如何辨别眼中的透明色聚

色业处部分 · 原书第 695–701 页 · 51 个翻译单元

本页并入了原书的相邻小节:如何观照耳中存在的业生色聚、如何观照鼻中存在的业生色聚、如何观照舌中存在的业生色聚、如何观照身中存在的业生色聚。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 695 页
မျက်စိ၌ ကြည်သည့် ရုပ်ကလာပ်များကို ခွဲခြားပုံ
如何辨别眼中的透明色聚
အထက်တွင် ဖော်ပြခဲ့သော စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ကျေညက်အောင် အထပ်ထပ် ဖတ်ရှုပါ၊ စေ့စေ့ငုငု ကြည့်ရှုပါ။ သို့မှသာလျှင် အောက်တွင် ဆက်လက်ဖော်ပြမည့် ရုပ်တရား ရှုကွက်များကို သဘောပေါက်နိုင်မည် လက်ခံနိုင်မည် ဖြစ်ပေသည်။
请反复阅读、仔细审察上文所说明的四生因色之生起方式,直到熟练通达。只有这样,才能理解并接受下文将继续说明的色法观照对象。
ရှေးရုပ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း မျက်စိ၌ စက္ခုဒသက ကလာပ် ကာယဒသက ကလာပ်ဟု ကြည်သည့် ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေ၏။ ဤအချိန်ပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်အနေ ဖြင့်ကား ကြည်သည့် ရုပ်ကလာပ်အမှုန် မကြည်သည့် ရုပ်ကလာပ်အမှုန်ဟူ၍သာ တွေ့ရှိနေဦးမည် ဖြစ်ပေ သည်။ စက္ခုဒသကကလာပ်မှာလည်း ကြည်သော ရုပ်ကလာပ် တစ်မျိုးပင် ဖြစ်၍ ကာယဒသကကလာပ်မှာလည်း ကြည်သော ရုပ်ကလာပ် တစ်မျိုးပင် ဖြစ်၏။ ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားဘိသကဲ့သို့ မျက်စိ၌ ယင်း ကြည်သည့် ရုပ်ကလာပ် နှစ်မျိုးတို့ ရောနှောလျက် တည်ရှိနေ၏။
如前面的色业处诸表所示,眼中有两类透明色聚:眼十法聚与身十法聚。在这一阶段,瑜伽行者尚只会看见“透明的色聚微粒”与“不透明的色聚微粒”。眼十法聚是一类透明色聚,身十法聚也是一类透明色聚;二者如米粉与姜黄粉均匀混合一般,混杂存在于眼中。
ရူပါရုံ အရောင်အဆင်းကို သိသော စက္ခုဝိညာဏ်စိတ်သည် စက္ခုဒသက ကလာပ်အတွင်း၌ ပါဝင်တည်ရှိ သော စက္ခုပသာဒ = စက္ခုအကြည်ဓာတ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိဓာတ် = ပထဝီဓာတ်-တေ- ဇောဓာတ်-ဝါယောဓာတ်)ကို သိသော ကာယဝိညာဏ်စိတ်သည် ကာယဒသက ကလာပ်အတွင်း၌ တည်ရှိသော ကာယပသာဒ = ကာယအကြည်ဓာတ်ကို မှီ၍ ဖြစ်၏။
了知色所缘之颜色的眼识,依止眼十法聚中所含的眼净色=眼净界而生;了知触所缘〔即所触之界:地界、火界、风界〕的身识,则依止身十法聚中所含的身净色=身净界而生。
မျက်လုံးအိမ်အတွင်း မည်သည့်နေရာကိုမဆို သေးငယ်သော အရာဝတ္ထုတစ်ခုဖြင့် တို့ကြည့်ပါက နေရာ တိုင်းတွင် တွေ့ထိမှု ဖောဋ္ဌဗ္ဗဓာတ်ကို သိသော ကာယဝိညာဏ်စိတ် ဖြစ်ပေါ်နိုင်သည်ကို သဘောပေါက်နိုင်၏။
若用一个细小物体触碰眼窝内的任何部位,便可理解:在每个部位都可能生起了知接触之触界的身识。
ထိုကာယဝိညာဏ်စိတ်သည် ကာယအကြည်ဓာတ်ကိုသာ မှီ၍ ဖြစ်နိုင်သဖြင့် မျက်လုံးအိမ်အတွင်း နေရာအနှံ့ အပြား၌ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်ပေါင်းများစွာ ရှိနေသည်ကို သဘောပေါက် နိုင်၏။
由于这种身识只能依止身净界而生,所以可以理解:眼窝内各处都存在许多含有身净界的身十法聚。
စက္ခုဒသက ကလာပ်များမှာ မျက်လုံးအိမ်အတွင်း ကြည်လင်သော အဝန်းအဝိုင်း၏ အတွင်းဝယ် သန်း- ဦးခေါင်း ပမာဏရှိသော အရပ်၌သာ များစွာစုဝေးလျက် ဖြစ်နေကြ၏။ ထိုစက္ခုဒသက ကလာပ်များ စုဝေးတည် ရှိရာ အရပ်၌လည်း ထိမှုကို သိသည့် ကာယဝိညာဏ်ဓာတ်၏ မှီ၍ ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သည့် ကာယဒသက ကလာပ်များလည်း စက္ခုဒသက ကလာပ်များနှင့် ရောနှောလျက် တည်ရှိနေသည်သာ ဖြစ်၏။
眼十法聚则大量聚集、生起在眼窝内透明圆区中仅如虱头大小的部位。就在这些眼十法聚聚集存在之处,也同样混杂存在着身十法聚;其中含有身净界,是了知接触的身识界所依止而生之处。
သို့အတွက် ထိုအကြည်ဓာတ် နှစ်မျိုး ပါဝင်သော အကြည်ကလာပ် နှစ်မျိုးကို ခွဲခြား၍ ရှုတတ်ဖို့ လိုအပ်ပေသည်။
因此,必须学会把含有这两种净界的两类透明色聚分别辨别观照。
ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ စက္ခု။ (ဝိသုဒ္ဓိ-၂-၇၄။) ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းကို ထိုက် တန်သော (ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်တန်သော) ဘူတရုပ် (ဓာတ်ကြီး ၄-ပါး)ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်ကား စက္ခုပသာဒ = စက္ခုအကြည်ဓာတ်တည်း။ ထို စက္ခုအကြည်ဓာတ် ပါဝင်သော စက္ခုအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်ကား စက္ခုဒသက ကလာပ်တည်း။
