‘သြဠာရိက - သုခုမ’(oḷārika—sukhuma)——粗重与微细
入出息念定部分 · 原书第 323–326 页 · 36 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 323 页
သြဠာရိက - သုခုမ
‘သြဠာရိက - သုခုမ’(oḷārika—sukhuma)——粗重与微细
တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သမထပိုင်း ဝိပဿနာပိုင်းတို့၌ သြဠာရိက = ရုန့်ရင်းကြမ်းတမ်းပုံ၊ သုခုမ = သိမ်မွေ့နူးညံ့ပုံများကိုလည်း အောက်ပါအတိုင်း ဆက်လက်၍ ဖော်ပြထားပေသည်။
此外,《清净道论》又继续如下说明:在止与观两个阶段中,oḷārika 如何呈现为粗重,sukhuma 如何呈现为微细柔和。
ဒီဃဘာဏက-သံယုတ္တဘာဏကတို့၏ အဆို
长部诵者与相应部诵者之说
၁။ ဝင်သက်လေ ထွက်သက်လေ၏ အရှည်-အတို၊ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း၌လည်း သြဠာရိက = ရုန့်ရင်း ကြမ်းတမ်းသေး၏။
1.在以智辨别、把握入息与出息的长短,以及各自从始、中至终的全体时,入出息仍属 oḷārika,即粗重。
ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ သုခုမ = သိမ်မွေ့နူးညံ့၏။
到初禅近行定时,则属 sukhuma,即微细柔和。
၂။ ထိုပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်း ရုန့်ရင်းကြမ်းတမ်းသေး၏၊ ပထမစျာန် အခိုက်၌ကား ပို၍ နူးညံ့၏။
2.在初禅近行定时,入出息相较于下一层仍属粗重;到初禅时,则更加柔细。
၃။ ပထမစျာန် အခိုက်၌လည်းကောင်း၊ ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ ဒုတိယစျာန် အခိုက်၌ကား ပို၍ နူးညံ့၏။
3.在初禅时以及第二禅近行定时,入出息相较于下一层仍属粗重;到第二禅时,则更加柔细。
၄။ ဒုတိယစျာန် အခိုက်၌လည်းကောင်း၊ တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ တတိယစျာန် အခိုက်၌ ပို၍ နူးညံ့၏။
4.在第二禅时以及第三禅近行定时,入出息相较于下一层仍属粗重;到第三禅时,则更加柔细。
၅။ တတိယစျာန် အခိုက်၌လည်းကောင်း၊ စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ စတုတ္ထစျာန် အခိုက်၌ကား အလွန်နူးညံ့ သိမ်မွေ့၏၊ မဖြစ်ခြင်းသဘောသို့သာလျှင် ရောက်ရှိသွားပေ၏။ ဤသို့ မှတ်သားပါလေ။
5.在第三禅时以及第四禅近行定时,入出息相较于下一层仍属粗重;到第四禅时,自然入出息则微细到完全不再生起,即于此止息。应当如此理解。
စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ-၁-၂၆၇။) ဤကား ဒီဃနိကာယ်ကို ဆောင်သော ဒီဃဘာဏက၊ သံယုတ္တနိကာယ်ကို ဆောင်သော သံယုတ္တဘာဏက မထေရ်မြတ်တို့၏ အလိုတည်း။
‘在第四禅中,自然入出息极其微细,直至完全不再生起。’(《清净道论》1-267。)这是持诵《长部》的长部诵者诸长老与持诵《相应部》的相应部诵者诸长老之说。
原书第 324 页
မဇ္ဈိမဘာဏကတို့၏ အဆို
中部诵者之说
မဇ္ဈိမနိကာယ်ကို ဆောင်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့၏ အလိုကား ---- ပထမစျာန် အခိုက်၌ ဝင်သက်လေ ထွက်သက်လေသည် ရုန့်ရင်းကြမ်းတမ်း၏၊ ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ သိမ်မွေ့ နူးညံ့၏ - ဟု ဤသို့လျှင် အောက်အောက်သော စျာန်ထက် အထက်အထက်သော စျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်း သာလွန်၍ နူးညံ့မှုကို အလိုရှိတော်မူကြကုန်၏။ (ဝိသုဒ္ဓိ-၁-၂၆၇။)
