现在被贪爱与见所牵引的方式
《一夜贤者经》解释 · 原书第 140–141 页 · 16 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 140 页
ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိ တို့က ဆွဲငင်ပုံ
于现在被爱、见所牵引的方式
ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ ဖြစ်စေ ခန္ဓာတစ်ပါးပါးအပေါ်၌ ဖြစ်စေ အတ္တဒိဋ္ဌိဟူသော သက္ကာယဒိဋ္ဌိ ဖြစ်နေလျှင် = အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု စွဲယူနေလျှင်၊ ငါ သူတစ်ပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာဟု စွဲယူနေလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ တို့၏ ဆွဲငင်မှုကို ခံနေရသည်မည်ကြောင်းကို (မ-၃-၂၂၇။) ၌ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။
若对现在的五蕴或其中任何一蕴,生起称为我见(attadiṭṭhi)的有身见(sakkāyadiṭṭhi)——执取它是生命体、灵魂体、识体、自我体,或执取为我、他人、男人、女人、个人、有情、人、天、梵天——世尊、具一切知智的正等正觉者亲自开示说,这就称为正在承受爱、见对现在五蕴的牵引。(《中部》3-227。)
ရဟန်းတို့ …အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်သနည်း?
诸比丘……爱、见如何在现在诸法中牵引呢?
ရဟန်းတို့ … ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော၊ အရိယာတရား၌ မကျွမ်းကျင်သော အရိယာတရား၌ မယဥ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော၊ သူတော်ကောင်းတရား၌ မကျွမ်းကျင်သော၊ သူတော်ကောင်းတရား၌ မယဥ်ကျေးသော အကြားအမြင် မရှိသော ပုထုဇန်သည် -- ၁။ ရုပ်-ကို အတ္တဟု ရှု၏၊ ၂။ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ ၃။ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ၄။ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။
诸比丘……在此世间,未曾惯于谒见诸圣者、不熟习圣者之法、未受圣者之法调御,未曾惯于谒见诸善士、不熟习善士之法、未受善士之法调御的无闻凡夫:1.把色视为我;2.把(其余诸蕴)视为具有色的我;3.视为我中有色;4.视为色中有我。
ခံစားမှုဝေဒနာကို ။ ပ ။
对于感受——受,也是如此。……(省略同文)
မှတ်သားမှုသညာကို ။ ပ ။
对于记认——想,也是如此。……(省略同文)
ပြုပြင်စီရင်တတ်သော စေတသိက်သင်္ခါရတရားစုတို့ကို ။ ပ ။
对于能造作的心所诸行之聚,也是如此。……(省略同文)
၁။ သိမှု = ဝိညာဏ်ကို အတ္တဟု ရှု၏။
1.把了知——识视为我。
၂။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း ရှု၏။
2.把(其余诸蕴)视为具有识的我。
၃။ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ၄။ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။
3.视为我中有识;4.视为识中有我。
ရဟန်းတို့ …ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်နေ၏။ (မ-၃-၂၂၇။) တစ်ဖန် အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးကလည်း ဤသို့ ဟောကြားထားတော်မူပြန်၏။ ---- ကထဉ္စ အာဝုသော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတိ။
诸比丘……这就是在现在诸法中被爱、见牵引。(《中部》3-227。)摩诃迦旃延‘诸贤友,怎样才是在现在诸法中受牵引呢?’
ယဉ္စာဝုသော စက္ခု၊ ယေ စ ရူပါ။ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိ စေ ပစ္စုပ္ပန္နေ ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတိ။
‘诸贤友,眼与诸色,此二皆属现在。若识与对这现在二者的欲贪相系;由于识与欲贪相系,他便喜爱它们;喜爱它们时,便在现在诸法中受牵引。’
(မ-၃-၂၃၇။)
(《中部》3-237。)
= သီတင်းသုံးဖော် ငါ့ရှင်တို့ …အဘယ်သို့လျှင် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ''ငါ- ငါ့ဟာ''ဟု ဆွဲငင်အပ်ပါသနည်း?
诸同住的贤友……爱、见如何以‘我、我所’牵引人于当下现在诸法呢?
သီတင်းသုံးဖော် ငါ့ရှင်တို့ …မျက်စိအကြည်ဓာတ် (= စက္ခုပသာဒ) ရူပါရုံ ထိုနှစ်ပါးစုံသည် မျက်မှောက် ပစ္စုပ္ပန်သာတည်း။ မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ထိုမျက်စိအကြည်ဓာတ် ရူပါရုံ နှစ်ပါးစုံ၌ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက်ရှိသော သိမှု = ဝိညာဏ်သည် အကယ်၍ ဖြစ်ငြားအံ့၊ သိမှု = ဝိညာဏ်၏ လိုလား-
诸同住的贤友……眼净色(=cakkhupasāda)与色所缘,这一对都只是当下现在。对于这对当下现在的眼净色与色所缘,若生起与欲贪(chandarāga)相系的了知——识;由于这一了知——识——
原书第 141 页
ကောင်းသော ည တစ်ညပိုင်း -- ဘဒ္ဒေကရတ္တသုတ္တန်ရှင်းလင်းချက် တပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက်ရှိသည်၏ အဖြစ်ကြောင့် ထိုမျက်စိအကြည်ဓာတ် ရူပါရုံကို နှစ်သက်၏၊ ထိုမျက်စိအကြည်ဓာတ် ရူပါရုံကို နှစ်သက်သည်ရှိသော် မျက်မှောက်ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်- အပ်သည်မည်၏။(ကြွင်းအာယတန ငါးစုံတို့၌လည်း ပုံစံတူပင် ဆက်လက်၍ဟောကြားထားတော်မူပေသည်။)
——与欲贪(chandarāga)相系,他便喜爱那眼净色与色所缘;喜爱它们时,即称为在当下现在诸法中被爱、见牵引。(其余五对处也继续依同一方式宣说。)