如何观修与把握时节生色
色业处部分 · 原书第 704–708 页 · 26 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 704 页
ဥတုဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ
如何观修与把握时节生色
ရှေးတွင် ဖော်ပြခဲ့ပြီးသော ဥတုသမုဋ္ဌာန်ရုပ်တို့ကို ရှုပွားပုံအပိုင်းကို တစ်ဖန်ပြန်၍ လေ့လာပါ။ သို့မှသာ လျှင် ပို၍ သဘောပေါက်မည် ဖြစ်သည်။ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို ဥတုခေါ်ကြောင်းရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။
请重新学习前文关于观修时节所生色的部分,这样才能理解得更清楚。前文已经解释:存在于六门中业生色聚、心生色聚、时节生色聚与食生色聚内的火界,都称为“时节”。
ယင်းတေဇောဓာတ် = ဥတုသည် သြဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ဤတွင် စက္ခုဒွါရ၌ ရှုပုံစနစ်ကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။
这种火界=时节,会产生一个个以食素为第八法的新时节生食素八法聚。这里以眼门中的观修方法作为范例。
၁။ စက္ခုဒွါရ၌ တည်ရှိသော စက္ခုဒသက ကလာပ်များစွာထဲက စက္ခုဒသက ကလာပ် တစ်ခုကို ဓာတ်ခွဲပါ။
1.分析眼门中许多眼十法聚里的一个眼十法聚。
(၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်း (၁ဝ)မျိုးသော ရုပ်ပရမတ် တရားတို့တွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ စက္ခုဒသက ကလာပ်မှာ ကမ္မဇ ရုပ်ကလာပ် ဖြစ်သဖြင့် ယင်းတေဇောဓာတ်မှာ ကမ္မဇဥတု ဖြစ်၏။ ယင်း ကမ္မဇဥတု = တေဇောဓာတ်ကို တစ်ဖန် ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ ယင်း တေဇောဓာတ် = ဥတုသည် မိမိ၏ ဌီကာလသို့ ရောက်ခိုက်၌ သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ယင်းသြဇဋ္ဌမက ရုပ်ကလာပ်ကား ကမ္မဇဥတု၏ သားတည်း။ ဓာတ်-
以智分别、分析而观照其中10种究竟色法;这10种究竟色法中也含有火界。由于眼十法聚是业生色聚,这一火界就是业生时节。再以智专注观照该业生时节=火界,看见这火界=时节到达住时后,产生一个新的食素八法聚。该食素八法聚是业生时节的子代;分——
原书第 705 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ခွဲကြည့်ပါက ရုပ်ပရမတ် သဘောတရား (၈)မျိုးကို တွေ့ရှိမည် ဖြစ်၏။ ကံလျှင် အကြောင်း အထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သော ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅ဝ။) ယင်း ကမ္မပစ္စယ ဥတုသမုဋ္ဌာန် ရုပ်တွင်လည်း တေဇောဓာတ် ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုကလည်း မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မဇဥတု၏ မြေးတည်း၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ယင်း ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇော ဓာတ် ဥတုကလည်း ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ကမ္မဇဥတု၏ မြစ်တည်း။ ဥတု- ပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ဟုပင် ခေါ်ဆိုပေသည်။ ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက် စပ်စေ၏။ (ဝိသုဒ္ဓိ-၂-၂၅ဝ။) ဤ၌ (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏ ဟူသည်မှာ သဒိသသန္တတိ =
——析该聚时,会看见8种究竟色法。它是由以业为资助缘的时节所生之色,称为“业缘时节生色”。(《清净道论》2-250。)业缘时节生色中也含有火界;该火界=时节到达住时后,又产生一个新的食素八法聚,这是业生时节的孙代,称为“时节缘时节生色”。该时节缘时节生色所含的火界=时节又产生一个新的时节生食素八法聚,这是业生时节的曾孙代,也仍称为“时节缘时节生色”。如此把4次或5次色聚的生起连接起来。(《清净道论》2-250。)这里所谓把4次或5次色聚的生起连接起来,是仅依“သဒိသသန္တတိ”(sadisa-santati)=——