持诵《中部》的中部诵者诸长老则主张:‘在初禅时,入息、出息仍属粗重;到第二禅近行定时,则微细柔和。’依此方式,他们认为上一级禅那的近行定,比下一级禅那本身更为柔细。(《清净道论》1-267。)
ခပ်သိမ်းသော မထေရ်မြတ်တို့၏ တူညီသောဝါဒ
诸长老共同一致之说
သို့သော်လည်း ခပ်သိမ်းကုန်သော ဒီဃဘာဏက သံယုတ္တဘာဏက မဇ္ဈိမဘာဏကတို့၏ အလိုအားဖြင့် အဿာသ-ပဿာသကို မသိမ်းဆည်းရသေးမီ ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးမီ အချိန်ကာလ၌ ဖြစ်ပေါ်နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် အဿာသ-ပဿာသကို သိမ်းဆည်းပြီးရာ ဉာဏ်ဖြင့် ပိုင်းခြား ယူပြီးရာအခါ၌ ငြိမ်းသွားသည်သာတည်း။ အဿာသ-ပဿာသကို သိမ်းဆည်းပြီးရာ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးရာ အချိန်ကာလ၌ ဖြစ်ပေါ် နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် ပထမစျာန်၏ ဥပစာရ သမာဓိအခိုက်၌ ငြိမ်းသွားသည်သာတည်း။
不过,依长部诵者、相应部诵者与中部诵者全体共同之说:在尚未以智把握、辨别 assāsa-passāsa(入息、出息)时所生起的入出息身行,到已经以智把握、辨别入出息时便平息;而在以智把握、辨别入出息时所生起的入出息身行,到初禅近行定时便平息。
ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ပထမစျာန်အခိုက်၌ ငြိမ်း သွားသည်သာတည်း။
在初禅近行定时所生起的身行,到初禅时便平息。
ပထမစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။
在初禅时所生起的身行,到第二禅近行定时便平息。
ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ဒုတိယစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။
在第二禅近行定时所生起的身行,到第二禅时便平息。
ဒုတိယစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။
在第二禅时所生起的身行,到第三禅近行定时便平息。
တတိယစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် တတိယစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။
在第三禅近行定时所生起的身行,到第三禅时便平息。
တတိယစျာန် အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။
在第三禅时所生起的身行,到第四禅近行定时便平息。
စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် စတုတ္ထစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။ ဤကား ရှေးဦးစွာ သမထဘာဝနာပိုင်း၌ အဿာသ-ပဿာသ = ကာယသင်္ခါရ၏ အဆင့်ဆင့် ငြိမ်းပုံတည်း။ (ဝိသုဒ္ဓိ-၁-၂၆၇။)
在第四禅近行定时所生起的身行,到第四禅时便平息。以上先说明止修阶段中 assāsa-passāsa(入息、出息)这一身行如何逐层平息。(《清净道论》1-267。)
ဝိပဿနာပိုင်း၌ အဆင့်ဆင့် ငြိမ်းပုံ
观修阶段中的逐层平息
တစ်ဖန် ဝိပဿနာပိုင်း၌လည်း ဝင်သက်လေ ထွက်သက်လေတို့၏ အဆင့်ဆင့် ရုန့်ရင်းကြမ်းတမ်းရာမှ တစ်ဆင့်ပြီး တစ်ဆင့် သိမ်မွေ့နူးညံ့၍ သွားပုံတို့ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဆက်လက်၍ ဖော်ပြထား၏။
此外,《清净道论》还继续说明:在观修阶段,入息、出息如何由逐层粗重而一层一层转为微细柔和。
ဤဖော်ပြချက်ကား အာနာပါနအလုပ်စခန်းနှင့် ပတ်သက်၍ သမထမှ ဝိပဿနာသို့ ကူးသွားပုံလည်း ဖြစ်ပေသည်၊
这一说明,也是在展示如何以入出息业处为基础,从止转入观——
原书第 325 页
