现见智与类智(之4)

一夜贤者经 · 原书第 84–109 页 · 220 个翻译单元

本页并入了原书的相邻小节:现见智与类智。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 84 页
နိဗ္ဗိဒါဉာဏ် --- ဘယတူပဋ္ဌာနဉာဏ် အာဒီနဝါနုပဿနာဉာဏ် မုဉ္စိတုကမျတာဉာဏ် သင်္ခါရုပေက္ခာ- ဉာဏ်ဟူသော ဤလေးမျိုးသော ဉာဏ်တို့ကို အားကောင်းသော ဗလဝဝိပဿနာဟု ခေါ်ဆို၏။ ယင်း ဗလဝ- ဝိပဿနာဉာဏ်ကိုပင် နိဗ္ဗိဒါဉာဏ်ဟုဆိုသည်။ ယင်းနိဗ္ဗိဒါဉာဏ်သည် အရဟတ္တမဂ်ကို ရခြင်း၏အကြောင်းရင်းပင် ဖြစ်သည်။
厌离智——怖畏现起智、过患随观智、欲解脱智、行舍智这四种智,称为“强力观”;这一强力观本身也称为厌离智。厌离智正是证得阿罗汉道的因。
ယထာဘူတဉာဏဒဿန --- ဟုတ်မှန်သည့် အတိုင်း သင်္ခါရတို့၏ သဘာဝကို သိတတ် မြင်တတ်သော ဉာဏ်သည် ယထာဘူတဉာဏဒဿန မည်၏။ တရုဏဝိပဿနာ ဟူသော နုသော ဝိပဿနာဉာဏ်တည်း။
如实智见——能够如实知见诸行自性的智,称为如实智见;它就是“初步观”,即尚处于初步阶段的观智。
(၁) သင်္ခါရပရိစ္ဆေဒဉာဏ်ဟူသော နာမရူပပရိစ္ဆေဒဉာဏ်၊ (၂) ကင်္ခါဝိတရဏဉာဏ်ဟူသော ပစ္စယပရိဂ္ဂဟဉာဏ်၊ (၃) သမ္မသနဉာဏ်၊ (၄) မဂ္ဂါမဂ္ဂဉာဏ်ဟူသော ဥဒယဗ္ဗယာနုပဿနာဉာဏ် --- ဤ ဉာဏ်လေးမျိုးသည် တရုဏ- ဝိပဿနာ = နုနယ်သော ဝိပဿနာ မည်၏။ ယင်း တရုဏဝိပဿနာသည် ဗလဝဝိပဿနာ၏ အကြောင်းရင်းပင် ဖြစ်သည်။ (သံ-ဋ္ဌ-၂-၅ဝ။) ယထာဘူတဉာဏဒဿန --- တွင် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဟူသော ဉာတပရိညာ၊ သမ္မသနဉာဏ် ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟူသော တီရဏပရိညာတို့ကို ယူ၍ အဋ္ဌကထာက ဖွင့်ဆိုထား၏။
(1)行分别智,即名色分别智;(2)度疑智,即缘摄受智;(3)思惟智;(4)道非道智,即生灭随观智——这四种智称为初步观。初步观正是强力观的因。(《相应部义注》2-50。)义注在解释“如实智见”时,把名色分别智、缘摄受智这两种知遍知,以及思惟智、生灭随观智这两种审察遍知摄入其中。
ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့၏ သဘာဝကို ပစ္စက္ခအားဖြင့် မျက်မှောက်ပြုလျက် သိတတ်- သော အနက်သဘောကြောင့် ဉာတပရိညာ တီရဏပရိညာ နှစ်ပါးကို ယထာဘူတဉာဏဒဿန အရတွင် ယူ၍ ဖွင့်ဆိုထားပေသည်။ (သံ-ဋီ-၂-၆၅။) ဤ အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ --- ၁။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ သဘာဝလက္ခဏာမှန်ကို ပိုင်းခြားယူတတ်သော နာမရူပပရိစ္ဆေဒဉာဏ်၊ ၂။ ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ်ဖြစ်ပုံဟူသော ကြောင်း- ကျိုး-ဆက်နွယ်မှုသဘောကို ပိုင်းခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်၊ ၃။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ (၁) ပစ္စယတော ဥဒယဝယ၊ (၂) ခဏတော ဥဒယဝယ - ဟူသော နှစ်မျိုးသောအခြင်းအရာအားဖြင့် ဖြစ်မှုပျက်မှု ဥဒယဝယကိုလည်းကောင်း၊ ယင်းတို့၏ အနိစ္စသဘာဝမှန် ဒုက္ခသဘာဝမှန် အနတ္တသဘာဝမှန်ကိုလည်းကောင်း ရှုမြင်တတ်သော သမ္မသနဉာဏ် ဥဒယဗ္ဗယာ-
因为知遍知与审察遍知能够以现见而亲自现前了知称为苦谛、集谛的诸行自性,所以复注在“如实智见”之下摄取这两种遍知。(《相应部复注》2-65。)依照上述巴利、义注与复注,应当知道:1.能分别把握缘起诸支真实自性特相的名色分别智;2.能分别把握缘起诸支的因与果彼此相联而反复生起这一因果关系的缘摄受智;3.能够依(1)因缘层面的生灭、(2)刹那层面的生灭这两种方式,观见缘起诸支的生灭,并观见其真实的无常自性、苦自性与无我自性的思惟智及生灭——
နုပဿနာဉာဏ် --- ဤဉာဏ်တို့ကား ပစ္စက္ခဉာဏ်တို့ပင် ဖြစ်ကြသည်ဟု မှတ်သားပါ။
——随观智——这些智都是现见智。
ယင်းသို့ ဖြစ်လျှင် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို အနွယဉာဏ်ဖြင့် မရှုကောင်းတော့ပြီလောဟု မေးရန် ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
那么,是否就不应再以类智观照这些缘起支呢?答复如下。
နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ-၂-၄၂၃။) တစ်နည်း --- နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့်ပြီး၍ ထိုနောင်မှ အတိတ်အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်သည် ဖြစ်ဘိသော်။
“另一种解释是:这是为了显示理路而说。首先,见到现在诸法的生灭之后,才把这一理路引向过去与未来。”(《大复注》2-423。)另一种说法是:这是依显示理路而说。先以现见智完成对现在诸法生灭的观见,随后才把这一方法运用于过去与未来,观作“同样如此”。
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
(ပြည်-ဝိသုဒ္ဓိမဂ်နိဿယ-၅-၁၆၅။)
(卑谬尊者《清净道论依词释》第五册,165。)
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
သတိပြုပါ --- ဤ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ ဆိုလိုသော ပစ္စုပ္ပန္နဓမ္မကိုလည်းကောင်း၊ ယင်း ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဉာဏ်ဖြင့် မြင်ပြီးပါမှ အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ ၎င်းင်းနည်းဟု ရှုရသည်ကို-
应当注意:一方面,要明白生灭智部分所说的“现在法”究竟何指;另一方面,必须先以现见智见到这些现在法的生灭,才把同一方法运用于过去与未来,观作“同样如此”——
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
原书第 85 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း လည်းကောင်း သတိပြုပါလေ။
——这两点都应留意。
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့နှင့် ဆက်စပ်လျက်ရှိသော ဉာတပရိညာနှင့် တီရဏပရိညာတို့ကို တင်ပြပြီးနောက် ယခုတစ်ဖန် ပဟာနပရိညာအကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။
说明了与缘起支相关的知遍知和审察遍知之后,现在继续说明断遍知。
ပဟာနပရိညာ --- ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ကြိတ်ခြေနေသော ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်- တို့သည်ကား ပယ်သင့် ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် သိသင့် သိထိုက်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ပိုင်းခြားသိသောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ ဤကား လောကီပရိညာသုံးပါးတည်း။
断遍知——从坏灭智开始的更高阶观智,只以智看见缘起诸支的坏灭,轮流标举三相而反复观照;这些观智以彼分断的方式舍断应断的烦恼,同时分别了知应知的缘起诸支具有无常、苦、无我的行相,因此称为断遍知。以上就是世间三遍知。
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ-၅၅။) ၌ ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံ အာရုံစာရင်းတို့ကို ရေတွက်- ပြရာတွင် အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့လည်း ပါဝင်ကြ၏။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုပွားရ- မည်သာဖြစ်သည်။ ယင်းသို့ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုရာဝယ် ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ရှုလိုက်နိုင်သော အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကား သမ္ပတိဒိဋ္ဌ သင်္ခါရတရားတို့တည်း။
《无碍解道》(55)列举坏灭随观智所观的所缘时,也列入从无明直到老死的缘起诸支。因此,禅修者也必须以坏灭随观智对这些缘起支作毗婆舍那观。如此修观时,已经由坏灭随观智观见的无明乃至老死等缘起支,是“当前已见行法”。
ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မရှုလိုက်နိုင်သော မမြင်လိုက်နိုင်သော အဝိဇ္ဇာ။ ပ ။ ဇရာမရဏတို့ကား သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့တည်း။ ယင်း သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့ကို - အဒိဋ္ဌမ္ပိ အတီတာနာဂတံ - (မဟာဋီ-၂- ၄၄၂။) စသည်ဖြင့် ဖွင့်ဆိုထားပေသည်။ ယင်း အတိတ် အနာဂတ်ဖြစ်သည့် သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့ကို အနွယဉာဏ်ဖြင့် ဝိပဿနာရှုရန် အောက်ပါအတိုင်း ညွှန်ကြားထားတော်မူ၏။
未能由坏灭随观智观见的无明乃至老死,则是“当前未见行法”。《大复注》以“အဒိဋ္ဌမ္ပိ အတီတာနာဂတံ”(连未见的过去与未来;《大复注》2-442)等语解释这些当前未见行法。关于如何以类智对这些属于过去、未来的当前未见行法作毗婆舍那观,圣典作如下指示。
Evaṃ virattoti evaṃ bhaṅgānupassanānusārena viratto. Yathā diṭṭhaṃ sampati upaṭṭhitaṃ saṅkhāragataṃ nirodheti nirodhaṃ manasikaroti. Adiṭṭhampi atītānāgataṃ anvayañāṇavasena yathā idaṃ etarahi, evaṃ itarepīti anuminanto nirodheti manasikatassāpi nirodhaṃ karoti, no samudetīti etthāpi eseva nayo, no samudayaṃ manasikarotīti attho.
အထ ဝါ သော ဧဝံ ဝိရတ္တော ယထာဒိဋ္ဌံ သင်္ခါရဂတံ၊ တထာ အဒိဋ္ဌမ္ပိ အနွယဉာဏဝသေန နိရောဓေတိ၊ နော သမုဒေတိ။ နိရောဓတောဝ မနသိကရောတိ။ နိရောဓမေဝဿ ပဿတိ၊ နော သမုဒယန္တိ အတ္ထော။
“换一种说法,这位如此离贪者,对于如实已见的诸行如何作意其灭,也同样以类智对未见的诸行作意其灭,而不作意其生起。他只从灭这一面作意;其义是,他只观见这些行之灭,不观见其生起。”
Atha vā so evaṃ viratto yathādiṭṭhaṃ saṅkhāragataṃ, tathā adiṭṭhampi anvayañāṇavasena nirodheti, no samudeti. Nirodhatova manasikaroti. Nirodhamevassa passati, no samudayanti attho.
(ဝိသုဒ္ဓိ-၂-၂၇၉။) ဧဝံ ဝိရတ္တောတိ ဧဝံ ဘင်္ဂါနုပဿနာနုသာရေန ဝိရတ္တော။ ယထာ ဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ နိရောဓေတိ နိရောဓံ မနသိကရောတိ၊ အဒိဋ္ဌမ္ပိ အတီတာနာဂတံ အနွယဉာဏဝသေန ယထာ ဣဒံ ဧတရဟိ၊ ဧဝံ ဣတရေပီတိ အနုမိနန္တော နိရောဓေတိ မနသိကတဿာပိ နိရောဓံ ကရောတိ။ နော သမုဒေတီတိ ဧတ္ထာပိ ဧသေဝ နယော၊ နော သမုဒယံ မနသိကရောတီတိ အတ္ထော။ (မဟာဋီ-၂-၄၄၂။) ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ-၂-၂၇၈။) ဤ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော တရားတို့ကား ဘင်္ဂါနုပ- ဿနာဉာဏ်ဖြင့် ဝိပဿနာရှုပွားသုံးသပ်ရမည့် တရားတို့ ဖြစ်ခြင်းကြောင့် ဉာတမည်၏။ ယင်း ဉာတတရားတို့ကို ဝိပဿနာရှုနေသော ဘင်္ဂါနုပဿနာဉာဏ်ကား ဉာဏမည်၏။ ဤ ဘင်္ဂါနုပဿနာဉာဏ်ပိုင်းတွင် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း ဉာတတရားတို့၏ အပျက်ကို အာရုံယူ၍လည်း လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုရ၏။
(《清净“‘如此离贪’,即依随坏灭随观而如此离贪。对于已见、当前现前的诸行,他作意其灭;对于未见的过去与未来,也以类智推知:‘正如现在这样,其他诸行也是如此’,从而作意其灭,也将所作意者置于灭这一面。‘不使之生起’在这里也依同一理路,意即不作意其生起。”(“所知与能知,二者都应作毗婆舍那观。”(《清净道论》2-278。)在缘起部分,从无明直到老死的诸法,因为是应由坏灭随观智作毗婆舍那观的法,所以称为“所知”;正在观照这些所知法的坏灭随观智,则称为“能知”。在坏灭随观智阶段,禅修者也要以这些所知法的坏灭为所缘,标举三相而作毗婆舍那观。
Atha vā so evaṃ viratto yathādiṭṭhaṃ saṅkhāragataṃ, tathā adiṭṭhampi anvayañāṇavasena nirodheti, no samudeti. Nirodhatova manasikaroti. Nirodhamevassa passati, no samudayanti attho.Evaṃ virattoti evaṃ bhaṅgānupassanānusārena viratto. Yathā diṭṭhaṃ sampati upaṭṭhitaṃ saṅkhāragataṃ nirodheti nirodhaṃ manasikaroti. Adiṭṭhampi atītānāgataṃ anvayañāṇavasena yathā idaṃ etarahi, evaṃ itarepīti anuminanto nirodheti manasikatassāpi nirodhaṃ karoti, no samudetīti etthāpi eseva nayo, no samudayaṃ manasikarotīti attho.Ñātañca ñāṇañca ubhopi vipassati.
ယင်း ဝိပဿနာဉာဏ်ဟူသော ဉာဏတရား၏ အပျက်ကိုလည်း အာရုံယူ၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရ၏။
对于称为观智的能知法之坏灭,也要再以它为所缘,反过来作毗婆舍那观。
Ñātañca ñāṇañca ubhopi vipassati.
ပဋိဝိပဿနာတည်း။ ဉာတ ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုရသော ဉာဏ်မျိုး ဖြစ်၏။ ယင်း ဉာတ ဉာဏ တရားနှစ်မျိုးလုံးကိုပင် သင်္ခါရတရားဟု ခေါ်ဆို၏။
这就是“返观”(paṭivipassanā):一种把所知与能知二者都作为所缘而作毗婆舍那观的智。这所知法与能知法二者,都称为行法。
Ñātañca ñāṇañca ubhopi vipassati.
原书第 86 页
ဤ ဘင်္ဂါနုပဿနာဉာဏ်သို့ အစဥ်လျှောက်သဖြင့် သင်္ခါရတရားတို့ အပေါ်၌ (ခပ်ကြာကြာ ခွာထား- နိုင်သောအားဖြင့် ) တပ်မက်ခြင်း ရာဂကင်းသော ထို ယောဂါဝစရပုဂ္ဂိုလ်သည် မျက်မှောက်သိမြင်အပ်သော ဉာဏ်ဝ၌ ရှေးရှုထင်လာသော --- ၁။ အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ဉာတတရား၊ ၂။ ယင်း ဉာတတရား၏ အပျက်ကို ရှုနေသော ဝိပဿနာဉာဏ်ဟူသော ဉာဏတရား --- ဤ ဉာတ - ဉာဏဟူသော သင်္ခါရတရားအပေါင်းကို ချုပ်ခြင်းကိုနှလုံးသွင်းသကဲ့သို့ ထို့အတူ ဝိပဿနာ- ဉာဏ်ဖြင့် မတွေ့မမြင်အပ်သေးသော မရှုရသေးသော ဝိပဿနာဉာဏ်ဝ၌ မထင်လာသေးသော သမ္ပတိ အဒိဋ္ဌ = သမ္ပတိ အနုပဋ္ဌိတ ဖြစ်သည့် (အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော) သင်္ခါရတရားအပေါင်းကိုလည်း အလျော်ဆ၍ ယူတတ်သော အနွယဉာဏ်၏ အစွမ်းဖြင့်၊ ယခုမျက်မှောက် လက်ငင်း ပစ္စက္ခဉာဏ်ဖြင့် မမြင်- အပ်သေးသော မရှုရသေးသော အတိတ် အနာဂတ် သင်္ခါရတရားသည်လည်း ဤသို့ ချုပ်ခြင်းသဘော ရှိသည်-
那位禅修者由于一直随顺坏灭随观智,能够在一段较长时间内远离对诸行的贪著,因而对诸行离贪。他怎样对当前现前于现见智中的诸行——1.从无明直到老死的所知法;2.正在观照所知法坏灭、称为观智的能知法——即这两类称为所知与能知的行法作意其灭,也同样以善于类推的类智,对尚未由观智见到、尚未观照、尚未在观智中现前,称为“当前未见=当前未现前”的从无明直到老死的一切行法,加以类推:“这些尚未由当下现见智观见、尚未观照的过去与未来行法,也唯有这样的坏灭性质——”
Atha vā so evaṃ viratto yathādiṭṭhaṃ saṅkhāragataṃ, tathā adiṭṭhampi anvayañāṇavasena nirodheti, no samudeti. Nirodhatova manasikaroti. Nirodhamevassa passati, no samudayanti attho.Evaṃ virattoti evaṃ bhaṅgānupassanānusārena viratto. Yathā diṭṭhaṃ sampati upaṭṭhitaṃ saṅkhāragataṃ nirodheti nirodhaṃ manasikaroti. Adiṭṭhampi atītānāgataṃ anvayañāṇavasena yathā idaṃ etarahi, evaṃ itarepīti anuminanto nirodheti manasikatassāpi nirodhaṃ karoti, no samudetīti etthāpi eseva nayo, no samudayaṃ manasikarotīti attho.
သာတည်း --- ဟု ဤသို့ နှိုင်းရှည့်လျက် ချုပ်ခြင်း နိရောဓသဘောကို နှလုံးသွင်း၏၊ ဖြစ်ခြင်း သမုဒယကို နှလုံးမသွင်း။ ချုပ်သောအားဖြင့်သာလျှင် = အချုပ်ကိုသာလျှင်နှလုံးသွင်း၏၊ ထိုသင်္ခါရတရားအပေါင်း၏ ချုပ်ခြင်း နိရောဓကိုသာလျှင် ရှု၏၊ ဖြစ်ခြင်း သမုဒယကို မရှု။ (ဝိသုဒ္ဓိ-၂-၂၇၉။ မဟာဋီ-၂-၄၄၂။)
——而已。”他这样比较,作意坏灭,不作意生起;只从坏灭这一面,也就是只作意坏灭,只观见这一切行法之灭,不观见其生起。(《清净道论》2-279;《大复注》2-442。)
Atha vā so evaṃ viratto yathādiṭṭhaṃ saṅkhāragataṃ, tathā adiṭṭhampi anvayañāṇavasena nirodheti, no samudeti. Nirodhatova manasikaroti. Nirodhamevassa passati, no samudayanti attho.Evaṃ virattoti evaṃ bhaṅgānupassanānusārena viratto. Yathā diṭṭhaṃ sampati upaṭṭhitaṃ saṅkhāragataṃ nirodheti nirodhaṃ manasikaroti. Adiṭṭhampi atītānāgataṃ anvayañāṇavasena yathā idaṃ etarahi, evaṃ itarepīti anuminanto nirodheti manasikatassāpi nirodhaṃ karoti, no samudetīti etthāpi eseva nayo, no samudayaṃ manasikarotīti attho.
