体,而不能清楚分别为一个个色聚,相续密集便仍在遮蔽。当相续密集遮蔽真实色法时,由于尚不能见到色聚,也就远远不能以智慧逐一分别、分析每一个色聚中所含的色法,使观照抵达究竟色法的领域——
ရှိနေဦးမည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါကလည်း အနတ္တဉာဏ်အမြင်သို့ ဆိုက်ရေးမှာ ပို၍ ပို၍ပင် ဝေးလျက် ရှိနေဦးမည် ဖြစ်ပေသည်။
——而仍会相距甚远。智见尚未抵达究竟法,要抵达无我智见,就会更加遥远。
၂။ သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ
2.组合密集=色法组合的密集团块
ယင်းရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုးသောရုပ်၊ (၉)မျိုးသောရုပ်၊ (၁ဝ)မျိုးသောရုပ် စသော ရုပ်ပရမတ်သဘောတရားများကို မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် ပရမတ္ထဓမ္မသဘာဝသတ္တိဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာသို့ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါက မြင်နိုင်ပါက သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ ပြိုပြီ ဖြစ်၏။ ထိုသို့ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်ကလာပ် တစ်ခု တစ်ခုကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မှုကို ဤစာမူတွင် ရုပ်ကလာပ်ကို ဓာတ်ခွဲသည်ဟုပင် ခေါ်ဝေါ် သုံးစွဲထားပါသည်။ ယင်းသို့ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁ဝ)မျိုးစသော ရုပ်သဘော တရားများကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်သေးပါက သမူဟဃနဟူသော အပေါင်းအစု အတုံးအခဲ မပြို၊ ဃနမပြိုက ပရမတ်သို့ ဉာဏ်အမြင် မဆိုက်၊ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါက အနတ္တရောင်ခြည်
如果能够以智慧逐一分别、分析每一个色聚中所含的8种、9种、10种等究竟色法,直达各自作为究竟法之自性力的自性特相,而加以观见,组合密集便已破除。本书把这种以智慧逐一分别、分析色聚、使智见抵达究竟色法的观照,称为“分析色聚”。如果尚不能把色聚中所含的8种、9种、10种等色法分析至究竟层次,组合密集就未破除;密集不破,智见便不能抵达究竟法;智见若尚未抵达究竟法,无我之光——
တော်သည်လည်း တင့်တယ်စမ္ပယ်စွာ ကွန့်မြူးထွက်ပေါ်၍ မလာနိုင်ဟု မှတ်ပါ။
——也就不能庄严灿烂地显现出来。应当如此记住。
原书第 217 页
၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ
3.作用密集=色法作用的密集团块
ယင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး၊ (၉)မျိုး၊ (၁ဝ)မျိုး စသော ပရမတ္ထဓာတ်သား ဖြစ်သည့် ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၌ ဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်း ကိစ္စရပ် အသီးအသီး ရှိကြ၏။
每一个色聚中所含的8种、9种、10种等究竟色法,各有自己相应的特定作用。
ပထဝီဓာတ်သည် ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စရှိ၏ (ပတိဋ္ဌာနရသ)။ အာပေါဓာတ်သည် ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စရှိ၏ (ဗြူဟနရသ)။ တေဇောဓာတ်သည်ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ဆွေးမြည့်စေခြင်း ကိစ္စရှိ၏ (ပရိပါစနရသ)။ ဝါယောဓာတ်သည်တွန်းကန်ခြင်း ကိစ္စရှိ၏(သမုဒီရဏရသ) - ဤသို့ စသည့် လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီရှိ၏။ ယင်း ရုပ်ပရမတ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်းကိစ္စအထူးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်ပါက ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်၏။ ပရမတ္ထဓာတ်သား ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်သဖြင့် ကိစ္စတစ်ခုတည်းအဖြစ် ထင်နေမှု ကိစ္စအတုံးအခဲ ပြိုသွားခြင်း ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရား အသီးအသီး၏
