三种思惟行境
应当建立定 · 原书第 223–224 页 · 8 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 223 页
သမ္မသနစာရခေတ် သုံးမျိုး
三种思惟行境
ဤအရာ၌ ---- (၁) ဘုရားအလောင်းလျာများ၊ (၂) ပစ္စေကဗုဒ္ဓါအလောင်းလျာများ၊ (၃) သာဝကဗောဓိအလောင်းလျာများ၏ ---- ဝိပဿနာရှုရာ ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်မြေဖြစ်သော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားစုကို သမ္မသန စာရခေတ် ဟူ၍လည်း ခေါ်၏။ အနိစ္စ-ဒုက္ခ-အနတ္တဟု ဆင်ခြင်သုံးသပ်တတ်သော ဝိပဿနာဉာဏ်၏ ကျက်စား ရာ တရားအစုဟု ဆိုလိုသည်။ ဝိပဿနာဘူမိဟူ၍လည်း ခေါ်၏။ ဝိပဿနာဉာဏ်၏ ဖြစ်ရာ တည်ရာ တရား အစုဟု ဆိုလိုသည်။ ထိုအလောင်းလျာသုံးမျိုးတို့၏ သမ္မသနစာရခေတ် သုံးမျိုးကို အနုပဒသုတ္တန်ဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။
这里,正等觉菩萨、独觉菩萨和声闻菩萨修观时,作为观智游行范围的色法、名法等诸行法之聚,称为“思惟行境”(sammasanacāra-khetta)。它的意思是:这是能够思惟、审察无常、苦、无我的观智所游行的法聚。它也称为“观禅所依地”(vipassanā-bhūmi),意思是观智生起、安住之处的法聚。《逐一经复注》对这三类菩萨的三种思惟行境作了如下解释。
ဗုဒ္ဓါနံ သမ္မသနစာရော ဒသသဟဿိလောကဓာတုယံ သတ္တသန္တာနဂတာ၊ အနိန္ဒြိယဗဒ္ဓါ စ သင်္ခါရာတိ ဝဒန္တိ၊ ကောဋိသတသဟဿစက္ကဝါဠေသူတိ အပရေ။ တထာ ဟိ အဒ္ဓတ္တယဝသေန ပဋိစ္စသမုပ္ပါဒနယံ သြသရိတွာ ဆတ္တိံ သကောဋိသတသဟဿမုခေန ဗုဒ္ဓါနံ မဟာဝဇိရဉာဏံ ပဝတ္တံ။ ပစ္စေကဗုဒ္ဓါနံ သသန္တာနဂတေဟိ သဒ္ဓိ မဇ္ဈိမဒေသဝါသိ သတ္တသန္တာနဂတာ အနိန္ဒြိယဗဒ္ဓါ စ သမ္မသနစာရာတိ ဝဒန္တိ၊ ဇမ္ဗုဒီပဝါသိ သတ္တသန္တာနဂတာတိ ကေစိ။ ဓမ္မသေနာပတိနောပိ ယထာဝုတ္တသာဝကာနံ ဝိပဿနာဘူမိယေဝ သမ္မသနစာရော။ (မ-ဋီ-၃-၂၇၅။) အထက်ပါ ဋီကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
“有人说,诸佛的思惟行境,是十千世界中进入有情相续的诸行,以及不与诸根相系属的诸行;另一些人则说,是十万俱胝个世界系中的这些诸行。确实,依过去、未来、现在三时进入缘起之理时,诸佛的大金刚智以三百六十万俱胝种方式转起。有人说,诸独觉的思惟行境,是连同自身相续中的诸行、中土居民之有情相续中的诸行,以及不与诸根相系属的诸行;另有人说,是瞻部洲居民之有情相续中的诸行。就法将而言,上述诸声闻的观禅所依地,也正是他的思惟行境。”(《中部复注》3-275。)以上复注的旨义如下。
၁။ သမ္မာသမ္ဗောဓိ အလောင်းအလျာ = ဘုရားအလောင်းတော်တို့သည် စကြဝဠာတိုက်ပေါင်း တိုက်တစ်- သောင်းအတွင်း၌ တည်ရှိကြသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပွားတည်ရှိကြသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လည်းကောင်း အနိန္ဒြိယဗဒ္ဓမျိုး ဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓသင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဥ် သုံးချက် တင်၍ ဆင်ခြင်သုံးသပ်ရှုပွားတော်မူကြကုန်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသည်။
1.正等觉菩萨把十千世界中一切有情相续内生起、存在的色法、名法等诸行,以及不与诸根相系属、没有生命的外在诸行,分别置于无常、苦、无我三相之下,加以思惟、审察和观照——诸尊长论师如此教说。
စကြဝဠာပေါင်း ကုဋေတစ်သိန်းအတွင်း၌ တည်ရှိကြသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပွားတည်ရှိကြ သည့် ရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း၊ အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓသင်္ခါရတရားတို့ကို လည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဥ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏ဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြပေသည်။
另一些尊长论师则说:正等觉菩萨把十万俱胝个世界系中一切有情相续内生起、存在的色法、名法等诸行,以及不与诸根相系属、没有生命的外在诸行,分别置于无常、苦、无我三相之下,加以思惟、审察和观照。