လောကုတ္တရာ ပရိညာ သုံးပါး
出世间三遍知
ဤ လောကီပရိညာပညာဟူသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံယူ၍ ထင်ရှား ဖြစ်ပေါ်လာ၏။ ယင်း အရိယမဂ်တရားသည် ပယ်သင့် ပယ်ထို်က်သော ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ထွင်းဖောက်သိ၏။ ထိုကြောင့် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသော အမည်ကို ရရှိပေသည်။
在称为世间遍知之慧的诸观智终点,圣道法取无为界、寂静界——殊胜涅槃——为所缘而明显生起。圣道法以正断把各自应断的烦恼灭除无余,并透彻知见应知的无为界、寂静界——殊胜涅槃。因此,就直接、主要的意义而言,圣道法称为断遍知。
အရိယမဂ်တရားသည် အာရုံမျက်မှောက်ထွင်းဖောက်သိမြင်ခြင်း = အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကို မျက်မှောက်ပြုလျက် သိ၏။ ထိုသို့ သိရာ၌ ယင်း အရိယမဂ်တရားက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အကူအညီကို ရရှိသဖြင့် သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သတ်နိုင်သည့်အတွက် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ယင်းသို့ ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုတွင် အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓအားဖြင့် နိရောဓသစ္စာကို သိ၏။ အသမ္မောဟပဋိဝေဓ အားဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို သိ၏။
圣道法依亲自现前透彻知见所缘的“所缘通达”,把无为界、寂静界——殊胜涅槃——置于现前而知。如此了知时,圣道法得到作为所缘缘的殊胜涅槃之助力,也把遮蔽四圣谛、令其不能被知见的痴灭除无余。由于能够灭除遮蔽四圣谛的痴,对四谛的了知作用也同时完成;这种依作用成就而知四谛,称为“无痴通达”。其中,圣道法依所缘通达而知灭谛,依无痴通达而知苦谛、集谛与道谛。
ထိုသို့သိခြင်းကြောင့် အရိယမဂ်တရားသည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား အမည်ရသည့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့နှင့် ယင်း အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို သိခြင်းကိစ္စ- သည်လည်း ကိစ္စသိဒ္ဓိအားဖြင့် တစ်ပါတည်း ပြီးစီးသွား၏။ ထိုကြောင့် အရိယမဂ်တရားသည် ဤ အကြောင်း ပရိယာယ်အားဖြင့် ဉာတပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။
由于如此了知,圣道法对于称为苦谛与集谛的缘起诸支,以及这些支分彼此间的因果关系,也依作用成就而同时完成了知。因此,从这一意义来说,圣道法也称为知遍知。
တစ်ဖန် အရိယမဂ်တရားသည် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။
此外,圣道法也把遮蔽苦谛与集谛之无常、苦、无我三项行相,令其不能被知见的痴灭除无余。
原书第 87 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ယင်းသို့ ပယ်သတ်လိုက်သဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တည်းဟူသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို စူးစမ်း ဆင်ခြင် ဆုံးဖြတ်ခြင်း လုပ်ငန်းကိစ္စသည်လည်း ကိစ္စသိဒ္ဓိအားဖြင့် တစ်ပါတည်း ပြီးစီးပြီး ဖြစ်သွား၏။
由于这样灭除了痴,对称为苦谛与集谛的缘起诸支——也就是色、名、因、果等行法——之无常行相、苦行相与无我行相作探究、思惟和判定的作用,也依作用成就而同时完成。
ထိုကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။ ဤကား လောကုတ္တရာပရိညာ သုံးပါးတည်း။
因此,从这一意义来说,圣道法也称为审察遍知。以上就是出世间三遍知。
ဤသို့ လောကီပရိညာ သုံးပါး လောကုတ္တရာပရိညာ သုံးပါးတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် အကြောင်း တရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိပါမှသာလျှင် အနုဗောဓသိ ပဋိဝေဓသိဟု ခေါ်ဆိုနိုင်ပေသည်။ ထို အနုဗောဓသိ ပဋိဝေဓသိ တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိရှိ ပါမှလည်း အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်းကောင်း၊ အပါယ်မှကြွင်းသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ လည်းကောင်း ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ထို အနုဗောဓသိ ပဋိဝေဓသိတည်းဟူသော အတ္တ ပစ္စက္ခဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါမူကား ယင်းသို့ မသိဘဲလျက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်သွားသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ
如此,只有以世间三遍知与出世间三遍知这种亲证现见智,亲自现前、透彻地知见因法与果法的因果关联——即缘起之理,才可称为“随觉而知、通达而知”。也只有以称为随觉知与通达知的亲证现见智,亲自现前、透彻地知见缘起之理,才能超越恶趣轮回之苦,以及恶趣以外诸趣的轮回之苦。若不以这种亲证现见智亲自现前、透彻知见缘起之理,却仍能超越轮回之苦,则这样的任何人、任何有情——
မည်သည် အိပ်မက်၏ အတွင်း၌သော်မှလည်း မရှိခဲ့စဖူးပေ။ ဤကား အထက်ပါ မဟာနိဒါနသုတ္တန် ကောက်နုတ်- ချက်၏ ဆိုလိုရင်းတည်း။
——即使在梦中也从未存在过。以上就是上述《大因缘经》节录的要旨。
ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရာ၌ --- အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ - စသည့် သင်္ခါရလောက၏ ဖြစ်စဥ်ကိုသာ ရှုရသည် မဟုတ်သေး၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံ၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်ပုံ - ဤသို့ စသည့် သင်္ခါရလောက၏ ချုပ်စဥ်ကိုလည်း ရှုရမည်သာ ဖြစ်သည်။ ထိုသို့ ရှုရန် ကစ္စာနဂေါတ္တသုတ္တန် စသော ထိုထိုသုတ္တန်တို့၌ ဘုရားရှင်ကိုယ်တော်တိုင်က ညွှန်ကြားထားတော်မူ၏။ (သံ-၁-၂၅၇ - စသည်၌ ကြည့်ပါ။) သင်္ခါရတို့၏ ဖြစ်မှု ဥဒယကို လောကသမုဒယ - ဟု လည်းကောင်း၊ သင်္ခါရတို့၏ ပျက်ခြင်း ဝယကို လောကနိရောဓဟုလည်းကောင်း ခေါ်ဆို၏။ တစ်နည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်ပုံ စသည့် သင်္ခါရလောက၏ ဖြစ်စဥ်ကိုလည်း လောကသမုဒယ ဟု ခေါ်ဆို၏၊ အနုလောမပစ္စယာကာရ
禅修者以正见智观照缘起之理,直到知见时,不仅要观照行世间的生起次第——例如由无明而有行、由行而有识;也必须观照行世间的止息次第——例如由无明灭而行灭、由行灭而识灭。佛陀亲自在《迦旃延氏经》等诸经中教导应当如此观照。(参见《相应部》1-257等。)诸行的生起,称为“世间集”;诸行的坏灭,称为“世间灭”。换一种说法,由无明而有行、由行而有识等行世间的生起次第,也称为世间集,又称为顺缘行相——
ဟုလည်း ခေါ်ဆို၏။ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာစသော အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ချုပ်- ငြိမ်းခြင်း = အသေသဝိရာဂသဘော၊ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ အသေသဝိရာဂ = အကြွင်းအကျန် မရှိ ချုပ်ငြိမ်းခြင်း၊ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း - ဟူသည့် သင်္ခါရလောက၏ ချုပ်စဥ်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ ပဋိလောမပစ္စယာကာရ ဟုလည်း ခေါ်ဆို၏။
——即顺缘起。由于阿罗汉道,无明等因法以灭尽无余、亦即不再生起之灭而止息;由于这些因法止息,行等果法也以灭尽无余、亦即不再生起之灭而止息。行世间的这一止息次第,也称为“世间灭”,又称为逆缘行相,即逆缘起。
ယင်း လောကသမုဒယ၊ လောကနိရောဓဟု ခေါ်ဆိုသည့် သင်္ခါရတို့၏ ဖြစ်မှု ပျက်မှုနှင့် အနုလောမ- ပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်၊ ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှုခြင်းကြောင့် မည်သို့ အကျိုးရှိပါသနည်း၊ ထိုသို့ ရှုရာ၌ ဆရာ့အပြောနှင့်သာ အလွမ်းကြီး လွမ်းနေရမည်လော၊ အနွယဉာဏ်သက်သက်မျှဖြင့်သာ မျက်ရမ်းမှန်းဆ၍ ရှုရမည်လော ဟု မေးရန် ရှိ၏။ အဖြေကို သိလိုပါက အောက်ပါ ကစ္စာနဂေါတ္တသုတ္တန် ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။
观照这些称为世间集、世间灭的诸行生灭,以及顺缘行相=顺缘起、逆缘行相=逆缘起,究竟有什么利益?如此观照时,难道只须凭老师所说而遥想吗?只须以类智盲目揣测而观吗?若想知道答案,请读下列《迦旃延氏经》节录。
原书第 88 页
ကစ္စာနဂေါတ္တသုတ္တန် ကောက်နုတ်ချက်
《迦旃延氏经》节录
တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏။ ထိုအခါ အရှင်ကစ္စာန ဂေါတ္တသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား --- ''အရှင်ဘုရား …မှန်သောအမြင် = သမ္မာဒိဋ္ဌိ၊ မှန်သောအမြင် = သမ္မာဒိဋ္ဌိ ဟူ၍ဆိုပါ၏၊ အရှင်ဘုရား …အဘယ်မျှဖြင့် မှန်သောအမြင် = သမ္မာဒိဋ္ဌိ ဖြစ်ပါသနည်း'' --- ဟု ဤစကားကို လျှောက်ထား၏။
一时,世尊住在舍卫城。当时,迦旃延氏尊者来到世尊处,礼敬世尊后坐在一旁,向世尊禀白:“世尊,人们说‘正见、正见’。世尊,要到什么程度才是正见呢?”
ထိုအခါ ဘုရားရှင်က ကစ္စာနဂေါတ္တသုတ္တန် ဟု အမည်တပ်ထားသော တရားဒေသနာတော်ကို ဟောကြားပေး- တော်မူ၏။ ယင်း သုတ္တန်မှ အချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။
于是,世尊为他宣说了名为《迦旃延氏经》的法。这里摘录该经的一部分。
ဒွယနိဿိတော ခွာယံ ကစ္စာန လောကော ယေဘုယျေန အတ္ထိတဉ္စေဝ နတ္ထိတဉ္စ။ လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။ ဥပယု- ပါဒါနာဘိနိဝေသဝိနိဗန္ဓော ခွာယံ ကစ္စာန လောကော ယေဘုယျေန၊ တဉ္စာယံ ဥပယုပါဒါနံ စေတသော အဓိဋ္ဌာနံ အဘိနိဝေသာနုသယံ န ဥပေတိ န ဥပါဒိယတိ နာဓိဋ္ဌာတိ ''အတ္တာ မေ''တိ။ ''ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတီ''တိ န ကင်္ခတိ န ဝိစိကိစ္ဆတိ၊ အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ။ (သံ-၁-၂၅၇-၂၅၈။) သမ္မပ္ပညာယ ပဿတောတိ သမ္မာပညာ နာမ သဝိပဿနာ မဂ္ဂပညာ၊ တာယ ပဿန္တဿာတိ အတ္ထော။
“迦旃延,此世间大多依止二者,即有与无。迦旃延,以正慧如实观见世间集者,世间所谓‘无’之见便不会生起;以正慧如实观见世间灭者,世间所谓‘有’之见便不会生起。迦旃延,此世间大多被趋附、取著和固执所系缚;然而,此人对于那种趋附与取著、心的立足处及固执随眠,不趋入、不执取,也不把它执定为‘我的自我’。他不疑惑、不犹豫:‘生起时,唯有苦生起;止息时,唯有苦止息。’在这里,他的智不依他缘。迦旃延,到此即有正见。”(《相应部》1“‘以正慧如实观见者’:所谓正慧,就是与观慧相伴的道慧;其义是,以此慧观见的人。”
(သံ-ဋ္ဌ-၂-၃၁။)
(《相应部义注》2-31。)
အပိစ လောကသမုဒယန္တိ အနုလောမပစ္စယာကာရံ။ လောကနိရောဓန္တိ ပဋိလောမပစ္စယာကာရံ။
“此外,‘世间集’即顺缘行相;‘世间灭’即逆缘行相。”
လောကနိဿယေ ပဿန္တဿာပိ ဟိ ပစ္စယာနံ အနုစ္ဆေဒေန ပစ္စယုပ္ပန္နဿ အနုစ္ဆေဒံ ပဿတော ယာ နတ္ထီတိ ဥစ္ဆေဒဒိဋ္ဌိ ဥပ္ပဇ္ဇေယျ၊ သာ န ဟောတိ။ ပစ္စယနိရောဓံ ပဿန္တဿာပိ ပစ္စယနိရောဓေန ပစ္စယုပ္ပန္နနိရောဓံ ပဿတော ယာ အတ္ထီတိ သဿတဒိဋ္ဌိ ဥပ္ပဇ္ဇေယျ၊ သာ န ဟောတီတိ အယမ္ပေတ္ထ အတ္ထော။ (သံ-ဋ္ဌ-၂-၃၁။) အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတီတိ ဧဝံ သတ္တသညာယ ပဟီနတ္တာ ဧတ္တကေန သမ္မာ- ဒဿနံ နာမ ဟောတီတိ မိဿကသမ္မာဒိဋ္ဌိ အာဟ။ (သံ-ဋ္ဌ-၂-၃၂။) အယမ္ပီတိ န ကေဝလံ ခဏတော ဥဒယဝယနီဟရဏနယော ၊ အထ ခေါ ပစ္စယတော ဥဒယဝယ- နီဟရဏနယောပိ။ (သံ-ဋီ-၂-၃၇။) န ပရပ္ပစ္စယေနာတိ ပရဿ အသဒ္ဒဟနေန။ မိဿကသမ္မာဒိဋ္ဌိ အာဟာတိ နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိ အဝေါစ။ (သံ-ဋီ-၂-၃၈။)
“对于观见世间所依者——也就是看见诸缘不断,缘生法也不断的人——原本可能生起的‘无’之断灭见便不会生起。对于观见缘灭者,因为他看见缘灭则缘生法也灭,原本可能生起的‘有’之常见便不会生起;这里也有这样的意思。”(《相应“‘不依他缘’,即不以他人为缘;不是由于信从别人,在这里,他所有的只是亲证现见智。‘迦旃延,到此即有正见’,意谓如此舍断有情想,达到这一程度便称为正见;这里说的是世间与出世间相混合的正见。”(《相应“‘这一点也是’,意谓不只有从刹那层面引申生灭的理路,也有从因缘层面引申生灭的理路。”(《相应“‘不依他缘’,意谓不是由于信从别人。‘说混合正见’,意谓因为正见是从名色分别开始宣说的,所以说的是世间与出世间相混合的正见。”(《相应部复注》2-38。)
ကစ္စာန …ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် (အတ္တသည် အမြဲရှိ၏ ဟုယူသော အတ္တ) ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ (အတ္တသည် ပြတ်၏ ဟုယူသော အတ္တ) မရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟူသော) နှစ်ပါးကို မှီ၍ နေ၏။
迦旃延……这一切有情大多依止二者而住:一是“有”——执取自我恒常存在;二是“无”——执取自我断灭;也就是常见和断灭见。
ကစ္စာန …သင်္ခါရလောက၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို ဟုတ်မှန်သော အတိုင်း ကောင်းမွန် မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်သောသူအား (အတ္တသည် သေလျှင်ပြတ်၏ဟု စွဲယူသော) မရှိဟူသော အယူသည် မဖြစ်။
迦旃延……对于以如实、正确的观慧与道慧,见到行世间的生起之因与生起本身的人,执著“自我死后断灭”的“无”见便不会生起。
原书第 89 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ကစ္စာန …သင်္ခါရလောက၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို ဟုတ်မှန်သော အတိုင်း ကောင်းမွန် မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်သောသူအား သင်္ခါရလောက၌ (အတ္တသည် မသေ မပျောက် အမြဲတည်၏ဟု စွဲယူသော အတ္တ) ရှိ၏ဟူသော အယူသည် မဖြစ်။
迦旃延……对于以如实、正确的观慧与道慧,见到行世间的止息之因与止息本身的人,行世间中执著“自我不死不灭、恒常存在”的“有”见便不会生起。
ကစ္စာန …သင်္ခါရတရားတို့၌ ''ငါ့ဟာ ငါ့ဟာ''ဟု တဏှာဖြင့် ကပ်ရောက်မှု = တဏှုပယ၊ ''ငါ၏ အတ္တ''ဟု ဒိဋ္ဌိဖြင့် ကပ်ရောက်မှု = ဒိဋ္ဌုပယ၊ ပြင်းစွာစွဲလမ်းမှု = ဥပါဒါန်၊ နစ်မြုပ်စူးဝင်မှု = အဘိနိဝေသတို့သည် ဤ သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့၍ ထားအပ်၏။
迦旃延……对于诸行,以爱黏附“我的、我的”,即爱趋附(taṇhūpaya);以见黏附“我的自我”,即见趋附(diṭṭhūpaya);强烈执著即取(upādāna);沉入固执即固执(abhinivesa)。这些法大多把这一切有情系缚起来。
ဤ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု = ဥပယ၊ ပြင်းစွာစွဲလမ်းမှု = ဥပါဒါန်ကို ''ငါ၏ အတ္တ''တည်းဟု မကပ်ရောက် မစွဲလမ်း မဆောက်တည်။
然而,我这位已经成为圣者的弟子,对于那作为心之立足处、沉入处与潜伏处的趋附(upaya)及强烈执著的取(upādāna),不趋附、不执取,也不把它们建立为“我的自我”。
''ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ = ဖြစ်ခဲ့သော် ဒုက္ခသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏'' --- ဟု ယုံမှားမှု မရှိ၊ တွေးတောမှု မရှိ။
“生起时,唯有苦生起;止息时,唯有苦止息。”对此,他不疑惑,也不犹豫。
အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ = ဤအရာ၌ ထိုတပည့်သာဝကအား သူတစ်ပါးကို အား- ထား၍ ယုံကြည်သည် မဟုတ်၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် သိခြင်းသည်သာလျှင် ဖြစ်၏။
“在这里,他的智不依他缘。”也就是说,在这件事上,那位弟子并非依靠、信从他人;唯有以亲证现见智亲自现前了知。
ကစ္စာန …ဤမျှဖြင့် မှန်သောအမြင် = သမ္မာဒိဋ္ဌိသည် ဖြစ်ပေ၏။ (သံ-၁-၂၅၇-၂၅၈။)
迦旃延……到此,正见便得以成立。(《相应部》1-257—258。)
လောကသမုဒယ - လောကနိရောဓ
世间集与世间灭
အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံ ဟူသည့် သင်္ခါရလောက၏ ဖြစ်စဥ် = အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။ အဝိဇ္ဇာ၊ သင်္ခါရ - စသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်မှု ဥပါဒ် သဘောကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။
由于无明生起而有行,由行生起而有识;行世间这样的生起次第=顺缘行相=顺缘起之理,也称为“世间集”。无明、行等缘起支的生起相,即生起(uppāda),也称为“世间集”。
အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့်) အကြွင်း အကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် သင်္ခါရ စသော အကျိုးတရား၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် )အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော သင်္ခါရလောက၏ ချုပ်စဥ် = ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ အဝိဇ္ဇာ၊ သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ဝိပရိဏာမလက္ခဏာဟူသော ပျက်ခြင်း ဘင်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။
由于阿罗汉道,无明以灭尽无余、亦即不再生起之灭而彻底止息,往后不再生起;由于无明如此止息,行等果法也以灭尽无余、亦即不再生起之灭而彻底止息,往后不再生起。行世间这一止息次第=逆缘行相=逆缘起之理,也称为“世间灭”。无明、行等缘起支的变异相,即坏灭(bhaṅga),也称为“世间灭”。
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နည်းအရ ဆိုရမူ ----- အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ စသော အကြောင်း သမုဒယသစ္စာတရားတို့၏ ထင်ရှားဖြစ်ခြင်း = ထင်ရှားရှိနေခြင်းကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်မှု သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။ ယင်း ဥပါဒါနက္ခန္ဓာတို့၏ (တစ်နည်း - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏) နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်မှု ဥပါဒ် သဘောကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။
若依《无碍解道》巴利圣典的方法来说,由于无明、爱、取、行、业等作为因的集谛法明显生起=明显存在,识、名色、六处、触、受等作为果的五取蕴、苦谛法便明显生起;这种明显生起的性质,也称为“世间集”。上述诸取蕴——换一种说法,即因法与果法两者——的生起相,也就是生起(uppāda),也称为“世间集”。
အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ စသော အကြောင်းသမုဒယသစ္စာတရားတို့၏ အရဟတ္တမဂ်ကြောင့် (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် ) အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန်
无明、爱、取、行、业等作为因的集谛法,由于阿罗汉道,以灭尽无余、亦即往后不再——
原书第 90 页
မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း၍သွားခြင်းကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့်) အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု သဘောတရားကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ ယင်း ဥပါဒါနက္ခန္ဓာတို့၏ (တစ်နည်း - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏) ဝိပရိဏာမလက္ခဏာဟူသော ချုပ်ခြင်း ဘင်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။
——生起之灭而彻底止息;由于这些因法如此止息,作为果的识、名色、六处、触、受等五取蕴苦谛诸法,也以灭尽无余、亦即不再生起之灭而止息。这种止息之性也称为“世间灭”。这些五取蕴——换言之,即因法与果法二者——的变异相,也就是坏灭,同样称为“世间灭”。
ဤ အထက်ပါ သင်္ခါရလောက၏ ဖြစ်စဥ်နှင့် ဖြစ်မှုဟူသော လောကသမုဒယ၊ ချုပ်စဥ်နှင့် ချုပ်မှုဟူသော လောကနိရောဓကို အရိယာဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သာဝကသည် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်တို့နှင့် လှမ်းရှုလိုက်သောအခါ --- ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ = ဖြစ်ခဲ့သော် ဒုက္ခသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏ --- ဟု သိ၏။ ယုံမှားမှု မရှိ၊ တွေးတောမှု မရှိ။
