随顺经(Suttānuloma)
教法的大支柱 · 原书第 172–177 页 · 47 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 172 页
၂။ သုတ္တာနုလောမ
2.随顺经(Suttānuloma)
သုတ္တာနုလောမံ နာမ အနုလောမကပ္ပိယံ။ (ဒီ-ဋ္ဌ-၂-၁၅၈။) သုတ္တာနုလောမ ဟူသည် ဝိနည်းဒေသနာတော်၌ လာရှိသော ဝိနည်း မဟာပဒေသ (၄)ပါးနှင့် သုတ္တန် ဒေသနာတော်၌ လာရှိသော သုတ္တန်မဟာပဒေသ (၄)ပါးတို့ပင် ဖြစ်သည်။ ဝိနည်း မဟာပဒေသ (၄)ပါးကား ဝိနည်းမဟာဝါပါဠိတော် ဘေသဇ္ဇက္ခန္ဓက (၃၄၈-၃၄၉။)၌ လာရှိ၏။ သုတ္တန်မဟာပဒေသ (၄)ပါးကား သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ-၂-၁ဝ၂-၁ဝ၃-၁ဝ၄။)တို့၌ လာရှိ၏။
“所谓随顺经(suttānuloma),就是随顺而可许者(anulomakappiya)。”(《长部义注》2-158。)随顺经,指律教说中所载的四项律大教法,以及经教说中所载的四项经大教法。四项律大教法见于《律藏·大品·药犍度》(348—349);四项经大教法见于《长部·大品·大般涅槃经》(《长部》2-102、103、104)。
ဝိနည်းမဟာပဒေသတရား လေးပါး
四项律大教法
၁။ ရဟန်းတို့ …အကြင် အရာဝတ္ထုကို ငါဘုရားသည် ''ဤအရာဝတ္ထုသည် မအပ်''ဟု မပယ်မြစ်အပ်၊ ထို အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်လျက် အပ်စပ် သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။
1.诸比丘,凡我未曾以“此事不可许”而加以禁止的事物,若与不可许者随顺、与可许者相违,那么,对你们而言,此事不可许。
၂။ ရဟန်းတို့ …အကြင် အရာဝတ္ထုကို ငါဘုရားသည် ''ဤအရာဝတ္ထုသည် မအပ်''ဟု မပယ်မြစ်အပ်၊ ထို အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် အပ်စပ်သည့်ဘက်သို့ ညီလျော်လျက် မအပ်စပ် သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။
2.诸比丘,凡我未曾以“此事不可许”而加以禁止的事物,若与可许者随顺、与不可许者相违,那么,对你们而言,此事可许。
၃။ ရဟန်းတို့ …အကြင် အရာဝတ္ထုကို ငါဘုရားသည် '' ဤအရာဝတ္ထုသည် အပ်စပ်၏''ဟု ခွင့်မပြုအပ်၊ ထို ခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်လျက် အပ်စပ်သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။
3.诸比丘,凡我未曾以“此事可许”而加以允许的事物,若与不可许者随顺、与可许者相违,那么,对你们而言,此事不可许。
၄။ ရဟန်းတို့ …အကြင် အရာဝတ္ထုကို ငါဘုရားသည် '' ဤအရာဝတ္ထုသည် အပ်စပ်၏''ဟု ခွင့်မပြုအပ်၊ ထို ခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် အပ်စပ်သည့်ဘက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။
4.诸比丘,凡我未曾以“此事可许”而加以允许的事物,若与可许者随顺、与不可许者相违,那么,对你们而言,此事可许。
(ဝိ-၃-၃၄၈-၃၄၉။)
(《律藏》3-348—349。)
ဤကား ဝိနည်းဒေသနာတော်၌ ဟောကြားထားတော်မူအပ်သော မဟာပဒေသ အမည်ရသည့် ဥပဒေသ ကြီး လေးချက်ပင် ဖြစ်သည်။ ''ဤအမှုသည် ရဟန်းတို့အား အပ်စပ်၏၊ ဤအမှုသည် ရဟန်းတို့အား မအပ်စပ်'' ဟူ၍ အပ်မှု မအပ်မှုနှင့် စပ်လျဥ်း၍ ဆုံးဖြတ်ဖွယ် အခွင့်ကြုံကြိုက်လာလျှင် အထက်ပါ ဝိနည်းဒေသနာတော်၌ လာရှိသော ဝိနည်းမဟာပဒေသတည်းဟူသော ဝိနည်းဥပဒေသကြီး (၄)မျိုးတို့ဖြင့် နှိုင်းချိန်၍ ဆုံးဖြတ်ရမည်။
这就是律教说中所宣说、称为“大教法”的四项重大教示。若遇到须就“此事对比丘可许”或“此事对比丘不可许”作出判决的情形,就应当拿它与上述律教说中的四项律大教法——四项律的重大教示——加以比勘,然后判决。