地界具有作为同一色聚中其余色法所依处的作用(住立作用,patiṭṭhāna-rasa);水界具有使色法增长的作用(增长作用,brūhana-rasa);火界具有使色法成熟、衰坏的作用(成熟作用,paripācana-rasa);风界具有推动的作用(推动作用,samudīraṇa-rasa)。像这样,每一色法各有自己的特定作用。若能以智慧分别、分析而观见每一个究竟色法各自的特殊作用,作用密集便已破除。由于能够以智慧分别、分析每一个究竟色法各自的作用,不再把它们看成同一作用,作用这一密集团块便告破除。如果对于每一个色聚中所含的每一种究竟色法——
ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် မြင်နေပါက ကိစ္စဃန အတုံးအခဲ မပြိုနိုင်။ ကိစ္စဃန မပြိုဘဲ ကိစ္စဃန အတုံးအခဲ ဖုံးအုပ်နေပါက အနတ္တ ရောင်ခြည်တော်သည်လည်း ကွန့်မြူးထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
——不能以智慧分别、分析而观见其各自作用,却把它们看成同一作用,作用密集便不能破除。只要作用密集未破、仍在遮蔽,无我之光就不可能显现出来。
လိုက်နာရမည့်တာဝန်
应当履行的责任
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ရုပ်ဃနဟူသော ရုပ်တုံးရုပ်ခဲ သုံးမျိုး ပြိုရေးအတွက် ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁ဝ)မျိုး စသော ရုပ်ပရမတ်တရား အသီးအသီးကို = ရုပ်ပရမတ် တရားတိုင်းကို လက္ခဏ-ရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် စနစ်တကျ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ ရုပ်တရားတို့ကို ရှုရာသိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ပရမတ်နယ်မြေ အစစ်သို့ ဉာဏ်အမြင် ဆိုက်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ရုပ် တရားတိုင်း၌ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည် ဖြစ်ပေသည်။
为了破除称为色法密集的3种密集,禅修者必须依特相、作用、现起、近因,系统地把握每一个色聚中所含的8种、9种、10种等究竟色法,也就是把握每一种究竟色法。在观照、把握色法而以智慧分别时,为使智见抵达究竟色法的领域,能够依特相、作用、现起、近因观照、把握并以智慧分别每一个色聚中的所有色法,禅修者必须在近行定与安止定这2种定中建立任何一种。
သမာဓိရှိပါမှ သိနိုင်သောအရာ သိကောင်းသောအရာများ ဖြစ်သောကြောင့်တည်း။
因为这些法只有具备定才能知见。
နာမ်ဃန (၄) မျိုး
名法的4种密集
တစ်ဖန် နာမ်တရားတို့တွင်လည်း ---- ၁။ သန္တတိဃန၊ ၂။ သမူဟဃန၊ ၃။ ကိစ္စဃန၊ ၄။ အာရမ္မဏဃန - ဟူ၍ ဃန (= အတုံးအခဲ) လေးမျိုး ရှိပြန်၏။ မူလဋီကာတွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။
再者,名法有4种密集:1.相续密集;2.组合密集;3.作用密集;4.所缘密集。《根本复注》作如下解释。
သန္တတိဃနာဒီနံ အယံ ဝိသေသော -- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ-၁-၆ဝ။)
“相续密集等的区别如下:前法与后法由于无间相续,仿佛合成一体而转起,这就是相续密集。同样,触等诸法由于作为同一组合而转起、由于各自作用的差别难以辨知、又由于同取一个所缘,仿佛合成一体而转起;这三者分别构成组合密集、作用密集与所缘密集。”(《根本复注》1-60。)
原书第 218 页
ဤအထက်ပါ မူလဋီကာတွင် ဖွင့်ဆိုထားတော်မူသော ယင်း နာမ်ပိုင်းဃနဟူသော နာမ်တုံးနာမ်ခဲ လေးမျိုး တို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
上述《根本复注》所解释的这四种名法密集,其含义如下。
၁။ သန္တတိဃန = နာမ်အစဥ်အတန်းအတုံးအခဲ
1.相续密集(santati-ghana):名法相续形成的密集
နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ဝီထိမုတ်စိတ်တို့မှာ - ဘဝတစ်ခုတွင် အစဆုံးဖြစ်သည့် ပဋိသန္ဓေစိတ်၊ နောက်ဆုံးဖြစ်သည့် စုတိစိတ်၊ အလယ် ဘဝတစ်လျှောက်လုံး၌ ဝီထိစိတ်များ မဖြစ်က ဘဝတွင် စိတ်အစဥ် မပြတ်စဲရေးအတွက် ဘဝ၏အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ဘဝင်စိတ်ဟု သုံးမျိုး ရှိ၏။ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်တို့မှာ ဘဝတစ်ခုအတွင်း၌ တစ်ကြိမ်စီသာ ဖြစ်သော်လည်း ဘဝင်စိတ်မှာ ဝီထိစိတ်များ မဖြစ်သည့်အချိန်၌ ဝီထိစိတ်အစဥ်တို့၏ အကြားအကြား၌ အကြိမ်များစွာ ဘဝတစ်လျှောက်လုံး ထိုက်သလို ဖြစ်နေ၏။ ထိုပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကို စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ တစ်ဆက်တည်း တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် သန္တတိဃန = နာမ်အစဥ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ စိတ္တက္ခဏ တစ်ခုချင်း တစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တတိဃန = နာမ်အစဥ်