身为圣者的佛弟子,以观正见智与道正见智观照上述称为“世间集”的行世间之生起次第与生起,以及称为“世间灭”的止息次第与止息时,便知:“ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ”——“若有生起,生起的只是苦;若有止息,止息的只是苦。”对此既无疑惑,也不作思量揣度。
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏၊ သင်္ခါရ - ကံဟူသော ကမ္မဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏။
如上所释,无明、爱、取这些烦恼轮之法,也无非是五取蕴;行与业这些业轮之法,也无非是五取蕴。
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ဝိပါကဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏။ ယင်း ဥပါဒါနက္ခန္ဓာတို့မှာ --- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (ဒီ-၂-၂၄၃။ မ-၁-၈၂။ မ-၃-၂၉၂။
识、名色、六处、触、受等果报轮之法,也都只是五取蕴。这些五取蕴,正如教说所说:“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”——“简而言之,五取蕴是苦”(《长部》2-243;《中部》1-82;《中部》3-292;
အဘိ-၂-၁ဝ၅။) ဟူသော ဒေသနာတော်များနှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဥ်းပန်း အနှိပ်စက်ခံရသော တရားတို့သာ ဖြစ်ကြခြင်းကြောင့် ဒုက္ခတရားတို့သာ ဖြစ်ကြ၏။
《阿毗达磨》2-105)。依照这些教说,它们恒常不断地遭受生起与坏灭的打击、压迫与折磨,故皆只是苦法。
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်က သင်္ခါရလောက၏ ဖြစ်စဥ်နှင့် ဖြစ်ပုံ၊ ချုပ်စဥ်နှင့် ချုပ်ပုံကို ဝိပဿနာ- သမ္မာဒိဋ္ဌိဉာဏ် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုလိုက်သောအခါ '' ဖြစ်ခဲ့သော် ဒုက္ခသာဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏'' - ဟု သိ၏ဟူ၍ ဟောတော်မူခြင်း ဖြစ်၏။ ယင်း လောကသမုဒယ၊ လောကနိရောဓ ဟူသည့် ဒုက္ခ၏ ဖြစ်စဥ်ဖြစ်မှု ချုပ်စဥ်ချုပ်မှုကို သိရာ၌ ပစ္စက္ခဉာဏ်ဖြင့် သိလေသလော အနွယဉာဏ်ဖြင့် သိလေသလောဟူမူ - အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ-၁-၂၅၈။) အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ-ဋ္ဌ-၂-၃၂။) ဤ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဆရာ့အပြောနှင့် အလွမ်းကြီးလွမ်း၊ အဆွေးကြီးဆွေး၊ အတွေးကြီး တွေး၊ အငေးကြီးငေးနေရသည့် သူများ၏ ပါးစပ်တွင်သာ လမ်းဆုံးနေရသည့် အသိမျိုးကား မဟုတ်ပေ။
因此,禅修者以观正见智与道正见智观照行世间的生起次第与生起方式、止息次第与止息方式时,世尊所谓“若有生起,生起的只是苦;若有止息,止息的只是苦”,正是说他如此了知。至于了知这称为世间集、世间灭的苦之生起次第与生起、止息次第与止息,究竟是以现见智而知,还是以类智而知?答曰:“在这里,他的智不依他缘。”(《相“所谓‘不依他缘’,即不依他缘,也不是由于信从他人;在这里,他所有的只是自己的亲证现见智。”(《相应部义注》2-32。)依照这些巴利与义注,这绝不是那种随着老师的话一味悬想、一味伤怀、一味思量、一味空望,最后只停留在口头上的知识。
အဟုတ်သော်ကား --- ''ဤအရာ၌ ထိုတပည့်သာဝကအား သူတစ်ပါးကို အားထား၍ ယုံကြည်သည်မဟုတ်၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် သိခြင်းသည်သာလျှင် ဖြစ်၏။'' --- ဟု ဘုရားရှင် ဟောကြား- ထားတော်မူသည့် အတ္တပစ္စက္ခဉာဏ်အသိပင် ဖြစ်ပေသည်။
实际情形是:“在这里,那位弟子不是依赖他人而相信;唯有以亲证现见智亲自现前而知。”这正是世尊所说的亲证现见智之知。
ဤသုတ္တန်၌ ဘုရားရှင်သည် ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော လောကီသမ္မာဒိဋ္ဌိ လောကုတ္တရာသမ္မာဒိဋ္ဌိ တည်းဟူသော မဂ္ဂသမ္မာဒိဋ္ဌိ - ဤ လောကီ လောကုတ္တရာ သမ္မာဒိဋ္ဌိနှစ်မျိုးလုံးကိုပင် ရည်ညွှန်း၍ ရောနှောကာ ဟောကြားထားတော်မူသည်။
在本《迦旃延氏经》中,世尊同时指向作为观正见的世间正见与作为道正见的出世间正见,将世间与出世间两种正见合而宣说。
原书第 91 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိ အဝေါစ။
“由于正见是从名色分别开始宣说的,所以〔世尊〕所说的是世间与出世间相杂的正见。”
(သံ-ဋီ-၂-၃၈။)
(《相应部复注》2-38。)
နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိဉာဏ်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် လောကီလောကုတ္တရာ ရောပြွမ်းသော သမ္မာဒိဋ္ဌိကို ဤသုတ္တန်၌ ဘုရားရှင်သည် ဟောကြား- တော်မူအပ်၏ ဟူပေ။ (သံ-ဋီ-၂-၃၈။) ဤ သမ္မာဒိဋ္ဌိမှာ စတုသစ္စသမ္မာဒိဋ္ဌိပင် ဖြစ်သည်။ ဒုက္ခသစ္စာကို သိသော သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာကို သိသော သမ္မာဒိဋ္ဌိ၊ မဂ္ဂသစ္စာကို သိသော သမ္မာဒိဋ္ဌိပင်တည်း။ ယင်း သမ္မာဒိဋ္ဌိဉာဏ်ကို အတ္တပစ္စက္ခဉာဏ်-ဟု ဤ ကစ္စာနဂေါတ္တသုတ္တန်၌ ဘုရားရှင်ကလည်း ဟောကြားထားတော်မူ၏၊ အဋ္ဌကထာကလည်း ဖွင့်ဆိုထားတော်မူ၏။ တစ်ဖန် နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ စတုသစ္စသမ္မာဒိဋ္ဌိဟူသည့် အတ္တပစ္စက္ခဉာဏ်ကို ဟောကြားထားတော်မူကြောင်းကို ဋီကာဆရာတော်ကလည်း ထပ်ဆင့်၍ ဖွင့်ဆိုထား- တော်မူ၏။
由于世尊从名色分别智开始宣说正见智,所以本经宣说的是世间、出世间相杂的正见。(《相应部复注》2-38。)此处的正见正是四谛正见:知苦谛的正见、知集谛的正见、知灭谛的正见,以及知道谛的正见。世尊在本《迦旃延氏经》中把这一正见智称为“亲证现见智”,义注也如此解释。复注师又进一步解释:从名色分别智开始,世尊所宣说的是称为四谛正见的亲证现见智。
ဤကဲ့သို့သော ဘုရားဟောပါဠိတော်ကြီးများနှင့် အဋ္ဌကထာ ဋီကာအဖွင့်တို့ကို ဦးထိပ်ရွက်ပန်ဆင်လျက် နိဗ္ဗာနဂါမိနိပဋိပဒါ - အမည်ရသော ဤကျမ်း၌လည်း --- ၁။ ရူပက္ခန္ဓာ အမည်ရသည့် ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြထားပါသည်။ (ပထမတွဲ) ၂။ နာမက္ခန္ဓာ အမည်ရသည့် နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို နာမ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြထားပါသည်။ (ဒုတိယတွဲ) ၃။ လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဥ်ဟူသော အနုလောမပစ္စယာကာရ = အနုလောမ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ပရမတ်သို့ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်
如此顶戴奉持这些佛说巴利圣典及义注、复注的解释,这部名为《趣向涅槃之道》的著作也作如下编排——1.称为色蕴的诸色法,如何观修至究竟法层次,并以亲证现见智亲自现前、洞彻知见,这一部分已以“色业处”为名写成并呈现。(第一册)2.称为名蕴的诸名法,如何观修至究竟法层次,并以亲证现见智亲自现前、洞彻知见,这一部分已以“名业处”为名写成并呈现。(第二册)3.称为世间集的行世间生起次第,即顺缘行相=顺缘起之法,如何观修至究竟法层次,并以亲证现见智亲自现前——
ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို ပဋိစ္စသမုပ္ပါဒ်ပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြ ထားပါသည်။ (တတိယတွဲ) ၄။ ယင်း သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် အတ္တပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားပုံကို လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ (စတုတ္ထတွဲ) ၅။ ယင်း လောကသမုဒယ၊ လောကနိရောဓဟူသော သင်္ခါရလောက၏ ဖြစ်စဥ်နှင့် ဖြစ်မှု၊ ချုပ်စဥ်နှင့် ချုပ်မှု တို့ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိအောင် မြင်အောင် ဝိပဿနာ ရှုပွားပုံ အပိုင်းကို ဝိပဿနာပိုင်း ဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ အထူးသဖြင့် ဥဒယဗ္ဗယာ- နုပဿနာဉာဏ်ပိုင်းတွင် -- သမုဒယဓမ္မာနုပဿီပိုင်း၊ ဝယဓမ္မာနုပဿီပိုင်း၊ သမုဒယဝယဓမ္မာနုပဿီပိုင်း ဟူသော အမည်တို့ဖြင့် ရေးသားတင်ပြထားပါသည်။ (ပဉ္စမတွဲ)
——洞彻知见,这一部分已以“缘起”为名写成并呈现。(第三册)4.这些行法,如何依特相、作用、现起、近因四法,以亲证现见智加以把握、观修,已在“特相等四法”部分写成并呈现。(第四册)5.称为世间集、世间灭的行世间之生起次第与生起、止息次第与止息,如何以亲证现见智亲自现前、洞彻知见而作毗婆舍那观,已在“毗婆舍那”部分写成并呈现。尤其在“生灭随观智”部分,又分别以“随观集法”(samudayadhammānupassī)、“随观灭法”(vayadhammānupassī)、“随观集灭法”(samudayavayadhammānupassī)为名写成并呈现。(第五册)
၆။ အဒိဋ္ဌဖြစ်သော အတိတ် အနာဂတ် သင်္ခါရတရားတို့၌ အနွယဉာဏ်ဖြင့် ဝိပဿနာရှုပွားပုံ အပိုင်းကို ဥဒယဗ္ဗယာနုပဿနာပိုင်း ဘင်္ဂါနုပဿနာပိုင်းတို့တွင် ရေးသားတင်ပြထားပါသည်။ (ပဉ္စမတွဲ)
6.对于未亲见的过去、未来诸行法,如何以类智作毗婆舍那观修,已在“生灭随观”与“坏灭随观”两部分写成并呈现。(第五册)
原书第 92 页
အနွယဉာဏ်ဟူသည်
何谓类智
စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တို့တွင် အကျုံးဝင်သော ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာကို ထိုးထွင်းသိသော = သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ၊ ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ခဏိကနိရောဓသို့ ဆိုက်အောင် ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ၊ ရှုနေသော ဝိပဿနာ- ဉာဏ်ဟူသော လောကီမဂ္ဂသစ္စာတရား၊ ယင်း လောကီမဂ္ဂသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ- အချက်တို့ကို ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ၊ အသင်္ခတဓာတ် နိဗ္ဗာနဓာတ် ဟူသော နိရောဓသစ္စာကို
在四谛正见智所摄的诸智中,有:洞彻知见称为苦谛的五取蕴,直达究竟法层次的正见;洞彻知见集谛,也就是洞彻知见苦谛如何由于集谛而生起的正见;对这些苦谛法、集谛法的无常、苦、无我三相,洞彻知见直至其刹那灭的观正见;洞彻知见集谛诸法以“不再生起之灭”而止息,因而苦谛诸法也以“不再生起之灭”而止息之理的观正见;作为正在观照之观智的世间道谛法;洞彻知见这些世间道谛法之无常、苦、无我三相的观正见;以及对灭谛——无为界、涅槃界——
အာရမ္မဏပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိသော မဂ္ဂသမ္မာဒိဋ္ဌိ၊ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ တရား- တို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိသော မဂ္ဂသမ္မာဒိဋ္ဌိ --- ဤ သမ္မာဒိဋ္ဌိဉာဏ်အားလုံးကိုပင် အပရပ္ပစ္စယဉာဏ = အတ္တပစ္စက္ခဉာဏ - ဟု ဤ ကစ္စာနဂေါတ္တသုတ္တန်တွင် ဘုရားရှင်ကလည်း ဟောကြား- ထားတော်မူ၏။ အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုထားတော်မူ၏။ ယင်းသို့ဖြစ်လျှင် အနွယဉာဏ်သည် ယင်း စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တို့တွင် အကျုံးဝင်လေသလော အကျုံး မဝင်လေသလောဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။ --- ဓမ္မေ ဉာဏန္တိ ဧကပဋိဝေဓဝသေန စတုသစ္စဓမ္မေ ဉာဏံ စတုသစ္စဗ္ဘန္တရေ နိရောဓသစ္စေ ဓမ္မေ ဉာဏဉ္စ၊ ယထာဟ ''တတ္ထ ကတမံ ဓမ္မေ ဉာဏံ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ဉာဏ''န္တိ။
——以所缘通达而洞彻知见的道正见;以及依无痴通达而洞彻知见苦谛、集谛、道谛诸法的道正见。世尊在本《迦旃延氏经》中把所有这些正见智称为“不依他缘智”;义注、复注则将它解释为“亲证现见智”。既然如此,类智究竟摄不摄于这些四谛正见智之中?对此须“所谓‘法智’,是依一次通达而对四谛法之智,也是对四谛之中的灭谛法之智。故说:‘其中,何为法智?即四道与四果中的智。’”
(အဘိ-၂-၃၄၁။ ဒီ-ဋ္ဌ-၃-၂ဝ၂။)
(《阿毗达磨》2-341;《长部义注》3-202。)
အနွယေ ဉာဏန္တိ စတ္တာရိ သစ္စာနိ ပစ္စက္ခတော ဒိသွာ ယထာ ဣဒါနိ၊ ဧဝံ အတီတေပိ အနာဂတေပိ ဣမေဝ ပဉ္စက္ခန္ဓာ ဒုက္ခသစ္စံ၊ အယမေဝ တဏှာ သမုဒယသစ္စံ၊ အယမေဝ နိရောဓော နိရောဓသစ္စံ၊ အယမေဝ မဂ္ဂေါ မဂ္ဂသစ္စန္တိ ဧဝံ တဿ ဉာဏဿ အနုဂတိယံ ဉာဏံ။ (ဒီ-ဋ္ဌ-၃-၂ဝ၂။) အနွယေ ဉာဏန္တိ အနုအယေ ဉာဏံ၊ ဓမ္မဉာဏဿ အနုဂမနေ ဉာဏံ၊ ပစ္စဝေက္ခဏဉာဏဿေတံ နာမံ။
“所谓‘类智’:亲自现见四谛之后,正如现在这样,在过去和未来也同样——唯有这五蕴是苦谛,唯有此爱是集谛,唯有此灭是灭谛,唯有此道是道谛。像这样,随在那一法智之后而行的智,就是类智。”(《长部“所谓‘类智’,是随之而行的智,是随在法智之后而知的智;这是省察智的名称。”
(သံ-ဋ္ဌ-၂-၆၂။)
(《相应部义注》2-62。)
ဓမ္မဉာဏ် --- အရိယမဂ်ဉာဏ်သည် နိရောဓသစ္စာ နိဗ္ဗာန် တရားတော်မြတ်ကြီးကို အာရုံပြုသောအားဖြင့် ထွင်းဖောက် သိမြင်ခြင်းဟူသော အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂ သစ္စာတို့ကို၊ ယင်း သစ္စာတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို အကြွင်းမဲ့ပယ်သတ်သောအားဖြင့် ထိုးထွင်းသိခြင်းဟူသော အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိ၏။ အရိယဖိုလ်ဉာဏ်သည် နိရောဓ သစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုသောအားဖြင့် ထွင်းဖောက်သိမြင်ခြင်း အာရမ္မဏပဋိဝေဓသဘော အားဖြင့် သိ၏။ ဤသို့ သိသော ဤသို့ မြင်သော အရိယမဂ်လေးပါးတို့၌ တည်ရှိသော အရိယမဂ်ဉာဏ်၊ အရိယ ဖိုလ် လေးပါးတို့၌ တည်ရှိသော အရိယဖိုလ်ဉာဏ်တို့ကို ဓမ္မဉာဏ်ဟု ခေါ်ဆို၏။
法智——圣道智以灭谛这一殊胜的涅槃法为所缘,依“所缘通达”而知;对于苦谛、集谛、道谛,则通过无余断除遮蔽对这些谛之知的痴,依“无痴通达”而洞彻知见。圣果智以灭谛这一殊胜的涅槃法为所缘,依“所缘通达”而知。如此知见的四圣道智与四圣果智,称为法智。
အနွယဉာဏ် --- အနွယဉာဏ်ဟူသည် သစ္စာလေးပါးတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ - ဤယခု ပစ္စက္ခဉာဏ်ဖြင့် မြင်သိရာ ဤယခုအခါ၌ကဲ့သို့ပင် --- ''အလားတူပင် အတိတ်၌လည်းကောင်း၊ အနာဂတ်၌လည်းကောင်း ဤ ခန္ဓာငါးပါးတို့သည်သာလျှင် ဒုက္ခသစ္စာတည်း၊ ဤ တဏှာသည်သာလျှင် သမုဒယသစ္စာတည်း၊ ဤ နိရောဓနိဗ္ဗာန်တရားတော်မြတ်သည်သာ
类智——所谓类智,是以现见智亲自现前、洞彻知见四谛之后,进一步了知:正如现今此刻由现见智所见所知的那样——“同样,在过去与未来,也唯有这五蕴是苦谛,唯有此爱是集谛,唯有这殊胜的止息涅槃法是——
原书第 93 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း လျှင် နိရောဓသစ္စာတည်း၊ ဤ မဂ္ဂင် (၈)ပါးသည်သာလျှင် မဂ္ဂသစ္စာတည်း '' --- ဤသို့လျှင် ထိုဓမ္မဉာဏ်၏ နောက်သို့ အစဥ်လိုက်သော ဉာဏ်တည်း။ (ဒီ-ဋ္ဌ-၃-၂ဝ၂။) အနွယဉာဏ်ဟူသည် ဓမ္မဉာဏ်အား လျော်လျောက်ပတ်သောအားဖြင့် သိခြင်း၌ ဖြစ်သော ဉာဏ်တည်း။
——灭谛,唯有这八道支是道谛。”如是,这就是随在那法智之后次第而行的智。(《长部义注》3-202。)所谓类智,是依照法智而知时生起的智。
ဓမ္မဉာဏ်၏ နောက်သို့ အစဥ်လိုက်၍ သိခြင်း၌ဖြစ်သော ဉာဏ်တည်း။ ဤ အနွယဉာဏ်ဟူသော အမည်သည် ပစ္စဝေက္ခဏဉာဏ်၏ အမည်ပင် ဖြစ်ပေသည်။ (သံ-ဋ္ဌ-၂-၆၂။) ထိုကြောင့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ဓမ္မဉာဏ်၏ နောက်သို့ အစဥ်လိုက်၍ ဖြစ်သော ပစ္စ ဝေက္ခဏဉာဏ်ကိုပင် = ဆင်ခြင်တတ်သောဉာဏ်ကိုပင် အနွယဉာဏ်ဟုခေါ်ဆိုသည် မှတ်ပါ။ လောကုတ္တရာ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် ပစ္စဝေက္ခဏာဉာဏ် ဟူသော ယင်း အနွယဉာဏ် မပါဝင်သည်ကိုကား သတိပြုပါ။
它是在法智之后次第而知时生起的智。“类智”这一名称,正是“省察智”的名称。(《相应部义注》2-62。)因此应当明白:随在称为法智的圣道智、果智之后次第生起的省察智,也就是能作省察的智,称为“类智”。还须注意,这种名为省察智的类智,并不摄于出世间四谛正见智之中。
ဤကား လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်တည်း။
这是随在出世间圣道智、果智之后次第而行的类智。
ဝိပဿနာဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်
随在观智之后而行的类智
နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိ အဝေါစ။
“由于正见是从名色分别开始宣说的,所以〔世尊〕所说的是世间与出世间相杂的正见。”
(သံ-ဋီ-၂-၃၈။)
(《相应部复注》2-38。)
ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းဖွင့်ဆိုချက်နှင့်အညီ ဘုရားရှင်သည် နာမရူပပရိစ္ဆေဒဉာဏ်မှ စ၍ သမ္မာဒိဋ္ဌိဉာဏ်ကို ဟောကြားထားတော်မူသောကြောင့် လောကီစတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသည့် ဝိပဿနာ- သမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်လည်းရှိပေသည်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်မှာ ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ်မျှသာဖြစ်သကဲ့သို့၊ လောကု- တ္တရာ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သကဲ့သို့ အလားတူပင် လောကီစတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသည့် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဥ်လိုက်၍ဖြစ်သော အနွယဉာဏ်မှာလည်း ပစ္စဝေက္ခဏဉာဏ် တစ်မျိုး- သာဖြစ်၏။ လောကီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်ပေ။ အကြောင်းမူ လောကီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို အပရပ္ပစ္စယဉာဏ ဟု အထက်ပါ ကစ္စာနဂေါတ္တသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူ၍ အဋ္ဌကထာ-
依照上述复注师的解释,世尊从名色分别智开始宣说正见智,因此,也有随在称为世间四谛正见的观正见智之后次第而行的类智。随在圣道智、果智之后次第而行的类智,只是能作省察的省察智,并不摄于出世间四谛正见智;同样,随在称为世间四谛正见的观正见智之后次第而行的类智,也只是一种省察智,并不摄于世间四谛正见智。原因在于:世尊在上述《迦旃延氏经》中把世间四谛正见智称为“不依他缘智”,而义注——
ကလည်း ယင်း အပရပ္ပစ္စယဉာဏကို အတ္တပစ္စက္ခဉာဏဟု ဖွင့်ဆိုထားတော်မူသောကြောင့် ဖြစ်၏။
——又把这种不依他缘智解释为“亲证现见智”。
လောကီဝိပဿနာအခိုက်၌ သစ္စာလေးပါး ထင်ရှားပုံကို ဤ နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း - ပဉ္စမတွဲ - ဝိပဿနာပိုင်း - ဥဒယဗ္ဗယာနုပဿနာပိုင်းတွင် ကြည့်ပါ။ အလားတူပင် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်ဖြင့် အတိတ်အနာဂတ်သင်္ခါရတို့၌ ရှုပုံအပိုင်းကို ဝိပဿနာပိုင်း - ဥဒယဗ္ဗယာ နုပဿနာပိုင်း၊ ဘင်္ဂါနုပဿနာပိုင်းတို့တွင် ကြည့်ပါ။
在世间观修阶段,四谛如何显现,请参见本《趣向涅槃之道》第五册“毗婆舍那部分”的“生灭随观部分”。同样,如何以随在观正见智之后次第而行的类智,观照过去、未来诸行,请参见同在第五册“毗婆舍那部分”的“生灭随观部分”与“坏灭随观部分”。
လောကီစတုသစ္စသမ္မာဒိဋ္ဌိ
世间四谛正见
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿနာပိုင်း သစ္စပဗ္ဗ - မဂ္ဂသစ္စာပိုင်းတွင် မဂ္ဂင်တရားကိုယ် (၈)ပါးတို့ကို ဝေဖန်ပိုင်းခြား၍ ဟောကြားထားတော်မူ၏။ ယင်း မဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိကို ဤသို့ (၄)မျိုး ခွဲ၍ ဟောကြားထားတော်မူ၏။ --- ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ-၁-၈၈။)
世尊在《大念处经》法随观部分的“谛章——道谛部分”中,对构成道的八支法分别解析而宣说。在这八支道法中,世尊“诸比丘,什么是正见?诸比丘,对苦之智、对苦集之智、对苦灭之智、对通往苦灭之行道之智——诸比丘,这称为正见。”(《中部》1-88。)
Katamā ca, bhikkhave, sammādiṭṭhi? Yaṃ kho, bhikkhave, dukkhe ñāṇaṃ, dukkhasamudaye ñāṇaṃ, dukkhanirodhe ñāṇaṃ, dukkhanirodhagāminiyā paṭipadāya ñāṇaṃ. Ayaṃ vuccati, bhikkhave, sammādiṭṭhi.
