《一夜贤者经》解释
《一夜贤者经》解释 · 原书第 132 页 · 8 个翻译单元
本页并入了原书的相邻小节:导论。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 132 页
ဘဒ္ဒေကရတ္တ (ကောင်းသော ည တစ်ည) သုတ္တန် - ရှင်းလင်းချက်
《一夜贤者经》解释
နိကာယ်ငါးရပ်တို့တွင် မဇ္ဈိမနိကာယ်၌ အဝင်အပါ ဖြစ်သော ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် တွင် - ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည ဟူသော အမည်ဖြင့် သုတ္တန်လေးခု လာရှိပေသည်။ ထိုတွင် ပထမ ဘဒ္ဒေကရတ္တသုတ္တန်ကား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော် မူအပ်သော သမ္မာသမ္ဗုဒ္ဓဘာသိတသုတ္တန် ဖြစ်၏။
在五部尼柯耶中,属于《中部》的《后五十篇·分别品》收有四部名为 Bhaddekaratta(字面为“善妙的一夜”)的经。其中第一部《一夜贤者经》,是具一切知智的正等正觉佛陀亲自宣说的“正等正觉者亲说经”。
ဒုတိယသုတ္တန်ကား အသျှင်အာနန္ဒာကိုယ်တော်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။
第二部是阿难尊者亲自宣说的经。
တတိယသုတ္တန်ကား အသျှင်မဟာကစ္စည်းမထေရ်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။
第三部是摩诃迦旃延尊者亲自宣说的经。
စတုတ္ထသုတ္တန်မှာ အသျှင်လောမသကင်္ဂိယမထေရ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သမ္မာသမ္ဗုဒ္ဓဘာသိတ သုတ္တန်ပင် ဖြစ်၏။
第四部则是因罗摩萨刚吉亚尊者(Lomasakaṅgiya)而缘起、由正等正觉佛陀亲自宣说的经。
ပထမ - ဒုတိယ - စတုတ္ထသုတ္တန်တို့တွင် ခန္ဓာငါးပါးနည်းဖြင့် တတိယသုတ္တန်တွင် အာယတန တစ်ဆယ့်- နှစ်ပါးနည်းဖြင့် ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည - အဓိပ္ပါယ်ကို ရှင်းလင်း ဟောကြားထားတော် မူပေသည်။
第一、第二和第四部依五蕴之法,第三部依十二处之法,解释了 Bhaddekaratta(“善妙的一夜”)的含义。
ထို သုတ္တန်တို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိနေသော အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး သို့မဟုတ် အာယတန တစ်ဆယ့်- နှစ်ပါးတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာတို့ဖြင့် နေ့ညဥ့်တို့ ပတ်လုံး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ရဟန်းတော်ကို ကောင်းသော ည တစ်ည ရှိသော ရဟန်း ထိုညကို ကောင်းသော ည တစ်ညဟု ဟောကြားထားတော်မူပေသည်။
这些经说:比丘对于存在于过去、未来、现在三时以及内、外二相续之中、连同各自因缘的五蕴或十二处,一直观至刹那现在,以无常随观等七种随观,日夜修习观禅业处;这样的比丘称为“一夜贤者”,他如此修习的那一夜则称为“善妙的一夜”。
အသင်ယောဂီသူတော်ကောင်းသည်လည်း ကောင်းသော ည တစ်ည ရှိသော ယောဂါဝစရပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန် ဖြစ်လိုသော် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော အကြောင်းတရားနှင့်တကွ ခန္ဓာ- ငါးပါး အာယတနတစ်ဆယ့်နှစ်ပါးတို့ကို နေ့ညဥ့်တို့ပတ်လုံး အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာ တို့ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမည် ဖြစ်ပေသည်။ ဤကျမ်းစာတွင်ကား ကောင်းသော ည တစ်ည ရှိသော ရဟန်း ဖြစ်ရေးအတွက် ခန္ဓာ ငါးပါး = အာယတန တစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရိညာ ဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ထိုးထွင်း သိမြင်ရေးကို ဦးတည်လျက် အာနာပါနလမ်းစဥ်မှ အရဟတ္တဖိုလ်ပေါက် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို အဆင့်ဆင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသတည်း။
贤者,作为禅修者,若想成为一位卓越的“一夜贤者”,也必须对于处在三时、二相续中、连同各自因缘的五蕴、十二处,日夜以无常随观等七种随观修习观禅业处。本书为了成就“一夜贤者”,将以三种遍知之慧洞彻五蕴=十二处=名色法为宗旨,依次阐明从入出息念之道直到证入阿罗汉果的止、观修习实践。