原书第 173 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ ထို ဝိနည်းမဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်ရှုခဲ့သော် အပ်စပ်သည့်ဘက်သို့ ညီလျော်သော အမှုကိုမှ ''ဤအမှုသည် အပ်စပ်၏''ဟူ၍ ဆုံးဖြတ်ရ၏။ ထိုသို့ ဝိနည်းမဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်ရှုခဲ့သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်နေသော အမှုမျိုး ဖြစ်ခဲ့လျှင် ''ဤအမှုသည် မအပ်စပ်''ဟူ၍ ဆုံးဖြတ်ရ၏။
以这四项律大教法比勘、审察之后,只有随顺可许方面的事,才判定为“此事可许”;如果以四项律大教法比勘、审察后,某事随顺不可许方面,就判定为“此事不可许”。
ဤအရာ၌ ဓမ္မသင်္ဂါဟကမထေရ် အမည်ရတော်မူကြကုန်သော သင်္ဂါယနာမထေရ်မြတ်ကြီးတို့၏ ဝိနည်း မဟာပဒေသတရား (၄)ပါးတို့နှင့်အညီ နည်းယူ၍ ဆုံးဖြတ်ထားအပ်ကုန်သော ဖြတ်ထုံးတို့တွင် ဖြတ်ထုံး အနည်း- ငယ်ကို သဘောပေါက်စေရန် ကောက်နုတ်ဖော်ပြအပ်ပါသည်။
在此,为使读者理解,现从那些称为“法的结集者”的结集大长老,依四项律大教法取则并作出的判例中,摘录少数如下。
အနုဇာနာမိ ဘိက္ခဝေ သဗ္ဗံ ဖလရသံ ဌပေတွာ ဓညဖလရသံ။ (ဝိ-၃-၃၄၄။) = ရဟန်းတို့ …စပါးသီးအရည်ကို (= စပါးသီးဖြင့် ပြုလုပ်စီမံထားအပ်သော ဖျော်ရည်ကို) ထား၍ အလုံး စုံသော အသီးအရည်ကို (= အလုံးစုံသော သစ်သီးဖြင့် ပြုလုပ်စီမံထားသော ဖျော်ရည်ကို) ငါဘုရား ခွင့်ပြုတော် မူ၏။
“诸比丘,除谷物汁外,我允许一切果汁。”(《律藏》3-344。)也就是说:除谷物所得之汁(即以谷物调制的饮料)外,我允许一切果实所得之汁(即以各种水果调制的饮料)。
ဤအထက်ပါ ပါဠိတော်တွင် ဘုရားရှင်သည် စပါး (၇)မျိုးဖြင့် ပြုလုပ်စီမံထားသော ဖျော်ရည်ကို မွန်းလွဲ ပိုင်းတွင် ရဟန်းတို့အား မအပ်ဟု သောက်သုံးမှုကို ပယ်မြစ်ထားတော်မူ၏။
在上述巴利律文中,佛陀禁止比丘在午后饮用以七种谷物调制的饮料,判为不可许。
ထန်းသီး အုန်းသီး အိမ်ပိန္နဲသီး တောင်ပိန္နဲသီး ဗူးသီး ဖရုံသီး သခွားငပြုတ် သခွားငကြောင် သခွားငဆစ် ဟူသော သီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးတို့သည် စပါးနှင့် အလားတူ၏။ ယင်းသီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးကို ဝိနည်းပါဠိတော်၌ ရဟန်းတို့အား ဖျော်ရည်ပြုလုပ်စီမံ၍ မွန်းလွဲပိုင်း၌ သုံးစွဲရန် မအပ်ဟု တိုက်ရိုက် မပယ်မြစ် အပ်သော်လည်း မအပ်ဟု တိုက်ရိုက်ပယ်မြစ်ထားအပ်သော စပါး (၇)မျိုးနှင့် ဆီလျော်နေ၏၊ သို့အတွက် မွန်းလွဲ ပိုင်း၌ ယင်းသီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးကိုလည်း ဖျော်ရည်ပြုလုပ်စီမံ၍ ရဟန်းတို့ သုံးဆောင်ရန် မအပ်။
糖棕果、椰子、栽培菠萝蜜、山菠萝蜜、葫芦、南瓜,以及三种瓜(သခွားငပြုတ်、သခွားငကြောင်、သခွားငဆစ်),合称九种大果;它们和各种豆类都与谷物同类。律藏巴利虽然没有直接禁止比丘把这九种大果与各种豆类制成饮料而在午后饮用,但它们随顺于已被直接禁止、判为不可许的七种谷物。因此,比丘也不可把这九种大果与各种豆类调制成饮料而在午后饮用。
(ဝိ-ဋ္ဌ-၃-၃၈၄-၃၈၅။)
(《律藏义注》3-384—385。)