တူညီသော ရုပ်အစဥ် သန္တတိ၏ အစွမ်းဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။ ဗာဟိရပစ္စယဝိသေသ (= ရာသီဥတု အစာအာဟာရ --- သူတစ်ပါးတို့၏ လုံ့လပယောဂ စသော) အပြင်အပ အကြောင်းအထောက်အပံ့ထူး ရှိခဲ့လျှင် မတူကုန်သော များစွာကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကိုလည်း ဆက်စပ်စေ၏ --- ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသည်။ (မှဲ့-အသားမာ စသည်တို့ကို ပုံစံထုတ်၍ ပြထား၏။) (မဟာဋီ-၂-၄ဝ၂။) ထိုကြောင့် -- ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိန္နပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိဧဝ။ (ဝိသုဒ္ဓိ-၂-၂၅၂။) = ဤသို့လျှင် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္နအဖို့၌ တည်၍သော်လည်း ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်သာတည်း၊ ဥပါဒိန္နကအဖို့၌ တည်၍သော်ကား ဆိုဖွယ်ရာပင် မရှိ --- ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်သည်။
——同类色相续而说。若有“ဗာဟိရပစ္စယဝိသေသ”(bāhira-paccaya-visesa)=外在特殊助缘〔如气候、食物、他人的努力造作等〕,也能连接许多不同色聚的生起——诸大德如此教说。〔以痣、胼胝等作为例子。〕(《大复注》2-40“如此,即使处在无执受的一边,时节所生色仍能长时转起;若处在有执受的一边,则更不待言。”这就是义注师的教说。
ဗာဟိရပစ္စယဝိသေသ --- ဤ၌ အပြင်အပ အကြောင်းအထောက်အပံ့ထူး ဟူသည်မှာ --- ၁။ ကံ၏ အထောက်အပံ့ (မှည့်-အသားမာ စသည် ဖြစ်ဖို့ရန် ကံ၏ အထောက်အပံ့)၊ ၂။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော စိတ်တို့၏ အထောက်အပံ့၊ ၃။ သပ္ပါယ မျှတသော သို့မဟုတ် မမျှတသော ဥတုတို့၏ အထောက်အပံ့၊ ၄။ မွန်မြတ်သော အာဟာရ သြဇာတို့၏ အထောက်အပံ့ စသော --- ဤ အထောက်အပံ့ကောင်းများကို ဆိုလိုသည်။ ဤအထောက်အပံ့တို့ကား မူလအကျိုးပေးနေသော ကံ၏ ပြင်ပအကြောင်းထူးတို့ပင် ဖြစ်ကြသည်။
“ဗာဟိရပစ္စယဝိသေသ”(bāhira-paccaya-visesa)——这里所谓外在特殊助缘,是指:1.业的资助〔为生起痣、胼胝等而有的业之资助〕;2.止修心、观修心、道心、果心等殊胜心的资助;3.适宜、调和或不适宜、不调和之时节的资助;4.上等食物之食素的资助等。这些良好助缘,都是在原本正给予果报之业以外的特殊原因。
၂။ စက္ခုဒွါရဝယ် ကာယဒသက ကလာပ် အတွင်း၌ တည်ရှိသော (၁ဝ)မျိုးသော ရုပ်ပရမတ် သဘောတရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပါ။ ယင်း (၁ဝ)မျိုးသော ရုပ်တရားတို့တွင် ပါဝင်သော တေဇောဓာတ် မှာလည်း ကမ္မဇတေဇောဓာတ်ပင် ဖြစ်၏။ ယင်း ကမ္မဇတေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ရှိခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ယင်းရုပ်ကလာပ် အသစ်ကား --- ကမ္မပစ္စယ ဥတုသမုဋ္ဌာန်- ရုပ် = ကံလျှင် အကြောင်းအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ် မည်၏။
2.以智辨别并把握眼门身十法聚内的10种究竟色法;这10种色法中所含的火界也是业生火界。该业生火界到达住时后,也产生一个新的食素八法聚。这个新色聚称为“业缘时节生色”=由以业为资助缘的时节所生之色。
ယင်းကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ကလည်း သြဇဋ္ဌမက ရုပ်ကလာပ် အသစ် ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ဤသို့လျှင် သဒိသသန္တတိ = တူညီမှုရှိသော ရုပ်အစဥ် သန္တတိ၏ အစွမ်းဖြင့် (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဗာဟိရပစ္စယ-
业缘时节生色所含的火界又产生一个新的食素八法聚,称为“时节缘时节生色”。如此,仅依“သဒိသသန္တတိ”(sadisa-santati)=同类色相续而言,把4次或5次色聚的生起连接起来。若得到称为“ဗာဟိရပစ္စယဝိသေသ”(bāhira-paccaya-visesa)的外在特殊——
原书第 706 页
ဝိသေသဟူသော ပြင်ပအကြောင်းထူး အထောက်အပံ့ကို ရခဲ့သော် ရှည်စွာသော ကာလပတ်လုံးလည်း ဥတု- ပစ္စယ ဥတုသမုဋ္ဌာန်ရုပ်များကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။
——助缘,应知时节缘时节生色也能长时生起。
