1.长 2.短

入出息念定部分 · 原书第 295–306 页 · 107 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 295 页
၁။ အရှည် - ၂။ အတို
1.长 2.短
ဤ အရှည်-အတို ရှုကွက်နှင့် ပတ်သက်၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော် စာမျက်နှာ-၁၇၅ - စာပိုဒ်ရေ-၁၆၆- တွင် ဖော်ပြထားပေသည်။ ထိုပါဠိတော်နှင့် ထိုပါဠိတော်၏ ဘာသာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။
关于长、短这两项观修,《无碍解道》巴利圣典第175页第166段有所说明。现将该段巴利及其译释录于此处。
ပဋိသမ္ဘိဒါမဂ်ပါဠိတော်
《无碍解道》巴利圣典
ကထံ ဒီဃံ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။
“长入息时,如何了知‘我长入息’?长出息时,如何了知‘我长出息’?”
၁။ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။
“1.他在称为长时段的时间中作长入息。”
၂။ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။
“2.他在称为长时段的时间中作长出息。”
၃။ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿသတိပိ။
“3.他在称为长时段的时间中,既作长入息,也作长出息。”
၄။ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿသတောပိ ဆန္ဒော ဥပ္ပဇ္ဇတိ။
“4.当他在称为长时段的时间中作长入息、长出息时,修习欲生起。”
ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။
“依修习欲之力,他在称为长时段的时间中,作比先前更微细的长入息。”
၅။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။
“5.依修习欲之力,他在称为长时段的时间中,作比先前更微细的长出息。”
၆။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿသတိပိ။
“6.依修习欲之力,他在称为长时段的时间中,既作比先前更微细的长入息,也作更微细的长出息。”
၇။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿသ- တောပိ ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ။
“7.依修习欲之力,当他在称为长时段的时间中作比先前更微细的长入息、长出息时,欢悦生起。”
ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။
“依欢悦之力,他在称为长时段的时间中,作比先前更微细的长入息。”
၈။ ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။
“8.依欢悦之力,他在称为长时段的时间中,作比先前更微细的长出息。”
၉။ ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿ- သတိပိ။
“9.依欢悦之力,他在称为长时段的时间中,既作比先前更微细的长入息,也作更微细的长出息。”
ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿ- သတောပိ ဒီဃံ အဿာသပဿာသာ စိတ္တံ ဝိဝတ္တတိ၊ ဥပေက္ခာ သဏ္ဌာတိ။
“依欢悦之力,当他在称为长时段的时间中作比先前更微细的长入息、长出息时,心从长入息、长出息转离,舍安住。”
原书第 296 页
ဣမေဟိ နဝဟိ အာကာရေဟိ ဒီဃံ အဿာသပဿာသာ ကာယော။ ဥပဋ္ဌာနံ သတိ။ အနုပဿနာ ဉာဏံ။ ကာယော ဥပဋ္ဌာနံ၊ နော သတိ။ သတိ ဥပဋ္ဌာနဉ္စေဝ သတိ စ။ တာယ သတိယာ တေန ဉာဏေန တံ ကာယံ အနုပဿတိ။ တေန ဝုစ္စတိ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာတိ။ (ပဋိသံ-၁၇၅။) ရှည်စွာ ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု အဘယ်သို့လျှင် ကွဲကွဲပြားပြား သိသနည်း?
“由这九种行相而成的长入息、长出息名为身。念是安住,反复随观是智。身是念的安住处,并不是念;念既是安住,也就是念。依此念、此智而反复随观该身。因此称为‘于身随观身之念处修习’。”(《无碍解道》175。)那么,当作长入息时,如何清楚了知自己正在作长入息呢?
ရှည်စွာ ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု အဘယ်သို့လျှင် ကွဲကွဲပြားပြား သိသနည်း?
当作长出息时,又如何清楚了知自己正在作长出息呢?
