“သဗ္ဗကာယ ပဋိသံဝေဒီ”(Sabbakāya-paṭisaṃvedī)——清楚觉知一整息从始、中至终的全体

入出息念定部分 · 原书第 306–312 页 · 53 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 306 页
သဗ္ဗကာယ ပဋိသံဝေဒီ
“သဗ္ဗကာယ ပဋိသံဝေဒီ”(Sabbakāya-paṭisaṃvedī)——清楚觉知一整息从始、中至终的全体
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
“他如此训练:‘我将清楚觉知一整次入息从始、中至终的全体而入息。’”
သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
“他如此训练:‘我将清楚觉知一整次出息从始、中至终的全体而出息。’”
= ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ဝင်သက်လေ ကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
=他努力训练:“我将清楚觉知一整次入息从始、中至终的全体而入息。”
ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။
他努力训练:“我将清楚觉知一整次出息从始、中至终的全体而出息。”
ဤသို့လျှင် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိ သည်ကို ပြုလျက် ထင်ထင်ရှားရှား သိတတ်သော ဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော (= ဉာဏသမ္ပယုတ်) စိတ်ဖြင့် သာလျှင် ဝင်သက်လေကို ဖြစ်စေ၏၊ ထွက်သက်လေကိုလည်း ဖြစ်စေ၏။ ထိုသို့ ဉာဏသမ္ပယုတ်စိတ်ဖြင့်သာလျှင် ဝင်သက်လေ-ထွက်သက်လေကို ဖြစ်စေသည်၏ အဖြစ်ကြောင့် (= ဉာဏသမ္ပယုတ်စိတ်ဖြင့်သာလျှင် အသက် ရှူနေသည့် အတွက်ကြောင့်) ဤသို့ ဝင်သက်လေ ထွက်သက် လေ၏ အစ-အလယ်-အဆုံးကို ထင်ရှားအောင် ပြုခြင်း အမှုကိစ္စဖြစ်လာသော ယောဂါဝစရ ရဟန်းကို သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သော ရဟန်းဟူ၍ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည် ချီးမွမ်းတော်မူအပ်ပေသည်။
如此,他一面使每一入息、出息从始、中至终的全体被清楚觉知,一面只以和这种清楚觉知之智相应的心——即智相应心——入息、出息。正因为只以智相应心呼吸,所以,这位努力修习、务求在呼吸时清楚觉知每一入息与出息从始、中至终全体的瑜伽行比丘,名为 sabbakāyapaṭisaṃvedī;以佛陀为首的贤圣们称赞他为“能够在清楚觉知每一入息、出息始中终全体的同时呼吸而勤修的比丘”。
ဤတွင် - သဗ္ဗကာယ ပဋိသံဝေဒီနှင့် ဆက်စပ်၍ ပိုမို၍ ဉာဏ်အမြင် သန့်ရှင်းလာရန် ပဋိသမ္ဘိဒါမဂ်ပါဠိ တော်၏ မိန့်ဆိုတော်မူချက်များကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
这里,为使读者对 sabbakāyapaṭisaṃvedī(清楚觉知一整息从始、中至终的全体)获得更清晰的智见,下面继续引述《无碍解道》巴利原典的教说。
原书第 307 页
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်
《无碍解道》巴利圣典的开示
ကထံ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ၊ ---- ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖဿော မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။
“如何训练:‘我将清楚觉知一整次入息从始、中至终的全体而入息’;如何训练:‘我将清楚觉知一整次出息从始、中至终的全体而出息’?所谓身,有两种身:名身与色身。何为名身?受、想、思、触与作意;上述名法与名身,以及被称为心行的诸法,这就是名身。”
ကတမော ရူပကာယော၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။
“何为色身?四大种、四大种所造色、入息、出息,以及作为系念标志的入出息触处;还有被称为身行的诸法,这就是色身。”
ကထံ တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ၊ ဒီဃံ အဿာသဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ၊ တာယ သတိယာ တေန ဉာဏေန တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ။
“那些身如何被透彻地了知?对于因长入息而了知心一境性与不散乱者,念便现起;依此念与此智,那些身便被透彻地了知。”
