色法二十八种(之3)

色业处部分 · 原书第 596–621 页 · 221 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 596 页
၁။ နူးညံ့ခြင်းသည်လည်းကောင်း၊ ၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်း သည်လည်းကောင်း၊ ၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။
——1.柔软;2.在止修习与观修习的事务中,已准备妥当、堪任而适合从事相应的修习;3.明亮光耀,发出闪耀的光明。
၄။ ပျက်စီးခြင်းသဘောလည်း မရှိ။
4.并且不易毁坏。
၅။ အာသဝေါတရားတို့ ကုန်ရန် (အရဟတ္တမဂ်ဉာဏ် အလို့ငှာ) စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။
5.为了诸漏的穷尽(即为了阿罗汉道智)而善得定。
ရဟန်းတို့ …ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့် သည်လည်းကောင်း မီးကျီးဖိုကို ပြုစီရင်ပြီးလျှင် မီးကျီးဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကို ယူ၍ မီးကျီးဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေး၏၊ ရံဖန်ရံခါ လျစ်လျူ ရှု၏။
比丘们,譬如金匠或金匠的学徒砌好炭炉,点燃炉口,用钳子夹取黄金,放入炉口的坩埚中;然后有时吹风,有时洒水,有时任其静置。
ရဟန်းတို့ …ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဥ်တစိုက် မှုတ်နေငြားအံ့၊ ထိုရွှေသည် ပူလောင်ရာသော အကြောင်းရှိ၏။ (၁) ရဟန်းတို့ …ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဥ်တစိုက် ရေဖြင့် ဆွတ်ဖျန်းနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးရာသောအကြောင်း ရှိ၏။ (၂) ရဟန်းတို့ …ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဥ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်းရှိ၏။ (၃) ရဟန်းတို့ …ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို ရံဖန်ရံခါ မှုတ်၍ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပြီးလျှင် ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထိုရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း၊ (ထိုထို လက်ဝတ်တန်ဆာစသည်ကို) ပြုလုပ်ရန် သင့်လျော်ခြင်းသည်လည်းကောင်း၊
比丘们,若金匠或其学徒不断向那块金吹风,金便可能被烧得过热。(1)比丘们,若金匠或其学徒不断向那块金洒水,金便可能冷却。(2)比丘们,若金匠或其学徒一直任其静置,金便可能无法充分熟炼。(3)比丘们,当金匠或其学徒有时吹风、有时洒水、有时任其静置时,金便会柔软、堪任而适合制作各种首饰,并且——
ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်၏၊ ရွှေပြားဖြင့်ဖြစ်စေ၊ နားတောင်းဖြင့်ဖြစ်စေ၊ လည်ရွဲတန်ဆာဖြင့် ဖြစ်စေ၊ ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထိုအလိုရှိရာ အကျိုးကို လည်း ပြီးစေ၏။
——闪烁发亮;也不易毁坏,充分适合加工。若想把它制成金片、耳环、项链、金花串,或任何一种特别饰物,都能实现他所期望的结果。
ရဟန်းတို့ …ဤဥပမာအတူသာလျှင် လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်၊ ဝိပဿနာဉာဏ် ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရား (၃)မျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏။
比丘们,正如这个譬喻,反复努力修习殊胜的止修习心、观修习心的瑜伽行比丘,应当不时作意三种因相;这些相作为止的成因而称为止相,作为观智的成因而称为观相。
၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏။
1.应当不时作意称为定的因相。
၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏။
2.应当不时作意称为精进的因相。
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏။
3.应当不时作意称为舍的因相。
ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရ ရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိရာသော အကြောင်းရှိ၏။ (၁)
比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为定的因相,他的止修习心、观修习心便有趋向懒惰的可能。(1)
原书第 597 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် အားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်း ခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း ဥဒ္ဓစ္စဖြစ်ရာသော အကြောင်းရှိ၏။ (၂) ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ (၃) ရဟန်းတို့ …လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရရဟန်းသည် ---- ၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်း၍ ၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းပြီးလျှင်
比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为努力=精进的因相,他的止修习心、观修习心便有趋向散乱(掉举)的可能。(2)比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘,若片面地只作意称为舍的因相,他的止修习心、观修习心便可能无法为了诸漏的穷尽而善得定。(3)比丘们……反复培育、努力修习殊胜的止修习心、观修习心的瑜伽行比丘:1.有时作意称为定的因相;2.有时作意称为精进的因相;
၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းသောအခါ၌ ဘာဝနာစိတ်သည် ---- ၁။ နူးညံ့ခြင်းသည်လည်းကောင်း၊ ၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်း သည်လည်းကောင်း၊ ၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။
3.有时作意称为舍的因相。当他如此作意时,修习心便:1.柔软;2.在止修习与观修习的事务中,已准备妥当、堪任而适合从事相应的修习;3.明亮光耀,发出闪耀的光明。
၄။ ပျက်စီးခြင်းသဘောလည်း မရှိ။
4.并且不易毁坏。
၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်နေ၏။
5.为了诸漏的穷尽而善得定。
ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုရန် စိတ်ကို ရှေးရှု ညွတ်စေ၏။ ရှေးဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီအကြောင်းတရားနှင့် ယခုဘဝ၌ ဖြည့်ဆည်းပူးအပ်သော အဘိညာဏ်၏ အခြေခံ ပါဒကဖြစ်သော စျာန်စသော အကြောင်းတရားသည် ထင်ရှား ရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေထိုက်သည်၏ အဖြစ်သို့ (ဣဒ္ဓိဝိဓအဘိညာဏ် စသည် ဝိပဿနာ ဉာဏ် မဂ်ဉာဏ်စသည်သို့) လည်း ရောက်ရှိနိုင်၏။
他把心导向、倾注于任何一种可由胜智现证的法,以便以胜智知之、现证之。若往昔所修的波罗蜜因缘,以及今生所成就、作为神通所依的基础禅等因缘已经现前,他便能在相应的所愿之处成为有能力亲证者(如神变通等诸神通、观智、道智等)。
''ငါသည် များပြားသော တန်ခိုး ဖန်ဆင်းခြင်းကို ခံစားလို၏။ ပ ။
“我希望体验种种神通变化。……”
(အဘိညာဏ် (၆)ပါးတို့ကို အကျယ် ချဲ့အပ်ကုန်၏။) အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အာသဝေါတရား မရှိသော ကိလေသာတို့မှ လွတ်မြောက်သော စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံကပ်ရောက်၍ နေလို၏''- ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းတရား ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည်၏ အဖြစ်သို့ (ဣဒ္ဓိဝိဓ အဘိဉာဏ် စသည် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသည်သို့) ရောက်ရှိနိုင်၏ - ဟု မိန့်တော်မူ၏။ (အံ-၁-၂၅၈-၂၆ဝ။) ဤကား အဓိစိတ္တသုတ္တန်တည်း။
〔六神通应逐一展开。〕“我愿由于诸漏灭尽,就在现法中,以自己的胜智了知、现证并具足安住于无漏、从烦恼解脱的心解脱与慧解脱——即阿罗汉果。”如果他有这样的愿望,只要(基础)因缘具足,他便能于相应的所愿之处成为有能力亲证者(如神变通等诸神通,以及观智、道智、果智等)。佛陀如此宣说。(《增支部》1-258—260。)以上就是《增上心经》。
原书第 598 页
၉။ အနုတ္တရသီတိဘာဝ သုတ္တန်
九、《无上清凉经》(Anuttarasītibhāva Sutta)
ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် ဒုတိယပဏ္ဏာသကသီတိဝဂ်၌ သီတိဘာဝသုတ္တန် အမည် ဖြင့် လာရှိပေသည်။ ထိုသုတ္တန်၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်၏။
本经见于《增支部·六集·第二五十篇·清凉品》,在其中名为《清凉经》(Sītibhāva Sutta)。该经的缅文译文如下。
ရဟန်းတို့ …တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။ အဘယ် (၆)မျိုးတို့နည်းဟူမူ ---- ရဟန်းတို့ …ဤသာသနာတော်၌ ရဟန်းသည် ---- ၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်) သောအခါ စိတ်ဓာတ်ကို မနှိမ့်ချ (မနှိပ်ကွပ်)။
“诸比丘……具足6种法的比丘,不堪现证无上清凉境界——涅槃。是哪6种呢?诸比丘,在此教法中,比丘:1.应当抑制心时,不抑制心。
၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သောအခါ၌ စိတ်ဓာတ်ကို မချီးမြှောက်။
2.应当提振心时,不提振心。
၃။ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေသင့်သောအခါ၌ စိတ်ဓာတ်ကို မရွှင်လန်း မတက်ကြွစေ။
3.应当使心欢悦振奋时,不使心欢悦振奋。
၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ဓာတ်ကို လျစ်လျူ မရှု။
4.应当对心保持中舍时,不对心保持中舍。
၅။ ဟီနာဓိမုတ္တိက = နှလုံးသွင်းလည်း ယုတ်ညံ့၏။
5.志向低劣(hīnādhimuttika)。
၆။ သက္ကာယာဘိရတ = ခန္ဓာ (၅)ပါး သက္ကာယတရား၌လည်း မွေ့လျော်၏။
6.乐著于有身(五蕴)(sakkāyābhirata)。
ရဟန်းတို့ …ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။
诸比丘……具足这6种法的比丘,不堪现证无上清凉境界——涅槃。
ရဟန်းတို့ …တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏။ အဘယ် (၆)မျိုးတို့နည်းဟူမူ ---- ရဟန်းတို့ … ဤသာသနာတော်၌ ရဟန်းသည် ---- ၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်) သောအခါ၌ စိတ်ဓာတ်ကို နှိမ့်ချ၏ (နှိပ်ကွပ်၏)။
诸比丘……具足6种法的比丘,堪能现证无上清凉境界——涅槃。是哪6种呢?诸比丘,在此教法中,比丘:1.应当抑制心时,便抑制心。
၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သောအခါ၌ စိတ်ဓာတ်ကို ချီးမြှောက်၏။
2.应当提振心时,便提振心。
၃။ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေသင့်သောအခါ၌ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေ၏။
3.应当使心欢悦振奋时,便使心欢悦振奋。
၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ဓာတ်ကို လျစ်လျူရှု၏။
4.应当对心保持中舍时,便对心保持中舍。
၅။ ပဏီတာဓိမုတ္တိက = နှလုံးသွင်းလည်း မွန်မြတ်၏။
5.志向胜妙(paṇītādhimuttika)。
၆။ နိဗ္ဗာနာဘိရတ = နိဗ္ဗာန်၌လည်း မွေ့လျော်၏။
6.欣乐涅槃(nibbānābhirata)。
ရဟန်းတို့ …ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ - ဟု မိန့်တော်မူ၏။ (အံ-၂-၃၇၉။)
诸比丘……具足这6种法的比丘,堪能现证无上清凉境界——涅槃。”佛陀如是说。(《增支部》2-379。)
ဆိုလိုရင်း သဘောတရား
所说的含义
၁။ လွန်စွာ ကြိုးစားအားထုတ်ခြင်း စသည့် အကြောင်းတရားတို့ကြောင့် ဝီရိယလွန်၍ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ ဖြစ်ခဲ့သော် သမာဓိကို ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို နှိမ့်ချပေးရမည် နှိပ်ကွပ်ပေးရမည်။
1.如果由于过度努力等原因,精进过强而使心生起掉举、向外散乱,就应当通过建立定来抑制心,使心平静下来。
၂။ ကြိုးစားအားထုတ်မှု ဝီရိယ လျော့လွန်းခြင်းစသည့် အကြောင်းတရားတို့ကြောင့် ကမ္မဋ္ဌာန်းအာရုံ၌ တွန့် ဆုတ်နေသော စိတ်ဓာတ်ကို ပျင်းရိခြင်း ကောသဇ္ဇဘေးမှ စောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် ကြိုးစား အားထုတ်ခြင်း ဝီရိယဖြင့် စိတ်ဓာတ်ကို ချီးမြှောက်ပေးရမည်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။
2.如果由于精进过于薄弱等原因,心从业处所缘退缩,就应以精进保护它,使它不落入懈怠的危险;也就是以努力精进来提振、提升这颗心。
原书第 599 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃။ ဘာဝနာလမ်းကြောင်းပေါ်၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေသောအခါ ထိုညီမျှနေသော စိတ်ဓာတ် ကို ပညာဖြင့် နှစ်သက်ရွှင်လန်းစေရမည် ထက်မြက်စေရမည်။ နောက်တစ်မျိုးကား - ဘာဝနာစိတ်နှင့် ယှဥ်တွဲနေသော ပညာ၏ အားနည်းမှုကြောင့်လည်းကောင်း (ဤအပိုင်းကား ဓာတ်ကြီး (၄)ပါးကို ရှုပွား နေသည့် အပိုင်းဖြစ်သဖြင့် ဓာတ်ကြီး (၄)ပါးကို ရှုပွားသုံးသပ်နေသော ဘာဝနာစိတ်နှင့် ယှဥ်တွဲနေသော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝ သတ္တိကို ထိုးထွင်းသိနေသော ပညာ၏ အားနည်းမှုကြောင့် လည်းကောင်း)၊ ဥပသမသုခဟူသော ကိလေသာ ငြိမ်းအေးမှု ချမ်းသာသုခကို မရရှိခြင်းကြောင့်လည်း- ကောင်း ကမ္မဋ္ဌာန်းအာရုံပေါ်၌ သာယာမှုကင်းနေသော စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပြေးဝင်မှု မရှိ ဖြစ်နေအံ့ -- ထိုအခါမျိုး၌ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ အပါယ်ဒုက္ခ စသည့် သံဝေဂ
3.当心在修习之道上处于平衡时,应以慧令这颗平衡的心喜悦、振奋而敏锐。还有另一种情形:由于与修习心相应的慧力薄弱(本节修习的是四大种,所以这里所说的是:与辨识四大种的修习心相应、能够洞察四大种究竟法之自性力的慧,其力量薄弱),或者由于尚未获得称为寂止之乐(upasama-sukha)的烦恼止息之乐,心对业处所缘失去欣悦,不愿投入修习;此时,应当对生苦、老苦、病苦、死苦、恶趣苦等能作为悚惧智所依的事——
ဉာဏ်၏ တည်ရာဝတ္ထုတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သမာဓိကို ပြန်လည် ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေရမည်။
——以智慧加以思惟,再通过重新建立定,使心欢悦振奋起来。
၄။ အကြင် အခါ၌ကား စိတ်ဓာတ်သည် တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ကမ္မဋ္ဌာန်းအာရုံ၌ သာယာဖွယ်ကင်းသည်လည်း မဟုတ်၊ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေ၏၊ ကောင်း စွာသာလျှင် ဘာဝနာလမ်းကြောင်းပေါ်သို့ သက်ဝင်တည်နေ၏၊ ထိုအခါမျိုး၌ စိတ်ဓာတ်ကို ချီးမြှောက် ခြင်း (= စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း)၊ စိတ်ဓာတ်ကို နှိမ့်ချခြင်း (= စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း)၊ စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေခြင်းတို့တွင် တစ်စုံတစ်ခုသော ဗျာပါရကိုမျှ မပြုလုပ်တော့ဘဲ အညီ အမျှ ပြေးသွားနေသော အာဇာနည်မြင်းတို့အပေါ်၌ လျစ်လျူရှုနေသော ရထားထိန်းကဲ့သို့ ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွားများခြင်းဖြင့် လျစ်လျူ ရှုရမည်။ (အံ-ဋ္ဌ-၃-၁၄ဝ။ အံ-ဋီ-၃-၁၄၆ - ကြည့်။)
4.有时,心既不退缩,也不散乱,对业处所缘也并非没有欣悦,而是在业处所缘上保持平衡,善好地进入并安住于修习之道;此时,不再为提振心(=提升心势)、抑制心(=压低心势)或使心欢悦振奋中的任何一项操劳,而应当像御者对均衡并进的良种骏马保持中舍那样,通过培育舍觉支而对心保持中舍。(参见《增支部义注》3-140;《增支部复注》3-146。)
ပဏီတာဓိမုတ္တိက
志向胜妙(paṇītādhimuttika)
ပဏီတာဓိမုတ္တိကောတိ ပဏီတေ ဥတ္တမေ မဂ္ဂဖလေ အဓိမုတ္တော နိန္နပေါဏပဗ္ဘာရော။ (အံ-ဋီ-၃-၁၄၆၊၊) နိဗ္ဗာနာဘိရတ-ပုဒ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၌ ညွတ်ကိုင်းရှိုင်းမှုကို ဟောထားတော်မူသဖြင့် ဤ ပဏီတာဓိမုတ္တိက-ပုဒ်ဖြင့် မွန်မြတ်သော မဂ်-ဖိုလ် တရားတော်မြတ်၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းမှု ဖြစ်ကြောင်း ကို ဋီကာဆရာတော်က ဖွင့်ဆိုထားပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်တို့၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်း နေသော စိတ်ထားကား အမြဲတမ်း ရှိနေရမည်သာ ဖြစ်ပေသည်။
“所谓‘志向胜妙者’,是指决意于胜妙、至上的道与果,心向它们倾斜、趋向、归向的人。”(《增支部复注》3-146。)由于“欣乐涅槃”(nibbānābhirata)一词已经宣说向涅槃这一殊胜法倾心归向,复注作者因而把“志向胜妙”(paṇītādhimuttika)解释为:心决意并倾向胜妙的道、果之法。因此,渴望涅槃的尊贵瑜伽行者,必须始终怀有决意并倾向道智、果智与殊胜涅槃之心。
၁ဝ။ ဗောဇ္ဈင်္ဂသုတ္တန် (အဂ္ဂိသုတ္တန်) (သံ-၃-၉၈-၁ဝဝ။)
十、《觉支经》(《火经》)(《相应部》3-98—100。)
ဤသုတ္တန်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် စာမျက်နှာ (၉၈-၉၉-၁ဝဝ။) သုတ္တန်နံပါတ် (၂၃၄)၌ အဂ္ဂိသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၁၂၇)စသည်တို့၌ နိမိတ္တကောသလဒ ဘာဝနာကောသလဒပိုင်းတို့တွင်လည်း ဤအဂ္ဂိသုတ္တန်ကိုပင် ဆောင်၍ ရှင်းပြထားပေသည်။
本经见于《相应部·大品》的《觉支相应》,载于巴利圣典第98—100页,经号234,题名《火经》(Aggi Sutta)。《清净道论》义注第1册第127页等处,在善巧于相与修习善巧的部分,也正是引述这部《火经》来作解释。
