第三组四法

入出息念定部分 · 原书第 487–490 页 · 34 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 487 页
တတိယ စတုက္က
第三组四法
၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
“1.他训练:‘我将清楚觉知心而入息。’他训练:‘我将清楚觉知心而出息。’”
၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ ။
“၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ ။”——“2.令心欢悦……”。
၃။ သမာဒဟံ စိတ္တံ။ ပ ။
“၃။ သမာဒဟံ စိတ္တံ။ ပ ။”——“3.令心安定……”。
၄။ ဝိမောစယံ စိတ္တံ။ ပ ။
“၄။ ဝိမောစယံ စိတ္တံ။ ပ ။”——“4.令心解脱……”。
၁။ စိတ္တပဋိသံဝေဒီ
“၁။ စိတ္တပဋိသံဝေဒီ”——“1.清楚觉知心”
၁။ စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
1.他训练:“我将逐一善加、清楚明显地觉知心而入息。”
ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
他训练:“我将逐一善加、清楚明显地觉知心而出息。”
ဤ တတိယစတုက္က၌လည်း စျာန်လေးပါးတို့၏ အစွမ်းဖြင့် စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သည်ဟု သိရှိပါလေ။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ အာရမ္မဏသဘော အသမ္မောဟသဘော နှစ်မျိုးသော အခြင်းအရာတို့ဖြင့် သိမှုကို ရည်ညွှန်းထားသည်။ စျာန်လေးပါးတို့ကို အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ အစဥ်အတိုင်း ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စျာန်သမာပတ်ကို ဝင်စား ဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန်နှင့် ပြည့်စုံနေခြင်းဖြင့် အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူခြင်းကို အကြောင်းပြုသဖြင့် ထိုပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စျာန်နှင့် သမ္ပယုတ်ဖြစ်သော စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သောကြောင့် ဖြစ်ပေသည်။ ဤကား အာရုံသဘောအားဖြင့် ထင်ထင်ရှားရှား စျာန်စိတ်ကို သိပုံ
在这第三组四法中,也应知道:须依四禅之力,逐一善加、清楚明显地觉知心。其义如下。这里所指的是依所缘与依不迷惑两种方式而知。瑜伽行者以入出息似相为所缘,依次进入四禅。在他的相续中,正在进入禅那等至时,由于已经获得禅那、具足禅那,并缘取入出息似相为所缘,所以他能逐一善加、清楚明显地觉知以该似相为所缘、与禅那相应的心。这是因为入出息似相这一所缘已被清楚明显地觉知。这就是依所缘清楚觉知禅心的——
တည်း။
——方式。
စျာန်လေးပါးတို့ကို အစဥ်အတိုင်း ဝင်စား၏၊ ဝင်စားပြီးလျှင် စျာန်မှ ထ၍ စျာန်နှင့် ယှဥ်သော စျာန်စိတ်ကို (စျာန်စိတ်နှင့် တကွသော သမ္ပယုတ်တရားစုကို) ကုန်တတ်သောသဘော ပျက်တတ်သောသဘော အားဖြင့် လက္ခဏာရေး သုံးတန်သို့ တင်လျက် ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်စိတ်ကို ဝိပဿနာ ရှုနေသော အခိုက်၌ စျာန်စိတ်၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို (= အနိစ္စ ဒုက္ခ အနတ္တ အခြင်း အရာကို) ထိုးထွင်းသိမြင်လျက် ရှိ၏။ ယင်းသို့ သိခြင်းကား အသမ္မောဟသဘောအားဖြင့် စျာန်စိတ်ကို ထင်ထင် ရှားရှား သိခြင်းပင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၈ဝ။ မဟာဋီ-၁-၃၄၁။) ဤတတိယစတုက္က၌ ပထမ ညွှန်ကြားချက်ကား စျာန်စိတ်ကို အာရမ္မဏသဘော အသမ္မောဟသဘော အားဖြင့် ထင်ထင်ရှားရှား သိလျက် အသက်ရှူနေရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ပင် ဖြစ်သည်။