အနုဇာနာမိ ဘိက္ခဝေ အဋ္ဌ ပါနာနိ အမ္ဗပါနံ ဇမ္ဗုပါနံ စောစပါနံ မောစပါနံ မဓူကပါနံ မုဒ္ဒိကပါနံ သာလူကပါနံ ဖာရုသကပါနံ။ (ဝိ-၃-၃၄၄။) = ရဟန်းတို့ …သရက်သီးအဖျော် သပြေသီးအဖျော် တောငှက်ပျောသီးအဖျော် အိမ်ငှက်ပျောသီးအဖျော် သစ်မည်စည်သီးအဖျော် သပြက်သီးအဖျော် ကြာစွယ်အဖျော် ဖက်သက်တရော်သီးအဖျော် ဤ (၈)မျိုးသော အဖျော်တို့ကို (မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဟူသော အကြောင်းထင်ရှားရှိခဲ့သော် ရဟန်းတို့သောက်- သုံးရန် ငါဘုရား) ခွင့်ပြုတော်မူ၏။ (ဝိ-၃-၃၄၄။) ဤအထက်ပါ အဖျော် (၈)မျိုးကား ဘုရားရှင် တိုက်ရိုက်ခွင့်ပြုထားတော်မူသော အဖျော်များ ဖြစ်ကြ၏။
“诸比丘,我允许八种饮料:芒果饮、阎浮果饮、野香蕉饮、栽培香蕉饮、蜜树果饮、葡萄饮、莲藕饮、颇楼沙迦果饮。”(《律藏》3-344。)也就是说:午后若明显有饥渴(pipāsa)之因,我允许比丘饮用这八种饮料。上述八种,是佛陀直接允许的饮料。
သီးကြီး (၉)မျိုး၊ စပါး (၇)မျိုး၊ ပဲအမျိုးမျိုးတို့မှ ကြွင်းသော ကြိမ်သီး၊ ရှောက်သီး (ကျွဲကောသီး)၊ သီးသီး၊ ကြို့သီး စသော သစ်သီးကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြုလုပ်စီမံထားအပ်သော (ရေအေးနှင့် ဖျော်စပ်ထားသော) အဖျော် အမျိုးမျိုးတို့သည်လည်း အဖျော် (၈)မျိုးနှင့် အလားတူကြ၏။ ထိုအဖျော်အမျိုးမျိုးတို့ကို ဘုရားရှင်သည် တိုက်- ရိုက် ခွင့်ပြုထားတော် မမူအပ်သော်လည်း စင်စစ်အားဖြင့် အဖျော်အမျိုးမျိုးတို့သည် ဘုရားရှင် တိုက်ရိုက် ခွင့်ပြု ထားတော်မူအပ်သည့် အပ်စပ်သည့် အဖျော် (၈)မျိုးတို့နှင့် ဆီလျော်နေကြကုန်၏။ ထို့ကြောင့် ရဟန်းတို့အား မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဟူသော ပိပါသ အကြောင်းတရား ထင်ရှားရှိခဲ့သော် သောက်သုံးခြင်းငှာ အပ်ကုန်၏။ (ဝိ-ဋ္ဌ-၃-၃၈၅။)
除九种大果、七种谷物及各种豆类之外,以藤果、香橼(柚子)、木苹果(သီးသီး)、ကြို့သီး 等各种大小水果调制、以冷水和合的各类饮料,也与上述八种饮料同类。佛陀虽未直接允许这些饮料,但实际上,它们随顺于佛陀直接允许、判为可许的八种饮料。因此,比丘若在午后明显有饥渴(pipāsa)之因,便可饮用。(《律藏义注》3-385。)
原书第 174 页
ဤကား ဝိနည်းအရာ၌ မဟာပဒေသတရား (၄)ပါးနှင့် နှိုင်းညှိ၍ အပ်သည်နှင့်ဆီလျော်ပါက အပ်၏ဟု၊ မအပ်သည်နှင့်ဆီလျော်ပါက မအပ်ဟု သင်္ဂါယနာမဟာထေရ်မြတ်တို့ ဆုံးဖြတ်ထားအပ်သော သုတ္တာနုလောမ အမည်ရသော တရားပုံစံအချို့ ဖြစ်သည်။
以上是在律的范围内,以四项大教法比勘:随顺可许者,判为可许;随顺不可许者,判为不可许。这些是结集大长老们裁定、称为“随顺经”的若干判定方式。
သုတ္တန်မဟာပဒေသတရား လေးပါး
四项经大教法
ခပ်သိမ်းဥဿုံ အလုံးစုံသော တရားဟူသမျှကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထွင်းဖောက်သိမြင်တော်မူသည့် သဗ္ဗညုဘုရားရှင်အဖြစ် ဝန်ခံ တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူမည့်နှစ် တပို့တွဲလပြည့်နေ့၌ ဝေသာလီပြည် စာပါလ စေတီဝယ် သတိသမ္ပဇဥ် ဉာဏ်ယှဥ်တော်မူလျက် အသက်ရှည်ရန် သက်တော်ကို ထိန်းသိမ်းစောင့်ရှောက် ပြုပြင်မှု တည်းဟူသော အာယုသင်္ခါရ၊ အာယုပါလက၊ ဇီဝိတသင်္ခါရ အမည်သုံးမျိုးရရှိသော အရဟတ္တဖိုလ် ဖလသမာပတ် ဝင်စားမှု လုပ်ငန်းရပ်ကို ဤနေ့မှ နောင် ကဆုန်လပြည့်နေ့ တိုင်အောင်သာ ဝင်စားတော့မည်ဟု ဆုံးဖြတ်ချက် ချခြင်းကို ပြုတော်မူ၏။ ယင်းသို့ ဆုံးဖြတ်ချက် ချတော်မူခြင်းသည်ကား အာယုသင်္ခါရကို လွှတ်တော်မူခြင်းပင် ဖြစ်၏။ ထို့နောင် အစဥ်အတိုင်း ဆက်လက်၍ ခရီးဒေသစာရီ ကြွချီတော်မူလာရာ ဘောဂမြို့သို့ ဆိုက်ရောက်