ဒီဃံ ပဿာသဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ၊ တာယ သတိယာ တေန ဉာဏေန တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ။ (ပဋိသံ-၁၈၁။) (ရဿ- အတို၌လည်း ပုံစံတူပင် လာရှိပေသည်။) အလုံးစုံသော ဝင်သက်လေ-ထွက်သက်လေဟု ဆိုအပ်သော ကာယ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်စွာ ပြုသည်ဖြစ်၍ ထင်ရှားစွာ သိသည်ဖြစ်၍ အဘယ်သို့လျှင် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ် သနည်း? အလုံးစုံသော ဝင်သက်လေ-ထွက်သက်လေဟု ဆိုအပ်သော ကာယ၏ အစ-အလယ်-အဆုံး အကုန် လုံးကို ထင်စွာ ပြုသည်ဖြစ်၍ ထင်ရှားစွာ သိသည်ဖြစ်၍ အဘယ်သို့လျှင် ထွက်သက်လေကို ရှူထုတ်အံ့ဟု အားထုတ်သနည်း? ---- ကာယော ဟူရာ၌ နာမကာယ ရူပကာယဟု ကာယတို့သည် နှစ်မျိုးတို့တည်း။ နာမကာယ ဟူသည် အဘယ်နည်း၊ စိတ္တသင်္ခါရဟု ဆိုအပ်သော ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရ နာမ်မည်သော နာမ်တရားအပေါင်းသည် နာမကာယ မည်၏။
“对于因长出息而了知心一境性与不散乱者,念便现起;依此念与此智,那些身便被透彻地了知。”(《无碍解道》181;短入息、短出息也采用相同的形式。)那么,如何训练:“我将清楚觉知称为入息身、出息身的一整息之始、中、终全体而入息”?又如何训练:“我将清楚觉知一整息之始、中、终全体而出息”?所谓身,有名身、色身两种。何为名身?称为心行的受、想、思、触、作意,以及一切名法,名为名身。
ရူပကာယဟူသည် အဘယ်နည်း၊ ကာယသင်္ခါရဟု ဆိုအပ်သော မဟာဘုတ် (၄)ပါး၊ မဟာဘုတ် (၄)ပါးကို စွဲမှီ၍ဖြစ်သော ဥပါဒါရုပ်၊ ဝင်သက်လေ-ထွက်သက်လေ၊ သတိ၏ ဖွဲ့ချည်ရာ နိမိတ်ဖြစ်သော ဝင်သက်လေ- ထွက်သက်လေတို့၏ ထိရာဌာနဟူသော နိမိတ် (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်) ---- ဤသင်္ခါရ အပေါင်းသည် ရူပကာယ မည်၏။
何为色身?称为身行的四大种、依四大种而生的所造色、入息与出息,以及作为念之系结处的标志——入出息的触处〔原书括注于“相”:遍作相、取相、似相〕;以上这一切行法,名为色身。
ထိုကာယတို့သည် အဘယ်သို့လျှင် ထင်ရှားကုန်သနည်း၊ ရှည်သော ဝင်သက်လေ၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့ကို ထင်ထင်ရှားရှား သိကုန်၏။
那些身如何显现呢?对于因长入息而了知心的专一与不散乱者,念便现起;依此念与此智,那些身便显现,并由此念与此智而被清楚、透彻地了知。
ရှည်သော ထွက်သက်လေ၏ အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့ကို ထင်ထင်ရှားရှား သိကုန်၏။ (တိုသော ဝင်သက်လေ၊ တိုသော ထွက်သက်လေတို့၌လည်း နည်းတူ မှတ်ပါ။)
对于因长出息而了知心的专一与不散乱者,念便现起;依此念与此智,那些身便显现,并由此念与此智而被清楚、透彻地了知。短入息与短出息也应同样理解。
原书第 308 页
ဤပါဠိတော်ဝယ် စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အရ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ဥပါဒါရုပ်တရားများကို ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ရေတွက်ပြထား၏။
在这段巴利中,对于“စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ”所说依四大种而生的诸所造色,《无碍解道义注》列举如下。
တံ ပန စက္ခု သောတံ ဃာနံ ဇိဝှါ ကာယော ရူပံ သဒ္ဒေါ ဂန္ဓော ရသော ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ ဟဒယဝတ္ထု သြဇာ ကာယဝိညတ္တိ ဝစီဝိညတ္တိ အာကာသဓာတု ရူပဿ-လဟုတာ ရူပဿ-မုဒုတာ ရူပဿ- ကမ္မညတာ ဥပစယော သန္တတိ ဇရတာ အနိစ္စတာတိ စတုဝီသတိဝိဓံ။ (ပဋိသံ-ဋ္ဌ-၂-၁၁၂။) = စက္ခုအကြည်၊ သောတအကြည်၊ ဃာနအကြည်၊ ဇိဝှါအကြည်၊ ကာယအကြည်၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဣတ္ထိန္ဒြေိ၊ ပုရိသိန္ဒြေိ၊ ဇီဝိတိန္ဒြေိ၊ ဟဒယဝတ္ထု၊ သြဇာ၊ ကာယဝိညတ္တိ၊ ဝစီဝိညတ္တိ၊ အာကာသဓာတု၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာဟု ဤသို့လျှင် ထိုဥပါဒါရုပ်သည် (၂၄)မျိုး ရှိပေသည်။ (ပဋိသံ-ဋ္ဌ-၂-၁၁၂။) (ယင်းရုပ်တရားတို့၏ အဓိပ္ပါယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။) မဟာဘုတ်ဓာတ်ကြီး (၄)ပါးနှင့် ယင်းဥပါဒါရုပ် (၂၄)မျိုးတို့ကို ပေါင်းသော် ရုပ် (၂၈)ပါး ဖြစ်၏။ ထိုရုပ်