原书第 94 页
ရဟန်းတို့ …သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း။ ရဟန်းတို့ … ၁။ ဒုက္ခသစ္စာ၌ သိမြင်တတ်သောဉာဏ်၊ ၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်တတ်သောဉာဏ်၊ ၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိမြင်တတ်သောဉာဏ်၊ ၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် မဂ္ဂသစ္စာ၌ သိမြင်တတ်သောဉာဏ် --- ဤလေးမျိုးသော ဉာဏ်သည် ရှိ၏။ ရဟန်းတို့ …ယင်းလေးမျိုးသော ဉာဏ်ကို သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။
诸比丘……什么是正见?诸比丘……有:1.于苦谛能知之智;2.于作为苦因的集谛能知之智;3.于作为苦灭的灭谛能知之智;4.于作为通往苦灭之处——涅槃——的修行之道谛能知之智。诸比丘……这四种智称为正见。
Katamā ca, bhikkhave, sammādiṭṭhi? Yaṃ kho, bhikkhave, dukkhe ñāṇaṃ, dukkhasamudaye ñāṇaṃ, dukkhanirodhe ñāṇaṃ, dukkhanirodhagāminiyā paṭipadāya ñāṇaṃ. Ayaṃ vuccati, bhikkhave, sammādiṭṭhi.
(မ-၁-၈၈။)
(《中部》1-88。)
Katamā ca, bhikkhave, sammādiṭṭhi? Yaṃ kho, bhikkhave, dukkhe ñāṇaṃ, dukkhasamudaye ñāṇaṃ, dukkhanirodhe ñāṇaṃ, dukkhanirodhagāminiyā paṭipadāya ñāṇaṃ. Ayaṃ vuccati, bhikkhave, sammādiṭṭhi.
ရှေးမထေရ်မြတ်ကြီးတို့၏ ဆွေးနွေးပွဲ
古代诸大长老的讨论
ဤ သတိပဋ္ဌာန်ဒေသနာတော်၌ မဂ္ဂသစ္စာပိုင်းဝယ် မဂ္ဂင် (၈)ပါးတို့ကို ခွဲခြား ဝေဖန်၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ဤအရာဝယ် ရှေးရှေး မထေရ်မြတ်ကြီးတို့၏ အတွင်း၌ ဓမ္မသာကစ္ဆာခေါ်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့ဖူး၏။ ဤ မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော မဂ္ဂင် (၈)ပါး သတိပဋ္ဌာန် ကျင့်စဥ်တရား သည် --- ၁။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာနမဂ်လေလော၊ ၂။ လောကီလောကုတ္တရာ နှစ်မျိုးရောပြွမ်း၍ ဟောကြားထားတော်မူအပ်သော မိဿကမဂ်လေလောဟု --- ဆွေးနွေးခဲ့ကြဖူး၏။ တိပိဋကစူဠနာဂမထေရ်မြတ်က -- ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်သို့ မဆိုက်မီ အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာနမဂ် ဟု ဆို၏။ တိပိဋကစူဠနာဂမထေရ်၏ ဆရာဖြစ်တော်မူသော တိပိဋကစူဠသုမမထေရ်မြတ်ကြီးက ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဟူသော လောကီသတိ- ပဋ္ဌာနမဂ်နှင့် လောကုတ္တရာသတိပဋ္ဌာနမဂ် နှစ်မျိုးတို့ကို ရောပြွမ်း၍ ဟောကြားထားတော်မူအပ်သော မိဿကမဂ်
在这部念处教说中,世尊在道谛部分把八道支逐一分别、解析宣说。关于这一点,古代诸大长老之间曾有一场称为“法谈”(dhammasākacchā)的讨论。他们讨论:《大念处经》中所说的、具八道支的念处修行法,究竟是:1.前分念处道——也就是在尚未抵达圣道以前,于圣道前分应当培育圆满的世间念处道;还是2.把世间与出世间两类混合宣说的混合道?三藏小龙长老(Tipiṭaka Cūḷanāga Thera)说,它是前分念处道,即在尚未抵达圣道以前,于圣道前分应当培育圆满的世间念处道。而作为三藏小龙长老老师的三藏小须摩大长老(Tipiṭaka Cūḷasuma Mahāthera)则主张,它是把称为前分念处道的世间念处道与出世间念处道两者相杂而宣说的“混合道”——
ဟု ဆိုတော်မူ၏။ တပည့်ကလည်း ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဖြစ်ကြောင်း တင်ပြလျှောက်ထား၏။ ဆရာကလည်း မိဿကမဂ် ဖြစ်ကြောင်းကို ထပ်ကာထပ်ကာ မိန့်ဆိုတော်မူ၏။ ဆရာက ထပ်ကာထပ်ကာ မိန့်ဆိုသော် တပည့်- ကလည်း မတားမြစ်တော့ဘဲ ဆိတ်ဆိတ်သာ နေတော်မူလိုက်၏။
——他如此主张。弟子仍禀陈它是前分念处道;老师也一再宣称它是混合道。老师反复如此说后,弟子便不再反驳,只默然以对。
နောက်ပိုင်းတွင် ဆရာဖြစ်တော်မူသော စူဠသုမမထေရ်မြတ်ကြီးသည် - အဖြေမှန်ကို သိရှိရန် မဟာ- သတိပဋ္ဌာနသုတ္တန် ပါဠိတော်ကို ရွတ်ဆိုတော်မူလေရာ မဟာသတိပဋ္ဌာနသုတ္တန်နိဂုံးတွင် ဘုရားရှင်၏ ဝန်ခံ ကြေငြာချက်သို့ ရောက်ရှိသောအခါ အဖြေမှန်ကို ရရှိသွားတော်မူ၏။
后来,身为老师的小须摩大长老为了查明正确答案,诵读《大念处经》的巴利圣典。诵至《大念处经》结尾、世尊作出保证性宣告之处时,他终于找到了正确答案。
ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ …
“诸比丘,无论何人,若如此修习这四念处七年……”
(မ-၁-၉ဝ။)
(《中部》1-90。)
= ရဟန်းတို့ …တစ်စုံတစ်ယောက်သော ယောဂါဝစရရဟန်းတော်သည် ဤသတိပဋ္ဌာန်တရား လေးပါး တို့ကို ဤသို့ ငါဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ခုနစ်နှစ်တို့ကာလပတ်လုံး ပွားများအားထုတ် ငြားအံ့ …(အရဟတ္တမဂ်ကိုသော်လည်းကောင်း ကိလေသာအကြွင်း ရှိနေသေးပါက အနာဂါမိမဂ်ကိုသော် လည်းကောင်း ရရှိနိုင်၏။) --- ဤ စာပိုဒ်သို့ ရောက်ရှိသွားသောအခါ ကောင်းစွာ အမှတ်ရရှိသွားတော်မူ၏။
也就是说:“诸比丘……任何一位瑜伽行比丘,若依我所教的方式修习、勤修这四念处,持续七年……(即可证得阿罗汉道;若尚有余烦恼,则可证得不还道。)”小须摩大长老诵到这一段时,便清楚地领会了答案。
လောကုတ္တရမဂ္ဂေါ ဥပ္ပဇ္ဇိတွာ သတ္တ ဝဿာနိ တိဋ္ဌမာနော နာမ နတ္ထိ။ (မ-ဋ္ဌ-၁-၂၃၅။)
“出世间道生起之后,绝无所谓持续安住七年者。”(《中部义注》1-235。)
原书第 95 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း လောကုတ္တရာမဂ်သည် ဖြစ်ပြီးနောက်ခုနစ်နှစ်တို့ကာလပတ်လုံး တည်နေသောမည်သည် မရှိစကောင်းပေ။
换言之,出世间道生起之后,不可能持续安住七年。
(မ-ဋ္ဌ-၁-၂၃၅။)
(《中部义注》1-235。)
ငါပြောဆိုအပ်သော မိဿကမဂ်ကို ဤ မဟာသတိပဋ္ဌာနသုတ္တန်၌ မရနိုင်၊ စူဠနာဂသိမြင်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကိုသာလျှင် ရနိုင်၏ --- ဟု ဆုံးဖြတ်ချက် ချတော်မူနိုင်လေသည်။ (မ-ဋ္ဌ-၁-၂၃၅။) ယင်းပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်တွင် အထက်ပါ သမ္မာဒိဋ္ဌိဉာဏ်လေးမျိုးလည်း ပါဝင်ပေသည်။ ယောဂါဝစရ ပုဂ္ဂိုလ်သည် အရိယမဂ်သို့ မဆိုက်ရောက်မီ ရရှိအောင် ကြိုးပမ်းထားရမည့် သမ္မာဒိဋ္ဌိဉာဏ်လေးမျိုးတို့ ဖြစ်ကြ၏။
由此,小须摩大长老能够作出裁断:“我所说的混合道在这部《大念处经》中并不成立;小龙长老所见的前分念处道才成立。”(《中部义注》1-235。)这一前分念处道中,也包括上述四种正见智;它们正是瑜伽行者在尚未抵达圣道以前必须努力证得的四种正见智。
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားတည်း။ ယင်း ဒုက္ခသစ္စာ တရားကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက် သိမြင်တတ်သော အတ္တပစ္စက္ခဉာဏ်သည် ဒုက္ခေ ဉာဏံ အရ ဒုက္ခ- သစ္စာ၌ သိမြင်တတ်သော သမ္မာဒိဋ္ဌိတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အရိယမဂ်သို့မဆိုက်မီ အရိယမဂ်၏ ရှေးအဖို့၌ ယင်းသမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ရရှိအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။ ယင်းသို့ ကြိုးပမ်းသဖြင့် ဒုက္ခသစ္စာတရားတို့ကို အတ္တပစ္စက္ခဉာဏ် တည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်သောအခါ နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ စတင်ရောက်ရှိပြီ ဖြစ်ပေသည်။ ယင်းသို့ ထိုးထွင်းသိရမည့် ဒုက္ခသစ္စာ တရားစုတွင် အတိတ်ဥပါဒါနက္ခန္ဓာငါးပါး အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း ပါဝင်နေကြသည်ကို သတိပြုပါ။
1.以过去、未来、现在、内、外、粗、细、劣、胜、远、近这十一种情形而存在的五取蕴,就是苦谛法。以亲证现见智亲自现前、洞彻知见这一苦谛,依巴利“ဒုက္ခေ ဉာဏံ”——“于苦之智”而言,就是能知见苦谛的正见。瑜伽行者在尚未抵达圣道以前,必须已在圣道前分努力证得这一正见智。如此努力,以称为亲证现见智的正见智亲自现前、洞彻知见诸苦谛法时,便开始踏上通往涅槃的道支大路。应当注意:在这些须如此洞彻了知的苦谛法中,也包括过去的五取蕴和未来的五取蕴。
၂။ ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းရင်းစစ် ဖြစ်ကြသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ၊ သင်္ခါရ-ကံဟူသော ကမ္မဝဋ် ဥပါဒါနက္ခန္ဓာ တို့ကား -- အတီတေ ဟေတဝေါ ပဉ္စ - စသော ဒေသနာတော်များနှင့်အညီ အတိတ်အဓွန့်ကာလ ဥပါဒါနက္ခန္ဓာ တို့သာ ဖြစ်ကြ၏။ တစ်ဖန် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ ကမ္မဝဋ် ဥပါဒါန- က္ခန္ဓာတို့ကြောင့် ဖြစ်ပေါ်လာမည့် ဇာတိ (ဇရာမရဏ) အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကား --- ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိ ဖလပဉ္စကံ --- ဟူသော ဒေသနာတော်များနှင့် အညီ အနာဂတ်အဓွန့်ကာလ ဥပါဒါန- က္ခန္ဓာတို့သာ ဖြစ်ကြ၏။
2.以当下的结生五蕴等为首的果报轮五取蕴,其真正的因是:以无明、爱、取为首的烦恼轮取蕴,以及称为行、业的业轮取蕴。依“အတီတေ ဟေတဝေါ ပဉ္စ”——“过去有五因”等教说,这些都只是过去时段的取蕴。又由于当下所培育的烦恼轮取蕴和业轮取蕴,未来将生起名为“生(老死)”的五取蕴;依“ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိ ဖလပဉ္စကံ”——“现在有五因,未来有五果”的教说,这些都只是未来时段的取蕴。
အတိတ်ကိလေသဝဋ် ကမ္မဝဋ် အမည်ရသည့် ဥပါဒါနက္ခန္ဓာတို့ကြောင့် ပစ္စုပ္ပန်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာ ငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကိလေသဝဋ် ကမ္မဝဋ် ဥပါဒါနက္ခန္ဓာ- တို့ကြောင့် အနာဂတ်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ကိုယ်တိုင်မျက်မှောက် ထွင်း- ဖောက်သိမြင်သော အတ္တပစ္စက္ခဉာဏ်သည် ဒုက္ခသမုဒယေ ဉာဏံ - အရ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်တတ်သော သမ္မာဒိဋ္ဌိတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အရိယမဂ်သို့မဆိုက်မီ အရိယမဂ်၏ရှေးအဖို့၌ ဤ သမ္မာဒိဋ္ဌိဉာဏ်အမြင်ကိုလည်း ရရှိအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဖြစ်သောကြောင့် တည်း။
由于称为过去烦恼轮、业轮的取蕴,作为因而令现今果报轮的五取蕴如何明显生起;又由于当下所培育的烦恼轮、业轮取蕴,作为因而令未来果报轮的五取蕴如何明显生起——以亲证现见智亲自现前、洞彻知见这两种情形,依巴利“ဒုက္ခသမုဒယေ ဉာဏံ”——“于苦集之智”而言,就是能知见作为苦因之集谛的正见。瑜伽行者在尚未抵达圣道以前,必须已在圣道前分努力证得这一正见智;因为这一智属于前分念处道。
ယင်းသို့ ကြိုးပမ်းရာ၌ အနွယဉာဏ်ဖြင့် အနုမာနမျက်ရမ်းဆ၍ သိမြင်အောင် ကြိုးပမ်းရမည်လော၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်လောဟူမူ --- အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ-၁-၂၅၈။) အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ-ဋ္ဌ-၂-၃၂။)
如此努力时,是应当以类智作推论揣量而知见,还是应当以亲证现见智亲自现前、“在这里,他的智不依他缘。”(《相“所谓‘不依他缘’,即不以他人为缘;不是由于信从别人,在这里,他所有的只是亲证现见智。”(《相应部义注》2-32。)
原书第 96 页
ဤ ပါဠိတော်အဋ္ဌကထာတို့နှင့် အညီ အနွယဉာဏ်ဖြင့် အနုမာနမျက်ရမ်းဆ၍ သိမြင်အောင် ကြိုးပမ်း ရမည်လည်းမဟုတ်။ ဆရာ့အပြောနှင့် လွမ်းနေရသည့် အသိမျိုး၊ သူတစ်ပါးတို့အား ကိုးစားယုံကြည်သည့် အသိမျိုးဖြင့် သိအောင် ကြိုးပမ်းရမည်လည်းမဟုတ်။ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင်သာ ကြိုးပမ်းရမည် ဖြစ်ပေသည်။
依照上述巴利圣典及义注,不应凭类智作推度猜测,力求知见;也不应凭那种只随着老师所说而悬想的知识,或依靠、相信他人的知识,力求知见。唯应努力以亲证现见智,亲自现前、洞彻知见。
ယင်းသို့ ဖြစ်လျှင် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ပစ္စုပ္ပန်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာတို့၏ အကြောင်း ရင်း ဖြစ်သော အတိတ်အဓွန့်ကာလ၌ အကျုံးဝင်သော ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ ကမ္မဝဋ် ဥပါဒါနက္ခန္ဓာတို့ကို လည်းကောင်း၊ ပစ္စုပ္ပန်ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့် ဖြစ်ပေါ်လာမည့် ဇာတိ (ဇရာမရဏ) အမည်ရသည့် အနာဂတ်အဓွန့်ကာလ ဝိပါကဝဋ်ဥပါဒါနက္ခန္ဓာတို့ကိုလည်းကောင်း အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားရမည်သာဟု မုချပုံသေ နာယူမှတ်သားလေရာသည်။
因此,应当明确无误地领受并牢记:对于作为现在结生五蕴等、现在果报轮诸取蕴之因,属于过去时段的烦恼轮取蕴与业轮取蕴;以及由于现在的烦恼轮与业轮而将在未来时段生起、名为生〔乃至老死〕的果报轮取蕴,都必须以亲证现见智亲自现前、洞彻知见而修观。
ဤမျှသာမကသေး အာဟာရသုတ္တန် (သံ-၁-၂၅၃။) ဒေသနာတော်နည်းအရ အတိတ်ဘက်သို့ ဉာဏ်ကို ရှေးရှုဆောင်ယူ၍လည်း ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားတို့ကို သိမ်းဆည်းရှုပွားနိုင်- သည်သာဖြစ်ပေသည်။ (ရှုပုံအကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ကြည့်ပါ။) (အတိတ်သံသရာတစ်လျှောက် အားလုံးကို ရှုရမည်ဟု မဆိုလိုပါ။) ၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ဝိပါက ဝဋ် ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်သော အတ္တပစ္စက္ခဉာဏ်ကား ပစ္စယတော ဥဒယဒဿန ဉာဏ်တည်း။ ယင်း ပစ္စယတော ဥဒယဒဿနဉာဏ်ဖြင့် ဥပါဒါနက္ခန္ဓာတို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရားကို ထိုးထွင်းသိခြင်းကြောင့် သမုဒယသစ္စာသည် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ-၂-၂၆၇။) ၄။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အသေသဝိရာဂ
不仅如此,依《食经》(《相应部》1-253)的教说方法,也可以把智导向过去,把握并修观缘起诸法的因果相联之性。(详尽观法见“缘起”部分;这并不是说必须观遍整个过去轮回。)3.因无明、爱、取、行、业等因法明显生起,而观见作为果的果报轮诸取蕴如何明显生起的亲证现见智,称为依因缘观生智(paccayato udayadassana-ñāṇa)。以此依因缘观生智洞彻了知能直接产生诸取蕴的能生因,集谛便得以显明。(《清净道论》2-267。)4.由于阿罗汉道,无明、爱、取、行、业等因法以无余离贪(asesavirāga)——
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
သဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် ခန္ဓပရိနိဗ္ဗာန် စံပြီးသောအခါ အနာဂတ်ခန္ဓာတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို ရှုမြင်တတ်သော အတ္တပစ္စက္ခဉာဏ်ကား - ပစ္စယတော ဝယဒဿနဉာဏ်တည်း။
——以及不再生起之灭(anuppāda-nirodha)而毫无剩余、彻底止息,往后不再生起;因此,在蕴般涅槃以后,未来诸蕴也以不再生起之灭而止息。能够以亲证现见智观见这种止息的智,称为依因缘观灭智(paccayato vayadassana-ñāṇa)。
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
ပစ္စယတော ဥဒယဒဿနဉာဏ်နှင့် ပစ္စယတော ဝယဒဿနဉာဏ် နှစ်မျိုးကို ပေါင်းလိုက်သော် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်တည်း။
把依因缘观生智与依因缘观灭智合起来,便是依因缘观生灭智(paccayato udayabbaya-dassana-ñāṇa)。
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
ဤအရာ၌လည်း ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲဖြစ်သော ပုထုဇန်အဆင့်တွင်သာ ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အရဟတ္တမဂ်ကို ရမည့်အချိန်သည်လည်းကောင်း ခန္ဓပရိနိဗ္ဗာန် စံယူရမည့် အချိန်သည် လည်းကောင်း အနာဂတ်သာလျှင် ဖြစ်၏။ ယင်းအနာဂတ်မှာ ဤဘဝအနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မည်၊ နောင်လာမည့်ဘဝတစ်ခုခုဟူသော အနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မည်။ ယင်းအနာဂတ်ဝယ် အကြာင်းတရား- တို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံကို ယောဂါဝစရပုဂ္ဂိုလ်သည် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်- အောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ယင်း အနုပ္ပါဒနိရောဓသဘောကား လောကီနိရောဓသစ္စာတရားတည်း။
这里,对于生灭智尚在初步培育阶段、仍只处于凡夫位的禅修者来说,证得阿罗汉道的时刻,以及证入蕴般涅槃的时刻,都还只在未来。那个未来可能是今生的未来,也可能是后世某一生的未来。在那个未来,由于因法以不再生起之灭而止息,果蕴也以不再生起之灭而止息;禅修者必须努力以亲证现见智亲自现前、洞彻知见这一点。这里所说的不再生起之灭,是世间灭谛之法。
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် အကြောင်းတရား ရှိကြကုန်သော အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ထိုးထွင်း သိမြင်သောကြောင့်၊ ယင်း ပစ္စယတော ဝယဒဿနဉာဏ်ကြောင့် နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ-၂-၂၆၇။)
由于因法以不再生起之灭而止息,有因的果法也以不再生起之灭而止息;依因缘观灭智正因洞彻知见这种止息,灭谛便得以显明。(《清净道论》2-267。)
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
原书第 97 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း အကြောင်း ဥပါဒါနက္ခန္ဓာ၊ အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်မှု ဥပါဒ်ကို ရှုမြင်တတ်သော ဉာဏ်ကား ခဏတော ဥဒယဒဿနဉာဏ်တည်း။ ယင်း ခဏတော ဥဒယဒဿနဉာဏ်ဖြင့် ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်မှု ဇာတိ- ဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် ဒုက္ခသစ္စာသည် ထင်ရှားလာ၏။ ။ ယင်းဥပါဒါနက္ခန္ဓာတို့၏ ပျက်မှု ဘင်ကို ရှုမြင်တတ်သော ဉာဏ်ကား ခဏတော ဝယဒဿနဉာဏ်တည်း။ ယင်း ခဏတော ဝယဒဿနဉာဏ်ဖြင့် ဥပါဒါန- က္ခန္ဓာတို့၏ ခဏမစဲ တသဲသဲ သေကျေပျက်စီးရခြင်း မရဏဒုက္ခကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ဒုက္ခသစ္စာ သည်ပင် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ-၂-၂၆၇။) ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာတို့၏ ဒုက္ခဖြစ်ပုံကို သိသော ဉာဏ်တို့ပင်တည်း။ ခဏတော ဥဒယဒဿနဉာဏ်နှင့် ခဏတော ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်တည်း။
能观见因取蕴与果取蕴的生起(uppāda)的智,称为依刹那观生智(khaṇato udayadassana-ñāṇa)。由于以此智洞彻知见诸取蕴生起这一生苦,苦谛便得以显明。能观见这些取蕴坏灭(bhaṅga)的智,称为依刹那观坏灭智(khaṇato vayadassana-ñāṇa)。由于以此智洞彻知见诸取蕴一刹那也不停、接连不断地死亡、破灭这一死苦,显明的仍是苦谛。(《清净道论》2-267。)这些智正是了知名为苦谛的诸取蕴如何成为苦的智。把依刹那观生智与依刹那观坏灭智合起来,便是依刹那观生灭智(khaṇato udayabbaya-dassana-ñāṇa)。
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
အထက်ပါ ပစ္စယတော ဥဒယဗ္ဗယဒဿန၊ ခဏတော ဥဒယဗ္ဗယဒဿန ဟူသော ဤနှစ်မျိုးသော ဥဒယ- ဗ္ဗယဒဿနဉာဏ်အမြင်ကား ဝိပဿနာသမ္မာဒိဋ္ဌိတည်း။ ယင်း ဝိပဿနာသမ္မာဒိဋ္ဌိသည် - ပစ္စယတော ဥဒယဗ္ဗယ၊ ခဏတော ဥဒယဗ္ဗယ ဟူသော သင်္ခါရတို့၏ နှစ်မျိုးသော ဥဒယဗ္ဗယကို မမြင်အောင် ဖုံးလွှမ်းထားတတ်သည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သောကြောင့် လောကီမဂ္ဂသစ္စာတည်း။ ယင်းနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်ကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လောကီမဂ္ဂသစ္စာတရားသည် ထင်ရှား လာ၏။ (ဝိသုဒ္ဓိ-၂-၂၆၈။) အရူပသတ္တကဝိပဿနာရှုနည်းဖြင့် - ရှေ့စိတ်ဟု ခေါ်ဆိုအပ်သော ရှေး မနောဒွါရိက ဝိပဿနာဇောဝီထိ နာမ်တရားစုကို၊ နောက်စိတ်ဟု ခေါ်ဆိုအပ်သော နောက်ဝိပဿနာ မနောဒွါရိကဇောဝီထိ နာမ်တရားစုဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သောအခါ၌လည်းကောင်း၊ ဉာဏအမည်ရသော ဝိပဿနာဉာဏ် = ဝိပဿနာ မနောဒွါရိကဇောဝီထိနာမ်တရားစုကို ဘင်္ဂါနုပဿနာဉာဏ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သော အခါ၌
上述依因缘观生灭与依刹那观生灭这两种生灭观智的见,就是观正见。这一观正见能够以彼分断的方式,舍断遮蔽诸行的两种生灭——依因缘生灭与依刹那生灭——使人不能看见它们的痴法,因此是世间道谛。由于这两种生灭观智之见,世间道谛便在该禅修者的相续中显明。(《清净道论》2-268。)又依非色七法观法(arūpa-sattaka-vipassanā):或当以后心——后起的观意门速行心路名法聚——再次观照所谓前心、即先前的观意门速行心路名法聚时;或当以坏灭随观智返观名为“能知”的观智——即观意门速行心路名法聚——时——
Evaṃ ekekassa khandhassa udayabbayadassane dasa dasa katvā paññāsa lakkhaṇāni vuttāni. Tesaṃ vasena evampi rūpassa udayo evampi rūpassa vayo, evampi rūpaṃ udeti, evampi rūpaṃ vetīti paccayato ceva khaṇato ca vitthārena manasikāraṃ karoti. Tassevaṃ manasikaroto ‘iti kirime dhammā ahutvā sambhonti, hutvā paṭiventī’ti ñāṇaṃ visadataraṃ hoti. Tassevaṃ paccayato ceva khaṇato ca dvedhā udayabbayaṃ passato saccapaṭiccasamuppādanayalakkhaṇabhedā pākaṭā honti.
