复注释文

应当建立定 · 原书第 227–230 页 · 16 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 227 页
ဋီကာ အဖွင့်များ
复注释文
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဧကဒေသ = တစ်စိတ်တစ်ဒေသအရ သင်္ခါရတရားအားလုံးတို့၏ တစ်စိတ်တစ်ဒေသ=တစ်ချို့တစ်ဝက်ကိုသာ လက္ခဏာဟာရနေတ္တိနည်းနှင့် ညှိ၍ ကောက်ယူပါမှသာလျှင် အောက်ပါ ဋီကာအဖွင့်တို့နှင့်လည်း တစ်သားတည်း ညီညွတ်မည် ဖြစ်ပေသည်။
如上所述,只有依 ဧကဒေသ(ekadesa)=“一部分”之义,并结合特相导释法,把它理解为一切诸行中的一部分=若干、一些,才能与下面的复注释文完全一致。
原书第 228 页
ဧကဒေသမေဝါတိ အတ္တနော သန္တာနဂတမေဝ။ သသန္တတိပရိယာပန္နဓမ္မပရိညာမတ္တေနပိ ဟိ စတုသစ္စ- ကမ္မဋ္ဌာနဘာဝနာ သမိဇ္ဈတိ။ တေနေဝါဟ ''ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ၊ လောကသမုဒယဉ္စ ပညပေမီ''တိအာဒိ။ (မ-ဋီ-၁-၁၁၁။) = ဧကဒေသမေဝ (= တစ်စိတ်တစ်ဒေသကိုသာလျှင်) ဟူသည်မှာ မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိနေသော တရား (အမျိုးအစားများ) ကိုသာလျှင်ဟု ဆိုလိုပေသည်။ မှန်ပေသည် မိမိ၏ ရုပ်-နာမ်သန္တာန်အစဥ်၌ အကျုံး ဝင်သော သင်္ခါရတရားအမျိုးအစားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိကာမျှဖြင့်လည်း သစ္စာလေးပါး ကို သိမြင်ခြင်းတည်းဟူသော စတုသစ္စကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံသည်သာ ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် ''သညာရှိသော စိတ်ရှိသော တစ်လံမျှလောက်သော ဤကိုယ်၏ အတွင်း၌ပင်လျှင် လောက အမည်ရသော ဒုက္ခသစ္စာတရားကိုလည်း ငါဘုရား ပညတ်တော်မူ၏၊ လောကသမုဒယ အမည်ရသော ဒုက္ခ
“所谓‘唯是一部分’,意指只〔取〕进入自己相续中的法。因为,即使仅仅遍知摄属于自身相续的法,四谛业处的修习也能成就。因此,世尊说:‘就在这具一寻长、有想、有心的身体中,我施设世间,也施设世间之集……’”(《中部复注》1-111。)这里,ဧကဒေသမေဝ(ekadesameva=唯是一部分)的意思是:只取自己相续中生起、存在的诸法类别。确实,只要以三种遍知之慧,清楚分别属于自身色名相续的诸行类别,以知见四圣谛为业处的四谛修习便能圆满。因此,世尊说:“就在这具一寻长、有想、有心的身体中,名为‘世间’的苦谛法,我予以施设;名为‘世间之集’的苦——
ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်း ငါဘုရား ပညတ်တော်မူ၏''- ဤသို့ စသည်ကို (သံ-၁-၆၁။ အံ-၁-၃၅၇ - ရောဟိတဿသုတ္တန်၌) ဟောကြားတော်မူခဲ့ပေသည်။ (မ-ဋီ-၁-၁၁၁။) ဤအထက်ပါ ဋီကာ၏ ရှင်းလင်းချက်အတိုင်း ဧကဒေသ-အရ မိမိသန္တာန်၌ ဖြစ်ပွားကျရောက်လျက် ရှိသော တရားအမျိုးအစားများကို ကောက်ယူရ၏။ မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်၌ ဖြစ်ပွားကျရောက်လျက်ရှိသော တရားအမျိုးအစားအားလုံးကို ဧကဒေသဟု ဆိုလိုပေသည်။ မိမိရုပ်-နာမ်သန္တာန် အစဥ်၌ ဖြစ်ပွားကျရောက် လျက်ရှိသော တရားများကား ဓာတ်ကြီးလေးပါးသာမက