“眼〔净色〕以能承受色所缘冲击的四大种之明净性为特相。”也就是说,四大种具有能承受色所缘迎面冲击的明净性,这一色法就是眼净色=眼净界。含有这种眼净界、并以眼净界为第十法的色聚,就是眼十法聚。
ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ကာယော။ (ဝိသုဒ္ဓိ-၂-၇၄။) ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေ- ဇော-ဝါယော)၏ ရှေးရှူရိုက်ခတ်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ် ဓာတ်ကြီး (၄)ပါး ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်တရားကား ကာယပသာဒ = ကိုယ်အကြည်ဓာတ်တည်း။
“身〔净色〕以能承受触所缘冲击的四大种之明净性为特相。”也就是说,四大种具有能承受触所缘〔地、火、风〕冲击的明净性,这一色法就是身净色=身净界。
ထို ကိုယ်အကြည်ဓာတ် ပါဝင်သော ကိုယ်အကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်ကား ကာယ- ဒသက ကလာပ်တည်း။
含有这种身净界、并以身净界为第十法的色聚,就是身十法聚。
原书第 696 页
ဤသို့လျှင် ရိုက်ခတ်နေသော အတိုက်ဓာတ်အာရုံနှင့် ကပ်၍ ယင်းအာရုံကိုပါ ပူးတွဲသိမ်းဆည်း၍ အကြည် ဓာတ်များကို ခွဲခြားစိတ်ဖြာ၍ ရှုရမည် ဖြစ်သည်။ ရိုက်ခတ်သော အာရုံနှင့် တိုက်ဆိုင်၍ --- ''မည်သည့် အကြည် ဓာတ်က စက္ခုအကြည် ဖြစ်သည်၊ မည်သည့် အကြည်ဓာတ်က ကာယအကြည် ဖြစ်သည်''ဟု ခွဲခြားယူရမည် ဖြစ်သည်။
因此,应当连同正在撞击的对象之冲击性一起把握该对象,进而分别、分析诸净界而观照。必须配合正在撞击的对象来判别:“哪一种净界是眼净界,哪一种净界是身净界?”
ရှုပွားသိမ်းဆည်းပုံစနစ်
观修与把握的方法
သမာဓိကို အဆင့်ဆင့် ထူထောင်၍ မျက်စိ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ထင်ရှားစွာ တွေ့မြင်ရသောအခါ ကြည်သည့် ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲပါ။ (၁ဝ)မျိုးသော ရုပ်သဘောတရား တို့ကို မြင်အောင်ရှုပါ။ ယင်းကြည်သည့် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ကြည်နေသည့်သဘော = အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ၊ သိမ်းဆည်းထားပါ။ တစ်ဖန် ထိုအကြည်ဓာတ် ပါဝင်သည့် ရုပ် ကလာပ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော ကြည်သည့် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို ဖြစ်စေ၊ မကြည် သည့် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုဖြစ်စေ၊ သို့မဟုတ် ကြည်-မကြည် နှစ်မျိုးလုံးသော ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကိုဖြစ်စေ လှမ်း၍ အာရုံယူကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ထိုရူပါရုံ အရောင်က မိမိ ပူးတွဲသိမ်းဆည်းထားသည့် ထိုအကြည်ဓာတ်ကို အကယ်၍ ရှေးရှူရိုက်ခတ်နေပါက ထိုအကြည်
逐步建立定力,在眼中专注观照四大种。当清楚看见色聚微粒时,分析一个透明色聚,直至看见其中10种色法。以智辨别并把握该透明色聚内的透明性质=净界。然后,取该色聚附近一个透明色聚的色所缘之颜色、一个不透明色聚的色所缘之颜色,或者许多透明与不透明色聚的综合色彩为对象,以智辨别、把握。若该色所缘之颜色正在撞击你所同时把握的那一净——
ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်သည်၊ ထိုစက္ခုအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ စက္ခုဒသက ကလာပ် ဖြစ်သည်။ ထိုစက္ခုဒသက ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ တစ်လုံးစီ တစ်လုံးစီ ရှုကြည့်ပါက = ဓာတ်ခွဲ ကြည့်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း စက္ခုအကြည်ဓာတ် = စက္ခုပသာဒလျှင် (၁ဝ) ခုမြောက်ရှိသော ရုပ်သဘောတရားများကို တွေ့ရှိမည် ဖြစ်သည်။ အကယ်၍ ထို ရူပါရုံအရောင်က ထို မိမိသိမ်း ဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ် ဖွယ်ရာ ရှိပေသည်။ သို့သော် သေချာအောင် ကြိမ်ဖန်များစွာကား ဆန်းစစ်ကြည့်ရမည် ဖြစ်ပေသည်။
——界,它就是眼净界,含有这眼净界的色聚就是眼十法聚。若以智逐一分别、分析这眼十法聚,如诸色业处表所示,便会看见以眼净色=眼净界为第十法的诸色法。若该色所缘之颜色没有撞击你所把握的净界,则该净界可能是身净界;不过仍须反复多次检验,才能确定。
