修习如何成就=如何得到良好维持

入出息念定部分 · 原书第 330–333 页 · 25 个翻译单元

本页并入了原书的相邻小节:必须恭敬遵循、修习工作次第、一项须注意的要点。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 330 页
ဘာဝနာဖြစ်ပုံ = ကောင်းစွာ ဆောင်ထားနိုင်ပုံ
修习如何成就=如何得到良好维持
ပဘာဝနာ ဟောတီတိ ယဒိပိ သြဠာရိကာ ကာယသင်္ခါရာ ပဋိပ္ပဿမ္ဘန္တိ၊ သုခုမာ ပန အတ္ထေဝါတိ အနုက္ကမေန ပရမသုခုမဘာဝပ္ပတ္တဿ ဝသေန နိမိတ္တုပ္ပတ္တိယာ အာနာပါနဿတိယာ အာနာပါနဿတိသမာဓိဿ စ ပဘာဝနာ ဣဇ္ဈတေဝါတိ အဓိပ္ပါယော။ (မဟာဋီ-၁-၃၂၆။) အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။
“所谓‘修习得以成就’,意思是:虽然粗重身行逐渐平息,微细身行却仍然存在;随着入出息依次达到极微细的状态,相(nimitta)也随之生起,入出息念与入出息念定的修习因而确能成就。”又说:“အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။”译:“这里,就连依止入息、出息而生起的相,也仍以‘入息、出息’这一名称来称说。”
(မဟာဋီ-၁-၃၁၉။)
(《大复注》1-319。)
= ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွားခဲ့သော် အာနာပါနဘာဝနာကို ပွားများအားထုတ်ခြင်း လုပ်ငန်းရပ်သည် မည်သို့ မည်ပုံ ဖြစ်နိုင်ပါတော့အံ့နည်းဟူမူ ---- ရုန့်ရင်းကြမ်းတမ်းကုန်သော ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့သည် အကယ်၍ကား ငြိမ်းသွားကြကုန်၏။ သို့သော်လည်း သိမ်မွေ့
=如果入息、出息已经平息,入出息念的修习又如何能够继续?答案是:称为粗重入息、出息的那些身行确已平息;然而,柔和——
原书第 331 页
အာနာပါနဿတိသမာဓိပိုင်း နူးညံ့ကြကုန်သော ကာယသင်္ခါရတို့ကား ရှိကြကုန်သည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် အစဥ်သဖြင့် နူးညံ့ သိမ်မွေ့သည်ထက် အလွန်နူးညံ့သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသွားသော ဝင်သက်လေ ထွက်သက်လေ ဟူသော ကာယသင်္ခါရ၏ အစွမ်းဖြင့် (ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်) သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာခြင်းကြောင့် ဘာဝနာစိတ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံမှ နစ်၍ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်ကို အာရုံ မူသဖြင့် အာရုံပြုနေသဖြင့် အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိ၏လည်းကောင်း၊ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဥ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိ၏လည်းကောင်း ပွားစေခြင်း ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံသည်သာလျှင် ဖြစ်ပေသည်။ (မဟာဋီ-၁-၃၂၆။) ဤဋီကာဆရာတော်၏ မိန့်ကြားတော်မူသော စကားများအရ ---- အာနာပါနအာရုံသည် အလွန့်အလွန်
——微细的身行仍然存在。正因为入息、出息这一身行依次达到越来越微细、乃至极微细的状态,才先出现如棉团般洁白的取相,继而出现如启明星般极其清澈明亮的似相。修习心于是从自然入息、出息所缘转离,转而取入出息相——取相或似相——为所缘;以入出息为所缘的入出息念,以及与该入出息念相应的入出息念定,其修习因而得以圆满。(《大复注》1-326。)依复注论师这段说明可知:入出息所缘极其——
