追随过去的方式

《一夜贤者经》解释 · 原书第 135–136 页 · 10 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 135 页
အတိတ်ကို လိုက်ပုံ
追随过去的方式
အထက်ပါ အမှတ် (၁) ဂါထာစကားရပ်တွင် အတီတံ နာနွာဂမေယျ = အတိတ်ကို မလိုက်ရာဟူသော ညွှန်ကြားတော်မူချက်နှင့် ပတ်သက်၍ အတိတ်ကိုလိုက်ပုံ - မလိုက်ပုံများကို ဘုရားရှင်ကိုယ်တော်တိုင် အောက်ပါ အတိုင်း အဓိပ္ပါယ်ရှင်းလင်းလျက် ဟောကြားထားတော်မူခဲ့လေသည်။
对于上述第(1)偈中的巴利句‘အတီတံ နာနွာဂမေယျ’——‘不应追随过去’——这一教诫,佛陀亲自就如何追随过去、如何不追随过去,作了如下释义与开示。
ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ၊ ''ဧဝံ ရူပေါ အဟောသိ အတီတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ သမနွာနေတိ။
‘诸比丘,怎样才是追随过去呢?他想着:“过去时,我曾有这样的色”,而使喜爱(nandī)随转于彼。’
''ဧဝံ ဝေဒနော။ ပ ။ ဧဝံ သညော။ ဧဝံ သင်္ခါရော။ ဧဝံ ဝိညာဏော အဟောသိ အတီတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ။ (မ-၃-၂၂၆။) တတ္ထ နန္ဒိ သမနွာနေတီတိ တေသု ရူပါဒီသု တဏှံ သမနွာနေတိ အနုပဝတ္တေတိ။ (မ-ဋ္ဌ-၄-၁၇၁။) = ရဟန်းတို့ …အဘယ်သို့လျှင် အတိတ်ကို အစဥ်လိုက်လေသနည်း?
‘他想着:“过去时,我曾有这样的受……这样的想……这样的行……这样的识”,而使喜爱随转于彼。诸比丘,这就是追随过去。’(《‘所谓“使喜爱随转于彼”,意即使爱在色等诸法上相随、继续流转。’(《中部义注》4-171。)作者译问:‘诸比丘……怎样才是不断追随过去呢?’
၁။''အတိတ်ကာလက ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ခဲ့လေပြီ''ဟု ထိုအတိတ်ရုပ်တရား၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။
1.他想着:‘过去时,曾有这样的色法’,从而对那过去的色法生起喜爱(nandī)。
၂။''အတိတ်ကာလက ဤကဲ့သို့သော ခံစားမှု = ဝေဒနာတရားသည်၊ ၃။ ဤကဲ့သို့သော မှတ်သားမှု = သညာတရားသည်၊ ၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်၊ ၅။ ဤကဲ့သို့သော သိမှု = ဝိညာဏ်တရားသည် ဖြစ်ခဲ့လေပြီ''ဟု ထိုအတိတ် (ဝေဒနာ-သညာ-သင်္ခါရ) ဝိညာဏ်တရား၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏၊ ရဟန်းတို့ …ဤသို့လျှင် အတိတ်ကို အစဥ်လိုက်- နေ၏။ (မ-၃-၂၂၆။) ဤအထက်ပါ ဘုရားရှင်၏ ဟောကြားတော်မူချက်တွင် အတိတ်ကာလက ဖြစ်ခဲ့သော ရုပ်-ဝေဒနာ-သညာ- သင်္ခါရ-ဝိညာဏ်တို့၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေလျှင် အတိတ်ကို အစဥ်လိုက်နေ၏ - ဟူသော လိုရင်း စကားရပ်ကို စွဲစွဲမြဲမြဲ မှတ်သားထားပါ။ တစ်ဖန် အရှင်မဟာကစ္စည်းမထေရ်မြတ်ကလည်း အတိတ်လိုက်ပုံကို ဤသို့ ရှင်းလင်းဟောကြားထားတော်မူခဲ့ပြန်၏။