လည်းကောင်း - ဤသို့ စသည့် ဝိပဿနာ ဇောဝီထိနာမ်တရားစုကို တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သော အခါ- တို့၌လည်း လောကီမဂ္ဂသစ္စာတရားသည် ထင်ရှားလာသည်သာ ဖြစ်ပေသည်။ (ရှုပွားပုံကို ဝိပဿနာပိုင်းတွင် ကြည့်ပါ။) ဤကား လောကီဝိပဿနာအခိုက်၌ ဝိပဿနာသမ္မာဒိဋ္ဌိက လောကီသစ္စာလေးပါးကို သိပုံတည်း။ အတ္တ- ပစ္စက္ခဉာဏ်ဟူသော ယင်းဝိပဿနာသမ္မာဒိဋ္ဌိသည် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟူသော လောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့တွင် တစ်ပါး အပါအဝင် ဖြစ်၏။ ယင်း ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကို အရိယမဂ်သို့ မတိုင်မီ ရှေးအဖို့၌ ပြည့်စုံအောင် ဖြည့်ကျင့်ရန် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရှားရှင်က ညွှန်ကြားထားတော်မူပေသည်။
——凡在这一类能够再次返观观速行心路名法聚的场合,世间道谛也同样显明。(观修方法见“毗婆舍那”部分。)以上就是在世间毗婆舍那阶段,观正见如何了知世间四谛。此一称为亲证现见智的观正见,是称为前分念处道的世间八道支之一。世尊在《大念处经》中教诫:必须在尚未到达圣道的前分阶段,把这前分念处道修习圆满。
Katamā ca, bhikkhave, sammādiṭṭhi? Yaṃ kho, bhikkhave, dukkhe ñāṇaṃ, dukkhasamudaye ñāṇaṃ, dukkhanirodhe ñāṇaṃ, dukkhanirodhagāminiyā paṭipadāya ñāṇaṃ. Ayaṃ vuccati, bhikkhave, sammādiṭṭhi.
ဤကဲ့သို့သော ညွှန်ကြားချက်များကို ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာပြုကျင့်သဖြင့် အတ္တပစ္စက္ခဉာဏ် ဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် လောကသမုဒယ လောကနိရောဓသဘောတရားတို့ကို ထိုးထွင်းသိမြင်သွားကြသော တပည့်သာဝကများ ရှိကြပါလေရဲ့လားဟု အသင်သူတော်ကောင်းသည် တွေးထင်မိကောင်း တွေးထင်မိလေရာ၏။
贤者也许会想:是否真有弟子、声闻恭敬奉持这些教诫,依教修行,以称为亲证现见智的正见智,洞彻知见世间集与世间灭之法?
ထိုသို့ဖြစ်လျှင် အောက်ပါ မဟာတဏှာသင်္ခယသုတ္တန်မှ ထုတ်နုတ်၍ ရေးသားတင်ပြထားအပ်သော ကောက်- နုတ်ချက်တို့ကို ဖတ်ရှုကြည့်ပါ။
若是如此,请阅读下面从《大爱尽经》中摘录并加以阐述的经文节录。
မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်
《大爱尽经》节录
ဘူတမိဒန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ တဒါဟာရသမ္ဘဝန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။
“诸比丘,你们是否如是观见:‘此已生起’?”“是的,尊者。”“诸比丘,你们是否如是观见:‘此由彼食而生’?”“是的,尊者。”
တဒါဟာရနိရောဓာ ယံ ဘူတံ၊ တံ နိရောဓဓမ္မန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ (မ-၁-၃၂၆။)
“诸比丘,你们是否如是观见:‘由于彼食止息,凡已生起者皆是灭法’?”“是的,尊者。”(《中部》1-326。)
原书第 98 页
သမ္မပ္ပညာယ ပဿတောတိ ဣဒံ ခန္ဓပဉ္စကံ ဇာတံ ဘူတံ နိဗ္ဗတ္တန္တိ ယာထာဝသရသလက္ခဏတော ဝိပဿနာပညာယ သမ္မာ ပဿန္တဿ။ ပညာယ သုဒိဋ္ဌ န္တိ ဝုတ္တနယေနေဝ ဝိပဿနာပညာယ သုဋ္ဌု ဒိဋ္ဌံ။
“所谓‘以正慧观见’,是指以观慧,依如实的自性与自相而正观:‘这五蕴已经生起、已经形成、已经产生。’所谓‘以慧善见’,就是依上述方式,以观慧善加观见。”
(မ-ဋ္ဌ-၂-၂ဝ၇။)
(《中部义注》2-207。)
= ရဟန်းတို့ …ဤ ခန္ဓာငါးပါးသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုမြင် ကြကုန်၏လော - ဟု (ဘုရားရှင်က) မေးတော်မူ၏။
诸比丘……世尊问道:“你们是否以观正见智观见:‘这五蕴已经明显生起’?”
မြတ်စွာဘုရား …ရှုမြင်ကြပါကုန်၏ - ဟု (ရဟန်းတော်တို့က) ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,我们观见。”比丘们如此回答。
ရဟန်းတို့ …ထိုခန္ဓာသည် အကြောင်းတရား ထင်ရှားဖြစ်ခြင်း အကြောင်းတရား ထင်ရှားရှိခြင်းကြောင့် ဖြစ်ပေါ်လာ၏ ဟု ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုမြင်ကြကုန်၏လော ဟု မေးတော်မူ၏။
诸比丘……世尊问道:“你们是否以观正见智观见:‘此蕴由于因法明显生起、明显存在而生起’?”
မြတ်စွာဘုရား …ရှုမြင်ကြပါကုန်၏ ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,我们观见。”比丘们如此回答。
ရဟန်းတို့ …ထင်ရှားဖြစ်ပေါ်လာသော ထိုခန္ဓာသည်၊ ထိုအကြောင်းတရား၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ခြင်းကြောင့်၊ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းသဘောရှိ၏ ဟု ရှုမြင်ကြကုန်၏လောဟု မေးတော်မူ၏။
诸比丘……世尊问道:“你们是否观见:‘这已经明显生起的蕴,随着其因法以不再生起之灭而止息,自身也具有以不再生起之灭而止息的性质’?”
မြတ်စွာဘုရား …ရှုမြင်ကြပါကုန်၏ ဟု ပြန်လည်လျှောက်ထားကြကုန်၏။ (မ-၁-၃၂၆။) ထိုရဟန်းတော်တို့ကား အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံ - စသည့် သင်္ခါရလောက၏ ဖြစ်စဥ်ဟူသော အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ် ဟူသည့် လောကသမုဒယသဘောကိုလည်းကောင်း၊ အဝိဇ္ဇာ၏ အရဟတ္တမဂ်ကြောင့် အသေသဝိရာဂသဘော = အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရစသော အကျိုးတရားစု၏ အသေသဝိရာဂသဘော = အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံ လောကနိရောဓသဘောကို လည်းကောင်း ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးကြသော ရဟန်းတော်တို့ ဖြစ်တော်မူကြ၏။ (အကျယ်ကို --- မ-၁-၃၂၇- စသည်တို့၌ ကြည့်ပါ။)
“世尊,我们观见。”比丘们如此回答。(《中部》1-326。)这些比丘已经以观正见智亲自现前、洞彻知见:由于无明生起而有行,由于行生起而有识,等等,即行世间的生起次第——顺缘行相=顺缘起——这一世间集;又由于阿罗汉道,无明以无余离贪=不再生起之灭,毫无剩余、彻底而往后不再生起地止息,行等果法聚也因而以无余离贪=不再生起之灭,毫无剩余、彻底而往后不再生起地止息,这一世间灭。(详见《中部》1-327以下。)
ဤကဲ့သို့သော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိမှုနှင့် ဆက်စပ်၍ ဘုရားရှင်က ထိုရဟန်းတော်တို့အား မေးခွန်းပေါင်းများစွာ မေးမြန်းတော်မူ၏။ ရဟန်းတော်တို့ကလည်း ဘုရားရှင် နှစ်သက်ကျေနပ်တော်မူသဖြင့် သာဓုခေါ်တော်မူသည့်တိုင်အောင် ဖြေကြားလျှောက်ထားတော်မူကြ၏။ ထိုအမေးအဖြေများထဲမှ ဤ၌လိုအပ်သော အချို့အမေးအဖြေများကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။
关于获得这种观正见智之见,世尊向这些比丘提出了许多问题;比丘们逐一回答,直到世尊满意而称叹“善哉”。现从这些问答中摘录本处所需的若干项。
အမေး နှင့် အဖြေများ
问与答
ရဟန်းတို့ …စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် --- ''ဆရာ- မြတ်စွာဘုရားသည် ငါတို့ အလေးပြုသင့်သူတည်း၊ ဆရာမြတ်စွာဘုရားအား ရိုသေခြင်းဖြင့် ငါတို့သည် ဤအတိုင်း ဆိုကုန်၏'' ဟု ဤသို့ ဆိုရာကုန်သလောဟု မေးတော်မူ၏။
诸比丘……世尊问道:“当你们如此知、如此见时,是否因为想:‘导师世尊是我们所应尊重者;出于对导师世尊的敬重,我们才这样说’,而如此说呢?”
မြတ်စွာဘုရား … ဤသို့ ပြောဆိုခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,并不是这样。”比丘们如此回答。
原书第 99 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ရဟန်းတို့ …စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် - ''သမဏ ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏၊ သမဏမည်သော ငါတို့သည်လည်း ဤအတိုင်းပင် ဆိုရကုန်၏'' - ဟု ဤသို့ ဆိုရာကုန်သလောဟု မေးတော်မူ၏။
诸比丘……世尊问道:“当你们如此知、如此见时,是否因为想:‘身为沙门的世尊如是宣说;我们也名为沙门,所以也应这样说’,而如此说呢?”
မြတ်စွာဘုရား … ဤသို့ ပြောဆိုခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,并不是这样。”比丘们如此回答。
ရဟန်းတို့ …စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် တစ်ပါးသော ဆရာကို ညွှန်ပြကုန်ရာသလောဟု မေးတော်မူ၏။
诸比丘……世尊问道:“当你们如此知、如此见时,你们会另指一位导师吗?”
မြတ်စွာဘုရား … ဤသို့ ညွှန်ပြခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,我们不会另指一位导师。”比丘们如此回答。
ရဟန်းတို့ …စင်စစ် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် များစွာသော သမဏ ဗြာဟ္မဏ တို့၏ ဝတ်အကျင့်နှင့် ကောတုဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် ယူကုန်ရာသလောဟု မေးတော်မူ၏။
诸比丘……世尊问道:“当你们如此知、如此见时,你们还会把众多沙门、婆罗门的戒禁行与‘奇异吉祥’(kotūhala-maṅgala)重新执取为实质吗?”
မြတ်စွာဘုရား … ဤသို့ တစ်ဖန်ယူခြင်းသည် မဖြစ်ရာပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,我们不会重新执取。”比丘们如此回答。
နနု ဘိက္ခဝေ ယဒေဝ တုမှာကံ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ၊ တဒေဝ တုမှေ ဝဒေထာတိ။ ဧဝံ ဘန္တေ။ (မ-၁-၃၃၂။) သာမံ ဉာတန္တိ သယံ ဉာဏေန ဉာတံ။ သာမံ ဒိဋ္ဌ န္တိ သယံ ပညာစက္ခုနာ ဒိဋ္ဌံ။ သာမံ ဝိဒိတန္တိ သယံ ဝိဘာဝိတံ ပါကဋံ ကတံ။ (မ-ဋ္ဌ-၂-၂ဝ၉။) သယံ ဉာဏေန ဉာတန္တိ ပရနေယျတံ မုဉ္စိတွာ အတ္တနော ဧဝ ဉာဏေန ယာထာဝတော ဉာဏံ။ ဧဝံ ဘူတဉ္စ သယံ ပစ္စက္ခတော ဒိဋ္ဌံ နာမ ဟောတီတိ အာဟ ''သယံ ပညာစက္ခုနာ ဒိဋ္ဌ''န္တိ။ သယံ ဝိဘာဝိတန္တိ တေဟိ ဘိက္ခူဟိ တဿ အတ္ထဿ ပစ္စတ္တံ ဝိဘူတဘာဝံ အာပါဒိတံ။ (မ-ဋီ-၂-၂၂၇။) ရဟန်းတို့ …သင်တို့သည် အတ္တပစ္စက္ခဉာဏ်ဟူသော သမ္မာဒိဋ္ဌိပညာစက္ခုဖြင့် ကိုယ်တိုင် သိသည်ကို သာလျှင် ကိုယ်တိုင်မြင်သည်ကိုသာလျှင် ကိုယ်တိုင် ထင်ထင်ရှားရှား သိသည်ကိုသာလျှင် ဆိုကုန်သည် မဟုတ်- ကုန်လောဟု မေးတော်မူ၏။
“诸比丘,难道你们所说的,不正只是你们自己所知、自己所见、自己所明了的吗?”“是的,尊者。”(《“‘自己所知’,即由自己的智所知;‘自己所见’,即由自己的慧眼所见;‘自己所明了’,即由自己辨明、使之显明。”(《中部“所谓‘由自己的智所知’,是指摆脱由他人引导,以自己的智如实而知。如此便称为自己亲自现见,所以说‘由自己的慧眼所见’。所谓‘由自己辨明’,是指那些比丘各自使那一义达到显明状态。”(《中部复注》2-227。)诸比丘……世尊问道:“你们所说的,难道不正只是以称为亲证现见智的正见慧眼,自己所知、自己所见、自己清楚明了的吗?”
