如何观修把握食生色
色业处部分 · 原书第 708–712 页 · 37 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 708 页
အာဟာရဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ
如何观修把握食生色
အထက်တွင် ဖော်ပြခဲ့သော အာဟာရဇရုပ်များ ဖြစ်ပေါ်လာပုံ အခြင်းအရာနှင့် ဆက်စပ်လျက်ရှိသော အာဟာရဇရုပ်ဖြစ်ပုံအပိုင်း (နှာ-၆၇၂)ကို ပြန်လည်၍ ဖတ်ရှုပါ။ ဤအဆိုအမိန့်များအရ စားမျိုအပ်သော ရုပ် ကဗဠီကာရ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံကိုလည်းကောင်း၊ ယင်းအာဟာရဇရုပ်က တစ်ပါးသော အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ်များနှင့် ကံ စိတ် ဥတုကြောင့် ဖြစ်ကုန်သော (၃)မျိုးကုန်သော သန္တတိရုပ်အစဥ်တို့အား အားပေးထောက်ပံ့ပုံကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်သည်။
请重读前文与食生色生起情形相关的“食生色的生起方式”部分〔本书第672页〕。依这些教说,瑜伽行者必须以智观见:一方面,由所食的物质段食而生起食生色;另一方面,这些食生色又如何资助由另一食所生的食生色,以及由业、心、时节所生的另外3种色相续。
ယနေ့ စားသောက်သော ကဗဠီကာရ အာဟာရ၌ တည်သော သြဇာသည် (ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုဖြင့်) သြဇဋ္ဌမကရုပ်များကိုလည်း တိုက်ရိုက် ဖြစ်စေနိုင်၏၊ ဇနကသတ္တိဖြင့် ကျေးဇူးပြု၏။ ယေဘုယျ အားဖြင့်လွန်ခဲ့သော ခုနစ်ရက်မှ စ၍ လွန်ခဲ့သော အချိန်ကာလများက အစပြု၍ ယခုတိုင်အောင် စားမျိုခဲ့ပြီးသော ကဗဠီကာရ အာဟာရ သြဇာကြောင့် ဖြစ်သော အာဟာရဇရုပ်များကိုလည်း အားပေးထောက်ပံ့၏၊ ဥပတ္ထမ္ဘက သတ္တိဖြင့် ကျေးဇူးပြု၏။ ယင်း ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးအပြုခံရသော အာဟာရဇရုပ်များကို တစ်ပါးသော အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ်များဟု ခေါ်ဆိုပေသည်။ သို့အတွက် လက်တွေ့ ရှုနိုင်သော အချိန် ကာလမှာ --- ၁။ စားသောက်နေဆဲအချိန်၊ ၂။ စားသောက်ပြီး တရားထိုင်နေဆဲ တရားနှလုံးသွင်းနေဆဲအချိန်ဟု (၂)မျိုး ရှိ၏။ ထို (၂)မျိုးလုံးသော အချိန်တို့၌ ရှုနိုင်သည်သာ ဖြစ်သည်။
今日所食段食中所含的食素,在业生消化火资助下,能够直接产生食素八法色,以能生力给予助缘。一般而言,它也资助自过去7日以来直至现在、由各时所食段食之食素产生的食生色,以资助力给予助缘。受到这种资助力扶助的食生色,称为“由另一食所生的食生色”。因此,可实际观照的时机有2种:1.正在进食时;2.进食以后、正在坐禅观修时。这两种时机都可以观照。
ကဗဠီကာရာဟာရော သြဇဋ္ဌမကရူပါနိ အာဟရတိ။ ပ ။
巴利《中部义注》引文(缅文转写,起句):“ကဗဠီကာရာဟာရော သြဇဋ္ဌမကရူပါနိ အာဟရတိ။ ပ ။”译:“段食带来以食素为第8法的诸色。……”
ကဗဠီကာရာဟာရော တာဝ မုခေ ဌပိတမတ္တောယေဝ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ ဒန္တဝိစုဏ္ဏိတံ ပန အဇ္ဈောဟရိယမာနံ ဧကေကံ သိတ္ထံ အဋ္ဌဋ္ဌ ရူပါနိ သမုဋ္ဌာပေတိယေဝ ဧဝံ သြဇဋ္ဌမကရူပါနိ အာဟရတိ။
“首先,段食才一放入口中,便生起8种色法;经牙齿磨碎而正被吞咽的每一个食团,也各自生起8种色法。段食如此带来以食素为第8法的诸色。”
(မ-ဋ္ဌ-၁-၂၁၃။)
缅文出处原文:“(မ-ဋ္ဌ-၁-၂၁၃။)”(《中部义注》1-213。)
