说法本意

《一夜贤者经》解释 · 原书第 139 页 · 8 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 139 页
ဟောတော်မူလိုရင်း
说法本意
ဤ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းကား ဤသို့တည်း ---- ၁။ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိဖြစ်နေသော် အတိတ်ကို လိုက်သည် မည်၏။
这段巴利经文与义注的本意如下:1.若对过去的五蕴生起爱、见,便称为追随过去。
၂။ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်သော် အတိတ်ကို မလိုက်သည် မည်၏။
2.若对过去的五蕴不生起爱、见,便称为不追随过去。
၃။ အနာဂတ် ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိဖြစ်နေသော် အနာဂတ်ကို မျှော်သည် မည်၏။
3.若对未来的五蕴生起爱、见,便称为希求未来。
၄။ အနာဂတ် ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်သော် အနာဂတ်ကို မမျှော်သည် မည်၏။
4.若对未来的五蕴不生起爱、见,便称为不希求未来。
ဤကား ဆိုလိုရင်းတည်း။
这就是其本意。
ဤရှင်းလင်းချက်များအရ ---- ၁။ အတိတ်ကို မလိုက်ရဆိုသည်မှာ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်စေရ၊ မဖြစ်အောင် ကျင့်ပါ။
根据这些解释:1.所谓“不应追随过去”,意思是不可对过去的五蕴生起爱、见;应当修习,使它们不生起。
၂။ အနာဂတ်ကို မမျှော်ရ ဆိုသည်မှာ အနာဂတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်စေရ၊ မဖြစ်အောင် ကျင့်ပါ။ ---- ဤသို့သာ ဒေသနာတော်က ဆိုလိုရင်းဖြစ်သည်ကို သံသယကင်းရှင်းစွာ မှတ်သားထားလေရာသည်။
2.所谓“不应希求未来”,意思是不可对未来的五蕴生起爱、见;应当修习,使它们不生起。——应当毫无疑惑地记住:这才是这段教说的本意。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。