ekadesa=一部分
应当建立定 · 原书第 224–226 页 · 18 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 224 页
ဧကဒေသ = တစ်စိတ်တစ်ဒေသ
ဧကဒေသ(ekadesa)=一部分
အထက်ပါ သမ္မသနစာရခေတ် သုံးမျိုးတို့တွင် သာဝကတို့၏ သမ္မသနစာရခေတ်ဟူသော သာဝကတို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် တရားတို့ကား မည်သည့်သင်္ခါရတရားစုတို့ ဖြစ်ကြသည်ဟု သာဝကတို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို အတိအကျ သတ်မှတ်ချက်ပေးထား၏။ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိ သာဝက - ဟု သာဝက သုံးမျိုး ကွဲပြားသော်လည်း ထိုသာဝက သုံးမျိုးလုံးတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေဟူသော သမ္မသနစာရခေတ်ကား ညီတူလျက်ပင် ရှိပါသည်။
上述三种思惟行境已经准确界定:声闻的思惟行境,也就是声闻观智必须观照、思惟的诸法,究竟包括哪些诸行法;虽然声闻分为上首声闻、大声闻和普通声闻三类,但三类声闻的观智所游行的范围——思惟行境——完全相同。
ထိုသို့ သာဝကတို့၏ သမ္မသနစာရခေတ်နှင့် ပတ်သက်၍ သတ်မှတ်ချက်များ အတိအကျ အထင်အရှား ရှိနေသည် ဖြစ်ပါလျက် မူလပဏ္ဏာသအဋ္ဌကထာတွင် လာရှိသော ဧကဒေသ ဟူသော စကားတစ်လုံး အပေါ်၌ အဓိပ္ပါယ် အကောက် အယူအဆ လွဲမှားသဖြင့် (၁) ရုပ်ဓာတ်တစ်လုံး၊ (၂) နာမ်ဓာတ်တစ်လုံး၊ (၃) ရုပ်ဓာတ် တစ်လုံးနှင့် နာမ်ဓာတ်တစ်လုံးမျှကို လက္ခဏာယာဥ်တင်၍ ဝိပဿနာရှုပွား သုံးသပ်လျှင်လည်း နိဗ္ဗာန်သို့ ရောက်နိုင် သည်ဟု ယူဆတော်မူကြပြန်သည်။ ထိုပြဿနာကို ပြေလည်စွာ ဖြေရှင်း တင်ပြနိုင်ရန် အတွက် ဧကဒေသ အကြောင်းကို အတိုချုပ်၍ ဖော်ပြအပ်ပါသည်။
尽管声闻思惟行境已有如此准确、明确的界定,有些论师却误解了《根本五十篇义注》中 ဧကဒေသ(ekadesa)一词的含义,因而认为:只要把(1)一个色法、(2)一个名法,或(3)一个色法与一个名法置于三相之下修观、思惟,也能到达涅槃。为了妥善解决这个问题,下面简要说明 ekadesa 的含义。
မာနဘဉ္ဇနတ္ထံ သဗ္ဗဓမ္မမူလပရိယာယန္တိ ဒေသနံ အာရဘိ။ (မ-ဋ္ဌ-၁-၁၈။) ဗေဒင်သုံးပုံတို့၌ ကမ်းတစ်ဘက်သို့ ရောက်အောင် တတ်မြောက်ကြသည့် ပုဏ္ဏားလုလင် (၅ဝဝ)တို့သည် ဝေဒကျမ်းတို့၌ အနှစ်သာရကို ရှာဖွေ၍ မတွေ့ရှိကြသဖြင့် ဘုရားရှင်၏ သာသနာတော်၌ အနှစ်သာရကို ရှာဖွေရန် ဟူသော ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြ၏။ နောက်ဆုံးဘဝရှိသည့် = ပစ္ဆိမဘဝိကသားများ ဖြစ်ခြင်းကြောင့် ဉာဏ်ပညာများ အလွန် ထက်မြက်စူးရှသူများ ဖြစ်ကြ၏။ ဘုရားရှင်၏ ပိဋကတ်တရားဒေသနာတော်တို့ကို သင်ယူလိုက်သည့် အခါ အလွယ်တကူပင် တတ်မြောက်သွားတော်မူကြ၏။
“为了破除慢,世尊开始宣说名为‘一切法之根本法门’的教说。”(《中部义注》1-18。)五百位婆罗门青年已经彻底精通三吠陀,却未能在吠陀典籍中找到精髓;为了到世尊的教法中寻求精髓,他们进入佛教而出家为比丘。由于他们是最后有者(pacchimabhavika),智慧极其锐利;开始学习世尊的三藏教法以后,很容易便全部学会。
ထိုသို့ ပရိယတ်တရားတော်၌ အလွယ်တကူသင်ယူ၍ အောင်မြင်မှုရခြင်းကို အကြောင်းခံ၍ ပရိယတ်မာန်စွယ်များ ထောင်လာသဖြင့်ဘုရားရှင်အပေါ်၌ ရှေးယခင်ကကဲ့သို့ ရိုသေကိုင်းရှိုင်း ဝပ်တွားမှုများ မရှိကြတော့ပေ။ ရှင်ဂေါတမ ဟောသည့် တရားတို့ကို သင်ယူလိုက်ပါက လွယ်လွယ်နှင့်ပင် တတ်သည်၊ သိပ် အထင်ကြီးစရာ မရှိပါဟု စိတ်ကြီး