ခန္ဓာငါးပါးလုံးပင် ရှိနေ၏။ ယင်းခန္ဓာငါးပါးလုံးကိုပင် သို့မဟုတ် အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါးလုံးကိုပင် ဧကဒေသ-အရ ကောက်ယူရ၏။ ဧကဒေသ = တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်ဟူသည် အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့၏ တစ်စိတ် တစ်ဒေသ တစ်ချို့တစ်ဝက်ကို ဆိုလိုသည် ဟူလိုသည်။
——之因——集谛法,我也予以施设……”世尊在《罗希多萨经》中作了这样的开示。(《相应部》1-61;《增支部》1-357;《中部复注》1-111。)按照上述复注的解释,ekadesa 应摄取自己相续中生起、存在的诸法类别;自己色名相续中生起、存在的一切法类,都属于这里所说的 ekadesa。自身色名相续中不仅有四大种,还有全部五蕴;因此,依 ekadesa 必须摄取全部五蕴,或连同因法在内的全部五蕴。所谓 ekadesa=一部分、若干、一些,是指连同因法在内的五蕴中的一部分、若干、一些。
သို့သော် အထက်ပါ ဋီကာ၌ မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်၌ ဖြစ်ပွားကျရောက်လျက်ရှိသော တရားများဟု ဆိုသဖြင့် ဗဟိဒ္ဓတရားများ မပါဟု အယူအဆ မမှားစေလိုပါ။ ဆိုလိုသည်မှာ မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိနေသော တရားအမျိုးအစားအတိုင်းသာ ဗဟိဒ္ဓ၌လည်း ရှု၍ ရနိုင်သောကြောင့် အဇ္ဈတ္တ ရုပ်နာမ်သန္တာန်အစဥ်၌ တည်ရှိ သော တရားအမျိုးအစားကိုသာ ပဓာနထား၍ ဖွင့်ဆိုခြင်း ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်မရသူဖြစ်ပါက အဇ္ဈတ္တရုပ်နာမ်သန္တာန်အစဥ်၌ စျာန်တရားများ ဖြစ်ပွားကျရောက်မှု မရှိဟု ဆိုရ၏။ အဇ္ဈတ္တ၌ မဖြစ်သော စျာန်တရားများကို အဇ္ဈတ္တ၌လည်း ရှု၍ မရနိုင်၊ တစ်ဖန် ဗဟိဒ္ဓ၌လည်း စျာန်ရသူ လူ-နတ်-ဗြဟ္မာ သတ္တဝါများ ရှိလင့်ကစား မိမိက စျာန်မရထားသဖြင့် ဗဟိဒ္ဓ ရှုသည့်အခါ စျာန်တရားများကို သို့မဟုတ် စျာန်နာမ် တရားစုတို့ကို ထည့်သွင်း၍ မရှုသော်လည်း သစ္စာလေးပါးကို သိနိုင်သည်ဟု ဆိုလိုရင်းသာ ဖြစ်သည်။ ဗဟိဒ္ဓကို
不过,不应因为上述复注说“自己色名相续中生起、存在的法”,就误以为其中不包括外在诸法。它的意思是:外在也只能观照与自身相续中所生法类相同的法,所以复注以内部色名相续中的法类为主而解释。如果一位瑜伽行者未曾证得禅那,他的内部色名相续中便没有禅那法生起;内部未生的禅那法,他不能在内部观照。再者,外在虽有证得禅那的人、天、梵天等有情,但由于自己未得禅那,当他观照外在时,即使不把禅那法或一组禅那名法纳入观照,也仍能知见四圣谛。这里绝不是说,对外在——
မရှုလည်း သစ္စာလေးပါးကို သိနိုင်သည်ဟု ဆိုလိုသည်ကား မဟုတ်ပေ။ ထိုသို့ မဆိုလိုကြောင်းကို အထက်ပါ မူလပဏ္ဏာသဋီကာဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ် ကိုယ်တော်တိုင် ဧကဒေသကို ပြည့်ပြည့်စုံစုံ ဖွင့်ဆို ထားသော အောက်ပါ အနုပဒသုတ္တန်ဋီကာ အဖွင့်ကို ဖတ်ရှုကြည့်ပါ။
——完全不作观照,也能知见四圣谛。为了证明并非此义,请阅读前述《根本五十篇复注》的作者——阿阇梨法护大长老本人——在下面《逐一经复注》中对 ekadesa 所作的完整解释。