名法有路心与离路心两类。离路心又有三种:一生中最初生起的结生心、最后生起的死亡心,以及在一生期间没有路心生起时,为使心相续不断、作为维持生命之因而生起的有分心。结生心与死亡心在一生中各只生起一次;有分心则在路心不生起时,于各个心路之间随其所宜反复生起,贯穿一生。若不能逐一分辨结生心、有分心、死亡心的各个心刹那,而把它们看成连续、单一、同一个心,便称为相续密集——名法相续形成的密集——正在遮蔽;若能逐一分辨每个心刹那,则相续密集——
အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။
——即名法相续形成的密集团块,便已破除。
တစ်ဖန် ဝီထိစိတ်တို့သည်လည်း စိတ္တနိယာမဟူသော စိတ်တို့၏ ကိန်းသေမြဲသော နိယာမ ဓမ္မတာလမ်း- ကြောင်းအတိုင်းသာလျှင် ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းက ပြောင်းလဲ၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ ဥပမာ - ရူပါရုံကို သိမြင်သည့် စက္ခုဒွါရဝီထိ စိတ်စေတသိက်များ ဆိုကြပါစို့။ ယင်း စက္ခုဒွါရဝီထိ စိတ်စေတသိက်တို့သည် ရူပါရုံက အလွန်ထင်ရှား၍ စိတ္တက္ခဏ အပြည့်အဝ ဖြစ်ခဲ့သော် ---- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော နိယာမ လမ်းကြောင်း အတိုင်းသာ ဖြစ်၏။ မြန်မာလိုဆိုသော် ---- ဆင်ခြင်၊ မြင်သိ၊ လက်ခံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော နိယာမလမ်းကြောင်းအတိုင်း ဖြစ်၏၊ စိတ္တနိယာမဟု ခေါ်၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်း အတိုင်း ဖြစ်သွားသော စိတ်အစဥ်တစ်ခုကို ဝီထိဟု ခေါ်၏။ ယင်း တစ်ဝီထိ အတွင်း၌ တည်ရှိသော နာမ်တရား
路心也只会依心定律这一固定不变的法则次第生起,绝不会越出这条法则而生起。例如,取认知色所缘的眼门心路诸心与心所来说:当色所缘极为清晰、心刹那数目具足时,它们只会依如下定律次第生起:五门转向、眼识、领受、推度、确定、7次速行、2次彼所缘。用缅语说,就是:转向、见知、接受、审察、确定、7次速行、2次彼所缘。它们只会依这一固定次第生起,这称为“心定律”。依心定律这样转起的一系列心,称为一个“心路”。存在于这一个心路之内的名法——
တို့ကို စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ စိတ်တစ်လုံးစီ တစ်လုံးစီကို မမြင်ဘဲ စိတ်တစ်ခုတည်းအဖြစ် မြင်ခဲ့သော် သန္တတိဃန = နာမ်အစဥ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်၊ ဤကား သမ္ပဋိစ္ဆိုင်း၊ ဤကား သန္တီရဏ၊ ဤကား ဝုဋ္ဌော၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တတိဃန = နာမ်အစဥ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ သန္တတိဃန = နာမ်အစဥ်အတန်းအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။
——若不能按心刹那逐一分辨、看见每一个心,而只把它们看成同一个心,便称为相续密集正在遮蔽。若能逐一分辨而看见:“这是五门转向,这是眼识,这是领受,这是推度,这是确定,这是第一次速行,这是第二次速行……”如此看见每一个心刹那,便已破除相续密集,即已能以智分解、破除名法相续形成的密集。
၂။ သမူဟဃန = နာမ်အပေါင်းအစုအတုံးအခဲ
2.组合密集(samūha-ghana):名法组合形成的密集
တစ်ဖန် နာမ်တရားတို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဥ်တွဲ၍သာ ဖြစ်ကြ၏။ ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၌လည်းကောင်း၊ ဝီထိစိတ်တို့၌လည်းကောင်း၊ စိတ်စေတသိက်တို့သည် ပေါင်းစု၍ အုပ်စု အလိုက်သာ ဖြစ်ကြ၏။ ပုံစံဆိုရသော် တိဟိတ်ပဋိသန္ဓေ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိသန္ဓေအခါ နာမ်တရားတို့မှာ သောမနဿဝေဒနာနှင့် ယှဥ်ခဲ့သည် ဖြစ်အံ့။
名法不能单独生起;在每一个心刹那,心与心所总是相伴而生。无论是称为离路心的结生心、有分心、死亡心,还是诸路心,心与心所都只会组合成组而生。举例来说,假设一位三因结生的禅修者,其结生名法与悦受相应,则——