ထိုကြောင့်ပင်လျှင် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး၏ အစွမ်းဖြင့် ပဋိစ္စသမုပ္ပါဒ်နည်းသို့ ဉာဏ်တော်ဖြင့် သက်ဆင်း၍ ဘုရားရှင်တို့အား သို့မဟုတ် ဘုရားလောင်းလျာတို့ သန္တာန်၌ ကုဋေပေါင်း သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာဉာဏ်တော်များ ဖြစ်ပွားတော်မူသော ဟူ၏။ စကြဝဠာ တစ်ခု တစ်ခု၌ သတ္တဝါ မည်မျှများစေကာမူ ထိုစကြဝဠာ တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော သတ္တဝါအားလုံးတို့၏ သန္တာန်၌ တည်ရှိသော အဝိဇ္ဇာကို တစ်စု သင်္ခါရကို တစ်စု ဤသို့စသည်ဖြင့် စကြဝဠာ တစ်ခု တစ်ခု၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ခုရှိသဖြင့် (၁၂)စုပြု၍ ထိုပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့ကို လက္ခဏာရေးသုံးတန်စီတင်ကာ အသီးအသီး ရှုပွားသုံးသပ်တော်မူသဖြင့် စကြဝဠာကုဋေတစ်သိန်းအတွင်း၌ ကုဋေပေါင်း သုံးသန်းခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာဉာဏ်တော် အမျိုးအစားများ ဘုရားအလောင်းလျာတို့ သန္တာန်၌ ဖြစ်ပွားတော်မူရိုး ဓမ္မတာ ဟူ၏။
正因为如此,诸佛或正等觉菩萨依过去、未来、现在三时,以智进入缘起之理时,其相续中会生起三百六十万俱胝类大金刚观智。无论每个世界系中有情多至何等程度,都把该世界系内一切有情相续中的无明合为一组,把行合为一组,余支也依此类推;每个世界系的十二缘起支成为十二组,再把这十二支各自置于三相之下而分别观照、思惟。依此计算,在十万俱胝个世界系中,正等觉菩萨的相续自然会生起三百六十万俱胝类大金刚观智。
原书第 224 页
၂။ ပစ္စေကဗောဓိအလောင်းအလျာ = ပစ္စေကဗုဒ္ဓါအလောင်းတော်တို့သည် မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိသော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားအားလုံးနှင့် မဇ္ဈိမတိုက်သား သို့မဟုတ် ဇမ္ဗုဒိပ်ကျွန်းသား သတ္တဝါ အသီးအသီး သန္တာန်၌ တည်ရှိသော သင်္ခါရတရားတို့ကိုလည်းကောင်း အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားစုတို့ကို လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဥ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏။
2.独觉菩萨把自身相续中生起、存在的一切色法、名法等诸行,以及中土或瞻部洲各有情相续内的诸行,还有不与诸根相系属、没有生命的外在诸行,分别置于无常、苦、无我三相之下,加以思惟、审察和观照。
၃။ သာဝကဗောဓိအလောင်းအလျာများ ဖြစ်ကြကုန်သော အဂ္ဂသာဝကအလောင်းတော်၊ မဟာသာဝက အလောင်းတော်၊ ပကတိသာဝကအလောင်းတော်တို့သည်ကား မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရ တရားစုအားလုံးတို့ကိုလည်းကောင်း၊ အပြင်ဗဟိဒ္ဓ သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရတရားစုတို့ကို လည်း ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် ပုဂ္ဂိုလ်သန္တာန် ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓ၏ အဖြစ်ဖြင့် တူသောကြောင့် တစ်ပေါင်းတစ်စုတည်းပြု၍ ခြုံငုံ၍ ယင်းဗဟိဒ္ဓ သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရ တရားစုတို့ကိုလည်းကောင်း၊ အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားစုတို့ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဥ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏။ ဤကား သမ္မသနစာရ ခေတ် သုံးမျိုးတည်း။ (မ-ဋီ-၃-၂၇၅ - ကြည့်ပါ။)
3.属于声闻菩萨的上首声闻菩萨、大声闻菩萨和普通声闻菩萨,则观照自身相续中生起、存在的一切诸行;对于外在他人相续中生起、存在的诸行,不按男人、女人、个人、有情等分别各别相续,而因其同属外在,便合为一组、作整体观照;此外还观照不与诸根相系属、没有生命的外在诸行。他们把这三类诸行分别置于无常、苦、无我三相之下,加以思惟、审察和观照。这就是三种思惟行境。(参见《中部复注》3-275。)