ဧကဒေသမေဝါတိ သကအတ္တဘာဝေ သင်္ခါရေ အနဝသေသတော ပရိဂ္ဂဟေတုဉ္စ သမ္မသိတုဉ္စ အသက္ကောန္တံ အတ္တနော အဘိနီဟာရသမုဒါဂတဉာဏဗလာနုရူပံ ဧကဒေသမေဝ ပရိဂ္ဂဟေတွာ သမ္မသန္တော။ နနု စ ''သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ''တိ ဝစနတော ဝဋ္ဋဒုက္ခတော မုစ္စိတုကာမေန သဗ္ဗံ ပရိညေယျံ ပရိဇာနိတဗ္ဗမေဝ။ သစ္စမေတံ တဉ္စ ခေါ သမ္မသနုပဂဓမ္မဝသေန ဝုတ္တံ။ တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ သာမညတော သမ္မသနံ အယံ သာဝကာနံ သမ္မသနစာရော။ (မ-ဋီ-၃-၂၇၅။)
“所谓‘唯是一部分’,是说〔声闻〕不能把自身个体中的诸行无余把握、思惟,便依自己由胜愿所成就的智力,把握并思惟其中一部分。难道不是因为经中说‘诸比丘,若对一切不证知、不遍知、不离贪、不舍断,便不可能尽苦’,想要脱离轮回苦的人,凡应遍知者都必须遍知吗?诚然如此;但这句话是就适合思惟观照的法而说。因此,他思惟自身相续内的一切法;对于他人相续内的诸法,则不按各别相续分别,而只依同属外在这一共通性质加以思惟——这就是诸声闻的思惟行境。”(《中部复注》3-275。)
原书第 229 页
သမာဓိထူထောင်သင့်ပုံပိုင်း = ဧကဒေသ (= တစ်စိတ်တစ်ဒေသကိုသာလျှင်) ဟူသည်မှာ မိမိခန္ဓာကိုယ် အတ္တဘော၌ တည်ရှိကြ ကုန်သော သင်္ခါရတရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်း ခြင်းငှာလည်းကောင်း၊ လက္ခဏာယာဥ် သုံးချက်တင်၍ ဝိပဿနာရှုပွား သုံးသပ်ခြင်းငှာလည်းကောင်း မစွမ်းနိုင် သည် ဖြစ်၍ မိမိ၏ ပါရမီ (= အဘိနီဟာရ) အားလျော်စွာ ကောင်းစွာ ပေါင်းစု၍ ဖြစ်ပေါ်လာသော ဝိပဿနာ ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်အားလျော်စွာ တစ်စိတ်တစ်ဒေသ (= တစ်ချို့တစ်ဝက်) သော သင်္ခါရ တရားတို့ကိုသာလျှင် သိမ်းဆည်း၍ လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။
=所谓“仅一部分(ekadesa)”,是指:由于不能以智把存在于自己这副蕴身(自身个体)中的诸行法毫无遗漏地全部分别、摄受,也不能把三相安立其上而修习、审察毗婆舍那,故只依自己波罗蜜(即“胜愿”,abhinīhāra)所成之观智的力量,摄受诸行法中的一部分(某些部分),安立三相而修习、审察毗婆舍那。
(စကား မဆုံးသေးပါ။)
(正文尚未完。)
〔အဘိနီဟာရ = မိမိ၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘက်သို့ မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်ကို ရှေးရှု သယ်ဆောင် ပေးနေသော အတိတ်ဘဝထိုထိုက ဖြည့်ဆည်းပူးခဲ့သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသော ပါရမီအဆောက်အဦ များနှင့်တကွ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သဒ္ဓါ-ဝီရိယ- သတိ-သမာဓိ-ပညာ စသောတရားကောင်းများကို အဘိနီဟာရဟု ဆိုလိုပေသည်။ ထိုအဆက်ဆက်သော အဘိ- နီဟာရတရားစုတို့က ဥပနိဿယသတ္တိ အာသေဝနသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးလိုက်သော အခါ ပုထုဇန်နှင့် သေက္ခများအတွက် မဟာကုသိုလ် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်ဟူသော နာမ်တရားအစုတို့သည်လည်း ဝိပဿနာဉာဏ်နှင့် အတူတကွ ကောင်းစွာ ပေါင်းစုလျက် ဖြစ်ပေါ်လာကြ၏။