မြတ်စွာဘုရား …မှန်ပါ၏ဟု ပြန်လည်လျှောက်ထားကြကုန်၏။
“世尊,正是如此。”比丘们如此回答。
ရဟန်းတို့ …သာဓု = ကောင်းလှပေ၏၊ ရဟန်းတို့ …ငါဘုရားသည် သင်ချစ်သားတို့ ကိုယ်တိုင် သိမြင်နိုင်သော၊ အခါမလင့် အကျိုးပေးတတ်သော၊ လာလှည့်စမ်းပါ ရှုလှည့်စမ်းပါဟု ပြဆိုထိုက်သော၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင်ခံစားနိုင်သော ဤတရားဖြင့် သင်တို့ကို နိဗ္ဗာန်သို့ ရှေးရှု ဆောင်ယူအပ်ခဲ့ပြီ = (ရောက်စေအပ်ခဲ့ပြီ)။ ရဟန်းတို့ …ဤတရားသည် ကိုယ်တိုင် ရှုမြင် ထိုက်သော တရားတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတည်း၊ လာလှည့်စမ်းပါ ရှုလှည့်စမ်းပါ ဟု ပြဆိုထိုက်သော တရားတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတည်း၊ ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင်ခံစားနိုင်သော တရားတည်း။ --- ဟု ယင်းစကားကို ငါဘုရားရှင်သည် ဟောကြားထား- တော်မူ၏၊ ဤ ကိုယ်တိုင်မြင်သိ ထင်ထင်ရှားရှား သိသည့်အဖြစ်ကို အစွဲပြု၍ ဤစကားကို ငါဘုရားရှင်သည်
诸比丘……世尊说道:“善哉!诸比丘,爱子们,我已经以这现见的、不待时即予果的、请来见的、应导入内心的、智者可各自证知的法,引导你们趋向涅槃〔使你们抵达〕。诸比丘,此法是现见的、不待时即予果的、请来见的、应导入内心的、智者可各自证知的。”——世尊如此宣说;正是基于这种自己知见、亲自明了的性质,世尊——
ဟောကြားထားတော်မူပေ၏။ (မ-၁-၃၃၂။)
——宣说了这些话。(《中部》1-332。)
原书第 100 页
သမ္ပတိ ဒိဋ္ဌ သင်္ခါရ ၊ သမ္ပတိ အဒိဋ္ဌ သင်္ခါရ
当前已见行、当前未见行
ဤ အထက်ပါ အရပ်ရပ်သော ရှင်းလင်းချက်တို့ကို ဖတ်ရှုပြီးသောအခါ အသင်သူတော်ကောင်းသည် နားလည် သဘောကျခဲ့ပါမူ အတိတ်အနာဂတ် သင်္ခါရတရားတို့၌ နှစ်မျိုး နှစ်စား ခွဲခြားသင့်သည် ဟူသော အောက်ပါ ရှင်းလင်းချက်ကိုလည်း သဘောကျ လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။ --- အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင် - အတိတ်အဓွန့်ကာလ တရားစုတို့လည်း ပါဝင်ကြ၏၊ အနာဂတ်အဓွန့်ကာလတရားစုတို့လည်း ပါဝင်ကြ၏၊ ပစ္စုပ္ပန်အဓွန့်ကာလ တရား စုတို့လည်း ပါဝင်ကြ၏။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်းကောင်း၊ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်း ချင်း ကြောင်း-ကျိုး- ဆက်နွယ်မှု သဘောတရားကိုလည်းကောင်း သာဝကတစ်ဦးသည် သာဝကပါရမီဉာဏ်နှင့် လျော်ညီစွာ တစ်စိတ်တစ်ဒေသအားဖြင့် အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင်အောင် ကြိုးစားအားထုတ်ရမည်သာ ဖြစ်၏။
读过上述各方面的解释后,贤者若已理解并认可,那么对于下面这项说明大概也能认可、接受:过去、未来诸行应分为两类。——从无明直到老死的缘起诸支,包括过去时段的法聚、未来时段的法聚和现在时段的法聚。声闻必须随其声闻波罗蜜智所能及的程度,以称为亲证现见智的观正见智,努力知见这些缘起支及其相互之间的因果关联,至少达到某一部分。
တစ်ဖန် သစ္စာဒေသနာတော်နည်းအရ -- ဒုက္ခသစ္စာတရားစုတို့တွင်လည်း အတိတ်အကျိုးတရား အနာဂတ် အကျိုးတရား ပစ္စုပ္ပန်အကျိုးတရား ဟူသော အတိတ်အဓွန့်ကာလတရား အနာဂတ်အဓွန့်ကာလတရား ပစ္စုပ္ပန် အဓွန့်ကာလတရားတို့ ပါဝင်ကြ၏။ အလားတူပင် သမုဒယသစ္စာတရားစုတို့တွင်လည်း အတိတ်အကြောင်းတရား ဟူသည့် အတိတ်အဓွန့်ကာလတရား၊ ပစ္စုပ္ပန်အကြောင်းတရားဟူသည့် ပစ္စုပ္ပန်အဓွန့်ကာလတရား၊ အနာဂတ် သံသရာခရီး မဆုံးသေးသူတို့အတွက် အနာဂတ်အကြောင်းတရားဟူသည့် အနာဂတ်အဓွန့်ကာလတရားတို့ ပါဝင်ကြ၏။
再依谛教法来说,苦谛诸法聚也包含称为过去果法、未来果法、现在果法的过去时段法、未来时段法与现在时段法。同样,集谛诸法聚也包含作为过去因法的过去时段法、作为现在因法的现在时段法;对于未来轮回尚未结束者,还包含作为未来因法的未来时段法。
တစ်ဖန် လောကီနိရောဓသစ္စာစာရင်းတွင် ဤဘဝ ပရိနိဗ္ဗာန်စံမည့်သူအတွက် ဤဘဝ အနာဂတ်တရားစု၊ နောက်နောင် ဘဝတစ်ခုခုတွင်မှ ပရိနိဗ္ဗာန်စံမည့်သူအတွက် နောက်နောင် အနာဂတ်တရားစုတို့လည်း ပါဝင်ကြ၏။
在世间灭谛的项目中,对将在今生入般涅槃者,包含今生未来的诸法聚;对要到后世某一生才入般涅槃者,也包含后世未来的诸法聚。
လောကီမဂ္ဂသစ္စာတရားကား ရှုနေသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဥ် ဖြစ်သဖြင့် ပစ္စုပ္ပန်အဓွန့်ကာလတရားစုပင် ဖြစ်ပေသည်။ ယင်း လောကီသစ္စာလေးပါးတို့ကိုလည်း သာဝကတို့သည် သာဝကပါရမီဉာဏ်အားလျော်စွာ တစ်စိတ်တစ်ဒေသအားဖြင့် အရိယမဂ်သို့ မဆိုက်မီ အရိယ- မဂ်၏ ရှေးအဖို့၌ အတ္တပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းထားရမည်သာ ဖြစ်ပေသည်။
世间道谛之法,是以正在观照的观正见智为主导的观意门速行心路,因此只是现在时段的法聚。声闻也必须随其声闻波罗蜜智所能及的程度,在尚未抵达圣道的圣道前分,以称为亲证现见智的观正见智,努力亲自现前、洞彻知见这世间四谛的某一部分。
အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် လက်ငင်းရှုမြင်လိုက်သော အထက်ပါ အတိတ်အနာဂတ် (ပစ္စုပ္ပန်) သင်္ခါရတရားတို့ကား သမ္ပတိ ဒိဋ္ဌ သင်္ခါရတရားတို့တည်း။ သံသရာခရီးကား အလွန်ရှည်လျားလှသဖြင့် သာဝကတစ်ဦးအနေဖြင့် ကုန်စင်အောင်ကား မရှုနိုင်။ ယင်းသို့ အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် လက်ငင်းမရှုမြင်လိုက်နိုင်သော အတိတ် အနာဂတ် သင်္ခါရတရားတို့ကား သမ္ပတိ အဒိဋ္ဌ သင်္ခါရတရားတို့တည်း။
上述过去、未来〔及现在〕诸行中,以称为亲证现见智的观正见当下观见者,就是“当前已见行”。轮回之旅极其漫长,声闻不可能将它们尽数观见。那些未能由称为亲证现见智的观正见当下观见的过去、未来诸行,就是“当前未见行”。
သမ္ပတိ ဒိဋ္ဌ သင်္ခါရတရားတို့ကို ဝိပဿနာရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် သမ္ပတိ အဒိဋ္ဌ သင်္ခါရတရား ဟူသည့် အတိတ် အနာဂတ်တို့၌လည်း ၎င်းင်းနည်းဟု နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုနိုင်ပေသည်။ ယင်း အနွယဉာဏ်မှာ အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သော ဝိပဿနာဉာဏ်၏ နောက်သို့ အစဥ်လိုက်သော ပစ္စက္ခဉာဏ်တစ်မျိုးသာ ဖြစ်သည်ဟု မှတ်သားပါလေ။
禅修者以观修完“当前已见行”后,也可以对属于“当前未见行”的过去、未来诸行,以类智按“彼亦如此”导引其理而观。应当记住:这种类智并不摄于称为亲证现见智的观正见智,而只是随在观智之后生起的一种现见智。
ဤသို့လျှင် အတိတ် အနာဂတ် သင်္ခါရတို့၌ သမ္ပတိ ဒိဋ္ဌ သင်္ခါရ၊ သမ္ပတိ အဒိဋ္ဌ သင်္ခါရ ဟု နှစ်မျိုးနှစ်စား ခွဲခြားယူပါမှ ကိစ္စပြီးပြေလေရာသည်။ အတိတ် အနာဂတ် သင်္ခါရတရားမှန်သမျှ အနွယဉာဏ်ဖြင့်သာ အနုမာန
如此,只有把过去、未来诸行分成“当前已见行”与“当前未见行”两类,事情才说得通。如果一概认定一切过去、未来诸行都只能以类智作推度、盲目揣量而观——
原书第 101 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း မျက်ရမ်းဆ၍ ရှုရသည်ဟု ပုံသေယူခဲ့သော် --- အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ထိုးထွင်းသိမှု လောကီသစ္စာလေးပါးတို့ကို ထိုးထွင်းသိမှုတို့နှင့် ဆက်စပ်လျက် ဟောကြား- ထားတော်မူသော ပါဠိတော်၊ ဖွင့်ဆိုထားကြသော အဋ္ဌကထာ ဋီကာတို့မှာ အဓိပ္ပါယ်ကင်းမဲ့နေသော ကျမ်းဂန်တို့သာ ဖြစ်ဖွယ်ရာရှိပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။
——那么,有关以称为亲证现见智的观正见智洞彻知见缘起之理、洞彻知见世间四谛的巴利圣典,以及义注、复注的解释,便都成了没有意义的典籍。即使是智者,也难免一时失念。
အကယ်၍ အတိတ်အနာဂတ်သင်္ခါရတို့ကို သမ္ပတိ ဒိဋ္ဌ အတိတ်အနာဂတ်သင်္ခါရ၊ သမ္ပတိ အဒိဋ္ဌ အတိတ် အနာဂတ်သင်္ခါရဟု နှစ်မျိုးခွဲ၍ ယူဆမှုကို လက်မခံနိုင်ပါလျှင် အောက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ အဆိုအမိန့်- ကိုကား လက်ခံသင့်လှပေသည်။
如果不能接受把过去、未来诸行分为“当前已见”的过去未来诸行与“当前未见”的过去未来诸行两类,那么至少应当接受《无碍解道》巴利如下教说。
ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ-၅၂။) 〔〔〔 ဥပါဒ်-ဌီ-ဘင် အားဖြင့် ပရမတ္ထဓမ္မသဘာဝလက္ခဏာဟူသော သရုပ်အထည်ကိုယ်ဒြပ် ထင်ထင်ရှားရှား ဖြစ်သည်ကိုပင် ပဋိလဒ္ဓတ္တဘာဝ = အတ္တဘောကို ရသည်ဟု ဆိုသည်။ 〕 ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော အတ္တဘောကို ရဆဲ ဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန္နဓမ္မ မည်၏။ ထို အဝိဇ္ဇာ၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယမည်၏။ ယင်းဥဒယ နှင့် ဝယကို အဖန်တလဲလဲ ရှုတတ်သော အနုပဿနာပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်၏။ ပ ။
“已经生起的无明是现在法;它的生起相是生,它的变异相是坏灭,对它作随观的是智。……已经生起的有是现在法;它的生起相是生,它的变异相是坏灭,对它作随观的是智。”(《无碍解道》52。)〔所谓获得个别体性(paṭiladdhattabhāva)=取得自体(attabhāva),是指究竟法的自性相这一实体,以生、住、灭的方式清楚呈现。〕处在正在生起、仍在取得究竟法自性相这一自体状态的无明,称为现在法。无明最初生起这一有为相,称为生;变异坏灭这一有为相,称为坏灭;反复随观其生与坏灭的随观慧,称为生灭随观智。等等。
Jātaṃ rūpaṃ paccuppannaṃ, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jātā avijjā paccuppannā, tassā nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jāto bhavo paccuppanno, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ.
ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော အတ္တဘောကို ရဆဲ ဖြစ်သော (ကမ္မဘဝ+ ဥပပတ္တိဘဝဟူသော) ဘဝသည် ပစ္စုပ္ပန္နဓမ္မ မည်၏။ ထိုဘဝ၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာ- သည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်တလဲလဲ ရှုတတ်သော အနုပဿနာပညာသည် ဥဒယဗ္ဗယာ- နုပဿနာဉာဏ် မည်၏။ (ပဋိသံ-၅၂။) ဤပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ခွဲတမ်းချလိုက်သော် - အဝိဇ္ဇာ သင်္ခါရ တို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။ ဇာတိဟူသော ဥပပတ္တိဘဝကား အနာဂတ်အဓွန့်ကာလတရား စုတည်း။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ကား ပစ္စုပ္ပန်အဓွန့် ကာလတရားစုတို့တည်း။
处在正在生起、仍在取得究竟法自性相这一自体状态的〔业有+生有之〕有,称为现在法。此有最初生起这一有为相,称为生;变异坏灭这一有为相,称为坏灭;反复随观其生与坏灭的随观慧,称为生灭随观智。(《无碍解道》52。)若以今生为中心划分这些缘起支,无明与行属于过去时段的法聚;名为“生”的生有属于未来时段的法聚;识、名色、六处、触、受、爱、取与业有,属于现在时段的法聚。
Jātaṃ rūpaṃ paccuppannaṃ, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jātā avijjā paccuppannā, tassā nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jāto bhavo paccuppanno, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ.
သို့သော် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့မှာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ တရားတို့သာ ဖြစ်ကြ၏။ ယင်း တရားတို့သည် ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ခိုက် ဥပါဒ် ဌီ ဘင် ဟူသော ခဏသုံးပါးအတွင်း၌ တည်ရှိခိုက် ယင်း အခိုက်အတန့်ကာလအတွင်းဝယ် ပရမတ္ထဓမ္မ- သဘာဝလက္ခဏာဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သောကြောင့် ပစ္စုပ္ပန္နဓမ္မ ဟူသော အမည်ကို ရရှိကြသည်သာ ဖြစ်ကြ၏။
然而,一切这些缘起支,都只是在生、住、灭的意义上已经生起、正在生起、将要生起的诸法。当这些法摄属于生、住、灭三刹那、存在于这三刹那之内时,它们在那一瞬间仍取得作为究竟法自性相的究竟实体与自体,因此得名“现在法”。
Jātaṃ rūpaṃ paccuppannaṃ, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jātā avijjā paccuppannā, tassā nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jāto bhavo paccuppanno, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ.
ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ အဝိဇ္ဇာသည် အတိတ်အဓွန့်ကာလတရား ဖြစ်သည်ကား မှန်၏။ သို့သော် ယင်း အဝိဇ္ဇာသည် အတိတ်အဓွန့်ကာလဝယ် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခဲ့သည်သာဖြစ်၏။ ယင်း
意思如下:无明诚然属于过去时段之法;然而,那一无明在过去时段,也确实曾以生—住—灭的方式明显生起。那一无明——
原书第 102 页
ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက် ယင်းအဝိဇ္ဇာကို ပစ္စုပ္ပန္နဓမ္မဟုပင် ဆိုရ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အဝိဇ္ဇာကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် လှမ်းရှုလိုက်သောအခါ ယင်း အဝိဇ္ဇာ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင် ရှုရ၏။ ယင်း အဝိဇ္ဇာ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင် ရှုနိုင်လျှင် ယင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်က ပစ္စုပ္ပန္နဓမ္မ အဝိဇ္ဇာကို ရှုသည်ဟုပင် ဆိုရ၏။ ကြွင်းကျန်သော အဓွန့်ကာလ သုံးပါးလုံးတို့၌ အကျုံးဝင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤ ပစ္စုပ္ပန္န- ဓမ္မသဘောတရားကိုပင် ရည်ရွယ်တော်မူ၍ မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏၊ ပြည်ဆရာတော်ဘုရားကြီးကလည်း အောက်ပါအတိုင်း ဘာသာပြန်ဆိုထားတော်မူ၏။ --- နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ
——以生—住—灭的方式明显生起时,也就称为“现在法”。禅修者以生灭随观智追溯观照那一无明时,必须观见无明正在生起的生起刹那,以及正在坏灭的坏灭刹那。若能如此观见无明正在生起与正在坏灭,便说这一生灭随观智所观的是现在法无明。对于其余摄于过去、未来、现在三个时段的缘起支,也应以同样的方式理解。正是针对这一“现在法”之义,《大复注》的论师作了如下解释,卑谬尊者也作了如下翻译。巴利复注引文(缅文转写):“နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ”
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
နေတိ။ (မဟာဋီ-၂-၄၂၃။) တစ်နည်း --- နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့် ပြီး၍ ထိုနောင်မှ အတိတ် အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်သည် ဖြစ်ဘိသော်။
“或者,这是就显示理路而如此说。因为先见到现在诸法的生灭,随后才把这一理路运用于过去与未来。”(《大复注》2-423。)换一种说法:这是从显示观法的方式而说。先以现见完成对现在诸法生灭的观照,随后再把这一方法运用于过去与未来,观作“同样如此”。
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
(ပြည် - ဝိသုဒ္ဓိမဂ် နိဿယ-၅-၁၆၅။)
(卑谬尊者《清净道论依词释》第五册,165。)
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
ပဋိစ္စသမုပ္ပါဒ် တရားတော် ဟူသည်
何谓缘起法
ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားသဘောကို ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်- မြတ်ကြီးက တည်ထောင် ဖန်တီးထားခဲ့သည်ကား မဟုတ်ပေ။ တထာဂတအမည်ရတော်မူသော ဘုရားရှင်တို့သည် လောက၌ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာကြသည်ပင်ဖြစ်စေ၊ မပွင့်ထွန်း မပေါ်ပေါက်တော်မူကြသည်ပင်ဖြစ်စေ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်ကား လောက၌ တည်ရှိနေသည်သာ ဖြစ်၏။
这种因果关联=缘起法,并不是乔达摩世尊亲自建立、造作的。无论名为如来的诸佛出现于世,还是不出现于世,这种因果关联=缘起之理,都本来存在于世间。
သို့သော် တထာဂတအမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူကြသော အခါမှသာလျှင် ထိုဘုရားရှင်တို့၏ ဖော်ထုတ်ဟောကြားတော်မူခြင်းကြောင့် ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သတ္တဝါတို့ သိရှိခွင့် ရကြသည်။ (သံ-၁-၂၆၄။ ပစ္စယသုတ်ကြည့်။) အကယ်၍ လောက၌ ဘုရားပွင့်တော်မမူသော်လည်းကောင်း၊ ဘုရားပွင့်တော်မူသော်လည်း ဘုရားရှင်၏ တရားတော်ကို သတ္တဝါတို့အနေဖြင့် နာယူခွင့် နာကြားခွင့်ကို မရရှိကြသော်လည်းကောင်း၊ တရားတော်ကို နာယူခွင့်ရကြသော်လည်း သတ္တဝါတို့အနေဖြင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟူသော အစွန်းနှစ်ဖက်သို့ရောက်နေသော ဝါဒဆိုးကြီးများကို စွဲလမ်းဆုပ်ကိုင်ထားကြသော်လည်းကောင်း ဤပဋိစ္စသမုပ္ပါဒ်သဘောတရားကို သတ္တဝါတို့သည် သိရှိနားလည်နိုင်ကြမည်ကား မဟုတ်ကြပေ။
不过,只有当名为如来的正等正觉诸佛出现于世时,众生才能因诸佛揭示、宣说而有机会了知这种因果关联=缘起法。(《相应部》1-264,见《缘经》。)如果世间没有佛陀出现;或者佛陀虽已出现,众生却没有机会听闻佛法;又或者虽有机会听闻佛法,众生却执取落入常见与断灭见两端的恶劣邪说,那么,众生便不能了知、理解这种缘起之理。
ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားတော်သည်ကား နက်ယောင်နဲ့ နက်၏၊ ခက်ယောင်နဲ့ ခက်၏။ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ''လွယ်သည် တိမ်သည်'' ဟု ပြောဆို- လျှောက်ထားလာသော အရှင်အာနန္ဒာကိုယ်တော်မြတ်အား --- ''မာဟေဝံ အာနန္ဒ မာဟေဝံ အာနန္ဒ …= ညီဘွား အာနန္ဒာ သင် ဤလို မပြောနှင့်၊ ညီဘွား အာနန္ဒာ သင် ဤလို မပြောနှင့် '' --- ဟု တားမြစ်တော် မူခဲ့ဖူးလေသည်။ (ဒီ-၂-၄၇။ သံ-၁-၃၁၈။) မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ဤ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို အတ္တပစ္စက္ခဉာဏ် သမ္မာဒိဋ္ဌိဉာဏ်ဟူသည့် ပရိညာပညာသုံးမျိုးတို့ဖြင့် ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြား ကိုယ်တိုင်မျက်မှောက် ထွင်း-