တစ်ဖန် မျက်လုံးအိမ် အတွင်းမှာပင် ကြည်နေသည့် ရုပ်ကလာပ်တစ်ခုကို ဉာဏ်ဖြင့် သိမ်းဆည်း၍ ဓာတ် ခွဲပါ။ ယင်းရုပ်ကလာပ်တွင် ပါဝင်တည်ရှိနေသော အကြည်ဓာတ်ကို ဆက်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ။ ထို ကြည်သည့် ရုပ်ကလာပ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု၌ သို့မဟုတ် ရုပ်ကလာပ် အများစု၌ တည်ရှိသည့် ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ် တစ်ခုခုကို လှမ်းအာရုံယူပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ နမူနာအားဖြင့်ဆိုရသော် ထိုအနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု အတွင်း၌ သို့မဟုတ် ရုပ်ကလာပ် အများစု၌ ပါဝင်တည်ရှိသော ပထဝီဓာတ် = မာမှုသဘောတရား တစ်ခုကိုပင် လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထို မာမှုသဘောတရား ဖောဋ္ဌဗ္ဗဓာတ်က မိမိ သိမ်းဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်နေပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်၍ ထိုကာယအကြည်ဓာတ် ပါဝင်သော
再者,就在眼窝内,以智选取并分析一个透明色聚,继续把握、辨别其中的净界。然后,取与它最近的一个色聚或许多色聚中,称为触界的地界、火界、风界之一为对象,以智辨别、把握。举例来说,可以只取最近的一个色聚或许多色聚中的地界=坚硬性为对象。若这种作为触界的坚硬性正在撞击你所把握的净界,那么该净界就是身净界,而含有这身净界——
ကာယအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ကာယဒသက ကလာပ် ဖြစ်သည်။ ထို (၁ဝ)မျိုး သော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်ပါ၊ ရှုပါ။ အကယ် ၍ ထိုဖောဋ္ဌဗ္ဗဓာတ်က ထို မိမိသိမ်းဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည် ဓာတ်မှာ ကာယအကြည်ဓာတ် မဟုတ်ဘဲ စက္ခုအကြည်ဓာတ် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ သို့သော် သေချာ အောင် ကြိမ်ဖန်များစွာကား ဆန်းစစ်ကြည့်ရမည်သာ ဖြစ်ပေသည်။ ဤကား မျက်လုံးအိမ် အတွင်း၌ စက္ခုဒသက ကလာပ်နှင့် ကာယဒသက ကလာပ်တို့ကို ခွဲခြားစိတ်ဖြာ၍ ရှုနည်းတည်း။
——并以身净界为第十法的色聚,就是身十法聚。请以智逐一分别、分析并观照其中10种色法。若该触界没有撞击你所把握的净界,则该净界可能不是身净界,而是眼净界;不过仍必须反复多次检验,才能确定。这就是在眼窝内分别、分析眼十法聚与身十法聚的观法。
ဤသို့လျှင် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မျက်လုံးအိမ်၏ အတွင်း၌ ယခုဖော်ပြခဲ့သော စက္ခု- ဒသက ကလာပ်နှင့် ကာယဒသက ကလာပ်ကိုလည်းကောင်း၊ ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီးသော ဘာဝဒသက
如此,贤善的瑜伽行者,你已经能够在眼窝内以智分别、分析并观照刚才说明的眼十法聚和身十法聚,以及前面已经说明的性根十法——
原书第 697 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ကလာပ်ကိုလည်းကောင်း (၃)မျိုးသော ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုတတ်ပြီ ရှုနိုင်ပြီ ဖြစ်ပေ သည်။ ဤရုပ်ကလာပ် (၃)မျိုးကား အတိတ်က ကံကြောင့် ဖြစ်သော ရုပ်ကလာပ်များတည်း။ ထိုကမ္မဇကလာပ် (၃)မျိုးကို ရှုပွားတတ်သော အသင်ယောဂီသူတော်ကောင်းအဖို့ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်ကိုပါ ရှုပွားခြင်း သိမ်းဆည်းခြင်း လုပ်ငန်းကိစ္စရပ်လည်း အကျုံးဝင်သွားပြီးသာ ဖြစ်သည်ဟု မှတ်ပါ။
——聚,共3类色聚。这3类色聚都是由过去业所生的色聚。应知:对于已经能够观修这3类业生色聚的贤善瑜伽行者而言,观修、把握以命根为第九法的命根九法聚这一项工作,也已经包含在内。
သို့အတွက် ဇီဝိတနဝက ကလာပ်ကို သီးသန့် မဖော်ပြခြင်း ဖြစ်ပေသည်။ 〔ထိုကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ဇနကကံမှာ မည်ကဲ့သို့သော ကံမျိုး ဖြစ်သည်၊ ထိုကံကို မည်သို့မည်ပုံ ရှုပွားသိမ်းဆည်းရမည်ဟူသော အကြောင်း အရာတို့ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်နေသဖြင့် ထိုအပိုင်းသို့ ရောက်ရှိသောအခါ ရှုပွားပုံစနစ် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံစနစ် စသည်တို့ကို အသေးစိတ် ဖော်ပြမည် ဖြစ်သည်။ ဤအပိုင်း တွင်ကား ယင်းရုပ်ကလာပ်တို့မှာ ကံကြောင့်ဖြစ်သော ရုပ်တရားများ ဖြစ်သည် ဟူ၍သာလျှင် မှတ်သားထားနှင့် ပါဦး။〕