2.他想着:‘过去时,曾有这样的感受——受法;3.曾有这样的记认——想;4.曾有这样的能造作的心所诸行之聚;5.曾有这样的了知——识法’,从而对那些过去的受、想、心所诸行与识生起喜爱(nandī)。诸比丘……这就是不断追随过去。(《中部》3-226。)对于佛陀上述开示,应牢牢记住其中的要义:若对过去曾有的色、受、想、行、识生起喜爱(nandī),就是在追随过去。摩诃迦旃延长老也再次如下解释了追随过去的方式。
ကထဉ္စ အာဝုသော အတီတံ အနွာဂမေတိ? ဣတိ မေ စက္ခု အဟောသိ အတီတမဒ္ဓါနံ၊ ဣတိ ရူပါတိ၊ တတ္ထ ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော အတီတံ အနွာဂမေတိ။ (မ-၃-၂၃၆။) သီတင်းသုံးဖော် ငါ့ရှင်တို့ …အဘယ်သို့လျှင် အတိတ်ကို အစဥ်လိုက်လေသနည်း?
‘诸贤友,怎样才是追随过去呢?他想着:“过去时,我的眼曾是这样的,我的诸色曾是这样的。”于彼,识与欲贪相系;由于识与欲贪相系,他便深深喜爱那眼与诸色;深深喜爱它们时,他便追随过去。’(《中部》3-236。)作者译问:‘诸同住的贤友……怎样才是不断追随过去呢?’
အတိတ်ကာလက ငါ၏စက္ခုအကြည်ဓာတ်သည် ဤသို့ ဖြစ်ခဲ့လေပြီ၊ ငါ၏ရူပါရုံတို့သည် ဤသို့ ဖြစ်ခဲ့လေကုန်ပြီ ဟု ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံတို့၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ဆက်စပ်- လျက်ရှိသော နိကန္တိ ဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ သိတတ်သော ( နိကန္တိ ) ဝိညာဏ်တရား၏ လိုလားတပ်မက်- ခြင်း ဆန္ဒရာဂနှင့် ဆက်စပ်နေသောကြောင့် ထိုအတိတ်စက္ခုအကြည်ဓာတ် ရူပါရုံကို အလွန်နှစ်သက်နေ၏။
当他想着‘过去时,我的眼净色曾是这样的,我的诸色所缘曾是这样的’时,便生起与对那些过去眼净色及诸色所缘的欲贪(chandarāga)相系的贪著识(nikanti-viññāṇa)。由于这一能知的贪著识与欲贪相系,他便深深喜爱那些过去的眼净色及诸色所缘。
ထိုအတိတ် စက္ခုအကြည်ဓာတ် ရူပါရုံကို နှစ်သက်သော် အတိတ်ကို လိုက်နေပေ၏။ (ကျန်အာယတနများကို လည်း ပုံစံတူပင် ဟောကြားတော်မူပါသည်။)
若喜爱那些过去的眼净色与色所缘,便是在追随过去。(其余诸处也以同样方式宣说。)
原书第 136 页
ဤအထက်ပါ ဟောကြားတော်မူချက်တွင်လည်း အတိတ်ကာလက ဖြစ်ခဲ့သော အာယတန (၁၂)ပါးတို့ အပေါ်၌ အလွန်နှစ်သက်နေသော် အတိတ်ကို လိုက်နေပေ၏ - ဟူသော စကားရပ်ကိုလည်း သံမှိုနှင့်နှက်သကဲ့သို့ စွဲသထက်စွဲအောင် တစ်ဖန် ထပ်၍ မှတ်သားထားပါဦး။
对于上述开示,还应再次把这句话像钉牢一般铭记得更加牢固:若深深喜爱过去曾有的十二处,就是在追随过去。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。