色法二十八种(之4)

色业处部分 · 原书第 622–639 页 · 137 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 622 页
တစ်ဖန် ဝါယောဓာတ်၌ကား ထောက်ကန်မှု-တွန်းကန်မှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ ထောက်ကန်မှုကား သဘာဝလက္ခဏာ၊ တွန်းကန်မှုကား ရသကိစ္စ ဖြစ်သည်။ သတိပြု၍ သိမ်းဆည်းပါ။
再者,风界的支持性与推动性可以同时明显;其中支持性是自性特相,推动性是作用。应留意并加以把握。
(မဟာဋီ-၂-၁ဝ၈-၁ဝ၉ - ကြည့်ပါ။)
(参见《大复注》2-108—109。)
သတ္တသညာ-အတ္တသညာ ကွာပြီ
有情想、我想已经远离
ဤကဲ့သို့ ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ရုပ်ဃန (၃)မျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်း ရှုပွားနိုင်သော အဆင့်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရပဗ္ဗ၌ ဤသို့ ဟောကြား ထားတော်မူ၏။
针对能够在每一色聚内部,以智破除三种色法密集而把握、观修四大种,使智见抵达究竟法这一阶段,世尊在《大念处经》的“界作意品”中如此宣说:
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာ- ပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ-၁-၇၃။) = ရဟန်းတို့ … ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် (ရောင်းချဖို့ရန်) ထိုင်နေရာသကဲ့သို့ - ရဟန်း တို့ …ဤ ဥပမာအတူပင် ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယကိုပင် ''ဤရူပကာယ၌ ပထဝီဓာတ် ရှိ၏၊ အာပေါဓာတ် ရှိ၏၊ တေဇောဓာတ် ရှိ၏၊ ဝါယောဓာတ် ရှိ၏''ဟု (ပုဂ္ဂိုလ်- သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ပညာ
“诸比丘,譬如熟练的屠牛者或屠牛者的弟子,杀牛以后,在四衢大道把牛分割成块而坐;同样,诸比丘,比丘对此身,无论其如何安住、如何置放,皆依界省察:‘此身中有地界、水界、火界、风界。’”(《中部》1-73。)=诸比丘,譬如熟练的屠牛者或其弟子,杀牛以后,在四条大道交会处把牛分解,肉归肉、骨归骨等,分别堆成一堆一堆,坐在那里准备出售;同样,瑜伽行比丘对于这个如其所住、如其所置的色身,作意:“此色身中有地界、水界、火界、风界。”他不作个人、有情、生命或自我的理解,只依界的性质,将每一界逐一分别,以智慧之眼——
မျက်စိဖြင့် စေ့စေ့ငုငု မြင်အောင် ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏၊ နှလုံးသွင်း၍ နေ၏။
——仔细观察,审察、思惟而观修,并如此作意。
(မ-၁-၇၃။)
(《中部》1-73。)
အဋ္ဌကထာ ဋီကာများကလည်း ဤသို့ ဖွင့်ဆိုလျက် ရှိ၏။
义注、复注也作如下解释:
ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။
“当他依界省察时,有情想便消失,心只依界而安住。”
(ဒီ-ဋ္ဌ-၂-၃၆၁။ မ-ဋ္ဌ-၁-၂၇၆။)
缅文出处原文:“(ဒီ-ဋ္ဌ-၂-၃၆၁။ မ-ဋ္ဌ-၁-၂၇၆။)”(《长部义注》2-361;《中部义注》1-276。)
ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သတ္တသညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိနိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝဥှိ သတိ ယထာဝုတ္တသြပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။
“所谓‘依界省察’,是指以分解密集之法,把地界等每一界逐一分开而省察。所谓‘有情想’,据说是随我见而生起的有情想;那时,依世俗言说而生起的有情想也理应消失,因为已经如实完成了密集的分解。如此,所喻义才完全与上述譬喻义相合一致。”
(ဒီ-ဋီ-၂-၃ဝ၉။ မ-ဋီ-၁-၃၆၅-၃၆၆။)
缅文出处原文:“(ဒီ-ဋီ-၂-၃ဝ၉။ မ-ဋီ-၁-၃၆၅-၃၆၆။)”(《长部复注》2-309;《中部复注》1-365—366。)
၁။ သန္တတိဃန - ဟူသော ရုပ်အစဥ်အတန်း အတုံးအခဲ၊ ၂။ သမူဟဃန - ဟူသော ရုပ်အပေါင်းအစု အတုံးအခဲ၊ ၃။ ကိစ္စဃန - ဟူသော ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ---- ဤ (၃)မျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြုလျက် ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ်
“相续密集”,即“组合密集”,即“作用密集”,即色法的作用看似一整块。——应以智分别、分析这三种看似整块坚实的色法团块,把它们拆解、破除;并将每一色聚内所含的地界、水界、火界——
原书第 623 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဝါယောဓာတ်ဟူသော ဓာတ်ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ပြု၍ ဉာဏ်ဖြင့် သိမ်းဆည်းလျက် ဆင်ခြင် လျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သို့မဟုတ် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ---- ၁။ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် ဇီဝကောင်ဟု အတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်းယုံ ကြည်နေသော = အဖန်ဆင်းခံ ဇီဝအတ္တ၊ ဖန်ဆင်းရှင် ပရမအတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်းယုံကြည် နေသော အတ္တဝါဒ အတ္တဒိဋ္ဌိနောက်သို့ အစဥ်လိုက်နေသော သတ္တသညာ၊ ၂။ လောကဝယ် လူတို့ ခေါ်ဝေါ်သုံးစွဲနေသည့်အတိုင်း ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ တကယ် ထင်ရှားရှိကြောင်းကို စွဲလမ်း ယုံကြည်နေသော လူတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်း ဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ၊ ဤနှစ်မျိုးသော သတ္တသညာသည် ကွယ်ပျောက်၍ သွား၏၊ ဓာတ်၏ အစွမ်းဖြင့်သာလျှင် ဘာဝနာစိတ်
——与风界逐一分开,逐一以智把握、审察。在如此修行的瑜伽行者相续中,或者说在他的智中,下列两种有情想便会消失:一、随我论与我见而行的有情想,即执认确有作为生命实体、灵魂实体、识实体与个体生命实体的“我”,也就是受造的 ဇီဝအတ္တ(jīva-ātman,个体我),并执认确有作为造物主的 ပရမအတ္တ(paramātman,最高我);二、依世人惯用称谓而生的有情想,即执认人们所说的男人、女人、补特伽罗、有情、人、天、梵天确实存在。这两种有情想消失以后,修习心便只依界而——
သည် ကောင်းစွာ တည်နေ၏။ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါး အာရုံ၌သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏။
——善加安住。修习心只安住于每一色聚所含四大种这一所缘。
(ဒီ-ဋ္ဌ-၂-၃၆၁။ မ-ဋ္ဌ-၁-၂၇၆။ ဒီ-ဋီ-၂-၃ဝ၉။ မ-ဋီ-၁-၃၆၅-၃၆၆။)
(《长部义注》2-361;《中部义注》1-276;《长部复注》2-309;《中部复注》1-365—366。)
ယသ္မာ အယံ ဓာတုမနသိကာရော ယာဝဒေဝ သတ္တသညာသမုဂ္ဃါနတ္ထော၊ ဓမ္မဝိနိဗ္ဘောဂေါ စ သာတိသယံ သတ္တသညာသမုဂ္ဃါဋာယ သံဝတ္တတိ၊ တသ္မာ ကောဋ္ဌာသေသု ဧဝံ ဓမ္မဝိဘာဂေါ ဝေဒိတဗ္ဗော။
“因为这种界作意唯以根除有情想为目的,而法的分解尤其能促成根除有情想,所以应当如此了知诸身分中的法之分类。”
(မဟာဋီ-၁-၄၄၆။)
缅文出处原文:“(မဟာဋီ-၁-၄၄၆။)”(《大复注》1-446。)
ဤဓာတ်ကို သိမ်းဆည်း ရှုပွားခြင်း နှလုံးသွင်းခြင်း ဓာတုမနသိကာရသည် သတ္တသညာကို ပယ်ခွာခြင်း အကျိုးရှိ၏၊ ရုပ်ဓမ္မ နာမ်ဓမ္မတို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြုခြင်းသည် လွန်လွန်ကဲကဲ သတ္တသညာကို ကောင်းစွာ ပယ်ခွာခြင်းငှာ ဖြစ်၏။ ထိုကြောင့် (၄၂) ကောဋ္ဌာသ တို့၌လည်း ရုပ်ပရမတ်တို့ကို ခွဲခြားဝေဖန်ခြင်း ဓမ္မဝိဘာဂကို ပြု၍ = (၄၄)မျိုးသော၊ (၁၆)မျိုး (၈)မျိုးစသော ထိုထိုဆံပင် စသော ကောဋ္ဌာသတို့၌ တည်ရှိနေသော ပရမတ္ထဓမ္မရုပ်တို့ကို ခွဲခြား စိတ်ဖြာ၍ သိအောင် ကြိုးစား အားထုတ်ပါလေ။ (မဟာဋီ-၁-၄၄၆။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ မိန့်ဆိုထားတော်မူသည့် အတိုင်း ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင် တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင်
这种把握、观修诸界并作意于界的界作意,有去除有情想之效。以智拆破、摧毁名为“色密集”“名密集”的色法与名法团块,分别、分析究竟色法与究竟名法,尤其能使有情想得到善加去除。因此,对于四十二身分,也应作“法的分类”,分别、分析究竟色法;亦即,应努力分别、分析而知存在于毛发等各身分中的究竟色法,分别有四十四种、十六种、八种等。(《大复注》1-446。)依上述巴利经文、义注与复注的教说,若能以智逐一分别、把握每一色聚内部所含的四大种——
ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်စပြုလာပြီ ဖြစ်၏။ သတ္တသညာလည်း စတင်၍ ကွာပြီ ဖြစ်၏။ ''အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် တကယ် ထင်ရှားရှိ၏၊ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ တကယ် ထင်ရှားရှိ၏''ဟု သံသရာတစ်လျှောက် ခဲခဲ့သမျှ အစွဲကြီးကား ခဲလေသမျှ သဲရေကျ အသွင်သို့ ကူးပြောင်းစ ပြုလာပြီ ဖြစ်၏။ ထိုအချိန်တွင် အကယ်၍ ဗဟိဒ္ဓလောက တစ်ခုလုံးကိုပါ ဉာဏ်ဖြင့် စေလွှတ်၍ ဓာတ်ကြီး (၄)ပါးကို ရှုလိုက်ပါက သက်ရှိသက်မဲ့ တစ်လောကလုံး၌ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့ရှိရ၍ ထိုကလာပ်တို့ကို ပရမတ် ဉာဏ်ပညာမျက်စိဖြင့် ဓာတ်ခွဲကြည့်လိုက်ပါက ဓာတ်ကြီး (၄)ပါး အစု အပုံကိုသာ တွေ့ရှိနေမည် ဖြစ်သည်။
——便已开始双脚踏入究竟法领域,有情想也开始退离。在漫长轮回中凝结得无比坚固的执著——“确有生命实体、灵魂实体、识实体、自我实体,确有男人、女人、补特伽罗、有情、人、天、梵天”——已经开始像沙遇水一般松散。此时,若把智投向整个外在世界而观四大种,便会在有生命、无生命的整个世界中只看见色聚微粒;再以究竟法智慧之眼分析那些色聚,就只会看见四大种的聚集。
သို့သော် ထို သတ္တသညာ အတ္တသညာ သက္ကာယဒိဋ္ဌိ ငရဲမီးကြီး အပြီးတိုင် ငြိမ်းဖို့ရန်ကား အနည်းဆုံး သောတာပတ္တိမဂ်ဉာဏ်သို့ ဆိုက်အောင် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို အဆင့်ဆင့် ဆက်လက် ကြိုးပမ်းရဦးမည် ဖြစ်၏။ သို့အတွက် ရှေ့သို့ ဆက်ရမည့် လုပ်ငန်းခွင်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
然而,要把有情想、我想、有身见这三股地狱大火彻底熄灭,仍须逐步继续努力修习止与观,至少达到预流道智。因此,下文将继续说明此后应开展的修习。
原书第 624 页
အထက်တွင် ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးတို့ကို အောင် မြင်စွာ သိမ်းဆည်း ရှုပွားနိုင်ပါက ထိုရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီး (၄)ပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်နေသော သဒိသူပစာ အားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုကြောင်းကို ရေးသားဖော်ပြခဲ့၏။
上文已经说明:若能在每一个色聚中成功地把握、观修其中所含的四大种,那么,安稳地贴住并持续安住于该色聚内四大种所缘的定,就是已经达到顶峰的欲界定;依 sadisūpacāra(同类借称),它名为“近行定”。
ထိုသမာဓိ အခိုက်ဝယ် သတိပြုရန် အချက်တစ်ရပ်မှာ ဤသို့ ဖြစ်၏။
在这种定中,有一点应当注意。
ဤအချိန်တွင် လင်းရောင်ခြည်စွမ်းအင်ကား ရှိနေမည်သာ ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ သမာဓိ လျော့သွားသော အခါ၌ ဖြစ်စေ၊ နီဝရဏ အညစ်အကြေးတို့၏ လှုပ်ချောက်ချားမှုကို ခံရသောအခါ၌ ဖြစ်စေ လင်းရောင်ခြည် စွမ်းအင်များ လျော့သွားတတ်၏။ ထိုအခါမျိုး၌ အာနာပါနက စ၍ ဖြစ်စေ၊ ဓာတ်ကြီး (၄)ပါးက စ၍ ဖြစ်စေ သမာဓိ ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြန်လည် ထွက်ပေါ်လာမည်သာ ဖြစ် ပါသည်။
这时,光明的力量本来就会存在。然而,有时定力减弱,或修习心受到诸盖烦恼的扰动,光明的力量也会随之减弱。遇到这种情形,应从入出息念重新建立定,或从四大种重新建立定;光明的力量自然会再次出现。
အာနာပါနလမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် သမာဓိထူထောင်ခဲ့သော် ထိုသမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက်ပေါ်လာကြောင်းကို ရှေးတွင် ရှင်းပြခဲ့၏။ ထိုလင်း ရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးဖြင့် ဆက်လက်၍ တစ်ဖန် သမာဓိထူထောင်ခဲ့သော် အထွတ်အထိပ်သို့ ရောက်ရှိလာသော ထိုသမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက် ပေါ်လာသည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်များမှာ ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်းကိုလည်း ရှေးသမာဓိပိုင်းတွင် ရှင်းပြခဲ့ပေသည်။
如果循入出息念之道建立定,直至达到第四禅定,前文已经说明:由于与该定相应之智的力量,光明会生起。借助这种光明的力量,再以四大种继续重建定时,由于与那已经达到顶峰的定相应之智的力量,光明也同样会生起。关于这些光明能够照见种种色所缘,前面的定业处部分也已经说明。