因此,这里不再另行说明命根九法聚。〔至于能生起这些业生色的“能生业”究竟是哪一种业、应当如何观修把握该业等内容,属于缘摄受智(ပစ္စယပရိဂ္ဂဟဉာဏ်)部分;到了该部分,将详细说明观修方法、把握因法与果法的方法等。在本部分,只须先记住这些色聚是由业所生的色法。〕
သိအောင် ရှုပွားရမည့် အချက်
观修时必须明了的要点
ဤသို့ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွား သိမ်းဆည်းရာ၌ ရှေးဦးအစ ပထမတွင် --- ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဇီဝိတ စက္ခုပသာဒ --- ဤသို့ စသည်ဖြင့် (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပါ။ (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားများကို ပေါင်းစု တည်ဆောက်လိုက်ပါမှ စက္ခုဒသက ကလာပ်ဟူသော ကြည်သော ရုပ်ကလာပ် အမှုန်တစ်ခု ဖြစ်ပေါ်လာသည်ကို ဦးစွာ သဘောပေါက်အောင် ရှုပါ။ ထိုသို့ ရှုရာ၌ သဘောတရား (၁ဝ)မျိုး အပေါ်သို့ ဉာဏ်သက်ဝင် တည်နေသောအခါ ရုပ်ကလာပ်အမှုန် ပျောက်သွား၍ ရုပ်ကလာပ်အမှုန်ကို မတွေ့ မမြင်တော့ဘဲ ရုပ်သဘောတရား (၁ဝ)မျိုးသက်သက်ကိုသာ ဉာဏ်ဖြင့် မြင်နေအောင် ရှုပါ။ ကာယဒသက ကလာပ် ဘာဝဒသက ကလာပ်တို့၌လည်း နည်းတူပင် ရှုပါ။ မိမိဉာဏ်ဖြင့် ပိုင်းခြားယူလိုက် သိမ်းဆည်း ရှုပွားလိုက်သော
这样以智分别、分析、观修并把握诸色聚时,最初应逐一分别、分析而观照如下10种究竟色法:“ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဇီဝိတ စက္ခုပသာဒ”(地、水、火、风、颜色、香、味、食素、命根、眼净色)。首先,应当理解:这10种色法聚合组成时,才出现一个称为眼十法聚的透明色聚微粒。在如此观照时,当智投入并安住于这10种法,色聚微粒便消失,不再看见色聚微粒,只以智看见这10种色法本身。对身十法聚与性根十法聚也应以同样方法观照。对于由自己的智所辨别、把握并观修的——
ရုပ်ကလာပ်၌ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော ရုပ်သဘောတရားသက်သက်ကိုသာ ဉာဏ်ဖြင့် တွေ့မြင်၍ ရုပ်ကလာပ်အမှုန်ကို မတွေ့မမြင်ပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲကြီး ပြိုကွဲသွားပြီ ဖြစ် သည်၊ သမူဟပညတ် ကွာသွားပြီ ဖြစ်သည်။ သို့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သား ရုပ်တရား အသီးအသီးတို့၏ လုပ်ငန်းကိစ္စ အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲ၍ရှုပွား ရဦးမည် ဖြစ်သည်။ ယင်း ကိစ္စဃန အတုံးအခဲကြီး ပြိုကွဲသွားအောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ယင်း ရုပ်ပရမတ်တရားတို့ကို ထပ်မံ၍ သိမ်းဆည်းရဦးမည် ဖြစ်ပေသည်။ သိမ်းဆည်းပုံကို လက္ခဏာဒိ- စတုက္ကပိုင်းတွင် ထပ်မံ၍ ဖော်ပြမည် ဖြစ်ပါသည်။
——色聚,若以智只看见具有究竟法自性效力的色法本身,而不再看见色聚微粒,那么称为“သမူဟဃန”(samūha-ghana)的组合密集已经破除,“သမူဟပညတ်”(samūha-paññatti)这一组合概念也已脱落。不过,还必须进一步以智分解、观修,破除每一色聚内各个究竟界色法各自作用所形成的密集。为了破除这种“ကိစ္စဃန”(kicca-ghana)作用密集,还须依特相、作用、现起、近因(လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်)之法,再次把握这些究竟色法。具体把握方法将在“特相等四法”部分继续说明。
ဤ ယခုဖော်ပြဆဲ ရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ယင်း ရုပ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝဟူသော ကိုယ်- ပိုင်သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သိမ်းဆည်းထားပါဦး။ ထိုသို့ သိမ်းဆည်းရာ၌ မိမိ၏ဉာဏ်က အလွန် ကြီး မထက်မြက်သေးသဖြင့် မိမိ ရှုပွားသိမ်းဆည်းလိုက်သော ရုပ်ကလာပ်များ၌သာ ရုပ်ပရမတ်သက်သက် သဘော တရားသက်သက်ကို တွေ့မြင်နိုင်နေရ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော်လည်း မရှုလိုက်နိုင်သော ရုပ် ကလာပ် မရှုလိုက်မိသော ရုပ်ကလာပ်များ၌ကား ရုပ်ကလာပ်အမှုန်အတိုင်းသာ တွေ့မြင်နေတတ်ပါသေးသည်။
在这里目前所说的色分别智(ရူပပရိစ္ဆေဒဉာဏ်)部分,暂且以把握这些色法称为究竟法自性的自身特相为主。如此把握时,由于自己的智力尚未非常强锐,虽然在所观修把握的色聚中能够只看见究竟色法本身、智见已经达到究竟法,但在未能观到或漏未观到的色聚中,仍可能只看见色聚微粒。
နောက်ပိုင်းတွင် ဝိပဿနာဉာဏ်များ တစ်စထက် တစ်စ ရင့်သထက်ရင့် ကျက်သထက်ကျက် ထက်မြက်သထက် ထက်မြက်လာ၍ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်နိုင်သော ဘင်္ဂဉာဏ် စသော အထက်ပိုင်း ဝိပဿနာဉာဏ်များသို့ ရောက်ရှိသွားသော အခါ၌မူကား ရုပ်ကလာပ်အမှုန်ကို အစပြု၍ သဝိဂ္ဂဟခေါ်သည့် သဏ္ဌာန်ဒြပ်ဟူသမျှ လုံးဝ ပျောက်သွားသဖြင့်
