六门——六处
色业处部分 · 原书第 717–718 页 · 14 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 717 页
ဒွါရ (၆) ပါး - (၆) ဌာန
六门——六处
စက္ခုဒွါရ၌ ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပုံ စနစ်များကို ရှင်းလင်း တင်ပြပြီး ဖြစ်ပေသည်။ စက္ခုဒွါရမျက်စိ၌ အမျိုးအစားအားဖြင့်သာ ရုပ်ကလာပ် အမျိုးအစား (၆)မျိုးဟု ဖော်ပြခြင်း ဖြစ်သည်။ တစ်မျိုး တစ်မျိုး၌ကား ရုပ်ကလာပ် အရေအတွက်ပေါင်း များစွာရှိမည် ဖြစ်သည်။ သို့သော် တူရာကို ပေါင်းစု၍ ရုပ်ကလာပ် အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၄)ဟု ရေတွက်၍ ပြခြင်း ဖြစ်သည်။ အထက်တွင် မှာကြားခဲ့ဖူးသည့်အတိုင်း ကမ္မဇ ရုပ်ကလာပ်တို့တွင် ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်လည်း အကျုံးဝင်လျက် ရှိသည်ကို သဘောပေါက်ပါ။ ကျန် (၅)ဒွါရတို့၌လည်း နည်းတူ သဘောပေါက်ပါ။
关于如何以智分别观修、把握眼门中业生、心生、时节生与食生色聚内的诸色法,使智见达到究竟,以上已经作了清楚说明。说眼门中有6类色聚,只是依种类而言;每一类实际都有为数众多的色聚。不过,把同类归在一起计算,才说有6类色聚、54种色法。还应明白:如前文已经嘱咐,在业生色聚中也包括以命根为第9法的命根九法聚。其余5门,也应同样理解。
စက္ခုဒွါရ၌ ရှုပွားပုံ နည်းစနစ်ကို သဘောပေါက်ပါက နား၊ နှာ၊ လျှာ၊ ကိုယ်၊ နှလုံးဟူသော ကျန် (၅)ဒွါရ တို့၌လည်းကောင်း၊ (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ရှုပွား သိမ်းဆည်းပုံများကို သဘောပေါက်နိုင်ပြီ ဖြစ်ပေ သည်။ နည်းမှီ၍ ရှုပွား သိမ်းဆည်းပါလေ။
若已明白眼门的观修方法,也就能够明白如何观修、把握耳、鼻、舌、身、心脏等其余5门,以及42身分。应依照这个方法观修、把握。
အကြံပေးချက်
建议
ရှေးဦးစွာ (၆)ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုသာ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ --- ၁။ ကမ္မဇရုပ်များကို (၆)ဒွါရလုံး၌ ရှေးဦးစွာ သိမ်းဆည်းပါ။
首先,只把握存在于六门中的诸色法。把握时依如下次第:1.先在全部六门中把握业生色。
၂။ ထိုနောင် စိတ္တဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။
2.然后,在全部六门中把握心生色。
၃။ ထိုနောင် ဥတုဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။
3.然后,在全部六门中把握时节生色。
၄။ ထိုနောင် အာဟာရဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။
4.然后,在全部六门中把握食生色。
ဤကဲ့သို့ သိမ်းဆည်းပါက ယောဂါဝစရပုဂ္ဂိုလ်တို့အား သင်ပြရာ၌လည်း လွယ်ကူ၍ ယောဂါဝစရပုဂ္ဂိုလ် တို့အနေဖြင့် ရှုပွား သိမ်းဆည်းရသည်မှာလည်း လွယ်ကူချောမောသည်ကို တွေ့ရပေသည်။ အစပိုင်းတွင်ကား ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကို တစ်ခါတည်းဖြင့် စုံအောင်ကား မရှုနိုင်သေးပါ။ တစ်စတစ်စ တိုး၍ တိုး၍ သာ သင်ပြပေးရ၏၊ တစ်စတစ်စ တိုး၍ တိုး၍သာ ရှုပွား သိမ်းဆည်းရ၏။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့မှာ နှစ်ခွ နှစ်ခွ ဖြစ်ပွားလာတတ်သဖြင့် ဥတုဇရုပ်သက်သက် အာဟာရဇရုပ် သက်သက်ကို ရှုပွား သိမ်းဆည်းတတ်ပြီးပါမှ နှစ်ခွ နှစ်ခွ ပွားပုံကို တစ်ဆင့်တက်၍ ရှုပွား သိမ်းဆည်းပါ။
依照这种次第把握,对于教授瑜伽行者的人会比较容易,瑜伽行者实际观修、把握时也会比较顺利。初学阶段,尚不能一次就把时节生色与食生色观全;必须逐步增加而教,也必须逐步增加而观修、把握。如上文所说,时节生色与食生色会两两分叉而生;所以应先学会分别观修、把握纯粹的时节生色与纯粹的食生色,此后才进一步观修、把握两两分叉生起的方式。