(၄၂) ကောဋ္ဌာသသို့
转入四十二身分
ထိုလင်းရောင်ခြည်စွမ်းအင်များ ထက်မြက်စူးရှလာသောအခါ ဆံပင်-မွေးညင်း-ခြေသည်း လက်သည်း- သွား-အရေ စသော (၃၂)ကောဋ္ဌာသတို့ကို ဆက်လက်၍ ရှုပါက လွယ်လွယ်ကူကူပင် တွေ့မြင်နေမည်သာ ဖြစ်ပါသည်။ ထို (၃၂)ကောဋ္ဌာသတို့တွင် ပထဝီကောဋ္ဌာသ (၂ဝ)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍၊ အာပေါကောဋ္ဌာသ (၁၂)ခုကို (၆)ခုစီ (၆)ခုစီ ပိုင်း၍ ရှုပါ။ အချို့ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ရှုစတွင် ဝါးတားတား ဖြစ်နေတတ်၏။
当这种光明的力量变得锐利、强盛时,若继续观照头发、身毛、脚趾甲、手指甲、牙齿、皮肤等三十二身分,便很容易看见。对于这三十二身分,应把二十种地界身分分为四组、每组五种而观;把十二种水界身分分为两组、每组六种而观。有些瑜伽行者在初观时,所见会有些模糊。
ထိုအခါ၌ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ တစ်ဖန် ပြန်၍ ရှုကြည့်ပါ။ မှန်ထဲတွင် မြင်ရသကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်ရပါက လုံလောက်ပေပြီ။ ထို (၃၂) ကောဋ္ဌာသတို့ကို ဆံပင်မှ ကျင်ငယ်၊ ကျင်ငယ်မှ ဆံပင်သို့ တိုင်အောင် တစ်ခဏအတွင်း ရှင်းရှင်းလင်းလင်း မြင်အောင် လေ့ကျင့်ပါ။ ဆံပင်က ဖြို၍ စိုက်လိုက်က ကျင်ငယ်သို့ တိုင်အောင်၊ ကျင်ငယ်က တစ်ဖန်ပြန်၍ စိုက်လိုက်က ဆံပင်သို့ တိုင်အောင် တိုးလျှိုပေါက် တွေ့မြင်ပါက အဇ္ဈတ္တတွင် ပဂုဏဖြစ်ပြီး အဝါးဝစွာ လေ့လာ ပြီးပင် ဖြစ်သည်။
这时应当重新建立定。待光明的力量增强以后,再观一次;若能如镜中影像一般清楚看见,便已足够。应当训练自己在一刹那间,把三十二身分从头发一直清楚看到尿,再从尿清楚看到头发。若从头发逐项贯穿而观,能一直看到尿;再从尿反向逐项贯穿而观,能一直看到头发,便已在内在修至善巧、熟练自如。
ဗဟိဒ္ဓ၌ ထင်လာပုံ
外在显现的情形
ဝိစရန္တာ တိရစ္ဆာနဂတာပိ မနုဿာပိ သတ္တာတိ န ဥပဋ္ဌဟန္တိ၊ ကောဋ္ဌာသာတိ ဥပဋ္ဌဟန္တိ။ ခါဒနီယ- ဘောဇနီယံ ကောဋ္ဌာသန္တရေ ပက္ခိပမာနံ ဝိယ ဟောတိ။ (အဘိ-ဋ္ဌ-၂-၂၄၂။) (၃၂)မျိုးသော အရောင်အဆင်းရှိသော ပန်းတို့ကို တစ်ခုသော ချည်ကြိုးဖြင့် သီကုံးထား၏။ ထိုပန်းကုံးကို မျက်စိအမြင်ရှိသော ယောကျာ်းက ကြည့်လိုက်သောအခါ (၃၂)မျိုးသော ပန်းပွင့်တို့သည် ထိုယောကျာ်းအဖို့ ထင်ရှားနေကြကုန်၏။ တိုင် (၃၂)တိုင်ဖြင့် အိမ်ခြံစည်းရိုးတစ်ခုကို ကာရံထား၏။ မျက်စိအမြင်ရှိသော ယောကျာ်း
“四处行走的畜生与人,并不显现为有情,只显现为诸身分;所嚼、所食的食物,仿佛被放进诸身分之间。”(《阿毗达磨义注》2-242。)三十二种不同颜色的花,用一根线串成花环。一位视力正常的男子看那花环时,三十二种花都清楚显现在他面前。又用三十二根柱子围成一道院篱;一位视力正常的男子——
原书第 625 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း က တစ်နေရာမှ ထိုတိုင်တို့ကို လှမ်းကြည့်လိုက်သော် ထိုတိုင်တို့သည် ထိုယောကျာ်းအဖို့ ထင်ရှားနေကြကုန်၏။
——从一处望向那些柱子时,所有柱子都清楚显现在他面前。
(အစဥ်အတိုင်း တန်း၍ ခပ်စိပ်စိပ် စိုက်ထူထားသော ခြံတိုင်တို့ကို ပြိုင်တူ မြင်နိုင်လောက်သော နေရာမှ လှမ်း ကြည့်လိုက်ခြင်းဖြစ်၏။) ဤဥပမာအတူပင် (၃၂) ကောဋ္ဌာသတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာကုန်၏၊ လှည့်လည်ကျက်စား သွားလာနေကြကုန်သော တိရစ္ဆာန်တို့သည်လည်းကောင်း၊ လူတို့သည် လည်းကောင်း သတ္တဝါဟူ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာကုန်၊ (၃၂)ကောဋ္ဌာသတို့ ဟူ၍သာ ထင်လာကုန်၏။ ယင်းတို့ စားမျိုအပ်သော ခဲဖွယ်ဘောဇဥ်သည် (၃၂)ကောဋ္ဌာသတို့၏ အကြား၌ ထည့်သွင်း ထားအပ်သကဲ့သို့ ဖြစ်နေ၏။ (အဘိ-ဋ္ဌ-၂-၂၃၆-၂၄၂။ ဝိသုဒ္ဓိ-၁-၂၅၇ - ကြည့်။)
(这就是说:那些篱柱按次序密密排列竖立,他从一个足以同时看见所有柱子的位置望过去。)同样,三十二身分也会显现于瑜伽行者的智中。四处游走往来的畜生与人,在他的智中不再显现为“有情”,而只显现为三十二身分;他们吞下的嚼食、饭食,则仿佛被放进三十二身分之间。(参见《阿毗达磨义注》2-236—242;《清净道论》1-257。)
လမ်းသုံးသွယ်
三条道路
ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော၊ အာကင်္ခမာနဿ ပဋိကူလတော၊ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ-ဋ္ဌ-၂-၂၄၃။) = အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့တွင် (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ အချိန် အခါကာလမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး (၃)ခုတို့တွင် တစ်ခုခုသော မုခ်ဦးဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။
“从熟练于诸身分之时起,他将从三门中的一门获得解脱;业处将依颜色、依不净或依空性而显现。……对于希望依颜色〔修习〕者,业处将依颜色显现;对于希望依不净〔修习〕者,将依不净显现;对于希望依空性〔修习〕者,将依空性显现。”(《阿毗达磨义注》2-243。)=从在内在、外在两处都已把三十二身分修至熟练自如之时起,若由通往涅槃的三座大门之一进入,就必定会从烦恼中解脱。
ကမ္မဋ္ဌာန်းသည် ---- ၁။ အရောင်အဆင်း (ဝဏ္ဏကသိုဏ်း) အားဖြင့်သော်လည်းကောင်း၊ ၂။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်သော်လည်းကောင်း၊ ၃။ ပုဂ္ဂိုလ် သတ္တဝါ ဇီဝအတ္တတို့မှ ဆိတ်သုဥ်းနေသော သုညတသဘော = ဓာတ်သဘောအားဖြင့်သော်လည်း- ကောင်း ထင်လာ၏။
业处会显现为:一、依颜色,即色遍;二、依令人厌恶、可憎的不净性;三、依空无个人、有情与生命我(jīva-ātman)的空性,也就是界的性质。
နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား - မုန့်ကို ကြော်ချက်လိုသော အမျိုးသ္မီးသည် နယ်၍ ထားအပ်သော မုန့်ညက်စိုင်မှ မိမိအလိုရှိရာ မုန့်မျိုးကို ကြော်ချက်သကဲ့သို့၊ ညီညာသော မြေအဖို့၌ တည်ထား အပ်သော ရေပြည့်အိုးကို အလိုရှိရာဘက်သို့ စောင်းငဲ့ သွန်းလောင်းအပ်သည်ရှိသော် ထိုထို လောင်းချသည့် ဘက်မှ ရေသည် စီးထွက်လာသကဲ့သို့ ---- ဤဥပမာအတူပင်လျှင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ (၃၂)ကောဋ္ဌာသ တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ အချိန်ကာလမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးခုတို့တွင် တစ်ခုခုသော မုခ်ဦးဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ် သည်။
可作比拟的世间譬喻是:一位想煎制点心的女子,能从揉好的面团中煎出自己想要的那种点心;又如一个盛满水的罐子放在平地上,向所欲方向倾斜时,水就从所倾的一侧流出。同样,从在内在、外在两处都已把三十二身分修至熟练自如之时起,若由通往涅槃的三座大门之一进入,就必定会从烦恼中解脱。
၁။ အလိုရှိသသူအား ဝဏ္ဏ = အရောင်ကသိုဏ်းအားဖြင့်၊ ၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်၊ ၃။ အလိုရှိသသူအား သုညတ = ဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်လာလိမ့်မည်သာ ဖြစ်ပေသည်။
业处必将依其所愿而显现:一、对于希望依颜色〔修习〕者,显现为颜色,即色遍;二、对于希望依令人厌恶、可憎的不净性〔修习〕者,显现为不净性;三、对于希望依空性〔修习〕者,显现为空性,即界的性质。
(အဘိ-ဋ္ဌ-၂-၂၄၂-၂၄၃။)
(《阿毗达磨义注》2-242—243。)
ဝဏ္ဏကသိုဏ်း ---- ဆံပင်ကဲ့သို့သော ညိုသော ကောဋ္ဌာသတို့၏ အညိုရောင်ကို အာရုံယူ၍ နီလကသိုဏ်း ကိုလည်းကောင်း၊ အဆီခဲ ကျင်ငယ်တို့ကဲ့သို့သော ဝါသော ကောဋ္ဌာသတို့၏ အဝါရောင်ကို အာရုံယူ၍ ပီတ ကသိုဏ်းကိုလည်းကောင်း၊ သွေးကဲ့သို့သော နီသော ကောဋ္ဌာသတို့၏ အနီရောင်ကို အာရုံယူ၍ လောဟိတ
色遍——以头发等褐色身分的褐色为所缘,修习青遍;以脂肪、尿等黄色身分的黄色为所缘,修习黄遍;以血等红色身分的红色为所缘,修习红——
原书第 626 页
ကသိုဏ်းကိုလည်းကောင်း၊ အရိုးကဲ့သို့သော ဖြူသော ကောဋ္ဌာသတို့၏ အဖြူရောင်ကို အာရုံယူ၍ သြဒါတ ကသိုဏ်းကိုလည်းကောင်း အသီးအသီး ပွားခဲ့သော် သမာပတ် (၈)ပါးသို့ ပေါက်နိုင်၏။ ယင်းစျာန်သမာပတ် တို့ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးခဲ့သော် အရဟတ္တဖိုလ်ပေါက် ရောက်နိုင်၏။ ဤသို့ လျှင် (၃၂) ကောဋ္ဌာသတို့မှ အရောင်ကသိုဏ်း (၄)မျိုး (= ဝဏ္ဏကသိုဏ်း ၄-မျိုး)တို့ကို ပွားများနိုင်၏။ ယင်း စျာန်များကို အဘိဘာယတနစျာန် (= ဆန့်ကျင်ဘက် နီဝရဏ ကိလေသာတရားနှင့် ကသိုဏ်းပညတ် အာရုံ တို့ကို လွှမ်းမိုးနိုင်ကြောင်းစျာန်) ဟူသော အမည်ဖြင့်လည်းကောင်း၊ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက် ကြောင်း ဝိမောက္ခစျာန်ဟူသော အမည်ဖြင့်လည်းကောင်း မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ-၂-၉၂-၉၃-၉၄။) စသည် တို့၌ ဘုရားရှင် ဟောကြားထားတော်မူ၏။
——遍;以骨骼等白色身分的白色为所缘,修习白遍。分别修习这些遍,便能达到八等至。若以这些禅那等至作为毗婆舍那的基础而转入毗婆舍那,就能达到阿罗汉果。这样,便可从三十二身分修习四种色遍。佛陀在《大般涅槃经》(《长部》2-92—94)等处,把这些禅那宣说为:一、胜处禅,即能够胜伏与之对立的诸盖、烦恼法以及遍概念所缘的禅;二、解脱禅,即能令〔人〕从与之对立的诸法中解脱的禅。
ပဋိကူလမနသိကာရ ---- (၃၂) ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ပထမ စျာန်သို့ ဆိုက်အောင် နှလုံးသွင်းပုံကိုလည်းကောင်း၊ ထိုပထမစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ အရဟတ္တ ဖိုလ်ပေါက် ဝိပဿနာရှုပွားပုံကိုလည်းကောင်း မဟာသတိပဋ္ဌာနသုတ္တန် (မ-၁-၇၂။) စသည်တို့၌ ဘုရားရှင် ဟောကြားထားတော်မူ၏။
不净作意——佛陀在《大念处经》(《中部》1-72)等处,教导了如何以三十二身分令人厌恶、可憎的不净性作意,直至达到初禅;也教导了如何以该初禅作为毗婆舍那的基础,修毗婆舍那直至阿罗汉果。
သုညတ = ဓာတ်ကမ္မဋ္ဌာန်း ---- မဟာဟတ္ထိပဒေါပမ သုတ္တန် (မ-၁-၂၄၂။) မဟာရာဟုလောဝါဒ သုတ္တန် (မ-၂-၈၃-၈၉။) စသည်တို့၌ (၃၂)ကောဋ္ဌာသတို့ကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ် ရှုပွားပုံကို အရဟတ္တ ဖိုလ်ပေါက် ဟောကြားထားတော်မူ၏။
空性=界业处——佛陀在《大象迹喻经》(《中部》1-242)、《教诫罗睺罗大经》(《中部》2-83—89)等处,教导了以三十二身分为所缘而详细观修界业处、直至阿罗汉果的方法。
သုညတ ကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ သမ္မောဟဝိနောဒနီအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။
关于空性业处,《迷惑冰消》作了如下解释。
သုညတောတိ ဒွတ္တိံ သာကာရေ ဆန္နဝုတိ သုညတာ ဟောန္တိ၊ ယာသံ ဝသေန ယောဂါဝစရော ဒွတ္တိသာ- ကာရံ သုညတော ဝိပဿတိ။ သေယျထိဒံ? ကေသာ သုညာ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါတိ။ ကေသေ တာဝ အတ္တသုညတာ၊ အတ္တနိယသုညတာ၊ နိစ္စ- ဘာဝသုညတာတိ တိဿော သုညတာ ဟောန္တိ။ လောမာဒီသုပိ ဧသေဝ နယော။ (အဘိ-ဋ္ဌ-၂-၂၄၉။) = (၃၂)ကောဋ္ဌာသတို့၌ သုညတ သဘောအားဖြင့် ရှုပွားခဲ့သော် (၉၆)မျိုးသော သုညတ သဘောတရား တို့သည် ဖြစ်ပေါ်လာကုန်၏။
“所谓‘依空性’,在三十二身分中有九十六种空性;瑜伽行者依这些空性,把三十二身分观为空。如何呢?头发空无我,空无我所,也空无常住性、坚固性、长存性与不变易之法。就头发而言,有我空、我所空、常性空三种空性;身毛等也依同一方法。”(《迷惑冰消》2-249。)=若依空性观修三十二身分,便会显现九十六种空性。
ဆံပင်တို့သည် ---- ၁။ အတ္တမှလည်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဥ်းကုန်၏၊ ၂။ အတ္တနှင့် စပ်သော အတ္တ၏ ဥစ္စာမှလည်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဥ်းကုန်၏။
头发是:一、空无我;二、空无我所,即空无可执为属于我的事物。
၃။ မြဲသည့် နိစ္စသဘောမှ လည်းကောင်း၊ ခိုင်ခံ့သည့် ဓုဝသဘောမှလည်းကောင်း၊ တည်တံ့သည့် သဿတ သဘောမှလည်းကောင်း၊ ဖောက်ပြန် ပျက်စီးမှု မရှိသည့် အဝိပရိဏာမဓမ္မသဘောမှလည်းကောင်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဥ်းကုန်၏။ ဤသို့လျှင် ဆံပင်၌ ရှေးဦးစွာ ---- ၁။ အတ္တ သုညတာ = အတ္တမှ ဆိတ်သုဥ်းခြင်း၊ ၂။ အတ္တနိယ သုညတာ = အတ္တနှင့်စပ်သော အတ္တ၏ ဥစ္စာမှ ဆိတ်သုဥ်းခြင်း၊ ၃။ နိစ္စဘာဝ သုညတာ = မြဲသည့် နိစ္စအဖြစ်မှ ဆိတ်သုဥ်းခြင်း ---- ဟု ဆိတ်သုဥ်းခြင်း သုညတာ သဘောတရားတို့သည် (၃)မျိုးတို့ ရှိကုန်၏။ ကောဋ္ဌာသ တစ်ခု တစ်ခု၌ (၃)မျိုးစီ ရှိသဖြင့် အားလုံးပေါင်းသော် (၃၂)ကောဋ္ဌာသတို့၌ (၃၂ × ၃ = ၉၆) မျိုးသော သုညတာသဘော တရားတို့သည် ဖြစ်ပေါ်လာကုန်၏။