后来,随着诸毗婆舍那智逐步成熟、锐利,达到只取诸行法的坏灭为对象、轮流安立三相而观修审察的坏灭智等较高毗婆舍那智时,从色聚微粒开始,一切称为“သဝိဂ္ဂဟ”(saviggaha)的有形体、形状实体都会完全消失,因而——
原书第 698 页
ရုပ်ကလာပ်များကို လုံးဝ မတွေ့မမြင်တော့ဘဲ ထင်ရှားရှိသော ပရမတ် သဘောတရားသက်သက်ကိုသာ တွေ့မြင် နေတော့မည် ဖြစ်သည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုသို့ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုမြင်နိုင်သောအခါ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိ သော (၁ဝ)မျိုးသော ရုပ်သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှု သဘောကို မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ် တစ်ခုကို ဉာဏ်ဖြင့် စိုက်၍ ရှုလိုက်တိုင်း ရှုလိုက်တိုင်း (၁ဝ)မျိုး (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားများ ကိုသာ မြင်နေအောင် လေ့ကျင့်ပါ။ ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ရှုရာ ၌လည်း ဤအပိုင်းတွင် --- မာမှု၊ ယိုစီးမှု၊ ပူမှု၊ ထောက်မှုဟူသော သဘာဝလက္ခဏာ (၄)မျိုးကိုသာ ဦးစားပေး၍
——不再看见任何色聚,只看见清楚存在的究竟法自性本身。〔这将在毗婆舍那部分变得明显。〕当能够以智逐一分别、分析而观见每一色聚内的10种究竟色法之后,继续观见每一色聚内这10种色法同时生起的状态。每次以智专注观照一个色聚时,都应训练到只看见其中10种究竟色法。观照每一色聚内的四大种时,在本部分也应以坚硬、流动、热、支持这4种自身特相为主——
ရှုပါ။ နောက်တွင် ဆက်လက်ဖော်ပြမည့် ရုပ်ပရမတ်သဘောတရား (၈)မျိုးရှိသည့် သြဇဋ္ဌမကရုပ်ကလာပ်၊ ရုပ် ပရမတ်သဘောတရား (၉)မျိုးရှိသည့် ဇီဝိတနဝက ကလာပ်တို့၌လည်း နည်းတူ မှတ်ပါ။
——而观照。对于下文将说明的、含8种究竟色法的食素八法聚,以及含9种究竟色法的命根九法聚,也应同样理解。
မျက်လုံးအိမ် အတွင်း၌ တည်ရှိသော စက္ခုဒသက ကလာပ်၊ ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ် တို့ကို ကျွမ်းကျွမ်းကျင်ကျင် ရှုပွားနိုင်ပါက နား၌ တည်ရှိသော ကမ္မဇရုပ်ကလာပ် (၃)မျိုးကို ပြောင်း၍ ရှုကြည့်ပါ။
若已能熟练观修眼窝内的眼十法聚、身十法聚与性根十法聚,便转而观照耳中存在的3类业生色聚。
နား၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ
如何观照耳中存在的业生色聚
ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်တို့ကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ တည်ရှိနေကြသဖြင့် မျက်စိ၌ ဖော်ပြခဲ့သည့် ရှုပုံနည်းစနစ်အတိုင်း နား-နှာ-လျှာ-ကိုယ်-နှလုံး၌ တည်ရှိသော ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်တို့၌လည်း နည်းတူ ရှုပါ။ ထူးခြားသည့် သောတဒသက ကလာပ်ကို ရှုပွားသိမ်းဆည်းပုံကိုသာ ဖော်ပြပေအံ့။
身十法聚与性根十法聚存在于眼、耳、鼻、舌、身、心所依处全部六门,因此,也应按照眼处所说明的观法,同样观照耳、鼻、舌、身、心所依处中的身十法聚与性根十法聚。这里仅说明如何观修把握特殊的耳十法聚。
သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ သောတံ။ (ဝိသုဒ္ဓိ-၂-၇၄။) = သဒ္ဒါရုံ = အသံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းကို = (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်သော ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား --- သောတ အကြည်ဓာတ် ဖြစ်၏၊ ထိုသောတအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော သောတအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်ကား သောတဒသက ကလာပ် ဖြစ်သည်။
“耳〔净色〕以能承受声所缘冲击的四大种之明净性为特相。”也就是说,四大种具有能承受声所缘之声音冲击的明净性,这一色法就是耳净界;含有这种耳净界、并以耳净界为第十法的色聚,就是耳十法聚。