၁။ ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။
1.在一段持续较长的时间中作长入息。
၂။ ရှည်သော ထွက်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူထုတ်၏။
2.在一段持续较长的时间中作长出息。
၃။ ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
3.在一段持续较长的时间中,既作长入息,也作长出息。
၄။ ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်းသောသူအားလည်းကောင်း၊ ရှူထုတ်သောသူအားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ကြီးပွားတိုးတက်ခြင်းငှာ အလို ရှိသော ကုသိုလ်ဆန္ဒ =) ဘာဝနာဆန္ဒသည် ဖြစ်ပေါ်လာ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန် သိမ်မွေ့သော ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။
4.当他在一段持续较长的时间中作长入息、长出息时,修习欲——即希望入出息念定的修习增长进步之善欲——生起。依此修习欲之力,他在一段持续较长的时间中,作比先前更微细的长入息。
၅။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ထွက်သက်လေကို အဓွန့် ရှည်သော ကာလ၌ ရှူထုတ်၏။
5.依修习欲之力,他在一段持续较长的时间中,作比先前更微细的长出息。
၆။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သော ကာလပတ်လုံး ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
6.依修习欲之力,他在一段持续较长的时间中,既作比先前更微细的长入息,也作更微细的长出息。
၇။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ-ထွက်သက်လေ ကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်းသောသူအားလည်းကောင်း၊ ရှူထုတ်သောသူအားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ပြည့်စုံလာခြင်းကြောင့်) နှစ်သက် ဝမ်းမြောက်ခြင်း ပီတိသည် ဖြစ် ပေါ်လာ၏။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။
7.依修习欲之力,当他在一段持续较长的时间中作比先前更微细的长入息、长出息时,由于入出息念定的修习渐趋圆满,喜(pīti,即欣喜欢悦)生起。依此喜的力量,他在一段持续较长的时间中,作比先前更微细的长入息。
၈။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ထွက်သက် လေကို အဓွန့်ရှည်သောကာလ၌ ရှူထုတ်၏။
8.依喜的力量,他在一段持续较长的时间中,作比先前更微细的长出息。
၉။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ- ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
9.依喜的力量,他在一段持续较长的时间中,既作比先前更微细的长入息,也作更微细的长出息。
နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူသွင်းသောသူအားလည်းကောင်း၊ ရှူထုတ်သောသူအား လည်းကောင်း (ရှည်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည် ရှိသော်) ပကတိသော ဝင်သက်လေ-ထွက်သက် လေမှ ဘာဝနာစိတ်သည် ဆုတ်နစ်၏၊ ဥပေက္ခာသည် (တတြမဇ္ဈတ္တုပေက္ခာသည်) ကောင်းစွာ တည်၏။
依喜的力量,当他在一段持续较长的时间中作比先前更微细的长入息、长出息时,依止长入息、长出息而生起极为清澈明亮的入出息似相;这时,修习心便从自然的入息、出息转离,舍——即中舍性之舍——稳固安住。
原书第 297 页
အာနာပါနဿတိသမာဓိပိုင်း ဤ (၉)ပါးကုန်သော အခြင်းအရာတို့ဖြင့် ဖြစ်ကုန်သော ရှည်သော ဝင်သက်လေ ထွက်သက်လေတို့သည် ကာယ မည်၏၊ သတိသည် ထိုဝင်သက်လေ-ထွက်သက်လေ အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။
由这九种行相而成的长入息、长出息名为身;念因趋近并安住于入息、出息所缘,故名为安住;反复随观的慧名为智。
ကာယသည် (သတိ၏ ကပ်၍တည်ရာ ဖြစ်သောကြောင့်) ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (အာရုံသို့ကပ်၍ တည်တတ်သောကြောင့်) ဥပဋ္ဌာနလည်း မည်၏၊ (အာရုံကို အမှတ်ရတတ်သောကြောင့်) သတိ လည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ---- ၁။ အဿာသ-ပဿာသ ကာယ၊ ၂။ ထိုအဿာသ-ပဿာသ ကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ရူပကာယ (= ရုပ်တရား အပေါင်း)၊ ၃။ ထိုရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမကာယ (= နာမ်တရားအပေါင်း) ဟူသော ---- ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏။ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာ ဟု ဆိုအပ်၏။ (ပဋိသံ-၁၇၅။ မဟာဋီ-၁-၃၂ဝ။)
身因为是念趋近并安住之处,所以名为念的安住处,却不是念。念因为趋近并安住于所缘,所以既名为安住;又因为能够忆持所缘,所以也名为念。依此念、此智,反复随观三种身:1.入出息身;2.作为入出息身所依、称为所生身的色身,即一切色法;3.缘取该色身而生起的名身,即一切名法。因此称为“于身随观身之念处修习”。(《无碍解道》175;《大复注》1-320。)
တစ်ဖန် ပဋိသမ္ဘိဒါမဂ်ပါဠိတော် စာပိုဒ်ရေ-၁၆၉-တွင် အတိုနှင့် ပတ်သက်၍ ဤသို့ ဟောကြားထား
此外,《无碍解道》第169段关于短息又作如下——
တော်မူပြန်၏။
——开示:
တိုသော ဝင်သက်လေကို ရှူသွင်းသည်ရှိသော် တိုသော ဝင်သက်လေကို ရှူသွင်း၏ဟု အဘယ်သို့ သိသနည်း? တိုသော ထွက်သက်လေကို ရှူထုတ်သည်ရှိသော် တိုသော ထွက်သက်လေကို ရှူထုတ်၏ဟု အဘယ်သို့ သိသနည်း?