三、也空无常住性、坚固性、长存性以及不变易之法。这样,就头发而言,首先有三种空性:一、我空,即空无我;二、我所空,即空无可执为属于我的事物;三、常性空,即空无常住性。由于每一种身分各有三种,三十二身分合计便有三十二乘三、共九十六种空性。
原书第 627 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ယင်း သုညတာသဘောတရားတို့ကို သိလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂) ကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စတင်၍ သိမ်းဆည်း ရှုပွားရ၏၊ ထိုနောင် ရုပ်ကလာပ်များကို မြင်သောအခါ ရုပ်ကလာပ် များကို ဓာတ်ခွဲလျက် ပရမတ္ထ ရုပ်တရားတို့ကို သိမ်းဆည်းရ၏။ ယင်းရုပ်တရားတို့ကို အာရုံယူ၍ ယင်းရုပ်တရား တို့ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း တစ်ဖန် ဆက်လက်၍ သိမ်းဆည်းရ၏။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုလည်း ပူးတွဲသိမ်းဆည်းရ၏၊ ပိုင်းခြားမှတ်သားရ၏။ ထိုနောင် ယင်းရုပ်နာမ်တို့၏ အကြောင်း တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါးလုံး၌ ဆက်လက် သိမ်းဆည်းရ၏။ လက္ခဏ-ရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းရ၏။ ထိုသို့ သိမ်း ဆည်းပြီးသောအခါ ---- ၁။ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း၊
想要了知这些空性之法的瑜伽行者,首先必须在三十二身分中把握、观修四大种,直至看见;其后看见诸色聚时,应当解析诸色聚,把握其中的究竟色法。还应以这些色法为所缘,把握依止这些色法而生起的名法;继而把色法与名法合在一起把握,并分别辨识。此后,还应当在过去、未来、现在三时中继续把握这些色法与名法的因。应依特相、作用、现起、近因的方法,把握色、名、因、果,也就是诸行法。如此把握以后,应当:一、取这些色、名、因、果诸行法的生起与坏灭为所缘,观为无常;
၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရမှုကို အာရုံယူ၍ ဒုက္ခဟုလည်းကောင်း၊ ၃။ ယင်းသင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိသည့် သဘောကို ယင်းသင်္ခါရတရားတို့၌ အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု လည်းကောင်း ---- ဤသို့လျှင် လက္ခဏာရေး (၃)တန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ထို ဝိပဿနာ ဉာဏ်များ အခိုက်၌လည်းကောင်း၊ ၁။ ယင်းသင်္ခါရတရားတို့၏ ပျက်မှုသက်သက်ကို အာရုံယူ၍ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်သွားတတ် သော အနက်သဘောကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း (အနိစ္စံ ခယဋ္ဌေန။) ၂။ ယင်းသင်္ခါရတရားတို့၏ ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ် ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဒုက္ခဟုလည်းကောင်း (ဒုက္ခံ ဘယဋ္ဌေန။) ၃။ ယင်းသင်္ခါရတရားတို့၏ ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘော အတ္တ မဟုတ်သည့် သဘောကို
二、取它们遭受生灭逼迫为所缘,观为苦;三、取这些行法中没有任何不坏灭、结实、坚固并作为实质而住的自我,取这些行法并非自我的性质为所缘,观为无我。如此轮流标举三相,反复有力地修毗婆舍那观时,在这些观智生起的刹那;或者,一、只取这些行法的坏灭,取它们不断灭尽“因灭尽义而无常。”二、取这些行法不断崩解、坏灭而成为可怖之“因可怖义而苦。”三、取这些行法空无坚固实质之我、并非自我的性质——
အာရုံယူ၍ အနတ္တဟုလည်းကောင်း (အနတ္တာ အသာရကဋ္ဌေန။) ဤသို့လျှင် လက္ခဏာရေး (၃)တန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ထိုဝိပဿနာ ဉာဏ်များ အခိုက်၌လည်းကောင်း ---- ၁။ အတ္တ သုညတာသဘောတရား၊ ၂။ အတ္တနိယ သုညတာသဘောတရား၊ ၃။ နိစ္စဘာဝ သုညတာသဘောတရားတို့ ထင်ရှားလာမည် ဖြစ်ပေသည်။
“因无实质义而无我。”如此轮流标举三相,反复有力地修毗婆舍那观时,在这些观智生起的刹那,一、我空,二、我所空,三、常性空这三种空性便会显现。
ဤကား သုညတာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ် အကျဥ်းချုပ်တည်း။ (အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။) သို့အတွက် လမ်းသုံးသွယ်ဟူသည် သမာဓိထူထောင်သည့် သမထပိုင်းတွင်သာ ကွဲပြားနေခြင်း ဖြစ်သည်။
以上是空性界业处道路的简要说明。(《迷惑冰消》2-241—242。)因此,所谓三条道路,只是在建立定的止修阶段有所不同。
ထိုသမာဓိကို အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးခဲ့သော် နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းမှ စ၍ နိဗ္ဗာန်သို့ သွားရာလမ်းကား တစ်လမ်းတည်းသာ တစ်ကြောင်းတည်းသာ ရှိသည်ဟု မှတ်ပါ။
若以那种定作为毗婆舍那的基础而转入毗婆舍那,那么,从称为名色分别智的见清净阶段开始,通往涅槃的道路只有一条,只有这一条。应当如此记住。
ယင်းလမ်းသုံးသွယ်တို့တွင် ဤကျမ်း၌ကား သုညတ = ဓာတ်ကမ္မဋ္ဌာန်းလမ်းကိုသာ ဦးတည်၍ ဖော်ပြမည် ဖြစ်သည်။ ဝဏ္ဏကသိုဏ်းလမ်း၊ ပဋိကူလမနသိကာရလမ်းတို့ကို အလိုရှိပါက ပဉ္စမတွဲ - သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။
在这三条道路中,本书只以空性=界业处这条道路为主而继续说明。若想了解色遍之道与不净作意之道,请参见第五册“止业处部分”。
原书第 628 页
ဓာတ်ကမ္မဋ္ဌာန်း အကျဥ်း - အကျယ်
界业处的简略法与详细法
ဓာတ်ကမ္မဋ္ဌာန်း အကျဥ်း နှလုံးသွင်းနည်းဖြင့်လည်း အရဟတ္တဖိုလ်ပေါက် ရှုပွားပုံကို မဟာသတိပဋ္ဌာန သုတ္တန် (မ-၁-၇၃။)တွင် ဟောကြားထားတော်မူ၏။ ဓာတ်ကမ္မဋ္ဌာန်းအကျယ် နှလုံးသွင်းနည်းဖြင့်လည်း အရဟတ္တ ဖိုလ်ပေါက် ရှုပွားပုံကို မဟာရာဟုလောဝါဒသုတ္တန် ဓာတုဝိဘင်္ဂသုတ္တန် စသည်တို့တွင် ဟောကြားထားတော် မူ၏။ ကိံ သုကောပမသုတ္တန် (သံ-၂-၃၉၆။)တွင် မဟာဘူတကမ္မဋ္ဌာနိက (= ဓာတုကမ္မဋ္ဌာနိက) ရဟန္တာ မထေရ် မြတ်ကြီးတစ်ပါး အကြောင်း လာရှိ၏။
以界业处简略作意法修习直至证得阿罗汉果的方法,世尊已在《大念处经》(《中部》1-73)中宣说;以界业处详细作意法修习直至证得阿罗汉果的方法,世尊也已在《教诫罗睺罗大经》《界分别经》等经中宣说。《紧叔迦譬喻经》(Kiṃsukopama Sutta,《相应部》2-396)中,还记载了一位修四大种业处者(即修界业处者)的阿罗汉大长老。
တတိယော မဟာဘူတကမ္မဋ္ဌာနိကော စတ္တာရိ မဟာဘူတာနိ သင်္ခေပတော စ ဝိတ္ထာရတော စ ပရိ- ဂ္ဂဟေတွာ အရဟတ္တံ ပတ္တော။ (သံ-ဋ္ဌ-၃-၉၈။) = တတိယမြောက် ရဟန္တာ မထေရ်မြတ်ကြီးသည်ကား မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို အကျဥ်းနည်း အားဖြင့်လည်းကောင်း၊ အကျယ်နည်းအားဖြင့်လည်းကောင်း သိမ်းဆည်း၍ ဝိပဿနာ ရှုပွား သုံးသပ်တော်မူ သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသော မဟာဘူတကမ္မဋ္ဌာနိက မထေရ်မြတ်ကြီး ဖြစ်ပေသည်။
‘第三位修四大种业处者,以简略法与详细法把握四大种,证得了阿罗汉果。’(《相应部义注》3-98。)这第三位阿罗汉大长老,以简略法和详细法两种方式把握四大种,并修习、审察毗婆舍那,因而抵达阿罗汉果;他就是一位修四大种业处的大长老。
(သံ-ဋ္ဌ-၃-၉၈။)
缅文出处原文:“(သံ-ဋ္ဌ-၃-၉၈။)”(《相应部义注》3-98。)
ဤ လမ်းသုံးသွယ်တို့တွင်လည်း ဤကျမ်းတွင် ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း အကျယ်နည်း နှစ်နည်း လုံးဖြင့် အရဟတ္တဖိုလ်ပေါက် ရှုပွားပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
在这三条道路之中,本书将继续说明依界业处的简略法和详细法这两种方法,观修直至证得阿罗汉果的方式。
အသင်ယောဂီသူတော်ကောင်းသည် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း (၆)ဒွါရတို့ အတွင်း၌ တည်ရှိ သော ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး၊ မကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် လွယ်လွယ်ကူကူ သိမ်းဆည်းနိုင် ပိုင်းခြားယူနိုင် ရှုပွားနိုင်သောအခါ (၃၂)ကောဋ္ဌာသသို့ ကူးနိုင်ပြီ ဖြစ်သည်။
贤善的瑜伽行者啊,如上所述,当你能够以智轻易地看见、摄取、分别并观修存在于六门的透明色聚中的四大种,以及不透明色聚中的四大种时,就可以转入三十二身分了。
ရှေးဦးစွာ ဆံပင်ကောဋ္ဌာသကို မြင်အောင် ကြည့်ပါ။ ထိုနောင် ယင်းဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင် အောင် စိုက်ရှုပါ။ (၆)ဒွါရ၌ တည်ရှိသော ကြည်သောကလာပ် မကြည်သောကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို လွယ်လွယ်ကူကူ ရှု၍ ရနေသော ယောဂီသူတော်ကောင်းအဖို့ ဆံပင်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုလိုက်သောအခါ လွယ်ကူနေမည်သာ ဖြစ်ပါသည်။ ထိုသို့ ဆံပင်၌ တည်ရှိသော ဓာတ် (၄)ပါး ကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိနိုင်ပါသည်။ ထိုအခါ ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး၊ မကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါးတို့ကို ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။
首先观察头发这一身分,直至看见;然后专注观照头发中的四大种,直至看见。对于已经能够在六门中的透明色聚与不透明色聚内轻易观见四大种的贤善瑜伽行者,只要专注观照头发中存在的四大种,想要看见它们自然很容易。这样专注观照头发中的四大种时,也很容易看见色聚微粒。这时,应继续以智观见透明色聚中的四大种,也观见不透明色聚中的四大种。
ဤနည်းကို မှီ၍ ကျန်ကောဋ္ဌာသတို့၌လည်း ဆက်ရှုပါ။ အချို့ကောဋ္ဌာသတို့၌ ကြည်သောကလာပ် မကြည်သော ကလာပ် နှစ်မျိုး ရှိသော်လည်း အချို့ကောဋ္ဌာသတို့၌ မကြည်သောကလာပ် အမျိုးအစားများသာ ရှိပေသည်။
依照这一方法,继续观修其余身分。有些身分同时有透明与不透明两类色聚,有些身分则只有各种不透明色聚。
(၃၂)ကောဋ္ဌာသတို့၌ ကလာပ်တို့ဝယ် ဓာတ်ကြီး (၄)ပါးကို ရှုပွားမှု အောင်မြင်ပါက ဝါယောကောဋ္ဌာသ (၆)ပါး၊ တေဇောကောဋ္ဌာသ (၄)ပါးတို့၌လည်း ရုပ်ကလာပ်တို့ဝယ် ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ (အသေး စိတ် ရှုကွက်ကို ရုပ်ကမ္မဋ္ဌာန်းဇယားများဖြင့် ဖော်ပြထားပါသည်။)
若已在三十二身分的色聚中成功观修四大种,就应进一步在六种风界身分与四种火界身分的色聚中观见四大种。(详细观法已用色业处诸表说明。)
ဥပါဒါရုပ်များ ထင်ရှားလာပုံ
所造色如何显现
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။
巴利《阿毗达磨义注》引文(缅文转写,上段):‘ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။’译:‘对于正在摄取这四大种的人,所造色会变得显明。所谓大种,由所造色所界定;所造色则由大种所界定。譬如日光由影子所界定,影子由日光所界定。’
ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ-ဋ္ဌ-၂-၂၄၁။)
‘同样,大种由所造色所界定,所造色由大种所界定。’(《阿毗达磨义注》2-241。)
原书第 629 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ ''နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓ''န္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ-၂-၁၅၄။) ''နီလံ ပီတ''န္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ ''မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာ''တိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါ- ရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ၊ အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါ- ဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒဿေတိ။ (အနုဋီ-၂-၁၅၆။) = ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်းဝယ် ဤဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုကလာပ်တူ ဓာတ်ကြီး (၄)ပါးကိုပင် မှီ၍ ဖြစ်ပေါ်
‘大种由所造色所界定,是依“青色、黄色、芳香、恶臭”等而说。所造色由大种所界定,因为依止该大种的所造色并不存在于该大种之外。日光作为影子的缘并产生影子,这一关系就是影子与日光的相互界定。’(《根本复注》‘依“青色、黄色”等而在聚合体中判定青色等,是就青等所造色依止大种而说;因为青等所造色以大种为所依,所以〔义注〕说:“大种……依‘恶臭’等而〔由所造色界定〕。”应连读为:“所造色由大种所界定。”其中,“该”指所造色;“从彼”指从大种。所谓日光是影子的缘,是说日光为影子的缘;所谓日光产生影子,是说日光具有产生影子的性质。“日光作为影子的缘并产生影子”这一说法,由此显示所生与能生的关系就是相互界定。’(《随复注》2-156。)在每一个色聚内,瑜伽行者若以能够摄取这四大种之智对其加以分别,那么,在他的智中,依止同一色聚内这四大种而生起的——