ရှုပွားပုံမှာ ဤသို့ ဖြစ်၏ --- နား၏ အတွင်းဘက် အကြည်ဓာတ်များ ရှိလောက်မည့် နေရာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်ရသောအခါ ကြည်သော ရုပ်ကလာပ်တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ရုပ်တရားတို့ကို ဓာတ်ခွဲ၍ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ထိုနောင် မိမိကိုယ်တွင်း၌ ဖြစ်ပေါ်တည်ရှိနေသော အသက်ရှူသံ စသည့် အသံ တစ်ခုခုကိုသော်လည်းကောင်း၊ သို့မဟုတ် အပြင် ဗဟိဒ္ဓမှ ငှက်အော်သံ စသော အသံ တစ်ခုခုကိုသော်လည်းကောင်း လှမ်း၍ အာရုံယူကြည့်ပါ။ ထိုအသံက မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို လာ၍ ရှေးရှူရိုက်ခတ်နေပါက ထိုအသံ၏ ရှေးရှူရိုက်ခတ်ခံရသော ထိခတ်ခံရသော ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် နားအကြည်ဓာတ် ဖြစ်၍ ထိုနားအကြည်ဓာတ်နှင့် တကွသော ရုပ်ကလာပ်မှာ သောတဒသက ကလာပ် ဖြစ်သည်။ ယင်းကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှု
观修方法如下:在耳内可能存在净界的部位专注观照四大种。看见色聚微粒后,分析一个透明色聚中的诸色法,以智辨别、把握其中的净界。然后,取自己体内生起存在的呼吸声等某种声音,或者外在的鸟鸣等某种声音为对象。若该声音前来撞击你所把握的净界,则受到该声音撞击的净界就是耳净界;与这耳净界俱有的色聚,就是耳十法聚。以智分别、分析并观——
ကြည့်ပါက ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ်သဘောတရား (၁ဝ)မျိုးကို တွေ့ရှိမည် ဖြစ်သည်။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်လုံးစီ တစ်လုံးစီ၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်း (၁ဝ)မျိုး သော ရုပ်ပရမတ်တရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှု သဘောကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ အကယ်၍
——察、解析该色聚时,会看见10种究竟色法。应以智观见它们,逐一分别、分析每一种法各自的自身特相,并继续以智观见这10种究竟色法同时生起的状态。若——
原书第 699 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း နား၌ မိမိ သိမ်းဆည်းထားမိသော အကြည်ဓာတ်ကို မိမိ အာရုံယူလိုက်သော အသံက ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် မဖြစ်နိုင်ဘဲ ကာယအကြည်ဓာတ်သာ ဖြစ်ဖွယ်ရာ ရှိပါသည်။ နား၌ ကာယအကြည်ဓာတ်နှင့် သောတအကြည်ဓာတ် နှစ်မျိုးသာ ရှိသောကြောင့် ဖြစ်၏။ ကြိမ်ဖန်များစွာ ဆန်းစစ် ကြည့်ပါ။
——在耳中,你所取的声音没有撞击你所把握的净界,则该净界不可能是耳净界,而可能是身净界,因为耳中只有身净界与耳净界两种。应当反复多次检验。
နား၌ မည်သည့်နေရာကိုမဆို အရာဝတ္ထုတစ်ခုဖြင့် တို့ထိကြည့်ပါက သိနိုင်သဖြင့် ထိမှုကိုသိသော ကာယ ဝိညာဏ်စိတ်၏ မှီရာ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်လည်း တည်ရှိနေ၏။ အလား တူပင် အမျိုးသား နား၊ အမျိုးသမီး နားဟု ခွဲခြားသိနိုင်သော ဘာဝရုပ် ပါဝင်သော ဘာဝဒသက ကလာပ်လည်း တည်ရှိနေ၏။ထို ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်တို့ကို မျက်စိ၌ ဖော်ပြခဲ့သည့် ရှုပုံနည်းစနစ် အတိုင်းပင် ရှုပါ။
由于用物体触碰耳中任何部位都能被了知,耳中也存在身十法聚,其中含有作为了知接触之身识所依的身净界。同样,也存在性根十法聚,其中含有能令人辨别为男耳或女耳的性根色。应按照眼处所说明的方法,观照这些身十法聚与性根十法聚。
နှာခေါင်း၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ
如何观照鼻中存在的业生色聚
ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ဃာနံ။ (ဝိသုဒ္ဓိ-၂-၇၄။) = ဂန္ဓာရုံ အနံ့၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ်ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား ဃာနအကြည်ဓာတ် = နှာ အကြည်ဓာတ်တည်း။ ထို ဃာနအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ဃာနအကြည်ဓာတ်နှင့် တကွသော ကြည်နေသော ရုပ်ကလာပ်ကား ဃာနဒသက ကလာပ်တည်း။
“鼻〔净色〕以能承受香所缘冲击的四大种之明净性为特相。”也就是说,四大种具有能承受香所缘之气味冲击的明净性,这一色法就是鼻净色=鼻净界;与鼻净界俱有、并以鼻净界为第十法的透明色聚,就是鼻十法聚。
ရှုပုံမှာ ဤသို့ဖြစ်၏ --- နှာခေါင်းအတွင်းဘက် နှာနုရှိရာ အရပ်၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ကြည် သော ရုပ်ကလာပ်တစ်ခုကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရား များကို ဓာတ်ခွဲပါ။ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ သိမ်းဆည်းထားပါ။ နီးစပ်ရာ ရုပ်ကလာပ် တစ်ခုခု အတွင်း၌ တည်ရှိသော အနံ့ကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ။ အကယ်၍ ထိုအနံ့က မိမိ သိမ်း ဆည်းထားသော အကြည်ဓာတ်ကို လာ၍ ရှေးရှူရိုက်ခတ်နေပါက ထိုအကြည်ဓာတ်မှာ ဃာနအကြည်ဓာတ် ဖြစ်သည်။ ဃာနအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ဃာနအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ဃာနဒသက ကလာပ် ဖြစ်သည်။ ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ်သဘောတရား (၁ဝ)မျိုးကို တွေ့ရှိမည် ဖြစ်သည်။
