刹那定
应当建立定 · 原书第 192–194 页 · 21 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 192 页
ခဏိကသမာဓိ
刹那定
အချို့သော ယောဂါဝစရပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန် ဖြစ်တော်မူကြကုန်သော ဆရာမြတ်တို့ကား သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သည် သမာဓိထူထောင်ဖို့ မလို၊ ဝိပဿနာသို့ ခဏိကသမာဓိနှင့် သွား၍လည်း ရနိုင်သည်ဟု အယူ ရှိတော်မူကြ၏။ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာတော်၏ စကားကို ကိုးကား၍ မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။
有些堪称卓越、贤善禅修者的尊师认为,纯观乘者不必建立定,只凭刹那定也能进入毗钵舍那。他们是引用《清净道论大复注》作者的话来作此主张的。
သို့အတွက် ---- ၁။ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာတော်၏ ဆိုလိုရင်း ခဏိကသမာဓိ၊ ၂။ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ခဏိကသမာဓိ၊ ၃။ ဝိပဿနာအခိုက်၌ ရှိသော ခဏိကသမာဓိ ---- ဤသုံးမျိုးသော ခဏိကသမာဓိတို့၏ အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
因此,下面继续说明三种刹那定:1.《清净道论大复注》作者所意指的刹那定;2.纯观乘者的刹那定;3.毗钵舍那现行之时的刹那定。
မဟာဋီကာဆရာတော်၏ အဆို
大复注师之说
သမထယာနိကဿ ဟိ ဥပစာရပ္ပနာပ္ပဘေဒံ သမာဓိ၊ ဣတရဿ ခဏိကသမာဓိ၊ ဥဘယေသမ္ပိ ဝိမောက္ခ- မုခတ္တယံ ဝိနာ န ကဒါစိပိ လောကုတ္တရာဓိဂမော သမ္ဘဝတိ။ (မဟာဋီ-၁-၁၅။) ဤမဟာဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“对于止乘者,定有近行与安止之别;对于另一者,则是刹那定。两者若离开三解脱门,任何时候都不可能证得出世间法。”这段《大复注》的意思如下。
၁။ သမထယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိနှင့် ကင်း၍ လောကုတ္တရာတရားထူးကို ရရှိခြင်းသည် တစ်ရံတစ်ဆစ်မျှလည်း မဖြစ်သင့်ပေ။
1.对于止乘者,若离开近行定与安止定这两种定,绝不可能在任何时候证得出世间殊胜法。
၂။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ခဏိကသမာဓိနှင့် ကင်း၍ တစ်ရံတစ်ဆစ်မျှလည်း လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်းသည် မဖြစ်သင့်ပေ။
2.对于纯观乘者,若离开刹那定,绝不可能在任何时候证得出世间殊胜法。
၃။ သမထယာနိကပုဂ္ဂိုလ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သည့် ဝိမောက္ခမုခ အမည်ရသည့် အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာဉာဏ် သုံးမျိုးနှင့်ကင်း၍ တစ်ရံတစ်ဆစ်မျှလည်း လောကုတ္တရာ တရားထူး တရားမြတ် ကို ရရှိခြင်းသည် မဖြစ်သင့်ပေ။ ဤကား ဆိုလိုရင်းတည်း။
3.对于止乘者与纯观乘者这两类人,若离开能使人脱离轮回之苦、合称为“三解脱门”的无常随观智、苦随观智、无我随观智,绝不可能在任何时候证得出世间殊胜法。这就是该段的意思。
原书第 193 页
သမာဓိထူထောင်သင့်ပုံပိုင်း မဟာဋီကာဆရာတော်သည် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အခြေတည်ထားသော - သီလေ ပတိဋ္ဌာယ နရော သပညော - စသော ဂါထာ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုသည့်အပိုင်းတွင် အထက်ပါ စကားရပ်ကို မိန့်ဆိုခြင်း ဖြစ်၏။
《大复注》的作者是在解释《清净道论》义注所据的‘- သီလေ ပတိဋ္ဌာယ နရော သပညော -’等偈颂之义时,作出以上这番说明。该巴利片语意为:“具慧之人立足于戒。”