လာရသော ဥပါဒါရုပ်သည် ထင်ရှားလာသည်သာ ဖြစ်၏။
——所造色必然会变得显明。
မဟာဘုတ်ဓာတ်ကြီး (၄)ပါး မည်သည်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ရုပ်ကလာပ်တစ်ခုသည် အညို ရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အညိုရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ ရုပ်ကလာပ် တစ်ခုသည် အဝါရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အဝါရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သား ရ၏။ အလားတူပင် ကောင်းသော အနံ့နှင့် ပေါင်းဆုံမိသော် အနံ့ကောင်း၏ဟု၊ မကောင်းသော အနံ့နှင့် ပေါင်းဆုံမိသော် အနံ့မကောင်းဟု ဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သားမှုသည် ဖြစ်၏။ ထိုရုပ်ကလာပ် တစ်ခု တွင် ဓာတ်ကြီး (၄)ပါးကား အမာခံ အထည်ဝတ္ထု ဖြစ်၏။ သို့အတွက် ဓာတ်ကြီး (၄)ပါးတို့၏ ညိုမှု ဝါမှု အနံ့ ကောင်းမှု မကောင်းမှုသာ ဖြစ်၏။
所谓四大种,应由所造色加以界定。一个色聚若与褐色结合,就把它分别、标识为褐色色聚;一个色聚若与黄色结合,就把它分别、标识为黄色色聚。同样,与芳香结合,便标识为香;与恶臭结合,便标识为臭;诸如此类。在一个色聚中,四大种是承载所造色的基础;因此,所谓褐、黄、香、臭等,都是依这些所造色来界定、标识该色聚中的四大种。
အဝတ်နှင့် ဓာတ်ကြီး (၄)ပါးသည် တူညီ၏။ အဝတ်ကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အညိုရောင် အဝါရောင် ကောင်းသောအနံ့ မကောင်းသောအနံ့ စသည်နှင့် ကလာပ်တစ်ခုအတွင်း၌ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ဖြစ်ပေါ်လာသော အဆင်း အနံ့ စသည့် ဥပါဒါရုပ်သည် တူညီ၏။ သို့အတွက် ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို ''ညို၏ ဝါ၏ အနံ့ကောင်း၏ အနံ့မကောင်း'' ဤသို့ စသည်ဖြင့် ယင်းကလာပ်တူ ဥပါဒါရုပ်ဖြင့် (= အဆင်း-အနံ့ စသည့် ဥပါဒါရုပ်က) ပိုင်းခြား မှတ်သား ပေး၏။ အလားတူပင် ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြား မှတ်သားအပ်၏။ ထိုမဟာဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ် ဓာတ် ကြီး (၄)ပါးမှ ပြင်ပ၌ မရှိသောကြောင့် ဖြစ်၏။
布匹与四大种相似;依止布匹而生起的褐色、黄色、芳香、恶臭等,与一个色聚内依止四大种而生起的颜色、香等所造色相似。因此,同一色聚内的所造色(即颜色、香等所造色),会以“褐、黄、香、臭”等方式,对该色聚内的四大种加以界定、标识。同样,所造色也由四大种加以界定、标识;因为依止该四大种而生起的同一色聚内所造色,并不存在于同一色聚内该四大种之外。
နေရောင်ခြည်တည်းဟူသော အကြောင်းကြောင့် မြေကြီးပေါ်တွင် အိမ်၏အရိပ် သစ်ပင်၏အရိပ် စသည် သည် ဖြစ်ပေါ်လာရ၏။ နေရောင်ခြည်ကြောင့် အရိပ်၏ ဖြစ်ပေါ်လာရမှုသည်ပင် အရိပ်နှင့် နေရောင်ခြည် တို့၏ တစ်ခုနှင့် တစ်ခု အချင်းချင်း ပိုင်းခြားမှုကို ပြုခြင်းပင် ဖြစ်၏။ နေသာနေသော (= နေပူနေသော) အချိန်တွင် မြေကြီး တစ်နေရာကို ကြည့်လိုက်က ဤကား နေရောင်ခြည်၊ ဤကား အရိပ်ဟု သိအောင် နေရောင်ခြည် မည်သည်ကို အရိပ်က ပိုင်းခြားအပ်သကဲ့သို့ အရိပ်ကို နေရောင်ခြည်ဖြင့် ပိုင်းခြားအပ်၏။ အလားတူပင် မဟာ ဘုတ် ဓာတ်ကြီး (၄)ပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြားအပ်၏။ နေရောင်ခြည်နှင့် မဟာဘုတ်ဓာတ်ကြီး (၄)ပါးသည် တူ၏။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ် လာရသော သစ်ပင်ရိပ် အိမ်ရိပ် စသည်နှင့် ဥပါဒါရုပ်သည် တူ၏။
以日光为因,地面上才会出现房屋的影子、树木的影子等。影子因日光而生这一事实,本身就使影子与日光彼此相互界定。在阳光照耀(即天气炎热)时,观看地面某一处,便能知道“这是日光,这是影子”:日光由影子加以界定,影子也由日光加以界定。同样,四大种由所造色加以界定,所造色也由四大种加以界定。日光与四大种相似;由日光而生的树影、屋影等,则与所造色相似。
原书第 630 页
မဟာဘုတ်ကြောင့် ဥပါဒါရုပ်သည် ဖြစ်ပေါ်လာရ၏။ ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော မဟာ ဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ယင်းရုပ်ကလာပ်ထဲတွင် အဆင်း အနံ့ အရသာ စသော ဥပါဒါရုပ်များ ဖြစ်ပေါ်လာရ၏။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဟုတ်တိုင်းမှန်စွာ သိရေးမှာ ယင်းရုပ် ကလာပ်ကို ဉာဏ်ဖြင့် မြင်တွေ့ပါမှ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဆက်၍ ရှုပွား နိုင်မည် သိနိုင်မည် ဖြစ်သည်။ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် တွေ့မြင်ရေးမှာ ယင်းရုပ်ကလာပ်၏ အရောင် အဆင်း စသည်ကို မြင်ပါမှ ရုပ်ကလာပ်ကိုလည်း မြင်နိုင်မည် ဖြစ်သည်။ တစ်ဖန် ရုပ်ကလာပ်ဟူသည့် အမှုန်တို့ မည်သည် အဆင်း အနံ့ စသည် မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ ရုပ်ကလာပ်ဟူသည် (၈)မျိုး (၉)မျိုး (၁ဝ)မျိုး စသော ရုပ်သဘောတရားတို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း (၈)မျိုး (၉)မျိုး (၁ဝ)မျိုး စသော
所造色因四大种而生;依止一个色聚内的四大种,颜色、香、味等所造色便在该色聚内生起。若要如实知见一个色聚内的四大种,必须先以智看见那个色聚,才能继续观修、了知其中的四大种;若要以智看见那个色聚,又必须先看见该色聚的颜色等,才能看见色聚。再者,称为色聚的微粒不可能没有颜色、香等而存在。所谓色聚,不过是由8种、9种、10种等色法自性所组成的集合。这样的8种、9种、10种等——
ရုပ်သဘောတရားတို့၏ အပေါင်းအစုကိုသာ ရုပ်ကလာပ်ဟု ခေါ်ခြင်း ဖြစ်၏။ သို့အတွက် ဘူတရုပ်သည်လည်း ဥပါဒါရုပ်နှင့်၊ ဥပါဒါရုပ်သည်လည်း ဘူတရုပ်နှင့် ကင်း၍ ဖြစ်နိုင်သည့် စွမ်းအားမရှိပေ။ ''ကျွန်းကိုင်းမှီ၊ ကိုင်း ကျွန်းမှီ''ဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသော တရားများ ဖြစ်ကြ၏။ အချင်းချင်း အပြန်အလှန် ပိုင်းခြားပေးနေသော ပရမတ်သဘောတရားများ ဖြစ်ကြ၏။ ဖြစ်စေအပ်သောတရား၊ ဖြစ်စေတတ်သောတရား ဖြစ်မှုသည် အချင်းချင်း ပိုင်းခြားတတ်သော သဘောတရားဖြစ်၏။ (အဘိ-ဋ္ဌ-၂-၂၄၁။ မူလဋီ-၂-၁၅၄။ အနု ဋီ-၂-၁၅၆။) ဖြစ်စေအပ်သောတရား မရှိက ဖြစ်စေတတ်သော တရားလည်း မရှိနိုင်၊ ဖြစ်စေတတ်သော တရား မရှိကလည်း ဖြစ်စေအပ်သောတရားလည်း မရှိနိုင် ဟူလိုသည်။
——色法自性的集合,才称为色聚。因此,大种色不能离开所造色而生,所造色也不能离开大种色而生。正如俗话所说“沙洲依芦苇,芦苇依沙洲”,也就是彼此相依;它们是相互资助的诸法,也是彼此相互界定的胜义法。所生法与能生法的关系,就是彼此相互界定的关系。(《阿毗达磨义注》2-241;《根本复注》2-154;《随复注》2-156。)意思是:若没有所生法,能生法也不可能存在;若没有能生法,所生法也不可能存在。
ဥပါဒါရုပ်များကို ရှုပွားသိမ်းဆည်းပုံ
观修把握诸所造色的方法
ဝဏ္ဏ = အရောင်အဆင်း ---- မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော (၆)ဒွါရ၌ တည်ရှိကြသော ကြည်သည့် ရုပ်ကလာပ်၊ မကြည်သည့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို ရှု၍ ကျေကျေနပ်နပ်ကြီး အောင်မြင် မှု ရရှိပါက ဥပါဒါရုပ်များကို ဆက်လက်၍ ရှုပွားသိမ်းဆည်းပါ။ ရုပ်ကလာပ်တိုင်း၌ ဝဏ္ဏ ခေါ် အရောင်အဆင်း သည် ရှိမြဲဖြစ်၏၊ ဤအချိန်မျိုးတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်ကို တွေ့မြင်သည်နှင့်အမျှ ရုပ်ကလာပ် တို့၏ အရောင်အဆင်းကိုလည်း တွေ့ရှိနေမည် ဖြစ်သည်။ ရုပ်ကလာပ်တစ်ခု တစ်ခုတွင် အရောင် ကိုယ်စီ ရှိနေသဖြင့် ရုပ်ကလာပ်မျိုးစုံတို့၌ အရောင်မျိုးစုံကို တွေ့ရှိနေမည် ဖြစ်သည်။ (၆)ဒွါရလုံး၌ ကြည်သည့် ရုပ် ကလာပ်၊ မကြည်သည့် ရုပ်ကလာပ်တို့၌ လှည့်၍ ရှုပါ။
“ဝဏ္ဏ”(vaṇṇa)=颜色——在眼、耳、鼻、舌、身、心六门中,若已观见透明色聚和不透明色聚中的四大种,并充分熟练、取得成功,就应继续观修、把握诸所造色。每一个色聚中都必定有称为“ဝဏ္ဏ”的颜色;在这一阶段,瑜伽行者看见色聚的同时,也会看见诸色聚的颜色。每一个色聚各有自己的颜色,因此在各种色聚中会看见各种颜色。应在六门的透明色聚与不透明色聚中轮流观照。
ဂန္ဓ = အနံ့ ---- ရုပ်ကလာပ်တိုင်း၌ အနံ့ ရှိပေသည်။ သုဂန္ဓ = ကောင်းသော အနံ့လည်း ရှိမည်၊ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့လည်း ရှိမည်။ ထိုအနံ့ကို ဆက်၍ ရှုကြည့်ပါ။ ထိုသို့ အနံ့ကို ရှုရာ၌ မသဲမကွဲ ဖြစ်နေပါက နှာခေါင်းတွင် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ သမာဓိ၏ စွမ်းအင်သည် ထက်မြက် စူးရှလာသောအခါ နှာခေါင်း အတွင်းဝယ် ကြည်သည့် ရုပ်ကလာပ်ပေါင်းများစွာကို တွေ့ရှိမည် ဖြစ်သည်။ (၆)ဒွါရ၌ တည်ရှိကြသော ရုပ် ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် အိမ်ရှင် ဘဝင် စိတ်ဟူသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း တွေ့ရှိနေမည်သာ ဖြစ်သည်။ ယင်း ဃာနပသာဒ = နှာခေါင်း အကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲ၍ သိမ်းဆည်းပါ။ အသိဉာဏ်တွင် ပြိုင်တူ ထင် အောင် ရှုပါ။ ဂန္ဓာရုံ = အနံ့မှာ ဃာနဝိညေယျ = ဃာနဝိညာဏ်စိတ်ဖြင့် သိအပ်သောတရား၊ မနောဝိညေယျ =
“ဂန္ဓ”(gandha)=香——每一个色聚都有香,其中既有“သုဂန္ဓ”=芳香,也有“ဒုဂ္ဂန္ဓ”=恶臭。应继续观照这种香。观香时若仍不清楚,就在鼻中专注观照四大种。当定力的力量变得锐利、敏锐时,会在鼻内看见许多透明色聚。能够以智分别六门诸色聚中四大种的瑜伽行者,也必然已经看见作为“主人”的有分心,即有分意净界。应将“ဃာနပသာဒ”=鼻净色与有分意净界一并把握,观到二者同时显现在智中。“ဂန္ဓာရုံ”=香所缘,既是“ဃာနဝိညေယျ”=鼻识所识之法,又是“မနောဝိညေယျ”=——
မနောဝိညာဏ်စိတ်ဖြင့် သိအပ်သောတရား ဖြစ်၍ ထိုဃာနဝိညာဏ်စိတ်၏ မှီ၍ ဖြစ်ရာ နှာခေါင်းအကြည် ဓာတ်ကိုလည်းကောင်း၊ မနောဝိညာဏ်စိတ်၏ စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းရခြင်း ဖြစ်သည်။ သတ္တဝါတို့သည် ယေဘုယျအားဖြင့် ဃာနဝိညာဏ်နှင့် တကွ
——意识所识之法。因此,应将鼻识所依而生的鼻净色,与意识以之为门的有分意净界一并把握,使二者同时显现。一般而言,众生都以与鼻识相伴的——
原书第 631 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း သော ဃာနဒွါရိကဝီထိ စိတ်စေတသိက်၊ အနံ့ ဂန္ဓာရုံကို ဆက်လက်၍ အာရုံယူတတ်သည့် မနောဒွါရိကဝီထိ စိတ်စေတသိက်တို့ဖြင့် အနံ့ ဂန္ဓာရုံ၏ အရသာကို ခံစားနေကျ ဖြစ်ကြ၏။ ယင်းဝီထိစိတ်တို့မှာလည်း ဃာန အကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို အစွဲပြု၍ ဖြစ်ပေါ်လာကြရ၏။ သို့အတွက် ယင်းအကြည်ဓာတ် နှစ်ခုကို ပူးတွဲသိမ်းဆည်း၍ အနံ့ကို အာရုံယူလျက် ရှုပွားခြင်း ဖြစ်သည်။ ယင်း ဝီထိစိတ်တို့က ယင်းအနံ့ကို ပုံစံမှန် သိကြမည် ဖြစ်သည်။
——鼻门心路诸心、心所,以及继续取香所缘为所缘的意门心路诸心、心所,来领受香所缘。这些心路心也分别依托鼻净色与有分意净界而生。因此,应把握这两种净界,并取香为所缘而观修;这些心路心便会如实了知那种香。
ယင်းအကြည်ဓာတ် နှစ်မျိုးလုံးသည် အသိဉာဏ်၌ ပြိုင်တူထင်နေသောအခါ မိမိ ရှုပွားသိမ်းဆည်းလို သော ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခုခု၏ အနံ့ကို လှမ်းအာရုံ ယူကြည့်ပါ။ မျက်စိ၌ ရှိသော ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခုခု၏ အနံ့ကို ရှုလိုက ထိုရုပ်ကလာပ်၏ အနံ့ကို လှမ်းအာရုံ ယူကြည့်ပါ၊ ထင်ရှားစွာ သိရှိလာနိုင်ပါသည်။ အကယ်၍ ထိုသို့ ရှု၍မှ အနံ့ကို အောင်မြင်စွာ ရှု၍မရ ဖြစ်ခဲ့သော် ထို မိမိရှုလိုသော ရုပ်ကလာပ်ဝယ် ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကိုသာ ထပ်ကာထပ်ကာ ရှုနေပါ။
当这两种净界同时显现在智中时,应把心投向自己想要观修把握的一群色聚或某一个色聚的香,试着取为所缘。比如,若想观眼中一群色聚或某一个色聚的香,就把心投向该色聚的香,取为所缘,如此便能清楚了知。若依此仍不能成功观到香,就只应反复观照自己想观的那个色聚中所含的四大种。