၃။ စက္ခုဒွါရဝယ် ဘာဝဒသက ကလာပ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲပါ။ ယင်း (၁ဝ)မျိုး သော ရုပ်တရားတို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ်သည် မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေ၏၊ ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တည်း။
3.分析眼门中的性根十法聚,直至智见达到究竟法。其10种色法中所含的业生火界到达住时后,产生一个新的食素八法聚;这就是业缘时节生色。
ယင်း ကမ္မပစ္စယ ဥတုသမုဋ္ဌာန်-သြဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ်ကလည်း မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် အခြားသော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတု- သမုဋ္ဌာန်ရုပ်တည်း။ သဒိသသန္တတိ = တူညီမှု ရှိသော ရုပ်အစဥ် သန္တတိ၏ အစွမ်းဖြင့် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဗာဟိရပစ္စယဝိသေသဟူသော ပြင်ပအကြောင်းထူး အထောက်အပံ့ကို ရရှိခဲ့သော် ရှည်စွာသော ကာလပတ်လုံးလည်း အကြိမ်များစွာ ဆက်ခါ ဆက်ခါ ဆက်စပ်လျက် ဖြစ်စေနိုင်၏ ဟု မှတ်ပါ။
业缘时节生食素八法聚中所含的火界到达住时后,又产生另一个新的食素八法聚;这就是时节缘时节生色。仅依“သဒိသသန္တတိ”(sadisa-santati)=同类色相续而言,如此把4次或5次色聚的生起连接起来。若得到称为“ဗာဟိရပစ္စယဝိသေသ”(bāhira-paccaya-visesa)的外在特殊助缘,应知也能长时、多次连续生起。
၄။ စက္ခုဒွါရဝယ် စိတ္တဇအဋ္ဌကလာပ် တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်ပရမတ် သဘောတရား တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပါ။ တစ်ဖန် ယင်း (၈)မျိုးသော ရုပ်ပရမတ်တရားတို့တွင် ပါဝင်သော တေဇောဓာတ်ကို စိုက်ရှုပါ။ ဌီကာလသို့ ရောက်ရှိလာသော ယင်းတေဇောဓာတ်ကြောင့် သြဇဋ္ဌမက ရုပ်ကလာပ် အသစ် ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း ရုပ်ကလာပ်အသစ်ကား စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ် တည်း။ (ဝိသုဒ္ဓိ-၂-၂၅၁။) (စိတ္တဇဥတု၏ သားတည်း။) တစ်ဖန် ယင်း စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ကား ဥတုသမုဋ္ဌာန်ရုပ်တွင် စာရင်းဝင်သွားပြီ ဖြစ်၏။ ယင်း တေဇောဓာတ်ကလည်း အခြားသော သြဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေ ပြန်၏။ ဤသို့လျှင် (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ (စိတ္တဇဥတု = တေ- ဇောဓာတ်၏ သားစဥ်မြေးဆက် အဆက်ဆက်တည်း၊) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် အဆက်ဆက်တည်း။
4.以智分别、分析并把握眼门一个心生八法聚内的8种究竟色法;再专注观照其中所含的火界,以智看见到达住时的该火界产生一个新的食素八法聚。这个新色聚就是“心缘时节生色”。(《清净道论》2-251。)〔它是心生时节的子代。〕心缘时节生色中所含的火界,此时已经归入时节所生色;该火界又产生另一个新的食素八法聚。如此把2次或3次色聚的生起连接起来〔即心生时节=火界的子孙相续〕,它们都是一代代的时节缘时节生色。
ဤ (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏ဟူသည်မှာ ရိုးရိုးပကတိသော စိတ်၏ အစွမ်းဖြင့် ပြောဆိုခြင်း ဖြစ်သည်။ မဟဂ္ဂုတ်-လောကုတ္တရာစိတ်ဟု ခေါ်ဆိုသော စျာန်စိတ်-မဂ်စိတ်- ဖိုလ်စိတ်တို့၏ အစွမ်းဖြင့်မူကား သာလွန်၍ များပြားသော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကိုလည်း အလိုရှိအပ်သည် သာ ဖြစ်သည်။ (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးကိုလည်း နည်းတူ သဘောပေါက်ပါ။) အကြောင်းမူ ယင်း မဟဂ္ဂုတ်-လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မွန်မြတ်သောကြောင့် ဖြစ်သည်။ (မဟာဋီ-၂-၄ဝ၃။) ဝိပဿနာစိတ်တို့ကြောင့်လည်း ဥတုဇရုပ်များ ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့သွားပုံကို အထက်ဝိပဿနာ ပိုင်း ဥပက္ကိလေသကထာတွင် (မဟာဋီ-၂-၄၂၈-၄၂၉။) ဖွင့်ဆိုလျက် ရှိပေသည်။ သို့အတွက် သမထဘာဝနာစိတ် (စျာန်စိတ်) ဝိပဿနာစိတ် မဂ်စိတ် ဖိုလ်စိတ်ဟူသော မွန်မြတ်သော စိတ်တို့၏ အားကောင်းသော အထောက်