“它有24种:眼、耳、鼻、舌、身,色、声、香、味,女根、男根、命根,心所依处、食素,身表、语表,空界,色轻快性、色柔软性、色适应性,色积聚、色相续、色老性、色无常性。”(《无碍解道义注》2-112。)=换言之,所造色有24种:眼净色、耳净色、鼻净色、舌净色、身净色,色所缘、声所缘、香所缘、味所缘,女根、男根、命根,心所依处、食素,身表、语表,空界,轻快性、柔软性、适应性,积聚、相续、老性、无常性。(《无碍解道义注》2-112;这些色法的含义可参看色业处部分。)四大种4种与这24种所造色合计为28色。这28种色——
(၂၈)မျိုးသည် သဗ္ဗကာယပဋိသံဝေဒီ-အရ ယောဂါဝစရပုဂ္ဂိုလ်က သိအောင် ရှုပွားရမည့် ရူပကာယစာရင်းဝင် တရားစုများ ဖြစ်ကြသည်ဟု မှတ်ပါ။ နာမကာယ-အရ၌လည်း နာမ်မည်သော နာမ်တရားအပေါင်းသည် နာမ ကာယ မည်၏ဟု မိန့်ဆိုထားတော်မူသဖြင့် စိတ်စေတသိက်အားလုံးသည် နာမကာယ မည်ပေသည်၊ ယင်းနာမ ကာယကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် သိအောင် ကြိုးစားအားထုတ်ရမည်ဟု မှတ်သားထားပါလေဦး။
——属于色身所摄诸法;依“sabbakāyapaṭisaṃvedī”,禅修者必须努力观修以了知它们。就名身而言,既然圣典说一切名法都名为名身,那么一切心与心所都是名身;禅修者对于这个名身,也必须努力修习以求了知。对此也应牢记。
ထိုရုပ်တရား နာမ်တရားတို့ကား တစ်လုံးချင်း အနေအားဖြင့် ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိကြပေ။
这些色法与名法,都没有逐一、单独生起的能力。
ရုပ်ကလာပ် နာမ်ကလာပ်ခေါ် အုပ်စုအလိုက်သာ ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ ရှိကြ၏။ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။
它们依其法则,只能按称为色聚、名聚的群组生起。
သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် နာမ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ် ကလာပ် နာမ်ကလာပ် အသီးအသီးအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ မြင်နိုင်ပါမှ ဓာတ်ခွဲနိုင်ပါမှ ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို သိမည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားနိုင်ပါမှ ရုပ်-နာမ်များကို ကုန်စင်အောင် ပုံစံမှန် သိရှိနိုင်မည် ဖြစ်ပေသည်။
因此,禅修者以智见到诸色聚、名聚时,必须能够以智逐一分别、分析每一色聚、名聚内部的究竟法,能够观见并分析诸界,才会了知真实的究竟色法与究竟名法。只有把智见修至抵达究竟法,才能无余而如实地了知名色。
သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် အာနာပါနအလုပ်စခန်းဖြင့် သမာဓိ ထူထောင်ပြီး၍ ဝိပဿနာသို့ ကူးသောအခါ ဤဖော်ပြပါ ရုပ်-နာမ်အားလုံးကို သိအောင် ဆက်လက် ကြိုးစားအားထုတ်ရမည်သာ ဖြစ်ကြောင်းကို မုချပုံသေ မှတ်သားထားပါလေ။ ထိုသို့ နာမကာယ ရူပကာယဟူသော နာမ်တရားအပေါင်း ရုပ် တရားအပေါင်းတို့ကို လက္ခဏာယာဥ် သုံးချက်တင်၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်သော ဘာဝနာကိုလည်း ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟူ၍ ခေါ်ဆိုကြောင်းကိုလည်း ယုံကြည်စိတ်ချစွာ မှတ်သား ထားပါလေ။
因此,贤者应当明确牢记:以入出息业处建立定而转入毗婆舍那时,必须继续努力了知这里所说的一切名色。在称为名身、色身的一切名法与色法上轮流安立无常、苦、无我三相,再以观智观修、审察;这样的修习也称为“于身随观身之念处修习”。对此也应确信并牢记。
သဗ္ဗကာယပဋိသံဝေဒီ-ပုဒ်ကို ဓာတ်ခွဲပုံ
“Sabbakāyapaṭisaṃvedī”一词的构词分析
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ။ ပ ။ ပဿသိဿာမီတိ သိက္ခတီတိ သကလဿ အဿာသ- ကာယဿ အာဒိမဇ္ဈပရိယောသာနံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော အဿသိဿာမီတိ သိက္ခတိ။