ဧကတ္တနည်းအရ ပြောခြင်း ဖြစ်ပါသည်။ မိမိ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်သော ကလာပ်သည် ပျက်သွား ခဲ့သော် အမျိုးအစားတူ နောက်ကလာပ်တစ်ခု၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်၍ ကြိမ်ဖန်များစွာ ထပ် ကာ ထပ်ကာ ရှုရန်သာ ဆိုလိုရင်း ဖြစ်ပါသည်။ ထိုသို့ ရှုသဖြင့် အသိဉာဏ်ဝယ် ဓာတ်ကြီး (၄)ပါးသည် အလွန် ထင်ရှားလာသောအခါ ယင်းဓာတ်ကြီး (၄)ပါးကိုပင် မှီတွယ်၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ် တစ်မျိုး ဖြစ်သည့် အနံ့ကို တစ်ဖန် အာရုံယူကြည့်ပါက ထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။ (၆)ဒွါရလုံး၌ တည်ရှိသော ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်တို့၌ ပုံစံတူ ရှုကြည့်ပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှု၍ အောင်မြင်မှု ရရှိလာသောအခါ ဃာနဝိညာဏ်၏ အကူအညီ မပါဘဲ မနောဝိညာဏ် အမည်ရသော ဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဥ် သက်သက်ဖြင့်လည်း အနံ့ကို ရှုရမည်သာ ဖြစ်သည်။ (သာဓကများကို နာမ်ကမ္မဋ္ဌာန်းပိုင်း
这里是依“ဧကတ္တနည်း”(ekatta-naya,同一理路)而说的。意思只是:若自己专注观照四大种的那个色聚已经坏灭,就应继续在同类的下一个色聚中观见四大种,如此一再反复观照。当四大种由此在智中变得极其鲜明时,再取依止这四大种而生、作为一种所造色的香为所缘,便能清楚看见。应以同样方式观照存在于六门中的透明色聚与不透明色聚。如此反复观照而取得成功以后,即使没有鼻识的帮助,也应纯以名为意识的毗婆舍那意门速行心路心流来观香。(例证请见名业处部分——
တွင် ကြည့်ပါ။ ) ရသ = အရသာ ---- ရုပ်ကလာပ်တို့၏ အနံ့ကို ရှုပြီးပါက အရသာကို ဆက်ရှုပါ။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းဝယ် ချို-ချဥ်-ငံ-စပ်-ဖန်-ခါး ဟူသော အရသာ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသည် ရှိမြဲ ဓမ္မတာ ဖြစ်၏။ ရှေးဦးစွာ မနောဒွါရိက ဇောဝီထိစိတ်ဖြင့်ပင် ရုပ်ကလာပ်တစ်ခု၏ အရသာကို အာရုံယူ၍ သိမ်းဆည်း ကြည့်ပါ။ အောင်မြင်မှု မရသော် - လျှာ၌ ဇိဝှါအကြည်ဓာတ် (= လျှာအကြည်ဓာတ်)များကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်အောင် လျှာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုလျက် သမာဓိ ထူထောင်ပါ။ လျှာအကြည် ဓာတ်များသည် အသိဉာဏ်ဝယ် အလွန် ထင်ရှားလာသောအခါ လျှာအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ် နှစ်မျိုးကို ပြိုင်တူ ဉာဏ်၌ ထင်လာအောင် ပူးတွဲသိမ်းဆည်းပါ။ ရသာရုံ = အရသာမှာလည်း ဇိဝှါဝိညေယျ = ဇိဝှါဝိညာဏ်ဖြင့် သိနိုင်သောတရား၊ မနောဝိညေယျ = မနောဝိညာဏ်ဖြင့် သိနိုင်သောတရား ဖြစ်သောကြောင့်
——中。)“ရသ”(rasa)=味——观完诸色聚的香以后,应继续观味。每一个色聚必定具有甜、酸、咸、辛、涩、苦六味中的某一种。首先,只以意门速行心路心取一个色聚的味为所缘,试着加以把握。若未成功,就在舌中专注观照四大种、建立定力,以便用智清楚看见“ဇိဝှါအကြည်ဓာတ်”(即舌净色)。当诸舌净色在智中变得极其鲜明时,应将舌净色与有分意净界一并把握,使二者同时显现在智中。“ရသာရုံ”=味所缘,既是“ဇိဝှါဝိညေယျ”=舌识所识之法,也是“မနောဝိညေယျ”=意识所识之法,因此——
ယင်းဝိညာဏ်တို့၏ စွဲ၍ မှီဖြစ်ရာဖြစ်သော အကြည်ဓာတ်များကို ပူးတွဲ သိမ်းဆည်းရခြင်း ဖြစ်သည်။ ယင်း ဝိညာဏ်တို့ကား ဇိဝှါဒွါရိကဝီထိနှင့် အရသာကို ဆက်လက် အာရုံယူသည့် မနောဒွါရိကဝီထိ စိတ်စေတသိက် တို့ ဖြစ်ကြ၏။ ဇိဝှါဝိညာဏ်သည် ဇိဝှါအကြည်ဓာတ်ကို မှီဖြစ်၍ ကျန် မနောဝိညာဏ်စိတ်တို့ကား ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏။ သို့အတွက် ယင်းအကြည်ဓာတ် နှစ်မျိုးကို အသိ ဉာဏ်၌ ပြိုင်တူထင်လာအောင် ပူးတွဲသိမ်းဆည်းလျက် မိမိ ရှုပွားလိုသော ဇိဝှါဒွါရ (= လျှာ) ၌ ငြိကပ်နေသော တံတွေး၏ အရသာကို လှမ်း၍ အာရုံယူကြည့်ပါက ယင်းရသာရုံကို ထင်ထင်ရှားရှား သိရှိနိုင်မည် ဖြစ်သည်။
——应把这些识所依之而生的诸净界一并把握。这些识就是舌门心路,以及继续取味为所缘的意门心路诸心、心所。舌识依舌净色而生;其余诸意识则以有分意净界为门,并依心所依处色而生。因此,应将这两种净界一并把握,使之同时显现在智中;再把心投向自己想观修的舌门(即舌)上所附着唾液的味,取为所缘,便能清楚了知那个味所缘。
ထိုအခါတွင် (၆)ဒွါရလုံး၌ ကြည်သည့် ကလာပ် မကြည်သည့် ကလာပ်တို့၌ လှည့်၍ ရှုပါ။
这时,应在六门的透明色聚与不透明色聚中轮流观照。
原书第 632 页
ဘာဝနာအရှိန်အဝါ အားကောင်းလာသောအခါ၌ကား ဤ ဝဏ္ဏ-ဂန္ဓ-ရသတို့မှာ ဝိပဿနာ မနောဒွါ ရိက ဇောဝီထိဟူသော မနောဝိညာဏ်သက်သက်ဖြင့်လည်း သိနိုင်သော တရားများ ဖြစ်ကြသည်။ 〔သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၃၈၈။)〕 သို့အတွက် ဘာဝနာအရှိန် အားမကောင်းခင်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၏ အကူအညီကို ယူ၍ ဂန္ဓာရုံ ရသာရုံတို့ကို လျင်လျင် မြန်မြန် သဘောပေါက်လာနိုင်ရန် ထင်ထင်ရှားရှား သိနိုင်ရန် အတွက်သာ ရည်ရွယ်၍ ထိုသို့ ရှုခြင်းဖြစ်သည် ဟု မှတ်ပါ။ အောင်မြင်မှု မရရှိပါက ရုပ်ကလာပ်တို့ဝယ် တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုသာ ကြိမ်ဖန်များစွာ ရှုနေပါ။ ဥပါဒါရုပ်တို့တွင် အကျုံးဝင်သော ရသာရုံသည်လည်း တစ်စတစ်စ ထင်ရှားလာမည်သာ ဖြစ်ပါသည်။
当修习的势力增强时,“ဝဏ္ဏ-ဂန္ဓ-ရသ”(颜色、香、味)这些法,也能够纯以称为毗婆舍那意门“然而,这一切差别,唯于意门速行中可得。”(《阿毗达磨义注》2-388。)因此应当记住:只是在修习势力尚未增强以前,为了能较快领会香所缘与味所缘,并清楚了知它们,才借助鼻识与舌识而如此观照。若仍未成功,就只应反复观照诸色聚中所含的四大种;属于所造色的味所缘也会渐渐变得鲜明。
သြဇာ = အဆီအစေး-အနှစ်သြဇာ ---- ဤသြဇာကား မနောဝိညာဏ်ဖြင့်သာ သိနိုင်သည့် မနော ဝိညေယျတရား ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်တို့ အရှုရခက်သော ရုပ်တစ်မျိုး ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ ရှုကွက်တွင် သြဇာ-ဇီဝိတ-ဘာဝရုပ် ဤရုပ် (၃)မျိုးကား ယောဂါဝစရပုဂ္ဂိုလ်အများစု၌ ရှုရသည်မှာ ခက်ခဲ၍ သဘော ပေါက်နိုင်ခဲသော ရုပ်တရားများ ဖြစ်ကြ၏။
“သြဇာ”(ojā)=油脂精华食素——这种食素是只能由意识了知的“မနောဝိညေယျ”=意所识法,是瑜伽行者较难观到的一种色法。在色法观修中,食素、命根色、性根色这三种色法,对多数瑜伽行者而言都难以观见、难以领会。
ကြည်သည့် ရုပ်ကလာပ်၌ အရသာတိုင်အောင် ရုပ်သဘောတရား (၇)မျိုး၊ မကြည်သည့် ရုပ်ကလာပ်၌ အလားတူပင် ရုပ်သဘောတရား (၇)မျိုးတို့ကို (၆)ဒွါရလုံး၌ ရှု၍ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်တိုင်း၌ တည်ရှိနေသော အဆီအစေး-အနှစ်သြဇာကို ဆက်လက်၍ ရှုကြည့်ပါ။ ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ အာဟာရဇသြဇာဟု သြဇာ (၄)မျိုး ရှိသည်။ သို့သော် ယခုရှုနေဆဲ ဤအချိန်ပိုင်းတွင်ကား ကြည်သည့် ကလာပ် ၌ ပါဝင်တည်ရှိနေသော သြဇာ၊ မကြည်သည့် ကလာပ်၌ ပါဝင်တည်ရှိနေသော သြဇာဟု ဤနှစ်မျိုးလောက် ကိုသာ (၆)ဒွါရတို့တွင် ဒွါရတစ်ခု တစ်ခု၌ ခွဲခြား၍ ရှုနှင့်ပါဦး။ နောက်ပိုင်းတွင်ကား ကမ္မဇ-စိတ္တဇ-ဥတုဇ- အာဟာရဇ သြဇာ (၄)မျိုးတို့ကို ထပ်မံ၍ ခွဲခြား စိတ်ဖြာလျက် ရှုပွားရဦးမည်သာ ဖြစ်သည်။
若已在六门所有透明色聚中观到直至味为止的7种色法自性,并同样在不透明色聚中观到7种,且取得成功,就应继续观照存在于每一个色聚中的油脂精华食素。食素有4种,巴利名项(缅文转写):“ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ အာဟာရဇသြဇာ”,即业生食素、心生食素、时节生食素、食生食素。不过,在目前这个观修阶段,只应先在六门中逐门分别观照两类:透明色聚中所含的食素,以及不透明色聚中所含的食素。到了后面的阶段,还要进一步分别、分析并观修业生、心生、时节生、食生这4种食素。
ရုပ်ကလာပ် တစ်ခု၏ အတွင်းမှာသာ စိုက်၍ ရှုကြည့်ပါ။ အဆီအစေး အနှစ်သြဇာဓာတ်ကို တွေ့ရှိနိုင် ပါသည်။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်ဝယ် ရေပေါ်တွင် အဆီဝေ့နေသကဲ့သို့ ရုပ်ကလာပ် တစ်ခု အတွင်း၌ အဆီအစေးကို သဘောပေါက်တတ်၏။ အချို့ကား ကြက်ဥအလယ်တွင် တည်ရှိနေသော အနှစ်ကဲ့သို့ ရုပ်ကလာပ်၏ အလယ်၌ တည်ရှိနေသော အနှစ်ဝတ်ဆံ တစ်ခုကဲ့သို့ ဉာဏ်တွင် ထင်လာတတ်၏။
只应专注于一个色聚内部观照,就能看见油脂般的精华食素。有些瑜伽行者在智中领会到:它在色聚内部仿佛浮在水面上的一层油脂;另一些人则见它如鸡蛋中央的蛋黄,又如色聚中央的一枚精华蕊心,在智中显现。
ယင်း အဆီအစေး အနှစ်ကို တွေ့သောအခါ သြဇာဓာတ် ဟုတ်၏ မဟုတ်၏ဟု သိရှိနိုင်ရန် အမှတ်အသား တစ်ခုကား ယင်းအဆီအစေး အနှစ်မှ ရုပ်ကလာပ်အမှုန် အသစ်အသစ်များ ပွားထွက်လာခြင်းပင် ဖြစ်သည်။
看见这种油脂精华以后,用来判定它是否确为食素界的一个标志,就是有新的色聚微粒从这油脂精华中不断增生出来。
ပွားလာသော အမှုန်ကလာပ်တို့မှာ သြဇာ မဟုတ်သော်လည်း (သြဇာ ပါဝင်သော ရုပ်ကလာပ်သာ ဖြစ်သော် လည်း) ထိုကလာပ်အမှုန်များကို ဖြစ်ပေါ်စေသော အဆီအစေး အနှစ်ကား သြဇာပင် ဖြစ်သည်။ (ယင်းသြဇာမှ ရုပ်ကလာပ်များ အထပ်ထပ် ပွားလာပုံကို နောက်တွင် တွေ့ရလတ္တံ့။) ဤ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာတို့ကား (၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်၊ မကြည်သည့် ရုပ်ကလာပ်တိုင်း၌ အမြဲတမ်း ပါဝင် တည်ရှိနေသော ရုပ်သဘောတရား (၈)မျိုး ဖြစ်၏။ တစ်ခုစီ တစ်ခုစီ ခွဲ၍ မရကောင်းသော = ခွဲ၍ မဖြစ်နိုင်သောကြောင့် အဝိနိဗ္ဘောဂရုပ်ဟု ခေါ်၏။ အနည်း ဆုံး ပမာဏအားဖြင့် ဤရုပ်သဘောတရား (၈)မျိုးတို့ ပေါင်းစပ်ပါမှ ရုပ်ကလာပ် တစ်ခု ဖြစ်ပေါ်လာနိုင်၏။
增生出来的微粒色聚本身并不是食素(它们只是含有食素的色聚),但使这些色聚微粒生起的油脂精华正是食素。(后文将会看到色聚如何从这种食素中层层增生。)巴利名项(缅文转写):“ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ”,即地界、水界、火界、风界、颜色、香、味、食素;这8种色法自性始终存在于六门中的每一个透明色聚与不透明色聚内。由于它们不能逐一分开,也不可能彼此分离,故称为“အဝိနိဗ္ဘောဂရုပ်”(avinibbhoga-rūpa,八不离色)。至少必须有这8种色法自性结合,才能形成一个色聚。
သို့သော် ယင်းရုပ်သဘောတရား (၈)မျိုးတို့ကား တစ်ခုစီ ခွဲ၍ မဖြစ်ကြသော်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိ ဉာဏ်မှာမူ ယင်း (၈)မျိုးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ကွဲကွဲပြားပြား သိလျက်ပင် ရှိသည်။ ရုပ်နာမ် တို့၏ ဓမ္မတာအတိုင်း အုပ်စုအလိုက် ကလာပ်အလိုက် အတူတွဲ၍ ဖြစ်ကြသော်လည်း သဘာဝလက္ခဏာ အသီး
然而,这8种色法自性虽然不能各自分开生起,瑜伽行者的智却仍能分别了知这8种法各自的自性特相。它们虽依色法、名法的自然法则,成组、成聚地共同生起,各自的自性特相却——
原书第 633 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အသီးကား ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ကွဲပြားလျက်ပင် ရှိ၏။ ကွဲပြားအောင်လည်း ရှုရမည်သာ ဖြစ်သည်။
——在瑜伽行者的智中仍彼此有别;也必须观到它们彼此分明。
ကျေကျေနပ်နပ် ကွဲကွဲပြားပြား သိအောင် ရှုပွား သိမ်းဆည်းရာဝယ် အားမရ ဖြစ်နေပါက အာနာပါနဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် များ ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းရုပ်သဘောတရား (၈)မျိုးကို ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိမည်သာ ဖြစ်ပါသည်။
若在观修、把握它们,力求满意而清楚分明地了知时仍感不足,就以入出息念重新建立定,直至达到第四禅定。当光明的力量灿然闪耀、明亮发光时,再于透明色聚与不透明色聚中观照那8种色法自性;必能获得成功。
ဇီဝိတ = ရုပ်သက်စောင့်ဓာတ် ---- ဇီဝိတကို ရှုလိုက ကြည်သည့် ရုပ်ကလာပ်တစ်ခု၌ ရှေးဦးစွာ ပထဝီမှ သြဇာသို့ တိုင်အောင်သော (၈)မျိုးသော ရုပ်သဘောတရားတို့ကို ရှုပါ။ ယင်း ကြည်သည့် ရုပ်ကလာပ်၌ ကြည် နေသော သဘောတရား တစ်ခုကို ယောဂါဝစရပုဂ္ဂိုလ်သည် မြင်ပြီးသာ ဖြစ်၏။ ယခင် (၈)မျိုးသော ရုပ်သဘော တရားများနှင့် ကြည်နေသည့် သဘောတရားတစ်ခုကို ပေါင်းသော် ရုပ်သဘောတရား (၉)မျိုးကို ယောဂါဝစရ ပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် တွေ့မြင်ပြီး ဖြစ်၏။ ကျန် ရုပ်သဘောတရား တစ်ခုမှာ ဇီဝိတပင် ဖြစ်၏။ ကြည်သည့် ရုပ်ကလာပ်တို့၌ ယင်းသဘောတရား (၁ဝ)မျိုးသာ အမြဲတမ်း တည်ရှိနေသောကြောင့် ဖြစ်၏။ ပထဝီ-အာပေါ- တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ-ပသာဒ ဟု ရုပ်သဘောတရား (၁ဝ)မျိုးတို့တည်း။
