敲击铜钵喻
入出息念定部分 · 原书第 333–334 页 · 8 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 333 页
ကြေးခွက်တီးနှက်သည့် ဥပမာ
敲击铜钵喻
ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ---- ၁။ ဝင်သက်လေ ထွက်သက်လေ၏ ရှည်လျှင် ရှည်မှုကို သိအောင်၊ ၂။ ဝင်သက်လေ ထွက်သက်လေ၏ တိုလျှင် တိုမှုကို သိအောင်၊ ၃။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အစဥ် အတိုင်း ဆက်လက်၍ ကြိုးစား အားထုတ်ရမည် ဖြစ်သည်။
当瑜伽行者的修习心已平静地贴住入息、出息所缘而安住时,应当依次继续努力:1.入息、出息若长,便了知其长;2.入息、出息若短,便了知其短;3.清楚了知入息、出息从始、中至末的全体。
သတိပြုရန် ---- ဝင်သက်လေ ထွက်သက်လေတို့၏ အရှည်၊ အတို၊ အစ-အလယ်-အဆုံး = အကုန်လုံးတို့ကို သိအောင် ရှုရာ၌ ---- ၁။ အရှည်ကို အရှည်ဟု မမှတ်ပါနှင့်၊ ၂။ အတိုကိုလည်း အတိုဟု မမှတ်ပါနှင့်၊
应当注意:为了了知入息、出息的长、短及始、中、末全体而观修时——1.不要追随概念,把长息反复标记为“这是长”;2.也不要把短息反复标记为“这是短”;
原书第 334 页
၃။ အစ-အလယ်-အဆုံး အကုန်လုံးကိုလည်း = ဤကား အစ၊ ဤကား အလယ်၊ ဤကား အဆုံးဟု လိုက် မမှတ်ပါနှင့်။
3.对于始、中、末全体,也不要追随概念,逐一标记为“这是始、这是中、这是末”。
ထိုသို့ လိုက်မှတ်နေခဲ့သော် ဘာဝနာသမာဓိမှာ နှောင့်နှေးနေတတ်သည်။ သို့မဟုတ် သမာဓိ ပျက်သွား တတ်ပါသည်။ ရှည်လျှင် ရှည်သည့်အတိုင်း၊ တိုလျှင် တိုသည့်အတိုင်း၊ အစ-အလယ်-အဆုံးအကုန်လုံးကို ထင်ထင် ရှားရှား သိနေဖို့သာ လိုရင်း ဖြစ်သည်။ သို့သော် မမှတ်ဘဲ မနေနိုင်ပါက သုံးဆင့်လုံးမှာပင် ဝင်လေ-ထွက်လေ ဟုသာ မှတ်ပါ။
若如此追逐标记,修习定便可能迟缓,甚至退失。要点只在于:长息如其长、短息如其短,并清楚了知始、中、末全体。不过,如果完全不作标记便无法修习,那么在长、短与全息三个阶段,都只标记“入息、出息”即可。
ထိုသို့ ကြိုးစားအားထုတ်ရာ၌ အသင်ယောဂါဝစရ သူတော်စင်သည် ဝင်သက်လေ-ထွက်သက်လေတို့၏ (၁) ရှည်မှု (၂) တိုမှု (၃) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိနေအောင် အဆက်မပြတ် တရစပ် သိနေအောင်သာ ရှုနေပါ။ ယင်း ဝင်လေ ထွက်လေကို သက်သက်ရှည်အောင် ပြုပြင်မှု၊ သက်သက် တိုအောင် ပြုပြင်မှု မလုပ်ပါနှင့်၊ အသက်ရှူမြဲ သဘာဝအတိုင်းသာ အသက်ရှူနေပါ။ သက်သက်သာသာဖြင့်သာ အသက်ရှူနေပါ။ ပင်ကိုယ်သဘာဝ ရှူမြဲတိုင်း ဖြစ်ပေါ်နေသော ဝင်သက်လေ ထွက်သက်လေ၏ ရှည်လျှင် ရှည်မှု၊ တိုလျှင် တိုမှုကိုသာ သိအောင် ရှုနေပါ။ ရှည်လျှင် ရှည်သော ဝင်သက်လေ ထွက်သက်လေ၏ အစ- အလယ်-အဆုံး အကုန်လုံးကို ထိရာဌာနမှသာ စောင့်၍ သတိဖြင့် အစဥ်လိုက်လျက် ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ တိုလျှင် တိုသော ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထိရာဌာနမှသာ စောင့်၍ သတိဖြင့် အစဥ်လိုက်လျက် ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ ထိုသို့ ကျင့်ရာ၌ ဝင်သက်လေ ထွက်