正等正觉佛陀宣示自己为一切知者;对于一切应知之法,他不依师助,而以自生智亲自无余地彻知。在将入般涅槃的那一年,德波端月(Tabodwe)满月日,世尊住在毗舍离的遮波罗塔庙,具足念与正知,作出期限决定:从该日起,只以阿罗汉果定护持寿命至格绒月(Kason)满月日为止。这种护持寿命的入果定行持有“寿行、护寿、命行”三个名称;如此限定其终期,正是舍弃寿行。此后,世尊依次继续游行,来到婆伽城——
တော်မူ၏။ ထိုဘောဂမြို့ အာနန္ဒစေတီ၌ သီတင်းသုံးတော်မူခိုက် ဘုရားရှင်သည် ရဟန်းတို့ကို သုတ္တန်မဟာ ပဒေသတရား (၄) ပါးတို့ကို ဟောကြားတော်မူလေသည်။ ယင်း (၄)ပါးတို့မှာ ဤသို့တည်း။
——之后,世尊住在婆伽城的阿难陀塔庙;其间,为比丘们宣说四项经大教法。四者如下。
ပထမ - မဟာပဒေသတရား
第一大教法
၁။ ရဟန်းတို့ …ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာငြားအံ့၊ ''ငါ့ရှင်တို့ …ငါသည် ဤတရားကို မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း'' - ဟု ပြောဆိုလာငြားအံ့။
1.诸比丘,在此教法中,若有某位比丘这样说:“诸贤,我亲从世尊座前听受此法:这是法,这是律,这是导师的教法。”
ရဟန်းတို့ …ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်- အပ်သေး၊ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။
诸比丘,对于那位比丘的话,既不应贸然接受,也不应贸然排斥。应当善加记取他所说话语中的词句,置于经中查验,并在律中核对。
ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော စကား၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြ လျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ''ဤရဟန်း၏ ပြောဆိုလာသောစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားအပ်သော စကားသာ ဖြစ်ချေသည်''ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်စွန့်ကြလေ။
这样置于经中查验、在律中核对以后,若那位比丘所说话语中的词句既不能纳入经中,也不能与律相合,便应当作出这样的判定:“这位比丘所说并非世尊之语,只是这位比丘错误学受的话。”诸比丘,作出这样的判定后,应当舍弃那番话。
သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်၊ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုလာသော စကား၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင် ခဲ့လျှင်၊ ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ''ဤရဟန်း၏ ပြောဆိုလာသောစကားသည် ထိုမြတ်စွာဘုရား ၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားအပ်သော စကားလည်း ဖြစ်ပေသည်''
反之,置于经中查验、在律中核对以后,若那位比丘所说话语中的词句既能纳入经中,也能与律相合,便应当判定:“这位比丘所说确是世尊之语,也是这位比丘善学所得之语”——
原书第 175 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ရှေးဦးစွာသော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော။
——应当在此作出这样的判定。诸比丘,应当记住这第一大教法。
ဒုတိယ မဟာပဒေသတရား
第二大教法
ရဟန်းတို့ …ထိုပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာ- ငြားအံ့၊ ''ဤမည်သော ကျောင်းတိုက်၌ အကြီးအမှူးမထေရ်နှင့်တကွသော သံဃာသည် သီတင်းသုံးနေထိုင်လျက် ရှိ၏၊ ငါသည် ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း''ဟု ပြောဆိုလာငြားအံ့။