瑜伽行者依次进入四禅,入定后从禅中出定,把与禅相应的禅心(即连同禅心在内的一组相应法),从尽与坏——会穷尽、会坏灭的性质——标举三相而修观、审察。在他对禅心修毗婆舍那观时,洞彻知见禅心的自相与共相(即无常、苦、无我行相)。这种知,正是依不迷惑而清楚觉知禅心。(《清净道论》1-280;《大复注》1-341。)因此,第三组四法的第一项,是世尊教导一面依所缘与依不迷惑清楚觉知禅心,一面呼吸。
၂။ အဘိပ္ပမောဒယံ စိတ္တံ
“၂။ အဘိပ္ပမောဒယံ စိတ္တံ”——“2.令心欢悦”
အဘိပ္ပမောဒယံ စိတ္တံ - ဟူသည်ကား (က) စျာန်နှင့်ယှဥ်သော စျာန်စိတ်ကို စျာန်နှင့်ယှဥ်သော ပီတိဖြင့် ဝမ်းမြောက်စေလျက်၊ (ခ) စျာနပီတိကို (= အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စျာန် အင်္ဂါတို့တွင် ပါဝင်သော ပီတိကို) ယင်းပီတိ၏ ခယ ဝယ = ကုန်တတ် ပျက်တတ်သော သဘောကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာစိတ်ကို ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော စျာန်ပီတိဖြင့် ဝမ်းမြောက် စေလျက် ရွှင်လန်းတက်ကြွစေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါဟု ဆိုလို၏။
“အဘိပ္ပမောဒယံ စိတ္တံ”——“令心欢悦”——的意思是:(甲)以与禅相应的喜,令与禅相应的禅心欢悦;(乙)以禅喜——即以入出息似相为所缘而生起的诸禅支中所含之喜——的尽与坏为所缘而生起观心,并以作为该观智所观所缘的禅喜,令这观心欢悦、振奋;一面如此,一面令入息、出息生起。
原书第 488 页
၁။ သမာဓိ၏ အစွမ်းဖြင့်လည်းကောင်း၊ ၂။ ဝိပဿနာ၏ အစွမ်းဖြင့်လည်းကောင်း ---- ဤသို့ နှစ်မျိုးကုန်သော အခြင်းအရာတို့ဖြင့် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်ခြင်းသည် ဖြစ်ပေါ် လာ၏။
这种令心极为欢悦、振奋,有两种方式:1.依定之力;2.依观之力。
၁။ သမာဓိ၏ အစွမ်းဖြင့် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်ပုံကား -- ပီတိနှင့်ယှဥ်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့် ယှဥ်သော စျာန်ပီတိဖြင့် ထိုစျာန်စိတ်ကိုပင်လျှင် လွန်စွာရွှင်လန်းတက်ကြွ ဝမ်းမြောက်စေ၏။
1.依定之力令心极为欢悦、振奋的方法是:进入与喜相应的初禅、第二禅。在进入禅那等至的当下,瑜伽行者以和禅心相应的禅喜,令该禅心本身极为欢悦、振奋。
၂။ ဝိပဿနာ၏ အစွမ်းဖြင့် လွန်စွာ ရွှင်လန်းတက်ကြွဝမ်းမြောက်ပုံမှာ ဤသို့ ဖြစ်၏။ ပီတိနှင့် ယှဥ်ကုန်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ စျာန်မှထ၍ စျာန်နှင့် ယှဥ်သော ပီတိကို ကုန်တတ် ပျက်တတ်သော သဘောကို အာရုံယူ၍ လက္ခဏာယာဥ်တင်လျက် ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်၏။ ဤသို့ ရှုပွားသုံးသပ် ခဲ့သော် ဝိပဿနာဉာဏ်အခိုက်၌ စျာန်နှင့် ယှဥ်သော ပီတိကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာစိတ်ကို ယင်း ပီတိက လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေ၏။ ဤသို့ကျင့်သော ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်၏ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၈ဝ-၂၈၁။) ---- ဤကား စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်တည်း။ အလွန်ချစ်ခင်သော ဝမ်းမြောက်
2.依观之力令心极为欢悦、振奋的方法如下:他进入与喜相应的初禅、第二禅,出定后,以与禅相应之喜的尽与坏——会穷尽、会坏灭的性质——为所缘,标举三相,以观智修观、审察。如此修观、审察时,在观智生起之际,那与禅相应的喜,令以该喜为所缘而生起的观心极为欢悦、振奋。以这种方式修习的瑜伽行者,称为“令心极为欢悦、振奋而入息、出息者”。(《清净道论》1-280—281。)这就是世尊教导一面令心极为欢悦、振奋,一面呼吸。譬如见到一位自己极为亲爱、正心怀欢喜的——
နေသူ မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်ရသူ၌လည်း ဝမ်းမြောက်မှု ဖြစ်နေသကဲ့သို့ မှတ်ပါ။
——朋友时,见者自己也会生起欢喜。应当如此理解。
၃။ သမာဒဟံ စိတ္တံ
“၃။ သမာဒဟံ စိတ္တံ”——“3.令心安定”
စိတ်ကို ကောင်းစွာ ထားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ရမည်ဟူသည် ပထမ စျာန် စသည့် စျာန်လေးပါးတို့ကို ဖြစ်စေခြင်း ဝင်စားခြင်း၏ အစွမ်းဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ကို အညီအညွတ် ရှေးရှုထားသည် ဖြစ်၍ အညီအညွတ် ကောင်းစွာ ထားသည်ဖြစ်၍ ဝင်သက်လေကို ဖြစ် စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ရမည်ဟု ဆိုလိုပေသည်။ (ဝိသုဒ္ဓိ-၁-၂၈၁။) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများနေသော အာနာပါနဿတိသမာဓိ ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ် ဘာဝနာအာရုံမှ အနည်းငယ်မျှသော်လည်း တွန့်ဆုတ်ခြင်း = လီနပက္ခ၊ စိတ်ပျံ့လွင့် သွားခြင်း = ဥဒ္ဓစ္စပက္ခ ဟူသော နှစ်ဖက်စွန်းသို့ မကပ်ရောက်စေဘဲ ဘာဝနာအာရုံ၌ စိတ်ဓာတ် မညွတ်ကိုင်း ခြင်းလည်း မဖြစ်အောင်၊ စိတ်ဓာတ် တက်ကြွမြင့်မောက်မှုလည်း မဖြစ်အောင်၊ ဣန္ဒြေငါးပါးတို့ကို ညီမျှအောင် ကျင်ခြင်းဖြင့် ဣန္ဒြေ မညီညွတ်မှု မရှိအောင်၊ သမာဓိ၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းဖြင့် မတုန်လှုပ်ခြင်းသို့
所谓“令心安定而入息、出息”,是说:借由生起并进入初禅等四禅,使心协调一致地趋向、善安置于入出息似相所缘,一面如此,一面训练:“我将入息,我将出息。”(《清净道论》1-281。)以入出息似相为所缘而培育入出息念定时,不让修习心哪怕稍微从似相这一修习所缘退缩而落入沉滞边,也不让它从所缘散乱而落入掉举边;既不让心退缩而不倾向修习所缘,也不让心过度昂扬;调平五根,消除诸根不均衡;使定达到顶点而——
ရောက်လျက် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်တံ့အောင် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဘာဝနာ စိတ်ကို ထားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ရမည်ဟု ဆိုလိုပေသည်။
——到达不动摇;然后以安止禅之力,把修习心稳固地安置于入出息似相所缘,一面如此,一面训练:“我将入息,我将出息。”这就是本段的意思。