当作短入息时,如何了知自己正在作短入息?当作短出息时,如何了知自己正在作短出息?
၁။ တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏၊ ၂။ တိုသော ထွက်သက်လေကို တိုသောကာလ၌ ရှူထုတ်၏၊ ၃။ တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
1.在一段较短的时间中作短入息;2.在一段较短的时间中作短出息;3.在一段较短的时间中,既作短入息,也作短出息。
၄။ တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသော ကာလ၌ ရှူသွင်းသော ပုဂ္ဂိုလ်အားလည်းကောင်း ရှူထုတ်သော ပုဂ္ဂိုလ်အားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ကြီးပွားတိုးတက်ခြင်းငှာ အလိုရှိသော ကုသိုလ်ဆန္ဒ ဟူသော =) ဘာဝနာဆန္ဒသည် ဖြစ်ပေါ်လာ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏၊ ၅။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ထွက်သက်လေကို တိုသော ကာလ၌ ရှူထုတ်၏။
4.当他在一段较短的时间中作短入息、短出息时,修习欲——即希望入出息念定的修习增长进步之善欲——生起。依此修习欲之力,他在一段较短的时间中,作比先前更微细的短入息。5.依修习欲之力,他在一段较短的时间中,作比先前更微细的短出息。
၆။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
6.依修习欲之力,他在一段较短的时间中,既作比先前更微细的短入息,也作更微细的短出息。
၇။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူသွင်းသောပုဂ္ဂိုလ်အားလည်းကောင်း၊ ရှူထုတ်သောပုဂ္ဂိုလ်အားလည်းကောင်း (အာနာ ပါနဿတိသမာဓိဘာဝနာ၏ ပြည့်စုံလာခြင်းကြောင့်) နှစ်သက်ဝမ်းမြောက်ခြင်း ပီတိသည် ဖြစ်ပေါ်လာ၏။
7.依修习欲之力,当他在一段较短的时间中作比先前更微细的短入息、短出息时,由于入出息念定的修习渐趋圆满,喜(pīti)生起。
နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏။
依喜的力量,他在一段较短的时间中,作比先前更微细的短入息。
原书第 298 页
၈။ နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ထွက်သက်လေ ကို တိုသောကာလ၌ ရှူထုတ်၏။
8.依喜的力量,他在一段较短的时间中,作比先前更微细的短出息。
၉။ နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ- ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။
9.依喜的力量,他在一段较短的时间中,既作比先前更微细的短入息,也作更微细的短出息。
နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ- ထွက်သက်လေကို တိုသောကာလ၌ ရှူသွင်းသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ရှူထုတ်သော ပုဂ္ဂိုလ်အား လည်းကောင်း တိုသော ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ပကတိသော ဝင်သက်လေ ထွက်သက် လေမှ (အာနာပါနဿတိသမာဓိနှင့် ယှဥ်သော) ဘာဝနာစိတ်သည် ဆုတ်နစ်၏၊ ဥပေက္ခာသည် (= တတြ- မဇ္ဈတ္တုပေက္ခာသည်) ကောင်းစွာ တည်၏။
依喜的力量,当他在一段较短的时间中作比先前更微细的短入息、短出息时,依止短入息、短出息而生起极为清澈明亮的入出息似相;这时,与入出息念定相应的修习心便从自然的入息、出息转离,舍——即中舍性之舍——稳固安住。
ဤ (၉)ပါးကုန်သော အခြင်းအရာတို့ဖြင့် ဖြစ်ကုန်သော တိုသော ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်၏။ သတိသည် ထိုဝင်သက်လေ-ထွက်သက်လေ အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။
由这九种行相而成的短入息、短出息名为身。念因趋近并安住于入息、出息所缘,故名为安住;反复随观的慧名为智。