“所谓他训练:‘我将清楚觉知一整次入息从始、中至终的全体而入息……我将清楚觉知一整次出息从始、中至终的全体而出息’,是说他一面使一整次入息身的始、中、终全体为所知、令其显明,一面训练:‘我将入息。’”
သကလဿ ပဿာသကာယဿ အာဒိမဇ္ဈပရိယောသာနံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော ပဿသိ- ဿာမီတိ သိက္ခတိ။ ဧဝံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော ဉာဏသမ္ပယုတ္တစိတ္တေန အဿသတိ စေဝ ပဿသတိ စ။ တသ္မာ ''အဿသိဿာမိ ပဿသိဿာမီ''တိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ-၁-၂၆၅။)
“他一面使一整次出息身的始、中、终全体为所知、令其显明,一面训练:‘我将出息。’如此使之成为所知、令其显明时,他以与智相应之心入息,也以与智相应之心出息。因此说,他训练:‘我将入息,我将出息。’”(《清净道论》1-265。)
原书第 309 页
အာနာပါနဿတိသမာဓိပိုင်း သဗ္ဗကာယပဋိသံဝေဒီ-ပုဒ်၌ (၁) သဗ္ဗ-တစ်ပုဒ် (၂) ကာယ-တစ်ပုဒ် (၃) ပဋိ-တစ်ပုဒ် (၄) သံ-တစ်ပုဒ် (၅) ဝေဒီ-တစ်ပုဒ် ပေါင်းသော် စကားလုံးပုဒ်ပေါင်း (၅)ပုဒ် ပါဝင်လျက် ရှိ၏။
“Sabbakāyapaṭisaṃvedī”由5个词项构成:1.sabba;2.kāya;3.paṭi;4.saṃ;5.vedī。
၁။ သဗ္ဗ-ပုဒ်က သကလ (= အလုံးစုံ) ဟူသော အနက်ကို ဟော၏။
1.sabba 一词表达 sakala(全部)之义。
၂။ ကာယ-ပုဒ်က အဿာသကာယ ပဿာသကာယကို ဟော၏။
2.kāya 一词指 assāsa-kāya(入息身)与 passāsa-kāya(出息身)。
၃။ သဗ္ဗ - ကာယ - နှစ်ပုဒ်ဖြင့် အဿာသကာယ ပဿာသကာယ၏ အစ-အလယ်-အဆုံး ဟူသော အလုံးစုံ သော အဿာသကာယ ပဿာသကာယကို ညွှန်ပြပေသည်။
3.sabba 与 kāya 两词合起来,指向入息身、出息身各自从始、中至终的全体,也就是完整的入息身与出息身。
၄။ ပဋိ-ပုဒ်ကား ဝိစ္ဆာအနက်၌ ဖြစ်၏။ ပဋိ ပဋိ ပစ္စေကံ = အသီးအသီးဟု အဓိပ္ပါယ်ထွက်၏။ အဿာသကာယ ပဿာသကာယဟူသော ဝင်သက်လေ-ထွက်သက်လေ အပေါင်းကား ရုပ်ကလာပ်ပေါင်းများစွာတို့ကို ပေါင်းစုထားသော အပေါင်းအစုမျှသာ ဖြစ်သောကြောင့် အလုံးစုံသော အဿာသကာယ ပဿာသကာယ အဖို့ဘာဂကို သိအောင်ကျင့်ရန် ညွှန်ကြားပြသတော်မူလိုသည့်အတွက် ပဋိ-သဒ္ဒါကို ထည့်သွင်း၍ ဟော ကြားထားတော်မူပေသည်။
4.paṭi 一词用于分布义(vicchā)。“paṭi paṭi paccekaṃ”意为“逐一、各别”。称为入息身、出息身的一切入息与出息,只是许多色聚聚合而成的集合;为了教示修行者应当训练到能够了知完整入息身、出息身的每一部分,佛陀才加入 paṭi 一词而作开示。
၅။ သံ-ပုဒ်က သမ္မာ-အနက်ကို ဟော၏။ သက္ကစ္စ ကာရီ = ကောင်းမွန်ရိုသေစွာ အာနာပါနဘာဝနာလုပ်ငန်းကို ပြုလုပ်ရန် ညွှန်ပြခြင်းအကျိုးငှာ သံ-သဒ္ဒါကို ထည့်သွင်း၍ ဟောကြားထားတော်မူပေသည်။
5.saṃ 一词表达 sammā(正当、如法)之义。为了指示应当如 sakkacca-kārī 所表,以认真、恭敬的态度修习入出息业处,佛陀加入 saṃ 一词而作开示。
၆။ ဝေဒီ-၌ ဝိဒ-ကား ဉာဏ (= သိခြင်း) အနက် ဟောတည်း။ ဝေဒီ-၌ ဏီ-ပစ္စည်းကား တဿီလ-အတ္ထိအတ္ထ- သုဒ္ဓကတ္တား - သုံးနက်၌ ဖြစ်၏။ (မဟာဋီ-၁-၃၂၁ - ကြည့်ပါ။) သို့အတွက် ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ -- ဟူသော စကားရပ်တစ်ခုလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
6.在 vedī 中,词根 vid 表达 ñāṇa(知)之义;vedī 中的 ṇī 后缀具有 tassīla(习性义)、atthi-attha(具有义)与 suddha-kattā(纯施事义)三种意义。(参见《大复注》1-321。)因此,‘သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ’这一整句的含义如下。