正因他们轻易学通教理、获得成就,教理慢便竖起了尖角;他们不再像从前那样恭敬、尊重、礼拜世尊,反而想:“乔达摩沙门所说的法,只要学一学就能轻易掌握,并没有什么了不起。”于是,那种自高自大的骄慢心便——
原书第 225 页
သမာဓိထူထောင်သင့်ပုံပိုင်း ဝင်လာကြ၏။ ထိုရဟန်းတို့၏ ထိုပရိယတ်မာန်သည် အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယများကို ပျက်စီး စေနိုင်သည်ဟု သိတော်မူ မြင်တော်မူသော ဘုရားရှင်သည် ပရိယတ္တိမာန်တက်နေကြကုန်သော ရဟန်း (၅ဝဝ) တို့၏ ပရိယတ္တိမာန်စွယ်ကို နှိမ်နင်းချိုးဖျက်ရန် ရည်ရွယ်တော်မူ၍ မူလပရိယာယသုတ္တန်ကို ဟောကြားတော် မူပေသည်။ (ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို ဟောကြားပြသနေသည် မဟုတ်သည်ကို သတိပြုပါ။) ထိုသို့ ဟောကြားတော်မူရာဝယ် ဓမ္မာဓိဋ္ဌာနပိုင်းတွင် ဓာတ်ကြီးလေးပါးတို့ကို ---- ၁။ ပုထုဇန်တို့က တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးဖြင့် သိပုံ၊ ၂။ သေက္ခပုဂ္ဂိုလ်တို့က ဒိဋ္ဌိစွဲပြုတ်၍ တဏှာစွဲ မာနစွဲ အချို့အဝက်ဖြင့် သိပုံ၊ ၃။ အသေက္ခ (= ရဟန္တာ) ပုဂ္ဂိုလ်တို့က တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုး ပြုတ်၍ သိပုံ၊ ၄။ တထာဂတ ဘုရားရှင်တို့ကလည်း တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးလုံးပင် ပြုတ်၍ သိပုံတို့ကို ----
——在他们心中生了起来。世尊知见:这些比丘的教理慢,足以破坏他们作为证得阿罗汉果之因的亲依止缘。为了折伏、摧破这五百位比丘竖起的教理慢之角,世尊便宣说《根本法门经》。〔应注意:此处并不是在开示观智所观的所缘。〕宣说此经时,在依法安立的部分,世尊分别开示对四大种的四种认知方式:1.凡夫以爱执、慢执、见执三种执著而知;2.有学圣者已经脱落见执,而仍以尚存的一部分爱执与慢执而知;3.无学圣者,即阿罗汉,已经脱落爱执、慢执、见执三种执著而知;4.如来佛陀也已经脱落爱执、慢执、见执全部三种执著而知——
လေးမျိုးလေးပိုင်း ပိုင်း၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ဟောကြားတော်မူ၏။ ထိုနောက် ဓမ္မာဓိဋ္ဌာနပိုင်းမှ ပုဂ္ဂလာဓိဋ္ဌာနပိုင်းဘက်သို့ ဒေသနာတော်အစဥ်ကို ပြောင်းရွှေ့ ဟောကြားတော်မူလိုက်၏။
——世尊把这四类分作四个部分,对四大种逐一分别、解析而说。随后,又把说法次第从依法安立的部分转到依人安立的部分。
(အကျယ်ကို မူလပရိယာယသုတ်တွင် ကြည့်ပါ။) ထိုသို့ ဟောကြားတော်မူလိုက်သဖြင့် အထက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့သည် ဓာတ်ကြီးလေးပါးတို့၌သာလျှင် သိပုံချင်း ကွာဟချက် ရှိသည်၊ ကျန်ပရမတ္ထဓာတ်သား သင်္ခါရတရားတို့၌ သိပုံချင်း ကွာဟချက် မရှိနိုင်တော့ပြီ လောဟု ပြဿနာတစ်ရပ် ပေါ်လာ၏။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အဋ္ဌကထာဆရာတော်က (မ-ဋ္ဌ-၁- ၃၂။) တွင် နေတ္တိပါဠိတော်၌ လာရှိသော လက္ခဏာဟာရနေတ္တိနည်းကို ထုတ်ဆောင်၍ လက္ခဏာဟာရနေတ္တိနည်း အရ လက္ခဏာချင်း တူညီရာကို စုပေါင်း၍ ဘုရားရှင် ဟောကြားသွားတော်မူခြင်း ဖြစ်ကြောင်းကို ရှင်းပြထား၏။