နိဗ္ဗတ္တိတသြဇံ ပန သန္ဓာယ ''ကဗဠီကာရာဟာရော သြဇဋ္ဌမကရူပါနိ အာဟရတီ''တိ ဝက္ခတိ။
“不过,〔下文〕所说‘段食带来以食素为第8法的诸色’,是就已经生成的食素而言。”
(မ-ဋီ-၁-၃ဝ၈။)
缅文出处原文:“(မ-ဋီ-၁-၃ဝ၈။)”(《中部复注》1-308。)
သတ္တဝါတို့ စားမျိုအပ် သောက်အပ် လျက်အပ် ခဲအပ်သော အစာအာဟာရဟူသည် ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏၊ ယင်း ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော အဆီ အစေး သြဇာသည် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသော် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် ကို ဖြစ်စေနိုင်၏။ သတ္တဝါတို့ စားမျိုအပ်သော အစာအာဟာရဟူသော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင်
众生所吃、所喝、所舔、所嚼的食物,不过是时节生食素八法色聚的集合。每一个时节生食素八法色聚中所含的油脂精华食素,得到业生消化火资助后,便能产生一个又一个新的食素八法色聚。在众生所食、称为食物的这些时节生食素八法色聚中——
原书第 709 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ပါဝင်သော အဆီအစေး သြဇာသည် သတ္တဝါတို့ စားမျိုအပ်သော်သာလျှင် ကမ္မဇဝမ်းမီးဟု ခေါ်သော အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိနိုင်၏။ မစားမမျိုဘဲ အပြင်အပ ဗဟိဒ္ဓ- ၌ တည်ရှိနေရုံ သက်သက်မျှဖြင့်ကား ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို မရရှိနိုင်သဖြင့် အာဟာရဇရုပ်ကို မဖြစ်စေနိုင်ပေ။
——所含的油脂精华食素,只有在被众生吞食后,才能得到能消化食物、称为业生腹火的消化火界资助;若未被吞食而只存在于外在,便不能得到业生腹火的资助,所以不能产生食生色。
ဤအရာဝယ် စားမျိုမှသာလျှင်ဟု ဆိုသဖြင့် မစားမီ ပါးစပ်အတွင်း၌ တည်နေခိုက် ဝါးနေခိုက်တို့၌လည်း အာဟာရဇရုပ်ကို မဖြစ်စေနိုင် = အာဟာရကိစ္စကို မဆောင်ရွက် မပြုလုပ်နိုင်ဟု မမှတ်အပ်ပေ။ ယင်း ကဗဠီ- ကာရ အာဟာရကို ခံတွင်း၌ ထားအပ်ကာမျှ၌သော်လည်း ယင်း ကဗဠီကာရ အာဟာရက (= စားမျိုအပ်သော ဥတုဇ-သြဇာက) ပါစကတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်သဖြင့် သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်သည်။ သွားဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ချေပြီးသော စားမျိုအပ်သော ထ- မင်းလုံး တစ်လုံး တစ်လုံးသည် (= စားမျိုအပ်သော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော သြဇာ အသီးအသီးသည်) သြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ဤစကားရပ် များမှာ --- သြဇာအဖြစ်သို့ ရောက်ပြီးသော ကဗဠီကာရ အာဟာရကို ရည်ရွယ်၍ ပြောဆိုနေခြင်း ဖြစ်သည်။
这里虽说“只有在被吞食后”,却不可理解为:尚未吞下、仍在口中或正在咀嚼时,便不能产生食生色,不能执行食的作用。事实上,段食才放入口中时,由于这段食〔即将被吞食的时节生食素〕已经能够得到消化火界资助,便能产生一个又一个新的食素八法色聚。被牙齿细细磨碎、正在吞咽的每一个饭团〔即所食的每一时节生食素八法聚中各自所含的食素〕,同样都能产生一个又一个新的食素八法色聚。上述说法是针对已经成为食素、能够起食素作用的段食而言。
အာဟာရဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေဖို့ရန် စွမ်းအင် အပြည့်အဝရှိနေသော ကမ္မဇဝမ်း- မီး၏ အားပေးထောက်ပံ့မှုကို ရရှိနေသော စားမျိုအပ်သော အစာအာဟာရဟူသော ဥတုဇ-သြဇဋ္ဌမကရုပ်တို့၌ ပါဝင်သော သြဇာသည် သြဇာအဖြစ်သို့ ရောက်ပြီးသော ကဗဠီကာရအာဟာရ မည်ပေသည်။
所食食物的时节生食素八法色中所含的食素,若得到具有充分力量、足以产生一个又一个食生食素八法色聚的业生消化火资助,就称为“已经成为〔能起作用之〕食素的段食”。
သို့အတွက် အသင်ယောဂီသူတော်ကောင်းသည် စားနေဆဲ၌ ရှုလိုပါက ပါးစပ်အတွင်းရှိ ဝါးပြီးသော အစာသစ်၌လည်းကောင်း၊ အစာသစ်အိမ်သို့ ရောက်ရှိသွားပြီးသော အစာသစ်၌လည်းကောင်း ဓာတ်ကြီး (၄)ပါး ကို မြင်အောင် စိုက်ရှုပါ။ ဥတုဇ-သြဇဋ္ဌမက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေမည် ဖြစ်သည်။ မိမိ ရှုပွား လိုသော အစာသစ်ဝန်းကျင်တွင် တည်ရှိနေသော ဇီဝိတနဝက ကလာပ်တို့တွင် ပါဝင်သော အစာကို ကြေကျက် စေတတ်သော ပါစကတေဇောဓာတ်က ယင်း စားမျို ဝါးမျိုလိုက်သော ဥတုဇ-သြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာကို အားပေးထောက်ပံ့လိုက်သောအခါ ယင်း ဥတုဇ သြဇာက ဌီကာလသို့ ရောက်ခိုက် သြဇဋ္ဌမက ရုပ်က- လာပ် အသစ်အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ တစ်ဖန် ယင်း သြဇဋ္ဌမက ရုပ်ကလာပ်တို့ ကား ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် တစ်ကိုယ်လုံးသို့ (၆)ဒွါရလုံးသို့ ပျံ့နှံ့ ဖြစ်ပွားလျက် ရှိပုံကိုလည်း ဉာဏ်
因此,贤善的瑜伽行者若想在正在进食时观照,应在口中已经咀嚼的新食以及已经到达胃中“新食处”的新食上,专注观见四大种。届时只会看见时节生食素八法色聚微粒。然后,应以智观见:在你所观新食周围的命根九法聚中,能消化食物的消化火界资助所食、所嚼、所吞之时节生食素八法色中所含的食素;得到这种资助后,该时节生食素到达住时,便产生一个又一个新的食素八法色聚。再以智观见这些食素八法色聚如何随大种相续辗转撞击,遍布全身、遍及全部六门——
ဖြင့် မြင်အောင် ရှုပါ၊ ကြည့်ပါ။ ယင်းရုပ်တို့ကား သြဇာကြောင့် ဖြစ်၍ အာဟာရသမုဋ္ဌာန်ရုပ်တို့ မည်ကုန်၏။
——而生起。由于这些色法由食素所生,故称为食所生色。
(ဝိသုဒ္ဓိ-၂-၂၅၁။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် စားသောက်ပြီး တစ်ချိန်ချိန်၌ ရှုပွားလိုပါက အစာသစ်- အိမ်အတွင်း အူအတွင်း စသည်တို့၌ တည်ရှိသော အစာသစ်ကောဋ္ဌာသကို အာရုံယူ၍ ပုံစံတူပင် ရှုပါ။ အကယ် ၍ အစာသစ်အိမ် အတွင်း၌ အစာသစ်ကောဋ္ဌာသကို လွယ်လွယ်ကူကူ မတွေ့နိုင်သော အချိန်မျိုး ဖြစ်နေပါက မရှုခင်မှာ ရေအနည်းငယ်ကို ဖြစ်စေ သောက်၍ ရှုကြည့်ပါ။ အာဟာရသမုဋ္ဌာန်ရုပ်များ တစ်ကိုယ်လုံးသို့ (၆)ဒွါရ လုံးသို့ အနှံ့အပြား ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်နေ့ စားမျို လိုက်သော အစာအာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း ရူပကာယအား အားပေးထောက်ပံ့မှု ဥပတ္ထမ္ဘက သတ္တိဖြင့် ကျေးဇူးပြုနိုင်၏ဟူသော (ဝိသုဒ္ဓိ-၂-၂၅၁။) အဆိုအမိန့်ကို သတိပြုပါ။ ဤအာဟာရသမုဋ္ဌာန်ရုပ်ကို ရှုတတ်ပါက မျက်စိအထိ အာဟာရသမုဋ္ဌာန်ရုပ်များ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုတတ်