သိမ်မွေ့နူးညံ့၍ နောက်ဆုံး ချုပ်ငြိမ်းသွားသော်လည်း အာနာပါနဘာဝနာလုပ်ငန်းရပ်မှာ ဆက်လက်၍ တည်ရှိ လျက်သာ ရှိသည်ဟု မှတ်ပါ။ အကြောင်းမူ ဝင်သက်လေ ထွက်သက်လေတို့သည် အလွန့်အလွန် သိမ်မွေ့ နူးညံ့လာချိန်၌ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ ဘာဝနာစိတ်သည် ပကတိသော အဿာသ ပဿာသကို အာရုံမမူတော့ပဲ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ကို အာရုံမူသွား၏။ ထိုပဋိဘာဂနိမိတ်ကို အာရုံမူ၍ ဘာဝနာသမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန် သမာဓိ စတုတ္ထစျာန်သမာဓိများ အစဥ်အတိုင်း ဖြစ်ပေါ်လာကာ စတုတ္ထစျာန်သမာဓိ အခိုက်သို့ ရောက်ရှိလာ လတ်သော် ပကတိသော ဝင်သက်လေ ထွက်သက်လေတို့သည် လုံးဝ ချုပ်ငြိမ်းသွားကြပေကုန်သည်။ သို့သော် အာနာပါနပဋိဘာဂနိမိတ်ကား ပျောက်ပျက်၍ မသွားဘဲ ထင်ရှားရှိမြဲ ရှိနေသည်သာ ဖြစ်သည်။ ထို အာနာပါန ပဋိဘာဂနိမိတ်ကို ဘာဝနာစိတ်သည် ဆက်လက် အာရုံမူနေရသဖြင့် အာနာပါနဿတိနှင့် အာနာပါနဿတိ
——柔和微细,最终虽会止息,入出息念的修习却仍继续存在。因为当入息、出息变得极其柔和微细时,取相、似相便会出现;此时修习心不再取自然的入息、出息为所缘,而转取取相、似相为所缘。若继续以似相为所缘建立修习定,初禅定、第二禅定、第三禅定与第四禅定便会依次生起;到达第四禅定时,自然的入息、出息完全止息,入出息似相却不消失,仍然清楚存在。由于修习心继续取该入出息似相为所缘,入出息念与入出息念——
သမာဓိဘာဝနာတို့ကို ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံနေသည်သာ ဖြစ်ပေသည်ဟု မှတ်ပါ။
——定的修习仍然圆满进行,应当如此理解。
သို့အတွက် အာနာပါနဘာဝနာလုပ်ငန်းရပ်ကို ပွားများအားထုတ်ရာဝယ် ပကတိသော အဿာသပဿာသသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝ၌ မထင်လာ မမြင်လာသော်လည်း ပကတိသော အဿာသပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်သည်လည်း အဿာသပဿာသ အမည်ရသည်သာ ဖြစ်သောကြောင့် ထိုပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသကား အလွန်နူးညံ့သိမ်မွေ့ရကား သုခုမံ သုအာနယံ ဟောတိ = အလွန် နူးညံ့သိမ်မွေ့သော အဿာသပဿာသကား အာနာပါနဘာဝနာလုပ်ငန်းရပ်ကို တန့်ရပ်မသွားအောင် ဆက်လက်၍ ကောင်းစွာ ဆောင်ထားနိုင်သည်ဟု ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်ပေသည်။
因此,在修习入出息念时,即使自然的入息、出息不再显现于瑜伽行者的智门,依止自然入息、出息而生起的似相也仍称为“入息、出息”。由于作为似相的这一“入息、出息”极其柔和微细,《无碍解道义注》才说:“သုခုမံ သုအာနယံ ဟောတိ”——“极其柔和微细的入息、出息,能够使入出息念的修习不中断,并把它良好地维持下去。”
(ပဋိသံ-ဋ္ဌ-၂-၁၁၅။)
(《无碍解道义注》2-115。)
ရိုသေလေးစားစွာ လိုက်နာရမည်
必须恭敬遵循
