入出息念——奠基章
入出息念定部分 · 原书第 247–248 页 · 11 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 247 页
အာနာပါန - ပြည်တည်ခန်း
入出息念——奠基章
ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလဒင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (သံ-၃-၂၈ဝ။ မ-၁-၇ဝ။ ဝိ-၁-၈၈။) ရဟန်းတို့ …ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွား ရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလဒင်ခွေပြီးလျှင် အထက်ပိုင်း ဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေ၏၊ ထိုရဟန်း သည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ်၏။
“诸比丘,在此教法中,比丘前往林野、树下或空闲处,结跏趺坐,端正上身,将念朝向入出息念业处而建立。他具念而入息,具念而出息。”(《相应部》3-280;《中部》1-70;《律藏》1-88。)
(သံ-၃-၂၈ဝ။ မ-၁-၇ဝ။ ဝိ-၁-၈၈။)
(《相应部》3-280;《中部》1-70;《律藏》1-88。)
原书第 248 页
တောသို့ သွားရောက်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်၍ ဖြစ်စေဟူသော ဤစကားသည်ကား အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော အားထုတ်လိုသော ယောဂါ ဝစရ ရဟန်းတော်၏ အာနာပါနဿတိသမာဓိဘာဝနာအား လျော်လျောက်ပတ် ကောင်းမြတ်သော ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းဖို့ရန် မှီဝဲဖို့ရန် ညွှန်ပြသော စကားတော်ဖြစ်သည်။ နေ့ညဥ့်သံသရာ ရှည်မြင့်စွာ သော ကာလပတ်လုံး အဆင်း အသံ စသည်ဖုံဖုံ ထိုထိုအာရုံမျိုးစုံတို့၌ အစဥ်မပြတ် ပြေးသွား စူးဝင်နေသော ဤယောဂါဝစရ ရဟန်းတော်၏ စိတ်သည် အာနာပါနဿတိသမာဓိ၏ တည်ရာအာရုံဖြစ်သော အာနာပါန အာရုံသို့ တက်ရောက်ခြင်းငှာ အလိုမရှိ ဖြစ်နေ၏၊ ကောက်ကျစ်စဥ်းလဲ အခိုင်းရခက်ခဲသောနွား တပ်ထားသော လှည်းသည် ခရီးမဟုတ်ရာ လှည်းလမ်းမဟုတ်ရာ အရပ်သို့သာလျှင် ပြေးသွားသကဲ့သို့ အလားတူပင် ဤယောဂါ ဝစရ ရဟန်းတော်၏ စိတ်သည် အာနာပါနအာရုံတည်းဟူသော အာနာပါနဘာဝနာ ခရီးမှန်လမ်းကြောင်းမှ
“前往林野、树下或空闲处”这句话,是教导想要修习入出息念业处的比丘,应当选择并依止适合培育入出息念定的住处。在漫长轮回的日日夜夜中,这位禅修比丘的心一直不断奔逐、钻入色、声等种种所缘,不愿登上入出息念定所安住的入出息所缘;正如一辆套着狡黠而难以驱使之牛的车,只往并非道路之处奔去,同样,这位禅修比丘的心也偏离了以入出息所缘为正道的修习道路——
တိမ်းစောင်းနေသည့် ငါးဖြာအာရုံ ကာမဂုဏ်ချုံပုတ်တို့ရှိရာ ဘာဝနာခရီးမှန် မဟုတ်ရာ အရပ်သို့သာလျှင် ပြေးသွား၍ နေတတ်၏၊ ထိုကြောင့် နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား -- နွားထိန်းယောကျာ်းသည် ကောက်ကျစ်သော၊ မိခင်နွားမ၏ နို့ရည်ကို သောက်သုံးရ၍ ကြီးပြင်းလာရသော နွားသားငယ်ကို ဆိုဆုံးမလိုသည် ရှိသော် ထိုနွားသားငယ်ကို မိခင်နွားမကြီးမှ ဖယ်ရှား၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ခိုင်ခံ့သည့် တိုင်ကြီးတစ်တိုင်ကို စိုက်၍ ထိုတိုင်၌ ထိုနွားသားငယ်ကို ခိုင်ခံ့သော ကြိုးဖြင့် ဖွဲ့ချည်ထားလေရာ၏။ ထိုသို့ ဖွဲ့ချည်ထားသည်ရှိသော် ထိုနွားထိန်းယောကျာ်း၏ ထိုကောက်ကျစ်သော နွားသားငယ်သည် ဤမှ ထိုမှလည်း တုန်လှုပ်၍ ပြေးခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုချည်တိုင်ကိုပင်လျှင် မှီ၍ ထိုင်မူလည်း ထိုင်လေရာသကဲ့သို့ မှီ၍ အိပ်မူလည်း အိပ်လေရာသကဲ့သို့ - ဤဥပမာအတူပင်လျှင် နေ့ညဥ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ
——只会奔向偏离正当修习道路、长满五欲所缘丛薮的地方。因此,可用这样的世间譬喻来说明:牧牛人若想调伏一头性情狡黠、饮母牛乳长大的小牛,就会把小牛牵离母牛,在适当之处栽下一根坚固的柱子,再用结实的绳索把它系在柱上。这样系住以后,那头狡黠的小牛便不能再从这里到那里冲撞奔逃,最后只能倚着那根系柱,或坐下,或躺下。同样,在漫长轮回的日日夜夜中——
ကာလပတ်လုံး ရူပါရုံစသည့် ထိုထိုအာရုံကို အစွဲပြု၍ ဖြစ်ပေါ်လာသော သာယာအပ်သော ချမ်းသာသည့်ခံစားမှု သုခဝေဒနာဟူသော အာရုံ၏ ရသာရည်ကို သောက်သုံးရသဖြင့် ကြီးပြင်း၍လာရသော ရာဂ ဒေါသ မောဟ စသည့် အယုတ်တရားတို့က ဖျက်ဆီးထားသဖြင့် ပျက်စီး၍နေသော မိမိ၏စိတ်ကို ယဥ်ကျေးအောင် ဆိုဆုံးမ လိုသော ဤယောဂါဝစရ ရဟန်းတော်သည်လည်း ရူပါရုံစသည့် ထိုထိုအာရုံမှ မိမိ၏စိတ်ကို ဖယ်ရှားလျက် တောအရပ်သို့ ဖြစ်စေ၊ သစ်ပင်ရင်းသို့ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်သို့ဖြစ်စေ ဝင်ရောက်လျက် ထိုအရပ်၌ ဝင်လေ ထွက်လေဟူသော ချည်တိုင်၌ မိမိ၏ စိတ်ကို သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်ထားအပ်ပေသည်။ ဤသို့ ဖွဲ့ချည်ထားသည်ရှိသော် ထိုယောဂါဝစရရဟန်း၏ ထိုစိတ်သည် ရှေး၌ လေ့လာကျက်စားဖူးသော အာရုံကို မရရှိသည်ဖြစ်၍ ဤမှ ထိုမှလည်း တုန်လှုပ်ချောက်ချားသည် ဖြစ်၍လည်း သတိတည်းဟူသော ကြိုးကို ဖြတ် တောက်၍ ပြေးခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုအာနာပါနအာရုံကိုသာလျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိဟု
——自己的心因不断饮取依色所缘等种种所缘而生、称为悦意乐受的所缘滋味,已经逐渐长大,又被贪、瞋、痴等恶法败坏。这位想要调伏自己心的禅修比丘,也应使心离开色所缘等种种所缘,进入林野、树下或空闲处,在那里以念这根绳索,将自己的心系在入息与出息这根系柱上。这样系住以后,他的心因得不到过去惯常游走的所缘,虽然仍从这里冲到那里、动荡不安,却无法割断念之绳而逃走,于是只能依靠入出息所缘,以近行定与安止定——
နှစ်မျိုးပြားသော သမာဓိ၏ အစွမ်းဖြင့် မှီ၍မူလည်း ထိုင်နေ၏၊ မှီ၍မူလည်း အိပ်နေ၏။ ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် အောက်ပါ ဂါထာကို မိန့်ဆိုတော်မူကြလေသည်။
——这两种定的力量,倚着它而坐,倚着它而卧。因此,古代诸义注师宣说了下面这首偈:
ယထာ ထမ္ဘေ နိဗန္ဓေယျ၊ ဝစ္ဆံ ဒမံ နရော ဣဓ။
“正如人在这里想调伏牛犊,便会把它系在柱上;”
ဗန္ဓေယျေဝံ သကံ စိတ္တံ၊ သတိယာရမ္မဏေ ဒဠှံ။
“同样,应以念将自己的心,牢牢系在业处所缘之上。”
(ဝိသုဒ္ဓိ-၁-၂၆၁။ ဝိ-ဋ္ဌ-၂-၁၂။ ဒီ-ဋ္ဌ-၂-၃၅၃။ မ-ဋ္ဌ-၁-၂၅၂။)
(《清净道论》1-261;《律藏义注》2-12;《长部义注》2-353;《中部义注》1-252。)
= စဥ်းလဲကောက်ကျစ်သော နွားသားငယ်ကို ဆုံးမလိုသော လူသားတစ်ဦးသည် ခိုင်ခံ့သော ချည်တိုင်၌ ဖွဲ့ချည်၍ ထားလေရာသကဲ့သို့ ဤဥပမာအတူ ဤသာသနာတော်၌ ပြက်ချော်ချော်နိုင်လှသော မိမိ၏ စိတ်ဓာတ် ကို ယဥ်ကျေးအောင် ဆုံးမလိုသော ရဟန်းတော်သည် ထိုစိတ်ကို သတိတည်းဟူသော ကြိုးဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ မြဲမြံစွာ တုတ်နှောင် ဖွဲ့ချည်ထားလေရာ၏။
意即:正如一个想要调伏狡黠小牛的人,会把它系在坚固的柱上;同样,在此教法中,想要调伏自己极易滑脱之心的比丘,也应以念为绳,把心牢牢捆系在业处所缘上。