这种因果关联=缘起法,似深而实深,似难而实难。阿难尊者曾禀白说这种缘起之理“容易、浅显”,世尊便制止他说:“မာဟေဝံ အာနန္ဒ မာဟေဝံ အာနန္ဒ……=阿难,不要这样说;阿难,不要这样说。”(《长部》2-47;《相应部》1-318。)无论多么深奥难知,若不以称为亲证现见智、正见智的三种遍知之慧,清楚分别、亲自现前而洞彻——
原书第 103 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဖောက်မသိဘဲ သံသရာဝဋ်ဆင်းရဲ ဘေးဆိုးကြီးမှ အိုဘေးဆိုးကြီးမှ နာဘေးဆိုးကြီးမှ သေဘေးဆိုးကြီးမှ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရသည့် ဘေးဆိုးကြီးမှ ကျော်လွှားလွန်မြောက်နိုင်မည်ကား မဟုတ်ချေ။ ဤ ကြောင်း-ကျိုး- ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မသိဘဲ သမဏဗြာဟ္မဏ ဟု အခေါ်မခံထိုက်ချေ။
——了知这种缘起之理,就不可能超越、脱离轮回之苦的大险,乃至衰老、疾病、死亡的大险,以及一再反复结生的大险。不了知这种因果关联=缘起之理,便不配称为沙门或婆罗门。
(သံ-၁-၂၅၅-၂၅၆ - ကြည့်။)
(参见《相应部》1-255—256。)
ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ သိတော်မူကြခြင်းကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ရောက်တော်မူဆဲ ရောက်တော်မူလတ္တံ့ ဖြစ်ကြသည်။ သတ္တဝါအပေါင်းသည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ မသိသေးသမျှ ကာလပတ်လုံး သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ချောက်ကမ္ဘားကြီး တစ်ခုခုအတွင်းသို့ ကျရောက်ကာ ဆင်းရဲဒုက္ခအပေါင်းကို ခံစားနေကြရဦးမည်သာ ဖြစ်၏။ ထိုကြောင့် သံသရာဝဋ်ဒုက္ခ အဝဝမှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက် လိုကြသူ သူတော်ကောင်းမှန်သမျှတို့သည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အတ္တပစ္စက္ခဉာဏ်တည်း ဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရန် ကြိုးပမ်းကြရမည်သာ ဖြစ်ကြောင်းကို နိဒါနဝဂ္ဂသံယုတ် ဒေသနာတော်တို့၌ အကြိမ်များစွာ ဟောကြား သတိပေးတော်မူခဲ့ပေသည်။ (သံ-၁-၂၅၇-
过去已经出现、现在正在出现、未来将要出现的诸佛,都是因为分别了知这种缘起法,才已经成佛、正在成佛或将要成佛。只要一切众生还未分别了知这种缘起法,就仍会坠入常见或断灭见这两大深渊之一,继续承受一切苦。因此,凡是希望从轮回诸苦中彻底解脱的贤善之人,都必须努力以称为亲证现见智的正见智,亲自现前而洞彻知见这种缘起法。世尊在《相应部·因缘相应》的教说中,曾多次如此开示、警策。(参见《相应部》1-257——
ကစ္စာနဂေါတ္တသုတ် စသည်၌ ကြည့်ပါ။)
——《迦旃延氏经》等。)
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော တဒနွယတရားများ
《无碍解道》巴利所载的随彼法
အနိစ္စတော မနသိကရောတော အဓိမောက္ခဗဟုလဿ သဒ္ဓိန္ဒြိယံ အာဓိပတေယျံ ဟောတိ၊ ဘာဝနာယ စတ္တာရိန္ဒြိယာနိ တဒနွယာ ဟောန္တိ၊ သဟဇာတပစ္စယာ ဟောန္တိ၊ အညမညပစ္စယာ ဟောန္တိ၊ နိဿယပစ္စယာ ဟောန္တိ၊ သမ္ပယုတ္တပစ္စယာ ဟောန္တိ၊ ဧကရသာ ဟောန္တိ၊ ဧကရသဋ္ဌေန ဘာဝနာ၊ ယော သမ္မာပဋိပန္နော၊ သော ဘာဝေတိ၊ နတ္ထိ မိစ္ဆာပဋိပန္နဿ ဣန္ဒြိယဘာဝနာ။ ။ ဒုက္ခတော မနသိကရောတော ပဿဒ္ဓိဗဟုလဿ သမာဓိန္ဒြိယံ အာဓိပတေယျံ ဟောတိ။ ပ ။ အနတ္တတော မနသိကရောတော ဝေဒဗဟုလဿ ပညိန္ဒြိယံ အာဓိပတေယျံ ဟောတိ။ ပ ။ (ပဋိသံ-၂၄၅-၂၄၆။) တဒနွယာ ဟောန္တီတိ တံ အနုဂါမိနီ တံ အနုဝတ္တိနီ ဟောန္တိ။ (ပဋိသံ-ဋ္ဌ-၂-၁၆၁။) = သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံးသွင်းသော အနိစ္စဟု ဆုံးဖြတ်ခြင်း = အဓိမောက္ခ (သဒ္ဓါဓိမောက္ခ) များသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ဝိပဿနာ ဘာဝနာ၌ (ဝီရိယ သတိ သမာဓိ ပညာ ဟူသော) ဣန္ဒြေ လေးပါးတို့သည် ထိုသဒ္ဓိန္ဒြေသို့ အစဥ်လိုက်ကုန်၏။ ပ ။
“对于把诸行作意为无常、胜解强盛的人,信根居于主导;修习中其余四根随彼而行,彼此为俱生缘、相互缘、依止缘、相应缘,具有同一作用;以作用同一之义而称为修习。行于正道者修习诸根;行于邪道者没有根修习。对于作意为苦、轻安强盛的人,定根居于主导……对于作意为无我、智解强盛的人,慧根居于主导……”(《无碍解道“‘随彼而行’,是说跟随它、顺从它而行。”(《无碍解道义注》2-161。)也就是说,对于把诸行作意为无常、胜解〔信胜解〕强盛的人,信根居于主导;在毗婆舍那修习中,精进、念、定、慧其余四根随彼信根而行……
သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းသော ငြိမ်းအေးခြင်း = ပဿဒ္ဓိများသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ (သဒ္ဓါ ဝီရိယ သတိ ပညာ ဟူသော) ဣန္ဒြေလေးပါးတို့သည် ထို သမာဓိန္ဒြေသို့ အစဥ်လိုက်ကုန်၏။ ပ ။
对于把诸行作意为苦、轻安强盛的人,定根居于主导;在毗婆舍那修习中,信、精进、念、慧其余四根随彼定根而行……
သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းသော အသိဉာဏ်များပြားသော ပုဂ္ဂိုလ်အား ပညိန္ဒြေသည် အကြီး အကဲ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ (သဒ္ဓါ ဝီရိယ သတိ သမာဓိဟူသော) ဣန္ဒြေလေးပါးတို့သည် ထို ပညိန္ဒြေသို့ အစဥ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။
对于把诸行作意为无我、智解强盛的人,慧根居于主导;在毗婆舍那修习中,信、精进、念、定其余四根随彼慧根而行。它们彼此为俱生缘、相互缘与依止缘。
သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။ တူသော ကိစ္စရှိသော အနက်သဘောအားဖြင့် ဘာဝနာ မည်၏။ အကြင် ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာပဋိပန္န အမည်ရသည့် ကောင်းမွန် မှန်ကန်သော ကျင့်စဥ်ကို ကျင့်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ရင့်ကျက်အောင် ပွားများခြင်းဟူသော ဣန္ဒြိယဘာဝနာကို
它们又彼此为相应缘,具有同一作用;以作用同一之义而称为修习。任何禅修者实行名为正行的善妙、正确修行,他就是在修习——
原书第 104 页
ပွားများသည်မည်၏။ အကြင်ပုဂ္ဂိုလ်သည်ကား မှားယွင်းဖောက်ပြန် မမှန်ကန်သည့် မိစ္ဆာပဋိပတ်ကျင့်စဥ်ကို ကျင့်၏၊ ထိုပုဂ္ဂိုလ်အား ဣန္ဒြေတို့ကို ရင့်ကျက်အောင် ပွားများခြင်း ဣန္ဒြိယဘာဝနာမည်သည် မရှိနိုင်။
——使诸根成熟的根修习。某人若实行错误、颠倒、不正确的邪行,那么,他便不可能有使诸根成熟的根修习。
(ပဋိသံ-၂၄၅-၂၄၆။)
(《无碍解道》245—246。)
သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ - ဟု ဣန္ဒြေငါးပါး ရှိ၏။ ထိုတွင် သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံး သွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ယင်းသဒ္ဓိန္ဒြေ၏ နောက်သို့ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ဣန္ဒြေလေးပါးတို့က အစဥ်လိုက်ကြရ၏။ သို့သော် ယင်းသဒ္ဓါနှင့် ယင်းဣန္ဒြေလေးပါး- တို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ကြ၏၊ သဒ္ဓါက ယင်းဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို ထို သဒ္ဓိန္ဒြေ၏နောက်သို့ အစဥ်လိုက်သော တဒနွယတရားတို့ဟူ၍ ဟောကြားထားတော်မူ၏။
根共有五种:信、精进、念、定、慧。其中,对于多作意、观修诸行为无常的人,信根居于主导;精进、念、定、慧其余四根随彼信根而行。不过,信与这四根是在一个心刹那内共同生起的;信以俱生缘、相互缘、依止缘、相应缘之力资助这四根。因此,这四根被宣说为随彼信根而行的“随彼法”。
သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။
对于多作意、观修诸行为苦的人,定根居于主导。
ယင်း သမာဓိန္ဒြေ၏ နောက်သို့ သဒ္ဓါ ဝီရိယ သတိ ပညာဟူသော ဣန္ဒြေလေးပါးတို့က အစဥ်လိုက်၍ ဖြစ်ကြရ၏။
信、精进、念、慧其余四根随彼定根而行。
သမာဓိက ယင်း ဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏။ ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို သမာဓိန္ဒြေ၏ နောက်သို့ အစဥ်လိုက်သော တဒနွယတရားတို့ဟူ၍ ဟောကြားထားတော်မူ၏။
定以俱生缘、相互缘、依止缘、相应缘之力资助这四根。因此,这四根被宣说为随彼定根而行的“随彼法”。
သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား ပညိန္ဒြေသည် အကြီးအကဲဖြစ်၏။
对于多作意、观修诸行为无我的人,慧根居于主导。
ယင်းပညိန္ဒြေ၏နောက်သို့ သဒ္ဓါ ဝီရိယ သတိ သမာဓိဟူသော ဣန္ဒြေတို့က အစဥ်လိုက်၍ ဖြစ်ကြရ၏။ ပညိန္ဒြေက ယင်း ဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။
信、精进、念、定其余四根随彼慧根而行;慧以俱生缘、相互缘、依止缘、相应缘之力资助这四根。
ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို ပညိန္ဒြေ၏ နောက်သို့ အစဥ်လိုက်သော တဒနွယတရား တို့ဟူ၍ ဟော- ကြားထားတော်မူ၏။
因此,这四根被宣说为随彼慧根而行的“随彼法”。
ဤ တဒနွယတရား - တို့ကား ဝိပဿနာဇော စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ကြသော အချင်းချင်း အပြန်အလှန် သဟဇာတ အညမည နိဿယ သမ္ပယုတ္တပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနေကြသော တရားတို့ ဖြစ်ကြသည်။ အထက်တွင် ရှင်းလင်းတင်ပြထားသော အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာသမ္မာဒိဋ္ဌိ- ဉာဏ်၏နောက်သို့ အစဥ်လိုက်၍ဖြစ်သော၊ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သော၊ ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်မျိုးလည်း မဟုတ်ပေ။ လောကုတ္တရာမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ နောက်သို့ အစဥ်လိုက်၍ ဖြစ်သော၊ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၌ အကျုံးမဝင်သော ပစ္စဝေက္ခဏဉာဏ် ဟူသော အနွယဉာဏ်မျိုးလည်း မဟုတ်ပေ။
这些随彼法,是在一个观速行心刹那内共同生起,并以俱生缘、相互缘、依止缘、相应缘之力彼此资助的诸法。它们并不是上文所说那种依次随在称为亲证现见智的观正见智之后而生、且不摄于该观正见智中的、具有省察作用而名为省察智的类智;也不是依次随在出世间道智、果智之后而生、且不摄于圣道智、果智中的省察智——类智。
အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်
随在圣道智、果智之后而行的类智
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဉာဏဝတ္ထုသုတ္တန်တွင် ဘုရားရှင်သည် (၄၄)မျိုးသော ဉာဏဝတ္ထု အမည် ရှိသော သမ္ပတ္တိတို့၏ တည်နေကြောင်း ဉာဏ်တို့ကို ဟောကြားထားတော်မူ၏။ ဇရာမရဏမှသည် သင်္ခါရသို့ တိုင်အောင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၁)မျိုးတို့၌ အင်္ဂါရပ်တစ်မျိုးတစ်မျိုးလျှင် (၄)မျိုးစီ (၄)မျိုးစီသော ဉာဏ်တို့ကို ဟောကြားထားတော်မူ၏။ အားလုံးပေါင်းသော် (၁၁×၄=၄၄)မျိုးသော ဉာဏဝတ္ထုတို့တည်း။ ဤတွင် ပုံစံအချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။ ---
在《相应部·因缘相应》巴利的《智事经》中,世尊宣说了四十四种作为成就之所依、名为“智事”(ñāṇavatthu)的智。从老死直到行这十一种缘起支,每一支各宣说四种智,总计十一乘四,即四十四种智事。这里摘录其中一些范式如下——
原书第 105 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ၁။ ဇရာမရဏေ ဉာဏံ = ဇရာမဏ၌ သိသောဉာဏ်၊ ၂။ ဇရာမရဏသမုဒယေ ဉာဏံ = ဇရာမရဏဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်၊ ၃။ ဇရာမရဏနိရောဓေ ဉာဏံ = ဇရာမရဏချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်၊ ၄။ ဇရာမရဏနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ = ဇရာမရဏချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်၌ သိသောဉာဏ် ။ ပ ။
1.ဇရာမရဏေ ဉာဏံ=于老死能知之智;2.ဇရာမရဏသမုဒယေ ဉာဏံ=于老死之集能知之智;3.ဇရာမရဏနိရောဓေ ဉာဏံ=于老死止息之灭谛能知之智;4.ဇရာမရဏနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ=于通往老死止息之灭=涅槃的行道能知之智……
၁။ သင်္ခါရေသု ဉာဏံ = သင်္ခါရတို့၌ သိသောဉာဏ်၊ ၂။ သင်္ခါရသမုဒယေ ဉာဏံ = သင်္ခါရတို့၏ ဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်၊ ၃။ သင်္ခါရနိရောဓေ ဉာဏံ = သင်္ခါရတို့၏ ချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်၊ ၄။ သင်္ခါရနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ = သင်္ခါရတို့၏ ချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်၌ သိသောဉာဏ် --- ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁)ခု (၁)ခု၌ သစ္စာ (၄)ပါးစီ ဖြစ်သဖြင့် အားလုံးပေါင်းသော် ပဋိစ္စ သမုပ္ပါဒ်အင်္ဂါရပ် (၁၁)ပါးတို့၌ (၄၄)မျိုးသော ဉာဏဝတ္ထုတို့ ဖြစ်ကြ၏။
1.သင်္ခါရေသု ဉာဏံ=于诸行能知之智;2.သင်္ခါရသမုဒယေ ဉာဏံ=于诸行之集能知之智;3.သင်္ခါရနိရောဓေ ဉာဏံ=于诸行止息之灭谛能知之智;4.သင်္ခါရနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ=于通往诸行止息之灭=涅槃的行道能知之智。如此,每一缘起支各有四谛,十一支合计便有四十四种智事。
၁။ ဇရာမရဏ ဟူသည် ဇရာမရဏသဘောရှိသော ခန္ဓာတို့ကိုပင် ဆိုလိုသည်။ ဇရာမရဏ၌ သိသော ဉာဏ် ဟူသည် ဇရာမရဏ သဘောရှိသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတို့၌ သိသော ဉာဏ်တည်း။
1.所谓“老死”,就是具有老死之性的诸蕴;所谓“于老死能知之智”,就是对于具有老死之性的取蕴——苦谛法——能知之智。
၂။ ဇရာမရဏဖြစ်ကြောင်း သမုဒယကား ဇာတိတည်း။ ဇာတိဟူသည် ဇာတိသဘောရှိသော ခန္ဓာတို့၏ ဘဝ တစ်ခု၌ စ၍ဖြစ်မှု သို့မဟုတ် ဥပါဒ်မှုသဘောတည်း။ ယင်း ဇာတိကို သိသော ဉာဏ်ကား ဇရာမရဏ ဖြစ်ကြောင်း သမုဒယကို သိသော ဉာဏ်တည်း။
2.老死之集,也就是老死生起之因,是生(jāti)。所谓“生”,就是具有生之性的诸蕴在一有之中最初生起,或称生起(uppāda)的性质。能知这一生的智,就是能知老死之集、即老死生起之因的智。
၃။ ဇရာမရဏနိရောဓ တရားကား နိဗ္ဗာန်တည်း။ ယင်းနိဗ္ဗာန် = နိရောဓသစ္စာကို သိသော ဉာဏ်ကား ဇရာ- မရဏနိရောဓ၌ သိသော ဉာဏ်တည်း။
3.老死止息之法就是涅槃。能知这一涅槃=灭谛的智,就是于老死之灭能知之智。
၄။ ဇရာမရဏနိရောဓဂါမိနိပဋိပဒါ ဟူသည် အရိယမဂ်နှင့် ယှဥ်သော အရိယမဂ္ဂင် (၈)ပါးတည်း။ ယင်း မဂ္ဂင် (၈)ပါးကိုသိသော ဉာဏ်ကား ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဥ်၌ သိသော ဉာဏ်ပင်တည်း။
4.所谓“通往老死止息之行道”,就是与圣道相应的八支圣道。能知这八道支的智,就是于通往老死止息之涅槃的行道能知之智。
ဇာတိ၏ သမုဒယကား ကမ္မဘဝ၊ ဘဝ၏ သမုဒယကား ဥပါဒါန၊ ဥပါဒါန၏ သမုဒယကား တဏှာ၊ တဏှာ၏ သမုဒယကား ဝေဒနာ၊ ဝေဒနာ၏ သမုဒယကား ဖဿ၊ ဖဿ၏ သမုဒယကား သဠာယတန၊ သဠာယတန၏ သမုဒယကား နာမရူပ၊ နာမရူပ၏ သမုဒယကား ဝိညာဏ၊ ဝိညာဏ၏ သမုဒယကား သင်္ခါရ၊သင်္ခါရ၏ သမုဒယကား အဝိဇ္ဇာတည်း။ ဤမျှသာ ထူး၏။ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တစ်မျိုး တစ်မျိုး၌ (၄) ချက်စီဖြစ်ရကား ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၁) ရပ်တို့၌ (၄၄) မျိုးသော ဉာဏဝတ္ထုတို့တည်း။
生之集是业有,有之集是取,取之集是爱,爱之集是受,受之集是触,触之集是六处,六处之集是名色,名色之集是识,识之集是行,行之集是无明;只有各支之集这一项有所不同。如此,每一种缘起支各有四项,所以十一种缘起支共有四十四种智事。
(အကျယ်ကို သံ-၁-၂၈၈-၂၈၉-၂၉ဝ-တို့၌ ကြည့်ပါ။)
(详见《相应部》1-288—290。)
တစ်ဖန် ဘုရားရှင်က ယင်းသုတ္တန်တွင် အနွယဉာဏ် ဖြစ်ပုံ အပိုင်းကို ဤသို့ ဆက်လက် ဟောကြားထား- တော်မူ၏။ --- ယတော ခေါ ဘိက္ခဝေ အရိယသာဝကော ဧဝံ ဇရာမရဏံ ပဇာနာတိ၊ ဧဝံ ဇရာမရဏသမုဒယံ ပဇာနာတိ၊ ဧဝံ ဇရာမရဏနိရောဓံ ပဇာနာတိ၊ ဧဝံ ဇရာမရဏနိရောဓဂါမိနိ ပဋိပဒံ ပဇာနာတိ။ ဣဒမဿ ဓမ္မေ ဉာဏံ၊
接着,世尊又在该经“诸比丘,当圣弟子如此了知老死、如此了知老死之集、如此了知老死之灭、如此了知通往老死之灭的行道时,这就是他的法智——”
原书第 106 页
သော ဣမိနာ ဓမ္မေန ဒိဋ္ဌေန ဝိဒိတေန အကာလိကေန ပတ္တေန ပရိယောဂါဠှေန အတီတာနာဂတေ နယံ နေတိ။ (သံ-၁-၂၈၉။) ဧတ္ထ စ န စတုသစ္စဓမ္မေန ဝါ မဂ္ဂဉာဏဓမ္မေန ဝါ သက္ကာ အတီတာနာဂတေ နယံ နေတုံ၊ စတုသစ္စေ ပန မဂ္ဂဉာဏေန ပဋိဝိဒ္ဓေ ပရတော ပစ္စဝေက္ခဏဉာဏံ နာမ ဟောတိ၊ တေန နယံ နေတီတိ ဝေဒိတဗ္ဗာ။
“——他凭借这一已见、已知、不待时、已证得、已深入之法,把同一方法运用于过去和未来。”(《相“这里,不能凭四谛法本身,也不能凭道智法本身,把同一方法运用于过去和未来;而当四谛已由道智通达之后,后来生起名为省察智的智,才以该智作此类推。应当如此理解。”
(သံ-ဋ္ဌ-၂-၆၂။)
(《相应部义注》2-62。)
= ရဟန်းတို့ …အကြင် အရိယသာဝကသည် ဤသို့လျှင် --- ၁။ ဇရာမရဏကို သိ၏၊ ၂။ ဇရာမရဏ၏ ဖြစ်ကြောင်း သမုဒယကို သိ၏၊ ၃။ ဇရာမရဏ၏ ချုပ်ရာ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကို သိ၏၊ ၄။ ဇရာမရဏ ချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် မဂ္ဂသစ္စာကို သိ၏။
诸比丘……一位圣弟子如此了知:1.老死;2.老死之集,即令老死生起的原因;3.老死止息之灭谛,即殊胜的涅槃法;4.通往老死止息之灭、涅槃的修行之道谛。
ဤသည်ကား ထိုအရိယသာဝက၏ ဓမ္မဉာဏ် = စတုသစ္စဓမ္မ၌ သိသော အရိယမဂ်ဉာဏ်တည်း။
这就是该圣弟子的法智,即了知四谛法的圣道智。
ထိုအရိယသာဝကသည် ဓမ္မစက္ခုဟူသော အရိယမဂ်ဉာဏ်စက္ခုဖြင့် (အသမ္မောဟပဋိဝေဓ သဘောအားဖြင့်) ပစ္စက္ခအားဖြင့် မြင်အပ်သော၊ အရိယမဂ်ပညာဖြင့် သိအပ်သော၊ အခါမလင့် အကျိုးပေးသော (= မိမိ အရိယမဂ်၏ အခြားမဲ့၌ အရိယဖိုလ်ဟူသော အကျိုးကို အခါမလင့် အကျိုးပေးသော) ၊ သစ္စာလေးပါးတို့သို့ ဆိုက်ရောက်၍ တည်နေသောကြောင့် စတုသစ္စဓမ္မသို့ ရောက်အပ်ရအပ်သော၊ စတုသစ္စဓမ္မ၌ အရိယမဂ်ဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ဤစတုသစ္စဓမ္မဖြင့်၊ တစ်နည်း စတုသစ္စဓမ္မကို ထိုးထွင်းသိသော မဂ္ဂဉာဏဓမ္မဖြင့် အတိတ် အနာဂတ်၌ နည်းကိုဆောင်၏။ တစ်နည်း --- အတိတ် အနာဂတ် သစ္စာလေးပါးတရားတို့သို့ သိကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ကို ပို့ဆောင်၏။ (သံ-၁-၂၈၉။) ယေ ခေါ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဇရာမရဏံ အဗ္ဘညံသု၊ ဇရာမရဏသမုဒယံ အဗ္ဘညံသု၊ ဇရာမရဏနိရောဓံ အဗ္ဘညံသု၊ ဇရာမရဏနိရောဓဂါမိနိ ပဋိပဒံ အဗ္ဘညံသု၊ သဗ္ဗေတေ ဧဝမေဝ
