如何面对困难
入出息念定部分 · 原书第 347–348 页 · 12 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 347 页
အခက်အခဲများနှင့် ရင်ဆိုင်ရပုံ
如何面对困难
ဤအပိုင်းတွင် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရ၏။ အချို့ပုဂ္ဂိုလ်တို့၌ အာနာပါနနိမိတ် အလျင်စ၍ မပေါ်ဘဲ သမာဓိစွမ်းအား ကောင်းလာသည့်အခါ အလင်းရောင် စ၍ ပေါ်လာတတ်သည်လည်း ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်အချို့တို့၌ အာနာပါနနိမိတ်က အလျင် စ၍ ပေါ်သည်လည်း ရှိတတ်၏။ အကယ်၍ အလင်းရောင်က အလျင်စ၍ ပေါ်ခဲ့သော် ထိုအလင်းရောင်ကို နှလုံးမသွင်းပါနှင့်၊ မူလ ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းနေပါ။ ထိရာဌာနကို လွှတ်၍ အလင်း ရောင် နောက်သို့ စိတ်လိုက်နေပါက ကမ္မဋ္ဌာန်းလမ်းကြောင်း လွဲသွားပြီ ဖြစ်၏။ ဝင်လေ ထွက်လေ ထိရာဌာန ၌သာ စိတ်ကို ကပ်ထား၍ ဝင်လေ ထွက်လေကိုသာ ရှုနေပါ။ တဖြည်းဖြည်း မကြာမီ နိမိတ် ပေါ်လာတတ် ပါသည်။ နိမိတ်စ၍ ပေါ်ရာ၌ ရှေးဦးစွာ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အရောင်သည် များသောအားဖြင့် စတင်၍ ပေါ်လာ၏။ ဘာဝနာသမာဓိ၏ စွမ်းအင်အာနုဘော်က တစ်စထက် တစ်စ ရင့်သထက်ရင့် ကြီးမား
在这一阶段,可以看到有些瑜伽行者会面对许多困难。有些人并非先出现入出息禅相,而是在定力增强时先出现光明;有些人则先出现入出息禅相。若先出现的是光明,不要作意那道光,只应继续作意原来的入息、出息。如果离开接触处,令心追随光明,业处的修习路线便已偏离。应把心只安住在入出息接触处,只观察入息、出息;不久,禅相便会逐渐出现。禅相初现时,通常先呈现如烟灰般浑浊暗淡的颜色。只有当修习定的力量与效能逐步成熟、越来越强时——
သထက် ကြီးမားလာသောအခါမှ ဝါဂွမ်းစိုင်ကဲ့သို့ တစ်စတစ်စ ဖြူလာတတ်၏။ အလွန်ဖြူဖွေးသော တိမ်တိုက် စိုင်ကဲ့သို့ ဖြစ်လာတတ်၏။ ယောဂီအများစု၌ကား မီးချောင်းရောင်ကဲ့သို့ ဖြူဖွေးသော တောက်ပသော အဖြူ ချောင်းနိမိတ် ပေါ်တတ်၏။
——禅相才会逐渐转白,如同棉团,也可能变得如极白的云团。多数瑜伽行者会出现如荧光灯般洁白明亮的白色条状禅相。
သို့သော် ထိုနိမိတ်များမှာ ပေါ်ခါစ၌ ယောဂီအများစုတွင် ခိုင်မြဲမှု မရှိသည်ကို တွေ့ရ၏။ အစပိုင်းတွင် နိမိတ်များမှာ ပေါ်လိုက် ပျောက်လိုက် ရှိနေတတ်၏။ ထိုအခါမျိုးတွင် ယောဂါဝစရပုဂ္ဂိုလ်သည် မူလရှုမြဲဖြစ်သော ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားဖို့ လိုပေသည်။
不过,这些禅相刚出现时,多数瑜伽行者会发现它们还不稳定;初期往往时现时隐。在这种情形下,瑜伽行者必须把修习心安稳地置于原先持续观察的自然入息、出息所缘上。
ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာသမာဓိသည် ခိုင်ခံ့သည်ထက် ခိုင်ခံ့လာသောအခါ တည်တံ့သည်ထက် ပို၍ တည်တံ့လာသောအခါ ထိုအာနာပါနနိမိတ်သည်လည်း ပို၍ ခိုင်ခံ့လာတတ်ပေသည်။
当以自然入息、出息为所缘的修习定越来越坚固、越来越稳定时,入出息禅相也会随之更加坚固。
ထိုအခါတွင် ဝင်လေ-ထွက်လေနှင့် နိမိတ်တို့မှာ တစ်သားတည်း ဖြစ်လာတတ်၏။ လေသည်ပင် နိမိတ်၊ နိမိတ် သည်ပင် လေ ဖြစ်လာသော် ပုံစံမှန်သွားပြီ ဖြစ်၏။
此时,入息、出息与禅相往往会仿佛融为一体;当息即是相、相即是息时,修习方式便已走上正轨。