原书第 219 页
သမာဓိထူထောင်သင့်ပုံပိုင်း ၁။ အသိစိတ် = ဝိညာဏ် (၁)လုံး၊ ၂။ အညသမာန်း အမည်ရသည့် နှစ်ဘက်ရစေတသိက် (၁၃)လုံး၊ ၃။ အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏစေတသိက် (၁၉)လုံး၊ ၄။ ပညိန္ဒြေ စေတသိက် (၁)လုံး၊ အားလုံးပေါင်းသော် (၃၄)လုံး ရှိ၏။ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံးရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း အလားတူပင် (၃၄)စီပင် ရှိ၏။
——1.能知之心,即识,1个;2.名为“通一切心所”、可通善与不善两方面的心所13个;3.与一切美心相应的遍一切美心心所19个;4.慧根心所1个。合计34种名法,即1心与33心所。若结生时有34种名法,此人的有分心与死亡心也同样各有34种名法。
တစ်ဖန် အထက်တွင် ဖော်ပြထားသော စက္ခုဒွါရဝီထိစိတ်အစဥ်ဝယ် ---- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၁)လုံး၊ ၂။ စက္ခုဝိညာဏ်၌ စိတ်စေတသိက် (၈)လုံး၊ ၃။ သမ္ပဋိစ္ဆိုင်း၌ စိတ်စေတသိက် (၁၁)လုံး၊ ၄။ သန္တီရဏ၌ စိတ်စေတသိက် (သောမနဿဖြစ်သော်) (၁၂)လုံး၊ ၅။ ဝုဋ္ဌော၌ စိတ်စေတသိက် (၁၂)လုံး၊ ၆။ ဇော၌ (ဉာဏ်-ပီတိ ယှဥ်သော မဟာကုသိုလ်ဇော ဖြစ်သော်) စိတ်စေတသိက် (၃၄)လုံးစီ ---- အသီးအသီး ရှိ၏။
再者,在上述眼门心路的心相续中:1.五门转向有11种心与心所名法;2.眼识有8种;3.领受有11种;4.推度若为悦俱,则有12种;5.确定有12种;6.速行若是智、喜相应的大善速行,则每一次各有34种心与心所名法——
၇။ တဒါရုံ၌လည်း အလားတူ (၃၄)လုံးစီ ရှိနိုင်၏။
7.彼所缘也同样可能每一次各有34种心与心所名法。
(အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။) ဤသို့လျှင် နာမ်တရားတို့သည် စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ထိုက်သလို ယှဥ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသော နာမ်တရားတို့ကို - ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ မမြင်ဘဲ တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ဖုံးအုပ်ထားသည် ဖုံးအုပ်နေသည် မည်၏။
(详见“名业处”部分。)由此可见,名法在每一个心刹那都只会依其相应情形相伴而生。若不能逐一分辨、看见同一心刹那内共同生起的名法——“这是触,这是受,这是想,这是思,这是识”等——而把它们看成单一、同一个整体,便称为组合密集,即名法组合形成的密集,正在遮蔽。
ယင်းနာမ်အပေါင်းအစု အတုံးအခဲကို - ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့် (၈)လုံးရှိက (၈)လုံး၊ (၃၄)လုံးရှိက (၃၄)လုံးသော နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် မြင်နိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်လျှင် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးနိုင်သည် မည်၏။
若能把这一名法组合形成的密集团块逐一分辨:“这是触,这是受,这是想,这是思,这是识……”并能依其实际数目——有8种时即8种,有34种时即34种——逐一以智观照、看见、把握、分别每一种名法,组合密集便已破除,即已能以智分解、破除名法组合形成的密集。
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ
3.作用密集(kicca-ghana):名法作用形成的密集
ယင်းစိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသော နာမ်တရားစုကို နာမ်ကလာပ်ဟု ခေါ်၏။
同一心刹那内共同生起的一组名法,称为“名聚”。
ယင်း နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ အသိစိတ်ဝိညာဏ်သည် အာရုံကို ရယူရာ၌ ပြဓာန်းသော ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း လုပ်ငန်းကိစ္စ (ပုဗ္ဗင်္ဂမရသ) ရှိ၏။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ဆက်စပ် ပေးခြင်း အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း (သင်္ဃဋ္ဋနရသ) လုပ်ငန်းကိစ္စ ရှိ၏။ ဝေဒနာသည် အာရုံ၏ အရသာကို အစဥ်ခံစားခြင်း (အနုဘဝနရသ) လုပ်ငန်းကိစ္စ ရှိ၏။ သညာသည် အာရုံကို နောက်ထပ်တစ်ဖန် သိဖို့ရန် အမှတ်