အသင်ယောဂီသူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးလိုခဲ့သော် ရှေးဦးစွာ အာနာပါနစတုတ္ထစျာန်သမာဓိကို ထူထောင်ရမည် ဖြစ်သည်၊ ထိုသို့ သမာဓိ ထူထောင်ရာ၌ အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်များကား ဦးထိပ်ရွက် ပန်ဆင်လျက် ရိုသေ လေးစားစွာ လိုက်နာရမည့် စည်းကမ်းဥပဒေသများပင် ဖြစ်ကြပေသည်။ ဤစည်းကမ်း ဥပဒေသများအရ ယော ဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်သက်လေ ထွက်သက်လေကို အထူး ဂရုပြု၍ နူးညံ့သိမ်မွေ့အောင်ကား ကျင့်ရမည် ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်းအောင်ကား အထူးပြုပြင်၍ မကျင့် ကောင်းဟု ခိုင်မြဲစွာ မှတ်သားပါလေ။
贤善瑜伽行者,您若想以入出息念第四禅定作为毗婆舍那的基础而转入毗婆舍那,就必须先建立入出息念第四禅定。建立这一定时,上述巴利、义注与复注的教说,正是应当奉为圭臬、恭敬遵循的修行准则。依这些准则,瑜伽行者修习入出息业处时,应当特别留意,让入息、出息随着正确修习自然趋于柔和微细;不可刻意调控,使它们变得粗重。务必牢牢记住这一点。
原书第 332 页
ဘာဝနာလုပ်ငန်းခွင် အဆင့်ဆင့်
修习工作次第
ဤအာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း ---- ၁။ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင်၊ ၂။ ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင်၊ ၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် = အရှည်၌ ဖြစ်စေ အတို၌ဖြစ်စေ အစ-အလယ်-အဆုံး အကုန်လုံး၌ သတိမြဲအောင်၊ ၄။ ဝင်သက်လေ-ထွက်သက်လေကို အဆင့်ဆင့် သိမ်မွေ့သည်ထက် ပို၍ သိမ်မွေ့အောင် ---- နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရ ရဟန်းအချို့၏ သန္တာန်ဝယ် မကြာမြင့်မီ အချိန်ကာလအတွင်း မှာပင် အာနာပါန (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်သည်လည်း ဖြစ်ပေါ်လာတတ်၏။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့ဖြင့် တန်ဆာဆင်ထားအပ်သော အပ္ပနာစျာန်ဟု ခေါ်ဆိုအပ်သော သမာဓိ သည်လည်း ပြီးစီးပြည့်စုံလာတတ်၏။
依照佛陀对这一入出息业处所作的开示、指示与教诫,应当修习:1.了知入息、出息的长;2.了知入息、出息的短;3.清楚了知入息、出息从始、中至末的全体,也就是无论长息、短息,都令念稳固于始、中、末全体;4.让入息、出息随着正确修习自然逐层趋于柔和微细。如此作意、观修的一些瑜伽行比丘,不久便会出现入出息取相、似相;以寻、伺、喜、乐、一境性这些禅支为庄严、称为安止禅的定,也会圆满成就。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့်သာလျှင် ဝင်သက်လေ- ထွက်သက်လေကို နှလုံးသွင်းရာ အချိန်ကာလမှ စ၍ အစဥ်သဖြင့် ကျင့်လာရာ ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းခြင်း၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်မှုသည် ငြိမ်းအေးလတ်သော် ကိုယ်သည်လည်း ကောင်း၊ စိတ်သည်လည်းကောင်း ပေါ့ပေါ့ပါးပါး ဖြစ်လာ၏၊ ခန္ဓာကိုယ်သည် ကောင်းကင်၌ ခုန်လွှားပျံတက် အံ့သော အခြင်းအရာသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်လာတတ်၏။
有些瑜伽行者从以 gaṇanā(计数法)作意入息、出息时起,便持续依次修习;随着粗重的入息、出息渐次平息,身体的热恼也止静下来,身与心于是变得轻快,身体甚至会产生仿佛即将跃起、飞向空中的感觉。