缅写巴利词“ဇီဝိတ”:命根,即守护色法生命之界。若要观命根,先在一个透明色聚中观照从地界至食素的8种色法自性。瑜伽行者已经看见该透明色聚中那一种透明的自性;把前述8种色法自性与这一种透明自性相加,便已以智看见9种色法自性。余下的一种就是命根,因为透明色聚中恒常只有这10种色法自性。巴利名项(缅文转写):“ပထဝီ-အာပေါ- တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ-ပသာဒ”,即地界、水界、火界、风界、颜色、香、味、食素、命根、净色,共10种色法自性。
ဇီဝိတကို အသက်ဟုလည်း ခေါ်ဆို၏။ ဇီဝိတဟူသည် အသက်ရှင်နေသော သဘာဝတစ်ခု ဖြစ်၏။
缅写巴利词“ဇီဝိတ”(jīvita)也称为“生命”;命根是一种活着的自性。
ကြည်နေသည့် ကမ္မဇရုပ်ကလာပ် တစ်ခု အတွင်းဝယ် သေချာစွာ စိုက်၍ ရှုကြည့်နေသောအခါ လှုပ်ရှားမှု ရှိ၍ အသက်ဝင်နေသော သဘာဝတစ်ခုကို ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် အသိအမှတ် ပြုမိတတ် ကြ၏။ ယင်းအသက်ရှင်နေသော အသက်ဝင်နေသော သဘောတရားသည် မိမိမှ ကြွင်းကျန်သော ကလာပ်တူ (၉)မျိုးသော ကမ္မဇရုပ်တို့ကိုလည်း စောင့်ရှောက်ပေးခြင်း သဘောလက္ခဏာ ရှိ၏၊ ကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့ တိုင်အောင် (= ဖြစ်စမှ ပျက်သည်အထိ) တည်အောင် ထားတတ်သော သဘောတရား ဖြစ်၏။
专注深入一个透明的业生色聚而观时,瑜伽行者通常会辨认出一种有活动、富有生命力的自性。这种活着、富有生命力的自性,具有守护同一色聚中其余9种业生色的特相;它能使同聚业生色从“ဥပါဒ်”至“ဘင်”(即从初生直至坏灭)维持存在。
ဇီဝိတသည် ကမ္မဇရုပ်ကလာပ်များ၌သာ ပါဝင်လျက် ရှိ၏။ ကမ္မဇရုပ်များကား အတိတ်က ကံကြောင့် သာလျှင် ဖြစ်ပေါ်လာရသော ရုပ်တရားများဖြစ်ကြသဖြင့် ကံဟူသော မိခင်နှင့် သားသ္မီးဖြစ်ကြသော ကမ္မဇရုပ် တို့ကား ဘဝခြားလျက် ဝေးကွာနေကြ၏။ ကမ္မဇရုပ်များကား မိခင်နှင့် ဝေးကွာနေသော သို့မဟုတ် မိဘမဲ့သော ကလေးသူငယ်များနှင့် တူကြ၏။ မိဘမဲ့သော မိဘမရှိသော ကလေးသူငယ် တစ်ဦးကို အသက်ရှင်ရေးအတွက် ဘေးက ပုဂ္ဂိုလ်တစ်ဦးဦးက ဝင်ရောက်၍ စောင့်ရှောက်ပေးရသကဲ့သို့ အလားတူပင် မိခင်ကံနှင့် ဝေးကွာနေ ကြသော သားသ္မီးနှင့် တူကြသည့် ကမ္မဇရုပ်တို့ကို ဖြစ်ပြီးနောက် မပျက်မီအတွင်း အသက်ရှင်ရေးအတွက် သက်တမ်းစေ့ နေနိုင်ရေးအတွက် ဇီဝိတက ဝင်ရောက်၍ စောင့်ရှောက်ပေးရခြင်း ဖြစ်၏။ သို့အတွက် ဇီဝိတမှာ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ပေးတတ်သော အစောင့်ဓာတ်လည်း ဖြစ်၏။ ဇီဝိတကို ရှုသော ယော-
命根只存在于业生色聚中。业生色仅由过去之业而生,所以作为“母亲”的业与作为其“子女”的业生色分属前后世,彼此远隔。业生色犹如远离母亲或失去父母的幼儿;如同为了让孤儿活下去,必须由身旁某人出面照护,作为子女的业生色远离母亲业之后,也必须在已经生起、尚未坏灭的期间,由命根出面守护,使它们能够住满其寿期。因此,命根也是守护同聚业生色的守护界。观命根的——
ဂါဝစရပုဂ္ဂိုလ်သည် ယင်းသို့ အသက်ရှင်နေသည့်သဘော စောင့်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ရှု ရမည် ဖြစ်သည်။
——瑜伽行者,应以智观见这种活着的自性与守护的自性。
ကြည်နေသော ရုပ်ကလာပ်များကား ကမ္မဇရုပ် ဧကန် ဖြစ်ကြသဖြင့် ကြည်သည့် ရုပ်ကလာပ်တိုင်း၌ ဇီဝိတရုပ် အမြဲတမ်း ပါရှိ၍ ကြည်သည့် ရုပ်ကလာပ်၌ ဇီဝိတကို ရှေးဦးစွာ ရှာဖွေရှုခြင်း ဖြစ်သည်။ ဇီဝိတကို ရှုရာ၌ မထင်မရှား ဝိုးတိုးဝါးတား ဖြစ်နေပါက အာနာပါနဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များ အလွန်ထက်မြက် စူးရှလာသောအခါ ဇီဝိတကို တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ ရုပ်ကလာပ်၏ အတွင်း၌သာ စိုက်၍ ရှုကြည့်ပါ။ ရုပ်ကလာပ်၏ ပြင်ဘက်၌ မရှာ
透明色聚确定属于业生色聚,故每一个透明色聚中都恒常具有命根色;所以,应先在透明色聚中寻找并观照命根。观命根时若仍不清楚、模糊不明,就以入出息念重新建立定,直至达到第四禅定。当光明的力量变得极其锐利、强盛时,再次观照命根;只须专注于色聚内部而观。不要在色聚之外寻——
原书第 634 页
ပါနှင့် မရှုပါနှင့်။ အသက်ဝင်နေသည့်သဘော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်နေသည့် သဘောတို့ကို ဉာဏ် ဖြင့် တွေ့မြင်ပါက ရုပ်ဇီဝိတကို ရှု၍ မြင်ပြီ ဖြစ်သည်။
——找,也不要在色聚之外观照。若以智看见其富有生命力的自性,以及它守护同聚业生色的自性,便已观见命根色。
အထူးသတိပြုရန်မှာ ဇီဝိတသည် ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်သည်၊ ကလာပ် ကွဲပြား နေသည့် ကမ္မဇရုပ်တို့ကို မစောင့်ရှောက်နိုင်ဟု မှတ်ပါ။ တစ်ဖန် ဇီဝိတသည်လည်း ကံကြောင့် ဖြစ်သည့် ကမ္မဇ ရုပ်ပင် ဖြစ်ရကား ယင်းဇီဝိတကို မည်သည့်တရားက စောင့်ရှောက်ပေးပါသလဲဟု မေးရန် ရှိ၏။ ဇီဝိတသည် မိမိနှင့် အတူဖြစ်သည့် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းဖြင့် မိမိ ဇီဝိတကိုပါ စောင့်ရှောက်ခြင်း ကိစ္စလည်း ပြီးစီးသွား၏။ အထက်အရာရှိကြီး တစ်ဦးအား စောင့်ရှောက်ပေးရသော သက်တော်စောင့်သည် အထက်အရာရှိကြီးကို စောင့်ရှောက်ခြင်းဖြင့် မိမိ ကိုယ်ကို စောင့်ရှောက်ခြင်း ကိစ္စလည်း ပြီးစီးသွားသကဲ့သို့ မှတ်ပါ။ ဇီဝိတသည် အတူဖြစ်သော ကမ္မဇရုပ်တို့ကို စောင့်ရှောက်သော်လည်း ထိုအတူဖြစ်သော ကမ္မဇရုပ်များ ပျက်သွားသောအခါ စောင့်ရှောက်မှုကိစ္စလည်း ပြီးစီးသွားသဖြင့် မိမိပါ အတူရော၍ ပျက်သွား၏။ အရာရှိ
特别要注意:命根只守护同一色聚中的业生色,不能守护另一色聚中的业生色。再者,命根本身也是由业所生的业生色,于是便会有一个问题:又由什么法来守护这个命根呢?命根在守护与自己俱生、同在一聚的业生色时,也就完成了守护自身的工作。应当理解,这如同一名守护高级官员的贴身卫士:他在守护该官员时,也同时完成了守护自己的工作。命根虽然守护俱生的业生色,但当这些俱生的业生色坏灭时,守护工作也随之结束,命根自己也与它们一同坏灭。这又如守护高级官——
ကြီးများ စည်းဝေးနေသော အစည်းအဝေး တစ်ခုကို စောင့်ရှောက်ပေးနေရသော အစောင့်များသည် အစည်း အဝေး ပြီးစီးသွားပါက စောင့်ရှောက်မှု တာဝန်ဝတ္တရားလည်း ကုန်ဆုံးသွားသကဲ့သို့ မှတ်ပါ။ ဇီဝိတကို ကြည်သည့် ရုပ်ကလာပ်တစ်ခု အတွင်း၌ သဘောပေါက်ပါက ဉာဏ်ဖြင့် တွေ့မြင်ပါက (၆)ဒွါရ၌ ရှိကြသော ကြည်သည့် ရုပ်ကလာပ်တိုင်း၌ လှည့်လည်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရခဲ့သော် မကြည်သည့် ရုပ်ကလာပ်များ အတွင်း၌ လည်း ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ။ မကြည်သည့် ရုပ်ကလာပ်အချို့၌ ဇီဝိတပါ၍ စိတ္တဇ-ဥတုဇ- အာဟာရဇတို့ကဲ့သို့သော မကြည်သည့် အချို့ရုပ်ကလာပ်တို့၌ ဇီဝိတ မရှိပေ။ ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်တို့မှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိကြသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်များ ဘာဝရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ဘာဝဒသကကလာပ်များနှင့် ဟဒယဒသကကလာပ်များ ဖြစ်
——员们所举行会议的警卫:会议结束时,警卫的守护职责也随之结束。若已在一个透明色聚内领会、以智看见命根,就在六门中的每一个透明色聚内依次观照。成功以后,再继续在不透明色聚内寻找命根。有些不透明色聚含有命根,而另一些不透明色聚,例如“စိတ္တဇ-ဥတုဇ- အာဟာရဇ”(心生、时节生、食生)色聚,则没有命根。含有命根的不透明色聚,就是遍布全身的“ဇီဝိတနဝက ကလာပ်များ”(以命根为第9法的命根九法聚)和“ဘာဝဒသကကလာပ်များ”(以性根色为第10法的性根十法聚),以及“ဟဒယဒသကကလာပ်များ”(心所依处十法聚)——
ကြ၏။
——这3类色聚。
ဘာဝရုပ် --- အမျိုးသားယောဂီ၌ အမျိုးသားဟု သိလောက်သော အမှတ်အသား = အမျိုးသားဖြစ်ကြောင်း ဘာဝရုပ် ရှိ၏။ အမျိုးသ္မီးယောဂီ၌ အမျိုးသ္မီးဟု သိလောက်သော အမှတ်အသား = အမျိုးသ္မီးဖြစ်ကြောင်း ဘာဝ ရုပ် ရှိ၏။ ပုရိသဘာဝရုပ် ဣတ္ထိဘာဝရုပ်ဟု အသီးအသီး ခေါ်ဆို၏။ ဥဘတောဗျည်းဟူသည့် လိင် နှစ်မျိုး ရှိသော သတ္တဝါများကိုကား ခြွင်းချက်ထားရမည် ဖြစ်သည်။ သို့သော် ထိုဥဘတောဗျည်းတို့၌လည်း တစ်ခုသော အချိန်ကာလအခိုက်ဝယ် ဘာဝရုပ် တစ်မျိုးစီသာ (အလှည့်ကျ) ကံအားလျော်စွာ ရှိနိုင်ပေသည်။
缅写巴利词“ဘာဝရုပ်”:性根色——男瑜伽行者具有一种足以使人认出“这是男性”的标志,也就是表明其为男性的性根色;女瑜伽行者具有一种足以使人认出“这是女性”的标志,也就是表明其为女性的性根色。它们分别称为缅写巴利词“ပုရိသဘာဝရုပ်”(男根色)与“ဣတ္ထိဘာဝရုပ်”(女根色)。称为“ဥဘတောဗျည်း”的两性者,即兼具两种性征的有情,则应视作例外;不过,即便是这类两性者,在任一时段内也都只能具有一种性根色;只是在不同时段,可能随业而交替。
(အဘိ-ဋ္ဌ-၁-၃၅၉။)
(《阿毗达磨义注》1-359。)
ဟဒယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဇီဝိတနဝကကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌ ကလာပ်၊ အာဟာရဇအဋ္ဌကလာပ်တို့ကား မကြည်သည့် ရုပ်ကလာပ်များ ဖြစ်ကြ၏။ ပသာဒ ခေါ်သည့် အကြည် ရုပ်များသည် ယင်း ရုပ်ကလာပ်တို့၌ မပါဝင်ခြင်းကြောင့် ယင်းရုပ်ကလာပ်တို့သည် မကြည်ကြခြင်း ဖြစ်၏။
巴利色聚名项(缅文转写):“ဟဒယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဇီဝိတနဝကကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ ဥတုဇအဋ္ဌ ကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即心所依处十法聚、性根十法聚、命根九法聚、心生八法聚、时节生八法聚与食生八法聚,都是不透明色聚。称为“ပသာဒ”(pasāda,净色)的透明色法没有包含在这些色聚中,所以这些色聚是不透明的。
ဘာဝရုပ် ပါဝင်သော ဘာဝဒသကကလာပ်များ (= ရုပ်သဘောတရားများ) သည်လည်း ကံကြောင့်ပင် ဖြစ်ကြသော်လည်း မကြည်သည့် ရုပ်ကလာပ် အမျိုးအစားများတွင် ပါဝင်နေ၏။ သို့အတွက် ဘာဝရုပ်ကို ရှုပွား သိမ်းဆည်းလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မကြည်သော ရုပ်ကလာပ်အုပ်စုတို့၌ ဇီဝိတရုပ်ကို ရှေးဦးစွာ ရှာဖွေကြည့်ပါ။ ဇီဝိတရုပ် မရှိခဲ့သော် ဘာဝရုပ် မရှိနိုင်သောကြောင့် ဖြစ်၏။ သို့သော် ဇီဝိတရုပ် ပါဝင်တိုင်းလည်း ဘာဝရုပ်ရှိသည်ကား မဟုတ်ပါ။ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝကကလာပ်ရုပ် များလည်း ရှိကြသောကြောင့် ဖြစ်၏။ သို့သော် ဇီဝိတ မရှိသည့် မကြည်သည့် ရုပ်ကလာပ်တို့၌ကား ဘာဝရုပ် လည်း မရှိသည်သာ ဖြစ်၏။ ဘာဝရုပ်ပါဝင်သည့် ဘာဝဒသကကလာပ်ရုပ်များသည် ကမ္မဇရုပ် ဧကန် ဖြစ်ကြ
含有性根色的性根十法聚(=诸色法自性),虽也由业而生,却属于不透明色聚的种类。因此,想要观修、把握性根色的贤善瑜伽行者,应先在不透明色聚群中寻找命根色;因为若没有命根色,就不可能有性根色。不过,具有命根色,并不一定就有性根色,因为也有以命根为第9法的“ဇီဝိတနဝကကလာပ်”(命根九法聚)。反之,在没有命根的不透明色聚中,也一定没有性根色。这是因为,含有性根色的“ဘာဝဒသကကလာပ်”(性根十法聚)确定属于业生——
原书第 635 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း သောကြောင့် ဖြစ်၏။ သို့အတွက် မကြည်သည့် ရုပ်ကလာပ်များ၌ ဇီဝိတတိုင်အောင် (၉)မျိုးသော ရုပ်သဘော တရားများကို ရှု၍ ရသော်လည်း ဘာဝရုပ်ကိုကား တွေ့ချင်လည်း တွေ့မည်၊ မတွေ့သော်လည်း ရှိနိုင်သည်။
——色。因此,即使已经在不透明色聚中观见直至命根的9种色法自性,至于性根色,则有时能找到,有时也可能找不到。
ဘာဝရုပ်ပါဝင်သော ရုပ်ကလာပ်မှာ ဘာဝဒသကကလာပ်ဖြစ်၍ ဘာဝရုပ် မပါသော ဇီဝိတရုပ် ရှိသော ရုပ် ကလာပ်မှာ ဇီဝိတနဝက ကလာပ်သော်လည်း ဖြစ်မည်၊ ဟဒယဒသက ကလာပ်သော်လည်း ဖြစ်မည်။
含有性根色的色聚是“ဘာဝဒသကကလာပ်”(性根十法聚);有命根色而无性根色的色聚,则可能是“ဇီဝိတနဝက ကလာပ်”(命根九法聚),也可能是“ဟဒယဒသက ကလာပ်”(心所依处十法聚)。