诸比丘,又若在此教法中,有某位比丘这样说:“在某某寺院里,住着以上座为首的僧团。我亲从那个僧团座前听受此法:这是法,这是律,这是导师的教法。”
ရဟန်းတို့ …ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်- အပ်သေး။ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရား တော်၌ နှီးနှောကြည့်ကြရမည်။
诸比丘,对于那位比丘的话,既不应贸然接受,也不应贸然排斥。应当把他所说话语中的词句置于经中查验,并在律中核对。
ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြလျှင်၊ ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ''ဤရဟန်း၏ ပြောဆိုလာသောစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုသံဃာ၏ မှားယွင်းစွာ သင်ယူထားအပ်သော စကားသာ ဖြစ်ချေသည်''ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။
这样置于经中查验、在律中核对以后,若那位比丘所说话语中的词句既不能纳入经中,也不能与律相合,便应当作出这样的判定:“这位比丘所说并非世尊之语,只是那个僧团错误学受的话。”诸比丘,作出这样的判定后,应当舍弃那番话。
သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်၊ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်၊ ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ''ဤရဟန်း၏ ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်။ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားအပ်သော စကားလည်း ဖြစ်ပေ သည်''ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ …နှစ်ခုမြောက်သော ဤမဟာပဒေသကို မှတ်သားထားကြ ကုန်လော။
反之,置于经中查验、在律中核对以后,若那位比丘所说话语中的词句既能纳入经中,也能与律相合,便应当判定:“这位比丘所说确是世尊之语,也是那个僧团善学所得之语。”诸比丘,应当记住这第二大教法。
တတိယ မဟာပဒေသတရား
第三大教法
ရဟန်းတို့ …ထိုပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာ ငြားအံ့၊ ''ဤမည်သော ကျောင်းတိုက်၌ အာဂမသုတ = သင်သိ၊ အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတလည်း များကုန်သော၊ ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော၊ သုတ်အဘိဓမ္မာတရားတော် ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော၊ ဝိနည်းတော်ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော၊ မာတိကာကိုလည်း နှုတ်ငုံဆောင်ထားကုန်သော များစွာကုန်သော မထေရ်ရဟန်းတို့သည် သီတင်းသုံးနေထိုင်လျက် ရှိကြပါကုန်၏၊ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရ၊ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း''ဟု ပြောဆိုလာငြားအံ့။
诸比丘,又若在此教法中,有某位比丘这样说:“在某某寺院里,住着许多上座;他们在教典所闻(āgama-suta,即学而知)和修证所知(adhigama-suta,即修而知)两方面多闻广识,讽诵受持巴利、经与阿毗达磨、律以及论母。我亲从那些上座座前听受此法:这是法,这是律,这是导师的教法。”
原书第 176 页
ရဟန်းတို့ …ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်- အပ်သေး၊ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။
诸比丘,对于那位比丘的话,既不应贸然接受,也不应贸然排斥。应当善加记取他所说话语中的词句,置于经中查验,并在律中核对。
ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြလျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ''ဤရဟန်း၏ ပြောဆိုလာသော စကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်'' ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။
这样置于经中查验、在律中核对以后,若那位比丘所说话语中的词句既不能纳入经中,也不能与律相合,便应当作出这样的判定:“这位比丘所说并非世尊之语,只是那些上座错误学受的话。”诸比丘,作出这样的判定后,应当舍弃那番话。
သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်၊ ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင်'' ဤစကားတော်သည် မြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်။ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်''ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …သုံးခုမြောက်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော။
反之,置于经中查验、在律中核对以后,若那位比丘所说话语中的词句既能纳入经中,也能与律相合,便应当判定:“这番话确是世尊之语,也是那些上座善学所得之语。”诸比丘,应当记住这第三大教法。
စတုတ္ထ မဟာပဒေသတရား
第四大教法
ရဟန်းတို့ …ထို့ပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာ ငြားအံ့၊ ''ဤမည်သော ကျောင်းတိုက်၌ အာဂမသုတ = သင်သိ၊ အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတလည်း များသော ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ထားသော၊ သုတ် အဘိဓမ္မာ တရားတော်ကိုလည်း နှုတ်ငုံဆောင်ထားသော၊ ဝိနည်းတရားတော်ကိုလည်း နှုတ်ငုံဆောင်ထားသော၊ မာတိကာကိုလည်း နှုတ်ငုံဆောင် ထားသော တစ်ဦးသော မထေရ်သည် နေထိုင်လျက် ရှိပါ၏။ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏အဆုံးအမ တော်ပါတည်း''ဟု ပြောဆိုလာငြားအံ့။
诸比丘,又若在此教法中,有某位比丘这样说:“在某某寺院里,住着一位上座;他在教典所闻(āgama-suta,即学而知)和修证所知(adhigama-suta,即修而知)两方面多闻广识,讽诵受持巴利、经与阿毗达磨、律以及论母。我亲从那位上座座前听受此法:这是法,这是律,这是导师的教法。”
ရဟန်းတို့ …ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ် အပ်သေး။ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်။ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်ကြရမည်။
诸比丘,对于那位比丘的话,既不应贸然接受,也不应贸然排斥。应当善加记取他所说话语中的词句,置于经中查验,并在律中核对。
ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်၊ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက် ဝင်ကြလျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ''ဤရဟန်း ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသောစကားသာ ဖြစ်ချေသည်'' ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။
这样置于经中查验、在律中核对以后,若那位比丘所说话语中的词句既不能纳入经中,也不能与律相合,便应当作出这样的判定:“这位比丘所说并非世尊之语,只是那位上座错误学受的话。”诸比丘,作出这样的判定后,应当舍弃那番话。
原书第 177 页
