《大牧牛者经》的一项教说
应当建立定 · 原书第 189–192 页 · 22 个翻译单元
本页并入了原书的相邻小节:从心清净到见清净。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 189 页
မဟာဂေါပါလကသုတ္တန် - အဆိုတစ်ရပ်
《大牧牛者经》的一项教说
မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလကသုတ္တန် (မ-၁-၂၈၁-၂၈၆။) တွင် --- ''ဘူတရုပ် ဓာတ်ကြီးလေးပါး နှင့် ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ဥပါဒါရုပ်ဟူသော ရုပ်တရားအားလုံးကို ကွဲကွဲပြားပြား မသိက ရုပ်တရားကို မသိသည် မည်၏။ နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် မိမိ ထိန်းကျောင်းနေသော နွားအပေါင်းကို ဘယ်နှစ်ကောင်ရှိသည်ဟု အရေအတွက်အားဖြင့်လည်းကောင်း၊ နွားဖြူ ဘယ်နှစ်ကောင် နွားနီ ဘယ်နှစ်ကောင် စသည်ဖြင့် အရောင်အဆင်းအားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိပါက ထိုနွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းခြင်းငှာ မထိုက်တန်သကဲ့သို့ ထိန်းကျောင်း သော်လည်း နွားအပေါင်း၏ ကြီးပွားတိုးတက်မှုကို ပြုလုပ်ရန် မစွမ်းနိုင်သကဲ့သို့ - ဤဥပမာအတူ ဤသာသနာ တော်၌ ယောဂါဝစရ ရဟန်းတော်သည် ဘူတရုပ် ဥပါဒါရုပ် အပြားရှိသော အလုံးစုံသော ရုပ်တရားကို ----
在《中部·根本五十篇》的《大牧牛者经》(《中部》1-281—286)中,佛陀教说:“若不能分别了知大种色——四大种——以及依止这四大种而生的所造色这一切色法,就称为不了知色法。譬如一个牧牛人照管牛群,却不能如实了知自己所照管的牛共有多少头,也不能按颜色如实了知白牛有多少、红牛有多少等等;这个牧牛人便不适合照管牛群,即使照管,也不能使牛群增长兴盛。同样,在此教法中,禅修比丘对于具有大种色与所造色之差别的一切色法,若不能——
၁။ အရေအတွက်အားဖြင့်လည်းကောင်း၊ ၂။ အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ---- ကွဲကွဲပြားပြား မသိရှိပါက မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့် တိုင်အောင် တိုးတက်စည်ကားကြီးပွားခြင်း မဖြစ်နိုင် - ဟု ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။ ယင်း မဟာဂေါပါလကသုတ္တန် အဋ္ဌကထာကလည်း ---- သော ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလဒက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။
——1.从数量上,2.从生起因上,分别了知,就不能使修行增长兴盛,直至证得道智、果智。”佛陀作了这样的教说。该《大牧“他若不从数量〔以及生起因〕了知色,就不能先把握色、再分别非色,把握色与非色,审察缘,标举三相,并把业处修至顶峰。”
(မ-ဋ္ဌ-၂-၁၆၃။)
(《中部义注》2-163。)
= ထိုယောဂါဝစရ ရဟန်းသည် ---- (၁)အရေအတွက်အားဖြင့်လည်းကောင်း၊ (၂)အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ---- ရုပ်တရားကို မသိခဲ့သည်ရှိသော် ---- ၁။ ရုပ်တရားကို သိမ်းဆည်း၍ ၂။ နာမ်တရားကို ပိုင်းခြား မှတ်သား၍
=如果这位禅修比丘不能从(1)数量上和(2)生起因上了知色法,那么他便不能:1.把握色法;2.分别名法;
原书第 190 页
၃။ ရုပ် + နာမ် ကို သိမ်းဆည်း၍ ၄။ အကြောင်းတရားတို့ကိုကောင်းစွာ ပိုင်းခြားမှတ်သား၍ ၅။ အကြောင်းတရားနှင့်တကွသော ထို ရုပ်-နာမ် = သင်္ခါရ တရားတို့ကို လက္ခဏာယာဥ်သုံးချက်သို့ တင်၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်လျက် ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မစွမ်းနိုင် - ဟု ဖွင့်ဆိုရေးသားထားပေသည်။
3.把握色与名;4.善加分别诸因法;5.把连同因法的这些色与名——也就是诸行法——置于三相之下,修习观禅业处,使观智达到道智、果智的顶峰。义注说明,他不能做到这一点。
အသင်ယောဂီသူတော်ကောင်းသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လိုလားတောင့်တလျှင်ကား ဤဘုရား ဟော ဒေသနာတော်များကို ဦးထိပ်ရွက် ပန်ဆင်ရမည်သာ ဖြစ်သည်။
禅修贤友,如果你渴求道智、果智与涅槃,就必须顶戴奉持佛陀的这些教说。