ပုရိသဘာဝရုပ်ကား -- ယောကျာ်းဖြစ်ကြောင်း အမှတ်နိမိတ်တည်း။ ဤသူကား ယောကျာ်းဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ ဤအမှတ်အသား သဘောတရားကြောင့် ယောကျာ်းဖြစ်လာရသည်ဟု သဘော ပေါက်အောင် ရှုပါ။ ပုရိသဘာဝရုပ်ကို ရှုရာ၌ ကျားကျားယားယား ယောကျာ်းအမူအရာ သဘောများကို ဤ ဘာဝရုပ်က ဖြစ်စေပုံကို များသောအားဖြင့် သဘောပေါက်လာတတ်၏၊ ကြမ်းတမ်းခက်ထန်သော အမူအရာ သဘောများကို တွေ့လာတတ်၏။ ပထဝီဓာတ်၏ ကြမ်းတမ်းမှုနှင့်ကား တူညီမှု မရှိသည်ကို ယောဂီ အများ၌ သဘောပေါက်နေတတ်ပါသည်။
缅写巴利词“ပုရိသဘာဝရုပ်”(男根色)——是表明成为男性的标志,是让人知道“此人是男性”的标识。应观至明白:正因这种作为标识的自性,才成为男性。观男根色时,瑜伽行者通常会逐渐明白,阳刚的男性举止特征是如何由这种性根色所造成的;也往往会看见粗犷强硬的举止特征。许多瑜伽行者都能明白,这与地界的粗性并不相同。
ဣတ္ထိဘာဝရုပ်ကား ---- အမျိုးသ္မီး ဖြစ်ကြောင်း အမှတ်နိမိတ်တည်း။ ဤသူကား အမျိုးသ္မီးဟု သိကြောင်း အမှတ်အသားတည်း။ ဤအမှတ်အသား သဘောတရားကြောင့် အမျိုးသ္မီး ဖြစ်လာရသည်ဟု သဘောပေါက် အောင် ရှုပါ။ ဣတ္ထိဘာဝရုပ်ကို ရှုရာ၌ နူးညံ့ပျော့ပျောင်းသည့် အမျိုးသ္မီး အမူအရာ သဘောများကို ဤဣတ္ထိ ဘာဝရုပ်က ဖြစ်စေပုံကို များသောအားဖြင့် သဘောပေါက်လာတတ်၏။ ပထဝီဓာတ်၏ နူးညံ့ပျော့ပျောင်းမှုနှင့် မတူသည်ကိုလည်း ယောဂီအများစု၌ သဘောပေါက်လျက်ပင် ရှိနေတတ်ပေသည်။
缅写巴利词“ဣတ္ထိဘာဝရုပ်”(女根色)——是表明成为女性的标志,是让人知道“此人是女性”的标识。应观至明白:正因这种作为标识的自性,才成为女性。观女根色时,瑜伽行者通常会逐渐明白,柔和温婉的女性举止特征是如何由这种女根色所造成的;多数瑜伽行者也能明白,这与地界的柔软性并不相同。
အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ၌ အမျိုးသားဖြစ်ကြောင်း ပုရိသဘာဝရုပ်ကိုသာ ရှု၍ ရနိုင်သည်။ အမျိုးသ္မီး ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အဇ္ဈတ္တ၌ အမျိုးသ္မီးဖြစ်ကြောင်း ဣတ္ထိဘာဝရုပ်ကိုသာ ရှု၍ ရနိုင်သည်။ ဗဟိဒ္ဓ၌ကား အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း၊ အမျိုးသ္မီး ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်းကောင်း ပုရိသဘာဝရုပ် ဣတ္ထိဘာဝရုပ် နှစ်မျိုးလုံးကိုပင် ရှု၍ ရနိုင်သည်သာ ဖြစ်သည်။
男性瑜伽行者于“အဇ္ဈတ္တ”(ajjhatta,自身)只能观见表明男性的男根色;女性瑜伽行者于自身也只能观见表明女性的女根色。至于“ဗဟိဒ္ဓ”(bahiddhā,外在他相续),无论男性还是女性瑜伽行者,都能分别在相应的外在有情相续中观见男根色与女根色。
အကယ်၍ ဤဘာဝရုပ်ကို ရှုရာ၌ ကျေနပ်မှု သိပ်မရ ဖြစ်နေပါက အာနာပါနဖြင့် သမာဓိကို တစ်ဖန် ပြန်လည်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက် အလွန် အားကောင်းလာသောအခါ တစ်ဖန်ပြန်၍ ဘာဝရုပ်ကို ရှုကြည့်ပါ။ ဇီဝိတ ပါဝင်သော မကြည်သော ရုပ်ကလာပ် အမှုန်များတွင် ဘာဝရုပ်ကို ထပ်မံ၍ ရှာဖွေကြည့်ပါ။ မကြာမီ သဘောပေါက်လာပါလိမ့်မည်။
如果观这种性根色时仍不十分满意,就以入出息念重新建立定。当光明的力量灿然闪耀、明亮发光而变得极其强盛时,再次观照性根色;继续在含有命根的不透明色聚微粒中寻找性根色,不久便会明白。
အကယ်၍ ဘာဝရုပ်ကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ လှည့်၍ ရှုကြည့်ပါ။ ဗုဒ္ဓအဘိဓမ္မာ၌ ယင်း (၆)ဒွါရလုံးတို့၌ ဘာဝရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်ရုပ်များ ထင်ရှားရှိနေ၏။ ဗုဒ္ဓအဘိဓမ္မာ၌ လာရှိသော ဘာဝရုပ်မှာ အများနားလည်သော ဘာဝရုပ် နှင့်ကား မတူပေ။ အမျိုးသား၏ မျက်လုံးနှင့် အမျိုးသ္မီး၏ မျက်လုံး၊ အမျိုးသား၏ မျက်နှာနှင့် အမျိုးသ္မီး၏ မျက်နှာ၊ အမျိုးသား၏ လက်ခြေသဏ္ဌာန် စသည်နှင့် အမျိုးသ္မီး၏ လက်ခြေသဏ္ဌာန် စသည်တို့သည် မတူညီ ကြခြင်းမှာ ဤဘာဝရုပ်၏ ကွဲပြားမှုကြောင့် ဖြစ်၏၊ ဤဘာဝရုပ်က ဤသူကား ယောကျာ်းဟု၊ ဤသူကား မိန်းမ ဟု သိအောင် ခွဲခြား၍ ပြသလျက် ရှိ၏။ သို့အတွက် ဤဘာဝရုပ်ကား (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိ နေသော ရုပ်တစ်မျိုး ဖြစ်သည်ဟု မှတ်ပါ။ ဤဘာဝရုပ် ပါဝင်သော ရုပ်ကလာပ်သည် ဇီဝိတ အမြဲတမ်း ပါရှိ၍
若已能满意地观见性根色,就依次在眼、耳、鼻、舌、身、心六门中观照。依佛陀的阿毗达磨,六门中都明显存在以性根色为第10法的“ဘာဝဒသက ကလာပ်”(性根十法聚)。阿毗达磨所说的性根色,并不是一般人通常所理解的那种性根色。男性与女性的眼睛不同,男性与女性的面容不同,男性与女性的手足形状等也不同,都是由于性根色不同;这种性根色加以区分、显示,使人知道“此人是男人”“此人是女人”。因此,应当知道,性根色是一种遍布六门的色法。凡含有这种性根色的色聚,必定恒常含有命根,——
အားလုံးပေါင်းလိုက်သော် ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ - ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဇီဝိတ ဘာဝရုပ် - ဟု ရုပ်သဘောတရား (၁ဝ)မျိုးစီ ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ သိမ်းဆည်း
——总合起来,每一个色聚内各有10种色法自性。巴利名项(缅文转写):“ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ ဇီဝိတ ဘာဝရုပ်”,即地界、水界、火界、风界、颜色、香、味、食素、命根、性根色。瑜伽行者必须将这10种究竟色法自性逐一以智分别、分析并把握,且必须——
原书第 636 页
ရှုပွားရမည် ဖြစ်ပေသည်။
——加以观修。
ဤသို့လျှင် ကြည်သည့် ရုပ်ကလာပ်၌ ရုပ်သဘောတရား (၁ဝ)မျိုး၊ မကြည်သည့် ရုပ်ကလာပ်၌ ရုပ်သ ဘောတရား (၁ဝ)မျိုး - ဤ ကြည်-မကြည် နှစ်မျိုးသော ရုပ်ကလာပ်များကို (၆)ဒွါရလုံး၌ လှည့်လည်၍ ရုပ်ဃန ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် အားရပါးရ ကျေကျေနပ်နပ်ကြီး ရှု၍ အောင်မြင်မှု ရရှိလာပါက ကြည်သော ရုပ်ကလာပ်များကို ထပ်မံ၍ ခွဲခြား စိတ်ဖြာလျက် သိမ်းဆည်း ရှုပွားနိုင်ပြီ ဖြစ်သည်။ ဤ၌ မကြည်သော ရုပ်ကလာပ်ဝယ် (၁ဝ)မျိုးသော ရုပ်တရား တို့ဟူသည် ဘာဝရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်ရုပ်ကို ရည်ညွှန်းထားပါသည်။ ဟဒယ ဝတ္ထုရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ဟဒယဒသက ကလာပ်ရုပ်သည်လည်း မကြည်ပေ။ ယင်းဟဒယဝတ္ထုရုပ် ကို ရှုပုံမှာ ဤသို့ ဖြစ်၏။
如是,在透明色聚中有10种色法自性,在不透明色聚中也有10种。遍于六门观察这透明、不透明两类色聚,以智破除称为“色密集”的、看似整块坚实的色法团块,充分而透彻地观修,直至智见抵达究竟;若由此修习成功,便能进一步分别、分析并把握、观修透明色聚。这里所谓不透明色聚中的10种色法,是指以性根色为第10法的性根十法聚。以心所依处色为第10法的心所依处十法聚也不透明。观修其中的心所依处色,方法如下。
ဟဒယဝတ္ထုရုပ် ---- မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ-၂-၇၇။) မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်ခြင်း သဘောလက္ခဏာ ရှိသော ရုပ်သဘော တရားကား ဟဒယဝတ္ထုတည်း။
心“心所依处以作为意界与意识界的所依为特相。”(《清净道论》2-77。)也就是说,具有作为称为意界、意识界的诸认知心之所依这一特相的色法,就是心所依处色。
ဧတ္ထ ပန မနောတိ ဘဝင်္ဂစိတ္တံ။ (သံ-ဋ္ဌ-၃-၅။) ---- သုတ္တန်နည်းအရ မနောဓာတ်ဟူသည် ဘဝင်မနော အကြည်ဓာတ်တည်း။ ယင်းဘဝင်မနောအကြည်ဓာတ်သည်လည်း ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်၏။ တစ်ဖန် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဟူသော ပဉ္စဝိညာဏ်မှတစ်ပါး ကျန်ဝီထိစိတ် မှန်သမျှတို့သည် မနောဝိညာဏဓာတ် မည်၏။ ယင်းမနောဝိညာဏဓာတ်တို့သည်လည်း ပဉ္စ ဝေါကာရဘုံဝယ် ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်ကြ၏။ ပဉ္စဝိညာဏ်တို့တွင် စက္ခုဝိညာဏ်သည် စက္ခုအကြည် ဓာတ်ကို၊ သောတဝိညာဏ်သည် သောတအကြည်ဓာတ်ကို၊ ဃာနဝိညာဏ်သည် ဃာနအကြည်ဓာတ်ကို၊ ဇိဝှါ ဝိညာဏ်သည် ဇိဝှါအကြည်ဓာတ်ကို၊ ကာယဝိညာဏ်သည် ကာယအကြည်ဓာတ်ကို အသီးအသီး မှီ၍ ဖြစ်၏။
“这里所谓‘意’,是有分心。”(《相应部义注》3-5。)依经教的说法,所谓意界,就是有分意净界;这有分意净界也依心所依处色而生。再者,除眼识、耳识、鼻识、舌识、身识这五识之外,其余一切心路心都称为意识界;在具足五蕴的生存界中,这些意识界也依心所依处色而生。在五识之中,眼识依眼净色,耳识依耳净色,鼻识依鼻净色,舌识依舌净色,身识依身净色,各自生起。
သို့အတွက် ဟဒယဝတ္ထုဟူသည် မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ရုပ်သဘောတရားမျှသာ ဖြစ်၏။ ယင်းဟဒယဝတ္ထုရုပ်ကို ရှုပုံမှာ ဤသို့ ဖြစ်၏။
因此,所谓心所依处,只是称为意界、意识界的诸认知心依止而生的色法。观修这心所依处色,方法如下。
ဤအချိန်ပိုင်းတွင် (၆)ဒွါရလုံး၌ ကြည်သည့် ရုပ်ကလာပ်၊ မကြည်သည့် ရုပ်ကလာပ်တို့၌ ရုပ်သဘော တရား (၁ဝ)မျိုးစီ တွေ့အောင် ရှုပွားတတ်ပြီ ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဘဝင်မနောအကြည်ဓာတ် ကိုလည်း တွေ့ရှိနေမည်သာ ဖြစ်သည်။ အိမ်ရှင် ဘဝင်စိတ်သည်လည်း ကြည်၏၊ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပ၏။ (အံ-၁-၉။) သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အားလုံးတို့သည်လည်း ကြည်၏၊ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပ၏။ (အံ-၁-၂၅၈။) သို့အတွက် ယခုကဲ့သို့ ရုပ်တရား တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနေသော ရူပပရိဂ္ဂဟ ဘာဝနာစိတ်သည်လည်း ကြည် လင်သည်သာ ဖြစ်၏၊ ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် တောက်ပသည်သာ ဖြစ်၏။ စတုတ္ထစျာန်သမာဓိ သို့ တိုင်အောင် အဆင့်ဆင့် ရှုပွားထားသော အာနာပါနဿတိသမာဓိ ဘာဝနာစိတ်ကဲ့သို့သော သမထဘာဝနာ စိတ်သည်လည်း ကြည်လင်သည်သာ ဖြစ်၏၊ ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် တောက်ပသည်သာ
在这一阶段,已经能在六门中观见透明色聚与不透明色聚各自所含10种色法自性的瑜伽行者,也必然会看见有分意净界。作为“主人”的有分心也澄明,光芒闪烁、灿然照耀。(《增支部》1-9。)一切止修习心与观修习心也都澄明,光芒闪烁、灿然照耀。(《增支部》1-258。)因此,此刻正在把握诸色法、令智见抵达究竟的 ရူပပရိဂ္ဂဟ(把握色法)修习心,也必然澄明,光芒闪烁、灿然照耀。又如依次修至第四禅定的入出息念定修习心等止修习心,也必然澄明,光芒闪烁而——
ဖြစ်၏။ အလင်းရောင်ဟူသည် ရှေးအလင်းရောင်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု၊ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ဥတုဇ ရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်သည်။
——灿然照耀。所谓“光明”,正如前面“光明”一节所解释的,是止修习心与观修习心所生的每一个心生色聚中所含颜色界——色所缘——的光耀,以及由每一个这类心生色聚中所含的火界递次产生的每一个时节生色聚中所含颜色界——色所缘——的光耀。
原书第 637 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း (၆)ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်တို့ကို လှည့်လည်၍ ဓာတ်ခွဲလျက် သိမ်းဆည်း ရှုပွားနေသော ယော ဂါဝစရပုဂ္ဂိုလ်အဖို့ ယင်းကြည်လင်တောက်ပနေသော မနောဓာတ် မနောဝိညာဏဓာတ်တို့ကို တွေ့ရှိနေမည် သာ ဖြစ်သည်။ အကယ်၍ မနောဝိညာဏဓာတ်တို့ကို မတွေ့ပါက = သဘောမပေါက်ပါက မနောဒွါရ = ဘဝင် မနောကြည်ဓာတ်ကို သိမ်းဆည်းလျက် လက်ညှိုးတစ်ချောင်းကို ကွေးကြည့် ဆန့်ကြည့်ပါ။ မနောဒွါရကိုသာ စိုက်ရှုပါ၊ လက်ညှိုးကို မရှုပါနှင့်။ လက်ညှိုးကို ကွေးလို ဆန့်လိုသောစိတ်၊ ကွေးခြင်း ဆန့်ခြင်းကို ဖြစ်စေသော စိတ်ဟူသည့် မနောဝိညာဏဓာတ်တို့ကို တွေ့ရှိနိုင်ပါသည်။ ယင်းမနောဓာတ် မနောဝိညာဏဓာတ်တို့ကို ဉာဏ် ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအသိစိတ်တို့သည် အဘယ်ကို မှီ၍ ဖြစ်နေကြသနည်းဟု ဉာဏ်ဖြင့် တစ်ဆင့်တက်၍ စူးစမ်း ဆင်ခြင်ကြည့်ပါ။ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေပုံကို သဘောပေါက်အောင်
对于遍观六门中诸色聚、加以分析并把握、观修的瑜伽行者,那些澄净明亮的意界与意识界必然会被看见。如果未能看见——即未能理解——诸意识界,就先把握心门=有分意净界,再试着弯曲、伸直一根手指。只专注观照心门,不要观手指;这样便能看见想弯曲、伸直手指的心,以及使屈伸动作发生的心——这些意识界。已经以智看见这些意界、意识界的瑜伽行者,应进一步以智探究、思惟:“这些认知心依止什么而生?”为理解它们依心所依处而生的情形,应当——