ကာယသည် (သတိ၏ကပ်၍ တည်ရာဖြစ်သောကြောင့်) ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (အာရုံသို့ကပ်၍ တည်တတ်သောကြောင့်) ဥပဋ္ဌာနလည်း မည်၏၊ (အာရုံကို အမှတ်ရတတ်သောကြောင့်) သတိ လည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ---- ၁။ အဿာသ-ပဿာသ ကာယ၊ ၂။ ထို အဿာသ-ပဿာသ ကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ရူပကာယ (= ရုပ်တရား အပေါင်း)၊ ၃။ ထိုရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမကာယ (= နာမ်တရားအပေါင်း) ---- ဟူသော ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏။ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာန- ဘာဝနာဟု ဆိုအပ်၏။ (ပဋိသံ-စာပိုဒ်-၁၆၉။ ပဋိသံ-၁၈ဝ။)
身因为是念趋近并安住之处,所以名为念的安住处,却不是念。念因为趋近并安住于所缘,所以既名为安住;又因为能够忆持所缘,所以也名为念。依此念、此智,反复随观三种身:1.入出息身;2.作为入出息身所依、称为所生身的色身,即一切色法;3.缘取该色身而生起的名身,即一切名法。因此称为“于身随观身之念处修习”。(《无碍解道》第169段、180页。)
ပကတိသော ဝင်သက်လေ-ထွက်သက်လေမှ ဘာဝနာစိတ် ဆုတ်နစ်သွားပုံ
修习心如何从自然的入息、出息转离
အဿာသပဿာသာပိ စိတ္တံ ဝိဝတ္တတီတိ အဿာသပဿာသေ နိဿာယ ပဋိဘာဂနိမိတ္တေ ဥပ္ပဇ္ဇန္တေ ပကတိအဿာသပဿာသတော စိတ္တံ နိဝတ္တတိ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။) ဘာဝနာဗလေန ပန သုခုမတရဘာဝပ္ပတေသု အဿာသပဿာသေသု တတ္ထ ပဋိဘာဂနိမိတ္တေ ဥပ္ပန္နေ ပကတိအဿာသပဿာသတော စိတ္တံ နိဝတ္တတိ။ (မဟာဋီ-၁-၃၁၉။) = အာနာပါနဿတိသမာဓိဘာဝနာ၏ စွမ်းအားကြောင့် ဝင်သက်လေ-ထွက်သက်လေတို့သည် အလွန့်အ လွန် နူးညံ့သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိလာလတ်သော် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အမှီပြု၍ အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အာရုံမှ ဘာဝနာစိတ်သည် ဆုတ်နစ်သွား၏၊ အလွန် ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူသွားသည် အာရုံပြုနေသည်ဟု ဆိုလိုသည်။
“所谓心从入出息转离,是说依止入出息而生起似相时,心便从自然的入息“由于修习之力,入息、出息达到更微细的状态;当似相于彼处生起时,心便从自然的入息、出息转离。”=由于入出息念定修习的力量,入息、出息达到极其柔和微细的状态;这时,依止自然的入息、出息而生起极为清澈明亮的入出息似相,修习心便从自然入出息所缘转离,转而取那极为清澈明亮的入出息似相为所缘。
(ပဋိသံ-ဋ္ဌ-၂-၁ဝ၇။ မဟာဋီ-၁-၃၁၉။)
(《无碍解道义注》2-107;《大复注》1-319。)
原书第 299 页
ဥပေက္ခာ ဖြစ်ပုံ-တည်ပုံ
舍如何生起并安住
ဥပေက္ခာ သဏ္ဌာတီတိ တသ္မိံ ပဋိဘာဂနိမိတ္တေ ဥပစာရပ္ပနာသမာဓိပတ္တိယာ ပုန သမာဓာနေ ဗျာပါရာ- ဘာဝတော တတြမဇ္ဈတ္တုပေက္ခာ သဏ္ဌာတိ နာမ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။) ဥပေက္ခာ သဏ္ဌာတီတိ တသ္မိံ ပဋိဘာဂနိမိတ္တေ ဥပစာရပ္ပနာဘေဒေ သမာဓိမှိ ဥပ္ပန္နေ ပုန စျာနနိဗ္ဗတ္တနတ္ထံ ဗျာပါရာဘာဝတော အဇ္ဈုပေက္ခနံ ဟောတီတိ။ သာ ပနာယံ ဥပေက္ခာ တတြမဇ္ဈတ္တုပေက္ခာတိ ဝေဒိတဗ္ဗာ။
“所谓‘舍安住’,是说对于该似相,由于已经获得近行定与安止定,不再需要为重新令心等持而造作,中舍性之舍因“所谓‘舍安住’,是说以该似相为所缘、区分为近行与安止的定生起以后,由于不必再为使禅那生起而操劳,便能从容中立地观待。应知这里的舍是中舍性之舍。”
(မဟာဋီ-၁-၃၁၉။)
(《大复注》1-319。)