贤善的瑜伽行者若想在进食后的某一时刻观修,应取胃、肠等处存在的新食身分为对象,以同样方式观照。若当时不容易在胃中看见新食身分,可以在观照前喝少量水,再加以观照。应以智观见食所生色随大种相续辗转撞击,遍布全身、遍及全部六门而生起。请注意《清净道论》2-251的教说:一天所食的食物,可以在7日内以资助力扶助色身。若已能观照这种食所生色,若能够以智观见食所生色一直扩散到眼处——
ပါက စက္ခုဒွါရ၌ တည်ရှိသော စတုသမုဋ္ဌာနိက သြဇာအား ယင်း အာဟာရသမုဋ္ဌာန်သြဇာက အားပေးထောက်ပံ့ မှုကို တစ်ဆင့်တက်၍ ရှုနိုင်ပြီ ဖြစ်သည်။
——便能更进一步观见:这种食生食素如何资助眼门中四因所生的食素。
原书第 710 页
၁။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန် ---- စက္ခုဒသက ကလာပ် - ကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရား (၁ဝ)မျိုးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပါ။ ယင်းကလာပ်တွင် ပါဝင်သော သြဇာကား ကမ္မဇသြဇာ- တည်း။ ယင်း ကမ္မဇသြဇာသည် ဌီကာလသို့ ရောက်ခိုက် အထက်ပါ မျက်စိတိုင်အောင် ပျံ့နှံ့ ဖြစ်ပွားနေသော အာဟာရသမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော အာဟာရသမုဋ္ဌာန် သြဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ နောက်ထပ် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။
1.业缘食生色——分析眼门中的一个眼十法聚,以智分别、把握其中10种究竟色法。该色聚中所含的食素是业生食素。当业生食素到达住时,并得到上述已扩散至眼处之食生色聚内食生食素的扶助、资助时,业生食素又直接产生一个新的食素八法色聚;这称为业缘食生色。
(ဝိသုဒ္ဓိ-၂-၂၄၉-၂၅ဝ။) (စက္ခုဒသက ကလာပ်၌ ရှိသော ကမ္မဇသြဇာ၏ သားတည်း။) ယင်း ကမ္မပစ္စယ အာဟာရ သမုဋ္ဌာန်ရုပ်တွင် ပါဝင်သော သြဇာကလည်း ဌီကာလသို့ ရောက်ခိုက် အာဟာရသမုဋ္ဌာန်သြဇာ၏ အားပေး ထောက်ပံ့မှုကို ရရှိသောအခါ သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ယခင် ကမ္မဇသြဇာ၏ မြေး တည်း။) ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ (ကမ္မဇသြဇာ၏ သားစဥ် မြေးဆက်ပင်တည်း။) အလားတူပင် မျက်စိ၌ တည်ရှိသော --- ၂။ ကာယဒသက ကလာပ်၊ ၃။ ဘာဝဒသက ကလာပ် --- ဟူသော ကမ္မဇကလာပ်တို့၌ ပါဝင်သော ကမ္မဇသြဇာကို အထက်ပါ ကဗဠီကာရ အာဟာရသမုဋ္ဌာန်သြဇာက အားပေးထောက်ပံ့လိုက်သောအခါ၌လည်း လေးဆင့် ငါးဆင့်သော ရုပ်တို့၏ ဖြစ် ခြင်းကို ဆက်စပ်စေပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ၊ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တို့ပင်တည်း။
(《清净道论》2-249—250。)(这是眼十法聚中业生食素的“子代”。)这业缘食生色中所含的食素到达住时并得到食生食素资助后,又产生一个新的食素八法色聚。(这是先前业生食素的“孙代”。)如此连接成4代或5代色聚的生起。(它们都是业生食素一代代的子孙。)同样,对于眼中存在的2.身十法聚、3.性根十法聚,应继续以智观见:这些业生色聚中所含的业生食素,得到上述段食所生食素资助后,如何连接成4代或5代色聚的生起。这些也都是业缘食生色。
၄။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် --- စက္ခုဒွါရ၌ ဖြစ်ပွားလျက်ရှိသော စိတ္တဇသြဇဋ္ဌမက ကလာပ်တွင် ပါ ဝင်သော သြဇာသည် အထက်ပါ အာဟာရသမုဋ္ဌာန်သြဇာနှင့် စက္ခုဒွါရ မျက်စိ၌ ပေါင်းဆုံမိသောအခါ ယင်း အာဟာရသမုဋ္ဌာန်သြဇာ၏ အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် စိတ္တသမုဋ္ဌာန်သြဇာသည် = စိတ္တဇသြဇာသည် ဌီကာလသို့ ရောက်ခိုက် ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။
