不应作意颜色与特征

入出息念定部分 · 原书第 349–350 页 · 12 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 349 页
အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းရ
不应作意颜色与特征
တဿေဝံ နိမိတ္တုပဋ္ဌာနတော ပဘုတိ နီဝရဏာနိ ဝိက္ခမ္ဘိတာနေဝ ဟောန္တိ၊ ကိလေသာ သန္နိသိန္နာဝ။
“从他的禅相如此显现时起,诸盖便已受到镇伏,诸烦恼也已沉静下来。”
သတိ ဥပဋ္ဌိတာယေဝ။ စိတ္တံ ဥပစာရသမာဓိနာ သမာဟိတမေဝ။ အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ အပိစ ခေါ ခတ္တိယမဟေသိယာ စက္ကဝတ္တိဂဗ္ဘော ဝိယ ကဿ- ကေန သာလိယဝဂဗ္ဘော ဝိယ စ အာဝါသာဒီနိ သတ္တ အသပ္ပါယာနိ ဝဇ္ဇေတွာ တာနေဝ သတ္တ သပ္ပါယာနိ သေဝန္တေန သာဓုကံ ရက္ခိတဗ္ဗံ။ အထ နံ ဧဝံ ရက္ခိတွာ ပုနပ္ပုနံ မနသိကာရဝသေန ဝုဒ္ဓိံ ဝိရူဠှိံ ဂမယိတွာ ဒသ ဝိဓံ အပ္ပနာကောသလဒံ သမ္ပာဒေတဗ္ဗံ၊ ဝီရိယသမတာ ယောဇေတဗ္ဗာ။ တဿေဝံ ဃဋေန္တဿ ပထဝီကသိဏေ ဝုတ္တာနုက္ကမေနေဝ တသ္မိံ နိမိတ္တေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တန္တိ။ (ဝိသုဒ္ဓိ-၁-၂၇၈။) ဝဏ္ဏတောတိ ပိစုပိဏ္ဍတာရကရူပါဒီသု ဝိယ ဥပဋ္ဌိတဝဏ္ဏတော။ လက္ခဏတောတိ ခရဘာဝါဒိသဘာ- ဝတော၊ အနိစ္စာဒိလက္ခဏတော ဝါ။ ရက္ခိတဗ္ဗံ တံ နိမိတ္တန္တိ သမ္ဗန္ဓော။ နိမိတ္တဿ ရက္ခဏံ နာမ တတ္ထ ပဋိလဒ္ဓဿ ဥပစာရစျာနဿ ရက္ခဏေနေဝ ဟောတီတိ အာဟ ''ပုနပ္ပုနံ မနသိကာရဝသေန ဝုဒ္ဓိံ ဝိရူဠှိံ ဂမယိတွာ''တိ။
“念已经现起,心已由近行定而等持。此时,他不应从颜色方面作意该相,也不应从特征方面审察它。相反,应避开住处等七种不适宜条件,亲近同样的七种适宜条件,善加守护该相;如刹帝利王后守护转轮王胎,又如农夫守护稻麦的胚芽。如此守护之后,应以反复作意令其增长、成熟,成就十种安止善巧,并使精进与定保持平衡。这样精勤用功的人,依照地遍中所说的次第,便能以该相为所缘生起四分法与五分法禅那。”(《清净道论》“所谓‘从颜色方面’,是指像棉团、星形等显现出来的颜色。所谓‘从特征方面’,是指粗硬性等自性,或无常等特征。句法应连作‘应当守护该相’。所谓守护禅相,就是守护在该相上已经获得的近行禅;所以才说‘以反复作意令其增长、成熟’。”
(မဟာဋီ-၁-၃၃၇။)
(《大复注》1-337。)
ဤသို့လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပဋိဘာဂနိမိတ်ထင်လာသည်မှ စ၍ နီဝရဏတို့သည် ခွာထား အပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ကိလေသာတို့သည် ငြိမ်ဝပ်စွာ အနည်ထိုင်၍ သွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏။ သတိသည်လည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှုကပ်၍ တည်နေသည်သာလျှင် ဖြစ်၏။
如此,从似相显现之时起,这位瑜伽行者的诸盖便已受到镇伏,诸烦恼也已沉静下来;念也已经朝向入出息似相所缘,贴近并安住于其上。
ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်ကြည်နေသည်သာ လျှင် ဖြစ်၏။
修习心也已凭近行定,良好地等持于入出息似相所缘。
原书第 350 页
ထိုသို့ ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့်အခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို ဝါဂွမ်း စိုင် ကြယ်တာရာ စသည်တို့၌ ထင်သော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ ကြမ်းတမ်းမှု ခက်မာ မှု စသော ထိုထိုပရမတ်တရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ ဟူသော အများဆိုင် သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။
似相如此生起时,瑜伽行者不应把它作为棉团、星辰等而从其显现的颜色方面作意;也不应从粗糙、坚硬等究竟法各自的自相方面作意,更不应从无常、苦、无我等共同的共相方面作意。
စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားကြီးသည် ဖလ်ကြုတ်အတွင်း၌ ထည့်သွင်းထားသကဲ့သို့ မြင်နေ ရသော စကြဝတေးမင်းလောင်း၏ ကိုယ်ဝန်ကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း၊ လယ်သမားသည် သလေးစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း မသင့်တင့်သော အသပ္ပါယ (၇)ပါးကို ရှောင်ကြဥ် ၍ သင့်တင့်လျောက်ပတ်သော သပ္ပါယ (၇)ပါးကို မှီဝဲလျက် ကောင်းမွန်ရိုသေစွာ ထိုပဋိဘာဂနိမိတ် အာရုံကို စောင့်ရှောက်အပ်၏။