= ဥပေက္ခာသည် ကောင်းစွာတည်၏ဟူသည် ထိုအလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိသည် ဖြစ်ပေါ်လာလတ်သည် ရှိသော် နောက်ထပ်တစ်ဖန် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ထိုအာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ အာနာပါနစျာန်သမာဓိ ဖြစ်ပေါ်လာရန် အလို့ငှာ တစ်ဖန် ကောင်းစွာ ဆောက်တည်ခြင်း (= အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ကောင်းစွာထားခြင်း) ၌ ကြောင့်ကြ ဗျာပါရ မရှိသောကြောင့် အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တွန့်ဆုတ်ခြင်း တက်ကြွခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားတတ် လျစ်လျူရှုတတ် (= ဥဒါသိန် မူတတ်) သော တတြမဇ္ဈတ္တတာ စေတသိက်ဟူသော ဥပေက္ခာသည် ကောင်းစွာ တည်လာသည် မည်ပေသည်။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။ မဟာဋီ-၁-၃၁၉။) ဤအထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ အဆိုအမိန့်အရ အာနာပါနပထမစတုက္ကတွင် အကျုံး
=所谓“舍善安住”,是说以极为清澈明亮的入出息似相为所缘,近行定、安止定这两种定生起以后,已不需要为了使入出息禅定再次生起,而重新善加等持——即把修习心善置于该入出息似相所缘。由于没有这番操劳,称为中舍性心所的舍便善加安住:它使修习心对于入出息似相所缘保持均衡,不落入退缩或过度奋发的任何一边,而能居中、从容中立地观待。(《无碍解道义注》2-107;《大复注》1-319。)依以上巴利圣典、义注与复注的教说,在摄于入出息念第一组四法——
ဝင်သော အရှည်-အတိုကို ရှုသည့်အပိုင်းတွင် အာနာပါန ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်နိုင်သည်၊ ထို အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော ဥပစာရစျာန် အပ္ပနာစျာန် များလည်း ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ပါ။
——的长息、短息观修中,入出息取相与似相都可能生起;以该入出息似相为所缘,也可能生起称为近行定与安止定的近行禅、安止禅。应当如此理解。
ဒီဃံ (ရဿံ) အဿာသပဿာသာ ကာယော
“ဒီဃံ (ရဿံ) အဿာသပဿာသာ ကာယော”(Dīghaṃ [rassaṃ] assāsapassāsā kāyo)——长(短)入出息名为身
ရှည်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်၏၊ တိုသော ဝင်သက်လေ ထွက်သက်လေ တို့သည် ကာယမည်၏ဟူသော စကားရပ်၌ ပါရှိသော ကာယကား အဘယ်ကာယနည်းဟု မေးဖွယ်ရာ ရှိ၏၊ အဖြေကား ဤသို့တည်း။
在“长入息、长出息名为身;短入息、短出息名为身”这句话中,“身”究竟是何种身呢?这个问题的答案如下。
ကာယောတိ စုဏ္ဏဝိစုဏ္ဏာပိ အဿာသပဿာသာ သမူဟဋ္ဌေန ကာယော။ ပကတိအဿာသပကတိ- ပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပိ အဿာသပဿာသာတိ နာမံ လဘတိ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။) ဒီဃံ အဿာသပဿာသာ ကာယောတိ ဒီဃာကာရာ အဿာသပဿာသာ စုဏ္ဏဝိစုဏ္ဏာပိ သမူဟဋ္ဌေန ကာယော။ အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထေ အဿာသပဿာသသမညမေဝ ဝုတ္တံ။
“所谓身:入息、出息虽是分散的细小成分,但以聚集之义而名为身。依止自然入息、自然出息而生起的相,也获得‘入息、出息“所谓‘长入息、长出息名为身’:具有长时行相的入息、出息虽是分散的细小成分,但以聚集之义而名为身。这里,依止入息、出息而生起的相,也以‘入息、出息’这一通称来称说。”
(မဟာဋီ-၁-၃၁၉။)
(《大复注》1-319。)