(မဟာဋီ-၁-၃၄၂။)
(《大复注》1-342。)
စျာန်ကို ဖြစ်စေလျက် စျာန်ကို ဝင်စားလျက် အသက်ရှူနေသော် သမထပိုင်း၌ စိတ်ကို ကောင်းကောင်း ထားလျက် အသက်ရှူနေသည် မည်ပေသည်။ ဝိပဿနာပိုင်း၌ကား ဤသို့ ဖြစ်ပေ၏။
当一面使禅那生起、进入禅那,一面呼吸时,就止的部分而言,便称为善安置心而呼吸。至于观的部分,则如下——
စျာန်လေးပါးတို့ကို အစဥ်အတိုင်း ဝင်စား၍ စျာန်မှထပြီးလျှင် စျာန်နှင့်ယှဥ်သော စိတ်ကို (စိတ်ဦးဆောင် သည့် နာမ်တရားစုကို) ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ
瑜伽行者依次进入四禅,出定后,把与禅相应的心(即以心为首的一组名法),以尽与坏——会穷尽、会坏灭的性质——为所缘,用观智善加——
原书第 489 页
အာနာပါနဿတိသမာဓိပိုင်း ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာဉာဏ်အခိုက်၌ ယင်းစျာန်စိတ်၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်း အရာဟူသော လက္ခဏာကို အဖန်ဖန် အထပ်ထပ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထွင်း သိမြင်ခြင်းဖြင့် ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော သမာဓိသည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော ခဏိကစိတ္တေ ကဂ္ဂတာ အမည်ရသော သမာဓိ၏ အစွမ်းဖြင့်လည်း ယင်း စျာန်နာမ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာဟူသော အာရုံ၌ ဝိပဿနာစိတ်ကို အညီအညွှတ် ကောင်းစွာ ရှေးရှုထားသော ရဟန်းကို ''စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်နေ၏ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၈၁။) ခဏိကစိတ္တေကဂ္ဂတာ ---- အမည်ရသော သမာဓိဟူသည် ခဏတာမျှ တည်ခြင်းရှိသော သမာဓိတည်း။
——修观、审察。在观智生起之际,由于他在每一个心刹那都反复洞彻知见该禅心的无常、苦、无我三相,名为“刹那心一境性”(khaṇika-cittekaggatā)的定便生起。凭借这种定,他把观心协调、善置于这些禅那名法的无常、苦、无我行相所缘,所以称为训练:“我将令心协调、善安住而入息;我将令心协调、善安住而出息。”(《清净道论》1-281。)所谓“刹那心一境性”之定,就是只能安住片刻的定。
ထိုခဏိကစိတ္တေကဂ္ဂတာ အမည်ရသော ခဏိကသမာဓိသည်လည်း စျာန်စိတ် ဦးဆောင်သည့် စျာန်သင်္ခါရ တရားစုတို့၏ ---- ၁။ ဖြစ်ပြီးလျှင် ပျက်နေသော အနိစ္စအခြင်းအရာ၊ ၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဥ်းပန်း အနှိပ်စက်ခံနေရသော ဒုက္ခအခြင်းအရာ၊ ၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တ အခြင်းအရာ ---- ရှိသော သင်္ခါရအာရုံ၌ အမြဲမပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် အနိစ္စအခြင်းအရာအားဖြင့်ဖြစ်စေ၊ ဒုက္ခအခြင်းအရာအားဖြင့်ဖြစ်စေ၊ အနတ္တအခြင်းအရာအားဖြင့်ဖြစ်စေ တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေလတ်သော် ဆန့်ကျင်ဘက် မောဟစသော တရားဆိုးသည် မလွှမ်းမိုးနိုင် မဖိစီးနိုင်သည်ဖြစ်၍ ယင်း သင်္ခါရအာရုံ၌ စိုက်ထားအပ်သကဲ့သို့ ဝိပဿနာစိတ်သည် တုန်လှုပ်မှု မရှိဘဲ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ၏။