၁။ အဿာသကာယဟူသော ဝင်သက်လေ အပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ရှူသွင်း အံ့ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေ အပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိလေ့ရှိသည် ဖြစ်၍ ထွက်သက် လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (တဿီလအနက်။) ၂။ အဿာသကာယဟူသော ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိခြင်းရှိသည် ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီး အသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ် စိတ်ဖြင့် သိခြင်းရှိသည် ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (အတ္ထိအတ္ထ = အဿတ္ထိအနက်။)
1.他训练:“我将入息。”也就是说,他惯常以与智相应之心,逐一、认真而恭敬地了知入息身一整息的始、中、终全体。他训练:“我将出息。”也就是说,他惯常以与智相应之心,逐一、认真而恭敬地了知出息身一整息的始、中、终全体。(tassīla,习性义。)2.他训练:“我将入息。”也就是说,他具有以与智相应之心,逐一、认真而恭敬地了知入息身一整息的始、中、终全体之知。他训练:“我将出息。”也就是说,他具有以与智相应之心,逐一、认真而恭敬地了知出息身一整息的始、中、终全体之知。(atthi-attha,即“assa atthi”,具有义。)
၃။ အဿာသကာယဟူသော ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိတတ်သည်ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့ ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိတတ်သည်ဖြစ်၍ ထွက်သက်လေ ကို ရှူထုတ်အံ့ဟု ကျင့်၏။ (သုဒ္ဓကတ္တားအနက်) ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။
3.他训练:“我将入息。”也就是说,他作为能以与智相应之心,逐一、认真而恭敬地了知入息身一整息的始、中、终全体者而入息。他训练:“我将出息。”也就是说,他作为能以与智相应之心,逐一、认真而恭敬地了知出息身一整息的始、中、终全体者而出息。(suddha-kattā,纯施事义。)以上就是上述义注的旨趣。
原书第 310 页
မှန်ပေသည် ---- ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ တစ်ဦးနှင့် တစ်ဦး မတူညီတတ်ပေ။
确实,修习入出息业处时,人与人之间往往有所不同。
တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား များစွာသော ရုပ်ကလာပ်အမှုန်တို့ဖြင့် ပေါင်းစုတည်ဆောက်ထား သည့် အတွက်ကြောင့် မုန့်မုန့်ညက်ညက်၏ အဖြစ်ဖြင့် ပျံ့ကြဲလျက်ရှိသော အဿာသကာယ = ဝင်သက်လေ အပေါင်း၌သော်လည်းကောင်း၊ ပဿာသကာယ = ထွက်သက်လေ အပေါင်း၌သော်လည်းကောင်း အစသာ ထင်ရှား၍ အလယ်နှင့် အဆုံးကား မထင်ရှား ဖြစ်တတ်၏။ ထိုယောဂါဝစရ ရဟန်းတော်သည် အစ၌သာလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ စွမ်းနိုင်ပေသည်၊ အလယ်နှင့် အဆုံး၌ကား ပင်ပန်းနေတတ်၏။
有一类禅修比丘,对于 assāsa-kāya(入息身)与 passāsa-kāya(出息身)——它们由众多色聚微粒聚合而成,呈细碎粉末般散布——只有每一息的开端明显,中段与末端却不明显。这类禅修比丘只能以智分别、把握开端;要辨识中段与末端时,便会感到费力。
တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား အလယ်ထင်ရှား၍ အစနှင့် အဆုံးကား မထင်ရှား ဖြစ်နေ တတ်ပြန်၏။ ထိုပုဂ္ဂိုလ်မျိုးသည် အလယ်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်၍ အစနှင့် အဆုံး၌ ပင်ပန်းနေတတ်ပြန်၏။
另一类禅修比丘只有每一入息、出息的中段明显,开端与末端却不明显。这类人只能以智分别、把握中段;要辨识开端与末端时,便会感到费力。
တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား အဆုံးသာ ထင်ရှား၍ အစနှင့် အလယ်ကား မထင်ရှား ဖြစ်နေတတ်ပြန်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် အဆုံးကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်၍ အစနှင့် အလယ် ၌ ပင်ပန်းနေတတ်ပြန်၏။
又有一类禅修比丘只有每一入息、出息的末端明显,开端与中段却不明显。这类人只能以智分别、把握末端;要辨识开端与中段时,便会感到费力。
တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား ဝင်သက်လေ-ထွက်သက်လေအပေါင်း၏ အစ-အလယ်- အဆုံး အကုန်လုံးသည် ထင်ရှား၏၊ ထိုပုဂ္ဂိုလ်မျိုးသည် ဝင်သက်လေ-ထွက်သက်လေ အပေါင်း ၏ အစ-အလယ်- အဆုံး အကုန်လုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏၊ အစ- အလယ်-အဆုံး မည်သည့် နေရာ၌မဆို ပင်ပန်းမှု မရှိပေ။
还有一类禅修比丘,每一入息、出息的开端、中段、末端全都明显。这类人能够以智分别、把握每一入息、出息从始、中至终的全体,在任何一段都不感到费力。
ဤစတုတ္ထပုဂ္ဂိုလ်မျိုးနှင့် တူစွာ အဿာသကာယ ပဿာသကာယ = ဝင်သက်လေ-ထွက်သက်လေအပေါင်း ဟူသော ကမ္မဋ္ဌာန်းအာရုံ၌ သတိကိုလည်းကောင်း၊ ဉာဏ်ကိုလည်းကောင်း ရှေးရှုတည်စေ၍ ဖြစ်စေ၍ ဝင်သက် လေ-ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံး၌ပင် ဉာဏ်နှင့်ယှဥ်သည်သာလျှင် ဖြစ်သော ဉာဏသမ္ပယုတ်စိတ်ကို ဖြစ်စေအပ်၏ဟု ညွှန်ပြတော်မူလိုသော ဘုရားရှင်သည် ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ ---- ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
佛陀为了指示:应像这第4类人一样,使念与智面向并安住于称为 assāsa-kāya、passāsa-kāya 的每一入息、出息这一业处所缘,并让每一入息、出息从始、中至终全体都生起与智相应之心,所以开示:‘သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ’。译:“他训练:‘我将清楚觉知一整次入息从始、中至终的全体而入息……我将清楚觉知一整次出息从始、中至终的全体而出息。’”
(ဝိသုဒ္ဓိ-၁-၂၆၅။)
(《清净道论》1-265。)
သိက္ခတိ - ထည့်၍ ဟောရခြင်းအကြောင်း
为何加入 sikkhati 一词而作开示
သဗ္ဗကာယ ပဋိသံဝေဒီ အဿသိဿာမီတိ။ ပ ။ပဿသိဿာမီတိ သိက္ခတိ = ဝင်သက်လေ၏ အစ- အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏ (= ကျင့်ပါ)။
“他训练(即:应当如此训练):‘我将清楚觉知入息从始、中至终的全体而入息——”
ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏ (= ကျင့်ပါ) --- ဟူသော ထိုပါဠိတော်စကားရပ်၌ သိက္ခတိ (= ကျင့်၏ = ကျင့်ပါ) ဟူသော စကားရပ်ကို ထည့်၍ ဟောကြားထားတော်မူပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ရှင်းလင်းတင်ပြ ထား၏။
——我将清楚觉知出息从始、中至终的全体而出息。’”关于这段巴利经文为何加入 sikkhati(训练;即:应当训练)一词,《清净道论》作如下解释。
သိက္ခတိ (= ကျင့်၏ = ကျင့်ပါ) ဟူသည်ကား အထက်၌ ဆိုခဲ့ပြီးသည့်အတိုင်း ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို၊ ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်နှင့် ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိခြင်း၏ အစွမ်းဖြင့်သာလျှင် အားထုတ်၏ လုံ့လပြု၏ (= အားထုတ်ပါ လုံ့လပြုပါ) ဟု ဆိုလိုသည်။
如上所说,sikkhati(训练;即:应当训练)的意思是:为了以与智相应之心,逐一、认真而恭敬地了知每一入息、出息从始、中至终的全体,他付出努力、发起精进(即:应当努力、应当精进)。
原书第 311 页
အာနာပါနဿတိသမာဓိပိုင်း တစ်နည်းအားဖြင့် ဆိုရသော် ---- ထိုသို့သော အာနာပါနဿတိသမာဓိကို ပွားစေသော ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ = ထိုသို့သော ဝင်သက်လေအပေါင်း ထွက်သက်လေအပေါင်း၏ အစ-အလယ်- အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် ထင်ထင်ရှားရှား သိမှုကို ပြုကျင့်နေသော ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အာနာပါနအာရုံကို သတိဖြင့် စောင့်စည်းမှုတည်းဟူသော သတိသံဝရ၊ ဝီရိယဖြင့် စောင့်စည်းမှုတည်းဟူသော ဝီရိယသံဝရသည်ကား အဓိသီလသိက္ခာ မည်၏။ အာနာပါနအာရုံ၌ စိတ်တည်ကြည်မှု စိတ်တည်ငြိမ်မှု သမာဓိ သည်ကား အဓိစိတ္တသိက္ခာ မည်၏။ အာနာပါနအာရုံကို အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန် ရိုသေစွာ ကွဲကွဲပြားပြား သိနေသော ပညာကား အဓိပညာသိက္ခာ မည်၏။