每一个名聚中的各个究竟名界,都各有自身特定的作用。能知之心,即识,在取所缘时具有作为首要先导者的作用(pubbaṅgama-rasa);触具有连接所缘与能知之心、触击所缘的作用(saṅghaṭṭana-rasa);受具有不断体验所缘之味的作用(anubhavana-rasa);想的作用,则是为了后来再次认知所缘而作出标记——
原书第 220 页
နိမိတ်ကို ပြုခြင်း (ပုနသဉ္ဇာနနနိမိတ္တကရဏရသ) လုပ်ငန်းကိစ္စ ရှိ၏။ စေတနာသည် ကြောင့်ကြဗျာပါရပြုခြင်း (အာယူဟနရသ) လုပ်ငန်းကိစ္စရှိ၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ အတူယှဥ်တွဲဖြစ်ကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ ယင်းလုပ်ငန်းကိစ္စ အသီးအသီး ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ခဲ့သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။
——即作出供后来再次认知的标记(punasañjānana-nimitta-karaṇa-rasa);思具有筹作、发动的作用(āyūhana-rasa)。如此,同一心刹那内共同生起的每一种名法,都各有自身特定的作用。若不能以智逐一分辨、看见这些不同作用,便称为作用密集,即名法作用形成的密集,正在遮蔽。
ဤကား ဖဿ၏လုပ်ငန်းကိစ္စ၊ ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ စသည်ဖြင့် ကိစ္စလုပ်ငန်းရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ နာမ်လုပ်ငန်းကိစ္စအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏၊ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။
若能以智逐一分辨、观照、把握触的作用、受的作用等各项作用,作用密集便已破除,即已能以智分解、破除名法作用形成的密集。
၄။ အာရမ္မဏဃန = အာရုံယူမှုအတုံးအခဲ
4.所缘密集(ārammaṇa-ghana):取所缘形成的密集
နာမ်တရားအားလုံးတို့သည် အာရုံယူတတ်သော သာရမ္မဏတရားချည်းသာ ဖြစ်ကြ၏။ သို့သော် ဝိပဿနာ နယ်၌ အရှုခံ နာမ်တရားနှင့် ရှုတတ်သော အာရုံယူတတ်သော နာမ်တရားဟု နှစ်မျိုး ရှိ၏။ (ဝိသုဒ္ဓိ-၂-၂၆၂။) အရူပသတ္တကရှုနည်း၌ ရှုနေသော ဝိပဿနာစိတ်ကို နောက်စိတ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် တစ်နည်း ဆိုသော် ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ကို နောက် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ် အစဥ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် ဘင်္ဂဉာဏ်ပိုင်းတွင်လည်း ---- ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ-၂-၂၇၈။) = ဉာတ အမည်ရသော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား ဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း၊ ဉာဏအမည်ရသော ရှုနေသော ဉာဏ်ပြဓာန်းသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ကိုလည်းကောင်း - ဤ ဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုရန် ညွှန်ကြား
一切名法都是能取所缘的“有所缘法”。然而,在毗婆舍那领域中,又分为被观照的名法与进行观照、能取所缘的名法两类。(《清净道论》2-262。)在非色七法观法(arūpa-sattaka)中,论中教导以后心再去修观前一观心;换言之,以后起的观意门速行心路,再去修观先前的观意门速行心路“所知与能知,二者都应作毗婆舍那观。”(《清净道论》2-278。)这里,“所知”是由观智洞彻了知、名为苦谛法与集谛法的诸行法;“能知”是正在观照、以智为主导的观意门速行心路。论中教导,这所知与能知二者都应修毗婆舍那——
ထားတော်မူ၏။
——论中正是如此教示的。
ထိုတွင် အရှုခံ နာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိသလို ရှုနေသည့် ဝိပဿနာဉာဏ်ဘက်၌လည်း တစ်နည်း ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဘက်၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃနဟု နာမ်တုံးနာမ်ခဲ သုံးမျိုးရှိသည်သာ ဖြစ်ပေသည်။ ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဘက်၌ရှိသော နာမ်တုံးနာမ်ခဲသုံးမျိုးကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမည်သာ ဖြစ်သည်၊ တစ်ဖန် ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုရှုနေသော ဝိပဿနာဉာဏ်ကား တစ်နည်း ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ကား ဝိပဿနာနယ်၌ အထူးသဖြင့် အာရုံယူတတ်သော တရားပင် ဖြစ်သည်။ သာရမ္မဏတရားပင် ဖြစ်သည်။ ထို ဝိပဿနာဉာဏ် ပြဓာန်းလျက် ရှိသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ကို ---- ၁။ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော - ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ်
