‘သြဠာရိက - သုခုမ - ပဿဒ္ဓိ’(oḷārika—sukhuma—passaddhi)——粗重、微细、平静

入出息念定部分 · 原书第 320–323 页 · 23 个翻译单元

本页并入了原书的相邻小节:理由。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 320 页
သြဠာရိက - သုခုမ - ပဿဒ္ဓိ
‘သြဠာရိက - သုခုမ - ပဿဒ္ဓိ’(oḷārika—sukhuma—passaddhi)——粗重、微细、平静
ထိုစကားရပ်၌ ဝင်သက်လေ-ထွက်သက်လေတို့၏ သြဠာရိက = ရုန့်ရင်းကြမ်းတမ်းမှုဖြစ်ပုံ၊ သုခုမ = သိမ်မွေ့ နူးညံ့မှု ဖြစ်ပုံကိုလည်းကောင်း၊ ပဿဒ္ဓိ = ငြိမ်းအေးပုံကိုလည်းကောင်း ဤသို့ သိပါလေ။
在上述语句中,入息、出息的 oḷārika,即如何呈现粗重;sukhuma,即如何呈现微细柔和;passaddhi,即如何平静,应当如下理解。
ဤ ယောဂါဝစရရဟန်းတော်၏ သန္တာန်ဝယ် ရှေးယခင် အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီကာလ၌ ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းသည်လည်းကောင်း စိတ်သည်လည်းကောင်း ပင်ပန်းခြင်းရှိကုန်၏။
在这位瑜伽行比丘的相续中,早先尚未修习入出息业处时,称为所生身的一切色法与心都处于疲劳状态。
= ပူပန်မှုနှင့်တကွ ဖြစ်ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်၏။ ကိုယ်စိတ်နှစ်မျိုးလုံးတို့၏ ရုန့်ရင်းကြမ်းတမ်းသည်၏
=也就是处于焦劳不安之中,显得粗重。若身与心二者的粗重状态尤其未能——
原书第 321 页
အာနာပါနဿတိသမာဓိပိုင်း အဖြစ်သည် အထူးသဖြင့် မငြိမ်းအေးလတ်သော် ဝင်သက်လေ-ထွက်သက်လေတို့သည်လည်း ရုန့်ရင်းကြမ်းတမ်း ကြကုန်၏။ အားကြီးကုန် ရုန့်ရင်းကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ဝင်သက်လေ-ထွက်သက်လေဖြင့် နှာခေါင်းသည် မဆံ့ ဖြစ်နေ၏။ ပါးစပ် ခံတွင်းပေါက်ဖြင့် ဝင်သက်လေကို ရှူသွင်းလျက် ထွက်သက်လေကို ရှူထုတ်လျက် တည်နေရ၏။
——平静,入息、出息也会变得粗重,以强劲、粗显的状态生起,仿佛鼻腔容纳不下;于是只得经口入息、经口出息。
နောက်တစ်မျိုးသော်ကား ---- အကြင်အခါ၌ ထိုယောဂါဝစရရဟန်းတော်၏ ကရဇကာယ ခေါ် ရုပ်တရား အပေါင်းသည်လည်းကောင်း (= ကိုယ်သည်လည်းကောင်း) စိတ်သည်လည်းကောင်း သိမ်းဆည်းအပ်ကုန်သည် = ဉာဏ်ဖြင့် ပိုင်းခြားယူထားအပ်ကုန်သည် ဖြစ်ကုန်၏။ ထိုအခါ၌ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းထားအပ် ပိုင်းခြား ယူထားအပ်ကုန်သော ကိုယ်စိတ်နှစ်ပါးတို့သည် ငြိမ်သက်ကုန်သည် အထူးသဖြင့် ငြိမ်သက်ကုန်သည်ဖြစ်လာ ကြကုန်၏။ ထို ကိုယ်စိတ်နှစ်ပါးတို့သည် အထူးသဖြင့် ငြိမ်သက်ကုန်သည်ရှိသော် ဝင်သက်လေ-ထွက်သက်လေ တို့သည် နူးညံ့ကုန်သည်ဖြစ်၍ သိမ်မွေ့ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ ရှိသေးသလော၊ မရှိတော့ပြီ လောဟု ဤသို့ စူးစမ်းရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကြကုန်၏။
另一方面,当这位瑜伽行比丘称为所生身的一切色法(即身体)与心都已被把握——即以智辨别——时,如此被智把握、辨别的身与心便会平静,尤其平静。当身心尤其平静时,入息、出息便以柔和、微细的状态生起,乃至微细到仿佛必须察看‘它们还在吗,还是已经没有了?’