这种名为刹那心一境性的刹那定,在以禅心为首的一组禅那诸行为所缘,前后相接不断地依无常、苦、无我中的某一种行相生起时,这一行所缘具有:1.生起后即坏灭的无常行相;2.不断遭受生灭逼迫、压迫的苦行相;3.不存在一种不坏、结实、坚固而以实质常住之自我的无我行相。由于作为相反面的痴等恶法不能压倒、逼迫观心,观心便如同钉住在该行所缘上,毫不动摇、寂静地贴住安住。
ထိုကြောင့် အထက်ပါစကားရပ်ကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၃၄၂။) ဤခဏိကသမာဓိမျိုးကား စျာန်သင်္ခါရတရားတို့ကို ဝိပဿနာရှုနိုင်သည့် စျာန်ရသူ သူတော်ကောင်းတို့ သန္တာန်၌သာ ဖြစ်ပေါ်နိုင်သည်ကို သတိပြုသင့်ပေသည်။ (ကျန် ခဏိကသမာဓိများ အကြောင်းကို ရှေးတွင် ရှင်းခဲ့ပြီး ဖြစ်ပေသည်။) ---- ဤကား အာရုံ၌ စိတ်ကို ကောင်းစွာ ထားလျက် အသက်ရှူနေရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက် ဖြစ်ပေသည်။
因此,义注师才作了上述解说。(《大复注》1-342。)应当注意,这一种刹那定,只能生起在已经得禅、能够对禅那诸行修毗婆舍那观的善士相续中。(其余种类的刹那定,前文已经说明。)这就是世尊教导把心善安置于所缘而呼吸。
၄။ ဝိမောစယံ စိတ္တံ
“၄။ ဝိမောစယံ စိတ္တံ”——“4.令心解脱”
၁။ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ၊ ၂။ ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ၊ ၃။ တတိယစျာန်ဖြင့် ပီတိမှ၊ ၄။ စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့မှ ---- ဝိက္ခမ္ဘနဝိမုတ္တိ = ခပ်ကြာကြာ ခွာထားသောအားဖြင့် လွတ်မြောက်ခြင်းဖြင့် စိတ်ကို လွတ်မြောက်စေလျက် အထူးသဖြင့် လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (ဝိသုဒ္ဓိ-၁-၂၈၁။) ဤကား သမာဓိ၏ အစွမ်းဖြင့် စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် အသက်ရှူပုံ ကျင့်စဥ်တည်း။ ဝိပဿနာ၏ အစွမ်းဖြင့် ကျင့်ပုံမှာ ဤသို့ ဖြစ်၏။
1.以初禅令心从诸盖中解脱;2.以第二禅令心从寻、伺中解脱;3.以第三禅令心从喜中解脱;4.以第四禅令心从乐、苦中解脱——他以暂伏解脱(vikkhambhana-vimutti),即令这些相违法较长时间远离而获得的解脱,令心解脱,使它格外远离这些相违法;一面如此,一面训练:“我将入息,我将出息。”(《清净道论》1-281。)这是依定之力令心从相违法中解脱而呼吸的修法。依观之力则如下——
原书第 490 页
ထိုစျာန်လေးပါးတို့ကိုမူလည်း အစဥ်အတိုင်း ဝင်စား၍ စျာန်မှထ၍ စျာန်နှင့်ယှဥ်သော စိတ်ကို (စျာန် စိတ် ဦးဆောင်သည့် သင်္ခါရတရားစုကို) ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်၏။ ထိုကဲ့သို့ စျာန်စိတ် ဦးဆောင်သည့် စျာန်သင်္ခါရတရားတို့ကို ပျက်ခြင်းဘင်ကို အာရုံယူ၍ ဝိပဿနာရှုနေသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်အခိုက်၌ ---- ၁။ အနိစ္စဟု အဖန်တလဲလဲ ရှုသော အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ၊ ၂။ ဒုက္ခာနုပဿနာဖြင့် သုခသညာမှ၊ ၃။ အနတ္တာနုပဿနာဖြင့် အတ္တသညာမှ၊ ၄။ သင်္ခါရတို့၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရတို့၌ နှစ်သက် မြတ်နိုးခြင်း ပီတိနှင့် တကွသော တပ်မက်မှု သပ္ပီတိက တဏှာ ဟူသော နန္ဒီမှ၊ ၅။ သင်္ခါရတို့၌ တပ်မက်ခြင်း ကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရတို့၏ ပျက်ခြင်း ဘင်ကို