4.心缘食生色——当眼门中生起的心生食素八法聚所含食素,与上述食生食素在眼处会合时,由于食生食素以扶助性的食缘力给予资助,心所生食素到达住时,便直接产生一个新的色聚。
(စိတ္တဇသြဇာ၏ သားတည်း။) ယင်းရုပ်ကလာပ်ကား စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ ယင်းသြဇဋ္ဌမက ရုပ်ကလာပ်အသစ်တွင် ပါဝင်သော သြဇာကလည်း ဌီကာလသို့ ရောက်ခိုက် အခြားသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။
(这是心生食素的“子代”。)该色聚称为心缘食生色。这个新食素八法色聚中所含的食素到达住时后,又产生另一个新的食素八法色聚。如此连接成2代或3代色聚的生起。
(စိတ္တဇသြဇာ၏ သားစဥ်မြေးဆက်တည်း။) (ဝိသုဒ္ဓိ-၂-၂၅ဝ-၂၅၁။) ဤ (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဆက်စပ်လျက် ဖြစ်မှုကို ပကတိသော စိတ်၏ အစွမ်းဖြင့်သာ ဖွင့်ဆိုခြင်း ဖြစ်သည်။ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇသြဇာဖြစ်မှုကား အကြိမ်များစွာ လည်း ဖြစ်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို အလိုရှိအပ်သည်သာ ဖြစ်ပေသည်။ ထို မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့ကြောင့် ဖြစ်ပေါ်လာကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သောကြောင့် ဖြစ်၏။
(它们都是心生食素一代代的子孙。)(《清净道论》2-250—251。)这里所说连接成2代或3代色聚,只是依普通心的力量而解释;至于广大心与出世间心所生的心生食素,则应承认能够连接成更多代色聚。因为广大心、出世间心所生的心生色广大、殊胜。
(မဟာဋီ-၂-၄ဝ၃။)
缅文出处原文:“(မဟာဋီ-၂-၄ဝ၃။)”(《大复注》2-403。)
ဤ၌ စိတ္တဇသြဇာက ဇနက၊ အာဟာရဇသြဇာက ဥပတ္ထမ္ဘကတည်း။ တစ်ဖန် ယင်း စိတ္တဇသြဇာသည် ကမ္မဇသြဇာ ဥတုဇသြဇာ အာဟာရဇသြဇာတို့အားလည်း အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်သည်သာ ဖြစ်၏။ (ရှေးပိုင်း စာမျက်နှာ-၆၈၂-၆၈၃-တို့တွင် ပြန်ကြည့်ပါ။ တစ်ဖန် စိတ္တဇသြဇာအား အာဟာရဇသြဇာက ဥပတ္ထမ္ဘကအဖြစ် ကျေးဇူးပြုမှုနှင့် ပတ်သက်၍လည်း မူလဋီကာဆရာ- တော်၏ ဆန်းစစ်ချက်ကို ထိုစာမျက်နှာများတွင် ပြန်ရှုပါ။) ယင်း မူလဋီကာ၏ ဆန်းစစ်ချက်အရမူ စိတ္တဇရုပ် = စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော သြဇာသည် သြဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ အာဟာရဇသြဇာ = အာဟာရသမုဋ္ဌာန်သြဇာ၏ အထောက်အပံ့ကို မရရှိဘဲ စိတ်
在这里,心生食素是直接产生者,食生食素是资助者。另一方面,心生食素也能够以扶助性的食缘力,资助业生食素、时节生食素与食生食素。〔参见前文第682—683页。关于食生食素作为资助者扶助心生食素,也请重读这些页中根本复注师的审察。〕依该《根本复注》的审察,应知:心生色=心所生色中所含的食素,在产生食素八法色聚时,并不获得食生食素=食所生食素的资助,而只获得心——
原书第 711 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၏ အထောက်အပံ့ သို့မဟုတ် ကံ၏ အထောက်အပံ့ကိုသာ ရရှိ၍ သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။
——的资助或业的资助,便能产生一个个新的食素八法聚;应当如此理解。
၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် --- အထက်ပါ ကဗဠီကာရ အာဟာရ အမည်ရသော အာဟာရသမုဋ္ဌာန် သြဇာနှင့် စက္ခုဒွါရ၌ ဖြစ်ပွား တည်ရှိနေသော ဥတုသမုဋ္ဌာန်သြဇာတို့သည် စက္ခုဒွါရ မျက်စိ၌ ပေါင်းဆုံမိသော အခါ ယင်း အာဟာရသမုဋ္ဌာန်သြဇာ၏ အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးမှုကြောင့် ယင်းဥတုသမုဋ္ဌာန်သြဇာက ဌီကာလသို့ ရောက်ခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ် စေပြန်၏၊ (ဥတုဇ-သြဇာ၏ သားတည်း။) ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ ယင်းသြဇဋ္ဌမကရုပ်ကလာပ် အသစ်တွင် ပါဝင်သော သြဇာသည်လည်း ဌီကာလသို့ ရောက်ခိုက် အခြားတစ်ပါးသော သြဇဋ္ဌမက ရုပ်က- လာပ်အသစ်ကို ဖြစ်စေပြန်၏။ (ယခင် ဥတုဇ-သြဇာ၏ မြေးတည်း။) ဤနည်းဖြင့် (၁ဝ)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ယခင် ဥတုဇသြဇာ၏
5.“ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်”(utu-paccaya āhāra-samuṭṭhāna-rūpa)=时节缘食生色。前述称为“ကဗဠီကာရ အာဟာရ”(kabaḷīkāra-āhāra,段食)的食生食素,与在眼门中生起、住立的时节所生食素,在眼门的眼中会合时,由于该食生食素以扶助、支持之“ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိ”(upatthambhaka āhāra-paccaya-satti,资助性食缘力)给予资助,时节所生食素到达住时后,便又产生一个新的食素八法聚〔这是时节生食素的子代〕;它称为时节缘食生色。该新食素八法聚中所含的食素到达住时后,又产生另一个新的食素八法聚〔这是先前时节生食素的孙代〕。如此把色聚的生起连接到10次或12次;这些都称为时节缘食生色〔是先前时节生食素的——
သားစဥ်မြေးဆက်တည်း။) (ဝိသုဒ္ဓိ-၂-၂၅၂။) လက်တွေ့ရှုရာ၌ အစာသစ်ကောဋ္ဌာသ-ဥတုဇသြဇာကို အခြေခံ၍ ဖြစ်ပွားလာကြသော အာဟာရသမု- ဋ္ဌာန်ရုပ်တို့၏ မျက်စိအထိ ဖြစ်နေပုံကို မြင်အောင် ရှု၍ ယင်း အာဟာရသမုဋ္ဌာန်သြဇာနှင့် စက္ခုဒွါရရှိ ဥတုဇ သြဇာတို့ သြဇာချင်း စက္ခုဒွါရ၌ ပေါင်းဆုံမိခိုက် ဥတုဇသြဇာ = ဥတုသမုဋ္ဌာန်သြဇာက တိုက်ရိုက် သြဇဋ္ဌမက ရုပ်ကို ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်ပုံ၊ အာဟာရဇသြဇာ = အာဟာရသမုဋ္ဌာန်သြဇာက အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်ပုံ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
——子孙后代〕。(《清净道论》2-252。)实际观照时,应观见:以新食身分中的时节生食素为基础而生起的食生色,如何遍及眼中;当这些食生食素与眼门内的时节生食素在眼门会合时,时节生食素=时节所生食素如何成为直接产生食素八法聚的“ဇနက”(janaka,能生因),食生食素=食所生食素又如何成为扶助、支持的“ဥပတ္ထမ္ဘက”(upatthambhaka,资助因),以食缘力给予资助。应当以智清楚观见这一过程。
၆။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- အထက်တွင် ရှင်းပြခဲ့သော မိမိ စားမျိုလိုက်သော ကဗဠီကာရ အာဟာရဟူသော ဥတုဇသြဇာကို ကမ္မဇဝမ်းမီးက အားပေးထောက်ပံ့လိုက်သောအခါ ယင်း ဥတုဇသြဇာကြောင့် အာဟာရသမုဋ္ဌာန် သြဇဋ္ဌမကရုပ်များ တစ်ကိုယ်လုံးသို့ အနှံ့အပြား ဖြစ်သွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