(ဝိသုဒ္ဓိ-၁-၂၆၆။)
(《清净道论》1-266。)
〔ဤအထက်ပါ အဋ္ဌကထာစကားရပ်၏ ဆိုလိုရင်းကား ဤသို့တည်း။ အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီ အချိန်ကာလပိုင်း၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်စိတ်နှစ်ပါးတို့ကို မသိမ်းဆည်းရသေးသည် မည်၏။
〔上引义注语句的旨趣如下:在尚未修习入出息业处时,称为禅修者尚未摄持身与心。
''နိသီဒတိ ပလဒင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ = အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ တင်ပလဒင်ခွေလျက် ထိုင်နေ၏။''- ဟူသော ဤပါဠိတော်စကားရပ်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ ကိုယ်ကို သိမ်းဆည်းပုံကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။
‘盘腿而坐,端正上身。’佛陀以这段巴利经文,开示修习入出息业处的禅修者应如何摄持身体。
''ပရိမုခံ သတိံ ဥပဋ္ဌပေတွာ = အာနာပါနကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု သတိကို ဖြစ်စေ တည်စေ၍'' ---- ဟူသော ဤပါဠိတော်စကားရပ်ဖြင့် စိတ်ကို သိမ်းဆည်းပုံကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။
‘令念面向入出息业处所缘而现起、安住。’佛陀以这段巴利经文,开示应如何摄持心。
အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထား၍ တင်ပလဒင်ခွေထိုင်နေခြင်းဖြင့် ကိုယ်ကို သိမ်းဆည်းလျက်၊ အာနာပါနကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှူ သတိကို ဖြစ်စေခြင်း တည်စေခြင်းဖြင့် စိတ်ကို သိမ်းဆည်းလျက် အာနာပါနဿတိသမာဓိဘာဝနာကို ပွားများအား ထုတ်သည်ရှိသော် ကိုယ်စိတ်နှစ်ပါးတို့သည် ငြိမ်သက်လာကြကုန်၏၊ အထူးသဖြင့် ငြိမ်သက်လာကြကုန်၏။
修习入出息业处的禅修者端正上身、盘腿而坐,以此摄持身体;又令念面向入出息业处所缘而现起、安住,以此摄持心。当他如此培育入出息念定时,身与心便渐渐平静,尤其平静。
ငြိမ်သက်ကုန်၏ -- ဟူသော စကားရပ်၌ ရှေးဦးစွာ အပြင်ဗဟိဒ္ဓအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု မရှိခြင်း ကြောင့် ဝင်သက်လေ-ထွက်သက်လေတည်းဟူသော တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ အာနာပါနကမ္မဋ္ဌာန်း ကို ဉာဏ်ဖြင့် သိမ်းဆည်းပြီး ဖြစ်လတ်သော် ထိုဘာဝနာစိတ်သည် ငြိမ်သက်လာ၏၊ အထူးသဖြင့် ငြိမ်သက်လာ၏၊ ထိုသို့ ဘာဝနာစိတ်သည် ငြိမ်သက် အထူးသဖြင့် ငြိမ်သက်လာသောကြောင့်ပင်လျှင် ထိုငြိမ်သက် အထူးသဖြင့် ငြိမ်သက်သော ဘာဝနာစိတ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော များပြားလှကုန်သော စိတ္တဇရုပ်တရားတို့သည် လည်း ပေါ့ပါးလာကြကုန်၏၊ နူးညံ့လာကြကုန်၏ အာနာပါနဿတိသမာဓိဘာဝနာအမှု၌ ခံ့ညားသည်၏အဖြစ်သို့ ရောက်ရှိလာကြကုန်၏။ ထိုဘာဝနာစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တရားတို့အား လျော်သည်၏ အဖြစ်ကြောင့် ကြွင်းသော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်သည်လည်း ပေါ့ပါးလာပေ၏၊ နူးညံ့လာပေ၏၊ အာနာပါနဿတိ
所谓‘平静’,首先是说:由于心不再散乱到外在种种所缘,每一心刹那只取当下的入息或出息为所缘,并已以智把握入出息业处,修习心遂渐渐平静,尤其平静。正因为修习心如此平静,由这颗平静、尤其平静的修习心所生起的众多心生色法,也变得轻快、柔软而适于入出息念定的修习。其余的业生色、时节生色、食生色,也因与这些由修习心所生的心生色相协调,而变得轻快、柔软,并达到——
သမာဓိဘာဝနာအမှု၌ ခံ့ညားသည်၏ အဖြစ်သို့ ရောက်ရှိလာပေ၏။ ဤသို့ စိတ်သည်လည်းကောင်း၊ ကံ စိတ် ဥတု အာဟာရ - အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အားလုံးသော ရုပ်တရားအပေါင်း ဟူသော ရူပကာယ = ကိုယ်သည်လည်းကောင်း ငြိမ်သက်သည်၊ အထူးသဖြင့် ငြိမ်သက်သည် ဖြစ်လတ်သော်
