不追随过去的方式

《一夜贤者经》解释 · 原书第 136–137 页 · 9 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 136 页
အတိတ်ကို မလိုက်ပုံ
不追随过去的方式
ကထဉ္စ ဘိက္ခဝေ အတီတံ နာနွာဂမေတိ၊ ''ဧဝံ ရူပေါ အဟောသိ အတီတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ န သမနွာနေတိ။ ''ဧဝံ ဝေဒနော။ ပ ။ ဧဝံ သညော။ ဧဝံ သင်္ခါရော။ ဧဝံ ဝိညာဏော အဟောသိ အတီတမဒ္ဓါန''န္တိ တတ္ထ နန္ဒိ န သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အတီတံ နာနွာဂမေတိ။ (မ-၃-၂၂၆-၂၂၇။) = ရဟန်းတို့ …အဘယ်သို့လျှင် အတိတ်ကို အစဥ်မလိုက်လေသနည်း?
‘诸比丘,怎样才是不追随过去呢?他想着:“过去时,我曾有这样的色”,却不使喜爱随转于彼;他想着:“过去时,我曾有这样的受……这样的想……这样的行……这样的识”,却不使喜爱随转于彼。诸比丘,这就是不追随过去。’(《中部》3-226—227。)作者译问:‘诸比丘……怎样才是不追随过去呢?’
၁။''အတိတ်ကာလက ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ခဲ့လေပြီ'' ဟု ထိုအတိတ်ရုပ်တရား၌ နှစ်သက်မှု နန္ဒီ တရားကို မဖြစ်စေ။
1.他想着:‘过去时,曾有这样的色法’,却不对那过去的色法生起喜爱(nandī)。
၂။''အတိတ်ကာလက ဤကဲ့သို့သော ခံစားမှု ဝေဒနာတရားသည်၊ ၃။ ဤကဲ့သို့သော မှတ်သားမှု သညာတရားသည်၊ ၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်၊ ၅။ ဤကဲ့သို့သော သိမှု ဝိညာဏ်တရားသည် ဖြစ်ခဲ့လေပြီ''ဟု ထိုအတိတ် ( ဝေဒနာ-သညာ-သင်္ခါရ ) ဝိညာဏ် ၌ နှစ်သက်မှု နန္ဒီတရားကို မဖြစ်စေ။ ရဟန်းတို့ …ဤသို့လျှင် အတိတ်ကို အစဥ်မလိုက်ပေ။
2.他想着:‘过去时,曾有这样的感受——受法;3.曾有这样的记认——想;4.曾有这样的能造作的心所诸行之聚;5.曾有这样的了知——识法’,却不对那些过去的受、想、心所诸行与识生起喜爱(nandī)。诸比丘……这就是不追随过去。
(မ-၃-၂၂၆-၂၂၇။)
(《中部》3-226—227。)
တစ်ဖန် အရှင်မဟာကစ္စည်းမထေရ်မြတ်ကလည်း အတိတ်မလိုက်ပုံကို အောက်ပါအတိုင်းရှင်းလင်း တင်ပြထားပြန်၏။
摩诃迦旃延长老又如下解释了不追随过去的方式。
ကထဉ္စ အာဝုသော အတီတံ နာနွာဂမေတိ။ ဣတိ မေ စက္ခု အဟောသိ အတီတမဒ္ဓါနံ၊ ဣတိ ရူပါတိ၊ တတ္ထ န ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ န ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ န တဒဘိနန္ဒတိ၊ န တဒဘိနန္ဒန္တော အတီတံ နာနွာဂမေတိ။ (မ-၃-၂၃၆။) သီတင်းသုံးဖော် ငါ့ရှင်တို့ …အဘယ်သို့လျှင် အတိတ်ကို အစဥ်မလိုက်လေသနည်း?
‘诸贤友,怎样才是不追随过去呢?他想着:“过去时,我的眼曾是这样的,我的诸色曾是这样的。”于彼,识不与欲贪相系;由于识不与欲贪相系,他便不喜爱那眼与诸色;不喜爱它们时,他便不追随过去。’(《中部》3-236。)作者译问:‘诸同住的贤友……怎样才是不追随过去呢?’