လောကဥပမာအားဖြင့်ကား ---- အချို့ပင်ပန်းသော ကိုယ် ရှိသသူသည် ခုတင်ညောင်စောင်းထက်၌ လည်းကောင်း၊ အင်းပျဥ် ကုလားထိုင်၌လည်းကောင်း ထိုင်နေစဥ် ခုတင်ညောင်စောင်း အင်းပျဥ် ကုလားထိုင်သည် ကြိုးပြားအခင်း ပျဥ်ပြားအခင်း စသည်တို့၏ အောက်သို့ ဆွဲသဖြင့် ညွတ်နေတတ်၏၊ ကြိမ်မျက်ကွက် ကြိမ်ယက် ကြာပွင့် စသည်တို့၏ ထိစပ်နေသော အရာဌာနစသည်တို့၌ ကျိတ်ကျိတ်အသံ မြည်တတ်၏။ အိပ်ရာခင်းသည် ကိုယ် တင်ပါး တတောင်ဆစ် စသည်တို့၏ တွေ့ထိဆက်စပ်မိရာ အရပ်တို့၌ တွန့်လိပ်နေတတ်၏။
以世间的譬喻来说:身体疲惫的人坐在床榻或木椅上时,床榻、木椅会因绳带或木板座面受压而向下弯曲;藤格、藤编、莲花纹等彼此接合之处会发出吱嘎声;褥单在身体、臀部、肘部等接触之处也会皱缩卷起。
အချို့သော မပင်ပန်းသော ကိုယ် ရှိသသူသည် ခုတင်ညောင်စောင်းထက်၌လည်းကောင်း၊ အင်းပျဥ် ကုလားထိုင်၌လည်းကောင်း ထိုင်နေစဥ် ခုတင်ညောင်စောင်း၊ ကုလားထိုင်အင်းပျဥ်သည် မညွတ်၊ ကျိတ်ကျိတ် အသံမမြည်၊ အိပ်ရာခင်းသည် ကိုယ်တင်ပါး တတောင်ဆစ် စသည်တို့၏ တွေ့ထိ ဆက်စပ်မိရာ အရပ်တို့၌ တွန့်လိပ်မှု မရှိသကဲ့သို့ ခုတင်ညောင်စောင်း အင်းပျဥ် ကုလားထိုင်သည် လဲဝါဂွမ်းဖြင့် ပြည့်နေသကဲ့သို့ ဖြစ် တတ်၏။ အကြောင်းမူ မပင်ပန်းသော ကိုယ်သည် ပေါ့ပေါ့ပါးပါး ဖြစ်နေတတ်၏၊ ထိုကြောင့် လဲဝါဂွမ်းဖြင့် ပြည့်နေသကဲ့သို့ ဖြစ်နေပေ၏။
身体不疲惫的人坐在床榻或木椅上时,床榻、木椅却不会下弯,也不会发出吱嘎声;褥单在身体、臀部、肘部等接触之处也不会皱缩,床榻或木椅仿佛填满了木棉絮。原因是,不疲惫的身体处于轻快状态,所以才会显得仿佛填满了木棉絮。
ဤဥပမာအတူပင်လျှင် ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် ဝင်သက်လေ ထွက်သက်လေကို နှလုံး သွင်းရာ အချိန်ကာလမှစ၍ အစဥ်သဖြင့် အာနာပါနလုပ်ငန်းခွင်ကို ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်၍ လာရာ ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းခြင်း၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်မှုသည် ငြိမ်းအေးလတ်သော် ကိုယ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း ပေါ့ပေါ့ပါးပါး ဖြစ်လာ၏၊ ခန္ဓာကိုယ် သည် ကောင်းကင်၌ ခုန်လွှားပျံတက်အံ့သော အခြင်းအရာသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်လာတတ်၏။
正如这一譬喻,从以 gaṇanā(计数法)作意入息、出息时起,瑜伽行者持续修习、精勤培育入出息业处;随着粗重的入息、出息渐次平息,身体的热恼止静下来,身与心便变得轻快,身体会产生仿佛即将跃起、飞向空中的感觉。
(ဝိသုဒ္ဓိ-၁-၂၇၄။)
(《清净道论》1-274。)
原书第 333 页
သတိပြုရမည့် အချက်တစ်ရပ်
一项须注意的要点
ဤအဆင့်သို့ ရောက်ရှိလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် တရားထိုင်နေသော မိမိ ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက်သလို ဖြစ်နေသဖြင့် စိတ်များ အထူးလှုပ်ရှား လာတတ်ကြကုန်၏။ ထို စိတ်လှုပ်ရှားမှုကား ဝင်သက်လေ ထွက်သက်လေဟူသော မိမိရှုပွားနေသည့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု ဥဒ္ဓစ္စတစ်မျိုး ဖြစ်သဖြင့် သမာဓိ၏ ဘေးအန္တရာယ်တစ်ခုပင် ဖြစ်၏။ ရရှိပြီး သမာဓိမှ လျှောကျသွားတတ်၏။