ထိုဂါထာ၏ ဆိုလိုရင်းနှင့် အဓိပ္ပါယ် ဆက်စပ်ယူပါမှ ပို၍ သဘောပေါက်နိုင်မည် ဖြစ်သည်။ ယင်းဂါထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
把这段话与该偈颂的旨趣和意义联系起来,才会理解得更清楚。该偈颂的旨趣如下。
၁။ တိဟိတ်ပဋိသန္ဓေ ဉာဏ်ပညာမျိုးစေ့ရှိသော လူသားတစ်ဦးသည် သို့မဟုတ် ယောဂါဝစရပုဂ္ဂိုလ်သည် - ၂။ သီလတည်းဟူသော မြေ၌ ရပ်တည်၍ ၃။ စိတ္တ အမည်ရသော သမာဓိကိုလည်းကောင်း၊ ၄။ ပညာ အမည်ရသော ဝိပဿနာဉာဏ်ကိုလည်းကောင်း ပွားများ အားထုတ်ရာ၏။
1.一个由于三因结生而具有智慧种子的人,或者一位禅修者;2.立足于戒这一片土地;3.修习称为“心”的定;4.修习称为“慧”的观智。
၅။ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယရှိသော ၆။ သင်္ခါရတရားတို့ကို သိမ်းဆည်းတတ်သော သတိ၊ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဥ်ဉာဏ် ဟူသော ရင့်ကျက်သော နိပကပညာရှိသော ထိုပုဂ္ဂိုလ်သည် တဏှာတည်းဟူသော ချုံပုတ်ကို ဖြေရှင်းနိုင်လေရာ၏။
5.具有能使烦恼热恼、燃烧的正勤精进;6.具有成熟的敏锐慧(nipaka-paññā),也就是能把握诸行法的念,以及能明辨诸法的正知之智——具足这些条件的人,便能解开爱之丛结。
ဤကား ဆိုလိုရင်းတည်း။
这就是该偈颂的旨趣。
ဤအထက်ပါ အင်္ဂါရပ် (၆)ချက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တဏှာကို အရိယမဂ်အခိုက်၌ သမုစ္ဆေဒ ပဟာန်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်နိုင်မည် ဖြစ်သည်။ တဏှာကို အကြွင်းမဲ့ ပယ်သတ်နိုင်ရေးအတွက် တဏှာ အရှုပ်အထွေး ဟူသမျှကို အကြွင်းမဲ့ ဖြေရှင်းဖြတ်တောက်နိုင်ရေးအတွက် သီလတည်းဟူသော မြေ၌ ရပ်တည်၍ စိတ္တအမည်ရသော သမာဓိနှင့် ပညာအမည်ရသော ဝိပဿနာဉာဏ်တို့ကို ပွားများရမည် သို့မဟုတ် ဖြစ်စေရမည်။
具足上述六项条件的人,能在圣道刹那以正断(samuccheda-pahāna)无余斩断爱。为了无余断除爱,为了把爱的一切纠结无余解开、斩断,就必须立足于戒这片土地,修习、令其生起称为“心”的定与称为“慧”的观智。
ထိုစိတ္တနှင့် ပညာတို့ကား လောကီလော လောကုတ္တရာလော? ဟု မေးရန်ရှိ၏။ ဤမေးခွန်းကို မဟာဋီကာ ဆရာတော်က အောက်ပါအတိုင်း ဖြေရှင်းထားပေသည်။
于是可以问:这里的心与慧,是世间的,还是出世间的?《大复注》的作者对此问题作如下解答。
လောကုတ္တရန္တိ ဒဋ္ဌဗ္ဗံ ဥက္ကဋ္ဌနိဒ္ဒေသတော။ တံ ဟိ ဘာဝယမာနော အရိယမဂ္ဂက္ခဏေ တဏှာဇဋံ သမုစ္ဆေဒ- ဝသေန ဝိဇဋေတီတိ ဝုစ္စတိ၊ န လောကိယံ။ နာနန္တရိယဘာဝေန ပနေတ္ထ လောကိယာပိ ဂဟိတာဝ ဟောန္တိ လောကိယသမထဝိပဿနာယ ဝိနာ တဒဘာဝတော။ သမထယာနိကဿ ဟိ ဥပစာရပ္ပနာပ္ပဘေဒံ သမာဓိ၊ ဣတရဿ ခဏိကသမာဓိ၊ ဥဘယေသမ္ပိ ဝိမောက္ခမုခတ္တယံ ဝိနာ န ကဒါစိပိ လောကုတ္တရာဓိဂမော သမ္ဘဝတိ။
“依最胜显示,应知这是出世间的。因为修习它的人,被说成能在圣道刹那以彻底断除的方式解开爱结;世间的心慧则不能如此。不过,由于不可间隔的关系,这里也包括世间心慧,因为若没有世间止观,出世间心慧便不会生起。事实上,对于止乘者,定有近行与安止之别;对于另一者,则是刹那定。两者若离开三解脱门,任何时候都不可能证得出世间法。”
တေနာဟ ''သမာဓိဉ္စေဝ ဝိပဿနဉ္စ ဘာဝယမာနော''တိ။ (မဟာဋီ-၁-၁၅။) ဤအထက်ပါ ဋီကာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်သည်။
“因此说:‘修习定与观。’”(《大复注》1-15。)以上复注文字的意思如下。