အာနာပါနဿတိသမာဓိပိုင်း တဖြည်းဖြည်း သုခုမ ဖြစ်သွားပုံလည်း ဖြစ်ပေသည်။
——也说明了(在观禅阶段,身行)逐渐变得微细的情形。
၁။ ဝိပဿနာပိုင်း၌ကား အဿာသပဿာသကမ္မိက = ဝင်သက်လေ ထွက်သက်လေ အတွင်း၌ တည်ရှိသော ရုပ်တရားကစ၍ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အဦးမူ၍ သိမ်းဆည်းလိုလတ်သော် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို မသိမ်းဆည်းရသေးမီ ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးမီ အချိန်ကာလ၌ ဖြစ် ပေါ်နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် ရုန့်ရင်းကြမ်းတမ်း၏၊ မဟာဘုတ် ဓာတ်ကြီး လေးပါးတို့ကို သိမ်းဆည်းနေသော ဉာဏ်ဖြင့် ပိုင်းခြားယူသော အချိန်ကာလ၌ ဖြစ်ပေါ်နေသော အဿာသ ပဿာသ ကာယသင်္ခါရကား သိမ်မွေ့နူးညံ့ပေ၏။ 〔စတုဓာတုမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ = ဓာတ်ကြီးလေးပါးကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သော ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို နှလုံးသွင်း ရှုပွားခြင်းကို ရည်ရွယ်တော်မူ၍ ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနေ သော ဉာဏ်ဖြင့် ပိုင်းခြားယူနေသော အချိန်အခါကာလ၌ ဖြစ်ပေါ်နေသော အဿာသပဿာသ ကာယသင်္ခါရ
1.在观禅阶段,所谓“以入出息为业者”,就是想从存在于入息、出息中的色法开始把握的瑜伽行者。当他想以色法为先加以把握时,在尚未把握、尚未以智辨别四大种之际,彼时生起的入出息身行是粗重的;在以智把握、辨别四大种时,彼时生起的“这是针对以四界为门而进入毗婆舍那所说。”也就是说,以四大种为先,作意并修观作为观智所观所缘的名色、因果——诸行法;因此,义注论师所说“在以智把握并辨别四大种时生起的入出息身行——
ကား သိမ်မွေ့နူးညံ့ပေ၏ - ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၁-၃၂၄။)〕 ၂။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ဥပါဒါရုပ်တို့ကို သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်သော ကာယသင်္ခါရသည်ကား ပို၍ နူးညံ့သိမ်မွေ့၏။
——是柔和微细的”,正是这个意思。(《大复注》1-324。)〕2.这一身行仍然粗重;把握所造色时所生起的身行则更加柔和微细。
၃။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်တရားအားလုံးကို ခြုံငုံ၍ သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။ (ဘာဝနာယ ဥပရူပရိ ပဏီတဘာဝတော = ဘာဝနာ ၏ တစ်ဆင့်ထက် တစ်ဆင့် အဆင့်ဆင့် မြင့်မြတ်သည်၏ အဖြစ်ကြောင့်တည်း။ မဟာဋီ-၁-၃၂၄။) ၄။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ နာမ်တရားကို သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။
3.这一身行仍然粗重;总括一切色法加以把握时所生起的“因为修习逐级向上、层层趋于殊胜。”(《大复注》1-324。)〕4.这一身行仍然粗重;把握名法时所生起的身行,则更加柔和微细。
၅။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်ကို သိမ်းဆည်းရာ အချိန်အခါကာလ၌ ဖြစ်ပေါ် နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။
5.这一身行仍然粗重;把握名色时所生起的身行,则更加柔和微细。