其中,在被观照的名法一侧,有相续密集、组合密集、作用密集三种;同样,在进行观照的观智一侧,换言之,在进行观照的观意门速行心路一侧,也有相续密集、组合密集、作用密集三种。对进行观照的观意门速行心路这一侧的三种名法密集,也必须以智分解、破除,修观到智见抵达究竟;也必须再以毗婆舍那返观。因为这一进行观照的观智,换言之,这一观意门速行心路,在毗婆舍那领域中特别是能取所缘的法,即“有所缘法”。对于这一以观智为主导的观意门速行心路,应依如下方式:1.把其中每一个——
ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာစိတ်တစ်ခု အဖြစ်ဖြင့်သာ မြင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဥ်အတန်း အတုံးအခဲ ဖုံးနေသည် မည်၏။ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော - ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်ခဲ့သော် ရှုနိုင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဥ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး နိုင်သည် မည်ပေသည်၊ သန္တတိဃန ပြိုပြီ ဖြစ်ပေသည်။
——心刹那逐一以智分辨:“这是意门转向,这是第一次速行,这是第二次速行……”若不能这样看见,而只把它看成一个观智或一个观心,便称为相续密集,即名法相续形成的密集,正在遮蔽。若能逐一以智分辨、看见:“这是意门转向,这是第一次速行,这是第二次速行……”便称为已能以智分解、破除相续密集,即相续密集已经破除。
原书第 221 页
သမာဓိထူထောင်သင့်ပုံပိုင်း ၂။ တစ်ဖန် စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော 〔မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံး စသော〕 နာမ်တရားစုတို့ကို ဝိပဿနာဉာဏ် ဝိပဿနာစိတ် တစ်ခု အဖြစ်- ဖြင့်သာ မြင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲ ဖုံးနေသည် မည်၏။ စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌တည်ရှိသော နာမ်တရားစုကို ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ်စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်၊ သမူဟဃနပြိုပြီ ဖြစ်၏။
2.再者,若把每一心刹那内的一组名法〔意门转向有12种名法,每一次速行各有34种名法等〕只看成一个观智或一个观心,便称为组合密集,即名法组合形成的密集,正在遮蔽。若能逐一以智分辨、观照、了知同一心刹那内的一组名法——“这是触,这是受,这是想,这是思,这是识”等——并能再以毗婆舍那返观,便称为已能以智分解、破除组合密集,即组合密集已经破除。
၃။ တစ်ဖန် ယင်းစိတ္တက္ခဏတစ်ခုတစ်ခု အတွင်းရှိ နာမ်တရားစုတို့၏ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိခဲ့သော် မရှုနိုင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ဖုံးအုပ်နေသည် မည်၏။
3.再者,若不能以智分别了知、观照每一心刹那内那一组名法各自不同的作用,便称为作用密集,即名法作用形成的密集,正在遮蔽。
ဤကား ဖဿ၏ လုပ်ငန်းကိစ္စ၊ ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ၊ ဤကား သညာ၏ လုပ်ငန်းကိစ္စ၊ ဤကား စေတနာ၏ လုပ်ငန်းကိစ္စ၊ ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ - စသည်ဖြင့် လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့်မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်တုံးနာမ်ခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်၊ ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ပြိုပြီး ဖြစ်၏။
若能以智逐一分辨、观照、了知:“这是触的作用,这是受的作用,这是想的作用,这是思的作用,这是识的作用……”便称为已能以智分解、破除名法作用形成的作用密集,即作用密集已经破除。