——适于入出息念定修习的状态。如此,当心,以及由业、心、时节、食四因所生、统称色身(身体)的一切色法,都已平静、尤其平静时——
原书第 322 页
ထိုစိတ်နှင့် ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းကို အမှီပြု၍ ဖြစ်ပေါ်လာကြကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ငြိမ်သက်သော သဘောရှိကုန်၍ အစဥ်သဖြင့် နူးညံ့သည် သာလွန်၍ နူးညံ့သည် အထူး သဖြင့် နူးညံ့သည်ထက် သာလွန်၍ နူးညံ့ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြပေကုန်သည်။ (မဟာဋီ-၁-၃၂၃။)〕 ဥပမာအားဖြင့်ကား ---- ပြေးပြီး၍ တည်နေသော ယောကျာ်းအား၊ သို့မဟုတ် တောင်မှမူလည်း သက်ဆင်း ၍ တည်နေသော ယောကျာ်းအား၊ သို့မဟုတ် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ဦးခေါင်းထက်မှ ချ၍တည်နေ သော ယောကျာ်းအား ရုန့်ရင်းကြမ်းတမ်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ဖြစ်ပေါ်နေကြကုန်၏၊ နှာခေါင်းမဆံ့ ဖြစ်နေ၏ (= နှာခေါင်းဖြင့် အသက်ရှူ၍ မဝ ဖြစ်နေ၏)၊ ခံတွင်းဖြင့် ဝင်သက်လေကို ရှူနေရ သည်ဖြစ်၍လည်းကောင်း၊ ထွက်သက်လေကို ထုတ်နေရသည် ဖြစ်၍လည်းကောင်း တည်နေရ၏။
——依止该心与称为所生身的一切色法而生起的入息、出息,也具有平静的性质,逐层变得柔细、更加柔细、格外柔细而又更为柔细。(《大复注》1-323。)〕譬如一个人刚跑完步而站着,或刚从山上下来而站着,或刚从头上卸下沉重负担而站着,他会生起粗重的入息与出息,仿佛鼻腔容纳不下(即只用鼻呼吸也不够),只得经口入息、经口出息。
နောက်တစ်မျိုးသော်ကား ---- အကြင်အခါ၌ ဤယောကျာ်းသည် ထိုပင်ပန်းခြင်းကို ပယ်ဖျောက်၍ ရေချိုး ၍လည်းကောင်း၊ ရေသောက်၍လည်းကောင်း စိုနေသော ပုဆိုးကို ရင်ဘတ်ပေါ်၌ တင်ထား၍ အေးမြသော အရိပ်အောက်၌ လျောင်းစက်နေ၏။ ထိုအခါ၌ ထိုယောကျာ်းအား ထိုဝင်သက်လေ ထွက်သက်လေတို့သည် နူးညံ့လာကုန်၏။ ရှိလေသလော မရှိလေသလောဟု ဤသို့ စူးစမ်းရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကုန်၏။
另一方面,当这个人以沐浴或饮水消除疲劳,把湿布敷在胸前,躺在清凉树荫下休息时,他的入息、出息便渐渐柔细,乃至微细到仿佛必须察看‘它们还在吗,还是没有了?’
ဤဥပမာအတူသာလျှင် ဤယောဂါဝစရ ရဟန်းတော်၏ ရှေးယခင် အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီ ကာလ၌ ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း ပင်ပန်းခြင်း ရှိကုန်၏ = ပူပန်မှုနှင့်တကွ ဖြစ်ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်၏။ ကိုယ်စိတ် နှစ်ပါးတို့၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်သည် အထူးသဖြင့် မငြိမ်း လတ်သော် ဝင်သက်လေ ထွက်သက်လေတို့သည်လည်း ရုန့်ရင်း ကြမ်းတမ်းကြကုန်၏။ အားကြီးကုန် ရုန့်ရင်း ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ နှာခေါင်းမဆံ့ ဖြစ်နေ၏၊ ခံတွင်းဖြင့် ဝင်သက်လေကို ရှူလျက် ထွက် သက်လေကို ထုတ်လျက် တည်နေရ၏။
正如这个譬喻,在这位瑜伽行比丘尚未修习入出息业处时,身与心都处于疲劳状态,也就是焦劳不安、粗重。若身心二者的粗重状态尤其未能平静,入息、出息也会粗重,以强劲、粗显的状态生起,仿佛鼻腔容纳不下,只得经口入息、经口出息。