ရှည်သော (တိုသော) ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယမည်၏ဟု ဆိုရာ၌ ကာယဟူသည်ကား ၁။ ရှည်သော (တိုသော) အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာကြကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ သည် မှုန့်မှုန့်ညက်ညက် ပျံ့ကြဲနေသော ရုပ်ကလာပ်အမှုန်များသာ ဖြစ်ကြသော်လည်း ထိုရုပ်ကလာပ် အမှုန် ပေါင်း များစွာတို့ကို ပေါင်းစုထားခြင်းတည်းဟူသော အပေါင်းအစုဟူသော အနက်သဘောကြောင့် ရှည်သော (တိုသော) ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်ပေသည်။
所谓长(短)入息、出息名为身,这里的“身”有如下两层意思。1.依长(短)行相而生起的入息、出息,虽然只是由细碎分散的色聚微粒构成,但因众多色聚微粒聚合为一体,具有“聚集”之义,所以长(短)入息、出息名为身。
原书第 300 页
၂။ ဤအရာ၌ ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ အာနာပါနဿတိသမာဓိဘာဝနာ၏ စွမ်းအင် ကြောင့် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာကြ၏။ ထိုပကတိ ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည်လည်း အဿာသပဿာသ (= ဝင်သက်လေ ထွက်သက်လေ) ဟူသော အမည်ကို ရရှိသည်သာလျှင် ဖြစ်ပေသည်။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။ မဟာဋီ-၁-၃၁၉။) ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အာနာပါနဘာဝနာ၏ စွမ်းအင်ကြောင့် ဥဂ္ဂဟနိမိတ် ပဋိဘာဂ နိမိတ်များ ဖြစ်ပေါ်လာသောအခါ ပကတိသော ဝင်သက်လေ-ထွက်သက်လေမှ ဘာဝနာစိတ်သည် ဆုတ်နစ် သွား၍ ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံမပြုတော့ဘဲ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို အာရုံမူသော်လည်း အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသည်ဟူ၍သာလျှင် ခေါ်ဆို
2.在这里,依止入息、出息,并由于入出息念定修习的力量,取相与似相生起。这些依止自然入息、出息而生起的取相与似相,也同样获得“assāsa-passāsa(入息、出息)”这一名称。(《无碍解道义注》2-107;《大复注》1-319。)依以上义注与复注的解释,修习入出息业处的禅修者,由于入出息修习的力量而在相续中生起取相与似相时,修习心便从自然的入息、出息转离,不再取自然入出息为所缘。即使此后转而取已生起的取相或似相为所缘,也仍称为正在修习——
အပ်ပေသည်။ အကြောင်းမူ ပကတိသော ဝင်သက်လေ ထွက်သက်လေကို အမှီပြု၍ ဖြစ်ပေါ်လာကြသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့သည်လည်း အဿာသပဿာသ (= ဝင်သက်လေ-ထွက်သက်လေ)ဟူသော အမည် နာမကို ရရှိကြသောကြောင့်ပင် ဖြစ်သည်။
——入出息业处。这是因为,依止自然入息、出息而生起的取相与似相,也获得“assāsa-passāsa(入息、出息)”这一名称。
ဤအချက်ကိုလည်း အသင်ယောဂီသူတော်ကောင်းသည် မမေ့ပျောက်တတ်သော သတိတရားဖြင့် စွဲမြဲစွာ မှတ်သားထားပါလေဦး။
贤善的禅修者,对于这一要点也请以不忘失之念牢牢记住。
ဥပဋ္ဌာနံ သတိ = သတိထင်မှု
“ဥပဋ္ဌာနံ သတိ”(Upaṭṭhānaṃ sati)——安住即是念(念的现起)
ဥပဋ္ဌာနံ သတီတိ တံ အာရမ္မဏံ ဥပေစ္စ တိဋ္ဌတီတိ သတိ ဥပဋ္ဌာနံ နာမ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။) ဥပဋ္ဌာနံ သတီတိ အာရမ္မဏံ ဥပဂန္တွာ တိဋ္ဌတီတိ သတိ ဥပဋ္ဌာနံ နာမ။ (မဟာဋီ-၁-၃၁၉။) = သတိသည် ဥပဋ္ဌာနမည်၏ ---- ဟူသည်ကား ထို (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်တည်းဟူသော အာရုံသို့ ကပ်၍ တည်နေတတ်သောကြောင့် သတိသည် ဥပဋ္ဌာန အမည်ရပေသည်။ သတိထင်နေသည် မည်ပေသည်။
“所谓‘安住即是念’,是说念趋近该所缘而住,故“所谓‘安住即是念’,是说念趋近所缘而住,故念名为安住。”=“念名为安住”,意思是:念趋近并安住于取相、似相这一所缘,所以称为安住,即念已经现起而安住。