观法如下:在鼻腔内、鼻中隔所在之处专注观照四大种。选取一个透明色聚,以智辨别并分析其中10种究竟色法,再以智辨别、把握净界。取邻近某一色聚中的气味为对象;若该气味前来撞击你所把握的净界,该净界就是鼻净界。含有鼻净界、并以鼻净界为第十法的色聚,就是鼻十法聚。加以分析,会看见10种究竟色法。
ပထမတွင် ယင်း (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ကျေပွန်လာပါက ရုပ်ကလာပ်တစ်ခု အတွင်း၌ (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ လေ့ကျင့်ပါ၊ ကြည်နေသည့် နှာအကြည်ဓာတ် ပါဝင်သည့် ရုပ်ကလာပ်အမှုန်များကို စိုက်၍ ရှုလိုက်တိုင်း ရုပ်ပရမတ်သဘောတရား (၁ဝ)မျိုးကိုသာ ဉာဏ်ဖြင့် မြင်တွေ့ နေအောင် လေ့ကျင့်ပါ။ အကယ်၍ မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို ထို မိမိ သိမ်းဆည်းလိုက်သော အနံ့ ဂန္ဓာရုံက ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိနိုင်သည်။
最初,应以智逐一分别、分析而观照这10种究竟色法;熟练后,再继续训练,以智观见一个色聚内10种究竟色法同时生起。每次专注观照含有透明鼻净界的色聚微粒时,都应训练到只以智看见10种究竟色法。若你所取的香所缘之气味没有撞击你所把握的净界,则该净界可能是身净界。
သို့အတွက် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍လည်း ရှုကြည့်ပါ၊ ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။
因此,还应取触所缘为对象加以观照,并反复多次检验。
နှာခေါင်းအတွင်းဝယ် မည်သည့်နေရာကိုမဆို အရာဝတ္ထု တစ်ခုခုဖြင့် တွေ့ထိကြည့်ပါက ထိမှု ဖောဋ္ဌဗ္ဗ ဓာတ်ကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီ၍ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သည့် ကာယဒသက ကလာပ် လည်း နှာခေါင်း၌ တည်ရှိနေ၏။ အမျိုးသား နှာခေါင်း အမျိုးသမီး နှာခေါင်းဟု သိလောက်သည့် အမှတ်အသား ဘာဝရုပ် ပါဝင်သည့် ဘာဝဒသက ကလာပ်များလည်း နှာခေါင်း၌ တည်ရှိနေ၏။ မျက်စိ၌ ရှုသည့်ပုံစံကို နည်း မှီး၍ ရှုပါ။ ဤသို့လျှင် နှာခေါင်း၌ ကမ္မဇကလာပ် (၃)မျိုး ရှိပေသည်။
由于用物体触碰鼻内任何部位时,都能生起了知接触之触界的身识,鼻中也存在含有身净界、作为身识所依的身十法聚。鼻中也存在性根十法聚,其中含有足以令人辨别为男鼻或女鼻的性根色。应仿照眼处的方法观照。如此,鼻中共有3类业生色聚。
原书第 700 页
လျှာ၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ
如何观照舌中存在的业生色聚
ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ ဇိဝှါ။ (ဝိသုဒ္ဓိ-၂-၇၄။) = ရသာရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ်ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား ဇိဝှါအကြည်ဓာတ် = လျှာ အကြည်ဓာတ်တည်း။ ယင်း ဇိဝှါအကြည်ဓာတ်နှင့် တကွသော ဇိဝှါအကြည်ဓာတ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဇိဝှါဒသက ကလာပ် ဖြစ်သည်။
“舌〔净色〕以能承受味所缘冲击的四大种之明净性为特相。”也就是说,四大种具有能承受味所缘冲击的明净性,这一色法就是舌净色=舌净界;与舌净界俱有、并以舌净界为第十法的色聚,就是舌十法聚。
ရှုပုံ --- လျှာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ၊ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သော ရုပ်ကလာပ်အမှုန်တစ်ခုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်းပါ၊ ဓာတ်ခွဲပါ။ ယင်း (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားများထဲမှ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ တစ်ဖန် နီးစပ်ရာ ရုပ်ကလာပ် တစ်ခုခု အတွင်း၌ သို့မဟုတ် အများစု၌ တည်ရှိသော ရသာရုံကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထို ရသာရုံက မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်နေပါက ထိုရသာရုံ၏ ရှေးရှူရိုက်ခတ် ခြင်းကို ခံရသော အကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် ဖြစ်သည်။ ယင်း ဇိဝှါအကြည်ဓာတ် ပါဝင်သော ရုပ် ကလာပ်မှာ ဇိဝှါဒသက ကလာပ် ဖြစ်၏။ ယင်း ရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်ပါက ပထဝီမှ စ၍ ဇိဝှါပသာဒ = လျှာအကြည်ဓာတ်တိုင်အောင် ရုပ်ပရမတ် သဘောတရား (၁ဝ)မျိုးကို တွေ့နိုင်၏။
