若禅相出现在远处
入出息念定部分 · 原书第 348–349 页 · 9 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 348 页
နိမိတ်ဝေးကွာနေသော်
若禅相出现在远处
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ထိုအာနာပါနနိမိတ်မှာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျား ဟူသော အရပ်ဒေသ၌ စတင်၍ မပေါ်ဘဲ ခပ်ဝေးဝေး ခပ်လှမ်းလှမ်း တစ်နေရာ၌သာ လဝန်းသဏ္ဌာန် စသည် ဖြင့် ပေါ်နေတတ်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌လည်း မျက်နှာ တစ်ပြင်လုံးကို အဖြူရောင်ဖြင့် လွှမ်းခြုံထားသကဲ့သို့ ပေါ်လာတတ်၏။ ထိုသို့ နိမိတ်ဝေးကွာနေမူ ထိုဝေးကွာသောနိမိတ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်သည်လည်း ရှိ၏၊ မတည်တတ်သည်လည်း ရှိ၏။
有些瑜伽行者的入出息禅相,起初并不出现在鼻端或上唇这一处,而只在较远的某个地方显现为月轮等形状;也有些人的禅相会显得仿佛白光覆盖整个面部。禅相这样出现在远处时,修习心有时能够安稳地住于远处的禅相,有时却不能。
အကယ်၍ ထိုဝေးကွာသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထိုသမာဓိကိုပင် ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ၊ သမာဓိစွမ်းအင်များ ပြည့်ဝစုံညီလာသည့်တိုင်အောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ သို့သော် ဝေးကွာရိုးမှန်လျှင် သမာဓိ တည်တံ့ခဲသည်။
如果修习心能够安稳地住于远处的入出息禅相所缘,就继续建立并巩固这一定,持续用功,直至定力充足圆满。不过,禅相若一直位于远处,定通常较难持久。
အကယ်၍ ထိုဝေးကွာသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ပါမူ၊ ကြိုးစား၍ ဘာဝနာစိတ်ကို ကပ်ကြည့်သော်လည်း မကပ်ဖြစ်နေပါမူ၊ သို့မဟုတ် ထိုသို့ ကြိုးစား၍ ကပ်ကြည့် သောအခါ၌ ထိုဝေးကွာသော အာနာပါနနိမိတ်မှာ မခိုင်ခံ့ဘဲ ပျောက်ပျက်သွားတတ်ပါမူ ထိုကဲ့သို့သော အခါ မျိုး၌ ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာ ဘာဝနာစိတ်ကို တစ်ဖန်ပြန်၍ ငြိမ်ဝပ်စွာ ကပ် ထားကြည့်ပါ။ ဝင်သက်လေ ထွက်သက်လေ၏ အရှည်-အတို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်
如果修习心不能安稳地住于远处的入出息禅相所缘,即使尝试也无法安住;或者一尝试安住,那远处的禅相便因不够坚固而消失,在这种情形下,应重新把修习心安稳地置于自然入息、出息所缘上,对入息、出息的长、短以及始、中、末全体清清——
原书第 349 页
အာနာပါနဿတိသမာဓိပိုင်း ရှားရှား သိအောင် ဝင်သက်လေ ထွက်သက်လေကို သိမ်မွေ့သည်ထက် သိမ်မွေ့အောင်သာ ကြိုးစားအားထုတ်ပါ။
——楚楚地加以了知,并继续如法用功,让入息、出息随着修习自然愈来愈微细。
ဘာဝနာသမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်များ ကြီးမားသထက် ကြီးမားလာသောအခါ ထိုအာနာပါန နိမိတ်သည် နှာသီးဖျား အထက်နှုတ်ခမ်းဖျားဌာနကို အခြေခံလျက် မြစ်ဖျားခံလျက် အခြေစိုက်လျက် နီးနီးကပ် ကပ် ပေါ်လာတတ်ပါသည်။ ထိုနိမိတ်မှာ ခိုင်ခံ့တည်တံ့လာသောအခါ၊ လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာ သောအခါ ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်တံ့နေအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။
当修习定的力量与效能越来越强时,入出息禅相往往会以鼻端或上唇为基础、源头与立足处,在接触处附近重新出现。待禅相变得坚固稳定,且息与禅相融为一体时,就继续努力,使修习心安稳、持续地住于该禅相。
ပေါ်သစ်စဖြစ်သော အာနာပါနနိမိတ်ကား မခိုင်ခံ့သေးသည်သာ များ၏။ ထိုမခိုင်ခံ့သေးသော အာနာ ပါနနိမိတ်၌ ဘာဝနာစိတ်ကို ပြောင်း၍ ကပ်ခဲ့သော် နိမိတ်က မခိုင်ခံ့သေးသဖြင့် ဘာဝနာစိတ်လည်း မခိုင်ခံ့ သေးပင် ဖြစ်နေတတ်၏။ ထိုသို့ ဖြစ်နေပါမူ နိမိတ်ခိုင်ခံ့သောအခါကျမှသာလျှင် ခိုင်ခံ့သော နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်အောင် ခိုင်ခံ့အောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။
新出现的入出息禅相大多尚不坚固。若修习心过早转向这一尚未坚固的禅相,禅相既不坚固,修习心通常也会不稳。若是如此,便应等到禅相已经坚固以后,才继续努力把修习心安稳、牢固地置于坚固的禅相所缘上。
အာနာပါနနိမိတ်သည် ခိုင်ခံ့လာ၍ ထိုနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော အခါ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အဖြူမှ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင်ဘက်သို့ တဖြည်းဖြည်း ပြောင်း၍ သွားတတ်ပါသည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူလာသော နိမိတ်ကား ဥဂ္ဂဟနိမိတ် တည်း။ ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားနိုင်ခဲ့သော် ဘာဝနာသမာဓိ၏ စွမ်းအင်များ ပြည့်ဝစုံညီလာသောအခါ ဆွတ်ဆွတ်ဖြူရာမှ အလွန်ကြည်လင်တောက်ပလာမည် ဖြစ်သည်။
当入出息禅相变得坚固,修习心也安稳地住于该禅相所缘时,禅相往往会逐渐由如烟灰般浑浊的灰白,转为如棉团般纯白。纯白如棉团的禅相是取相。若能使修习心安稳地住于该取相,待修习定力充足圆满时,禅相便会从纯白转为极其清澈明亮。
သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော သန့်ရှင်းနေသော နိမိတ်ကား အာနာပါနပဋိဘာဂ နိမိတ်ပင် ဖြစ်ပေသည်။ သို့သော် အခြားအရောင်များလည်း ပေါ်တတ်ပါသည်။
如启明星般极其清澈、明亮而纯净的禅相,正是入出息似相。不过,有时也会出现其他颜色。