ဤအဂ္ဂိသုတ္တန်၏ ဆိုလိုရင်းအချက်မှာ ဤသို့ ဖြစ်၏။
这部《火经》所说的要点如下。
ကြိုးစားအားထုတ်မှု လုံ့လဝီရိယ အလွန်လျော့နေခြင်း၊ ဘာဝနာလုပ်ငန်းခွင်၌ ဝမ်းမြောက်မှု မဖြစ်ခြင်း၊ သံဝေဂဉာဏ် နည်းပါးခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်တို ဆုတ်နစ်သောအခါ၌ - ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ မဟုတ်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများရန်အခါ ဖြစ်သည်။
当精进过于松弛、修习中不生喜悦、悚惧智薄弱等原因,使修习心从修习所缘退缩、低沉时,不是培育轻安觉支、定觉支、舍觉支的时候,而是培育择法觉支、精进觉支、喜觉支的时候。
原书第 600 页
ဝီရိယ လွန်ကဲနေခြင်း၊ ဘာဝနာမှု၌ ဝမ်းမြောက်မှု များနေခြင်း၊ သံဝေဂဉာဏ် အဖြစ်များနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ် ပျံ့လွင့်နေသောအခါ၌ - ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ မဟုတ်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တို့ကို ပွားများရန် အခါ ဖြစ်ပေသည်။ ဤကား ဆိုလိုရင်းတည်း။
当精进过强、修习中的喜悦过盛、悚惧智过强等原因,使修习心散乱时,不是培育择法觉支、精进觉支、喜觉支的时候,而是培育轻安觉支、定觉支、舍觉支的时候。这就是其要义。
အကျယ်ကို ရှေး အာနာပါနဿတိသမာဓိပိုင်းတွင် ရေးသားခဲ့ပြီး ဖြစ်သည်။ ထိုအပိုင်းတွင် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဗောဇ္ဈင်တရား (၇)ပါး ညီမျှအောင် ကျင့် ပုံကို ဦးတည်၍ ဖော်ပြခဲ့၏။ ဤအပိုင်းတွင်ကား ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ ဗောဇ္ဈင်တရား (၇)ပါးကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် နိမိတ္တသုတ္တန် အနုတ္တရသီတိ- ဘာဝသုတ္တန် အဂ္ဂိသုတ္တန် ဟူသော ဤသုတ္တန် (၃)မျိုးတို့၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားထားတော် မူချက်များအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။
详细内容已在前面的入出息念定一节写过。该节着重说明:以极其清澈明亮的入出息似相(ānāpāna-paṭibhāga-nimitta)为所缘,修习使七觉支达到平衡。本节则应以四大种的究竟法自性力为所缘,修习使七觉支达到平衡。尤其应当依照《相经》(Nimitta Sutta)、《无上清凉经》(Anuttarasītibhāva Sutta)与《火经》(Aggi Sutta)这3部经中佛陀的教导,修习使精进与定达到平衡。
ဣရိယာပထ နှင့် သမ္ပဇည ရှုကွက်
威仪与正知的观法
ယံကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနဿေဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၂၇၆။) ကမ္မဋ္ဌာန်းမှန်သမျှသည် သတိသမ္ပဇဥ် ဉာဏ်ယှဥ်မှသာလျှင် ပြည့်စုံနိုင်သည့် သဘောရှိ၏။ သို့အတွက် ဤအပိုင်းတွင် ဣရိယာပထရှုကွက် သမ္ပဇဥ်ပိုင်းဆိုင်ရာ ရှုကွက်များလည်း အထူး လိုအပ်လာပြီ ဖြစ်ပေသည်။
“任何业处,唯有具念与正知者方能成就。”(《清净道论》1-276。)凡是业处,唯有与念及正知智相应,方能圆满。因此,在本节中,威仪方面的观法与正知方面的观法也变得格外必要。
အာနာပါနဖြင့် သမာဓိထူထောင်ခိုက်၌ကား ဂေါစရသမ္ပဇဥ်နှင့် ပြည့်စုံရေးအတွက် သွား-ရပ်-ထိုင်-လျောင်း ဣရိယာပထနှင့် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ စသည့် သမ္ပဇဥ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ အာနာပါန ကမ္မဋ္ဌာန်းပိုင်းကိုပင် မလွတ်တမ်း ရှုပွားနေရဦးမည် ဖြစ်သည်။ ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိတတ်သည့် အသမ္မောဟသမ္ပဇဥ်ဉာဏ်နှင့် မပြည့်စုံသေးသည့်အတွက် အသမ္မောဟသမ္ပဇဥ် ဉာဏ်ကို မရရှိသေးသည့်အတွက် ဂေါစရသမ္ပဇဥ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်ပေသည်။
以入出息建立定时,为了具足行处正知,在行、住、坐、卧这些威仪,以及前进、返回等正知方面的观法中,仍须始终不离入出息业处而观修。因为尚未具足能如实穿透知见色、名直到究竟层次的不痴正知智,尚未获得不痴正知智,所以必须努力具足行处正知。
အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် အောင်မြင်စွာ သမာဓိထူထောင်နိုင်ပြီးသည့် အတွက် ဂေါစရသမ္ပဇဥ်နှင့် ပြည့်စုံပြီးရာ ယခုအခါ၌ အသမ္မောဟသမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံအောင် ဆက်လက် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ယခုအပိုင်းကား ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်း ရှုပွားနေသည့် ဓာတုမနသိကာရ ပဗ္ဗပိုင်းပင် ဖြစ်သည်။ ထိုတွင် ယခုအခါ ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိထူထောင်ခိုက်သာ ဖြစ်သေးသည်။
既已成功地把入出息业处的定建立到第四禅定,行处正知也就已经具足;现在则必须继续努力,使不痴正知智得以具足。本节正是作意、观修四大种的“界作意品”。不过,此刻仍只是取四大种的究竟法自性力——自性特相——为所缘而建立定。
သို့အတွက် ထိုင်ခိုက်၌ ဓာတ်တစ်ပါးမျှကိုသာ ရှုနိုင်သေးပါက သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာ ပထပိုင်းနှင့် ရှေ့သို့ တက်ရာ၊ နောက်သို့ ဆုတ်ရာ၊ တည့်တည့်ကြည့်ရာ၊ စောင်းငဲ့ကြည့်ရာ၊ ကွေးရာ၊ ဆန့်ရာ၊ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၊ စားရာ၊ သောက်ရာ၊ ခဲရာ၊ လျက်ရာ၊ ကျင်ကြီးစွန့်ရာ၊ ကျင်ငယ် စွန့်ရာ စသည့် သမ္ပဇဥ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်တစ်ပါးကိုပင် ရှုနေပါ။
因此,坐着时若还只能观照一界,那么在行、住、坐、卧的威仪,以及前进、返回、向前直视、向旁侧视、屈、伸、持僧伽梨、钵与衣、食、饮、嚼、尝、大便、小便等正知方面的观法中,也都只观照这一界。
အကယ်၍ တဖြည်းဖြည်း တိုးတက်လာသဖြင့် ထိုင်ခိုက်၌ ဓာတ် (၄)ပါးလုံးကို ရှုနိုင်ပါက ဣရိယာပထ ပိုင်းဆိုင်ရာ သမ္ပဇဥ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်ကြီး (၄)ပါးကိုပင် ရှုနေပါ။ သို့မှသာလျှင် သမာဓိ စွမ်းအင်သည် ပိုမို၍ စူးရှထက်မြက်လာမည် ဖြစ်သည်။ ရှေးရှေးသော ဘာဝနာစိတ်၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံရသော နောက်နောက်သော ဘာဝနာစိတ်သည် ထက်မြက် ရဲရင့် သန့်ရှင်းလာကာ စွမ်းအင်များ ပြည့်ဝလာမည် ဖြစ်သည်။
若随着逐步进展,坐着时已能观照全部四界,那么在威仪与正知方面的观法中,也应观照四大种。唯有这样,定力才会愈加锐利。后一后修习心承接前一前修习心以重复缘所给予的资助势力,便会愈加敏锐、勇健、清净,力量充盈。
原书第 601 页
သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သမာဓိကို ထူထောင်ပါ
以自性特相为主建立定
ဤအပိုင်းကား ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သမာဓိကို ထူထောင် ရမည့် အပိုင်း ဖြစ်ပေသည်။
本节正是只应优先取四大种的自性特相来建立定的部分。
၁။ ပထဝီဓာတ် ---- နည်းနည်း မာမှုကို ပျော့သည်ဟု သုံးနှုန်း၍ များများ မာမှုကို မာသည်ဟု သုံးနှုန်းခြင်း ဖြစ်၏။ နည်းနည်း ကြမ်းမှုကို ချောသည်ဟု သုံးနှုန်း၍ များများ ကြမ်းမှုကို ကြမ်းသည်ဟု သုံးနှုန်းခြင်း ဖြစ်၏။ မာမှု ကြမ်းမှု ထင်ရှားလျှင် လေးမှုလည်း ထင်ရှားလာတတ်၏။ နည်းနည်း လေးမှုကို ပေါ့သည်ဟု သုံးနှုန်း၍ များများ လေးမှုကို လေးသည်ဟု သုံးနှုန်းခြင်း ဖြစ်၏။ သို့အတွက် ပထဝီဓာတ်ဝယ် မာ- ကြမ်း-လေး ဟူသော သဘာဝလက္ခဏာသာ လိုရင်း ဖြစ်သည်။ ထိုတွင်လည်း မာမှုသာ လိုရင်း ဖြစ်၏။
一、地界:坚硬性少时称为柔软,坚硬性多时称为坚硬;粗糙性少时称为平滑,粗糙性多时称为粗糙。坚硬性与粗糙性明显时,沉重性通常也会明显。沉重性少时称为轻盈,沉重性多时称为沉重。因此,地界的要点只是坚硬性、粗糙性、沉重性;其中又以坚硬性为最主要。
မာမှု ထင်ရှားပါက ကြမ်းမှု-လေးမှုတို့လည်း ပူးတွဲ၍ ထင်ရှားလာသည်သာ ဖြစ်ပေသည်။
坚硬性一旦明显,粗糙性与沉重性也必会一同明显。
၂။ အာပေါဓာတ် ---- ဘိလပ်မြေမှုန့်များကို ရေအနည်းငယ်ဖြင့် ဖျော်စပ်လိုက်သောအခါ တွဲ၍ ခဲသွားမည်။
二、水界:把水泥粉与少量的水调和时,水泥便会黏在一起并凝结。
ဖွဲ့စည်းမှု အားများလာမည် ဖြစ်၏။ ဘိလပ်မြေမှုန့် အနည်းငယ်ကို ရေများများဖြင့် ဖျော် စပ်လိုက်ပါက စီးဆင်းသွားမည် ဖြစ်၏၊ ယိုစီးမှု အားများလာမည် ဖြစ်သည်။ သို့အတွက် အနည်းငယ် ယိုစီး စိမ့်ဝင်မှုကို ဖွဲ့စည်းသည်ဟု သုံးစွဲ၍ များများယိုစီးမှုကို ယိုစီးသည်ဟု သုံးစွဲခြင်း ဖြစ်၏။ ထိုကြောင့် အာပေါဓာတ်၌ ယိုစီးမှုသာ လိုရင်းပဓာန ဖြစ်၏။
黏结的力量会增强。若把少量水泥粉与大量的水调和,便会流淌,流动的力量会增强。因此,少量的流淌、渗入称为黏结,大量的流淌则称为流动。所以,水界以流动性为最主要。
၃။ တေဇောဓာတ် ---- အနည်းငယ် ပူမှုကို အေးသည်ဟု သုံးစွဲ၍ များများ ပူမှုကို ပူသည်ဟု သုံးစွဲခြင်း ဖြစ်၏။ အပူရှိန် လျော့မှုနှင့် အပူရှိန် လွန်ကဲမှုသာဖြစ်သည်။ သို့အတွက် တေဇောဓာတ်၌လည်း ပူမှုသာ လိုရင်းပဓာန ဖြစ်သည်။
三、火界:热性少时称为冷,热性多时称为热;其实只是热力减弱与热力过强而已。因此,火界也以热性为最主要。
၄။ ဝါယောဓာတ် ---- ပြိုတော့မည် အိမ်တစ်အိမ်ကို မပြိုအောင် ကျားခေါ်သည့် သစ်သားချောင်း သို့မဟုတ် ဝါးဖြင့် ထောက်ထားလိုက်သော် ထိုအိမ်သည် ဆက်လက်၍ မပြိုတော့ဘဲ မယိုင်လဲတော့ဘဲ ငြိမ်သွား၏။
四、风界:一座将要倒塌的房屋,若用称作斜撑的木杆或竹竿撑住,便会继续保持不倒、不倾,稳定下来。
ထောက်ကန်မှုဟူသည် မယိုင်လဲအောင် တွန်းထားသည့် စွမ်းအင် တစ်မျိုးသာ ဖြစ်သည်။ အရာဝတ္ထု တစ်ခုကို လှုပ်သွားအောင် နေရာရွေ့သွားအောင် ပြုလုပ်ပေးလိုက်သော စွမ်းအင်တစ်မျိုးကိုလည်း တွန်း ကန်သည်ဟုပင် ခေါ်ဆိုပြန်၏။
所谓支持,不过是一种施力推动、使其不致倾倒的能量。使某件物体动起来、移换位置的那种能量,也同样称为推动。
အရာဝတ္ထုတစ်ခုကို ပင်ကိုယ်အတိုင်း တည်နေအောင် ငြိမ်နေအောင် ထိန်းထားသော စွမ်းအင်ကို ထောက်ကန်သည်ဟု ခေါ်ဝေါ်သုံးစွဲ၍ အရာဝတ္ထုတစ်ခုကို လှုပ်အောင် ရွေ့အောင် ပြုလုပ်ပေးနေသော စွမ်းအင် ကို တွန်းကန်သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်၏။ ထိုတွင် ထောက်ကန်မှုမှာ ဝါယောဓာတ်၏ ပင်ကိုယ် သဘာဝ လက္ခဏာ ဖြစ်၏။ တွန်းကန်မှုမှာ ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရသ ဖြစ်၏။ ပရမတ္ထဓမ္မသဘာဝတိုင်း၌ ကိုယ်ပိုင်သဘာဝလက္ခဏာရှိသကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းကိစ္စရပ်လည်း များသောအားဖြင့် ရှိမြဲဓမ္မတာပင် ဖြစ်၏။
维持某件物体原有状态、使它静止不动的能量称为支持;使某件物体发生运动、移换位置的能量称为推动。其中,支持性是风界本具的自性特相,推动则是风界所执行的作用。每一种究竟法自性,既有自身的自性特相,通常也有自身的作用。
သို့အတွက် ထောက်ကန်မှု သဘာဝလက္ခဏာစွမ်းအင်ကို ဦးစားပေး၍ ရှုနေပါက တွန်းကန်မှု စွမ်းအင်ကိုပါ ပူးတွဲ သိရှိလာနိုင်သည်သာ ဖြစ်သည်။
因此,若优先观照支持性这一自性特相的能量,推动的能量也能随之一同被知见。
သို့အတွက် ဓာတ်ကြီး (၄)ပါးဖြင့် သမာဓိထူထောင်နေသည့် ယခုကဲ့သို့သော အပိုင်းတွင် ---- ၁။ ပထဝီဓာတ်၌ မာမှု-ကြမ်းမှု၊ ၂။ အာပေါဓာတ်၌ ယိုစီးမှု၊ ၃။ တေဇောဓာတ်၌ ပူမှု၊ ၄။ ဝါယောဓာတ်၌ ထောက်ကန်မှု ----
因此,在现今这个以四大种建立定的阶段:一、地界取坚硬性、粗糙性;二、水界取流动性;三、火界取热性;四、风界取支持性——
原书第 602 页
ဤသဘာဝလက္ခဏာတို့ကိုသာ ဦးစားပေး၍ ရှုပါ။ ယင်းသဘာဝလက္ခဏာတို့ကိုသာ အာရုံယူ၍ သမာဓိ ထူထောင်ပါ။ ယင်းသဘာဝလက္ခဏာ အသီးအသီးကိုပင် အာရုံယူ၍ - ပထဝီဓာတ် အာပေါဓာတ် တေဇော ဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနေပါ။ ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။
——应当唯独优先观照这些自性特相,只取这些自性特相为所缘而建立定。只取各个自性特相为所缘,以“地界、水界、火界、风界”反复多次地观照。让修习心寂静地贴住四界所缘。
ဣန္ဒြေ (၅)ပါး ညီမျှအောင်၊ ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ဝီရိယနှင့် သမာဓိ ညီမျှအောင် လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ခဲ့သော် ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပါသည်။ ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ကပ်နေပါစေ၊ နှစ်နာရီ ငြိမ်ကပ်နေပါစေ စသည်ဖြင့် အဓိဋ္ဌာန် ပြု၍ ထိုင်ပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီး ပျောက်သွား၍ ဓာတ်ကြီး (၄)ပါး အစုအပုံ အတုံးအခဲကြီးကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေမည် ဖြစ်သည်။ ထိုအခါ၌ ယင်းဓာတ်ကြီး (၄)ပါးကိုပင် အာရုံယူ၍ သမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်ပါ။
训练使五根平衡、七觉支平衡,也使精进与定平衡。如此训练,修习心通常就会寂静地贴住四界所缘而安住。坐禅时应立愿:“愿修习心安静地贴住四界所缘一小时;愿它安静地贴住两小时”等等,如此作决意而坐禅。定力强盛时,整个身体的形相会从知见中消失,只以智见到四大种的大聚块。那时仍应取这四大种为所缘,继续把定建立得坚固。
ဥပစာရစျာန်
近行禅
တဿေဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏ- တ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၃၄၇။) ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံ ယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနိ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စ- နီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ စာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ''ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ။
巴利《清净道论》及《大复注》引文(缅文转写,续下单元):“တဿေဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏ- တ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၃၄၇။) ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံ ယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနိ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စ- နီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ စာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ''ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ။”译:“如此精进者,不久便生起一种定:它由照明诸界差别的慧所摄持;又因为以自性法为所缘,所以未达到安止,只是近行。”(《清净道论》1-347。)又,如此调平精进之后,只在同一特相上持续作意者,当信等诸根获得平衡、极为清净地转起时,寻等禅支便受到七种力量的支助;这七种力量因远离不信等法而达到格外强盛,禅支也就变得更加敏锐而显现。由于诸盖与这些禅支直接相违,诸盖连同与诸盖同一立足处的恶法都只被镇伏。至此,他便已获得以诸界特相为所缘的近行禅。因此才说:“一再反复作意地界、水界……”——
ပ ။ ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတီ''တိ။ (မဟာဋီ-၁-၄၃၅။) အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း သဘောတရားမှာ ဤသို့ ဖြစ်၏။
“——……(中略)……仅属近行的定便生起。”(《大复注》1-435。)以上义注与复注的旨趣如下。
ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယ၊ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှုဟူသော သမာဓိသည် ရှိ၏။ ဤဝီရိယနှင့် သမာဓိ နှစ်ပါးကို ညီမျှအောင် ယှဥ်စေ ဖြစ်စေ၍ ထို ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်းမှု မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေတတ်သော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် အကြင်အခါ၌ ---- ၁။ ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ သမာဓိထူထောင်နေသော သမာဓိသိက္ခာ = သမာဓိကျင့်စဥ်နှင့် ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ထိုးထွင်းသိနေသော ပညာသိက္ခာ = ပညာကျင့်စဥ်ဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းဘာဝနာ လုပ်ငန်းရပ်၌ ယုံကြည်မှု သဒ္ဓါတရားတည်းဟူသော သဒ္ဓိန္ဒြေ၊
这里有:努力如实知见四大种自性特相的精进;努力使修习心寂静地贴住四大种自性特相所缘而安住的精进;以及修习心寂静地贴住四大种自性特相所缘而安住的定。应使这里的精进与定二者彼此均衡。瑜伽行比丘如此在同一四界自性特相所缘上,一再生起作意;在他的相续中,当下列诸根转起时——一、对于以四界为所缘建立定的定学(定修行),以及穿透知见四大种各自自性特相的慧学(慧修行),具有信心之信,即信根;
၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို သိအောင် ကြိုးစားအားထုတ်မှု ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု ဝီရိယတရားတည်းဟူသော ဝီရိယိန္ဒြေ၊ ၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကိုသာ ထပ်ကာထပ်ကာ သိမ်းဆည်းခြင်း အမှတ်ရခြင်း သတိတရားတည်းဟူသော သတိန္ဒြေ၊