(详见《根本法门经》。)世尊这样宣说以后,便产生了一个问题:上述四类人在四大种方面的认知方式有差别,难道他们对于其余作为究竟界法的诸行,认知方式就不再有差别了吗?为了解答这个问题,义注师在《中部义注》1-32中,引出《导论》(Netti)巴利原典所载的特相导释法(lakkhaṇahāra-netti-naya),说明世尊依此法把特相相同的诸法合摄而说。
(မ-ဋ္ဌ-၁-၃၂။)
(《中部义注》1-32。)
ထိုရှင်းလင်းချက်အရ ဓာတ်ကြီးလေးပါးကို ကောက်ယူခဲ့သော် ဓာတ်ကြီးလေးပါးနှင့် ရုပ္ပနလက္ခဏာ = ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တူညီသော ဥပါဒါရုပ် (၂၄)မျိုးကိုလည်း ကောက်ယူရ၏။
依照这项解释,既然四大种已被摄取,就也必须摄取与四大种同具变坏相(ruppana-lakkhaṇa)——即会变坏这一自性特相——的二十四种所造色。
ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာချင်း တူညီနေသောကြောင့် ဥပါဒါရုပ် (၂၄)ပါးကို ဓာတ်ကြီးလေးပါး၌ ပေါင်းစု ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ တစ်ဖန် ရူပက္ခန္ဓာကို ကောက်ယူခဲ့သော် ရူပက္ခန္ဓာနှင့် ဝဓကလက္ခဏာ = လူသတ်သမားလက္ခဏာချင်း တူညီနေသော ကျန် နာမ်ခန္ဓာလေးပါးကိုလည်း ကောက်ယူရ၏။
这是因为,二十四种所造色与四大种同具会变坏的变坏相,所以世尊把它们合摄在四大种中宣说。再者,既然色蕴已被摄取,就也必须摄取与色蕴同具杀手相(vadhaka-lakkhaṇa)的其余四名蕴。
ဧဝံ ရူပမုခေန သင်္ခါရဝတ္ထုကံ မညနံ ဝတွာ (မ-ဋ္ဌ-၁-၃၃။) စသော အဋ္ဌကထာစကားကို ထောက်ရှုပါ။
“如此,以色为门,说明以诸行为所依的妄计之后……”(《中部义注》1-33。)
သို့အတွက် အထက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့သည် သင်္ခါရတရားအားလုံးတို့ အပေါ်၌ပင် အထက်ဖော်ပြပါ အတိုင်း ဓာတ်ကြီးလေးပါးတို့အပေါ်၌ သိပုံချင်း ကွာဟချက်ရှိသကဲ့သို့ အလားတူပင် သိပုံချင်း မတူညီဘဲ ကွာဟ ချက် ရှိကြသည်ဟု မှတ်ပါ။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။
因此,应当知道:上述四类人对一切诸行的认知方式都有差别,正如前述他们对四大种的认知方式有差别一样。意思如下。
၁။ ပုထုဇန်ပုဂ္ဂိုလ်တို့သည် သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးဖြင့် သိ၏။
1.凡夫以爱执、慢执、见执三种执著而认知一切诸行。
၂။ သေက္ခပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိစွဲပြုတ်၍ တဏှာစွဲ မာနစွဲ အချို့အဝက်ဖြင့် သင်္ခါရတရားတို့ အပေါ်၌ သိ၏။
2.有学圣者已经脱落见执,而仍以尚存的一部分爱执与慢执认知诸行。
၃။ အသေက္ခ ရဟန္တာပုဂ္ဂိုလ်တို့သည် သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုး ပြုတ်၍ သိ၏။
3.无学阿罗汉已经脱落爱执、慢执、见执三种执著,而认知一切诸行。
၄။ တထာဂတ = ဘုရားရှင်တို့သည်လည်း သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲ သုံးမျိုးလုံးပင် ပြုတ်၍ သိတော်မူ၏။ ဤသို့လျှင် သိပုံ ကွာဟချက် ရှိသည်ဟု ဆိုလိုပေသည်။
4.如来佛陀也已经脱落爱执、慢执、见执全部三种执著,而认知一切诸行。所谓认知方式有差别,就是这个意思。
原书第 226 页
ဓာတ်ကြီး (၄)ပါးကိုပင် တိုက်ရိုက်ဟောတော်မူသော်လည်း လက္ခဏာဟာရနေတ္တိနည်းအရ သင်္ခါရတရား အားလုံးကိုပင် ကောက်ယူရပုံကို ရှေးဦးစွာ သတိပြု၍ မှတ်သားထားပါ။
应当先注意并牢记:尽管世尊直接宣说的只是四大种,依特相导释法却必须摄取一切诸行。