换言之,对于这样培育入出息念定的禅修者——也就是正以与智相应之心,逐一、认真而恭敬地清楚觉知每一入息、出息从始、中至终全体,并努力使之清楚显明的禅修者——在他的相续中:以念防护入出息所缘的念防护(sati-saṃvara),以及以精进防护该所缘的精进防护(viriya-saṃvara),名为增上戒学(adhisīla-sikkhā);令心安稳、安住于入出息所缘的定,名为增上心学(adhicitta-sikkhā);逐一、认真而恭敬地辨明入出息所缘从始、中至终全体的慧,名为增上慧学(adhipaññā-sikkhā)。
ဤသိက္ခာသုံးပါးတို့ကို ထိုအာနာပါနအာရုံ၌ ထိုအာနာပါနကို အာရုံပြု၍ဖြစ်သော သတိနှင့် ထိုသတိ ရှေ့သွားရှိသော အာနာပါနအာရုံကို ပွားများနှလုံးသွင်းခြင်း ဘာဝနာမနသိကာရနှင့် အတူတကွ လေ့ကျင့်၏ မှီဝဲ၏ ပွားစေ၏ အကြိမ်များစွာပြု၏ (= လေ့ကျင့်ပါ မှီဝဲပါ ပွားများပါ အကြိမ်များစွာ ပြုပါ) ---- ဤသို့လျှင် ဤ သိက္ခတိဟူသော ပုဒ်၌ ဆိုလိုရင်း အနက်သဘောကို မှတ်သားပါ။ (ဝိသုဒ္ဓိ-၁-၂၆၆။) အဿသိဿာမိ ပဿသိဿာမိ-ဟု အနာဂတ်ဝိဘတ်ဖြင့် ဟောတော်မူရခြင်း၏ အကြောင်းရင်း ဤအာနာပါန စတုက္ကလေးမျိုးတို့၌ ---- ပထမစတုက္ကတွင် အကျုံးဝင်သော အဿာသ ပဿာသတို့၏ အရှည်ကို သိအောင် ရှုရသည့် ပထမနည်း၊ အတိုကို သိအောင် ရှုရသည့် ဒုတိယနည်းတို့၌ ဝင်သက်လေ ရှူသွင်းကာမျှ ထွက်သက်လေ ရှူထုတ်ကာမျှ သက်သက်သာလျှင် ဖြစ်ပေသည်။ အခြား တစ်စုံတစ်ရာ ပြုလုပ်ဖွယ် ရာ မရှိပေ။ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ကျင့်ရမည့် ဤတတိယနည်းမှ စ၍ အာနာပါန
他依以入出息为所缘的念,以及以该念为先导、对入出息所缘所作的修习作意(bhāvanā-manasikāra),修习、亲近、培育并数数修习这三学(即:应当修习、亲近、培育并数数修习)。应当这样理解 sikkhati 一词的旨趣。(《清净道论》1-266。)为什么以未来时“assasissāmi、passasissāmi”作开示?在入出息念的四组四法中,第一组四法的第一法是了知入出息的长,第二法是了知入出息的短;在这两法中,只是入息时了知入息、出息时了知出息,没有其他特别要做之事。从必须了知每一息始、中、终全体的第三法开始,则须在入出息——
အာရုံပေါ်၌ ဉာဏ်ကို ဖြစ်စေခြင်း၊ အဿာသ ပဿာသ ကာယသင်္ခါရကို ငြိမ်းစေခြင်း၊ ပီတိကို အသီးအသီး ကောင်းစွာ ဉာဏသမ္ပယုတ်စိတ်ဖြင့် သိသည်ကို ထင်ရှားသည်ကို ပြုလုပ်ခြင်း စသည်တို့၌ ကြိုးစားအားထုတ်မှု ကို အထူးပြုအပ်ပေသည်။ ထိုကြောင့် ဝင်သက်လေ-ထွက်သက်လေတို့၏ အရှည် အတိုကို သိအောင် အားထုတ် ရသည့် ရှေးနည်း၌ ---- အဿသာမီတိ ပဇာနာတိ၊ ပဿသာမီတိ ပဇာနာတိ = ရှည်သော ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်သော ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏၊ တိုသော ဝင်သက်လေကို ဖြစ်စေသည်ရှိသော် တိုသော ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏ ---- ဟူ၍သာလျှင် ပစ္စုပ္ပန်ကာလ၏ အစွမ်းဖြင့် ပါဠိတော်ကို ဟောကြားထားတော်မူပေသည်။ ထိုသို့ ဟောတော်မူပြီးနောက် ဝင်သက်လေ ထွက်သက်လေ အပေါင်း၏ အစ- အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ရမည့် ဤတတိယနည်းမှ စ၍ ပြုသင့်ပြုထိုက် သော ဉာဏ်ကို ဖြစ်စေခြင်း၊ အဿာသပဿာသ ကာယသင်္ခါရကို ငြိမ်းစေခြင်း၊ ပီတိကို အသီးအသီး ကောင်းစွာ
——入出息所缘上令智生起,使入出息身行平息,并以与智相应之心逐一、善加地使对喜的了知清楚显明等;这些方面都必须特别努力。因此,在先前为知入出息长短而修的两法中,圣典只以现在时开示:‘အဿသာမီတိ ပဇာနာတိ၊ ပဿသာမီတိ ပဇာနာတိ’——例如,作长入息时,了知“我正作长入息”;作短入息时,了知“我正作短入息”。如此开示以后,从必须清楚觉知每一入息、出息始、中、终全体的第三法开始,为了指示应当令智生起、使入出息身行平息,并以与智相应之心逐一、善加地使对喜的——