6.“အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်”(āhāra-paccaya āhāra-samuṭṭhāna)=食缘食生色。应当以智观见前文所说的过程:自己吞食、称为段食的时节生食素,得到业生消化火扶助、支持以后,由该时节生食素产生的食生食素八法聚,如何遍满全身。
တစ်ကြိမ် စားမျိုလိုက်သော တစ်နေ့ စားမျိုလိုက်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အာဟာရဇ ရုပ်များ = အာဟာရသမုဋ္ဌာန်ရုပ်များကို အားပေးထောက်ပံ့နိုင်သဖြင့် အာဟာရသမုဋ္ဌာန်ရုပ်များ မျက်စိသို့တိုင် အောင် အဆက်မပြတ် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ဖန် ရှေးရှေးသော အာဟာရသမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော သြဇာအား နောက်နောက်သော အာဟာရ- သမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော သြဇာက စက္ခုဒွါရ မျက်စိ၌ သြဇာချင်း ဆုံစည်းမိသောအခါ အားပေး ထောက်ပံ့ပုံကို မြင်အောင် ရှုပါ။ ထိုနောင် နောက်နောက်သော အာဟာရသမုဋ္ဌာန်သြဇာက အားပေးထောက်ပံ့ လိုက်သောအခါ ရှေးရှေးသော အာဟာရသမုဋ္ဌာန်သြဇာက ဌီကာလသို့ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တည်း။ (မူလ
一次所食、一日所食的食物,能够资助食生色=食所生色长达7日,因此应当以智观见食生色如何连续不断、一代接一代地撞击,直至眼中。又应观见:在眼门的眼中,后一食生色聚中所含的食素与前一食生色聚中所含的食素会合时,如何扶助前一食生食素。随后还应以智观见:得到后一食生食素的扶助、支持后,前一食生食素到达住时,如何产生一个新的食素八法聚。这就是食缘食生色〔是原来——
အာဟာရသမုဋ္ဌာန်သြဇာ၏ သားတည်း။) ယင်း အသစ်သော သြဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော သြဇာက လည်း နောက်နောက်သော အာဟာရသမုဋ္ဌာန်သြဇာ၏ အထောက်အပံ့ထူးကို ရရှိသောအခါ ဌီကာလသို့ ရောက် ခိုက် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မူလ အာဟာရသမုဋ္ဌာန်သြဇာ၏ မြေးတည်း။) ဤသို့လျှင် (၁ဝ)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်သည်ချည်းသာတည်း။ (မူလ အာဟာရသမုဋ္ဌာန်-သြဇာ၏ သားစဥ်မြေးဆက် အဆက်ဆက်ပင်တည်း။)
——食生食素的子代〕。这个新食素八法聚中所含的食素,得到再后一个食生食素的特殊资助后,到达住时又产生一个新的食素八法聚〔是原来食生食素的孙代〕。如此把色聚的生起连接到10次或12次;这些全都称为食缘食生色〔即原来食生食素一代代的子孙后代〕。
(ဝိသုဒ္ဓိ-၂-၂၅၁။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၁။)”(《清净道论》2-251。)
原书第 712 页
အထူးသတိပြုရန်
特别注意
ဤအာဟာရဇရုပ်၏ ဖြစ်ပုံကို ရှုရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ကလာပ်အမှုန်ချင်း ပေါင်းဆုံ၍ အခြား အခြားသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များ ဖြစ်ပွား ပေါ်ပေါက်လာရသည်ဟု မရှုစေလိုပါ။ မယူဆ စေလိုပါ။ စက္ခုဒွါရဝယ် သြဇာချင်း ပေါင်းဆုံမိခိုက် --- ၁။ စက္ခုဒသက ကလာပ်၊ ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်တို့တွင် ပါဝင်သော ကမ္မဇသြဇာ၊ ၂။ စိတ္တဇအဋ္ဌကလာပ်တွင် ပါဝင်သော စိတ္တဇသြဇာ၊ ၃။ ဥတုဇအဋ္ဌကလာပ်တွင် ပါဝင်သော ဥတုဇသြဇာ --- ဤ (၃)မျိုးသော သြဇာသည် အာဟာရဇသြဇာ = အာဟာရသမုဋ္ဌာန်သြဇာ၏ အားပေးထောက်ပံ့မှု အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ရရှိသော အခါ၊ ၄။ ရှေးရှေးသော အာဟာရသမုဋ္ဌာန်သြဇာသည် နောက်နောက်သော အာဟာရသမုဋ္ဌာန်သြဇာ၏ အားပေး ထောက်ပံ့မှု အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ရရှိသောအခါ --- မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပုံကိုသာ ဉာဏ်ဖြင့်
以智辨别、观照这种食生色的生起时,不要观成、也不要认为是两个色聚微粒彼此结合,才产生一个个不同的新食素八法聚。在眼门中诸食素会合时,应只观见如下生起过程:1.眼十法聚、身十法聚与性根十法聚中所含的业生食素;2.心生食素八法聚中所含的心生食素;3.时节生食素八法聚中所含的时节生食素——这3类食素得到食生食素=食所生食素以食缘力给予的扶助、支持时;以及4.前一食生食素得到后一食生食素以食缘力给予的扶助、支持时——它们各自在到达自己的住时之际,如何产生一个个新的食素八法聚。应当只以智——
မြင်အောင်ရှုပါ၊ ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
——观见、辨别并把握这一过程。
တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသော သြဇဋ္ဌမကရုပ်များကို တိုက်ရိုက်ဖြစ်စေတတ်သော ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ အာဟာရဇသြဇာများ ပါဝင်သည့် ကမ္မသ- မုဋ္ဌာန် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်ကလာပ် အသီးအသီးကိုလည်းကောင်း၊ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော အာဟာရသမုဋ္ဌာန် ရုပ် ကလာပ် အသီးအသီးကိုလည်းကောင်း --- ဤဇနက-ဥပတ္ထမ္ဘက နှစ်ဘက်လုံး၌ တည်ရှိသော ရုပ်ကလာပ် အသီး အသီးကို ရုပ်တုံးရုပ်ခဲ ရုပ်ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။ စက္ခုဒွါရဝယ် ဆုံဆည်းမိသည့် နှစ်ဘက်လုံး၌ တည်ရှိသော ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပြီးမှ သြဇာချင်း ပေါင်းဆုံမိ၍ အာဟာရသမုဋ္ဌာန်သြဇာက ဥပတ္ထမ္ဘက
一方面,对于各个分别含有业生食素、心生食素、时节生食素与食生食素的业所生、心所生、时节所生、食所生色聚,其中的食素以直接能生的“ဇနက အာဟာရပစ္စယသတ္တိ”(janaka āhāra-paccaya-satti,能生性食缘力)资助食素八法聚,直接令其生起;另一方面,各个食生色聚又以扶助、支持的“ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိ”(upatthambhaka āhāra-paccaya-satti,资助性食缘力)给予资助。对于处在能生因与资助因两方的每一个色聚,都应以智分别、分析,破除各自的色块、色团与“ရုပ်ဃန”(rūpa-ghana,色密集),使智见达到究竟。先把眼门中会合的、处在两方的这些色聚逐一把握到究竟,再观见其中食素会合后,食生食素如何以资助性——
အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၍ စတုသမုဋ္ဌာန်သြဇာ အသီးအသီးက ဇနက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်များ ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။
——食缘力给予资助,四因所生的各类食素又如何以能生性食缘力给予资助,从而产生一个个新的食素八法聚。应当以智清楚观见这一过程。
ဖြစ်ပေါ်လာတိုင်းသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ခွဲခြားစိတ်ဖြာ၍ ရှုပါ၊ သိမ်းဆည်းပါ၊ ဓာတ်ခွဲပါ။
对于每一个已经生起的新食素八法聚,也应以智分别、分析并观照到究竟,加以把握、解析诸界。