ထိုကဲ့သို့ လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ၊ ထိုအာနာပါနနိမိတ်သည်လည်း ခိုင်ခံ့လာ သောအခါ ဘာဝနာစိတ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံမယူတော့ဘဲ ဖြစ်ပေါ် လာသော အာနာပါနနိမိတ်အာရုံ၌ ပြောင်း၍ ငြိမ်ဝပ်စွာ ကပ်နေတတ်၏။ ထိုသို့ ကပ်နေခဲ့သော် ထိုအာနာ
当入息、出息与禅相如此融为一体,而且入出息禅相也已变得坚固时,修习心往往不再取自然入息、出息为所缘,而转向已经生起的入出息禅相,安稳地住于其上。若已如此安住,就不要使修习心离开这一——
原书第 348 页
ပါနနိမိတ်အာရုံမှ ဘာဝနာစိတ်ကို ခွာမချလိုက်ပါနှင့်။ ထိုအာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ခိုင်ခံ့သည် ထက် ခိုင်ခံ့အောင် တည်တံ့သည်ထက် တည်တံ့အောင်သာ ဆက်လက်၍ ကြိုးစားအားထုတ်ပါ၊ ကပ်မြဲသာ ကပ်ထားပါ။
——入出息禅相所缘。只应继续努力,使修习心在入出息禅相所缘上越来越坚固、越来越稳定;始终安住于该所缘。
အကယ်၍ ဘာဝနာစိတ်သည် အာနာပါနနိမိတ် အာရုံက ခိုင်ခံ့နေပါသော်လည်း ထို အာနာပါနနိမိတ် အာရုံ၌ ပြောင်း၍ ကပ်မနေသော် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ထိုအာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားကြည့်ပါ၊ ကြိုးစားကြည့်ပါ။ အောင်မြင်မှုရလျှင်ကား ကောင်းသည်သာ ဖြစ်၏၊ ဘာဝနာသမာဓိစွမ်းအားများ ကြီးမားသထက် ကြီးမားအောင်သာ ဆက်လက်၍ ကြိုးစားပါ။
如果入出息禅相本身已经坚固,修习心却没有转而安住在该禅相所缘上,瑜伽行者便应尝试把修习心安稳地置于入出息禅相所缘上。若能成功,当然很好;此后只须继续用功,使修习定力越来越强。
သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ပကတိသော ဝင်သက်လေ ထွက်သက်လေကို လွှတ်၍ ထိုပေါ်လာသော အာနာပါနနိမိတ်အာရုံပေါ်သို့ ဘာဝနာစိတ်ကို ပြောင်းကပ်ကြည့်လိုက်သောအခါ ထိုအာနာ ပါနနိမိတ်သည် မကြာမီ အချိန်ကာလ အတွင်းမှာပင် ပျောက်ပျက်၍ သွားတတ်သည်လည်း ရှိတတ်ပြန်၏။
然而,有些瑜伽行者放下自然入息、出息,把修习心转向已经出现的入出息禅相所缘时,那入出息禅相却会在不久之后消失。
ထိုအခါမျိုး၌ ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ တစ်ဖန်ပြန်၍ ဘာဝနာစိတ်ကို ကပ်ထားရမည် ဖြစ်သည်။ တစ်ဖန် အာနာပါနနိမိတ် ပြန်ပေါ်လာ၍ ခိုင်ခံ့သောအခါမှ၊ လေနှင့် နိမိတ် တစ်သားတည်း ဖြစ်ပါ မှ ထိုအာနာပါနနိမိတ်၌ ဘာဝနာစိတ်ကို တစ်ဖန် ပြန်၍ ကပ်ကြည့်ပါ။ ဤနည်းအတိုင်း ဆက်လက်၍ ကြိမ်ဖန် များစွာ ကြိုးစားခဲ့သော် အာနာပါန နိမိတ်လည်း ခိုင်ခံ့လာတတ်၍ ဘာဝနာစိတ်သည်လည်း အာနာပါန နိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပေသည်၊ တည်အောင်လည်း ကြိုးစားရမည်သာ ဖြစ်သည်။
遇到这种情形,应重新把修习心安住在自然入息、出息所缘上。待入出息禅相再次出现并变得坚固,且息与禅相融为一体以后,再尝试把修习心转而安住在入出息禅相上。如此反复多次继续用功,入出息禅相会逐渐坚固,修习心也会逐渐安稳地住于该禅相所缘;仍应继续努力使它稳定。
ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ယင်းနိမိတ်ကိုသာ ရှုနေသောအခါ၌ ပကတိသော ဝင်သက်လေ ထွက်သက်လေကို တစ်ဖန်ပြန်၍ မရှုမိဖို့ကိုကား အထူး သတိပြုပါ။ ပကတိ ဝင်လေ-ထွက်လေကို ရှုလိုက်၊ နိမိတ်ကို ရှုလိုက် ပြုနေလျှင် ခိုင်မြဲသော သမာဓိကို မရရှိနိုင်ဘဲ အာရုံနှစ်မျိုး၌ စိတ်ပျံ့လွင့်နေတတ်ပေသည်။
当修习心已经安稳地住于所生起的入出息禅相——取相或似相——并且只观察该禅相时,尤其要注意,不要又回头观察自然入息、出息。若一会儿观察自然入出息,一会儿又观察禅相,便无法获得坚固的定,心反而会在两种所缘之间散乱。