ဉာဏ်နှင့် ယှဥ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိသည်ကို ထင်ရှားသည်ကို ပြုလုပ်ခြင်း စသော အခြင်းအရာကို ညွှန်ပြတော်မူခြင်းငှာ ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ ---- စသည်ဖြင့် အနာဂတ်ဝိဘတ်၏ အစွမ်းဖြင့် ပါဠိတော်ကို တင်ထားတော်မူအပ်ပေသည်ဟု သိပါလေ။ (ဝိသုဒ္ဓိ-၁-၂၆၆။) ဝင်သက်လေ-ထွက်သက်လေတို့၏ ရှည်မှု တိုမှုကို သိအောင် ကြိုးစားအားထုတ်ရသည့် ရှေးဘာဝနာနည်း နှစ်နည်း၌လည်း ဝင်သက်လေ-ထွက်သက်လေတို့၏ ဟုတ်မှန်သော သဘောအတိုင်း ရှည်မှု တိုမှု၏ အဖြစ်ကို ထိုးထွင်းသိမြင်နေခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် ဉာဏ်ကို ဖြစ်စေခြင်းကို အကယ်၍ကား ရအပ်သည် သာလျှင် ဖြစ်ပေသည်၊ သို့သော် ထို ရှည်မှု တိုမှုကို သိခြင်းသည် ဖြစ်တိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေ တို့ကို ဖြစ်နေသည့်အတိုင်း အာရုံယူနေခြင်းမျှသာ ဖြစ်သောကြောင့် လွန်စွာ မခဲယဥ်းလှပေ။ ထိုကြောင့် ထိုရှေးနည်း
——了知清楚显明等事项,应知圣典从这里起以未来时安立文句,如:‘သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ’——“他训练:‘我将清楚觉知一整次入息从始、中至终的全体而入息。’”(《清净道论》1-266。)在先前为了知入息、出息的长短而努力的两种修法中,由于也有如实洞察入息、出息长短的性质,当然同样有智生起;但这种了知只是把每一自然生起的入息、出息如其本然地取为所缘,并不十分困难。因此,那先前两种修法——
原书第 312 页
နှစ်မျိုး၌ - ရှည်သော (တိုသော) ဝင်သက်လေ (ထွက်သက်လေ)ကို ဖြစ်စေသည်ရှိသော် ရှည်သော (တိုသော) ဝင်သက်လေ (ထွက်သက်လေ)ကို ဖြစ်စေ၏ဟု သိ၏ - ဟု ပစ္စုပ္ပန်ကာလနှင့် ယှဥ်ခြင်းကို ပြုတော်မူအပ်ပေသည်။
——采用现在时开示:“作长(短)入息(出息)时,他了知:‘我正作长(短)入息(出息)。’”
ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအား ထုတ်ရခြင်း စသော ဤတတိယစသော နည်းသည်ကား ပြုနိုင်ခဲလှ၏၊ တစ်ဦးသော ယောကျာ်း၏ သင်ဓုန်းသွား ပေါ်၌ သို့မဟုတ် သင်ဓုန်းသွားရှိသော လမ်းပေါ်၌ သွားနေရခြင်းနှင့် တူလှ၏၊ ထိုကြောင့် ဤတတိယနည်း စသည်တို့၌ ရှေးအဖို့၌ဖြစ်သော ပြုပြင်ခြင်းသည် လွန်လွန်ကဲကဲ ဖြစ်သင့် ဖြစ်ထိုက်လှပေ၏။ ဤသဘောတရားကို ထင်ရှားပြခြင်းငှာ ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတိ = ဝင်သက်လေ (ထွက်သက်လေ ) ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ရှူသွင်းအံ့ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏ ---- ဤသို့ စသည်ဖြင့် အဿသိဿာမိ ပဿသိဿာမိ - ရှူသွင်းအံ့ ရှူထုတ်အံ့ - ဟု အနာဂတ်ကာလနှင့် ယှဥ်ခြင်းကို ပြုတော်မူအပ်ပေသည်။ ဤသဘောအဓိပ္ပါယ်ကို ထင်ရှား ပြခြင်းငှာ အဋ္ဌကထာဆရာတော်သည် အထက်ပါ စကားရပ်ကို မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။
从第三法开始,为了清楚觉知每一入息、出息从始、中至终的全体而努力等修法,极难成办,犹如一个人行走在剃刀刃上,或走在铺满剃刀刃的道路上。因此,对于第三法等修法,事前准备必须格外充分。为了彰显这一点,圣典开示:‘သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတိ’。译:“他训练:‘我将清楚觉知入息(出息)从始、中至终的全体而入息(出息)。’”像这样,assasissāmi、passasissāmi——“我将入息、我将出息”——采用了未来时。义注师正是为了阐明这一含义,才作出上述解释。
(မဟာဋီ-၁-၃၂၂။)
(《大复注》1-322。)
ဝင်သက်လေ-ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို သတိဖြင့် အစဥ်ကပ်၍ အဆက် မပြတ် တောက်လျှောက်သိအောင် ကြိုးစားအားထုတ်ရသောနည်းကို အဋ္ဌကထာကြီးများ၌ အနုဗန္ဓနာနည်းဟု အမည်တပ်ထားတော်မူပေသည်။
使念持续系念于入出息所缘,不间断地连续觉知每一入息、出息从始、中至终全体的修法,在诸大义注中称为随逐法(anubandhanā)。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。