ထိုသို့ ရုပ်တရားများကို ---- ၁။ ရုပ် (၂၈)ပါး ဟူသော အရေအတွက်အားဖြင့်လည်းကောင်း၊ ၂။ (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊ ( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊ ( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊ (ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊ ( င ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ် ---- ဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်ရေးမှာ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈) မျိုး၊ (၉) မျိုး၊ (၁ဝ) မျိုး စသော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံး စီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် သိနိုင်သောအရာ ဖြစ်သည်။ ရုပ်ကလာပ်များကို မမြင်လျှင်သော် လည်းကောင်း၊ မြင်သော်လည်း ရုပ်ကလာပ်များကို ပရမတ်သို့ဆိုက်အောင် ဓာတ်မခွဲတတ်သေးလျှင် = ရုပ်ကလာပ်
为了如实了知色法,必须做到:1.从二十八种色这一数量上了知;2.从生起因上了知,即(甲)哪些色法由业而生,(乙)哪些由心而生,(丙)哪些由时节而生,(丁)哪些由食而生,(戊)哪些不由任何因而生。要做到这一点,唯有以智逐一分解、分析、观照每一个色聚中所含的八种、九种、十种等色法。若看不见色聚,或者虽能看见,却还不能把色聚分析到究竟层次——也就是还不能对一个色聚——
တစ်ခုအတွင်း၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေးလျှင်သော်လည်း- ကောင်း ---- (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊ ( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊ ( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊ (ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊ ( င ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ် - ဟု ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်ရေးမှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။
——中所含的究竟色法,以智逐一分别、分析、观照——那么,就绝不可能分辨了知:(甲)哪些色法由业而生,(乙)哪些由心而生,(丙)哪些由时节而生,(丁)哪些由食而生,(戊)哪些不由任何因而生。
ရုပ်ကလာပ်များကို ဓာတ်မခွဲနိုင်သေးပါက = ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေးပါကလည်း ရုပ်ပရမတ် နယ်မြေသို့လည်း မည်သည့်နည်းနှင့်မျှ မဆိုက်ရောက်နိုင်သေးပေ။ သို့အတွက် ရုပ်ကလာပ်ကို မြင်ရေး ရုပ်ကလာပ် များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်နယ်မြေသို့ဆိုက်အောင် ရှုပွားနိုင်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ကား သမာဓိပင် ဖြစ်သည်။
只要还不能分解色聚——也就是还不能以智逐一分别、分析、观照每一个色聚中所含的究竟色法——就绝不可能抵达究竟色的领域。因此,为了观见色聚、分解色聚,并使观照抵达究竟色的领域,最重要的必要条件正是定。
တစ်ဖန် နာမ်တရားများကိုလည်း အာယတနဒွါရအလိုက် သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ- ၂-၂၂၃။)နှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၂-၂၄၁။)တို့၌ ညွှန်ကြားထားတော်မူ၏။ ဒွါရ၏ အစွမ်းဖြင့်
再者,《清净道论》(2-223)与《迷惑冰消》(2-241)都教示,应当依处门(āyatana-dvāra)把握名法。依门——
原书第 191 页
သမာဓိထူထောင်သင့်ပုံပိုင်း နာမ်တရားတို့ကို သိမ်းဆည်းခြင်းသည် အနာကုလ = ရောယှက်ရှုပ်ထွေးခြင်း ကင်းသည်ဟု နှလုံးပိုက်၍ အဋ္ဌကထာ ဆရာတော်များ မိန့်ဆိုတော်မူကြောင်းကိုလည်း မဟာဋီကာ (မဟာဋီ-၂-၃၅၂။)၌ ဖွင့်ဆိုထားပေသည်။
——把握名法,是 anākula(不杂乱、无混淆)的;《大复注》(2-352)说明,诸义注师正是这样认定并宣说的。
ဗုဒ္ဓအဘိဓမ္မာ၌ ဒွါရအသုံး နှစ်မျိုး ရှိ၏။ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ ဟူသော ဒွါရ (၃)ပါးကို ကမ္မဒွါရဟု ခေါ်၏။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆို၏။ (မဟာဋီ-၂-၄၁ဝ။) နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရဟု ခေါ်ဆိုသော စက္ခုဒွါရဝီထိ သောတဒွါရဝီထိ ဃာန ဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိ မနောဒွါရဝီထိဟူသော ဝီထိစိတ်အစဥ်အတိုင်း သိမ်းဆည်းရမည် ဖြစ်သည်။
在佛陀的阿毗达磨中,“门”有两种用法。身门、语门、意门这三门称为业门;眼门、耳门、鼻门、舌门、身门、意门这六门称为处门。(《大复注》2-410。)把握名法时,必须依照称为处门的眼门心路、耳门心路、鼻门心路、舌门心路、身门心路、意门心路这些心路次第来把握。
အကြောင်းမူ စိတ်တို့၏ ကိန်းသေမြဲသော ဖြစ်ရိုးဓမ္မတာ နိယာမလမ်းကြောင်းကား ယင်း ဝီထိခေါ်သည့် စိတ် အစဥ်များပင် ဖြစ်သည်။
因为,诸心固定的生起法则与规律,正是这些称为 vīthi 的心之相续,也就是心路。