〔所谓“胜愿”(abhinīhāra),是指过去生中所圆满积集、能把自己的色名相续引向并承载至道智、果智的波罗蜜资粮——即明种(vijjā-bīja)与行种(caraṇa-bīja)——以及今生正在培育、与观智相应的信、精进、念、定、慧等善法。当前后相续的这些胜愿法聚,以亲依止缘力、重复缘力等缘力给予助益时,对于凡夫与有学,与观智一同善加组合生起的诸名法聚,也就是欲界大善观意门速行心路的心相续,便会生起。
ယင်းသို့ ဖြစ်ပေါ်လာသော ဇောစိတ္တက္ခဏတိုင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံးယှဥ်ခဲ့သော် စိတ်+စေတသိက် နာမ်တရားစု (၃၄) လုံးစီ အသီးအသီး ရှိ၏။ ယင်းသို့ အညီအညွတ် ကောင်းစွာ ပေါင်းစုဖြစ်ပေါ်နေသော နာမ်တရားစုတို့တွင် ဝိပဿနာဉာဏ်၏ အစွမ်းအာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို သင်္ခါရတရားတို့ကို သိမ်းဆည်း နိုင် ဝိပဿနာ ရှုနိုင်ကြပေသည်။ ယင်းသို့ရှုရာ၌ ဝိပဿနာဉာဏ်၏ အာနုဘော်ကြီးမားမှုမှာ အဘိနီဟာရတရား အပေါ်၌ အခြေတည်လျက်ရှိ၏။ အဘိနီဟာရတရား ကြီးမားလျှင် ဝိပဿနာဉာဏ်၏ အာနုဘော် ကြီးမား၏။
在这样生起的每一个速行心刹那中,如果智与喜二者都相应,便各有34种心与心所名法。在这些协调组合而生起的名法聚中,观智的威力有多大或多小,就能相应地摄受、观照诸行法到多大或多小的范围。观智威力之所以强大,以胜愿法为根基;胜愿法强大,观智的威力也强大。
အဘိနီဟာရတရားက အားသေးလျှင် ဝိပဿနာဉာဏ်၏ အာနုဘော်လည်း သေးသိမ်သွား၏။ သို့အတွက် သင်္ခါရ တရားတို့ကို သိမ်းဆည်း၍ ဝိပဿနာရှုရာ၌ ဝိပဿနာဉာဏ်က အာနုဘော်ကြီးမားလျှင် သင်္ခါရတရားတို့၏ ခပ်များများ တစ်ချို့တစ်ဝက်ကို ရှုနိုင်ကြ၏။ ဝိပဿနာဉာဏ်က စွမ်းအင်အာနုဘော် သေးလျှင်လည်း သင်္ခါရ တရား ခပ်နည်းနည်း တစ်ချို့တစ်ဝက် တစ်စိတ်တစ်ဒေသကိုသာလျှင် ဝိပဿနာ ရှုနိုင်ကြ၏။ ဤကား အထက်ပါ စကားရပ်၏ ဆိုလိုရင်း ဖြစ်သည်။〕 (ဆက်ဖတ်ပါ။) စောဒနာချက် --- '' အလုံးစုံသော ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ရုပ်တရား နာမ်တရားတို့ကို ဉာတ ပရိညာပညာဖြင့် ထိုးထွင်းမသိသော်၊ တီရဏပရိညာပညာဖြင့် ပိုင်းခြားမသိသော်၊ ပဟာနပရိညာပညာဖြင့် ထိုအလုံးစုံသော ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ရုပ်တရား နာမ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို မကင်းပြတ်စေနိုင်သော် မပယ်စွန့်နိုင်သော် ဒုက္ခကုန်ခြင်းငှာ မထိုက်''ဟု ဘုရားရှင်သည်
胜愿法的力量微弱,观智的威力也随之微弱。因此,摄受诸行法而修毗婆舍那时,观智威力强大者能观照诸行法中较多的一部分;观智威力微弱者,则只能观照诸行法中较少的一部分。以上就是前文的意思。〕(请接着读。)问难——世尊说:“若未以知遍知之慧彻知作为一切五取蕴的色法与名法,未以审察遍知之慧审察、分别它们,未以断遍知之慧令对这一切五取蕴色名的爱断离、舍弃,就不堪尽苦。”因为世尊在——