二、为了知见四大种的自性特相、为了使修习心寂静地贴住四大种自性特相所缘而安住所作的努力之精进,即精进根;三、只把四大种的自性特相所缘一再反复地摄持、忆念之念,即念根;
原书第 603 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သမာဓိတရားတည်းဟူသော သမာဓိန္ဒြေ၊ ၅။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ထွင်းဖောက် သိမြင်ခြင်း ပညာတရားတည်းဟူသော ပညိန္ဒြေ ---- ဤဣန္ဒြေ (၅)ပါးတို့သည် တစ်ပါးကို တစ်ပါး မလွန်ဘဲ ရအပ်သော ညီမျှမှု ရှိကုန်၏၊ ကောင်းစွာ သန့် ရှင်းကုန်၏၊ ထိုအခါ၌ မယုံကြည်ခြင်း၊ ပျင်းရိခြင်း၊ သတိမေ့လျော့ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခြင်း တွေဝေခြင်းစသော ဆန့်ကျင်ဘက်တရားတို့၏ ဝေးကွာသည်၏ အဖြစ်ကြောင့် အလွန်အကဲ အားကောင်းခြင်းသို့ ရောက်ကုန်သော အားအစွမ်းနှင့် ပြည့်စုံ ကုန်သော ---- ၁။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်း ဆည်းနေသော သတိသမ္ဗောဇ္ဈင်၊
四、心安定于四大种自性特相所缘之定,即定根;五、分别、分析而穿透知见四大种各个自性特相之慧,即慧根。——这五根互不过胜,因而达到平衡,并且善为清净。那时,因为不信、懈怠、失念、心散乱,以及不能如实穿透知见四大种自性特相的迷惑等相违法已经远离,下列诸觉支便具足已达格外强盛的力量——一、忆念、记持并一再反复摄持四大种自性特相的念觉支;
၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို စူးစမ်းဆင်ခြင် သုံးသပ်နေသော ထိုးထိုးထွင်းထွင်း သိနေသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယဖြစ်အောင် (သမ္ပယုတ်တရားစုတို့ ဖြစ်အောင်) အထူးသဖြင့် ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်နေသော ဝီရိယသမ္ဗောဇ္ဈင်၊ ၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင် ဝမ်းမြောက်ခြင်း ပီတိ သမ္ဗောဇ္ဈင်၊ ၅။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ၆။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှုသဘော သမာဓိသမ္ဗောဇ္ဈင်၊ ၇။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှထားခြင်း သဘောဟူသော ဥပေက္ခာသမ္ဗောဇ္ဈင် ----
二、探究、考察而穿透知见四大种自性特相的择法觉支;三、为了使四大种自性特相所缘上生起择法(以及诸相应法),尤其为了使寂静贴住而安住的定生起,持续努力的精进觉支;四、修习心对于四大种自性特相所缘明净欢喜的喜觉支;五、修习心与心所在四大种自性特相所缘上寂静清凉的轻安觉支;六、修习心寂静地贴住四大种自性特相所缘而安住的定觉支;七、使修习心对四大种自性特相所缘不过度奋起、也不退缩,而保持均衡的舍觉支——
ဤ သတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ ဟူသော ဗောဇ္ဈင် (၇)ပါး ခွန်အား စွမ်းအား ကြီးတို့သည် အားပေးထောက်ပံ့အပ်ကုန်သည် ဖြစ်၍၊ ထိုခွန်အားကြီး စွမ်းအားကြီးတို့၏ အားပေးထောက်ပံ့မှု ကို ရကုန်သည် ဖြစ်၍ ---- ၁။ ဝိတက် = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊ ၂။ ဝိစာရ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊ ၃။ ပီတိ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို နှစ်သက်ခြင်းသဘော၊ ၄။ သုခ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊ ၅။ ဧကဂ္ဂတာ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည် ငြိမ်နေခြင်းသဘော - ဟူသော ဤစျာန်အင်္ဂါ (၅)ပါးတို့သည် အထူးထက်မြက်ကုန်သည် ဖြစ်၍ ထင်ရှားလာကုန်၏။
念、择法、精进、喜、轻安、定、舍这七觉支的强大力量如此给予支持;由于得到这些强大力量的支持,下列五禅支便格外敏锐而明显生起:一、寻——把心导向四大种自性特相所缘;二、伺——一再反复审察四大种自性特相所缘;三、喜——喜爱四大种自性特相所缘;四、乐——安乐地体验四大种自性特相所缘之味;五、一境性——心只落在四大种自性特相这一所缘上,安定而住。
原书第 604 页
၁။ ကာမဂုဏ်တို့၌ လိုလားတောင့်တမှု ကာမရာဂတည်းဟူသော ကာမစ္ဆန္ဒနီဝရဏ၊ ၂။ သတ္တဝါသင်္ခါရတို့အပေါ်၌ ဖျက်ဆီးလိုသော ပျက်စီးစေလိုသော စိတ်ခက်ထန် ကြမ်းတမ်းမှု ဒေါသတည်း ဟူသော ဗျာပါဒနီဝရဏ၊ ၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုတည်းဟူသော ထိနမိဒ္ဓနီဝရဏ၊ ၄။ (က) စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၊ (ခ) ပြုပြီး အကုသိုလ်တရား ဒုစရိုက်တရား၊ မပြုလိုက်မိသော မကျင့်လိုက် မိသော ကုသိုလ်တရား သုစရိုက်တရားတို့၌ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတည်းဟူသော ဥဒ္ဓစ္စ- ကုက္ကုစ္စနီဝရဏ၊ ၅။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ထူထောင်ထားအပ်သော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိသိက္ခာ = သမာဓိကျင့်စဥ်နှင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက်သိမြင်သော ပညာသိက္ခာ = ပညာကျင့်စဥ်တို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏတည်းဟူသော ----
一、于诸欲乐中希求、渴望的欲贪,即欲贪盖;二、对于有情与诸行怀有破坏、毁灭之意的刚强粗暴之瞋,即瞋恚盖;三、心与心所昏钝,即昏沉睡眠盖;四、(甲)心散乱的掉举,(乙)对已作的不善法、恶行,以及未作、未实行的善法、善行,再度追悔忧恼的恶作,即掉举恶作盖;五、对于界业处之道中取四大种自性特相为所缘而建立、依同类借称(sadisūpacāra)得名“近行定”的定学(定修行),以及穿透知见四大种自性特相的慧学(慧修行),犹疑不决之疑,即疑盖——
ဘာဝနာစိတ်အစဥ်ကို ဘာဝနာလမ်းကြောင်းပေါ်သို့ မရောက်အောင် တားမြစ် ပိတ်ပင်တတ်ကုန်သော ဤနီဝရဏတရား (၅)ပါးတို့ကား ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါးတို့နှင့် တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏။ နီဝရဏတရား (၅)ပါးတို့သည် ထိုစျာန်အင်္ဂါ (၅)ပါးတို့၏ တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် စျာန်အင်္ဂါများသည် အလွန်ထက်မြက်စူးရှ ထင်ရှားလာကြသော အခါ နီဝရဏတရားတို့သည် ခွာအပ်သည်သာလျှင် ဖြစ်ကုန်၏၊ ကွာသွားကြကုန်၏။ နီဝရဏတရားတို့သာမက ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာရှိ ကြကုန်သော ပြိုင်တူ ယှဥ်တွဲဖြစ်ဖက် အကုသိုလ်တရားတို့ကိုလည်း ခွာထားအပ်သည်သာ ဖြစ်ကုန်၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို ကောင်းစွာ ရအပ်သည် ဖြစ်ပေသည်။ ထိုကြောင့်
——这五盖能阻挡、遮断修习心相续,使它不能走上修习之道;它们与寻、伺、喜、乐、一境性五禅支直接相违。由于五盖与五禅支直接相违,当诸禅支变得极其敏锐、明显时,诸盖就只会被镇伏、远离。不仅诸盖如此,与这些盖同一立足处、同时相应而生的不善法也都被镇伏。至此,这位瑜伽行者便善得以四大种自性特相为所缘的近行禅。因此——
(ဝိသုဒ္ဓိ-၁-၃၄၇။) အဋ္ဌကထာ၌ ---- ''ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီဓာတ် အာပေါ ဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် ဇီဝအတ္တ မဟုတ်သောအားဖြင့် ---- ၁။ ဆင်ခြင်အပ်၏ = ကောင်းစွာ အဖန်တလဲလဲ နှလုံးသို့ ဆောင်အပ်၏။
——《清净道论》义注这样解释(《清净道论》1-347):“乃至数百次、数千次、数十万次,一再反复地以‘地界、水界、火界、风界’作意,只看作界,不看作有情,不看作生命我:一、应思惟,即应当善加、反复引入心中。
၂။ နှလုံးသွင်းအပ်၏ = အဖန်တလဲလဲ ပွားစေသောအားဖြင့် ဓာတ်၏ သဘာဝလက္ခဏာကို နှလုံး၌ ထား အပ်၏။
二、应作意,即借由一再反复修习,把界的自性特相安置在心中。
၃။ အသီးအသီး တစ်လုံးစီ တစ်လုံးစီ စူးစူးစိုက်စိုက် ရှုအပ်၏ = ဓာတ်၏ သဘာဝလက္ခဏာကိုပင် ဘာဝနာ ဖြင့်ပြီးသော ဉာဏ်စက္ခုဖြင့် အဆင့်ဆင့် ထပ်ကာထပ်ကာ ဆင်ခြင်သောအားဖြင့် ရှုအပ်၏။
三、应逐一、逐项专注地观照,即以修习所成的慧眼,层层、一再反复审察界的自性特相而观照。
ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အားထုတ်သော ဘာဝနာမှု၌ ကောင်းစွာ ယှဥ်စပ်တတ်သော ထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မကြာမြင့်မီ အချိန်ကာလအတွင်းမှာပင်လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို ကွဲကွဲပြားပြား ထင်စေတတ် လင်းစေတတ်သော ပညာ၊ ဆီမီးကဲ့သို့ ထွန်းလင်းပြခြင်း ကိစ္စရှိသော ပညာဖြင့် ထက်ဝန်းကျင်မှ သိမ်းဆည်း ထားအပ်သော နက်နဲသော ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝဓမ္မလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပနာ ခေါ် မဟဂ္ဂုတ်စျာန်သို့ မရောက်သော = အပ္ပနာသမာဓိအဆင့်သို့ မရောက်သော ဥပစာရမျှသာဖြစ်သော သိခါ
依上述方式用功、善巧投入修习的那位瑜伽行比丘,在其相续中,不久便会有一种定:此定受到一种慧从周遍各方的摄持;这种慧能使地界、水界、火界、风界各自自性特相的差别清楚显现、明亮呈现,具有如灯一般照明的作用。又由于这种定以深奥的究竟法自性力——自性法——为所缘,它未达到称为安止的广大禅那,即未达到安止定的层次,而只是近行,是一种已达顶峰的——
原书第 605 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ပတ္တ = အထွတ်အထိပ်သို့ ရောက်သော ကာမာဝစရသမာဓိသည် ဖြစ်ပေါ်လာ၏'' - ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။
——欲界定;这种定便会生起。”这里所作的正是这样的解释。
ဤကား အထက်ပါ အဋ္ဌကထာ ဋီကာ စကားရပ်တို့၏ ဆိုလိုရင်း ဖြစ်ပါသည်။
以上就是上述义注与复注诸句的旨趣。
ထပ်မံ ရှင်းလင်းတင်ပြချက်
进一步说明
အထက်ပါ စကားရပ်ဖြင့်ပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ ဥပစာရသမာဓိသို့ ဆိုက်ရောက်သွားပုံကို သ- ဘောပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကောင်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
仅凭上文这段说明,想必已有贤善的瑜伽行者能够理解如何循界业处的修习进路抵达近行定;也可能还有尚未理解的瑜伽行者。现为尚未理解者再稍加说明。
အထက်ပါအတိုင်း ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံ ယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနေသောအခါ သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိကို ညီမျှအောင် သတိဖြင့် ထိန်းလျက် ရှုပွားရမည် ဖြစ်သည်။
如上所述,当统摄整个色身,以四大种各自的自性特相为所缘,反复观修“地界、水界、火界、风界”时,应当以念加以调控,使信与慧、精进与定达到平衡而修习。
အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရားက အားမကောင်းဘဲ သို့လော သို့လော တွေးတောလျက် စမ်းတဝါးဝါး ဖြစ်နေလျှင်လည်းကောင်း၊ သမာဓိ တကယ်တမ်း ထူထောင် ရမည့် အချိန်ဝယ် ဝေဖန်ရေးသမား လုပ်နေလျှင်လည်းကောင်း သဒ္ဓါနှင့် ပညာတို့မှာ အားပျော့နေမည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်ခံ့ဖို့ အားကောင်းဖို့ စွမ်းအင် ပြည့်ဝစုံညီဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်၏။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို လင်းလင်းထင်ထင် ထိုးထိုးထွင်းထွင်း သိမြင်တတ်သည့် ပညာခွန်အား အလွန် အားကောင်းဖို့၊ ပညာစွမ်းအင် စုံညီပြည့်ဝဖို့လည်း အလွန် လိုအပ်သည်သာ ဖြစ်ပါသည်။ သဒ္ဓါလွန်၍ ပညာ အားပျော့နေလျှင်သော်လည်း ကောင်း၊ ပညာလွန်၍ သဒ္ဓါ အားပျော့နေလျှင်သော်လည်းကောင်း ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ဖို့
尤其在界业处的修习中,若信力不强,心里反复猜疑,摸索不定;或者正当真正应当建立定时,却一直作批评分析,那么信与慧必然都很薄弱。修习界业处,极需具备坚固、强而有力且能力充足的信;同样也极需极其强盛、能力完备的慧力,能够清楚鲜明、透彻深入地知见四大种各自的自性特相。若信过强而慧弱,或慧过强而信弱,那么,要抵达近行定的领域——
အရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။
——仍然极其遥远。
တစ်ဖန် ဝီရိယနှင့် သမာဓိလည်း ညီမျှဖို့ လိုအပ်သည်သာ ဖြစ်ပေသည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာ အသီးအသီးကို သိအောင်၊ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး အာရုံပေါ်၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်မှု ကာယိကဝီရိယ စေတသိက ဝီရိယ နှစ်မျိုးလည်း လိုအပ်သည်သာ ဖြစ်၏။ ဝီရိယလျော့လွန်းက ပျင်းရိမှု ကောသဇ္ဇဘက်သို့ ယိုင်လဲသွား တတ်၍ ဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ်သည် တွန့်ဆုတ်သွားမည် ဖြစ်၏။ ဝီရိယ လွန်ပြန်ကလည်း စိတ် ပျံ့လွင့်တတ်၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာတည်းဟူသော ဘာဝနာအာရုံမှ ပြင်ပသို့ စိတ် ရောက်နေသဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို မရနိုင် ဖြစ်တတ်၏။
再者,精进与定也必须达到平衡。为了知见四大种各自的自性特相,并使定生起——也就是使修习心安稳地贴住四大种各自自性特相的所缘而住——身体方面与心方面的两种精进都不可或缺。精进过于松弛,便会偏落到懈怠一边,心也会从修习工作退缩;精进若又过强,心便会散乱,驰向四大种自性特相这一修习所缘之外,因此可能无法获得称为心之安定的定。
တစ်ခါတစ်ရံ ဝီရိယလျော့လွန်းသဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ ဘာဝနာ စိတ်ကို ခပ်လျော့လျော့ထား၍ စိုက်ထားပါက စိတ်သည် တည်ငြိမ်နေတတ်၏။ ထိုငြိမ်နေသောအခါ၌ ဓာတ် ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိလျက် ငြိမ်နေပါက ကောင်းမြတ်သည်သာ ဖြစ်၏။
有时,由于精进过于松弛,只把修习心较为放松地安置在四大种自性特相这一所缘上,心可能会安定下来。这样安定时,若修习心仍知见四大种各自的自性特相而安定,那当然是好的。
ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို မသိဘဲ ငြိမ်နေပါက ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်များ လွန်ကဲနေပြီ ဖြစ်၏။ ထိုသို့ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားများက လွန်ကဲလာသော် ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများကို ပွားများရမည် ဖြစ်၏၊ သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ဝီရိယသမ္ဗောဇ္ဈင်၏ အားပေးထောက်ပံ့မှုဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို လင်းလင်းထင်ထင်
若虽安定,却并不知道四大种各自的自性特相,便是轻安觉支、定觉支与舍觉支已经过强。轻安、定、舍这些觉支如此过强时,应当培育择法觉支、精进觉支与喜觉支;借助念觉支,并由精进觉支给予支持,努力使择法觉支能够清楚鲜明地——
原书第 606 页
သိမှု ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ ဘာဝနာလုပ်ငန်း၌ ပီတိသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ အထက်တွင် ဖော်ပြခဲ့သော အဓိစိတ္တသုတ္တန်၊ အနုတ္တရသီတိဘာဝသုတ္တန်၊ ဗောဇ္ဈင်္ဂသုတ္တန် တို့ကား ဤအချိန်အခါမျိုးတွင် အသုံးချရတော့မည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်လည်ဖတ်ရှုပါ၊ ဣန္ဒြေ (၅)ပါး ညီမျှအောင် ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ကြိုးစားပါ။
——知见四大种的自性特相;也应努力使修习中生起喜觉支。上文所述的《增上心经》《无上清凉经》与《觉支经》,正要在这样的时刻加以运用。请重新阅读那一部分,并努力使五根达到平衡、七觉支达到平衡。
တစ်ခါတစ်ရံ ဝီရိယလွန်ကဲခြင်းစသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်သည် ကောင်းစွာ မတည်ဘဲ ပျံ့လွင့်နေသည် ဖြစ်အံ့၊ ထို အခါမျိုး၌ ဓမ္မ ဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများကို မပွားများသေးဘဲ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားများ ကို ဖြစ်ပေါ်လာအောင် အားကောင်းလာအောင် ပွားများပေးရ၏။
有时,由于精进过强等原因,修习心不能善好地安住于四大种自性特相这一所缘,反而散乱;在这种时候,暂且不要培育择法觉支、精进觉支与喜觉支,而应当培育轻安觉支、定觉支与舍觉支,使它们生起并增强。
တစ်ခါတစ်ရံ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းလျက် လင်းလင်းထင်ထင် သိမြင်တတ်သော ပညာလုံ့လပယောဂ၏ အားနည်းမှုကြောင့် ဖြစ်စေ၊ စိတ်ငြိမ်းအေးမှု ဥပသမသုခကို မရရှိ ခြင်းကြောင့်ဖြစ်စေ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ စိတ်သည် သာယာမှု ကင်းနေ၏၊ ထိုအခါမျိုး၌ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေအပ်၏၊ ရတနာသုံးပါးတို့၏ ဂုဏ်ကို ပွားများခြင်းဖြင့် စိတ်ကို ကြည်လင်စေအပ်၏။ ဤအခါမျိုးတွင် အထူးသဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း များကို စီးဖြန်းရမည် ဖြစ်ပါသည်။ သို့အတွက် မေတ္တာ၊ ဗုဒ္ဓါနုဿတိ၊ မရဏာနုဿတိ၊ အသုဘ - ဟူသော အစောင့် (၄)ပါးဟု ခေါ်ဆိုအပ်သော စတုရာရက္ခ ကမ္မဋ္ဌာန်းများကို ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုတင်၍ အောင်မြင်စွာ ပွားများထားပြီး ဖြစ်သင့်ပေသည်။ အရေးကြုံက သက်လုံကောင်းရမည် ဖြစ်ပေသည်။