နောက်တစ်မျိုးသော်ကား ---- အကြင်အခါ ထိုယောဂါဝစရ ရဟန်းတော်၏ ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း သိမ်းဆည်းအပ်ကုန်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူထားအပ်ကုန်၏။ ထိုအခါ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းထားအပ် ပိုင်းခြားယူထားအပ်ကုန်သော ကိုယ်စိတ်တို့သည် ငြိမ်သက်ကုန်သည် အထူးသဖြင့် ငြိမ် သက်ကုန်သည်ရှိသော် ဝင်သက်လေ ထွက်သက်လေတို့သည် နူးညံ့ကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ ရှိလေသလော မရှိတော့ပြီလောဟု ဤသို့ စူးစမ်း ရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကြကုန်၏။ (ဝိသုဒ္ဓိ-၁-၂၆၆-၂၆၇။)
另一方面,当这位瑜伽行比丘的身与心都已被把握,即以智辨别时,如此被智把握、辨别的身与心便会平静,尤其平静。身心尤其平静时,入息、出息便以柔细的状态生起,乃至微细到仿佛必须察看‘它们还在吗,还是已经没有了?’(《清净道论》1-266—267。)
အကြောင်းပြချက်
理由
ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကား ဤသို့တည်း။ ထိုထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ရှေးယခင် ဝင်သက်လေ ထွက်သက်လေတို့ကို မသိမ်းဆည်းမီ အချိန်၌ ရုန့်ရင်း ရုန့်ရင်းကုန်သော ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့ကို ငြိမ်းစေအံ့ဟု ---- ၁။ ပထမဦးစွာ ဆင်ခြင်ခြင်း = အာဘောဂ ၊ ၂။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရ၏ ငြိမ်းအောင် ကောင်းစွာ အဖန်တလဲလဲ ဆင့်ကာ ဆင့်ကာ ရှေးရှုဆောင်ခြင်း (= ငြိမ်းမှုကို ဖြစ်စေခြင်း) = သမန္နာဟာရ ၊
之所以如此,理由如下。在各位瑜伽行比丘的相续中,早先尚未把握入息、出息时,对于‘我要使称为粗重入出息的身行平息’这件事——1.最初的预先思量,即 ābhoga;2.为了使称为入息、出息的身行平息,而善加、反复、层层导向其平息(即令平息生起),即 samannāhāra;
原书第 323 页
အာနာပါနဿတိသမာဓိပိုင်း ၃။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရ၏ ငြိမ်းမှုသဘောကို စိတ်နှလုံး၌ ထားခြင်း = မနသိ ကာရ ၊ ၄။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရကို ငြိမ်းအောင် စူးစမ်းဆင်ခြင်ခြင်း = ပစ္စဝေက္ခဏာ- ဤ လေးမျိုးသော သဘောတရားသည်ကား ထင်ရှားမရှိသေးပေ။
3.把称为入息、出息的身行之平息性质置于心中,即 manasikāra(作意);4.为了使称为入息、出息的身行平息而审察,即 paccavekkhaṇā(省察)。这四种作用尚未清楚显现。
သို့သော် ဝင်သက်လေ ထွက်သက်လေကို သိမ်းဆည်းသော ဉာဏ်ဖြင့် ပိုင်းခြားယူသော အချိန်အခါကာလ ၌ကား ဤလေးမျိုးသော သဘောတရားများသည် ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ထင်ရှားရှိနေပေ၏။
然而,在以把握入息、出息之智加以辨别时,这四种作用便清楚显现于该瑜伽行比丘的相续中。
ထိုကြောင့် ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့ ကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြား မယူရသေးသော အချိန်ကာလထက် ဝင်သက်လေ ထွက်သက် လေဟူသော ကာယသင်္ခါရတို့ကို သိမ်းဆည်းနေသော ဉာဏ်ဖြင့် ပိုင်းခြားယူနေသော အချိန်ကာလ၌ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရသည် ပို၍ သိမ်မွေ့နူးညံ့မှု ရှိနေခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၆၇။) ထိုသို့ ဝင်လေ ထွက်လေသည် သိမ်မွေ့နူးညံ့လာသောအခါ ဝင်လေ ထွက်လေကို မျှအောင် ရှူပါ။ ဝင်လေ များ၍ ထွက်လေနည်းသော် နောက်သို့ လန်တတ်၏။ ထွက်လေများ၍ ဝင်လေ နည်းသော် ရှေးသို့ ကုန်းတတ်၏။
因此,在这位瑜伽行比丘的相续中,与尚未以智把握、辨别称为入息、出息的身行之时相比,正在以智把握、辨别这些身行时,入息、出息身行会更加微细柔和。(《清净道论》1-267。)当入息、出息如此变得微细柔和时,应使二者保持均衡。若入息过多而出息过少,身体往往向后仰;若出息过多而入息过少,身体往往向前俯。
သတိရှိစေ။
务必留意。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。