第四组四法

入出息念定部分 · 原书第 259 页 · 13 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 259 页
စတုတ္ထ စတုက္က
第四组四法
၁။ 'အနိစ္စာနုပဿီ အဿသိဿာမီ'တိ သိက္ခတိ၊ 'အနိစ္စာနုပဿီ ပဿသိဿာမီ'တိ သိက္ခတိ။
“1.他训练:‘我将随观无常而入息。’他训练:‘我将随观无常而出息。’”
၂။ 'ဝိရာဂါနုပဿီ အဿသိဿာမီ'တိ သိက္ခတိ၊ 'ဝိရာဂါနုပဿီ ပဿသိဿာမီ'တိ သိက္ခတိ။
“2.他训练:‘我将随观离贪而入息。’他训练:‘我将随观离贪而出息。’”
၃။ 'နိရောဓာနုပဿီ အဿသိဿာမီ'တိ သိက္ခတိ၊ 'နိရောဓာနုပဿီ ပဿသိဿာမီ'တိ သိက္ခတိ။
“3.他训练:‘我将随观灭而入息。’他训练:‘我将随观灭而出息。’”
၄။ 'ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီ'တိ သိက္ခတိ၊ 'ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီ'တိ သိက္ခတိ။ (မ-၂-၈၉။) ၁။ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
“4.他训练:‘我将随观舍遣而入息。’他训练:‘我将随观舍遣而出息。’”(《中部》2-89。)1.他训练:“我将反复随观无常而入息。”
အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
他训练:“我将反复随观无常而出息。”
၂။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
2.他训练:“我将反复随观诸行法的坏灭,以及离贪的涅槃而入息。”
သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
他训练:“我将反复随观诸行法的坏灭,以及离贪的涅槃而出息。”
၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
3.他训练:“我将反复随观诸行法的刹那灭,即刹那坏灭,以及作为贪灭的涅槃,而入息。”
သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
他训练:“我将反复随观诸行法的刹那灭,即刹那坏灭,以及作为贪灭的涅槃,而出息。”
၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် ကိလေသာတို့ကို သမုစ္ဆေဒ အားဖြင့် အကြွင်းမဲ့ စွန့်လွှတ်ရာ နိဗ္ဗာန်၊ စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
4.他训练:“我将反复随观三者:以彼分断烦恼的观智;烦恼以正断而被无余舍断之处——涅槃;以及能作此舍断的圣道智,而入息。”
ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် ကိလေသာတို့ကို သမုစ္ဆေဒ အားဖြင့် အကြွင်းမဲ့ စွန့်လွှတ်ရာ နိဗ္ဗာန်၊ စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
他训练:“我将反复随观三者:以彼分断烦恼的观智;烦恼以正断而被无余舍断之处——涅槃;以及能作此舍断的圣道智,而出息。”
(သံ-၃-၂၇၉။ ဝိ-၁-၈၈။ မ-၂-၈၉။) ဤအထက်ပါ စတုက္ကလေးမျိုးတို့တွင် ဝင်သက်လေ၌ (၁၆)မျိုးသော အခြင်းအရာ၊ ထွက်သက်လေ၌ (၁၆) မျိုးသော အခြင်းအရာတို့ကို ဘုရားရှင် ဟောကြားထားတော်မူပေသည်။ နှစ်ရပ်ပေါင်းသော် (၃၂)မျိုးသော အခြင်းအရာတို့ ဖြစ်ကြ၏။ ယင်း (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ဝင်သက်လေ ထွက်သက်လေအာရုံ၌ သတိ မြဲအောင် ပြုလေ့ရှိသူကို သတောကာရီ ပုဂ္ဂိုလ်ဟု ခေါ်ဆိုပေသည်။ သတောဝ အဿသတိ = သတိရှိလျက် သာလျှင် ဝင်သက်လေကို ရှူသွင်းသူ၊ သတောဝ ပဿသတိ = သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ် သူ ဟူ၍လည်း ခေါ်ဆိုပေသည်။ (ပဋိသံ-၁၇၄။ ဝိသုဒ္ဓိ-၁-၂၆၃။)
(《相应部》3-279;《律藏》1-88;《中部》2-89。)在上述4组四法中,佛陀对入息教说了16种方式,对出息也教说了16种方式;二者合计为32种方式。以这32种方式令念稳固于入息、出息所缘的人,称为有念而行者(satokārī);也称为“သတောဝ အဿသတိ”,即具念而入息者,以及“သတောဝ ပဿသတိ”,即具念而出息者。(《无碍解道》174;《清净道论》1-263。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。