有时,或因能够穿透并清楚鲜明地知见四大种各自自性特相的慧用功之力薄弱,或因未获得称为寂止之乐(upasama-sukha)的心之宁静,心对界业处的修习便失去欣悦。在这种时候,应通过反省诸悚惧事使心生起悚惧,并通过忆念三宝功德使心清明。此时尤其应修习死随念业处与佛随念业处。因此,瑜伽行者应当预先成功修习慈、佛随念、死随念、不净这四种称为“四护卫”的守护业处;到了紧要关头,才会有足够的修习功力。
အကြင်အခါ၌ကား ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံမှ တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ပွားများအားထုတ်၍ ကောင်းသဖြင့် စိတ်ငြိမ်းအေးမှု ဥပသမသုခကို ရရှိခြင်းကြောင့် ဘာဝနာလုပ်ငန်းခွင်၌ သာယာမှု ရှိနေ၏၊ ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာအာရုံ၌ အညီအမျှ ဖြစ်နေ၏၊ စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု သမထလမ်းကြောင်းပေါ်သို့ ကျရောက်နေ၏၊ ထိုအခါမျိုး၌ကား ဓာတ်ကြီး (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ငြိမ်ဝပ် အောင် စိုက်ထား၍ ဓာတ်ကြီး (၄)ပါး အာရုံနှင့် ပတ်သက်၍ ကြောင့်ကြမှု တောင့်တမှု မပြုတော့ဘဲ အညီအမျှ လျစ်လျူသဘောအားဖြင့် ရှုနေပါ။ ရှေး အာနာပါနဿတိသမာဓိပိုင်းတွင် အကျယ် ဖော်ပြထားခဲ့သော ဣန္ဒြေ
另有一种时候:如上所述,由于能够修习使五根与七觉支达到平衡,瑜伽行者相续中的修习心不再从四大种自性特相这一所缘退缩,也不再散乱;由于善加修习、用功并获得心之宁静——寂止之乐,心在修习工作中具有欣悦;修习心在四大种自性特相的所缘上处于平衡,进入使心安定、寂静的止之道路。此时,应让修习心安稳地贴住四大种这一所缘而住;对于四大种所缘,不再忧虑或希求,只以平衡中舍之态观照。前面入出息念定部分已经详细说明了使诸根——
နှင့် ဗောဇ္ဈင်တရားများကို ညီမျှအောင် ကျင့်ပုံ စနစ်များကို နည်းမှီး၍ ဣန္ဒြေ (၅)ပါးနှင့် ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါလေ။
——与诸觉支达到平衡的方法;应当以那些方法为准,使五根与七觉支达到平衡。
ဘဝင် ကျနေတတ်ပါသည်
有时会落入有分
ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်စ ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း တစ်ခါတစ်ရံ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ သန္တာန်ဝယ် ဘဝင်ကျကျနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို မရှုမိတော့ဘဲ ကျော်လွန်သွားတတ်၏။ ယောဂါဝစရပုဂ္ဂိုလ် အများစုကတော့ ''ဘာမျှမသိဘဲ လစ်လစ်နေသည်''ဟု ပြောတတ်၏။ ထိုဘဝင်စိတ်သည် ပစ္စုပ္ပန် မိမိ ရှုပွားနေသည့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူခဲ့သော အာရုံကိုပင် ဆက်လက် အာရုံယူတတ်သော အာရုံယူနေသော စိတ်ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ''ဘာမျှ မသိဘဲ လစ်လစ်နေသည်''ဟု ထင်ခြင်း ဖြစ်၏။ ဤ အချိန်မျိုး၌ကား ဘဝင်စိတ်က အတိတ် မရဏာသန္န
在刚刚抵达近行定领域的这个阶段,有些瑜伽行者的相续中有时会一再落入有分。此时,他们不再观照四大种自性特相这一所缘,反而越过了它。多数瑜伽行者会说:“什么也不知道,只是一片空白。”有分心并不以他当下正在观修的四大种自性特相为所缘,而是继续缘取过去世临死之际由临死速行所取的对象;正因为有分心正在缘取这样的对象,瑜伽行者才以为自己“什么也不知道,只是一片空白”。在这个阶段,有分心正缘取过去的临死——
原书第 607 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇော၏ အာရုံကို အာရုံပြုနေသည် သိနေပါသည်ဟူသော အချက်ကို ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သိဖို့ရန်မှာ အခက်အခဲများစွာ ရှိနေသေးသော အချိန်ပင် ဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ အတိအကျ သဘောပေါက်နိုင်မည် ဖြစ်သည်။
——速行所取对象这一点,瑜伽行者还极难知道;只有到了缘摄受智阶段,才能准确明白。
ဤကဲ့သို့ ဘဝင်အကျများနေပါက သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိ-သမ္ဗောဇ္ဈင်များ ထင်ထင်ရှားရှား ဖြစ်ပေါ်လာအောင် ရှေးဦးစွာ ကြိုးပမ်း ပါ။ ထိုနောင် ဣန္ဒြေနှင့် ဗောဇ္ဈင်များကို ညီမျှအောင် ဆက်လက် ကြိုးပမ်းပါ။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်နေအောင် ကပ်ထားပါ။ ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထိုသမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။
若像这样频繁落入有分,首先应当借助念觉支,努力使择法觉支、精进觉支与喜觉支在四大种自性特相这一所缘上鲜明地生起;此后继续努力使诸根与诸觉支达到平衡。只把修习心安稳地贴住四大种自性特相这一所缘。若修习心已经安稳地贴住并持续安住于这一所缘,就只须继续建立并巩固这一定。
ရှေ့ပြေး အမှတ်အသားများ
前驱征相
ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ ခဲ့သော် သမာဓိလည်း ခိုင်ခံ့လာသော်၊ ဓာတ် (၄)ပါး အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ ဘာဝနာစိတ်သည် တည်နေသော် - ထိုအခါ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟုပင် စိတ်ဖြင့် မရွတ်ဆိုတော့ဘဲ မမှတ်တော့ဘဲ ထိုသဘာဝလက္ခဏာ အသီးအသီး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါ။ သဘာဝလက္ခဏာ အာရုံ အသီးအသီးကိုသာလျှင် ဘာဝနာစိတ်က စိုက်ကြည့်နေပါ၊ ရှုနေပါ။ ဓာတ်ကြီး (၄)ပါးလုံး ဉာဏ်တွင် ပြိုင်တူလိုလို ထင်ထင်နေပါက အားလုံးကိုပင် ခြုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရားတို့ အပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ကျွမ်းကျင်၍ ကျင့်သား ရသွားခဲ့သော် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံနှင့် ဘာဝနာစိတ်သည် တစ်သားတည်းကဲ့သို့ ဖြစ်ကာ ငြိကပ်နေပေလိမ့်မည်။ ငြိကပ်မှုစွမ်းအင် အားကောင်းသည်နှင့်အမျှ သမာဓိလည်း အားကောင်းလာ
当修习心只安稳地贴住四大种自性特相这一所缘而持续安住,定也逐渐巩固,修习心能在四大种所缘上安稳地贴住并持续一小时、两小时等时,就不要再在心中念诵或标记“地界、水界、火界、风界”,而只让修习心安稳地安住于各个自性特相所缘。让修习心只注视、观照这些自性特相所缘。若四大种全都仿佛同时显现于智中,就把它们全部概括起来,只让修习心贴住四大种的这些性质。熟练而养成习惯以后,四大种自性特相这一所缘与修习心就会仿佛合为一体,紧密贴合。贴合之力愈强,定也会愈来愈强——
မည် ဖြစ်၏။ သမာဓိ အားကောင်းသည်နှင့်အမျှ အရောင်အလင်းများသည်လည်း ပြိုးပြိုးပြက်ပြက် တလက် လက် ထွက်ပေါ်လာမည် ဖြစ်၏။
——盛。定力愈强,光明也会闪耀、灿然地出现。
အချို့ယောဂီများ၌ ဖြစ်တတ်ပုံအချို့
某些瑜伽行者会出现的一些情形
အချို့ယောဂီသူတော်ကောင်းများ၌ ယခုကဲ့သို့ သမာဓိအားကောင်းလာသောအခါ လင်းရောင်ခြည်များ မထွက်ပေါ်မီ အချိန်ပိုင်းဝယ် ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာတတ်၏။ ဓာတ်တို့၏ အလွန်ထင်ရှားလာသည့် အမှတ်အသား ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ဗဟိဒ္ဓသို့ စိတ်ကို တစ်စတစ်စ စေ လွှတ်၍ ဓာတ်ကြီး (၄)ပါးကို ဆက်လက်ရှုပါက ရနိုင်သောသဘော ရှိသည်သာဖြစ်၏။
有些贤善的瑜伽行者,在定力这样逐渐增强时,于光明尚未出现的阶段,会觉得整个身体正在逐渐变大。这是诸界变得极为鲜明的征相。在这种时候,若把心逐步导向外在,继续观照四大种,也是可以做到的。
ဗဟိဒ္ဓ၌ ထင်လာပုံ
外在显现的情形
သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ-၁-၄၃၅။)
“若又把作意引向外在,那么,对他而言,四处行走的人、畜生等会舍去有情的形相,只显现为界的聚合;他们所作的动作,显现为由界所成的机器所发动;他们所摄入的饮食等,则显现如同把一聚界投入另一聚界。”(《大复注》1-435。)
原书第 608 页
= အကယ်၍ ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းခြင်း ဘာဝနာ မနသိကာရကို ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်သည်ရှိသော် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည်ကျက်စား သွားလာနေကြကုန်သော လူ တိရစ္ဆာန် စသည် တို့သည် သတ္တဝါဟူသော အခြင်းအရာကို စွန့်၍ ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူ တိရစ္ဆာန် စသည်တို့သည် ပြုလုပ်အပ်သော အပြုအမူအရာ မှန်သမျှသည် ဓာတ်ကြီး (၄)ပါးဖြင့် ပြီးသော ယန္တရားစက်ဖြင့် ဖြစ်စေအပ်သည် ဖြစ်၍ ထင်လာ၏။ ထို လူ တိရစ္ဆာန် စသည်တို့သည် စားမျိုအပ်သော အဖျော်ယမကာနှင့် ဘောဇဥ် စသည်သည် ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၌ ထည့်သွင်း အပ်သော ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏။ (မဟာဋီ-၁-၄၃၅။) သို့သော် ဤအပိုင်းတွင် အဇ္ဈတ္တ၌ ရှုပွားမှု လိုရင်းကိစ္စ မပြီးသေးသဖြင့် ဗဟိဒ္ဓသို့ မရှုသေးဘဲ အဇ္ဈတ္တ၌သာ
=如果也在外在世间,以智把修习作意导向四大种的自性特相,那么,在这位瑜伽行者的知见中,四处游走往来的人、畜生等便舍弃了有情的形相,只以四大种集合之力显现。人、畜生等所做的一切动作,都显现为由四大种构成的机器所发动;他们所吞咽的饮料、食物等,则显现如同一个四大种的集合被投入另一个四大种的集合之中。(《大复注》1-435。)不过,在这一阶段,内在观修的主要任务尚未完成,所以若暂不向外观,而只在内在——
ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုပွားလိုကလည်း ရှုပွားနိုင်သည်သာ ဖြစ်သည်။ အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပြီးသောအခါမှ ဗဟိဒ္ဓသို့ ပြောင်းရှုလိုကလည်း ရှုနိုင်သည်သာ ဖြစ်သည်။
——继续观修四大种,也是可以的。或者,等到已经在内在把握名色、使智见达到究竟以后,再转向外在观照,也是可以的。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ကား ထိုသို့ ဓာတ်များ ထင်ရှား ကျယ်ပြန့်လာသောအခါ ကြောက် လန့်လာတတ်၏၊ ကြောက်လန့်ဖွယ် မလိုပါ။ ဓာတ်သဘောတရား တစ်ခုခုကို မလွန်စေဘဲ ဓာတ်သဘောတရား များကို မျှအောင်သာ ဆက်လက်ရှု၍ သမာဓိ ထူထောင်နေပါ။ များသောအားဖြင့် ရုပ်ကလာပ်အမှုန်များကို တွေ့ခါနီးသော အချိန်တွင် ထိုကဲ့သို့ ဖြစ်တတ်ပေသည်။
有些瑜伽行者在诸界如此越来越明显、广大时,可能会感到害怕;其实无须恐惧。不要让任何一种界性过强,只须继续平衡地观照各种界性,建立定力。大多数情况下,这种现象会发生在将要看见色聚微粒之时。
သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ကား ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ အစုအပုံအဖြစ်ဖြင့်သာ ထင်လာရာက တဖြည်းဖြည်း ဓာတ်များမှာ လုံးကျစ်လျက် လာတတ်၏။
不过,在另一些瑜伽行者的知见中,身体不再被看见,只显现为四大种的聚集;随后,各种界性可能逐渐凝聚成团。
ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲမှာ သေးငယ်လာတတ်၏။ တစ်ကိုယ်လုံးကို ခြုံ၍ ဓာတ်ကို မစိုက်ဘဲ တစ်နေ ရာရာကို အထူးသဖြင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းလောက်ကိုသာ ဦးစားပေး၍ ဓာတ်ကို စိုက်မိသော ယောဂါဝစရ ပုဂ္ဂိုလ်တို့၌ ဖြစ်လာတတ်သော သဘာဝတစ်မျိုး ဖြစ်၏။ ထိုအချိန်အခါမျိုးတွင် ဓာတ်အတုံးအခဲ၏ ကြီးမှု သေးမှု ကို အာရုံမယူဘဲ ဓာတ်အစုအပုံကိုသာ ဆက်လက်၍ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရမည် ဖြစ်သည်။
这个四大种的团块可能会越来越小。这是因为有些瑜伽行者没有统摄全身来专注诸界,反而特别着重某一个部位,尤其只专注身体内部,于是便会出现这种现象。此时不要取诸界团块的大小为所缘;只应继续取诸界的聚集为所缘,继续建立定力。
ဤအပိုင်းတွင် ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ ထူထောင်လာသော သမာဓိမှာ အတော်အသင့် အား ကောင်းလာပြီ ဖြစ်သဖြင့် စိတ်ကို စေလွှတ်မိသည့်ဘက်တွင် ဓာတ်များ ထင်ရှားနေတတ်၏။ ယောဂါဝစရပုဂ္ဂိုလ် က စိတ်ကို မကစားမိဖို့ လိုသည်။ ရုပ်ကလာပ်များကို မတွေ့ခင်အပိုင်းဖြစ်၍ ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်ရောက်မသွားသေးသော အချိန် ဖြစ်၏။ ပညတ် နယ်ကို လုံးဝ မကျော်လွှားနိုင်သေးသဖြင့် စိတ်ကို ကစားမိက ပညတ်နှင့် ရောနှောနေသော အာရုံနိမိတ်များ လည်း ပေါ်နေတတ်၏။ သို့အတွက် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ မလွှတ်တမ်း အာရုံယူလျက် သမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ရမည့် အချိန်အခါ ဖြစ်ပေသည်။
在这一阶段,以四大种为所缘而建立的定力已经相当强,所以心投向哪里,诸界就可能在那里明显显现。瑜伽行者必须避免让心四处游移。此时尚未看见色聚,也还不能以智逐一破除色密集,所以还没有完全进入究竟领域;又因为尚未彻底超越概念领域,一旦让心四处游移,知见中便可能出现混有概念法的种种所缘相。因此,此时必须持续不断地只取四大种的自性特相为所缘,继续把定力建立得稳固。
ဓာတ်အတုံးအခဲ ကြီးမား ကျယ်ပြန့်လာသည်ဟု အသိဉာဏ်၌ ထင်လာသူနှင့် ဓာတ်အတုံးအခဲ သေးကွေး သွားသည်ဟု အသိဉာဏ်၌ ထင်လာသူ ယောဂီနှစ်ဦးတို့တွင် သေးသေးကွေးကွေး အတုံးအခဲအဖြစ် ထင်လာသူ ယောဂီပုဂ္ဂိုလ်က သမာဓိ ပို၍ စူးရှသည်ကို ရံခါ တွေ့ရတတ်၏။ ကြီးမားကျယ်ပြန့်သည့် ဓာတ်အတုံးအခဲအဖြစ် ထင်သူ အချို့လည်း သမာဓိ စူးရှတတ်ပါသည်။
在两位瑜伽行者中,一位知见中显现诸界团块越来越广大,另一位则显现诸界团块越来越小;有时可以看到,显现为小团块的那位定力反而更为锐利。不过,也有一些显现为广大界团块的瑜伽行者,定力同样锐利。
原书第 609 页
အဖြူ နှင့် အကြည်ပြင်
白色体与透明体
ထိုအခါတွင် ဤအဆင့်သို့ တစ်ခါမျှ မရောက်ဖူးသေးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင်ကြီးကို များသောအားဖြင့် စတင်၍ တွေ့တတ်ပါ၏။ သို့သော် ဤအပိုင်းတွင် ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့် တစ်ဦး စတင်တွေ့ရှိပုံ အခြင်းအရာ မတူထူးခြားမှု အသင့်အတင့် ရှိတတ် ပါသည်။ အချို့ယောဂီများက အလင်းရောင်ကို စတင်၍ အသိအမှတ် ပြုမိတတ်၏။ အချို့ယောဂီများက အဖြူ ကို စတင်၍ အသိအမှတ် ပြုမိတတ်၏။ လင်းရောင်ခြည်စွမ်းအင် အားပျော့သော ယောဂီပုဂ္ဂိုလ်တို့က လင်း ရောင်ခြည်ကို သတိမပြုမိဘဲ အဖြူကိုသာ စတင်၍ သတိပြုမိခြင်း ဖြစ်၏။ လင်းရောင်ခြည်စွမ်းအင် အားကောင်း သော ယောဂီပုဂ္ဂိုလ်တို့ကား လင်းရောင်ခြည်ကို ဦးစွာ သတိပြုမိ၍ အဖြူကို နောက်မှ သတိပြုမိတတ်ခြင်း ဖြစ်သည်။
这时,如果是一位过去从未到达过这一阶段的瑜伽行者,通常最初会看见一大片近似灰色的白色体。不过,在这一阶段,各位瑜伽行者最初看见这些现象的方式会有一定差异:有些人先注意到光明,有些人先注意到白色。光明力量较弱的瑜伽行者没有注意到光明,只先注意到白色;光明力量较强的瑜伽行者,则先注意到光明,随后才注意到白色。
ထိုအဖြူမှာ ပေါ်စတွင် အချို့ယောဂီများ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အနည်းငယ် ရှိတတ်၏။
这白色体最初出现时,对某些瑜伽行者而言,可能略显灰暗、混浊。
ယောဂီပုဂ္ဂိုလ်က ထိုအဖြူကို မကြည့်သေးဘဲ မူလရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးအာရုံ၌သာ ဘာဝနာစိတ်ကို ဆက်လက်၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားခဲ့သော် ထိုအဖြူမှာ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူလာတတ်ပါသည်။ ဤအဖြူကား အကြည်ဓာတ်၏ ရှေ့ပြေး ဖြစ်ပါသည်။ ဤအဖြူကိုလည်း နှလုံးမသွင်း သေးဘဲ မူလ ရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားခဲ့သော် ဤ အဖြူပြင် အဖြူတုံးဟူသည်မှာလည်း ဓာတ်ကြီး (၄)ပါးတို့၏ အစုအပုံသာ ဖြစ်သည်ဟု သဘောပေါက်လာ တတ်ပါသည်။
瑜伽行者若暂不观看那白色体,只努力令修习心继续安静、稳固地安住于一向观照的四大种所缘,那白色体就可能变得如棉团般洁白。这种白色是透明体的前兆。若仍不作意这白色,只让修习心安静地黏着于一向观照的四大种所缘,便可能逐渐领会:所谓白色平面、白色块体,也不过是四大种的聚集。
အကယ်၍ အဖြူပြင်၌ တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကို သဘောမပေါက် ဖြစ်နေခဲ့သော် ထိုအဖြူ မှာလည်း လွယ်လွယ်နှင့် ပျောက်ပျက်မသွားဘဲ ခိုင်ခံ့လျက်သာ တည်ရှိနေခဲ့သော် တစ်ကိုယ်လုံးကို ခြုံ၍ မာ- သဘောကို ရှုလိုက်၊ အဖြူပြင်၌ မာ-သဘောကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ လေ့ကျင့်ပါ များလာသော် အဖြူ၌ တည်ရှိနေသော မာမှုသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်လာတတ်ပါသည်။
如果仍不能领会白色平面中存在的四大种,而这白色又不容易消失,仍然稳固存在,就应反复练习:先统摄全身观硬性,再在白色平面中观硬性。如此多次训练以后,便可能以智清楚看见白色体中存在的硬性。
မာမှုသဘောတရားတစ်ခုကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက ကျန်နေသေးသည့် သဘောတရား (၁၁)မျိုးကို လည်း ဆက်လက်၍ နည်းတူ ရှုကြည့်ပါ။ အဖြူပြင်၌ မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ- အေး၊ ထောက်-တွန်း - ဟူသော သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်ပါက ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ် ဟု လေးချက် ပြောင်း၍ ရှုပါ၊ သမာဓိ တစ်ဖန်ပြန်၍ ထူထောင်ပါ။
若已能满意地观得硬性,就应继续以同样方法观照其余十一种性质。当能以智清楚看见白色平面中的硬、粗、重,软、滑、轻,流动、黏结,热、冷,支持、推动这十二种性质时,就改以“地界、水界、火界、风界”四项来观,再次建立定力。