〔မှတ်ချက် ---- ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့၏ အကြောင်းအရာသည် နောက်တွင် ထင်ရှားလတ္တံ့။〕
〔注:关于取相与似相的说明,将在后文清楚阐明。〕
အနုပဿနာ ဉာဏံ = အဖန်ဖန်ရှုခြင်းသည် ဉာဏ် မည်၏
“အနုပဿနာ ဉာဏံ”(Anupassanā ñāṇaṃ)——反复随观是智
ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ (ပဋိသံ-၁၈၁။) အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တကာယာနုပဿနာ၊ ဝိပဿနာဝသေန နာမကာယရူပကာယာ- နုပဿနာ ဉာဏန္တိ အတ္ထော။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၇။) အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တဿ အနုပဿနာ၊ ဝိပဿနာဝသေန အဿာသပဿာသေ၊ တန္နိဿယဉ္စ ကာယံ ''ရူပ''န္တိ၊ စိတ္တံ တံသမ္ပယုတ္တဓမ္မေ စ ''အရူပ''န္တိ ဝဝတ္ထပေတွာ နာမရူပဿ အနုပဿနာ စ ဉာဏံ၊ တတ္ထ ယထာဘူတာဝဗောဓော။ (မဟာဋီ-၁-၃၂ဝ။) = အနုပဿနာဉာဏ်ဟူသည်ကား ---- သမထအလိုအားဖြင့် (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ကို အဖန်ဖန် အထပ်ထပ် ရှုခြင်းသည် အနုပဿနာဉာဏ် မည်၏။ ဝိပဿနာအလိုအားဖြင့် ---- ၁။ ဝင်သက်လေ-ထွက်သက်လေအတွင်း၌ တည်ရှိသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပါဝင်သော စိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော စိတ္တဇသဒ္ဒနဝက ကလာပ်ရုပ်တရားအပေါင်းဟူသော
“所谓身,有两种身:名身与色身。”(《无碍解道》1“所谓随观智,意思是:从止的方面,是随观相身;从观的方面,是随观名身“所谓随观智:从止的方面,是随观禅相;从观的方面,则将入息、出息及其所依的身判定为‘色’,将心及其相应法判定为‘非色’,而随观名色之智,即于其中如实觉悟。”=所谓随观智,从止的方面说,反复观照遍作相、取相与似相,是随观智;从观的方面说,则反复观照:1.存在于入出息中每一个色聚内、以心生声为第九法的心生声九法聚所含的一切色法,即——
原书第 301 页
အာနာပါနဿတိသမာဓိပိုင်း အဿာသပဿာသကာယ၊ ၂။ ယင်း အဿာသပဿာသကာယ အမည်ရသော ရုပ်တရားအပေါင်း၏ မှီရာဖြစ်သော ခန္ဓာအိမ် တစ်ကိုယ် လုံး၌ တည်ရှိသော ဘူတရုပ်+ဥပါဒါရုပ်ဟူသော ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်း၊ ၃။ ယင်း အဿာသပဿာသကာယ+ကရဇကာယဟူသော ရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော စိတ်+စေတသိက် သမ္ပယုတ်တရားစုဟူသော နာမကာယ = နာမ်တရားအပေါင်း ---- ဤ ရုပ်တရား နာမ်တရားတို့ကို ပိုင်းခြားမှတ်သား၍ နာမ်+ရုပ်ကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော ပညာသည် အနုပဿနာဉာဏ် မည်၏၊ ထိုနာမ်-ရုပ်၌ ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သော ဉာဏ်ပင်တည်း။
——入出息身;2.作为该入出息身所依,存在于全身之中的大种色与所造色,即称为所生身的一切色法;3.缘取入出息身与所生身这两种色身而生起的心及相应心所法群,即名身,也就是一切名法。以智如此分别色法与名法,反复随观名色的慧,名为随观智;这正是对于名色如其所是地亲自现见、贯通之智。
(ပဋိသံ-ဋ္ဌ-၂-၁ဝ၇။ မဟာဋီ-၁-၃၂ဝ။)
(《无碍解道义注》2-107;《大复注》1-320。)
ဤ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုရှင်းလင်းချက်များအရ ---- ပြည်တည်ခန်းတွင် အဿာသ ပဿာသကာယကို ပြည်တည်ထားသော်လည်း သမထပိုင်း ဝိပဿနာပိုင်း စုံလင်သွားသောအခါ၌ကား အဿာသ ပဿာသကာယ၊ ရူပကာယ၊ နာမကာယဟု ကာယသုံးမျိုးလုံး ပါဝင်လာသည်ကို တွေ့ရှိနိုင်ပေသည်။ သို့အတွက် ကာယာနုပဿနာသတိပဋ္ဌာန်၌ ပါဝင်သော ကာယအရ ရူပကာယ နာမကာယအားလုံးကိုပင် အရကောက်ယူ ရသည်ဟု မှတ်ပါ။ အောက်ပါ အဖွင့်များကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