观法如下:在舌中专注观照四大种。看见色聚微粒后,以智辨别、选取并分析一个透明色聚。在其中10种究竟色法中,以智辨别、把握净界。然后,取邻近一个色聚或许多色聚中的味所缘为对象。若该味所缘正在撞击你所把握的净界,受到它撞击的净界就是舌净界;含有这舌净界的色聚,就是舌十法聚。以智分别、分析该色聚,会看见从地界直至舌净色=舌净界的10种究竟色法。
ယင်း ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှု- နိုင်သောအခါ ယင်း (၁ဝ)မျိုးသော ပရမတ်တရားတို့၏ ပြိုင်တူ ထင်ရှားဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
能够以智逐一分别、分析而观照这些真实究竟的界性之色法后,应再以智观见这10种究竟法同时清楚生起的状态。
အကယ်၍ လျှာ၌ မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို မိမိ သိမ်းဆည်းလိုက်သော ထိုရသာရုံက ရှေးရှူ ရိုက်ခတ်မှု မရှိပါလျှင် ထိုအကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် မဖြစ်ဘဲ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိပေ သည်။ ကာယအကြည်ဓာတ် ဟုတ်-မဟုတ်ကို သိရှိရအောင် ဖောဋ္ဌဗ္ဗရုံကို အာရုံယူ၍လည်း တစ်ဖန် ရှုကြည့်ပါဦး။
若你所取的味所缘没有撞击在舌中所把握的净界,则该净界可能不是舌净界,而是身净界。为了确认它是否为身净界,还应再取触所缘为对象观照。
လျှာ၌လည်း မည်သည့်နေရာကိုမဆို အရာဝတ္ထု တစ်ခုခုဖြင့် တွေ့ထိကြည့်ပါက ထိမှု ဖောဋ္ဌဗ္ဗဓာတ်ကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီ၍ ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်လည်း တည်ရှိနေ၏။ ဘာဝရုပ် ပါဝင်သော ဘာဝဒသက ကလာပ်လည်း တည်ရှိနေသည်သာ ဖြစ်၏။ ရှုပုံစနစ်ကို ရှေးနည်းအတိုင်း မှတ်ပါ။ ဤသို့လျှင် နှာခေါင်း၌ ကမ္မဇကလာပ် (၃)မျိုး ရှိပေသည်။
由于用物体触碰舌中任何部位时,都能生起了知接触之触界的身识,舌中也存在含有身净界、作为身识所依的身十法聚;也同样存在含有性根色的性根十法聚。观法应依前述方法理解。如此,〔原文作〕鼻中共有3类业生色聚。
ကိုယ်၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ
如何观照身中存在的业生色聚
ကိုယ်၌ကား မည်သည့်နေရာကိုမဆို အရာဝတ္ထုတစ်ခုနှင့် တွေ့ထိကြည့်ပါက ထိမှုကို သိနိုင်သည့် ကာယ- ဝိညာဏ်စိတ်၏ မှီ၍ဖြစ်ရာ ကာယအကြည်ဓာတ်များသည် အနှံ့အပြား တည်ရှိနေ၏၊ ယင်း ကာယအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ကာယဒသက ကလာပ် ဖြစ်၏။ အမျိုးသမီးဟု အမျိုးသားဟု သိလောက်သော အမှတ်အသား၊ သိကြောင်းဖြစ်သော အမှတ်အသားဟူသော ဘာဝရုပ်လည်း တစ်ကိုယ်လုံး၌ အနှံ့အပြား တည် ရှိနေ၏။ အမျိုးသမီး၏ မျက်နှာနှင့် အမျိုးသား၏ မျက်နှာသည် မတူညီပေ။ အမျိုးသမီး၏ လက်နှင့် အမျိုးသား၏ လက်၊ အမျိုးသမီး၏ ကိုယ်နှင့် အမျိုးသား၏ ကိုယ်တို့လည်း မတူညီကြပေ။ ဤသူကား အမျိုးသမီးဟု ဤသူ ကား အမျိုးသားဟု သိအောင် ဤဘာဝရုပ်က ခွဲတမ်းချပေးနေခြင်း ဖြစ်၏။ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံး တို့၌ အမျိုးသမီးနှင့် အမျိုးသားတို့ မတူညီကြခြင်းမှာ ဤဘာဝရုပ်ကြောင့် ဖြစ်၏။ ဤဘာဝရုပ် ပါဝင်သော ရုပ်
对于身体,无论用物体触碰哪一部位,都能生起了知接触的身识,因此身识所依的身净界遍布全身;含有这种身净界的色聚就是身十法聚。称为足以令人识别、标示为女性或男性之标志的性根色,也遍布全身。女性的面容与男性的面容不同;女性与男性的手不同,身体也不同。性根色作出区分,使人知道“这是女性”“这是男性”。全身各部位之所以呈现男女差异,正是由于这种性根色。含有这种性根色的色——
ကလာပ်တို့မှာ ဘာဝဒသက ကလာပ်များ ဖြစ်ကြ၏။ (၆)ဒွါရ ရှိသည့်အနက် ကိုယ်ဟု သတ်မှတ်ထားသော ဤ
——聚,就是性根十法聚。在六门之中,这个被称为“身”的——
原书第 701 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ကာယဌာန၌ ဤ ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်ဟူသော နှစ်မျိုးသော ကမ္မဇ ကလာပ်တို့ကို ရှေးမျက်စိ၌ ဖော်ပြခဲ့သည့် နည်းအတိုင်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။
——身处,应按照前面眼处所说明的方法,以智分别、分析而观照身十法聚与性根十法聚这两类业生色聚。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。