瑜伽行者同样依次进入四禅,出定后,把与禅相应的心(即以禅心为首的一组行法),从尽与坏的性质标举三相而修观、审察。他如此以禅心为首的禅那诸行之坏灭为所缘而修毗婆舍那观;在观智生起之际:1.以反复观无常的无常随观,使心从常想中解脱;2.以苦随观,使心从乐想中解脱;3.以无我随观,使心从我想中解脱;4.以由厌离诸行而生的厌离随观,使心从对诸行的喜爱中解脱——这种喜爱称为nandī,即与喜俱行的爱(sappītika-taṇhā);5.以远离对诸行的贪著这一方式,把诸行坏灭——
ရှုသော ဝိရာဂါနုပဿနာဖြင့် ရာဂမှ၊ ၆။ သင်္ခါရတို့၏ ချုပ်ခြင်း ဘင်ကို ရှုသော နိရောဓာနုပဿနာဖြင့် သမုဒယ = ရာဂမှ၊ ၇။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း သောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွားလျက်ရှိသော သင်္ခါရတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ပဋိနိဿဂ္ဂါ နုပဿနာဖြင့် သင်္ခါရတို့၌ နိစ္စစသည်ဖြင့် စွဲယူခြင်းမှ ---- စိတ်ကို လွတ်မြောက်စေသည်ဖြစ်၍ ဝင်သက်လေကိုလည်း ဖြစ်စေ၏၊ ထွက်သက်လေကိုလည်း ဖြစ်စေ၏။
——作为所观对象的离贪随观,使心从贪中解脱;6.以观诸行止息、坏灭的灭随观,使心从集——即贪——中解脱;7.以舍遣随观——它观诸行的坏灭,以彼分舍断烦恼,并倾向、趋入涅槃——使心从把诸行执为常等的执取中解脱。如此使心解脱,一面如此,一面令入息、出息生起。
ထိုကြောင့် ''စိတ်ကို ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏''ဟူ၍ ဟောတော်မူအပ်၏။ -- ဤသို့လျှင် ပထမစတုက္က၏ အစွမ်းဖြင့် ရအပ်သော စျာန်စိတ်ကို အဖန်တလဲလဲ ရှုခြင်း = စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဤ တတိယ စတုက္ကကို ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၂၈၁။)
因此,世尊宣说:“他训练:‘我将令心从相违法中解脱而入息;我将令心从相违法中解脱而出息。’”由此应知,这第三组四法,是依心随观(cittānupassanā)而说:反复随观依第一组四法所证得的禅心。(《清净道论》1-281。)
သတိပြုရန်အချက်
特别嘱咐
ဒုတိယစတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်၊ ဤတတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဟောကြားတော်မူအပ်သည်ဟု ဆိုသော်လည်း ဝေဒနာ တစ်ခုတည်း အသိစိတ် တစ်ခုတည်းကိုသာ ရှုရသည် မဟုတ်၊ ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း၊ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း၊ ယင်း ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်ကြကုန်သော နာမ်တရားတို့ကိုလည်းကောင်း ဆက်လက်၍ ရှုပွားရသည်သာ ဖြစ်ပေသည်။
虽然说第二组四法依受随观而说,第三组四法依心随观而说,却不是只观一个受或只观一个心;还必须继续观照与这些受、心俱生相应的诸法、作为这些名法之所依的色法(所依色),以及以这些色法为所缘而生起的名法。
အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပါ။
详细说明请参见名业处部分。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。