ဝီထိစိတ်တို့မည်သည် ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ယင်း ဓမ္မတာ လမ်းကြောင်းမှ လွဲ၍ ပုံစံပြောင်း၍ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ယင်းတို့ဖြစ်နေကျ ဓမ္မတာလမ်းကြောင်း အတိုင်းပင် လိုက်၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရပေသည်။ တစ်ဖန် ယင်း ဓမ္မတာလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားသော စိတ်တို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်စေတသိက်တို့သည် ယှဥ်တွဲ၍ အုပ်စု အလိုက် ဖြစ်ကြရ၏။ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။
路心只依着称为心之定则(citta-niyāma)的心路而生;绝不会偏离这条自然法则,另换一种形态生起。因此,必须循着它们惯常生起的法则轨道来把握、观修名法。再者,在沿这条法则轨道生起的诸心中,每一个心刹那,心与心所都相应而成组生起,绝不能单独生起。
အနည်းဆုံး ပမာဏအားဖြင့် အသိစိတ်-ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ ဟူသော (၈)လုံး ပေါင်းစပ်မှ ဖြစ်နိုင်သည့် စွမ်းအား ရှိပေသည်။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းဟု ခေါ်ဆို အပ်သော ဝီထိစိတ်အစဥ်အတိုင်း ဖြစ်ပေါ်သွားသော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ နာမ်ပရမတ်နယ်မြေသို့ ဆိုက်မည် ဖြစ်ပေသည်။ ထိုသို့ နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ရှုပွားတတ်ရေး ရှုပွားနိုင်ရေးအတွက် အရေးအကြီးဆုံးသော လိုအပ်ချက်ကား သမာဓိပင် ဖြစ်သည်။
至少必须由心、触、受、想、思、一境性、命根、作意这八法结合,才能生起。唯有对依上述心之定则轨道、按心路次第生起的名法,在每一心刹那逐一分别、分析、观照,智见才能抵达究竟名法的领域。为了能够如此观修名法而抵达究竟层次,最重要的必要条件正是定。
〔မှတ်ချက် ---- ဤ၌ ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့ကို မဆိုလိုပါ၊ ဝီထိစိတ်တို့ကိုသာ အထူး ရည်ညွှန်း၍ စိတ္တနိယာမကို ဖော်ပြခြင်း ဖြစ်ပါသည်။〕 တစ်ဖန် ယင်း ရုပ်-နာမ်တရားတို့၏ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေးမှာလည်း သမာဓိရှိပါမှ သိနိုင်သော အရာဖြစ်သည်။ အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အထွတ်အထိပ်သို့ ရောက်အောင် စီးဖြန်းတတ်ရေး စီးဖြန်းနိုင်ရေးမှာလည်း သမာဓိရှိသော သူတော်ကောင်းတို့၏ အရာသာ ဖြစ်ပေသည်။
〔注:这里并不是说离开心路的离路心,而只是特指路心来说明心之定则。〕再者,要如实了知这些名色法的诸因,也必须具备定。至于把连同因法在内的这些名色置于三相之下,修习观禅业处,直至道智、果智的顶峰,也只有具备定的善人才能做到。
စိတ္တဝိသုဒ္ဓိမှ ဒိဋ္ဌိဝိသုဒ္ဓိသို့
从心清净到见清净
တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (ဝိသုဒ္ဓိ-၂-၂၂၂။) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ။) = နာမ်ရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့်ပိုင်းခြားယူခြင်းသည်ပင် ဒိဋ္ဌိဝိသုဒ္ဓိ မည်ပေသည်။ ယင်း ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင်
“其中,如实见名色,名为见清净。”又说:‘လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ။)’译:“依特相、作用、现起、近因把握名色,名为见清净。”=如实知见名色直达究竟层次,以及依特相、作用、现起、近因把握名色、以智分别名色,正是所谓见清净。想要圆满这一见清净的禅修者,为了使自己具足心清净,必须——
原书第 192 页
ကြိုးစားအားထုတ်ရမည် ဖြစ်သည်။
——努力修习。
စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ-၂-၂၂၂။) = ဥပစာရသမာဓိနှင့် တကွသော လောကီစျာန်သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိမည်၏ဟု ဖွင့်ဆိုထား သဖြင့် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံရေးအတွက် ဥပစာရသမာဓိကိုသော်လည်းကောင်း၊ အပ္ပနာသမာဓိ အမည်ရသော စျာန်သမာပတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း၊ (၈)မျိုးလုံးကိုသော်လည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။
“近行定连同八等至,名为心清净。”既然如此解释,为了具足心清净,就应努力证得近行定,或者证得称为安止定的八种世间禅等至中的一种,或者证得全部八种。
ဤသည်တို့ကား သမာဓိထူထောင်သင့်သည် (= ထူထောင်ရမည်) ဟူသော ဘုရားဟော ဒေသနာတော် များနှင့် အဋ္ဌကထာအဆိုအမိန့်တို့တည်း။
以上这些,就是说明“应当建立定(也就是必须建立定)”的佛陀教说与义注裁定。