အတိတ်ကာလက ငါ့အား ဤသို့သော စက္ခုအကြည်ဓာတ်သည် ဖြစ်ခဲ့ဖူးလေပြီ၊ ဤသို့သော ရူပါရုံတို့သည် ဖြစ်ခဲ့ဖူးလေကုန်ပြီ ဟု ထိုအတိတ်ဖြစ်သော စက္ခုအကြည်ဓာတ် ရူပါရုံတို့၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ဆက်စပ် လျက်ရှိသော သိမှု (နိကန္တိ) ဝိညာဏ်သည် မဖြစ်။ သိမှု ဝိညာဏ်၏ ဆန္ဒရာဂနှင့် ဆက်စပ်မှု မရှိသည့် အတွက်ကြောင့် ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကို မနှစ်သက်၊ ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ ကို မနှစ်သက်သော် အတိတ်ကို အစဥ်မလိုက်ပေ။ (မ-၃-၂၃၆။) ကျန်အာယတနတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ ဤဟောကြားချက်၌လည်း - အတိတ်အာယတန (၁၂)ပါးတို့၌ နှစ်သက်နေသော် အတိတ်ကို အစဥ်လိုက်သည်မည်၍၊ အတိတ်အာယတန (၁၂) ပါးတို့၌ မနှစ်သက်သော် အတိတ်ကို အစဥ်မလိုက်ဟူသော အဆိုအမိန့်ကိုလည်း ထပ်မံ မှတ်သားထားပါ။
当他想着‘过去时,我曾有这样的眼净色,我曾有这样的诸色所缘’时,与对那些过去眼净色及诸色所缘的欲贪(chandarāga)相系的能知之贪著识(nikanti-viññāṇa)并不生起。由于这一识不与欲贪相系,他不喜爱那些过去的眼净色与诸色所缘;既不喜爱它们,便不追随过去。(《中部》3-236。)(其余诸处也以同样方式宣说。)在这段开示中也应再次记住这一教说:若喜爱过去的十二处,就称为追随过去;若不喜爱过去的十二处,就称为不追随过去。
原书第 137 页
ကောင်းသော ည တစ်ညပိုင်း -- ဘဒ္ဒေကရတ္တသုတ္တန်ရှင်းလင်းချက် ဤအထက်ပါ ဘုရားရှင်၏ ရှင်းလင်းချက်နှင့် အရှင်မဟာကစ္စည်းမထေရ်မြတ်တို့၏ ရှင်းလင်းချက်မှာ အတိတ်ဖြစ်သော ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးဟူသော ရုပ်တရား နာမ်တရားတို့၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေလျှင် အတိတ်ကို လိုက်သည်မည်၍ နှစ်သက်မှု နန္ဒီတရားကို မဖြစ်စေလျှင် အတိတ်ကို မလိုက်သည်မည် ကြောင်းသာ ရှင်းလင်းထား၏။ အတိတ်ခန္ဓာအာယတနတို့၌ နှစ်သက်မှု နန္ဒီတရားမဖြစ်အောင် ကျင့်ရန်သာ ညွှန်ကြားထားသော ဒေသနာတော်တို့ ဖြစ်ကြ၏။ အတိတ်ခန္ဓာအာယတနတို့၌ နှစ်သက်မှု နန္ဒီတရား မဖြစ်ရန် သို့မဟုတ် တဏှာ ဒိဋ္ဌိ မဖြစ်အောင် ကျင့်ရန်သာ ညွှန်ကြားထားသော ဒေသနာတော်များသာ ဖြစ်သည့်အတွက် အတိတ် ခန္ဓာ-အာယတန-ရုပ်-နာမ်တို့ကို ဝိပဿနာမရှုရန် ညွှန်ကြားထားသော ဒေသနာတော်များ မဟုတ်ကြ သည်ကိုကား အထူးသတိပြု၍ မှတ်သားလေရာ၏။
上述世尊与大迦旃延尊者的解释,只说明了以下一点:若对过去的五蕴、十二处,也就是色法与名法,生起喜爱(nandī),便称为追随过去;若不生起这种喜爱,便称为不追随过去。这些教说只是指示人们修习,使自己不对过去诸蕴、诸处生起喜爱。正因为这些教说所指示的,只是修习使自己不对过去诸蕴、诸处生起喜爱,或者不生起爱与见,所以尤其应当留意并记住:它们并不是指示人们不要对过去的蕴、处、色法与名法修观。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。