ထိုရှုနေသည့် ဝိပဿနာဉာဏ်ဘက်၌ တည်ရှိသော သို့မဟုတ် ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဘက်၌ တည်ရှိသော သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ဃနသုံးမျိုးကိုကားအာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်ပါ။ ဝိပဿနာအရာ၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားကား ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဥ်ပင် ဖြစ်သောကြောင့်တည်း။ ဝိပဿနာဉာဏ်၏ အရှုခံ နာမ်တရားတို့ဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိ၍ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဘက်၌ အာရမ္မဏဃန တစ်မျိုးသာ ရှိ၏။ ဤသို့ ခွဲခြားယူမှသာလျှင် နာမ်တရား၌ ဃနလေးမျိုး အဓိပ္ပါယ် ရှင်းသွားမည်။
应当知道:存在于进行观照的观智一侧,或存在于进行观照的观意门速行心路一侧的相续密集、组合密集、作用密集这三种密集,合以“所缘密集”一个名称来称说。这是因为,在毗婆舍那领域中,特别能取所缘的“有所缘法”,正是观智,或以观智为主导的观意门速行心路。在作为观智之所观的名法一侧,有相续密集、组合密集、作用密集三种;在能观照、以观智为主导的观意门速行心路一侧,则只有所缘密集一种。只有作这样的区分,名法四种密集的含义才会清楚。
ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်-နာမ်- ကြောင်း-ကျိုး = သင်္ခါရတရားဟူသော ဉာတတရားနှင့် ရှုနေသည့် ဝိပဿနာဉာဏ်ဟူသော ဉာဏတရား - ဤ နှစ်မျိုးလုံး၌ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ထိုသင်္ခါရတရားတို့၌ ဖန်ဆင်းရှင် ပရမအတ္တနှင့် အဖန်ဆင်း ခံရသော ဇီဝအတ္တ မရှိမှုကိုလည်းကောင်း၊ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်မှု အနတ္တသဘောကိုလည်းကောင်း၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေ သည့် အတ္တမဟုတ်သည့် အနတ္တသဘောကိုလည်းကောင်း၊ ထိုသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပျက်နေသည့် သဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရမည် ဖြစ်၏၊ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်နေရသောအခါ ----
由此可见,观智的所观所缘,是名为苦谛、集谛的色、名、因、果诸行法,即“所知法”;正在观照的观智,则是“能知法”。只有对这两类法中的色法密集、名法密集,逐一以智分辨而修观审察,才能以智看见:这些诸行法中没有创造者的最高我,也没有被创造的生命我;这些诸行法具有无我之性,不会依任何一个我的意愿而转起;它们不是不坏不灭、作为坚实本质而常住的我;它们刹那不停、接连不断地坏灭。以智这样看见时——
၁။ ဤဖြစ်ပေါ်နေသောသင်္ခါရတရားသည် တည်မှု ဌီကာလသို့ မရောက်ပါစေသတည်း။
1.“愿这已生起的行法不要进入住时。”
၂။ တည်မှု ဌီကာလသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် မဆွေးမြည့် မရင့်ရော်ပါစေသတည်း = မအိုပါစေသတည်း။
2.“愿这已进入住时的行法不要衰坏、老化,也就是不要衰老。”
၃။ ဆွေးမြည့် ရင့်ရော် အိုမင်းခြင်းသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် ပျက်ခြင်း ဘင်ကာလဖြင့် မပျက်စီးပါစေသတည်း - ဟု ဤသုံးမျိုးသော အရာဌာနတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ
3.“愿这已衰坏、老化的行法,不要在坏时坏灭。”在这三种情形中,都不存在能依任何一个人、有情——
原书第 222 页
အတ္တ၏ အလိုအတိုင်း ဖြစ်မှုသဘောကား မရှိသည်သာတည်း၊ ထိုသင်္ခါရတရားတို့၌ ထိုတစ်စုံတစ်ယောက် သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလိုအတိုင်း ဖြစ်သော အခြင်းအရာမှ ဆိတ်သုဥ်းနေ၏၊ ထိုကြောင့် ထိုသင်္ခါရတရားတို့သည် ---- ၁။ အတ္တမှ ဆိတ်သုဥ်းခြင်း သုညတသဘောကြောင့်လည်း အနတ္တ မည်ပေသည်။
——或我的意愿而令它们如此转起的性质;这些行法中,全然没有依任何一个人、有情或我的意愿而转起的情形。因此,这些行法:1.由于具有空性,即空无我的性质,所以称为“无我”。
၂။ ထိုသင်္ခါရတရားတို့၌ အစိုးတရ ပိုင်ဆိုင်သည့် သာမိပိုင်ရှင် အတ္တ မရှိခြင်း အနက်သဘောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။
2.由于其中没有作为主宰、占有者的“我”,所以这些行法也称为“无我”。