这四谛法,是该圣弟子以名为“法眼”的圣道智之眼,依无痴通达而亲自现见的,是以圣道慧了知的,是不待时即予果的(即在自己的圣道之后无间,立即产生名为圣果的果),是因抵达并安住于四谛而证得的,也是以圣道智深入并安住于四谛的。他即凭借这样的四谛法,换言之,凭借通达四谛的道智法,把同一方法运用于过去和未来;也就是引生能知过去、未来四谛法的省察智。(“过去任何沙门或婆罗门,凡已证知老死、老死之集、老死之灭以及通往老死之灭的行道,他们全都如此——”
အဗ္ဘညံသု၊ သေယျထာပါဟံ ဧတရဟိ။
“——证知,正如我今日。”
ယေပိ ဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဇရာမရဏံ အဘိဇာနိဿန္တိ၊ ဇရာမရဏ- သမုဒယံ အဘိဇာနိဿန္တိ၊ ဇရာမရဏနိရောဓံ အဘိဇာနိဿန္တိ၊ ဇရာမရဏနိရောဓဂါမိနိ ပဋိပဒံ အဘိဇာနိဿန္တိ၊ သဗ္ဗေတေ ဧဝမေဝ အဘိဇာနိဿန္တိ၊ သေယျထာပါဟံ ဧတရဟီတိ။ ဣဒမဿ အနွယေ ဉာဏံ။
“未来任何沙门或婆罗门,凡将证知老死、老死之集、老死之灭以及通往老死之灭的行道,他们全都将如此证知,正如我今日。这就是他的类智。”
ယတော ခေါ ဘိက္ခဝေ အရိယသာဝကဿ ဣမာနိ ဒွေ ဉာဏာနိ ပရိသုဒ္ဓါနိ ဟောန္တိ ပရိယောဒါတာနိ ဓမ္မေ ဉာဏဉ္စ အနွယေ ဉာဏဉ္စ။ အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ''ဒိဋ္ဌိသမ္ပန္နော'' ဣတိပိ၊ ''ဒဿန- သမ္ပန္နော'' ဣတိပိ၊ ''အာဂတော ဣမံ သဒ္ဓမ္မံ'' ဣတိပိ၊ ''ပဿတိ ဣမံ သဒ္ဓမ္မံ'' ဣတိပိ၊ ''သေက္ခေန ဉာဏေန သမန္နာဂတော'' ဣတိပိ၊ ''သေက္ခာယ ဝိဇ္ဇာယ သမန္နာဂတော'' ဣတိပိ၊ ''ဓမ္မသောတံ သမာပန္နော'' ဣတိပိ၊ ''အရိယော နိဗ္ဗေဓိကပညော'' ဣတိပိ၊ ''အမတဒွါရံ အာဟစ္စ တိဋ္ဌတိ'' ဣတိပီတိ။ (သံ-၁-၂၈၉။) လွန်လေပြီးသော အတိတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်၏၊ ဇရာ- မရဏသမုဒယကို သိကုန်၏၊ ဇရာမရဏနိရောဓကို သိကုန်၏၊ ဇရာမရဏနိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို သိကုန်၏။ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။
“诸比丘,当圣弟子的这两种智——法智与类智——清净、皎洁时,这位圣弟子也称为‘具足正见者’,也称为‘具足见者’,也称为‘已来到此正法者’,也称为‘见此正法者’,也称为‘具足有学智者’,也称为‘具足有学明者’,也称为‘已入法流者’,也称为‘具洞察力之圣者’,也称为‘触及不死之门而住者’。”(《相应部》1-289。)在已经过去的时代,凡沙门、婆罗门曾了知老死、老死之集、老死之灭以及通往老死之灭的行道,他们全都如我今日所知的这样而知。
原书第 107 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း နောင်အနာဂတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်လတ္တံ့၊ ဇရာမရဏ- သမုဒယကို သိကုန်လတ္တံ့၊ ဇရာမရဏနိရောဓကို သိကုန်လတ္တံ့၊ ဇရာမရဏနိရောဓသို့ရောက်ကြောင်း ကျင့်စဥ်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၏။ ဤသည်ကား ထိုအရိယသာဝက၏ မဂ်ဉာဏ်သို့ အစဥ်လိုက်ခြင်း၌ ဖြစ်သော အနွယဉာဏ်တည်း။
在未来时代,凡沙门、婆罗门将会了知老死、老死之集、老死之灭以及通往老死之灭的行道,他们全都会如我今日所知的这样而知。他便如此把同一方法运用于过去和未来。这就是该圣弟子依次跟随在圣道智之后而生的类智。
ရဟန်းတို့ … အကြင်အခါ၌ အရိယသာဝကအား သစ္စာလေးပါးတရား၌ အသမ္မောဟပဋိဝေဓ သဘော အားဖြင့် သိသော အရိယမဂ်ဉာဏ်ဟူသော ဓမ္မဉာဏ်လည်းကောင်း၊ အရိယမဂ်ဉာဏ်သို့အစဥ်လိုက်ခြင်း၌ သိသော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့သည် စင်ကြယ်ကုန်၏၊ ဖြူစင်- ကုန်၏။ ရဟန်းတို့ …ထိုအခါ ဤအရိယသာဝကကို မှန်ကန်သောအယူဝါဒနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ မှန်ကန်သော ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားသို့ ရောက်လာသူဟူ၍ လည်းကောင်း၊ ဤသူတော်ကောင်းတရားကို မြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲသေက္ခ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ကျင့်ဆဲသေက္ခ ဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ တရားအယဥ်သို့ ကောင်းစွာ ဆိုက်ရောက်လာသူဟူ၍လည်းကောင်း၊ ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲသော အရိယာပညာရှိ ဟူ၍လည်းကောင်း၊ အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်ရှိ၍ တည်နေသူဟူ၍လည်းကောင်း ဆိုအပ်၏။
诸比丘……当圣弟子的这两种智——依无痴通达而知四谛法、称为圣道智的法智,以及依次跟随在圣道智之后而知、称为省察智的类智——清净、皎洁时,诸比丘……这位圣弟子便称为“具足正见者”,也称为“具足正确智见者”,也称为“已来到此正法者”,也称为“见此正法者”,也称为“具足有学智见者”,也称为“具足有学明者”,也称为“已入法流者”,也称为“具有洞穿烦恼坚厚之慧的圣者”,也称为“已抵达不死涅槃之门而住者”。
(သံ-၁-၂၈၉။)
(《相应部》1-289。)
ဤ အနွယဉာဏ်ကား အရိယမဂ်ဉာဏ်၏ နောက်သို့ သို့မဟုတ် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်တည်း။ အသင်သူတော်ကောင်းသည်လည်း သစ္စာ လေးပါးကို ထိုးထွင်းသိမြင်ပြီးသောအခါ ဤရှုကွက်ကို ရှုနိုင်ပေသည်။
这种类智,就是依次跟随在圣道智之后,或依次跟随在圣道智、果智之后而生的省察智型类智。贤者,你在洞彻知见四谛之后,也可以这样观照。
ဝိဘင်းပါဠိတော်မှ ကောက်နုတ်ချက်
《分别论》巴利节录
တတ္ထ ကတမံ ဓမ္မေ ဉာဏံ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ဓမ္မေ ဉာဏံ၊ သော ဣမိနာ ဓမ္မေန ဉာတေန ဒိဋ္ဌေန ပတ္တေန ဝိဒိတေန ပရိယောဂါဠှေန အတီတာနာဂတေ နယံ နေတိ။
“其中,什么是法智?四道、四果中的慧,就是法智。他凭借这一已知、已见、已证得、已明了、已深入之法,把同一方法运用于过去和未来。”
ယေဟိ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အဗ္ဘညံသု၊ ဒုက္ခသမုဒယံ အဗ္ဘ- ညံသု၊ဒုက္ခနိရောဓံ အဗ္ဘညံသု၊ ဒုက္ခနိရောဓဂါမိနိ ပဋိပဒံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒံ အဗ္ဘညံသု။
“过去任何沙门或婆罗门,凡曾证知苦、苦集、苦灭以及通往苦灭的行道,他们所证知的苦唯是此苦,所证知的苦集唯是此苦集,所证知的苦灭唯是此苦灭,所证知的通往苦灭之行道唯是此行道。”
ယေဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓဂါမိနိ ပဋိပဒံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒံ အဘိဇာနိဿန္တီတိ ယာ တတ္ထ ပညာ ပဇာနနာ ။ ပ ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ အနွယေ ဉာဏံ။ (အဘိ-၂-၃၄၁-၃၄၂။) = ထိုဉာဏ်တို့တွင် ဓမ္မဉာဏ်ဟူသည် အဘယ်နည်း၊ အရိယမဂ်လေးပါးတို့၌ အရိယဖိုလ်လေးပါးတို့၌ ပညာ သည် ဓမ္မဉာဏ်တည်း။ ထိုအရိယသာဝကသည် ဓမ္မစက္ခုဟူသော အရိယမဂ်ဉာဏ်စက္ခုဖြင့် အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ပစ္စက္ခအားဖြင့် မြင်အပ်သော သိအပ်သော အခါမလင့် အကျိုးပေးသော၊ သစ္စာလေးပါးတို့သို့
“未来任何沙门或婆罗门,凡将证知苦、苦集、苦灭以及通往苦灭的行道,他们所将证知的苦唯是此苦,所将证知的苦集唯是此苦集,所将证知的苦灭唯是此苦灭,所将证知的通往苦灭之行道唯是此行道。其中的慧、了知……(省略同文)……无痴、择法、正见,称为类智。”(《阿毗达磨》2-341—342。)在这些智中,什么是法智?四圣道、四圣果中的慧,就是法智。这四谛法,是这位圣弟子以名为“法眼”的圣道智之眼,依无痴通达而亲自现见、了知的,是不待时即予果的;又因这位圣弟子已抵达四谛——
原书第 108 页
ဆိုက်ရောက်၍ တည်နေသောကြောင့် စတုသစ္စဓမ္မသို့ ရောက်အပ်ရအပ်သော စတုသစ္စဓမ္မ၌ အရိယမဂ်ဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ဤစတုသစ္စဓမ္မ = စတုသစ္စဓမ္မကို ထိုးထွင်း၍သိသော မဂ္ဂဉာဏဓမ္မဖြင့် အတိတ် အနာဂတ်၌ နည်းကိုဆောင်၏ = အတိတ်အနာဂတ် သစ္စာလေးပါးတရားတို့သို့ သိကြောင်းဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်ကို ပို့ဆောင်၏။
——并安住于其中,而成为他已经达到、已经证得的四谛法;这四谛法又是圣弟子以圣道智深入并安住于其中的法。他凭借这一四谛法,也就是凭借通达四谛的道智法,把同一方法运用于过去和未来;也就是引生能知过去、未来四谛法的省察智。
လွန်လေပြီးသော အတိတ်ကာလ၌ အကြင် သမဏ ဗြာဟ္မဏတို့သည် ဒုက္ခကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခသမုဒယကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခနိရောဓကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို ထိုးထွင်းသိခဲ့ကြကုန်၏။ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် တဏှာမှတစ်ပါးသော ဤ တေဘူ- မကဓမ္မကိုသာလျှင် ဒုက္ခ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤတဏှာကိုသာလျှင် ဒုက္ခသမုဒယ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို သာလျှင် ဒုက္ခနိရောဓ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားကိုသာလျှင် ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဥ်ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ နောင် အနာဂတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဒုက္ခကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခ-
在已经过去的时代,凡沙门、婆罗门曾洞彻了知苦、苦集、苦灭以及通往苦灭的行道;所有这些沙门、婆罗门所洞彻了知为苦的,唯是爱以外的这一切三地法(tebhūmaka-dhamma);所洞彻了知为苦集的,唯是此爱;所洞彻了知为苦灭的,唯是此无为界、寂静界、殊胜的涅槃法;所洞彻了知为通往苦灭之行道的,唯是此八支圣道。在未来时代,凡沙门、婆罗门将洞彻了知苦、苦——
သမုဒယကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခနိရောဓကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဥ်ကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် တဏှာမှတစ်ပါးသော ဤတေဘူမက ဓမ္မကိုသာလျှင် ဒုက္ခ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤတဏှာကိုသာလျှင် ဒုက္ခသမုဒယ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုသာလျှင် ဒုက္ခနိရောဓ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံး တို့သည် ဤ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုသာလျှင် ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဥ်ဟု ထိုးထွင်းသိကြ- ကုန်လတ္တံ့၊ ဤသို့လျှင် ထိုအရာ၌ ပညာ ပဇာနနာ ။ ပ ။ အမောဟ ဓမ္မဝိစယ သမ္မာဒိဋ္ဌိဟူသော ဉာဏ်သည်ဖြစ်ပေါ်လာ၏၊ ဤဉာဏ်ကို အနွယဉာဏ်ဟူ၍ ဆိုအပ်၏။ (အဘိ-၂-၃၄၁-၃၄၂။)
——集、苦灭以及通往苦灭的行道;所有这些沙门、婆罗门所将洞彻了知为苦的,唯是爱以外的这一切三地法;所将洞彻了知为苦集的,唯是此爱;所将洞彻了知为苦灭的,唯是此无为界、寂静界、殊胜的涅槃法;所将洞彻了知为通往苦灭之行道的,唯是此八支圣道。如是,于此生起称为“慧、了知……(省略同文)……无痴、择法、正见”的智;此智称为类智。(《阿毗达磨》2-341—342。)
ယဒေတံ ဣမိနာ စတုသစ္စဂေါစရံ မဂ္ဂဉာဏံ အဓိဂတံ၊ တေန ဉာဏေန ကာရဏဘူတေန အတီတာ- နာဂတေ ပစ္စဝေက္ခဏဉာဏသင်္ခါတံ နယံ နေတိ။ (အဘိ-ဋ္ဌ-၂-၃၉၈။) အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓသဘောအားဖြင့် နိရောဓသစ္စာနိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံတိုက်ရိုက်မျက်မှောက်ပြုလျက် ထိုးထွင်းသိ၏။ ကျန်သစ္စာသုံးပါးတို့ကို သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟကို ပယ်သတ်သောအားဖြင့် အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိ၏။
“凭借他所获得的、以四谛为行境的这道智,并以该智为因,他把名为省察智的同一方法运用于过去和未来。”(《迷惑冰消》2-398。)圣道法把灭谛这一殊胜的涅槃法作为直接现前的所缘,依所缘通达而洞彻了知;对于其余三谛,则因断除遮蔽对四谛之知的痴,依无痴通达而洞彻了知。
ထိုကြောင့် အရိယမဂ်ဉာဏ်သည် အာရုံမျက်မှောက်ပြုသောအားဖြင့် နိရောဓသစ္စာကို၊ ကိစ္စသိဒ္ဓိအားဖြင့် ကျန်သစ္စာသုံးပါးကို သိသဖြင့် သစ္စာလေးပါးလုံးကို မဂ်ဉာဏ်က သာလျှင် သိ၏။ အရိယဖိုလ်ဉာဏ်သည်ကား နိရောဓသစ္စာတစ်ခုကိုသာလျှင် အာရုံမျက်မှောက်ပြုခြင်း အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိ၏။ ယင်းကဲ့သို့ သိမှုကိုပင် ရည်ရွယ်တော်မူ၍ အရိယမဂ်ဉာဏ်လေးပါး အရိယဖိုလ်ဉာဏ်လေးပါးတို့၌ တည်သောဉာဏ်ကို ဓမ္မဉာဏ်ဟု ဆိုသည်။ (အဘိ-ဋ္ဌ-၂-၃၉၈။) ဤ ယောဂါဝစရပုဂ္ဂိုလ်သည်ကား သစ္စာလေးပါးလျှင် ကျက်စားရာ အာရုံရှိသော ယင်း အရိယမဂ်ဉာဏ်ကို ရရှိ၏။ ထိုအရိယမဂ်ဉာဏ်ကြောင့် အတိတ်အနာဂတ်၌ နည်းကိုဆောင်၍ ရှုတတ်သော ပစ္စဝေက္ခဏာဉာဏ်ဟု ခေါ်ဆိုသော အနွယဉာဏ်သည် ဖြစ်ပေါ်လာ၏။ ယင်း အနွယဉာဏ်ဖြင့် အတိတ်အနာဂတ်၌ နည်းကိုဆောင်၍ ရှု၏။ (အဘိ-ဋ္ဌ-၂-၃၉၈။)
因此,圣道智以所缘直接现前的方式了知灭谛,并依作用成就了知其余三谛,故四谛全都由道智了知。圣果智则只把灭谛作为直接现前的所缘,依所缘通达而了知。世尊正是针对这样的了知,才说安住于四圣道智与四圣果智中的智为法智。(《迷惑冰消》2-398。)这位瑜伽行者获得了以四谛为行境的圣道智。以该圣道智为因,一种名为省察智、能把同一方法运用于过去和未来而观照的类智便生起;他以该类智,把同一方法运用于过去和未来而观照。(《迷惑冰消》2-398。)
原书第 109 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဤ အနွယဉာဏ်ကား အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ နောက်သို့ အစဥ်လိုက်၍ဖြစ်သော ပစ္စဝေက္ခဏ- ဉာဏ်တစ်မျိုးသာ ဖြစ်သည်။ ယင်းအနွယဉာဏ်သည် အရိယမဂ္ဂသမ္မာဒိဋ္ဌိ အမည်ရသည့် စတုသစ္စသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်တွင် အကျုံးမဝင်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော ပစ္စဝေက္ခဏဉာဏ်သာတည်း။
这种类智,只是依次跟随在圣道智、果智之后而生的一种省察智。它不摄于称为“圣道正见”的四谛正见——即亲证现见智;而只是依次跟随在圣道智、果智之后而生的省察智。
ဤသို့လျှင် အနွယဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်သို့ အစဥ်လိုက်သောအနွယဉာဏ်၊ လောကု- တ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဥ်လိုက်သော အနွယဉာဏ်ဟု နှစ်မျိုး နှစ်စား ရှိပေသည်။
如此,类智共有两种:1.依次跟随在观智之后的类智;2.依次跟随在出世间圣道智、果智之后的类智。
ယင်းအနွယဉာဏ်ကား ဝိပဿနာဉာဏ်နှင့်သော်လည်းကောင်း အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်သော်လည်းကောင်း စိတ္တက္ခဏတစ်ခု၏အတွင်း၌သော်လည်းကောင်း ဇောဝီထိတစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဥ်တွဲ ဖြစ်သည့် တရားမျိုးကား မဟုတ်ပေ။ ဝိပဿနာဇော မဂ်ဇော ဖိုလ်ဇောတို့ ဥပါဒ်ပြီးနောက် ဇောဝီထိပေါင်းများစွာ ခြားလျက် ဖြစ်ပေါ်လာသော ပစ္စဝေက္ခဏဉာဏ်တစ်မျိုးသာ ဖြစ်ပေသည်။
这种类智,无论与观智,还是与圣道智、果智,都不是在同一心刹那或同一速行心路中相应生起的法。它只是一种省察智:在观速行、道速行、果速行生起之后,隔着许多速行心路才生起。
အထက်တွင် ဖော်ပြထားခဲ့သော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော -- တဒနွယ တရားတို့ကား ဤ အနွယဉာဏ်နှစ်မျိုးတွင် မပါဝင်ကြပေ။ အနွယဉာဏ်ဟု ဟောတော်မမူဘဲ တဒနွယတရားတို့ဟူ၍သာ ဟောကြား- ထားတော်မူပေသည်။ ယင်း တဒနွယတရားတို့ကား ဝိပဿနာဇောစိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲဖြစ်- ကြသည့် သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် အချင်းချင်း အပြန်အလှန် ကျေးဇူး ပြုပေးနေကြသော ဣန္ဒြေထိုက်သော ဣန္ဒြိယဘာဝနာတရားတို့သာ ဖြစ်ကြသည်။
上文所引《无碍解道》巴利中的随彼法(tadanvaya-dhamma),并不摄于这两种类智。世尊没有把它们称为类智,只把它们称为随彼法。这些随彼法,是在同一个观速行心刹那中俱生,并借俱生缘、相互缘、依止缘、相应缘的缘力彼此相互资助、堪称为根的诸根修习法。
ယခုတစ်ဖန် အပရိဇာနနသုတ္တန်စသော ထိုထိုသုတ္တန်တို့မှ ကောက်နုတ်ချက်တို့ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။
现在,再继续列出《不遍知经》等各部经的节录。
အပရိဇာနနသုတ္တန် ကောက်နုတ်ချက်
《不遍知经》节录
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ ။
“诸比丘,若对一切不证知、不遍知、不离贪、不舍断,便不可能尽苦。……”
သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ-၂-၂၄၉-၂၅ဝ။) ဣတိ ဣမသ္မိ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ ''အဘိဇာန''န္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ''ပရိဇာန''န္တိ ဝစနေန တီရဏပရိညာ၊ ''ဝိရာဇယံ ပဇဟ''န္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ-ဋ္ဌ-၃-၆။) ရဟန်းတို့ …အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတန တစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို ဉာတပရိညာဖြင့် ထိုးထွင်းမသိခဲ့သော်၊ တီရဏပရိညာဖြင့် ပိုင်းခြားမသိခဲ့သော်၊ ပဟာနပရိညာဖြင့် ထိုအလုံးစုံ သော ရုပ်နာမ်တရားပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ မထိုက်။ ပ ။
“然而,诸比丘,若对一切证知、遍知、离贪、舍断,便能够尽苦。”(《相应部》2“如此,本经宣说了全部三种遍知:以‘证知’一词宣说知遍知,以‘遍知’一词宣说审察遍知,以‘离贪’与‘舍断’二词宣说断遍知。”(《相应部义注》3-6。)诸比丘……对于一切(五取蕴=十二处=)名色诸法,若未以知遍知洞彻知,未以审察遍知分别知,未能以断遍知修习到令执著、贪恋这一切名色诸法的爱断绝、撤除、止息,未能将它舍断,便不堪尽苦。……
ရဟန်းတို့ …အမှန်စင်စစ်အားဖြင့်သော်ကား အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတန တစ်ဆယ့် နှစ်ပါး =) ရုပ်နာမ်တရားကို ဉာတပရိညာဖြင့် ထိုးထွင်းသိခဲ့သော်၊ တီရဏပရိညာဖြင့် ပိုင်းခြားသိခဲ့သော်၊ ပဟာန ပရိညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ ထိုက်၏။ (သံ-၂-၂၄၉-၂၅ဝ။) ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ --- (သံ-ဋီ-၂-၆၅။)
诸比丘……然而,事实上,对于一切(五取蕴=十二处=)名色诸法,若已以知遍知洞彻知,以审察遍知分别知;若能以断遍知修习到令执著、贪恋这一切名色诸法的爱断绝、撤除、止息,并能将它舍断,便堪于尽苦。(《相应部》2“就使之成为亲自现见这一意义而言,其中摄取知遍知与审察遍知。”(《相应部复注》2-65。)

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。