အပရိဇာနနသုတ္တန် (သံ-၂-၂၄၉-၂၅ဝ။)၌ ဟောကြားထားတော်မူခြင်းကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ် လွတ် ထွက်မြောက်လိုသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်သမျှသည် ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည့် အလုံးစုံသော ရုပ်တရား နာမ်တရားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည် မဟုတ်ပါလားဟု မေးရန်ရှိ၏။ အဖြေကား ဤသို့ ဖြစ်၏။
——《不遍知经》(《相应部》2-249—250)中如此教导,所以,凡想从轮回之苦中解脱的善男子、善女子,不是都必须以三种遍知之慧,清楚分别一切应由三种遍知之慧了知的色法与名法吗?答如下。
အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည်ဟူသော ထိုစကားကား မှန်ပေသည်။ သို့သော် ထိုစကားရပ်ကို ဘုရားရှင်သည် လက္ခဏာရေး သုံးတန်တင်၍ ရှုပွားသုံးသပ် ခြင်းငှာ ထိုက်သော ပရမတ္ထဓာတ်သား တရားလုံး အမျိုးအစားဟူသော သမ္မသနုပဂဓမ္မ၏ အစွမ်းဖြင့် ဟောကြား တော်မူခြင်း ဖြစ်ပေသည်။
“一切色法、名法都必须以三种遍知之慧清楚分别了知”这句话确实正确。然而,世尊是从“适合思惟之法”(sammasanūpaga-dhamma)这一层面说的;所谓适合思惟之法,就是一切种类适合安立三相而修观、审察的究竟界法。
原书第 230 页
၁။ ထိုကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်ပွားတည်ရှိသော အလုံးစုံသော ရုပ်တရား နာမ်တရား တို့ကို လက္ခဏာယာဥ် သုံးချက်တင်၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်းသည်လည်းကောင်း၊ ၂။ ဗဟိဒ္ဓဖြစ်သော သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော အလုံးစုံသောရုပ်တရား နာမ်တရားတို့ကိုလည်း ထိုထိုသတ္တဝါတို့ကို ယောကျာ်း မိန်းမစသည်ဖြင့် ပုဂ္ဂိုလ်သန္တာန် ခွဲခြားဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓအဖြစ်ဖြင့် တူသောကြောင့် တစ်ပေါင်းတည်းပြု၍ ခြုံငုံ၍ လက္ခဏာယာဥ် သုံးချက်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ရှုပွား သုံးသပ်ခြင်းသည်လည်းကောင်း - ဤ နှစ်မျိုးသော ရှုပွားသုံးသပ်ခြင်းသည် သာဝကတို့၏ သမ္မသနစာရခေတ်ပင် ဖြစ်ပေသည်။ (ဤကား အထက်ပါ အနုပဒသုတ္တန်ဋီကာ၏ ဆိုလိုရင်းတည်း။) ဤအထက်ပါ ဋီကာ၏ ရှင်းလင်းချက်အရ မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော ရုပ်တရား နာမ် တရား အားလုံးနှင့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓ အပသန္တာန်၌ တည်ရှိသော ရုပ်တရား
1.把自己内在相续中生起、存在的一切色法与名法安立无常、苦、无我三相,以观智修习、审察;2.对于在外、存在于他人相续中的一切色法与名法,不把那些有情分别为男人、女人等不同的个人相续,而因同属外在,便总合为一、整体安立三相,以观智修习、审察。这两种修观审察,就是诸弟子的思惟行境(sammasana-cāra)。(这是上述《逐一经复注》的意思。)依上述复注的说明,自己内在相续中的一切色法、名法,以及外在的一切法——既有存在于他相续中的一切色法——
နာမ်တရားအားလုံးသည် ဧကဒေသ = တစ်စိတ်တစ်ဒေသ - မည်ပေသည်ဟု မှတ်ပါ။
——与名法,也包括无生命的外在诸行法;以上全部都称为“一部分”(ekadesa)。应当如此记住。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。