诸《定经》

应当建立定 · 原书第 187–189 页 · 20 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 187 页
သမာဓိသုတ္တန်များ
诸《定经》
သမာဓိ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ''ဣဒံ ဒုက္ခ''န္တိ ယထာဘူတံ ပဇာနာတိ။ ''အယံ ဒုက္ခသမုဒယော''တိ ယထာဘူတံ ပဇာနာတိ။
“诸比丘,应修习定。诸比丘,有定的比丘如实了知。什么是他如实了知的?他如实了知‘这是苦’,如实了知‘这是苦之集’。”
''အယံ ဒုက္ခနိရောဓော''တိ ယထာဘူတံ ပဇာနာတိ။ ''အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ''တိ ယထာဘူတံ ပဇာနာတိ။
“他如实了知‘这是苦之灭’,如实了知‘这是通往苦灭的行道’。”
သမာဓိ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
“诸比丘,应修习定;诸比丘,有定的比丘如实了知。”
တသ္မာ တိဟ ဘိက္ခဝေ ''ဣဒံ ဒုက္ခ''န္တိ ယောဂေါ ကရဏီယော၊ ''အယံ ဒုက္ခသမုဒယော''တိ ယောဂေါ ကရဏီယော၊ ''အယံ ဒုက္ခနိရောဓော''တိ ယောဂေါ ကရဏီယော၊ ''အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ''တိ ယောဂေါ ကရဏီယော။ (သံ-၃-၃၆၃။) = ရဟန်းတို့ …သမာဓိကို ပွားများကြပါကုန်လော၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း၊ ''ဤကား ဒုက္ခအရိယသစ္စာတည်း''ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ''ဤကား ဒုက္ခ ဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်း''ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ''ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်း''ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် မဂ္ဂအရိယသစ္စာတည်း''ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲ
“因此,诸比丘,应当努力修习以知‘这是苦’,应当努力修习以知‘这是苦之集’,应当努力修习以知‘这是苦之灭’,应当努力修习以知‘这是通往苦灭的行道’。”(《相应部》3-363。)缅文释义:诸比丘,应当修习定;有定的比丘如实无误、明辨地了知。什么法是他如实无误、明辨地了知的?他如实无误、明辨地了知“这是苦圣谛”;如实无误、明辨地了知“这是作为苦之因的集圣谛”;如实无误、明辨地了知“这是作为苦之止息的灭圣谛”;如实无误、明辨地——
ပြားပြား သိ၏။
——了知“这是通往苦止息之处涅槃的修行次第——道圣谛”。
ရဟန်းတို့ …သမာဓိကို ပွားများကြကုန်လော၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။
诸比丘,应当修习定;有定的比丘如实无误、明辨地了知。
ထို့ကြောင့် ရဟန်းတို့ …ဤသာသနာတော်တွင်း၌ သင်တို့သည် ''ဤကား ဒုက္ခအရိယသစ္စာတည်း''ဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ''ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်း''ဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ''ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်း''ဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် မဂ္ဂအရိယသစ္စာ တည်း''ဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ (သံ-၃-၃၆၃။) တစ်ဖန် အောက်ပါ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သမာဓိသုတ္တန်၌ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကိုလည်း ထပ်မံ၍ ဆက်လက် ဖတ်ရှုကြည့်ပါ။
因此,诸比丘,在此教法中,你们应努力了知“这是苦圣谛”;应努力了知“这是苦之因——集圣谛”;应努力了知“这是苦止息之处——灭圣谛”;应努力了知“这是通往苦止息之处涅槃的修行次第——道圣谛”。(《相应部》3-363。)再请继续阅读佛陀在《相应部·蕴品》巴利圣典的下列《定经》中所作的教示。
သမာဓိ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။ (သံ-၂-၁၂။ သမာဓိသုတ္တန်။)
“诸比丘,应修习定;诸比丘,有定的比丘如实了知。什么是他如实了知的?他如实了知色的集起与灭没、受的集起与灭没、想的集起与灭没、诸行的集起与灭没、识的集起与灭没。”(《相应部》2-12,《定经》。)
原书第 188 页
= ရဟန်းတို့ …သမာဓိကို ပွားများကြပါကုန်လော။
=诸比丘,应当修习定。
ရဟန်းတို့ …သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ် တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း?
诸比丘,有定的比丘如实无误、明辨地了知。什么法是他如实无误、明辨地了知的呢?