သို့သော် ယောဂီပုဂ္ဂိုလ်အများစု၌ ထိုအဖြူမှာ ပေါ်စတွင် မခိုင်ခံ့ဘဲ ခဏပေါ်လိုက် ခဏပျောက်လိုက် ဖြစ်နေတတ်ပါသည်။ ထိုအခါ ထိုအဖြူ ခိုင်ခံ့ရေးအတွက် မူလရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက်ပို၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။ ထိုအဖြူမှာ ထိုင်၍ ဓာတ်ကြီး (၄)ပါးကို ရှုလိုက်တိုင်း ပေါ်ပြီးလျှင် နာရီဝက်ခန့် တစ်နာရီခန့် စသည်ဖြင့် မပျောက်ပျက်ဘဲ ခိုင်ခံ့ တည်တံ့ခဲ့သော် ထိုအဖြူ၌ တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကိုလည်း သဘောမပေါက်သေး ဖြစ်နေပါက အထက်ပါအတိုင်း တစ်ကိုယ်လုံး၌ မာ-သဘောကို ရှုလိုက် အဖြူ၌ မာ-သဘောကို ရှုလိုက်၊ တစ်ကိုယ်လုံး၌ ကြမ်း-သဘောကို ရှုလိုက် အဖြူ၌ ကြမ်း-သဘောကို ရှုလိုက် - ဤသို့ စသည်ဖြင့် ပြောင်းရွှေ့ ရှုကြည့်ပါ။
不过,对大多数瑜伽行者来说,这白色体初现时并不稳固,而是时而出现、时而消失。此时,为了使白色体稳固,只须更加努力令修习心安静、稳固地黏着于一向观照的四大种所缘。等到每次坐禅观四大种时,白色体都会出现,并能持续半小时、一小时等而不消失;如果此时仍不能领会白色体中存在的四大种,就应依照上面的方法,先观全身的硬性,再观白色体中的硬性;先观全身的粗性,再观白色体中的粗性;如此逐项交替观照。
ဓာတ်ကြီး (၄)ပါး သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်နှင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှု ရသော် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု လေးချက် ပြောင်းရှုပါ။ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။
应当训练到能以智看见四大种的全部十二种性质。成功以后,改以“地界、水界、火界、风界”四项来观,再次建立定力。
原书第 610 页
ထိုအဖြူပြင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုနိုင်၍ သမာဓိထူထောင်မှုလည်း အောင်မြင်မှု ရလာ ခဲ့သော် ထိုအဖြူမှာ တဖြည်းဖြည်း ကြည်လာမည် ဖြစ်သည်။ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်လာမည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်တုံးမှာလည်း ဓာတ် (၄)ပါးကိုပင် မြင်အောင် ဆက်စိုက်ပါ။ ထိုအကြည်ပြင် အကြည်တုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ သမာဓိစွမ်းအင် အားကောင်းလာသည်နှင့်အမျှ ဉာဏ်၏ စွမ်းအင်အာနုဘော်လည်း ကြီးထွားလာမည် ဖြစ်သည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက် သိမြင်နေသော ဉာဏ်၏ စွမ်းအင်အာနုဘော်က ကြီးမားလာ သောအခါ ထက်မြက်စူးရှလာသောအခါ ရဲရင့်လာသောအခါ လင်းရောင်ခြည်စွမ်းအင်များလည်း အလွန် အား ကောင်းလာမည် ဖြစ်သည်၊ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာတတ်ပါသည်။ ထိုအရောင် အလင်းများမှာ အချို့ယောဂီများ၌ အလွန်တောက်ပ စူးရှသဖြင့် မျက်စိအကြည်ဓာတ်ကို ထိုလင်းရောင်ခြည်
若已能在白色平面中观见四大种,并成功建立定力,那白色体便会逐渐透明,变得如冰块、水晶块或玻璃块一般。对于这透明平面、透明块体,也应继续专注,直至观见其中的四大种;让修习心安静地黏着于透明平面、透明块体中四大种的所缘。定力越强,智慧的能力与威力也越增长。当穿透知见四大种自性特相的智慧变得强大、锐利而勇健时,光明的力量也会非常强,发出灿烂闪耀的光辉。这些光明对有些瑜伽行者来说极其明亮、锐利,眼净色受到这些光线——
က လာရောက်ဟပ်နေသဖြင့် ရိုက်ခတ်နေသဖြင့် မျက်စိများ ကျိန်းနေတတ်၏၊ အလွန်တောက်ပနေသော နေ ကို ကြည့်သည့်အခါကဲ့သို့ မျက်ရည်များ ထွက်လာတတ်၏။ ထိုအခါမျိုး၌ အလင်းရောင်ကို နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုပွားနေပါ။ လေ့ကျင့်မှု များလာသောအခါ ထို လင်းရောင်ခြည်က စက္ခုအကြည်ဓာတ်၌ ရိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မျက်ရည်ထွက်ခြင်း မျက်စိ စူးခြင်း စသည့် ဒဏ်ချက်တို့ကို ခံနိုင်ရည် စွမ်းအင် ရှိလာမည် ဖြစ်သည်။ ဤကဲ့သို့သော လင်းရောင်ခြည် စွမ်းအင်ကိုပင် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာအရောင်ဖြင့် ထွန်းပြခြင်း အဝဘာသန ကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော (ဝိသုဒ္ဓိ-၁-၃၄၇။) ဟု ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
——照射、撞击,因而眼睛会刺痛、炫目;并会像直视灿烂的太阳那样流泪。此时仍不要作意光明,只须继续观修一向所观的四大种。训练日久,便能逐渐承受因光线撞击眼净色而产生的流泪、眼睛刺痛等影响。正是针对这种光明力量,《清“(此定)由具有照明作用的智慧所摄持;这种智慧以自身的慧光照亮四大种各别的自性特相。”(《清净道论》1-347。)
ဤနေရာတွင် သတိပြုရန် အချက်တစ်ခု ရှိလာပြန်၏၊ အချို့ယောဂီများ၌ ဤအဖြူပြင်ကို ခန္ဓာကိုယ်၌ မတွေ့ဘဲ မျက်နှာရှေ့ ဝန်းကျင် ဗဟိဒ္ဓ၌ စ၍ တွေ့တတ်သည်လည်း ရှိ၏။ အကယ်၍ ဗဟိဒ္ဓ၌ အဖြူကို စ၍တွေ့သော် ထိုအဖြူကို မကြည့်ဘဲ ထိုအဖြူ၌ ဓာတ် (၄)ပါးကို မရှုဘဲ မိမိ မူလရှုမြဲ ဖြစ်သည့် မိမိ ခန္ဓာအိမ်၌သာလျှင် ဓာတ်ကြီး (၄)ပါးကို ဆက်၍ ရှုနေပါ။ မိမိ ခန္ဓာအိမ်တစ်ခုလုံး ဖြူလာပါမှ ထိုအဖြူ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ တဖြည်းဖြည်း အကြည်ပြင်ကို တွေ့ရှိလာပါလိမ့်မည်။
这里还有一点需要注意:有些瑜伽行者起初并非在身体中看见这白色平面,而是在面前周围的外在区域看见。若白色先在外在出现,不要去看那白色,也不要在其中观四大种;只应继续在自己原先一向观照的身体中观四大种。等到自己的全身都变白以后,再专注观见白色体中的四大种;如此便会逐渐看见透明体。
အချို့ယောဂီများ၌ ဤအကြည်ဓာတ်ပေါ်စတွင် ကွက်ကျားပေါ်တတ်၏၊ အချို့ကား ရင်ဘတ်၌၊ အချို့ ကား မျက်နှာ၌၊ အချို့ကား ဦးခေါင်း၌ စသည်ဖြင့် ကွက်ကျား ကွက်ကျား ပေါ်နေတတ်၏။ အဖြူပေါ်စ၌လည်း နည်းတူပင် အချို့ယောဂီပုဂ္ဂိုလ်များ၌ ကွက်ကျား ပေါ်နေတတ်၏။ ထိုအခါမျိုး၌ ထိုအဖြူကို သို့မဟုတ် ထို အကြည်ဓာတ်ကို အာရုံမပြုသေးဘဲ မူလရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ အဖြူဓာတ် အကြည်ဓာတ်များ မပျံ့နှံ့သေးသည့် ခန္ဓာကိုယ်ဘက်သို့ ဓာတ်ကြီး (၄)ပါးကိုပင် တဖြည်း ဖြည်း ဖြန့်၍ ရှုလိုက်ပါက အဖြူ အကြည်တို့လည်း တဖြည်းဖြည်း ပျံ့သွားမည် ဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခု လုံး၌ ဝါဂွမ်းပုံကဲ့သို့ အဖြူတုံးကိုလည်းကောင်း၊ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ အကြည်တုံးကြီးကိုလည်းကောင်း တွေ့ရှိနေမည် ဖြစ်သည်။ ကာယအကြည်ဓာတ်သည် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေသော ရုပ်တစ်မျိုး
有些瑜伽行者的透明体初现时,只是一块一块地出现:有的在胸部,有的在脸部,有的在头部等处。白色体初现时也一样,有些人只在零散部位看见。此时不要把那白色或透明现象作为所缘;只须让修习心安静地黏着于一向观照的四大种所缘,并把四大种的观照逐渐扩展到白色、透明现象尚未遍及的身体部位。这样,白色与透明现象也会逐渐遍布开来,最终会看见全身如一大团棉花般的白色块体,或如冰块、水晶块、玻璃块般的透明块体。身净色遍布全身而住,是一种——
ဖြစ်၏။ ထိမှုကို သိသော ကာယဝိညာဏ်စိတ်သည် ကိုယ်အကြည်ဓာတ်ကိုသာ မှီတွယ်ဖြစ်သဖြင့် ထိမှုကို သိ သည့် နေရာတိုင်း၌ ကာယအကြည်ဓာတ် = ကိုယ်အကြည်ဓာတ်ကား တည်ရှိနေမြဲပင် ဖြစ်သည်။ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်ခင် ဃန အတုံးအခဲများ မပြိုမီအချိန်၌ အကြည်ဓာတ်များကို တစ်ဆက် တည်း အတုံးလိုက် အခဲလိုက် ပြင်လိုက်ကြီး တွေ့နေရခြင်း ဖြစ်သည်။ ထိုအကြည်ဓာတ် အကြည်ပြင်၌ ဓာတ်ကြီး (၄)ပါးကိုပင် မြင်အောင် ဆက်ရှုပါ။ သမာဓိ ဆက်လက် ထူထောင်ပါ။ အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီး သည် ရှုလိုက်တိုင်း ဉာဏ်တွင် ထင်ရှားနေမည် ဖြစ်သည်။
——色法。能知触所缘的身识只依止身净色而生,所以,凡是能够了知触的部位,都必定有身净色存在。在尚未以智破除称为 ghana“密集”的色法团块、密集团块尚未瓦解之前,各种透明现象会被看成连续一体的整块、整团或大平面。应继续在这透明体、透明平面中观见四大种,继续建立定力。每次一观,这大片透明块体、透明团块或透明平面都会清楚显现在知见中。
原书第 611 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အကယ်၍ အကြည်ပြင်၌လည်း ဓာတ်ကြီး (၄)ပါးကို သဘောမပေါက်သေး ဖြစ်နေပါက အဖြူပြင်၌ ဓာတ်ကြီး(၄)ပါးကို ရှုသကဲ့သို့ပင် ''ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ မာမှုသဘောကို ရှုလိုက် - အကြည်ပြင်၌ မာမှု သဘောကို ရှုလိုက်'' ဤသို့ စသည်ဖြင့် ဓာတ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ ရှုကြည့်ပါ။
如果仍不能领会透明平面中的四大种,就应像在白色平面中观四大种那样,先统摄全身观硬性,再在透明平面中观硬性;如此逐项增加,一种一种地观照各种界性。
အောင်မြင်မှု ရခဲ့သော် ထိုအကြည်ပြင်၌လည်း ဓာတ်ကြီး (၄)ပါးကိုပင် ခြုံငုံ၍ ရှုပါ။ တစ်ဖန် ဆက်လက်၍ သမာဓိကို ထူထောင်ပါ။
成功以后,就在这透明平面中统摄观照四大种,再继续建立定力。
ပါရမီရှင် သူတော်ကောင်းများ
具足波罗蜜的善士
အတိတ်ဘဝ ထိုထိုက ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် ဆည်းပူးခဲ့ ဖြည့်ကျင့် ခဲ့သော ပါရမီ ပုည သမ္ဘာရတည်းဟူသော ပါရမီကောင်းမှု ကုသိုလ်အထူးဟူသော အဆောက်အဦ အခိုင်အမာ တည်ရှိခဲ့ဖူးသော ပါရမီရှင် သူတော်ကောင်းများ အဖို့မှာမူ ထိုအကြည်ပြင် အကြည်တုံး၌ ဓာတ်ကြီး (၄)ပါး ကိုပင် စိုက်၍ ရှုနေရုံမျှဖြင့် အလွယ်တကူပင် အကြည်တုံး အကြည်ပြင်ကြီးမှာ ပြိုကွဲသွားကာ ရုပ်ကလာပ် အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။
具足波罗蜜的善士,过去诸生中曾修习、培育名色,直至智见达到究竟;由称为“波罗蜜福德资粮”的波罗蜜善业与殊胜善业,早已奠成坚固基础。这样的人,只须在透明平面、透明块体中专注观照四大种,大片透明块体或透明平面便很容易瓦解,开始看见色聚微粒。
အာကာသဓာတ်ကို ရှုရန်
观空界
သို့သော် ပါရမီကောင်းမှုကုသိုလ် အဆောက်အဦက အနည်းငယ် အားပျော့နေသော ယောဂီသူတော် ကောင်း ဖြစ်ခဲ့ပါမူ ထိုအကြည်ဓာတ် အကြည်တုံး အကြည်ပြင် အကြည်ခဲကြီးမှာ ဓာတ် (၄)ပါးကို မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ပြိုကွဲ မသွားဘဲ အတုံးလိုက် အခဲလိုက် အပြင်လိုက်ပင် ရှိနေတတ်ပါသည်။ ထိုအခါမျိုး တွင် ထိုအကြည်ပြင်ကြီး၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုရမည် ဖြစ်သည်။
然而,如果这位善士瑜伽行者的波罗蜜福德资粮基础稍弱,那么,即使在那透明体、透明块体、透明平面或大片透明团块中专注观照四大种,想要把它们看清,那透明体等也不会瓦解,仍会保持整块、整团、整片的状态。遇到这种情形,就必须在那大片透明平面中专注观照空界,直到看见。
ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် (မ-၂-၈၆)၌ အာကာသဓာတ်ကို ရှုပွားရန် အရှင်ရာဟုလာ အား ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာဆရာတော်ကလည်း အာကာသဓာတ်ကို ရှုရန် ညွှန်ကြားတော်မူ ရခြင်း၏ အကြောင်းရင်းကို ဤသို့ ရှင်းပြထား၏။
佛陀在《教诫罗睺罗大经》(《中部》2-86)中,曾教导尊者罗睺罗观修空界。义注师又如下解释了佛陀为何教导观空界。
အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာ- နေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒဿေတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
巴利《中部义注》引文(缅文转写,上段):“အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာ- နေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒဿေတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။”译:“那么,为什么又详说空界呢?为了显示所造色。因为前文只说了四大种,并未说所造色。因此,为了借这一门径显示所造色,才详说空界。而且,由内在空界所区隔的色法也会变得显明。”
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
“由空界所区隔的色法,便趋于清楚显现;”
တဿေဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ-ဋ္ဌ-၃-၉၇။)
“为了使它如此显现,导师才开示了那〔空界〕。”(《中部义注》3-97。)
မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထ ကသ္မာ ဝိတ္ထာရေသီတိ အာဟ ''ဥပါဒါရူပဒဿနတ္ထ''န္တိ။ ပ ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗာ။ တေနာဟ ''ဣမိနာ မုခေန တံ ဒဿေတု''န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒဿေန္တော ''အပိစာ''တိအာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသ- ပရိယာဒါနတ္ထံ ''အဇ္ဈတ္တိကေနာ''တိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။
巴利《中部复注》引文(缅文转写,上段):“မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထ ကသ္မာ ဝိတ္ထာရေသီတိ အာဟ ''ဥပါဒါရူပဒဿနတ္ထ''န္တိ။ ပ ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗာ။ တေနာဟ ''ဣမိနာ မုခေန တံ ဒဿေတု''န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒဿေန္တော ''အပိစာ''တိအာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသ- ပရိယာဒါနတ္ထံ ''အဇ္ဈတ္တိကေနာ''တိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။”译:“四大种固然应当详说,因为它们适合思惟;那么,为什么又详说不适合思惟的空界呢?〔义注〕答:‘为了显示所造色。’……‘前文只说了四大种,并未说所造色’:应知,在这里,依特相导释法,借观见空界也就显示了所造色。因此说:‘为了借这一门径显示它。’详说空界,不只是为了显示对所造色的把握,也是为了使把握容易;为表明此义,才说‘而且……’等。这里,为了把应被区隔的色法无余摄尽,特加‘内在的’这一限定。‘由空界’是说:当空界被把握时。”
ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ-ဋီ-၂-၆၃။)
“所谓‘被区隔的色法’,是说由该〔空界〕分隔开的诸色聚中所含的色法,也会变得显明,清楚地现起。”(《中部复注》2-63。)
原书第 612 页
မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ် ထိုက်သော တရားများ ဖြစ်ခြင်းကြောင့် ထိုဓာတ်ကြီး (၄)ပါးတို့ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်းမှာ သင့်တန်စေ၊ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ကာ ရှုပွား သုံးသပ်ခြင်းငှာ မထိုက်တန်သော အနိပ္ဖန္န အမည်ရသော ရုပ်အတုမျှသာဖြစ်သော အာကာသဓာတ်ကို အဘယ်ကြောင့် အကျယ်ချဲ့၍ဘုရားရှင် သည် ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏။ ဥပါဒါရုပ်တို့ကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော် မူလိုသည့်အတွက် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်သည်ဟု ဖြေဆို ရာ၏။
有人也许会问:四大种是适合安立无常、苦、无我三相而观修、思惟的法,因此佛陀详说这4种大种尚属合理;空界只是一种称为anipphanna(非因所成)的非实色,并不适合安立无常、苦、无我三相而观修、思惟,佛陀为什么还要详说它呢?应答:佛陀之所以详说空界,是因为想要教导观修、思惟诸所造色。
ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။
巴利偈颂(缅文转写,第1行):“ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။”译:“当一种法被宣说时,与它具有相同特相的诸法——”
ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။
巴利偈颂续(缅文转写,第2行):“ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။”译:“——也就全都被宣说了;这称为‘特相导释’。”
= ပရမတ္ထဓာတ်သား တရားလုံးတစ်ခုကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် အတွက် ဘုရားရှင်သည် ဟောကြားတော်မူသည်ရှိသော် ထိုပရမတ္ထဓာတ်သား တရားလုံးနှင့် လက္ခဏာချင်း တူညီသော ပရမတ္ထဓာတ်သား တရားအားလုံးကို ဝိပဿနာရှုပွားသုံးသပ်ရန် ဟောကြားတော်မူပြီးသာ ဖြစ်သည်။
=佛陀若为令〔人〕安立三相而修毗婆舍那、观修思惟,宣说了一种究竟界法,那么,与这一究竟界法特相相同的一切究竟界法,也就已经被宣说为应当修毗婆舍那、观修思惟的法。
ဤသို့ လက္ခဏာချင်း တူညီရာ တရားအားလုံးကို သိမ်းကျုံးယူရသော နည်းမှာ လက္ခဏာဟာရနေတ္တိ နည်း - ဖြစ်၏။
这种总摄一切具有相同特相之法的方法,就是特相导释法(lakkhaṇahāra-netti-naya)。
ဤ မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို ရှုပွားဖို့ရန် ဘုရားရှင် ဟောကြားတော်မူခြင်း မှာလည်း လက္ခဏာဟာရနေတ္တိနည်းအရ လက္ခဏာချင်းတူညီရာ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏။ သို့အတွက် အာကာသဓာတ်ကို ရှုဖို့ရန် ဘုရားရှင်၏ ညွှန်ကြား တော်မူချက်မှာ ဥပါဒါရုပ်အားလုံးကိုပင် ရှုရန် ညွှန်ကြားတော်မူခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် မဟာ ရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို မဟောမီ ရှေးပိုင်း၌ ဓာတ်ကြီး (၄)ပါးတို့ကိုပင်လျှင် ဟောကြား တော်မူခဲ့၏၊ ဥပါဒါရုပ်ကို ဟောကြားတော် မမူခဲ့ပေ။ ထိုကြောင့် ဤအာကာသဓာတ်ကို အဦးမူသဖြင့် ထို ဥပါဒါရုပ်အားလုံးကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်း ဖြစ်သည်။ အာကာသဓာတ်သည်လည်း ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သော ဥပါဒါရုပ်ပင်