ကောင်းသော ည တစ်ညပိုင်း -- သာသနာ့မဏ္ဍိုင်ကြီးများ သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ကြည့်လတ်သော်၊ ဝိနည်းတရားတော်၌ နှီးနှော၍ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်၊ ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ''ဤရဟန်း ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာသင်ယူထားသော စကားလည်း ဖြစ်ပေသည်'' ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ …(၄)ခုမြောက် ဖြစ်သော ဤမဟာပဒေသကို မှတ်သားထား ကြကုန်လော။ ရဟန်းတို့ …ဤမဟာပဒေသတရား (၄)ပါးတို့ကို မှတ်သားထားကြကုန်လော့ဟု မိန့်တော်မူ၏။
反之,置于经中查验、在律中核对以后,若那位比丘所说话语中的词句既能纳入经中,也能与律相合,便应当判定:“这位比丘所说确是世尊之语,也是那位上座善学所得之语。”诸比丘,应当记住这第四大教法。诸比丘,应当记住这四大教法——世尊如此教诫。
ဤကား (ဒီ-၂-၁ဝ၂-၁ဝ၄။) မဟာပရိနိဗ္ဗာနသုတ္တန်၌ လာရှိသော သုတ္တန်မဟာပဒေသ အမည်ရတော် မူသော ဥပဒေသကြီး (၄)ပါး ဖြစ်သည်။
以上就是《长部》2-102—104《大般涅槃经》中所载、称为“四项经大教法”的四项重大准则。
အနုလောမကပ္ပိယ = သုတ္တာနုလောမ
随顺而可许者(anulomakappiya)=随顺经(suttānuloma)
အနုလောမကပ္ပိယံ ပန သုတ္တေန သမေန္တမေဝ ဂဟေတဗ္ဗံ၊ န ဣတရံ။ (ဒီ-ဋ္ဌ-၂-၁၅၈။) ''ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ တော်ပါတည်း''ဟု တစ်ဦးတစ်ယောက်သော ရဟန်းက --- ၁။ မြတ်စွာဘုရားကို ဖြစ်စေ၊ ၂။ သံဃာကို ဖြစ်စေ၊ ၃။ မထေရ် အများကို ဖြစ်စေ၊ ၄။ မထေရ် တစ်ပါးကို ဖြစ်စေ - ကိုးကား၍ ပြောဆိုလာသဖြင့် ဓမ္မ-ဝိနယ ဟုတ်-မဟုတ် ဆုံးဖြတ်ရန် အခွင့် ကြုံလာလျှင် သုတ္တန်ကျမ်းလာ မဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ်ရမည်။ ဤမဟာ ပဒေသ (၄)ပါးတို့၌ ညီညွတ်သော စကားကိုသာ အမှန်ဟူ၍ မှတ်ယူရာ၏၊ မညီညွတ်သော စကား ဖြစ်ခဲ့ လျှင် စကားရှင်ရဟန်းက မည်မျှပင် နှုတ်သရမ်း၍ မြည်တမ်းပြောဆိုစေကာမူ အမှန်ဟူ၍ မမှတ်ယူရ။
“至于随顺而可许者,唯有与经相合的才应采取,其余不应采取。”若某位比丘援引:1.世尊,2.僧团,3.多位上座,或4.一位上座,而说:“这是法,这是律,这是世尊的教法”,因而需要判断它是否为法与律时,就必须以经教说中的四项经大教法加以衡量,作出裁决。只有与这四项经大教法相合的话,才应认定为真实;若不相合,无论说话的比丘如何高声强辩,也不应认定为真实。
တစ်ဘက်ပုဂ္ဂိုလ်က တင်ပြပြောဆိုလာသော စကားသည် မဟာပဒေသ (၄)ပါးနှင့် ညှိနှိုင်း၍ ပြောဆို လာသော သုတ္တာနုလောမ စကားဖြစ်ခဲ့လျှင် ထိုစကားကို သုတ္တခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ လက်ခံမှတ်ယူရာ၏။ မညီညွတ်လျှင် မမှတ်ယူရ။
如果对方提出的话,是依四大教法核对后所说的“随顺经”之语,那么只有在它与称为“经”的三藏巴利相合时,才应接受;若不相合,就不应接受。
တစ်ဖန် တစ်ဘက်ပုဂ္ဂိုလ်က ကိုးကား တင်ပြလာသော ပါဠိသည် ''သင်္ဂါယနာတင် ပါဠိ ဖြစ်ပါသည်''ဟု ပြောဆိုစေကာမူ ရှေးဖော်ပြပါ တရားဝင် သင်္ဂါယနာကြီး သုံးရပ်၌ တင်ထားအပ်သည့် အတည်ပြုထားအပ်သည့် ပါဠိတော်ဖြစ်ပါမှသာ ပမာဏဂရုအလေးပြု၍ မှတ်ယူရာ၏။ ဤသင်္ဂါယနာသုံးတန်၌ မတင်အပ်သည့် သုတ္တန်မျိုး ဖြစ်က ကဲ့ရဲ့အပ်သည့် သုတ္တသာ ဖြစ်၍ အမှန်ဟု မမှတ်ယူရ။ (ဒီ-ဋ္ဌ-၂-၁၅၇။)
此外,即使对方宣称所援引的巴利“是结集所诵的巴利”,也只有它确实曾被纳入并确认于前述三次正式结集,才应把它当作权威而郑重采用。若某种经未被纳入这三次结集,就只是应受呵责之经,不应认定为真实。(《长部义注》2-157。)