၁။ ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း၊ ၂။ ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို လည်းကောင်း၊ ၃။ သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း၊ ၄။ စေတသိက် သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ချုပ်ကြောင်း သဘောနှင့် ချုပ်ခြင်းသဘောကိုလည်းကောင်း၊ ၅။ ဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း - မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ-၂-၁၂။) ဤအထက်ပါ သမာဓိသုတ္တန် နှစ်မျိုးတို့၌ ---- သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိ
1.对于色法的生起之因与生起,以及止息之因与止息;2.对于受的生起之因与生起,以及止息之因与止息;3.对于想的生起之因与生起,以及止息之因与止息;4.对于心所诸行的生起之因与生起,以及止息之因与止息;5.对于识的生起之因与生起,以及止息之因与止息——他都如实无误、明辨地了知。(《相应部》2-12。)在上述两部《定经》中,为了如实了知四谛,佛陀亲自劝导人们建立——
ထူထောင်ရန် ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းညွှန်ကြားထားတော်မူ၏။ တစ်ဖန် သစ္စာလေးပါးတွင် အကျုံး ဝင်လျက်ရှိသော ---- ၁။ ဥပါဒါနက္ခန္ဓာ (၅)ပါးကိုလည်းကောင်း၊ ၂။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ကြောင့် ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ထင်ရှား ဖြစ်ပုံကိုလည်းကောင်း၊ ၃။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း၊ ၄။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှု-ပျက်မှုကိုလည်းကောင်း ---- ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက် မှောက် ထွင်းဖောက် သိမြင်ရေးအတွက်လည်း သမာဓိထူထောင်ရန် ညွှန်ကြားထားတော်မူ၏။
——定。再者,为了亲自现前、如实洞彻知见四谛所摄的下列诸法,佛陀也教示应当建立定:1.五取蕴;2.由于无明、爱、取、行、业等因法,五取蕴如何显明生起;3.无明、爱、取、行、业等因法被阿罗汉道以不再生起之灭灭尽,因此作为果的五蕴如何也以不再生起之灭而止息;4.因与果两方面的生起与坏灭。
နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် မိမိ အလွန်ချစ်မြတ်နိုးနေ သော နိဗ္ဗာန်ချမ်းသာထူးကြီးကို ဧကန်ရရှိရေးအတွက် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ ခံယူရမည့် ညွှန်ကြားတော် မူချက်များပင် ဖြစ်ကြသည်။ အကြောင်းကား ဘုရားရှင် ဟောကြားထားတော်မူသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားနှင့် ယင်း ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကား သမာဓိရှိပါမှသာလျှင် သိနိုင်သော အရာများ ဖြစ်ကြသောကြောင့် ပင်တည်း။
这些正是渴求涅槃的禅修贤友为了确实获得自己至为珍爱的殊胜涅槃之乐,必须恭敬顶戴奉持的教示。因为佛陀所教说的色法、名法、因法、果法,以及这些色+名+因+果——也就是诸行法——的无常相、苦相、无我相,唯有具备定才能了知。
ရုပ်တရား ---- ဘုရားဟော ရုပ်တို့ကား ကလာပ်ဟု ခေါ်သည့် အမှုန်အနေအားဖြင့် ဖြစ်ကြ၏။ ရုပ်တို့ မည်သည် တစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြ။ ကလာပ်ဟူသည် ရုပ်လောက၌ အသေးဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား ပရမာဏုမြူခန့် သေးငယ်သော အမှုန်များ ဖြစ်ကြ၏။ ''ခန့်''ဟူ၍သာ
色法——佛陀所教说的诸色,以称为 kalāpa 的微粒、也就是色聚的形态生起。诸色不能单独生起;色聚是色法世界中最小的一组法。这些色聚是大小约如极微尘的微粒。这里仅仅说“约——”
原书第 189 页
သမာဓိထူထောင်သင့်ပုံပိုင်း ဆိုသည်၊ ပရမာဏုမြူဟု အတိအကျ မဆိုပါ။ ယင်းကလာပ်အမှုန် တစ်ခုတစ်ခု၌ ပထဝီ-အာပေါ-တေဇော- ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ ဟု ရုပ်သဘောတရား (၈)မျိုး အနည်းဆုံး ပါဝင်၏။
——如极微尘”,并不是断言它恰好就是极微尘。每一个这样的色聚微粒中,至少含有地界、水界、火界、风界、颜色、香、味、食素八种色法。
အချို့ရုပ်ကလာပ်၌ (၉)မျိုး အချို့ရုပ်ကလာပ်၌ (၁ဝ)မျိုး စသည့် ရုပ်သဘောတရားများ ပါဝင်ကြ၏။
有些色聚含有九种色法,有些色聚含有十种色法,等等。
ယင်းရုပ်သဘောတရားများကား ပရမတ်အစစ် ရုပ်တို့တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပရမတ္ထရုပ်အစစ် တို့ကို မြင်အောင် ရှုရမည် ဖြစ်သည်။ ထိုသို့ မြင်အောင် ရှုနိုင်ရေးအတွက် ---- ၁။ ရှေးဦးစွာ ရုပ်ကလာပ်ကို မြင်အောင် ရှုရမည်။
这些色法正是真实的究竟色。禅修者必须观见这些真正的究竟色。为了能够如此观见:1.首先必须观见色聚。
၂။ ယင်းရုပ်ကလာပ်များကို (၈)မျိုး (၉)မျိုး (၁ဝ)မျိုး စသော ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲ နိုင်ရမည်၊ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ရမည်။
2.必须能分解这些色聚,以智逐一分析、观照,使智见抵达其中八种、九种、十种等究竟色。
ထိုသို့ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုနိုင်ပါမှ ရုပ် (၂၈)ပါးကို ကုန်စင်အောင် သိရှိနိုင်မည် ဖြစ်သည်။
唯有这样分解色聚,使智见抵达究竟层次而观照,才能无余了知二十八种色。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。