佛陀在这部《教诫罗睺罗大经》中教导观修空界,也是依特相导释法,把与空界具有相同特相的一切所造色总摄在空界中而说。因此,佛陀教导观空界,也就是教导观一切所造色。在《教诫罗睺罗大经》中,佛陀宣说空界以前,只宣说了四大种,并未宣说所造色。于是,为了借空界这一门径教导观修、思惟所有所造色,佛陀才详说空界。空界本身也正是依四大种而有的所造色——
ဖြစ်၏။ အာကာသဓာတ်မှ ကြွင်းကျန်သော (၂၃)မျိုးသော ဥပါဒါရုပ်သည်လည်း ဓာတ်ကြီး (၄)ပါးကိုပင် မှီ၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ်ပင် ဖြစ်၏။ ဤသို့လျှင် အာကာသဓာတ်နှင့် ကျန်ဥပါဒါရုပ်အားလုံးတို့သည် ဓာတ် ကြီး (၄)ပါးကိုသာ မှီတွယ်၍ ဖြစ်ပေါ်လာရပုံ လက္ခဏာချင်း တူညီသောကြောင့် အာကာသဓာတ်၌ ဥပါဒါရုပ် အားလုံးကို ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်သည်။ လက္ခဏာဟာရနေတ္တိနည်းတည်း။
——之一。除空界以外的其余23种所造色,同样都是依四大种而生的所造色。如此,空界与其余一切所造色都只依四大种而生,具有相同的特相,所以佛陀把所有所造色总摄于空界而宣说。这正是特相导释法。
သည်မျှသာ မကသေး၊ အာကာသဓာတ်၌ ဥပါဒါရုပ်အားလုံးကို ပေါင်းရုံးယူ၍ ရှုပွားသုံးသပ်ဖို့ရန်အတွက် သက်သက်မျှသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော် မူအပ်သည် မဟုတ်သေး၊ စင်စစ်မှာမူ ရုပ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ဖို့ရန် အတွက်လည်း ညွှန်ကြားပြသတော်မူလိုသည့်အတွက် အာကာသဓာတ်ကို ရှုပွားသုံးသပ်ဖို့ရန် ဘုရားရှင်သည် ညွှန်ကြားတော် မူခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သည့် ပရိစ္ဆေဒရုပ်ဟု ခေါ်တွင်သော အာကာသဓာတ်ကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုပွားနိုင်ခဲ့သော် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သည့် အာကာသဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းအဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်
还不止如此。佛陀详说空界,并不只是为了令〔人〕把一切所造色总摄于空界而观修、思惟;其实,也是为了指示如何容易地摄取诸色法。因此,如果瑜伽行者能够观见空界——即作为诸色聚的分界、使诸色聚彼此不相混杂,因而称为“分界色”(pariccheda-rūpa)的法——那么,在这位以智看见诸色聚之间空隙即空界的瑜伽行者之相续中,由该内在空界所分隔的诸色聚——
အပေါင်းသည်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်သာ ဖြစ်၏။
——的全体,也必然会在他的智中清楚显现。
原书第 613 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ်အပေါင်းကို တွေ့မြင်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ထင်ထင်ရှားရှား သိမြင်ခြင်းသို့ ရောက်ရှိလာနိုင်၏။ ထိုသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာမှုကို ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ ဦးစီးဦးကိုင် ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထိုအာကာသဓာတ်ကို ရှုပွားဖို့ရန် ထင်ရှားပြသတော်မူပေသည်။ (မ-ဋ္ဌ-၃-၉၇။ မ-ဋီ-၂-၆၃။)
在看见由空界所区隔的诸色聚之瑜伽行者的相续中,他能够进一步清楚知见每一个色聚内部存在的大种色与所造色。为了鲜明地指示这种清楚显现的利益,人、天、梵三类众生的导师——正等正觉佛陀——才明确开示应当观修空界。(《中部义注》3-97;《中部复注》2-63。)
အာကာသဓာတ်ကို မြင်အောင် ရှုပုံ
观见空界的方法
အကယ်၍ အကြည်ပြင် အကြည်တုံး အကြည်ခဲ၌ ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို စိုက်၍ ရှုနေသော်လည်း ထိုအကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ ပြိုကွဲ၍ မသွားဘဲ အတုံးအခဲအတိုင်းပင် ဖြစ်နေပါမူ ထိုအကြည်ပြင်၌ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုပါ။ ပကတိသော လက်မောင်းသား စသည်ကို ကြည့်လိုက်ပါက တစ်ဆက်တည်းဟု ထင်ရသော်လည်း သေသေချာချာ စိုက်၍ ကြည့်လိုက်ပါက မွေးညင်းပေါက်များကို တွေ့ရသကဲ့သို့ အလား တူပင် ထိုအကြည်ပြင်၌ အာကာသ ခေါ် အကြားအပေါက်ကို မြင်အောင် လင်းရောင်ခြည်ဖြင့် ထိုးစိုက်လျက် ရှုကြည့်ပါ။ အာကာသဓာတ်ကို စတင် တွေ့ရှိလာတတ်ပါသည်။ အာကာသဓာတ်ကို တွေ့သည်နှင့် တစ်ပြိုင် နက်တည်း ရုပ်ကလာပ်များကိုလည်း စတင်၍ တွေ့ရှိတော့မည်သာ ဖြစ်ပါသည်။
如果在透明平面、透明块体或透明团块中,虽已专注观照四大种各自的自性特相,那一大片透明平面、透明块体或透明团块仍未瓦解,还是原样成块、成团,就应借助光明之力,在那透明平面中专注观照空界,直到看见。譬如观看普通的手臂肌肉等时,似乎连成一片;但若仔细专注观察,就会看见毛孔。同样,应以光明照入那透明平面,专注寻找称为空界的间隙。当开始看见空界时,也就会同时开始看见色聚。
အကြည်ဓာတ် (၆) ပါး
六种净界
၁။ စက္ခုပသာဒ = မျက်စိအကြည်၊ ၂။ သောတပသာဒ = နားအကြည်၊ ၃။ ဃာနပသာဒ = နှာအကြည်၊ ၄။ ဇိဝှါပသာဒ = လျှာအကြည်၊ ၅။ ကာယပသာဒ = ကိုယ်အကြည်ဟု ရုပ်အကြည်ဓာတ် (၅)မျိုး ရှိ၏။
1.စက္ခုပသာဒ(cakkhupasāda)=眼净色;2.သောတပသာဒ(sotapasāda)=耳净色;3.ဃာနပသာဒ(ghānapasāda)=鼻净色;4.ဇိဝှါပသာဒ(jivhāpasāda)=舌净色;5.ကာယပသာဒ(kāyapasāda)=身净色。共有5种色净界。
၆။ မနောအကြည်ဓာတ်ဟု နာမ်အကြည်ဓာတ် တစ်မျိုး ရှိ၏။
6.မနောအကြည်ဓာတ်(意净界),这是1种名净界。
အားလုံးပေါင်းသော် အကြည်ဓာတ် (၆)မျိုး ရှိ၏။ ထိုတွင် ကာယအကြည်ဓာတ်များမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏။ ထိမှုကို သိသည့် နေရာတိုင်းတွင် ကာယအကြည်ဓာတ် တည်ရှိနေ၏။ ထိမှုကို သိသည့် ကာယဝိညာဏ်စိတ်သည် ကာယအကြည်ဓာတ်ကိုသာ မှီ၍ ဖြစ်နိုင်သောကြောင့် ဖြစ်၏။ ကာယ အကြည်ဓာတ်နှင့် တကွသော ရုပ်အကြည်ဓာတ် (၅)မျိုးတို့ကို အာကာသဓာတ်ကို မမြင်သေးသဖြင့် ရုပ်ကလာပ် များကို မမြင်ခင်အတွင်း၌ တစ်ဆက်တည်းကဲ့သို့ မြင်နေသဖြင့် အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့နေရခြင်း ဖြစ်၏။
合计有6种净界。其中,身净色遍布全身;凡是能够觉知触所缘的部位,都有身净色存在。这是因为,了知触所缘的身识只有依止身净色才能生起。包括身净色在内的5种色净界,在尚未看见空界、因而尚未看见色聚以前,会被看成连续一体,所以呈现为整块、整团或整片的净色。
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။
“以眼〔净色〕为首的5种〔净色〕,由于作为取得色等各自所缘的缘,像镜面一样极为澄净,所以称为净色。”
(ဝိသုဒ္ဓိ-၂-၈၁။)
缅文出处原文:“(ဝိသုဒ္ဓိ-၂-၈၁။)”(《清净道论》2-81。)
ဤအဋ္ဌကထာအဖွင့်နှင့် အညီ စက္ခုပသာဒ စသည့် ယင်းပသာဒရုပ် (၅)မျိုးတို့ကား ရူပါရုံစသည့် ဆိုင်ရာ ဆိုင်ရာ အာရုံကို ယူနိုင်ဖို့ရန် မှီရာ အကြောင်းတရား အဖြစ်ဖြင့် ကြေးမုံပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ်ဟူသော အမည်ကို ရရှိကြသည်။ (ဝိသုဒ္ဓိ-၂-၈၁။)
依照这段义注的解释,以眼净色等为首的这5种净色,是由于各自作为取得色所缘等相应所缘的所依缘,像镜面一般特别澄净,因而得名“净色”。(《清净道论》2-81。)
原书第 614 页
ယင်း အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းရှုပွားနေသော ဘာဝနာ သမာဓိနှင့် ယှဥ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော အရောင်အလင်းဖြင့် ထိုအကြည်ပြင်၌ အာကာသ ဓာတ်ကို မြင်အောင် ထိုးစိုက်၍ ရှုနိုင်သောအခါ ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော အာကာသဓာတ် ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်များကိုလည်း စတင်တွေ့ရှိမည် ဖြစ်သည်။
当能够借助由观修透明块体、透明平面中四大种的修习定相应之智所生的光明,在那透明平面中专注观照空界,直到看见时,一见到诸色聚之间的空隙——空界——也就会同时开始看见色聚。
နာမ်တရားတို့တွင် ဘဝင် = မနောအကြည်ဓာတ်မှာလည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိလျက် ကြည်လင် ဖြူစင်နေကြောင်းကို ---- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ (အံ-၁-၉) = ရဟန်းတို့ …ဤဘဝင်စိတ်သည် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပ၏ = ဖြူ စင်၏ - ဟု အင်္ဂုတ္တိုရ် ဧကကနိပါတ် ပဏိဟိတအစ္ဆဝဂ်၊ အစ္ဆရာသင်္ဃာတဝဂ်တို့၌ ဘုရားရှင်ဟောကြားထား တော်မူ၏။ ဤ၌လည်း ဘဝင်စိတ်၌ ရာဂ ဒေါသ မောဟ စသည့် စိတ်ဓာတ် ညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်နေသည့်အတွက် ဖြူစင်ပုံကို ရည်ရွယ်၍ ဤအထက်ပါ စကားတော်ကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ အညစ်အကြေး ကင်းနေသဖြင့် ကြည်လင်သန့်ရှင်းလျက် ရှိ၏ဟုသာ ဆိုလိုရင်း ဖြစ်သည်။ သို့သော် ဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် ရူပါရုံနှင့် ယင်းစိတ္တဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိ
在名法中,有分=意净界也被说为pabhassara,即带有闪烁、灿然发亮的色光而澄明清净。佛陀在《增支部·一集》的Paṇihita-accha-vagga与Accharāsaṅghā“诸比丘,此有分心明亮光耀,即是清净。”(《增支部》1-9。)不过,佛陀说这句话,是就有分心远离贪、嗔、痴等能染污心的随烦恼垢染,因而清净而言。真正的意思只是:有分心没有颜色,也没有光,只因离垢而澄净清净。然而,由有分心所生的诸心生食素八法聚中所含的颜色界——色所缘,以及存在于每一个这种心生色聚中的——
သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံကား ဘဝင်စိတ်နှင့် ယှဥ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို၊ ဉာဏ်အာနုဘော်က သေးလျှင် သေးသလို တောက်ပလျက်ပင် ရှိပေသည်။
——火界(即时节)所生的诸时节生食素八法聚中所含的颜色界——色所缘,则都会发光:与有分心相应之智的威力大,它们发出的光就强;智的威力小,它们发出的光就弱。
မူလဋီကာ (၁-၁၂၅)၌ ---- သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ။ (၁-၉၅)၌ ---- အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ = စိတ်အားလုံးသည်ပင် ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင်၏ - ဟု ပဏ္ဍရ ဖြစ်ကြောင်း ဖြူစင်ကြောင်း ဖွင့်ဆိုထားပေသည်။
《“或者,心的这种清净正是其本性。”又于1-95说:“အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ”译:“或者,一切心就其本性而言都是清净的。”如此解释了paṇḍara,即清净之义。
ဇဝနက္ခဏေ ရဇ္ဇနဒုဿနမုယှနသဘာဝါနံ လောဘသဟဂတာဒီနံ စိတ္တာနံ ဝသေန ဥပ္ပန္နေဟိ အာဂန္တု- ကေဟိ ဥပက္ကိလေသေဟိ ပကတိပရိသုဒ္ဓမ္ပိ ဘဝင်္ဂစိတ္တံ ဥပက္ကိလိဋ္ဌံ နာမ ဟောတီတိ။ (အံ-ဋ္ဌ-၁-၄၆။) ဒွါရနှင့် အာရုံ တိုက်ဆိုင်မှုကြောင့် ဘဝင်အယဥ် ပြတ်လျက် ဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာရာဝယ် ဇောခဏ၌ အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း သဘောရှိကြကုန်သော လောဘနှင့် ယှဥ်တွဲ ဖြစ်ပေါ်လာသော စိတ်၊ ဒေါသနှင့် ယှဥ်တွဲ ဖြစ်ပေါ်လာသော စိတ်၊ မောဟနှင့် ယှဥ်တွဲဖြစ်ပေါ်လာသော စိတ် စသော စိတ်တို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ဧည့်သည်ဖြစ်ကုန်သော ဥပက္ကိလေသ အညစ်အကြေး တို့ကြောင့် ပကတိဖြူစင်သည်လည်းဖြစ်သော ဘဝင်စိတ်သည် ညစ်နွမ်းရသည် မည်၏။ (အံ-ဋ္ဌ-၁-၄၆။)
“在速行刹那,由具有染著、嗔害、迷惑之性的贪相应心等所生起的客尘随烦恼,使本来自然清净的有分心也被称为染污。”(《增支部义注》1-46。)当门与所缘相遇,有分流被截断,心路心相续生起;在速行刹那,由对所缘具有贪著、嗔害与迷惑之性的贪相应心、嗔相应心、痴相应心等所产生的客尘随烦恼垢染,使本来自然清净的有分心被称为染污。(《增支部义注》1-46。)
နဒီသောတော ဝိယ - ဒီပဇာလာ ဝိယ
“如河流——如灯焰”。
မြစ်ရေအယဥ်ကဲ့သို့ - ဆီမီးအလျှံကဲ့သို့
如河流——如灯焰
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ယခုကဲ့သို့ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိထူထောင်ခိုက်ဝယ် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုပင် စူးစူးစိုက်စိုက် ရှုနေပါက အကြည်ဓာတ်များကို မတွေ့ရသေးမီ အချိန်တွင်လည်းကောင်း၊ အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့စမှာလည်းကောင်း ဓာတ်ကြီး (၄)ပါးတို့၏ အဆက်မပြတ် ဖြစ်နေမှုကို မြစ်ရေအယဥ် တသွင် သွင် စီးဆင်းနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်ပနေသကဲ့သို့ တွေ့မြင်တတ်၏။ သန္တတိဃန စသော
有些贤善的瑜伽行者,如今在以四大种的自性特相为所缘建立定时,若持续专注观照四大种的自性特相,那么,无论尚未看见诸净色,还是刚开始把诸净色看成块状、团状、平面状,都会看见四大种连续不断的状态,犹如河流滔滔流淌,又如灯焰持续发光。这只是在相续密集等——
原书第 615 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ရုပ်အတုံးအခဲ ဃနများ မပြိုသေးမီ ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် မရှုနိုင်သေးမီ ကာလဝယ် ဃနမပြိုသေးသော ရုပ်တို့၏ သဘာဝကို စတင် တွေ့ရှိခြင်းပင် ဖြစ်၏။ ထိုအခါမျိုးတွင် ဓာတ်ကြီး (၄)ပါးကို လက်မလွှတ်သေးဘဲ ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဆက်လက်၍ ဘာဝနာစိတ်ကို ခိုင်မြဲအောင် စိုက်ရှု နေပါ။ တဖြည်းဖြည်း ဓာတ်ကြီး (၄)ပါးတို့၏ ကြည်သထက် ကြည်နေသော သဘာဝများကို စတင် တွေ့ရှိလာ မည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်ဓာတ်၌လည်း ဓာတ် (၄)ပါးကိုပင် ဆက်လက်၍ စိုက်ရှုနေပါက ရုပ်က လာပ်များကို စတင် တွေ့ရှိတတ်ပါသည်။ ရုပ်ကလာပ်များကို မတွေ့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့စအချိန်၌လည်း မြစ်ရေအယဥ် တသွင်သွင် စီးနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်လောင်
——色法块体等密集尚未破除,也尚不能以智逐一破除各种密集而观照以前,所开始看见的只是尚未破密集之色法的性质。此时仍不可放开四大种,应只在四大种所缘上继续牢固地安置修习心而观。渐渐会开始看见四大种越来越明净的性质。若仍在这透明平面、净色中继续专注四大种,便会开始看见色聚。若尚未看见色聚,就如上所说,刺入观照直到看见空界,便会看见色聚。初见色聚时,也会看见它们犹如河流不断流淌、灯焰持续燃烧——
နေသကဲ့သို့ အခြင်းအရာကို တွေ့တတ်ပါသည်။ သို့သော် ပရမတ်နယ်မြေအစစ်သို့ကား မဆိုက်ရောက်သေးပါ။
——那样连续显现。不过,此时仍未到达真正的胜义领域。
အတုံးအခဲ အကြီး-အသေး
块体的大与小
သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အာကာသဓာတ်ကို တွေ့တန်သလောက် တွေ့သော်လည်း ရုပ်ကလာပ်အမှုန်များကို ပင်ကိုယ်သဘာဝအတိုင်း မတွေ့ရသေးဘဲ ပဲစေ့ခန့် ဆန်စေ့ခန့် ဆန်ကွဲစေ့ခန့် စသည်ဖြင့် အတုံးအခဲ ခပ်ကြီးကြီး အနေအထားဖြင့် စတင် တွေ့တတ်သည်လည်း ရှိ၏။ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ကား ကတ္တီပါ အနက်ရောင်ပေါ်တွင် စိန်တုံး ခပ်သေးသေးကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်၏။ ထိုအခါမျိုးတွင် အကြီးအသေး မဟူ အတုံးအခဲမှန်သမျှ၌ ဓာတ် (၄)ပါးကိုပင် မြင်အောင် ဆက်၍ ရှုပါ။ အတုံးအခဲများမှာ တစ်စတစ်စ ကွဲထွက် သွားတတ်ပါသည်။ အသေးဆုံး ရုပ်ကလာပ်အဆင့်သို့တိုင်အောင် တွေ့မြင်လာတတ်ပါသည်။ အတုံးအခဲအကြီး ကို ဓာတ် (၄)ပါး စိုက်ရှုရုံမျှဖြင့် ပြိုကွဲမသွားဘဲ အတုံးအခဲအတိုင်းပင် တွေ့မြင်နေရပါမူ ထိုအတုံးအခဲ၌ အာကာ
不过,对于有些瑜伽行者,在刺入观照以看见空界时,虽多少见到空界,却尚未依色聚微粒本身的自性看见它们;最初反而看见豆粒、米粒、碎米粒等大小的较大块体。有些人的智中,则显现得像把细小钻石撒在黑天鹅绒上。此时,不论块体大小,都继续观见其中的四大种。块体会逐渐分解,乃至可以看到最小色聚的层次。若只在大块体中专注四大种,它仍不瓦解而照旧显为块体,那么就在这块体中观照空——
သဓာတ်ကို မြင်အောင် လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ထိုးစိုက်၍ ရှုလိုက်ပါက အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်များကိုလည်း တွေ့မြင်တတ်ပါသည်။
——界;借助光明之力刺入观照,直到看见空界。一看见空界,往往同时也会看见色聚微粒。
အတိတ်က ဆည်းပူးထားသော ပါရမီ အရှိန်အဝါ အားကောင်းသူ ယောဂီသူတော်ကောင်းများကား အကြည်ပြင်တွင် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အချိန်အနည်းငယ် အတွင်းမှာပင် အလွန့်အလွန် သေးငယ်သော ပရမာဏုမြူခန့်ထက်ပင် သာလွန်၍ သေးငယ်ဖွယ်ရာ ရှိသော ရုပ်ကလာပ် အမှုန်ပေါင်းများစွာကို တွေ့မြင်နေတတ်ပါသည်။
过去所积累的波罗蜜势力强盛的贤善瑜伽行者,在透明平面中刺入观照以看见空界时,短时间内便往往能看见许多极其微小、甚至可能比极微尘(paramāṇu)还要微小的色聚微粒。
ရုပ်ကလာပ်များကို တွေ့စအချိန်
初见色聚之时