၆။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရာ အချိန် အခါ ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။
6.这一身行仍然粗重;把握名色诸因时所生起的身行,则更加柔和微细。
၇။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းတရားနှင့် တကွသော နာမ်-ရုပ်တို့ကို သိမ်ဆည်း ရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ အချိန်အခါကာလ၌ ဖြစ်ပေါ်၍နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။
7.这一身行仍然粗重;以智把握、辨别连同诸因的名色时所生起的身行,则更加柔和微细。
၈။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းတရားနှင့် တကွသော ယင်း နာမ်-ရုပ်တို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော သာမညလက္ခဏာကို အာရုံပြု၍ အနိစ္စ-ဒုက္ခ- အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်နေသော ဝိပဿနာဉာဏ်ပိုင်း၌ ပို၍ နူးညံ့ သိမ်မွေ့၏။ (အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-သြဠာရိက = အကြမ်း၊ သုခုမ = အနု၊ ဟီန = အယုတ်၊ ပဏီတ = အမြတ်၊ ဒူရ = အဝေး၊ သန္တိက = အနီးဟူသော တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ခန္ဓာငါးပါး (= ရုပ်တရား-နာမ်တရား) တို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ရှုပွားသုံးသပ်နေသော ကလာပသမ္မသနပိုင်းကို ရည်ညွှန်းထားပေသည်။) ၉။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အားနည်းသော ဒုဗ္ဗလ ဝိပဿနာဟု ခေါ်ဆိုအပ်သော ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီနဝဉာဏ်ပိုင်း၌ ပို၍ နူးညံ့သိမ်မွေ့၏။
8.这一身行仍然粗重;在观智阶段,以连同诸因的名色为所缘,观修、审察其无常、苦、无我三共相,轮流安立无常、苦、无我三相时,身行则更加柔和微细。〔这里是指:把依过去、未来、现在、内、外、粗、细、劣、胜、远、近十一种行相存在的五蕴(即色法、名法)按聚总括起来,轮流安立三相而观修、审察的聚思惟阶段。〕9.这一身行仍然粗重;在称为力量较弱之观的生灭智、坏灭智、怖畏智、过患智阶段,则更加柔和微细。
原书第 326 页
၁ဝ။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အားကောင်းသော ဗလဝဝိပဿနာဟု ခေါ်ဆိုအပ်သော နိဗ္ဗိဒါနုပဿနာဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များအခိုက်၌ ပို၍ နူးညံ့သိမ်မွေ့၏။
10.这一身行仍然粗重;在称为强力观的厌离随观智等更高阶观智阶段,则更加柔和微细。
ထိုဝိပဿနာပိုင်း၌ ရှေးသမထပိုင်း၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ရှေးရှေးဖြစ်သော ကာယ သင်္ခါရ၏ နောက်နောက်ဖြစ်သော ကာယသင်္ခါရ ဖြစ်ပေါ်လာသောအခါ အဆင့်ဆင့် ငြိမ်းအေးမှုကို သိရှိပါလေ။
在这一观禅阶段,也应依照前述止禅阶段的方法理解:后后身行生起时,前前身行即逐级平息。
ဤဆိုခဲ့ပြီးသည်အတိုင်း သမထပိုင်း ဝိပဿနာပိုင်းတို့၌ ကာယသင်္ခါရ၏ သြဠာရိက သုခုမ = ရုန့်ရင်းပုံ သိမ်မွေ့နူးညံ့ပုံကိုလည်းကောင်း၊ ပဿဒ္ဓိ = ငြိမ်းပုံကိုလည်းကောင်း သိရှိပါလေ။
应当依照以上说明,理解止禅与观禅阶段中身行的粗重(oḷārika)、柔和微细(sukhuma),以及它如何平息(passaddhi)。
(ဝိသုဒ္ဓိ-၁-၂၆၆-၂၆၈။ မဟာဋီ-၁-၃၂၃-၃၂၄။)
(《清净道论》1-266—268;《大复注》1-323—324。)