如此努力时,贤善瑜伽行者只须持续不断地观修,使自己清楚、相续地了知入息、出息的(1)长、(2)短、(3)始、中、末全体。不可刻意把入息、出息拉长,也不可刻意把它们缩短;只须依一向自然的方式舒适呼吸,如实了知自然生起的入息、出息若长便是长、若短便是短。若息长,就只守在接触处,以念连续、清楚地了知这一入息或出息从始、中至末的全体;若息短,也只守在接触处,以念连续、清楚地了知这一入息或出息从始、中至末的全体。如此修习时,入息、出——
သက်လေများကို အဆင့်ဆင့် သိမ်မွေ့အောင်သာ ကျင့်ပါ။ အဆင့်ဆင့် သိမ်မွေ့စေရမည်ဟူသော အာဘောဂ = နှလုံးသွင်းဓာတ်ခံဖြင့်သာ ကျင့်ပါ။ ထိုသို့ ကျင့်ပါမှသာလျှင် ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက် လေများ အဆင့်ဆင့် ချုပ်ငြိမ်း၍ သွားမည် ဖြစ်သည်။ ကိုယ်စိတ်တို့ ပေါ့ပါးလာမည် ဖြစ်သည်။ 〔အရှည် အတို၌ သတိခိုင်မြဲလာသောအခါ အရှည် အတို၏ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ဆက်၍ အားထုတ် နေပါ။〕 ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေသည် ချုပ်ငြိမ်းသွားခဲ့ သော် သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည်လည်း ချုပ်ပျက်၍ သွားခဲ့သော် အဆင့်ဆင့် ထိုထက်သာ၍ သိမ်မွေ့သော သာ၍ သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်လာသည်သာလျှင် ဖြစ်ပေသည်။ အဘယ်သို့ ဖြစ်ပေါ်လာသနည်းဟူမူ ---
——息,应当只任其随着修习逐层趋于柔和微细;只以“让它们逐层趋于微细”这一 ābhoga(预先意向)作为修习的心行倾向。这样修习,粗重入息、出息的粗重状态才会逐层平息,身与心也会变得轻快。〔当念已稳固于长、短以后,应继续努力了知长息、短息的始、中、末全体。〕当这位瑜伽行者相续中的粗重入息、出息已经平息时,以微细入出息之相为所缘的修习心便会生起;当这一修习心也灭去后,依次又会生起以更加微细、越发微细的入出息之相为所缘的修习心。它是如何生起的呢?——
ယောကျာ်းသည် သံချောင်းကြီးဖြင့် ကြေးခွက်ကို တီးနှက်လေရာ၏၊ တစ်ချက် တီးလိုက်ရုံမျှဖြင့် ကြီးစွာ သော အသံသည် ဖြစ်ပေါ်လာလေရာ၏၊ ထိုယောကျာ်း၏ သန္တာန်ဝယ် ရုန့်ရင်းသော အသံလျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာလေရာ၏၊ ရုန့်ရင်းသော အသံသည် ချုပ်ပျက်သွားခဲ့သည်ရှိသော် ထိုနောင်မှ သိမ်မွေ့ သော အသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာလေရာ၏၊ ထိုသိမ်မွေ့သော အသံသည်လည်း ချုပ်ပျက်၍ သွားခဲ့သည်ရှိသော် အဆင့်ဆင့် ထိုထက်သာ၍ သိမ်မွေ့ သာ၍ သိမ်မွေ့သော အသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာသည်သာလျှင် ဖြစ်သကဲ့သို့ ဤဥပမာအတူပင် သာ၍ သိမ်မွေ့ သာ၍ သိမ်မွေ့သော အဿာသ-ပဿာသ နိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်နေသည်သာလျှင် တည်း။ ဤသို့ သိရှိပါလေ။ (ဝိသုဒ္ဓိ-၁-၂၇၅။)
譬如一名男子以粗铁棒敲击铜钵,只敲一下,便发出洪亮的声音;该男子相续中先会生起以粗显声音为所缘的心。粗显声音消逝以后,才生起以微细声音之相为所缘的心;这一微细声音也消逝以后,以更加微细、越发微细的声音之相为所缘的心,又会依次生起。正如这个譬喻,以更加微细、越发微细的入出息之相为所缘的修习心,也会持续依次生起。应当如此理解。(《清净道论》1-275。)