ရုပ်ကလာပ်များကို စတင် တွေ့စအချိန်တွင် ရုပ်ကလာပ်များ၏ ပင်ကိုယ် သဘာဝအတိုင်း အလွန် လျင်လျင်မြန်မြန် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်ကို တွေ့ရှိမည် ဖြစ်သည်။ ''ဧကစ္ဆရက္ခဏေ ကောဋိ- သတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ-ဋ္ဌ-၂-၂၉၅။) = နာမ်တရားတို့သည် လက်ဖျစ် တစ်တွက် အချိန် အတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်၍ ချုပ်၏''- ဟု ဖွင့်ဆိုထားသဖြင့် လက်ဖျစ်တစ်တွက် တစ်စက္ကန့် အချိန် ကာလကို ကုဋေတစ်သိန်း ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်း ရှိကြ၏။ ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိ၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေ (၅ဝဝဝ) ကျော် အဖြေ ထွက်လာ၏။ သို့အတွက် ရုပ်တို့၏ သက်တမ်းမှာ တစ်စက္ကန့် လက်ဖျစ်တစ်တွက် အချိန်ကာလကို ကုဋေ (၅ဝဝဝ)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်း ရှိ၏။ ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပြီး
初见色聚时,会依色聚本来的性质,看见它们极其迅速地“在一弹指顷,生起后灭去者,数达十万俱胝。”(《相应部义注》2-295。)因此,若把一弹指、约一秒的时间分成十万俱胝份,名法的寿命仅约其中一份。典籍说色法的寿命为17个心刹那;十万俱胝除以17,所得为五千余俱胝。因此,色法的寿命仅约相当于把一秒或一弹指分成五千余俱胝份后的一份。它们以如此难以比拟的速度生起后——
原书第 616 页
ပျက်နေကြ၏။
——灭去。
ထိုကဲ့သို့ ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေမှုကို ကြည့်၍ ဖြစ်- ပျက် ရှုနေပါက သို့မဟုတ် အနိစ္စဟု ဝိပဿနာရှုနေပါက ထိုဝိပဿနာကား ပညတ်နယ်၌သာ ရှိနေပေသေး သည်။ ပညတ် ဖြစ်-ပျက် ပညတ် အနိစ္စတို့ကား နိဗ္ဗာန်သို့ မရောက်နိုင်သော လုပ်ငန်းရပ်များသာ ဖြစ်သည်။
若只是看着色聚极其迅速地忽现忽灭而观生灭,或以“无常”作观禅,这种观仍只处于概念领域。对概念的生灭、概念的无常所作的修习,都不能导向涅槃。
ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သည်။
只有能够以智分别、分析并观修每一个色聚中地界、水界、火界、风界等大种色与所造色,智见才会到达胜义。
နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် ရောက်ရှိနိုင်သော အရာဌာန ဖြစ်ပေသည်။ ပရမတ်အစစ် ဖြစ်သော ရုပ်နာမ်တို့သည်သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ထိုက်သော တရားများ ဖြစ်ကြ၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ ဖြစ်ကြ၏။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်တို့ကိုသာလျှင် လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်၏။
涅槃是唯有从胜义谛领域出发才能到达的处所。只有真正胜义的色、名,才是应当置于无常、苦、无我三相之下加以观修、审察的诸法,是观智的所观所缘。只有把作为真正胜义法体的色、名置于三相之下观修、审察,才能生起真正的观智。
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ၊ (သံ-၁-၃၄၄။) ဟူသော သုသိမသုတ္တန် ဒေသနာ တော်အတိုင်း နိဗ္ဗာန်ကို အာရုံယူသည့် အရိယမဂ်ဉာဏ်ဟူသည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ခွင့် ရှိသော တရား ဖြစ်၏။ စစ်မှန်သော ဝိပဿနာဉာဏ် မဟုတ်ပါက စစ်မှန်သော အရိယမဂ်ဉာဏ်လည်း မဖြစ် ပေါ်လာနိုင်ပေ။ ပရမတ်အစစ် ဓာတ်အနှစ်ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွား သုံးသပ်ပါမှသာလျှင် စစ်မှန်သော ဝိပဿနာဉာဏ်သည်လည်း ဖြစ်ပေါ်လာခွင့် ရှိပေသည်။ သို့အတွက် နိဗ္ဗာန်ဟူသည် ပရမတ္ထ သစ္စာနယ်မှ သွားမှသာလျှင် ရောက်နိုင်သော အရာဌာန ဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။
“苏尸摩,先有法住智,后来才有于涅槃之智。”(《相应部》1-344。)依此教说,以涅槃为所缘的圣道智,只能在诸观智终了时才有机会生起。若不是真正的观智,真正的圣道智也不能生起。只有把真正的胜义法体置于三相之下观修、审察,真正的观智才有生起的机会。正因如此,才说涅槃是只能从胜义谛领域出发而到达的处所。
ရုပ်ကလာပ်တစ်ခု၏ ပမာဏ
一个色聚的大小
တသ္မာ အဏုနော ဆတ္တိံ သတိမဘာဂမတ္တော ပရမာဏု နာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုဿေဝ ဂေါစရဘူတော။ (မဟာဋီ-၁-၄၄၇။ အဘိ-ဋ္ဌ-၂-၃၂၈။) ကား-လှည်းစသည်တို့ သွားရာ၌ ထလာသော ပကတိသော မျက်စိဖြင့် မြင်တွေ့ရသော မြူမှုန်များကား ရထရေဏုမြူတည်း။ ယင်းရထရေဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ တဇ္ဇာရီမြူ မှုန် ဖြစ်၏။ နေ ရောင်ခြည်သည် အိမ်နံရံပေါက် စသည်မှ အိမ်အတွင်း အဆောက်အအုံအတွင်းသို့ ထိုးဝင်လာသောအခါ ထိုနေရောင်ခြည်တန်းအတွင်း၌ တွေ့မြင်နေရသော မြူမှုန်များသည် တဇ္ဇာရီမြူမှုန်များ ဖြစ်ကြ၏။ ယင်း တဇ္ဇာရီမြူမှုန်ကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ အဏုမြူ ဖြစ်၏။ ယင်း အဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ ပရမာဏုမြူ ဖြစ်၏။
巴利“因此,所谓极微尘,约为微尘的三十六分之一,归入虚空之分;它不是肉眼的所缘,而唯是天眼的所缘。”(《大复注》1-447;《阿毗达磨义注》2-328。)车、牛车等经过时扬起、可由普通肉眼看见的尘粒,称为车尘(rathareṇu)。把车尘分成36份,其中一份称为日光尘(tajjāri);阳光从墙孔等射入屋内或建筑物内时,在光束中看到的尘粒,就是日光尘。把日光尘分成36份,其中一份称为微尘(aṇu);再把微尘分成36份,其中一份称为极微尘(paramāṇu)。
ရုပ်ကလာပ်တစ်ခုကား ယင်းပရမာဏုမြူခန့်လောက် ရှိ၏။ ပရမာဏုမြူခန့်ဟူ၍သာ ဆိုပါသည်။ ပရမာ ဏုမြူ ဟူ၍ အတိအကျ မဆိုပါ။ ယင်း ပရမာဏုမြူခန့်ရှိသော ရုပ်ကလာပ်များကား အာကာသ ကောဋ္ဌာသိက = ဟင်းလင်းပြင် အာကာသ ကောဋ္ဌာသ အဖို့အစု၌ ဝင်၏။ (ပရမာဏုမြူခန့် သေးငယ်သော ရုပ်ကလာပ်တို့ဖြင့် ပြည့်နေသော အရပ်ကို အာကာသ ဟင်းလင်းပြင်ဟူ၍သာ ထင်ရသည်။ ယင်းရုပ်ကလာပ်တို့ကို ပကတိ မျက်စိ ဖြင့် မမြင်နိုင်ဟု ဆိုလိုသည်။) ပကတိသော မံသစက္ခု (= စက္ခုဝိညာဏ်) ၏ ကျက်စားရာ အာရုံ မဟုတ်။
一个色聚大约有那样的极微尘大小。这里只说“约如极微尘”,并不是确切断言它就是极微尘。这些约如极微尘的色聚,被归入所谓“虚空之分”(ākāsa-koṭṭhāsika)。〔意思是:充满约如极微尘般细小色聚的地方,看起来只像虚空;这些色聚不能以普通肉眼看见。〕它们不是普通肉眼——即眼识——的行境所缘。
ဒိဗ္ဗစက္ခု၏သာလျှင် ကျက်စားရာ အာရုံ ဖြစ်၏။ (ဒိဗ္ဗစက္ခုဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်ဟု ဆိုလိုပေသည်။ သို့သော် ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်လည်း လင်း
它们唯是天眼的行境所缘。〔意思是:必须凭天眼智所生光明的力量才能看见。不过,如前面所说明,正如天眼智会生起光明,止修心与观修心也能生起明亮的——
原书第 617 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ရောင်ခြည်များ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာ သော လင်းရောင်ခြည်၏ စွမ်းအင်ဖြင့်လည်း ယင်းရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်သာ ဖြစ်ပါသည်။ လက္ခ- ဏာဟာရနေတ္တိ နည်းဖြင့် အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့ ဖွင့်ဆိုသွားကြသည်ဟု မှတ်ပါ။ သို့မှ သာလျှင် အဘိညာဏ်ကို မရသည့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သမထယာနိကပုဂ္ဂိုလ်တို့လည်း ဝိပဿနာသို့ ကူးနိုင်မည် ဖြစ်သည်။)
——光线。因此,也能凭止修心、观修心所生光明之力看见这些色聚。应当知道,义注师与复注师是依特相导释法(lakkhaṇahāra-netti)作此解释的;唯有这样,未获得神通智的纯观乘者与止乘者也才可能转入观禅。〕
အခက်အခဲ တစ်ရပ်
一个难题
တစ်ခါတစ်ရံ အချို့အချို့သော သမာဓိနုနယ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအကြည်တုံး အကြည် ပြင်၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုလိုက်သောအခါ ထိုအကြည်တုံး အကြည်ပြင်ကြီးမှာ ပျောက် ပျောက် သွားတတ်၏၊ အရှုမခံ ဖြစ်နေတတ်၏။ ထိုအခါ မူလရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးကိုပင် ပြန်၍ ရှုပါ။ မကြာမီ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည် လာသော် ထိုအကြည်တုံး အကြည်ပြင်ကြီးသည် ပြန်၍ ပေါ်လာမည် ဖြစ်သည်။ ထိုသို့ အကြည်တုံး အကြည် ပြင်ကြီး ပျောက်ပျောက်သွားခြင်းမှာ သမာဓိ အရှိန်အဝါ အနည်းငယ် အားပျော့နေသူတို့အဖို့ ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာကို ရှုပွားမှုကို လက်လွှတ်လိုက်၍ အာကာသဓာတ်ကို ပြောင်း၍ အာရုံ စိုက်လိုက်မိ သောကြောင့် ဖြစ်သည်။ သမာဓိ၏ အရှိန်အဝါက အားပျော့နေခိုက်၌သာ ထိုသို့ ပျောက်သွားခြင်း ဖြစ်သည်။
有时,一些定力尚弱的瑜伽行者,在透明块、透明平面中刺入观照以看见空界时,大片透明块、透明平面会一再消失,变得无法继续观照。此时应回到原先一向观照的四大种。不久,修习心若能寂静地贴住四大种自性特相这一所缘而安住,大片透明块、透明平面便会重新出现。它之所以一再消失,是因为定力稍弱的行者放开了对四大种自性特相的观修,转而把心投向空界;唯在定力势能尚弱时,才会发生这种消失。
သမာဓိ၏ အရှိန်အဝါက အားကောင်းလာသောအခါ၌ကား ထိုသို့ လွယ်လွယ်နှင့် ပျောက်မသွားတော့ဘဲ မြစ် ရေအယဥ် ဆီမီးအလျှံကဲ့သို့ အဆက်မပြတ် ဖြစ်နေမှုကို ဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်သည်။
定力的势能强盛以后,它就不会这样轻易消失;行者会以智看见它像河流、灯焰一样连续不断。
ဘူတရုပ် = ဓာတ်လေးပါး နှင့် အကြည်ဓာတ်
大种色(=四界)与净色
ဤတွင် ဓာတ်ကြီး (၄)ပါးနှင့် ရုပ်အကြည်ဓာတ်တို့၏ ဆက်သွယ်မှုသဘောကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
这里略加说明四大种与净色之间的关系。
ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ။ ပ ။ စက္ခု။ (ဝိသုဒ္ဓိ-၂-၇၄။) စက္ခုပသာဒ (= စက္ခုအကြည်ဓာတ်) သည် ရူပါရုံ၏ ရှေးရှု ထိခတ်ခြင်း ရိုက်ခတ်ခြင်းကို ထိုက်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထား၏။ အလားတူပင် - သောတ-ဃာန-ဇိဝှါ-ကာယတို့၌လည်း ဆိုင်ရာ ဆိုင်ရာ အာရုံတို့၏ ထိခတ်ခြင်း ရိုက်ခတ်ခြင်းကို ထိုက်သော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိကြောင်း ကို အသီးအသီး ဖွင့်ဆိုထား၏။ ထိုကြောင့် ရုပ်အကြည်ဓာတ်ဟူသည် အဆင်း-အသံ-အနံ့-အရသာ-အတွေ့ အထိ ဟူသော ဆိုင်ရာ ဆိုင်ရာ အာရုံတို့က ရှေးရှုထိခတ်ခြင်း ရိုက်ခတ်ခြင်းငှာ ထိုက်တန်သော ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောတရားများ ဖြစ်ရကား ရုပ်အကြည်တုံး အကြည်ပြင်ဟူသည် ဓာတ်ကြီး (၄)ပါးတို့၏ ကြည်လင်မှု သဘောများသာ ဖြစ်၏။ သို့အတွက် ဓာတ်ကြီး (၄)ပါးကို ရှုနေသော ရှုကွက်ကို
“眼〔净色〕以能承受色所缘冲击的四大种之明净性为特相……。”(《清净道论》2-74。)《清净道论》解释,眼净色(=眼之净色)的特相,是四大种具有能承受色所缘迎面冲击、撞击的明净性。同样,对于耳、鼻、舌、身,也分别解释为:相应净色的特相,是四大种具有能承受各自相应所缘冲击、撞击的明净性。因此,所谓净色,就是四大种在适于接受颜色、声音、气味、味道、触等各自相应所缘迎面冲击、撞击时所具的明净性;所谓色法的透明块体、透明平面,也只是四大种的明净状态。因此,如果把原先观照四大种的所缘——
လွှတ်လိုက်လျှင် ဓာတ်ကြီး (၄)ပါးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က မသိတော့ပေ။ ဓာတ်ကြီး (၄)ပါးကို မသိက ဓာတ်ကြီး (၄)ပါးတို့၏ ကြည်လင်မှု သဘောကိုလည်း ဉာဏ်ဖြင့် မတွေ့မမြင် ဖြစ်နေတတ်၏။ ထိုကြောင့် ဓာတ် ကြီး (၄)ပါးကို ရှုပွားမှုကို လက်လွှတ်လိုက်၍ အာကာသဓာတ်ကို ပြောင်းရှုလိုက်သောအခါ အကြည်ပြင်ကို မတွေ့တော့ဘဲ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် အကြည်ပြင်ကြီး ပျောက်ကွယ်သွားတတ်ခြင်း ဖြစ်သည်။
——放开,瑜伽行者便连四大种也不再知见。若不能知见四大种,也就可能无法以智看见四大种的明净性。因此,放开对四大种的观修而转观空界时,便可能不再看见透明平面;大片透明平面也就会从瑜伽行者的智中消失。
သို့အတွက် ဤကဲ့သို့သော အချိန်အခါမျိုးတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုပင် အာရုံယူ၍
因此,在这种时候,应当只取四大种的自性特相为所缘——
原书第 618 页
အကြည်ပြင် အကြည်တုံး အကြည်ဓာတ် ခိုင်ခံ့အောင် သမာဓိကို စွဲစွဲမြဲမြဲ ထူထောင်ဖို့ လိုအပ်ပါသည်။ သမာဓိ အရှိန်အဝါ အားကောင်း၍ အကြည်ပြင် အတုံးအခဲကြီးမှာ လွယ်လွယ်နှင့် မပျောက်ပျက်ဘဲ အဆက်မပြတ် ဖြစ်နေမှုကို တွေ့မြင်သောအခါ အာကာသဓာတ်ကို တစ်ဖန်ပြန်၍ စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိ မည်သာ ဖြစ်ပါသည်။
——坚定不移地建立定力,使透明平面、透明块体与净色稳固。等到定的力量强盛,大片透明块体不再轻易消失而能持续显现时,就再次专注观照空界;这样必能看见色聚微粒。
လမ်းလွဲသွားတတ်ပုံကို သတိပြုပါ
注意可能走偏的情形
ရုပ်ကလာပ်ဟူသည် ရုပ်ပရမတ်နယ်မြေ၌ အသေးဆုံး အတုံးအခဲ ဖြစ်၏။ အသေးဆုံး ရုပ်အဖွဲ့အစည်း တစ်ခု ဖြစ်၏။ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ ဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ အချို့ရုပ်ကလာပ်များ၌ ဇီဝိတပါလျှင် (၉)မျိုး၊ အချို့ ရုပ်ကလာပ်များ၌ အကြည်ဓာတ် သို့မဟုတ် ဘာဝရုပ်ပါလျှင် (၁ဝ)မျိုး - ဤသို့ စသည်ဖြင့် ရှိတတ်၏။ ယင်း ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ယင်း (၈)မျိုး၊ (၉)မျိုး၊ (၁ဝ)မျိုး စသော ရုပ်သဘော တရားများကို မြင်အောင် ရှုနိုင်ပါမှ ပရမတ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။ ရုပ်ကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သည့် ရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည် ဖြစ်သည်။ ရုပ်တရား အစစ်ကို သိရှိရုံ အဆင့်မျှသာ ရှိသေးသည်။ ရှေးဆက်ရမည့် လုပ်ငန်းခွင်တို့ကား များစွာပင် ကျန်ရှိနေပေသေးသည်။
所谓色聚,是究竟色法领域中的最小团块,是最小的色法组合体。每一个色聚中至少各有8种色法自性;巴利名项(缅文转写):“ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ”,即地界、水界、火界、风界、颜色、香、味、食素。有些色聚含命根时,共有9种;有些色聚在这9种之外还含有一种净色或性根色时,共有10种;如此等等。只有能够观见每一个色聚中所含的8种、9种、10种等色法自性,才会到达究竟领域,获得能把色法分别至各自自性特相的色分别智(rūpa-pariccheda-ñāṇa)。这时还只是了知真实色法的阶段,前面仍有许多修行工作尚待继续。
သို့သော် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုသို့ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ် ကလာပ်တို့၏ ပေါ်မှု ပျောက်မှုကို အာရုံယူ၍ ဖြစ်-ပျက်ရှုပါက သို့မဟုတ် အနိစ္စဟု ရှုနေပါက သမူဟဃန ဟူသော အပေါင်းအစု အတုံးအခဲ ပညတ် မကွာသေးသဖြင့် ပညတ်ကိုပင် ဝိပဿနာရှုနေသည် မည်ပေသည်။
然而,贤善的瑜伽行者,当你看见这些色聚以后,若取色聚的显现与消失为所缘而观生灭,或观为“无常”,由于名为“组合密集”(samūha-ghana)的集合、团块概念尚未离开,这就成为以概念法为所缘修毗婆舍那。
ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး၊ (၉)မျိုး၊ (၁ဝ)မျိုးစသော ရုပ်သဘောတရားများ ကို သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင် ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပွားနိုင်ပါမှ သမူဟဃနဟူသော အတုံးအခဲပြို၍ သမူဟပညတ်လည်း ကွာသွားမည် ဖြစ်သည်။ သို့သော် သမူဟပညတ် မကွာသေးသည့် အသေးဆုံး အဖွဲ့အစည်း ဖြစ်သည့် ရုပ်ကလာပ် အတုံးအခဲ ပညတ်ကို ဝိပဿနာရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြာကြာ ကြိတ်ခြေမှုဒဏ်ကို မခံနိုင်ပေ။ ပရမတ်တရားများသာလျှင် ဝိပဿနာ ဉာဏ်ဖြင့် ကြိတ်ခြေမှုဒဏ်ကို ခံနိုင်ပေသည်။ သို့အတွက် ရုပ်ကလာပ်အမှုန်များကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲဘဲ ရုပ်ကလာပ်အတိုင်း ဝိပဿနာရှုပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြိတ်ခြေမှုဒဏ်ကို မခံနိုင် သဖြင့် မကြာမီ အချိန်အတွင်းမှာပင် ရုပ်ကလာပ်များမှာ တစ်စ တစ်စ ပါး၍၊ ပါးရာက ပျောက်၍ အကြည်တုံး
只有以智慧逐一分别、分析每一个色聚中所含的8种、9种、10种等色法,令智见抵达各自的自性特相而观修,组合密集这一团块才会破除,组合概念也才会离开。然而,若仍把尚未摆脱组合概念的最小组合体——色聚这一团块概念——作为毗婆舍那所缘,概念法是禁不起智慧长久碾磨的;只有究竟法才能承受观智的碾磨。因此,若不把色聚微粒分析至究竟,而仍按色聚整体修毗婆舍那,由于概念法禁不起智慧的碾磨,不久色聚便会渐渐淡薄,由淡薄而消失;透明块体、
အကြည်ပြင်ကြီးကိုပင် ပြန်တွေ့တတ်ပါသည်။ ထိုအကြည်ပြင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါကလည်း သမာဓိအရှိန်အဝါ အားကောင်းနေသေးသည့်အတွက် ငြိမ်၍ နေတတ်ပါသည်။ ထိုအခါမျိုးတွင် ယောဂါဝစရ ပုဂ္ဂိုလ်က ရုပ်ချုပ်သွားပြီဟု ယူဆတတ်၏ ပြောကြားလာတတ်၏။ တစ်ဖန် ထိုအကြည်ပြင်၌ပင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားရာက တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်ပါမူ ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့က စိတ်အစဥ်ကို ချီမထားနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဘဝင်သို့ သက်ရောက်သွားတတ်၏၊ ဘဝင်ကျနေတတ်၏။ ထိုအခါမျိုးတွင် ''ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားပြီ'' ဟု ယူဆလာတတ်၏၊ ပြောကြားလာတတ်၏။ အကယ်စင်စစ်မှာကား နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေး သော အဆင့်တွင်သာ တည်ရှိနေပေသေးသည်။