到达这一阶段的一些瑜伽行者,因为禅坐中的身体感觉仿佛要飞向空中,心会变得格外激动。这种心的激动,是心从正在观修的入息、出息所缘散乱出去的一种 uddhacca(掉举),因而正是定的一项危险;已经获得的定也可能由此退失。
အချို့ပုဂ္ဂိုလ်တို့၌ ပုခက်စီးနေရသကဲ့သို့ ဒန်းစီးနေရသကဲ့သို့ ရင်ထဲတွင် ပီတိလှိုင်းများ ထကာ တသိမ့်သိမ့် ဖြစ် နေတတ်ကြပြန်၏။ ထိုအခါမျိုးတွင် ပီတိသမ္ဗောဇ္ဈင်တရားက အားကောင်းနေသဖြင့် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်များကို ပွားများပေးရ၏။ မိမိ မူလရှုပွားနေသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားပါ။ ဤကဲ့သို့သော အချိန်အခါမျိုး၌ ပဿဒ္ဓိ-သမာဓိ- ဥပေက္ခာ သမ္ဗောဇ္ဈင်များ အထူး အားကောင်းဖို့ လိုအပ်ပေသည်။
有些人则像坐在摇篮或秋千上一样,胸中涌起阵阵喜浪,身体微微震荡。此时喜觉支过强,便应培育轻安觉支、定觉支与舍觉支;应当努力,只把修习心平静地安住于自己原来观修的入息、出息所缘。像这样的时刻,尤其需要增强轻安、定与舍这三觉支。
၁။ စိတ် အေးအေးချမ်းချမ်းဖြင့် ဝင်သက်လေ-ထွက်သက်လေ အာရုံကိုသာ ရှုနေပါက ပဿဒ္ဓိသမ္ဗောဇ္ဈင် အားကောင်းလာမည် ဖြစ်၏။
1.若以安宁平和的心只观入息、出息所缘,轻安觉支便会增强。
၂။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာလျှင် ဘာဝနာစိတ်သည် ကျောက်ဖျာကြီးတစ်ခုကို ရေထဲ၌ ချထားလိုက်ဘိသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက သမာဓိသမ္ဗောဇ္ဈင် အားကောင်းလာမည် ဖြစ်၏။
2.若修习心只贴住入息、出息所缘而安定住立,如同把一块大石板沉放在水中,定觉支便会增强。
၃။ ထိုအခါတွင် ပီတိမှာလည်း ဒီဂရီစံချိန် လျော့တန်သလောက် လျော့လာ၍ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ အထူးကြောင့်ကြ မစိုက်ရတော့ဘဲ စိတ်ကို အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သော တတြမဇ္ဈတ္တုပေက္ခာဟူသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည်လည်း အားကောင်းလာမည် ဖြစ်၏။
3.此时,喜的强度也会相应降低,不再需要为了把心安置在入息、出息所缘上而格外操心用力;能使心保持中正平衡的中舍性之舍觉支,也会增强。
ဤအပိုင်း၌ ခန္ဓာကိုယ်ကြီး အပေါ်သို့ မြောက်တက်နေသဖြင့် ဒန်းစီးနေရသကဲ့သို့ ဒယိမ်းဒယိုင် ဖြစ်နေ သဖြင့် ယောဂီပုဂ္ဂိုလ်ဘက်က ကြောက်စိတ် မဝင်ဖို့ ပို၍အရေးကြီးလှပေသည်။ ကြောက်စိတ်ကား ဆုတ်နစ် သော ဒေါသတစ်မျိုး ဖြစ်သဖြင့် သမာဓိ၏ ဘေးရန်တစ်ခုပင် ဖြစ်ပေသည်။ မိမိ ရှုနေကျ ဝင်သက်လေ ထွက် သက်လေ အာရုံကိုသာ မလွှတ်တမ်း သတိကပ်ထားဖို့ အလွန်အရေးကြီးလှပေသည်။
在这一阶段,身体会有向上升起、仿佛荡秋千般摇摆的感觉;因此,对瑜伽行者来说,更重要的是不要生起恐惧。恐惧是一种退缩性的嗔,也是定的一项危险。务必以念牢牢守住所惯常观修的入息、出息所缘,不令它脱失。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。