ဤ ဒွါရ (၆)ပါး = (၆)ဌာနတို့ဝယ် --- ၁။ စက္ခုဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး၊ ၂။ သောတဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး၊ ၃။ ဃာနဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး၊ ၄။ ဇိဝှါဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး၊ ၅။ ကာယဒွါရ၌ --- ရုပ်ကလာပ် (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုး၊ ၆။ မနောဒွါရ၏မှီရာ နှလုံးအိမ်၌ --- ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုး ---
这六门=六处中:1.眼门——6类色聚、54种色法;2.耳门——6类色聚、54种色法;3.鼻门——6类色聚、54种色法;4.舌门——6类色聚、54种色法;5.身门——5类色聚、44种色法;6.作为意门所依处的心脏——6类色聚、54种色法。
原书第 718 页
ဤရုပ်တရားတို့ကို ရှုပွား သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း အကွက်စေ့အောင် ရှုပွား သိမ်းဆည်းပါ။ အထူးသဖြင့် ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကား ကမ္မဇရုပ်နှင့် စိတ္တဇရုပ်တို့ အရေအတွက် များလျှင် များသလို ပို၍ ပို၍ အဆပေါင်းများစွာ တိုးပွား၍ ဖြစ်နေကြသဖြင့် အကွက်စေ့အောင် စေ့စပ် သေ- ချာစွာ သိမ်းဆည်း ရှုပွားလေရာသည်။ (၆)ဒွါရတို့၌ ရုပ်တရားတို့ကို အကွက်စေ့အောင် ကျေကျေနပ်နပ် အားရ ပါးရ သိမ်းဆည်းမှု အောင်မြင်ပြီးသောအခါ (၄၂)ကောဋ္ဌာသတို့၌လည်း ရုပ်တရားတို့ကို ဆက်လက်၍ သိမ်း ဆည်း ရှုပွားပါလေ။ ကာယဒွါရ = ကိုယ်ဌာနကိုပင် တစ်ဖန် (၄၂)ပုံ ပုံ၍ ရုပ်တရားတို့ကို သိမ်းဆည်းသော စနစ်ပင် ဖြစ်သည်။
应依前文所说,把这些色法的观修、把握工作做得完整无缺。尤其是时节生色与食生色,会随着业生色与心生色数量的增多而更加成倍、成许多倍地增长生起,所以应当周全、细密、准确地观修、把握。成功在六门中完整、充分而透彻地把握诸色法以后,还应继续在42身分中观修、把握诸色法。这一方法,正是把身门=身体处再分成42组而把握其中诸色法。
ရုပ်တရားဟု သိမ်းဆည်းပါ
作为色法加以把握
သော သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ''ဧတံ ရူပ''န္တိ ပဿတိ။ (ဝိသုဒ္ဓိ-၂-၂၂၃။) ဤအပိုင်းတွင်ကား တစ်ဒွါရ တစ်ဒွါရ၌ (၅၄)မျိုး သို့မဟုတ် (၄၄)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပြီးသောအခါ ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို သို့မဟုတ် (၄၄)မျိုးသော ရုပ်တရားတို့ကို တစ်ဒွါရစီ ခြုံငုံ၍ --- ယင်း ရုပ်တရားတို့၏ အပူ အအေး စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ဖောက်ပြန်တတ်သော အနက်သဘောကို အာရုံယူ၍ --- ''ဤကား ရုပ်တရား''ဟုလည်းကောင်း၊ သို့မဟုတ် ''ရုပ်တရား ရုပ်တရား''ဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ။
“然后,他把这一切依变异之相总合为一,观见:‘这是色。’”(《清净道论》2-223。)在这一阶段,于每一门中把54种或44种色法逐一以智分别、分析并把握以后,应把这54种或44种色法逐门总摄;取这些色法因热、冷等相反因缘而会变异的义为所缘,观照、把握为“这是色法”,或者把握为“色法、色法”。
(၆)ဒွါရလုံးရှိ ရုပ်အားလုံးကို ခြုံငုံ၍ ရှုနိုင် သိမ်းဆည်းနိုင်သောအခါ၌လည်း ''ရုပ်တရား ရုပ်တရား''ဟုပင် နည်းတူ သိမ်းဆည်းပါ။
当能够把六门中的全部色法总摄起来观照、把握时,也应同样把握为“色法、色法”。