所谓把2次或3次色聚的生起连接起来,是依普通、通常的心而说。若依称为广大心与出世间心的禅那心、道心、果心,则也应认可有更多代色聚生起。〔止修心、观修心也应同样理解。〕这是因为这些广大心、出世间心所生的心生色广大、殊胜。(《大复注》2-403。)前面毗婆舍那部分“观的随烦恼论”也曾说明,由观修心所生的时节生色能遍及外在。(《大复注》2-428—429。)因此,若得到止修心〔禅那心〕、观修心、道心、果心等殊胜心强有力的资助、助益与特殊力量——
အပံ့ ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ရရှိခဲ့ပါလျှင် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်များသည် ရှည်မြင့် စွာသော ကာလပတ်လုံးလည်း အကြိမ်များစွာ ဖြစ်နိုင်သည်ဟု မှတ်ပါ။
——应知时节缘时节生色也能长时、多次生起。
၅။ စက္ခုဒွါရ၌ ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသော အာဟာရဇသြဇဋ္ဌမက ရုပ်ကလာပ်များစွာထဲက ရုပ်ကလာပ် တစ်- ခုကို အာရုံယူ၍ (၈)မျိုးသော သြဇဋ္ဌမက ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသိမ်းဆည်းပါ။
5.在眼门中遍布生起的许多食生食素八法聚里,取一个色聚为对象,以智分别、分析、观修并把握其中8种以食素为第八法的究竟色法。
ယင်းရုပ်တရားတို့တွင် ပါဝင်သော တေဇောဓာတ် ဥတုက ဌီကာလသို့ ရောက်ခိုက်ဝယ် သြဇဋ္ဌမက ရုပ်ကလာပ်
该色聚所含的火界=时节到达住时后,产生一个新的食素八法——
原书第 707 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း သြဇဋ္ဌမကရုပ်ကား အာဟာရပစ္စယ ဥတုသမုဋ္ဌာန် မည်၏။ (ဝိသုဒ္ဓိ-၂-၂၅၁။) (အာဟာရဇ-ဥတု၏ သားတည်း။) ယင်း အာဟာရပစ္စယ ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တွင် ပါဝင်သော တေဇောဓာတ်ကား ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ် စာရင်းတွင် ဝင်သွားပြီ ဖြစ်၏။ ယင်းတေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ရှိခိုက် အခြား သော သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (အာဟာရဇ- ဥတု၏ မြေးတည်း။) ဤနည်းအားဖြင့် (၁ဝ)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။
——聚。应以智观见这一过程。该食素八法聚称为“食缘时节生色”。(《清净道论》2-251。)(它是食生时节之“子代”。)这一食缘时节生食素八法聚中所含的火界,已经归入时节生色=时节所生色之列;该火界到达住时后,又产生另一个新的食素八法聚,称为“时节缘时节生色”。(它是食生时节之“孙代”。)依此方法,色聚的生起可以前后连接成10代或12代。
သို့သော် နတ်သြဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရဇသြဇာ၏ အထောက်အပံ့ကို ရခဲ့ပါမူ ရှည် စွာသော ကာလပတ်လုံးသော်လည်း သြဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်သည်သာတည်း။ (ဝိသုဒ္ဓိ-၂-၂၅၁-၂၅၂။) (အာဟာရဇ-ဥတု၏ သားစဥ်မြေးဆက် အဆက်ဆက်တည်း။) (က) ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း၊ ( ခ ) စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း၊ ( ဂ ) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း၊ (ဃ) အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း အသီးအသီး ဖော်ပြခဲ့ပြီး ဖြစ်၏။
不过,若获得天界食素等殊胜食生食素的资助,便可在很长时间内产生食素八法色。(《清净道论》2-251—252。)(这些都是食生时节一代代的子孙。)上文已经分别说明:(甲)业缘时节生色,以及由它再生起时节缘时节生色;(乙)心缘时节生色,以及由它再生起时节缘时节生色;(丙)时节缘时节生色;(丁)食缘时节生色,以及由它再生起时节缘时节生色。
( င ) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် နောက်တစ်မျိုး ဖြစ်ပုံကို ထပ်မံ၍ ဆက်လက် ဖော်ပြအပ်ပါသည်။
(戊)下面再继续说明另一种时节缘时节生色的生起方式。
၆။ ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနဿေဝ သြဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ-၂-၂၂၃။) ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်အရ အစာသစ်၊ အစာဟောင်း၊ ပြည်၊ ကျင်ငယ် --- ဤ ကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့် ဖြစ်သော ဥတုသမုဋ္ဌာန် သြဇဋ္ဌမကရုပ်တို့သာတည်း။ ဤတွင် အစာသစ် ကောဋ္ဌာသကို ပုံစံတစ်ခုထား၍ ရှုပွားသိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။
“在胃中物、粪便、脓与尿这4种时节所生的身分中,各有8种色法,皆依时节所生、以食素为第8法的色聚而显现。”(《清净道论》2-223。)依上引义注的解释,胃中物、粪便、脓、尿这4种身分,都只是由时节所生的时节生食素八法色。这里以胃中物这一身分为例,说明观修把握的方法。
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းတတ်ပြီးသော ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် အစာသစ်အိမ် အတွင်း၌ တည်ရှိနေသော အစာသစ် ကောဋ္ဌာသကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ယင်းအစာသစ်ကောဋ္ဌာသ၌ ပထဝီဓာတ် လွန်ကဲနေသော ဓာတ် ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ သြဇဋ္ဌမက ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်တရားတို့ကား အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက် အရ တေဇောဓာတ်၏ အစီးအပွားတို့သာတည်း။
贤善的瑜伽行者应逐步建立定力,重新把握已经能够把握的诸色法。随后,以智观见胃中存在的胃中物身分,并在该胃中物中专注观照地界偏胜的四大种各自的自身特相。届时只会看见食素八法色聚微粒。依上引《清净道论》义注的解释,这些色法只是由火界逐代衍生而成的色法相续。
ယင်း သြဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်ခေါ် ဥတု ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကိုဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန် ရုပ်ပင်တည်း။ ယင်းတွင် ပါဝင်သော တေဇောဓာတ်ဥတုကလည်း သြဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေ ပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ပင်တည်း။ ဤသို့လျှင် ဘုတ်အဆက်ဆက် ရိုက်ခတ်၍ အစာသစ်ကောဋ္ဌာသ အဖြစ် တည်နေသမျှ ကာလပတ်လုံး ဆက်လက် ဖြစ်ပွားနေမည်သာ ဖြစ်ပေသည်။ အစာဟောင်း ပြည် ကျင်ငယ် တို့၌လည်း ပုံစံတူပင် သဘောပေါက်ပါ။ ဤ အမှတ် (၆) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ကား ကိုယ်ဌာန၌ ထည့် သွင်း ရှုရန် ဖြစ်ပါသည်။
每一食素八法色聚中都含有称为时节的火界;该火界时节到达住时后,又产生一个新的食素八法聚,这就是时节缘时节生色。新聚中所含的火界时节,又产生另一个新的食素八法聚,同样是时节缘时节生色。如此,大种相续辗转撞击,只要它仍作为胃中物身分而存在,就会不断生起。对于粪便、脓与尿,也应以同样方式理解。编号6的这种时节缘时节生色,应归入身处而观照。
原书第 708 页
ဤ ဖော်ပြပါ စတုသမုဋ္ဌာန်ဥတုသည် ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေရာ၌ ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။) ဟူသော အဋ္ဌကထာဆရာတော်၏ ဖွင့်ဆိုချက်အရ ကမ္မဇရုပ်၏ အကြောင်းအထောက်အပံ့- ကား လိုအပ်လျက်သာ ရှိပေသည်။ ရှေး ဥတုဇရုပ် ဖြစ်ပွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပွားသိမ်းဆည်းပုံအပိုင်း တွင် (နှာ-၆၈၈ - စသည်၌) ဖော်ပြခဲ့ပြီးပေပြီ။
义注师解释说,前述四因所生时节产生时节生色时,须“ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ-၂-၂၅၁။)”——“得到已被执受的业生色作为缘”(《清净道论》2-251);因此,仍然需要业生色这一因缘的资助。前面“如何以智观修把握时节生色的生起”部分〔本书第688页等〕已经说明过这一点。
စက္ခုဒွါရ၌ ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ်တို့၏ ဖြစ်ပုံကို ရှုပွားသိမ်းဆည်းတတ်ပါက သောတဒွါရ စသည် တို့၌လည်း နည်းမှီး၍ ရှုပွား သိမ်းဆည်းပါလေ။
若已经能够观修把握眼门中时节生色=时节所生色的生起方式,对于耳门等其余诸门,也应仿照同一方法观修把握。