အကောင်းဆုံးကို ညွှန်ပြသော ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် လောကုတ္တရာ ဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာကို ဖြစ်စေရမည်ဟု မှတ်သားပါ။ မှန်ပေသည် ---- ထို လောကုတ္တရာ စိတ္တ (= သမာဓိ)နှင့် ပညာကို ဖြစ်စေ သည်ရှိသော် အရိယမဂ်ဉာဏ်အခိုက်၌ တဏှာဟူသော အရှုပ်အထွေးကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒ၏ အစွမ်းဖြင့် ဖြေရှင်း၏ဟု ဆိုအပ်ပေသည်။ လောကီစိတ္တ (= သမာဓိ)နှင့် ပညာကား သမုစ္ဆေဒ၏ အစွမ်းဖြင့် တဏှာ အရှုပ်အထွေးကို မဖြေရှင်းနိုင်သည့်အတွက် လောကီဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာကို မဆိုလိုဟု မှတ်ပါ။
应当知道:依指示最胜者的“最胜显示法”,这里所说应当修习、令其生起的,是出世间的心(即定)与慧。确实,若令这出世间的心(即定)与慧生起,就称为在圣道智刹那以无余断除之力解开爱结。世间的心(即定)与慧不能以无余断除之力解开爱结,所以这里并不是指世间的心(即定)与慧。
သို့သော် ဤအရာ၌ လောကီဖြစ်သော သမထ ဝိပဿနာနှင့် ကင်း၍ လောကုတ္တရာ စိတ္တ (= သမာဓိ)နှင့် ပညာတို့၏ မဖြစ်သင့် မဖြစ်နိုင်သောကြောင့် မကင်းစကောင်းသော နာနန္တရိကနည်း သဘောအားဖြင့် လောကီ
不过,在这里,由于离开世间的止与观,出世间的心(即定)与慧就不应生起、也不可能生起,所以依不可间隔之理,这里也包括世间的——
原书第 194 页
ဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာတို့ကိုလည်း ယူအပ် ယူနိုင်သည်သာ ဖြစ်ပေသည်။ မှန်ပေသည် ---- သမထ ယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိကို၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် အား ခဏိကသမာဓိကို၊ သမထယာနိက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း ဝိမောက္ခမုခ အမည်ရသည့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူသော အနုပဿနာ ဉာဏ် သုံးမျိုးအပေါင်းကို ကြဥ်ဖယ်ထား၍ တစ်ရံတစ်ဆစ်မျှသော်လည်း လောကုတ္တရာဖြစ်သောစိတ္တ (= သမာဓိ) နှင့် ပညာကို ရခြင်းမည်သည် မဖြစ်သင့်ပေ။
——心(即定)与慧。确实,对于止乘者,若除去近行定与安止定这两种定;对于纯观乘者,若除去刹那定;对于止乘者与纯观乘者这两类人,若除去合称为“三解脱门”的无常随观智、苦随观智、无我随观智——那么,绝不可能在任何时候证得出世间的心(即定)与慧。
ထို့ကြောင့် အဋ္ဌကထာဆရာတော်က - ''သမာဓိကိုလည်းကောင်း၊ ဝိပဿနာဉာဏ်ကိုလည်းကောင်း ပွားများလျက် (= ပွားများရာ၏)''ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၁၅။) ဤဝိသုဒ္ဓိမဂ်မဟာဋီကာဆရာတော်၏ ရည်ညွှန်းချက်စကားကို စေ့ငသေချာစွာ ကြည့်ရှုဆင်ခြင် သုံးသပ် ပါက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ခဏိကသမာဓိဟူသည် သမထပိုင်းကို ဦးတည်ရည်ညွှန်းထားခြင်း ဖြစ်- သည်ကို သဘောပေါက်သင့်ပေသည်။ သို့အတွက် သမထပိုင်း ခဏိကသမာဓိနှင့် ဝိပဿနာပိုင်း ခဏိကသမာဓိ နှစ်မျိုးကို ကွဲပြားသွားအောင် ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။ သို့သော် သမထယာနိကလမ်းကို ကြိုတင် ၍ ရှင်းလင်းပါမှ သုဒ္ဓဝိပဿနာယာနိကလမ်းကို ပို၍ သဘောပေါက်နိုင်မည် ဖြစ်သဖြင့် သမထယာနိကလမ်းမှ ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိတို့ကို အခြေခံ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးပုံကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
因此,注释师才解释说:“修习定,也修习观智(亦即应当修习)。”(《大复注》1-15。)仔细审察、分析《清净道论大复注》作者上述指示,就应理解:他所说纯观乘者的刹那定,是以止的阶段为指向。因此,下面继续分别说明止阶段的刹那定与观阶段的刹那定。不过,先说明止乘者之道,才更容易理解纯观乘者之道;所以首先说明止乘者如何以近行定和安止定为基础,从心清净进至见清净。