၃။ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း ပြုလုပ်၍ ရနိုင်သောသဘော မရှိ ခြင်းကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။
3.由于这些行法中没有任何一个“我”可以按自己的意愿把它们造作成所欲的样子,所以这些行法也称为“无我”。
၄။ သာသနာပ အယူအဆ ရှိကြကုန်သောပုဂ္ဂိုလ်တို့ ကြံဆထားအပ်သည့် ဖန်ဆင်းရှင် ပရမတ္တ (= ပရမအတ္တ)၊ အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု ယူသော အတ္တဝါဒနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သောကြောင့် လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။ (အဘိ-ဋ္ဌ-၂-၄၅။) ဤကဲ့သို့သော အနတ္တဉာဏ်အမြင် ပေါ်ထွန်းပေါ်ပေါက်လာရေးအတွက် ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ် လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဃနအတုံးအခဲများကို ပြိုကွဲသွားအောင်ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုပွားနိုင်သောအခါတွင်မှ ထိုသင်္ခါရတရားတို့၏ မဖြစ်ခင်က မရှိခြင်း၊ ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာ လျှင် အလွန့်အလွန် တိုတောင်းလှသော ယာယီအခိုက်အတန့်အားဖြင့်သာ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် ဖြစ်ပေါ်လာသော တရားများသာ ဖြစ်သည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်
4.由于这些行法同外道所构想、主张“有作为创造者的最高我(parama-atta),也有作为被创造者的生命我(jīva-atta)”的我论正相反,所以也称为“无我”。(《阿毗达磨义注》2-45。)为了使这样的无我智见生起,必须以智逐一分辨色、名诸界法,分解、破除种种密集,修观审察到智见抵达究竟。只有能这样修观,才会看见:这些行法未生之前不存在,生起之后也不存在,只在前后两种“不存在”之间极其短暂地暂时生起,并以无常、苦、无我的状态显现;这时才能凭自己的智作出——
ချမှတ်နိုင်မည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် တင့်တယ်စွာ ထွက်ပေါ်လာမည် ဖြစ်ပေသတည်း။
——这样的判定。无我之光也将在禅修者的智门中庄严地显现。
သို့သော် အချို့သော ဆရာမြတ်တို့ကား အထက်ပါ ကျမ်းဂန်အဆိုအမိန့်များကို လက်မခံနိုင်ဘဲ မူလ ပဏ္ဏာသ အဋ္ဌကထာကို ကိုးကား၍ ---- ၁။ ရုပ်ဓာတ် တစ်လုံးကို ဝိပဿနာရှုရုံဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏။
然而,有些尊长论师不能接受上述经论中的说法,便援引《根本五十篇义注》而另作如下主张:1.即使只以一个色法为所缘修观,也能够到达涅槃、证得涅槃。
၂။ နာမ်ဓာတ် တစ်လုံးကို ဝိပဿနာရှုရုံဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏။
2.即使只以一个名法为所缘修观,也能够到达涅槃、证得涅槃。
၃။ ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးမျှကို နာမ်ဓာတ်ဘက်ကလည်း တစ်လုံးမျှကို ဝိပဿနာရှုရုံမျှဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏ - ဟု အယူရှိတော်မူကြပြန်၏။
3.即使只以色法、名法各一个为所缘修观,也能够到达涅槃、证得涅槃。他们又持有这样的见解。
အကယ်၍ ဓာတ်တစ်လုံးကို ဝိပဿနာရှုရုံဖြင့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏ဟူသော အယူဝါဒကို လက်ခံခဲ့ပါမူ အထက်တွင် ရှင်းပြခဲ့သောရုပ်ဃန နာမ်ဃနဟူသော အတုံးအခဲများနှင့် ပတ်သက်သော အကြောင်းအရာဟူသမျှ သည် အဓိပ္ပါယ်ကင်းမဲ့လျက်ပင် ရှိနေမည် ဖြစ်သည်။
假如接受“只观一个法便能到达涅槃”这一主张,那么,上文有关称为“色法密集、名法密集”的这些聚块的一切说明,就都会变得毫无意义。
ထိုအယူအဆ မှန်-မမှန်ကို အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင် နှိုင်းချိန် ဝေဖန်နိုင်ရန် အတွက် သမ္မသနစာရခေတ် သုံးမျိုးနှင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ အကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။
为了让禅修贤者自己比较、衡量并判断上述见解是否正确,下面继续说明三种思惟行境(sammasanacāra-khetta),以及 ဧကဒေသ(ekadesa)=“一部分”的含义。