ဉာဏ်ဖြင့် ရှုပါ။ ဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်တို့ကား မကြည်ကြပေ။ ဘဝတစ်လျှောက်တွင် အများဆုံး ဖြစ်နေသည့် အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်၏ အောက်တွင် တည်ရှိ၏။ ယင်းမနောဓာတ် မနောဝိညာဏ ဓာတ်တို့က ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေပုံကို မြင်အောင် ကြိမ်ဖန်များစွာ ရှုပါ။ ဘာဝနာစိတ်ကြောင့် တစ်နည်းဆိုရသော် ဘာဝနာသမာဓိနှင့် ယှဥ်တွဲ၍ ဖြစ်ပေါ်လာသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင် ခြည်စွမ်းအင်သည် အထူး အားကောင်းနေပါက မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့သည် ဟဒယဝတ္ထုကို မှီ၍ဖြစ်နေပုံကို သဘောပေါက်နိုင်ပါလိမ့်မည်။ ဟဒယဝတ္ထုရုပ်ကို သဘောပေါက်ပါက ယင်း ဟဒယဝတ္ထုရုပ်နှင့် အတူယှဥ်တွဲ ဖြစ်ပေါ်သွားကြသော ကလာပ်တူရုပ်များ ဖြစ်ကြသည့် ပထဝီ-အာပေါ-တေဇော -ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ-ဟဒယ ဟူသော ဟဒယဝတ္ထုရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။
——以智观照。含有心所依处的色聚都不透明,位于一生中最常生起的、作为“主人”的有分意净界之下。应反复观照,直到看见这些意界、意识界如何依止该心所依处色而生。由修习心——换言之,由与修习定相应而生之智——所生的光明能量若特别强,便能理解称为意界、意识界的诸认知心如何依止心所依处而生。理解心所依处色以后,应对与它俱起而同在一聚的诸色——巴利名项(缅文转写):“ပထဝီ-အာပေါ-တေဇော -ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ-ဟဒယ”,即地界、水界、火界、风界、颜色、香、味、食素、命根与心所依处色——这以心所依处色为第10法的10种究竟色法自性,以智逐一分别、分析而观照。
အကယ်၍ အောင်မြင်မှု မရခဲ့သော် ယင်းမနောအကြည်ဓာတ်၏ အောက်၌ တည်ရှိကြသော မကြည် သော ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကိုသာ ဉာဏ်ဖြင့် မြင်အောင် ကြိမ်ဖန်များစွာ ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အောင်မြင်မှု ရရှိလာသောအခါ ယင်းဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်နေကြသော ဥပါဒါရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တဖြည်းဖြည်း တစ်စ တစ်စ ရှုကြည့်ပါ။ ပထဝီ-အာပေါ-တေဇော- ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ ဟူသော (၉)မျိုးသော ရုပ်တရားတို့ကို တွေ့ရှိပါက ဟဒယဝတ္ထုကို ဆက် လက်၍ ရှာဖွေကြည့်ပါ။ နှလုံးအိမ်ဝယ် ဇီဝိတနဝကကလာပ် = ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်နှင့် ဘာဝဒသကကလာပ် = ဘာဝရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်တို့လည်း ရှိကြ၏။ ယင်းရုပ်ကလာပ် နှစ်မျိုးတို့လည်း မကြည်ကြပေ။ သို့သော် ဇီဝိတကား ပါဝင်လျက် ရှိ၏။ သို့အတွက် မကြည်သော ရုပ်ကလာပ်
如果未能成功,就反复以智只观见位于该有分意净界之下的不透明色聚中的四大种,加以把握,并以智分别。成功以后,再逐一增加,渐次观见依这四大种而生的所造色。若能看见巴利名项(缅文转写):“ပထဝီ-အာပေါ-တေဇော- ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ-ဇီဝိတ”,即地界、水界、火界、风界、颜色、香、味、食素、命根这9种色法,便继续寻找心所依处。心脏内也有命根九法聚=以命根为第9法的色聚,以及性根十法聚=以性根色为第10法的色聚;这两类色聚也不透明,但其中都有命根。因此,在不透明色聚中——
၌ ဇီဝိတသို့တိုင်အောင် (၉)မျိုးသော ရုပ်တရားတို့ကို ရှု၍ရနေပါက ဟဒယဝတ္ထုရုပ်ကို ဆက်လက်၍ ရှာဖွေ ကြည့်ပါ။ ထို ဇီဝိတ ပါဝင်တည်ရှိနေသော မကြည်သော ရုပ်ကလာပ်မှာ ဇီဝိတနဝကကလာပ်နှင့် ဘာဝဒသက ကလာပ် မဟုတ်ခဲ့လျှင် ဟဒယဒသကကလာပ် = ဟဒယဝတ္ထုရုပ်လျှင် (၁ဝ)ခုမြောက်ရှိသော ရုပ်ကလာပ်သာ ဖြစ်ပေသည်။ ထိုကလာပ်၌ ဟဒယဝတ္ထုကို ရှာဖွေတွေ့ရှိနိုင်ပေသည်။ ဟဒယဝတ္ထုဟူသည် ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရဘုံဝယ် မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော အသိစိတ်တို့၏ မှီရာသဘောမျှသာ ဖြစ်သည်၊ အမှီခံ ရုပ်သဘောမျှသာ ဖြစ်သည်။
——若已能一直观见到命根在内的9种色法,就继续寻找心所依处色。这个含有命根的不透明色聚若不是命根九法聚,也不是性根十法聚,就只能是心所依处十法聚=以心所依处色为第10法的色聚;可在该聚中找到心所依处。所谓心所依处,在具足五蕴的生存界中,只是称为意界、意识界的诸认知心之所依性质,只是作为所依的色法。
(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ
存在于六门的色聚
စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံ သ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။
“在眼门中,依眼十法聚、身十法聚、性根十法聚,共有30种业生色;而资助它们的时节生、心生、食生诸色有24种,所以合为54种。耳门、鼻门、舌门也同样。”
原书第 638 页
ကာယဒွါရေ ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။
“在身门中,依身十法聚、性根十法聚,以及时节生等诸色,共有44种色法;在心门中,依心所依处十法聚、身十法聚、性根十法聚,以及时节生等诸色,仍恰有54种色法。”
(ဝိသုဒ္ဓိ-၂-၂၅၉။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၂၅၉။)”(《清净道论》2-259。)
ဤအထက်ပါ နာမည်ကျော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ---- ၁။ စက္ခုဒွါရ ခေါ် မျက်စိ၌ ---- စက္ခုဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
正如上引的注释论书《清净道论》所开示的——一、在စက္ခုဒွါရ(眼门),即眼中,有巴利名项(缅文转写):“စက္ခုဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即眼十法聚、身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共6类色聚、54种色法。
၂။ သောတဒွါရ ခေါ် နား၌ ---- သောတဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
二、在သောတဒွါရ(耳门),即耳中,有巴利名项(缅文转写):“သောတဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即耳十法聚、身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共6类色聚、54种色法。
၃။ ဃာနဒွါရ ခေါ် နှာခေါင်း၌ ---- ဃာနဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
三、在ဃာနဒွါရ(鼻门),即鼻中,有巴利名项(缅文转写):“ဃာနဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即鼻十法聚、身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共6类色聚、54种色法。
၄။ ဇိဝှါဒွါရ ခေါ် လျှာ၌ ---- ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇ အဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး၊ ရုပ် အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။
四、在ဇိဝှါဒွါရ(舌门),即舌中,有巴利名项(缅文转写):“ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即舌十法聚、身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共6类色聚、54种色法。
၅။ ကာယဒွါရ ခေါ် ကိုယ်၌ ---- ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇ အဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး၊ ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြကုန်၏။
五、在ကာယဒွါရ(身门),即身体中,有巴利名项(缅文转写):“ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共5类色聚、44种色法。
၆။ မနောဒွါရ ခေါ် ဟဒယနှလုံး၌ ---- ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။ ဤသို့လျှင် (၆)ဒွါရတို့၌ ရုပ်ကလာပ် အမျိုးအစား အသီးအသီး ရုပ်အမျိုးအစား အသီးအသီး တည်ရှိကြသည်ဟု မှတ်ပါ။
六、在မနောဒွါရ(心门),即心脏中,有巴利名项(缅文转写):“ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဥတုဇအဋ္ဌကလာပ်၊ စိတ္တဇအဋ္ဌကလာပ်၊ အာဟာရဇအဋ္ဌကလာပ်”,即心所依处十法聚、身十法聚、性根十法聚、时节生八法聚、心生八法聚、食生八法聚,共6类色聚、54种色法。由此可知,六门各自都有相应类别的色聚与色法。
ဤ၌ ရုပ်ကလာပ် အမျိုးအစားသာ (၆)မျိုး (၅)မျိုးစသည်ဖြင့် ရုပ်အမျိုးအစားသာ (၅၄)မျိုး (၄၄)မျိုး စသည်ဖြင့် ရှိခြင်း ဖြစ်သည်။ တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား များစွာ ရှိနေမည်သာ ဖြစ်သည်။ မျက်စိ၌ စက္ခုဒသကကလာပ် တစ်မျိုး၊ ကာယဒသကကလာပ်တစ်မျိုး - ဤသို့စသည်ဖြင့် အမျိုးအစားသာ တစ်မျိုးဟု ဆိုခြင်း ဖြစ်သည်။ မျက်စိ၌ စက္ခုဒသက ကလာပ်ပေါင်းများစွာ၊ ကာယဒသက ကလာပ်ပေါင်းများစွာ ရှိကြ သည်သာဖြစ်သည်၊ ဤသို့ စသည်ဖြင့် (၆)ဒွါရလုံး၌ သဘောပေါက်ပါလေ။
这里所说的,只是色聚类别有6类、5类等,色法类别有54种、44种等;每一类的实际数量都很多。例如,眼中所说眼十法聚一类、身十法聚一类等等,是就类别而言各算一类;实际上眼中有许多眼十法聚,也有许多身十法聚。六门皆应依此理解。
အဘိဓမ္မာ ပညာဉာဏ် ရင့်သန်သူ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ဤမျှဆိုလျှင် မျက်စိ၌ ရုပ်မည်မျှ ရှိသည်၊ ရုပ်ကလာပ်မည်မျှ ရှိသည် စသည်ဖြင့် ပြောပြလိုက်သောအခါ လွယ်လွယ်ကူကူပင် သိရှိ နားလည် သွားကြ၏။ ရှုပုံစနစ်ကိုလည်း တစ်ကြိမ်တစ်ခါလောက် ပြောပြရုံမျှဖြင့် ရှုတတ်သွားကြ၏။
阿毗达磨学识成熟的贤善瑜伽行者,听到这些说明,便能轻易知道、理解眼中有多少种色法、有多少类色聚等;观修方法也只须讲解一次左右,便能掌握。
原书第 639 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း သို့သော် အဘိဓမ္မာအခြေခံပညာကို သင်ကြားမှု၌ အားပျော့သူ ယောဂါဝစရပုဂ္ဂိုလ်အချို့ကား ဤမျှဖြင့် သဘောမပေါက်နိုင် ရှိတတ်ကြ၏၊ မရှုပွားတတ် မသိမ်းဆည်းတတ် ဖြစ်နေတတ်ကြ၏။ အထူးသဖြင့် အဘိဓမ္မာ အခြေခံပညာကို လုံးဝ မသင်ဖူးသူ ယောဂါဝစရပုဂ္ဂိုလ်များနှင့် မြန်မာစာပေ၌လည်း ကျွမ်းကျင်မှု မရှိသူ ယောဂါဝစရပုဂ္ဂိုလ်များအဖို့ ရုပ်ကလာပ်များကို တစ်ခုစီ တစ်ခုစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ သိမ်းဆည်းရှုပွား ရန် သင်ပြပေးရသည်မှာ ပို၍ပင် အခက်အခဲများစွာ ရှိနေသည်ကို တွေ့ရှိရ၏။ ထိုသို့ အဘိဓမ္မာအခြေခံပညာ အားနည်းသူ ယောဂါဝစရပုဂ္ဂိုလ်များအတွက် အောက်ပါ ဇယားများကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။ စက္ခု ဒွါရ၌ ရုပ်ကလာပ် (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးတို့ကို ရှုပုံစနစ် သိမ်းဆည်းပုံစနစ်ကို သင်ပြပေးပြီးသော အခါ နား၌လည်း ထိုနည်းတူ ရှုပါ သိမ်းဆည်းပါ စသည်ဖြင့် သင်ပြပေးလိုက်သောအခါဝယ် နည်းတူ ရှုရန်
然而,有些瑜伽行者在阿毗达磨基础知识方面所受训练较弱,往往还不能仅凭上述说明理解,也不会观修、不会把握。尤其是从未学过阿毗达磨基础知识,且也不熟悉缅文读写的瑜伽行者,要教他们用智逐一分别、分析每一个色聚并加以把握、观修,实在困难得多。因此,为了阿毗达磨基础知识薄弱的瑜伽行者,下面再列出诸表。在眼门中教完6类色聚、54种色法的观修方法与把握方法以后,若只告诉他们:“在耳中也照同样方式观修、把握”等等,有些瑜伽行者竟连所谓照同样方式观修——
သိမ်းဆည်းရန်ကိုပင် သဘောမပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်များကိုလည်း တွေ့ရပြန်၏။ ထိုကဲ့သို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် စာပေနှင့် အလွန် အလှမ်းကွာဝေးလွန်းလှသော ကျေးလက် တောသား ကျေးလက်တောသူများ ဖြစ်တတ်ကြ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကား ရုပ်ကမ္မဋ္ဌာန်းဇယားများကို ထောက်ပြ၍ သင်ပြပေးပါမှ ပို၍ အသိဉာဏ် ရှင်းလင်းလာကာ ရှုကွက်ကိုလည်း ရှင်းရှင်းလင်းလင်း ရှုနိုင် ကြပေသည်။ သို့အတွက် (၆)ဒွါရဇယားများကို ဉာဏ်နုံ့သူ ယောဂါဝစရပုဂ္ဂိုလ်မြတ်တို့အတွက် ငဲ့ညှာ၍ ဖော် ပြရခြင်း ဖြစ်သည်။ ဉာဏ်ထက်မြက်သူ သူတော်စင်တို့အတွက်ကား ထိုဇယားများသည် အလိုမရှိအပ်သော အရာသာ ဖြစ်ပါလိမ့်မည်။
——、把握都不能理解。这类瑜伽行者多是离书本知识非常遥远的乡村男女。只有指着色业处诸表来教,他们的认识才会更清楚,也才能清清楚楚地观照各个应观处。因此,列出六门诸表,是为了体谅慧力较钝的贤善瑜伽行者;对于智慧敏锐的善士,这些表恐怕并非必需。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。