大片透明平面便常会再次被看见。即使让修习心安静地贴住那透明平面,由于定力仍然强盛,心也会安静不动。这时,瑜伽行者常会认定、宣称:“色已经灭尽了。”接着,若从让修习心安静贴住透明平面逐渐放松心,如前文所说,“ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ”——寻、伺、喜、乐、一境性这些禅支由于没有足够的力量托住心相续,心便会落入有分,停在有分。这时,他又可能认定、宣称:“色与名二者都灭尽了。”其实,他仍只处在连名色分别智都尚未获得的阶段。
ဤသို့ ပြောဆိုလာသူတို့မှာ ယေဘုယျအားဖြင့် သမထပိုင်းတွင်လည်း ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိတို့ နှစ်ခြိုက်ရာ စိတ်ကြိုက် ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် ခိုင်ခိုင်ခံ့ခံ့ သမာဓိ မထူထောင်ရသေးဘဲ၊ ရုပ်တရားကို သိမ်း
像这样作出上述说法的人,一般而言,在止业处方面也尚未以四十业处中自己喜爱、合意的任何一种业处坚固建立定力;而在把握色法——
原书第 619 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဆည်းရာ၌ ရှုပွားရာ၌လည်း ဓာတ်ကြီး (၄)ပါးကို စနစ်တကျ စည်းကမ်းနည်းလမ်းကျကျ မရှုပွားဘဲ မိမိတို့ နှစ်ခြိုက်သလို ရှုပွားလာရာက ပါရမီအားလျော်စွာ သမာဓိအတော်အသင့် အားကောင်းလာသောအခါ၌ ရုပ် ကလာပ်များကို တွေ့မြင်လာသူတို့သာ ဖြစ်ကြ၏။ မူလကတည်းက ရုပ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားထားသဖြင့် ရုပ်ကလာပ်များကို တွေ့မြင်လာသောအခါ၌လည်း ထိုရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဆက်လက်၍ သိမ်းဆည်းရေး ဉာဏ်ဖြင့် ပိုင်းခြားယူရေးမှာ အလွန်ပင် အလှမ်း ဝေးလျက် ရှိနေ၏။ မူလကတည်းက ဓာတ်ကြီး (၄)ပါးကို လျင်လျင်မြန်မြန် မရှုထားတတ်သူတို့အဖို့ အလွန့် အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်ပြီးနောက် ပျောက်သွားသော ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌လည်း ဖြစ် ပေါ်ပြီးနောက် မပျက်ခင် အချိန်ကာလအတွင်းဝယ် ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုတတ်ရေးမှာ ခက်ခဲသော
——并加以观修时,也没有依系统、规则与方法观修四大种,而只是随自己的喜好修习;他们不过是依其波罗蜜,在定力达到一定强度时便开始看见色聚的人。从一开始修色业处时,他们就没有系统地修习界业处;所以即使后来见到色聚,要继续把握每一个色聚中的四大种并以智慧分别,仍然极其遥远。对于一开始就未曾学会迅速观照四大种的人,在一个个生起后极快消失的色聚中,要在它们生起而尚未灭去的期间观见四大种,实在是一项困难的——
လုပ်ငန်းတစ်ရပ်ပင် ဖြစ်နေပေ၏။ များသောအားဖြင့် ထိုကလာပ်တစ်ခု တစ်ခု အတွင်း၌လည်း ဓာတ်ကြီး (၄)ပါး ကို မြင်အောင် ရှုပွားရမည်ဟူသော အမှတ်သညာမျှပင် မရှိသူက များပေသည်။ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်လက်၍ ရှုပွားနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရုပ်ပရမတ်နယ်မြေသို့ စတင် ရောက်ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ် စသည့် ပညတ်များ မကွာသေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေး၏။ ထိုမှ တစ်ဆင့် ပရမတ္ထ သစ္စာနယ်သို့ ရောက်အောင် ကူးယူရမည် ဖြစ်သည်။ အညစ်အကြေး လုံးဝ မကင်းစင်သေးသော ရွှေကဲ့သို့ မှတ်ပါ။ ရွှေကား မှန်၏၊ သို့သော် အညစ်အကြေးကား လုံးဝ မစင်သေး ဟူလိုသည်။
——工作。多数人甚至没有“还须观见每一个色聚中的四大种”这一认知。只有能够继续观见每一个色聚中的四大种,并以智慧分别,才开始抵达究竟色法领域。所谓色聚,还只是尚未摆脱组合概念、形状概念等概念法的最小团块概念;必须从这里进一步渡到究竟谛领域。应把它看成尚未完全去除杂质的黄金:确实是金,但杂质尚未完全净除。
ပရမတ္ထ သစ္စာနယ်သို့
走向究竟谛领域
အကယ်၍ ရုပ်ကလာပ်များ၏ အလွန်လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုမရနိုင် ဖြစ်နေပါက၊ မမြင်ချင် မတွေ့ချင်သူ တစ်ဦးနှင့် တွေ့ဆုံ သောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့၊ အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှု ပျောက်မှုကို အာရုံမပြုဘဲ မကြည့်ဘဲ နှလုံးမသွင်းဘဲ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါး ကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ အာရုံပြုနေပါ ရှုနေပါ။ ပါရမီ အရှိန်အဝါ အားကောင်းသူ ယောဂီ သူတော်စင်များအဖို့ အောင်မြင်မှု ရတတ်ပါသည်။
若因色聚显现、消失极其迅速,无法专注观见每一个色聚内的四大种,就像遇到一个自己不想看见、不想相见的人时,装作没有看见、没有遇见一样;同样地,不要注意色聚的显现与消失,不要观看,也不要放在心上,只须一心专注、作意、注意并观照每一个色聚内的四大种。波罗蜜势力强盛的贤善瑜伽行者通常能够成功。
ရုပ်ကလာပ်တို့၏ ပေါ်မှု ပျောက်မှုက အလွန် လျင်မြန်လွန်းသဖြင့် အောင်မြင်မှု မရ ဖြစ်နေသော် ရုပ် ကလာပ် တစ်ခု တစ်ခုကို အာရုံမယူသေးဘဲ၊ ရုပ်ကလာပ်တို့၏ ဖြစ်မှု ပျက်မှုကိုလည်း နှလုံးမသွင်းဘဲ ရုပ် ကလာပ် အများစုကို ခြုံ၍ဖြစ်စေ၊ သို့မဟုတ် ရုပ်ကလာပ်အားလုံးကို ခြုံ၍ ဖြစ်စေ၊ သို့မဟုတ် တစ်ကိုယ်လုံးကို ခြုံ၍ဖြစ်စေ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ အာရုံစိုက်၍ ဆက်လက် ရှုပွားနေပါ။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားလျက် သမာဓိ ကို ထူထောင်နေပါ။ သမာဓိ အားကောင်းလာသောအခါ ကလာပ်တစ်ခု တစ်ခု အတွင်း၌လည်း ပါဝင် တည်ရှိ နေသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်လာနိုင် ပါသည်။
若色聚的显现与消失过于迅速,因而仍不能成功,就暂且不要取单个色聚为所缘,也不要作意色聚的生灭;可以统摄大多数色聚,或统摄全部色聚,或统摄全身,只专注四大种的自性特相而继续观修。让修习心安静地贴住四大种自性特相这一所缘而安住,继续建立定力。定力强盛时,便能以智慧穿透知见每一个色聚内四大种各自的自性特相。
အကြမ်းစားအားဖြင့် ထိုရုပ်ကလာပ်များကို ခွဲတမ်းချလိုက်သော် ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား နှစ်မျိုးထွက်လာ၏။ ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် တစ်မျိုးမျိုး ပါဝင်သော ရုပ်ကလာပ်များမှာ ကြည်၍ ကျန်ရုပ်ကလာပ်အများစုမှာ မကြည်ကြပေ။ ထိုကြည်သော ရုပ်ကလာပ် နှင့် မကြည်သော ရုပ်ကလာပ်တို့မှာ ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ရောနှောလျက်
粗略地把这些色聚分类,可得透明色聚与不透明色聚两类。含有五种“ပသာဒရုပ် = အကြည်ရုပ်”(pasāda-rūpa=净色)中任何一种的色聚是透明的,其余大多数色聚则不透明。这些透明色聚与不透明色聚,如同米粉与姜黄粉均匀调和一般,混合在一起——
原书第 620 页
တစ်ကိုယ်လုံး၌ ပျံ့နှံ့ တည်ရှိနေကြပေသည်။ ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး၊ မကြည်သော ရုပ်က လာပ်၌ ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ တစ်ကိုယ်လုံးရှိ ရုပ်ကလာပ်အားလုံးကို ခြုံ၍ ဓာတ် (၄)ပါး ရှုလိုက်၊ ရုပ်ကလာပ်တစ်ခု၌ ဓာတ် (၄)ပါး ရှုလိုက် - ဤသို့ ကြိုးပမ်းကြည့်ပါ၊ အောင်မြင်မှု ရတတ်ပါသည်။
——遍布全身而存在。应继续观见透明色聚中的四大种,也观见不透明色聚中的四大种;时而统摄全身所有色聚而观四大种,时而在一个色聚中观四大种。如此努力,通常能够成功。
ဣန္ဒြေ-ဗောဇ္ဈင်များ ညီမျှအောင် ကျင့်ပါ
训练使诸根与觉支平衡
အောင်မြင်မှု မရခဲ့သော် ဣန္ဒြေ (၅)ပါး သို့မဟုတ် ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။ မူလပါရိဟာရိယ = လက်စွဲကမ္မဋ္ဌာန်းအဖြစ် ပွားများထားသော အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိ အဆင့်ဆင့် တစ်ဖန်ပြန်၍ ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိကို ဂုဏ်အင်္ဂါ ရှစ်တန်နှင့် ပြည့်ဝစုံညီလာအောင် ကြိုးပမ်းပါ။ ထိုနောင် ဓာတ်ကြီး (၄)ပါးကို ပြန်ရှု၍ သမာဓိထူထောင်ပါ။ အကြည်ပြင် အကြည်တုံး ပေါ်လာ သော် အာကာသဓာတ်ကို ရှု၍ ရုပ်ကလာပ်များကို မြင်အောင် ကြည့်၍ တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ် အားလုံးကို ခြုံ၍ ဓာတ်ကြီး (၄)ပါးကိုပင် ရှုနေပါ။ ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါ။
如果仍未成功,就必须努力使五根或七觉支达到平衡。应以原先作为随身业处反复修习的入出息念业处,重新逐层建立定;努力使第四禅定圆满具足八种德相。此后再观四大种而建立定。透明平面、透明块体出现时,应观空界以看见色聚;随后统摄遍布全身的一切色聚,继续只观其中的四大种,并训练使七觉支达到平衡。
၁။ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းတတ် ရှုပွားတတ်သော သတိသမ္ဗောဇ္ဈင်၊ ၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိနေသော စူးစမ်းဆင်ခြင်လျက် သိနေသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်း သိအောင် ထိုသဘာဝလက္ခဏာ အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယသမ္ဗောဇ္ဈင်၊ ၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း သိမှု၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေသော ပီတိသမ္ဗောဇ္ဈင်၊ ၅။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ၆။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်ငြိမ်ဝပ်စွာ တည်နေမှု သမာဓိသမ္ဗောဇ္ဈင်၊ ၇။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်ကို အညီအမျှထားတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ---- ဤဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါ။ ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများ
一、能忆念、摄持并观修四大种的念觉支;二、探究、考察而穿透知见四大种各自自性特相的择法觉支;三、为了穿透知见四大种各自的自性特相,努力使心寂静地贴住并安住于该自性特相所缘的精进觉支;四、对于穿透知见四大种各自自性特相感到欣悦、欢喜、爱乐的喜觉支;五、心与心所于四大种所缘上寂静清凉的轻安觉支;六、心安静地安住于四大种所缘的定觉支;七、能使心在四大种所缘上保持均衡的舍觉支——应训练使这七种殊胜觉支达到平衡。为了使择法、精进、喜三觉支——
အားကောင်းလာအောင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း လင်းလင်း ထင်ထင် သိအောင် စိတ်ကို တင်းလျက် စူးစူးစိုက်စိုက် ရှုကြည့်ပါ။ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရား များ အားကောင်းလာအောင်လည်း စိတ်ကို လျှော့၍ ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ် ကြည့်ပါ။
——强盛起来,应提起心力,专注而深入地观照,直至清楚、鲜明地知见四大种各自的自性特相。为了使轻安、定、舍三觉支强盛起来,则应放松心,让修习心安静地贴住四大种所缘。
ဤသို့ ရှုဖန်များလာသောအခါ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်း ထွင်း လင်းလင်းထင်ထင် သိမှုနှင့် ယင်းဓာတ် (၄)ပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိတို့ ညီမျှမှု ရှိလာသောအခါ - တစ်နည်း ဣန္ဒြေ (၅)ပါး၊ ဗောဇ္ဈင် (၇)ပါးတို့ ညီမျှမှု ရှိလာသောအခါ - ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ - မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း - ဟူသော သဘောတရား (၁၂)မျိုးတို့ကို တစ်ခုပြီး တစ်ခု ရှုကြည့်ပါ။
如此反复观修,当穿透、清楚而鲜明地知见四大种各自自性特相的智慧,与心安静地贴住并安住于四大种所缘的定达到平衡时——换言之,当五根、七觉支达到平衡时——应在每一个色聚中逐一观照十二种性质:硬、粗、重;软、滑、轻;流动、黏结;热、冷;支持、推动。
ရှုပုံ ---- တစ်ကိုယ်လုံးရှိ ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာမှုသဘောကို ရှုပါ။ တစ်ဖန် ရုပ်ကလာပ် တစ်ခု၌ မာမှုသဘောကို ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ရုပ်ကလာပ်များမှာ အလွန် လျင်လျင်မြန်မြန်
观法如下:先统摄全身所有色聚而观硬性,再在一个色聚中观硬性;如此反复多次地观照。色聚只是在极其迅速地——
原书第 621 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ပေါ်နေ ပျောက်နေမည်သာ ဖြစ်သည်။ ကလာပ်တစ်ခု၌ မာမှုသဘောကို ရှုလိုက်သည်နှင့် ယင်းရုပ်ကလာပ်မှာ ပျောက်သွားပါက နောက်ကလာပ်တစ်ခု၌ မာမှုသဘောကို ဆက်ရှုကြည့်ပါ။ ဤသို့ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုခဲ့သော် ရှုလိုက်သည့် ကလာပ်တိုင်း၌ မာမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေပါက၊ ကြမ်းမှုသဘော တရားကို တိုး၍ ပုံစံတူ ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုအတွင်း၌ ကြမ်းမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင် သောအခါ မာမှု-ကြမ်းမှု သဘောနှစ်မျိုးလုံးကို ကလာပ်တစ်ခု တစ်ခု အတွင်း၌ မြင်အောင် ဆက်၍ လေ့ကျင့် ပါ။
——显现、消失。若刚在一个色聚中观硬性,该色聚便消失,就继续在下一个色聚中观硬性。如此一再反复,若能在所观的每一个色聚中以智见到硬性,就加上粗性,依同样方式继续观照。等到能在一个色聚中以智见到粗性,再继续训练,在每一个色聚中同时看见硬、粗两种性质。
ဤနည်းစနစ်အတိုင်း တစ်စတစ်စ သဘောတရား တစ်ခုစီ တစ်ခုစီ တိုး၍ တိုး၍ လေ့ကျင့်ပါ။ ရုပ် ကလာပ်တစ်ခု တစ်ခုအတွင်း၌ သဘောတရား (၁၂)မျိုးလုံးကို ထိုက်သလို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် ရှင်းရှင်းကြီး သိမြင်သောအခါ ကလာပ်တစ်ခု တစ်ခုအတွင်း၌ ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ သမာဓိ စွမ်းအင် ကြီးမားလာ၍ ဉာဏ်အာနုဘော်က ထက်မြက်စူးရှလာသောအခါ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ပြိုင်တူလိုလို ထင်ရှားနေမည် ဖြစ်ပေသည်။ ထိုသို့ ထင်ရှားလာသောအခါ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော (၆)ဒွါရ၌ ကြည်သည့် ရုပ်ကလာပ်တွင် ဓာတ် (၄)ပါး၊ မကြည်သည့် ရုပ်ကလာပ်တွင် ဓာတ် (၄)ပါးတို့ကို မြင်အောင် ဆက်၍ ရှုပါ။
依此方法,一次增加一种性质,逐步训练。当在每一个色聚中都能依所宜穿透、清楚、鲜明地看见十二种性质时,便继续观见每一色聚中的四大种。随着定力增强、智慧的威力锐利敏捷,每一色聚内所含的四大种,会几乎同时在瑜伽行者的智中显现。此时,应继续在眼、耳、鼻、舌、身、心六门中,观见透明色聚里的四大种和不透明色聚里的四大种。
ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကို အောင်မြင်စွာ သိမ်းဆည်း ရှုပွား နိုင်ပါက ထိုရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီး (၄)ပါး အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်နေသော၊ သဒိသူပစာအားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုအပ်ပေသည်။
若能成功把握、观修存在于每一色聚中的四大种,那么,寂静地贴住并安住于每一色聚所含四大种这一所缘的定,正是已达顶峰、依同类借称而名为“近行定”的欲界定。
ဤဖော်ပြပါ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော ကာမာဝစရသမာဓိ အခိုက်ဝယ် ---- ၁။ ပထဝီဓာတ်၌ မာမှုသဘော၊ ၂။ အာပေါဓာတ်၌ ယိုစီးမှုသဘော၊ ၃။ တေဇောဓာတ်၌ ပူမှုသဘော၊ ၄။ ဝါယောဓာတ်၌ ထောက်ကန်မှုသဘော ---- ဤသဘာဝလက္ခဏာ (၄)မျိုးကိုသာ ဦးစားပေး၍ ရှုဖို့ရန် လိုရင်း ဖြစ်သည်ကိုကား မမေ့ပါနှင့်။
在上述依同类借称而名为近行定的欲界定中,切莫忘记:应优先观照四种自性特相——一、地界的硬性;二、水界的流动性;三、火界的热性;四、风界的支持性。
ထိုက်သလို ဟူသည်
“依所宜”的含义
ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရား (၁၂)မျိုးတို့ကို ထိုက်သလို ဉာဏ်ဖြင့် တွေ့မြင်မှုဟူသည်ကို အနည်းငယ် ရှင်းလင်းတင်ပြပေအံ့။ ---- ရုပ်ကလာပ်တစ်ခု၌ ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး ထင်ရှားပါက ပျော့-ချော-ပေါ့ မထင်ရှားပေ။ ပျော့- ချော-ပေါ့ ထင်ရှားပါကလည်း မာ-ကြမ်း-လေး မထင်ရှားပေ။
下面略作说明:所谓在每一个色聚中,以智依所宜看见四大种的十二种性质,是指在一个色聚中,若地界的硬、粗、重明显,软、滑、轻就不明显;若软、滑、轻明显,硬、粗、重也不明显。
အာပေါဓာတ်၌ကား ယိုစီးမှု-ဖွဲ့စည်းမှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ သို့သော် တစ်မျိုးမျိုးမှာ သဘာဝသတ္တိ လွန်ကဲနေတတ်သည်။
水界的流动性与黏结性可以同时明显;不过,其中一种的自然力量通常较强。
တစ်ဖန် တေဇောဓာတ်၌ ပူမှုထင်ရှားက အေးမှု မထင်ရှားပေ။ အေးမှု ထင်ရှားပါကလည်း ပူမှု မထင် ရှားပေ။
再者,火界的热性明显时,冷性便不明显;冷性明显时,热性也不明显。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。