相反,应避开七种不适宜条件,亲近七种适宜条件,恭敬而善巧地守护似相所缘;如同刹帝利王后守护腹中看似安置于水晶匣内的转轮王胎儿,也如同农夫守护稻麦的胚芽。
〔ထိုပဋိဘာဂနိမိတ်အာရုံ၌ ရရှိထားပြီးသော အပ္ပနာစျာန်၏ အနီး၌ ဖြစ်လေ့ရှိသောကြောင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရစျာန်ကို မလျှောကျအောင် စောင့်ရှောက်ခြင်းဖြင့်ပင်လျှင် ထိုပဋိဘာဂနိမိတ်အာရုံကို စောင့်ရှောက်ခြင်းမည်သည် ဖြစ်ပေါ်လာနိုင်၏။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ထိုဥပစာရသမာဓိ အမည် ရသော ဥပစာရစျာန် မလျှောကျအောင် ထိုအာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် အဖန်တလဲလဲ နှလုံးသွင်း ရှုပွားနေရမည် ဖြစ်သည်။ ထိုသို့ နှလုံးသွင်းရှုပွားခြင်း၏ အစွမ်းဖြင့် ဘာဝနာသမာဓိကို ကြီးပွားခြင်းသို့ ပြန့်ပြော ခြင်းသို့ ရောက်ရှိသွားအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ထိုသို့ ကြိုးစားအားထုတ်နေခြင်းသည်ပင် အာနာပါနပဋိဘာဂနိမိတ်အာရုံကို မပျက်စီးအောင် စောင့်ရှောက်နေသည် မည်ပေသည်။〕 ထိုနောင် ထိုနိမိတ်ကို ယင်းသို့ စောင့်ရှောက်ပြီး၍ အဖန်တလဲလဲ နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ဘာဝနာ
〔称为近行定的近行禅,因为邻近于以该似相为所缘所证的安止禅而生起;只要守护这一近行禅不令退失,就能守护似相所缘。因此,瑜伽行者应反复作意、修习入出息似相所缘,守护称为近行定的近行禅不令退失;并应借由这种反复作意与修习,努力使修习定增长、广大。如此持续用功,本身就称为守护入出息似相所缘,使它不致消失。〕如此守护禅相以后,再以反复作意之力,使修习——
သမာဓိကို ကြီးပွားခြင်းသို့ ပြန့်ပြောခြင်းသို့ ရောက်စေ၍ အပ္ပနာကောသလဒတရား (၁ဝ)ပါးကို ပြီးစီး ပြည့်စုံ စေအပ်၏၊ ဝီရိယနှင့် သမာဓိကို မျှသည်၏ အဖြစ်ကို ယှဥ်စေအပ်၏။
——定得到增长与扩展,圆满成就十种安止善巧,并使精进与定达到平衡。
ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် စေ့ဆော်ကြိုးကုတ် အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်မွန်၏ သန္တာန်ဝယ် ပထဝီကသိုဏ်း၌ ဖွင့်ဆိုရေးသားခဲ့ပြီးသော အစီအစဥ်ဖြင့်သာလျှင် ထို အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ပေကုန်၏။ (ဝိသုဒ္ဓိ-၁-၂၇၈။) ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားဆုံးမတော်မူချက်အရ ဤအပိုင်းကား အလွန်အရေးကြီးလှသော အပိုင်းတစ်ခု ဖြစ်နေ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနပဋိဘာဂနိမိတ်ကို ပျောက်ပျက် မသွားအောင်၊ ထိုပဋိဘာဂနိမိတ်ကို အာရုံမူနေသော ဘာဝနာသမာဓိကို မလျှောကျအောင် အောက်ပါ အချက် (၄)ရပ်တို့၌ ကျွမ်းကျင်လိမ္မာရမည် ဖြစ်ပေသည်။ ယင်းတို့ကား ---- ၁။ ရှောင်ကြဥ်ရမည့် အသပ္ပါယ (၇)ပါး၊ ၂။ မှီဝဲရမည့် သပ္ပါယ (၇)ပါး၊ ၃။ အပ္ပနာကောသလဒ (၁ဝ)ပါး၊ ၄။ ဝီရိယနှင့် သမာဓိ ညီမျှအောင်ကျင့်ပုံ - တို့ ဖြစ်ကြ၏။
依照上述方法精勤用功的贤善瑜伽行者,能够按照地遍中已经说明的次第,以入出息似相为所缘,生起四分法与五分法禅那。(《清净道论》1-278。)依照以上义注的教诫,这一阶段极其重要。为了使入出息似相不消失,并使以该似相为所缘的修习定不退失,瑜伽行者必须熟练掌握以下四项:1.应避开的七种不适宜条件;2.应亲近的七种适宜条件;3.十种安止善巧;4.使精进与定达到平衡的方法。
သို့အတွက် ယင်း (၄)မျိုးတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
因此,下面继续分别说明这四项。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。