依以上巴利圣典、义注与复注的解释可以看出:在“奠基章”中虽然只安立入出息身,但当止与观两方面的修习俱已完整时,入出息身、色身、名身三种身都会纳入修习。因此,对于身随观念处中的“身”,应当摄取色身与名身二者。还请继续阅读以下解释。
ကာယသည် ဥပဋ္ဌာန မည်၏၊ သတိ မမည်
身是念的安住处,不是念
ကာယော ဥပဋ္ဌာနန္တိ သော ကာယော အာရမ္မဏကရဏဝသေန ဥပဂန္တွာ သတိ ဧတ္ထ တိဋ္ဌတီတိ ဥပဋ္ဌာနံ နာမ။ ဧတ္ထ စ ''ကာယော ဥပဋ္ဌာန''န္တိ ဣမိနာ ဣတရကာယဿာပိ သင်္ဂဟော ဟောတိ ယထာဝုတ္တသမ္မ- သနစာရဿာပိ ဣဓ ဣစ္ဆိတတ္တာ။ နော သတီတိ သော ကာယော သတိ နာမ န ဟောတိ။
“所谓‘身是安住处’,是说念以该身为所缘,趋近而住于其中,所以该身名为安住处。这里,‘身是安住处’一语也摄取另一种身,因为此处也需要上述作为思惟行境的法。所谓‘不是念’,是说该身不名为念。”
(မဟာဋီ-၁-၃၂ဝ။)
(《大复注》1-320。)
= အဿာသပဿာသ ကာယနှင့် ယင်းအဿာသပဿာသ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်တို့ကား ရူပကာယတည်း။ ယင်းရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားစုတို့ကား နာမကာယတည်း။ သတိသည် ဤရူပကာယ နာမကာယ၌ အာရုံပြုသည်၏ အစွမ်းဖြင့် ကပ်၍ တည်တတ်သော ကြောင့် ထိုရူပကာယ နာမကာယသည် သတိ၏တည်ရာ ဖြစ်ရကား ဥပဋ္ဌာန မည်ပေသည်။ ဤအရာဝယ် ကာယော ဥပဋ္ဌာနံဟူသော ဤပါဠိတော် စကားရပ်ဖြင့် အဿာသပဿာသကာယ ကရဇကာယဟူသော ရူပ ကာယ သက်သက်ကိုသာ မကောက်ယူဘဲ နာမကာယကိုလည်း သိမ်းကျုံးရေတွက်၍ ကောက်ယူပါ။ အကြောင်းမူ ဖွင့်ဆိုအပ်ခဲ့ပြီးသော ရူပကာယ နာမကာယဟူသော လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ရမည့် သမ္မသနစာရ တရားကိုလည်း ဤအရာ၌ အလိုရှိအပ်သောကြောင့်ပင် ဖြစ်ပေသည်။ သို့သော် ထိုကာယသည် သတိ၏ တည်ရာသာဖြစ်၍ ကာယအမည်ရသော်လည်း သတိကား မမည်ဟု မှတ်ပါ။ အကြောင်းမူ ယင်းနှစ်မျိုး သော ကာယသည် သတိ၏ ကပ်၍တည်ရာသာ ဖြစ်၍ မိမိတို့ကိုယ်တိုင်ကမူ သတိကဲ့သို့ အာရုံ၌ ကပ်၍ မတည်
=入出息身,以及作为入出息身所依、称为所生身的诸大种色与所造色,都属于色身;缘取该色身而生起的名法群,则属于名身。念以色身、名身为所缘,黏着并安住于其中;色身、名身由此成为念的安住处,故名为 upaṭṭhāna(安住处)。这里,不应把“ကာယော ဥပဋ္ဌာနံ”(身是安住处)一语只理解为入出息身、所生身这两类色身,也应把名身摄取在内。因为,此处也需要把上文所说的色身与名身置于无常、苦、无我三相之下而观修、审察;它们正是思惟行境之法。不过,这两类身只是念的安住处,并不名为念:它们只供念黏着安住,本身却不能像念那样黏着、安住于所缘——
တတ်ရကား သတိ မမည်ဟု ဆိုလိုသည်။ (မဟာဋီ-၁-၃၂ဝ။)
——所以不名为念。这就是原文的意思。(《大复注》1-320。)
(ပဋိသံ-၁၈၁-၌လည်း ကြည့်ပါ။ ဤကျမ်း -၃ဝ၄-၃ဝ၅-၌လည်း ကြည့်ပါ။)
(另参见《无碍解道》181;本书第304—305页。)
သတိ ဥပဋ္ဌာနဉ္စေဝ သတိ စ သရဏဋ္ဌေန ဥပတိဋ္ဌနဋ္ဌေနစ။ (မဟာဋီ-၁-၃၂ဝ။) = သတိကား သမထအလိုအားဖြင့် (ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်အာရုံ၌ ကပ်၍ တည်တတ် သောကြောင့်လည်းကောင်း၊ ဝိပဿနာအလိုအားဖြင့် ရူပကာယ နာမကာယ အာရုံ၌ ကပ်၍ တည်တတ်သော
“念既名为‘安住’,也名为‘念’:因其安住义而名为安住,因其忆持义而名为念。”(《大复注》1-320。)=从止的方面说,念黏着、安住于遍作相、取相与似相这一所缘;从观的方面说,念黏着、安住于色身、名身这一所缘——
原书第 302 页
ကြောင့်လည်းကောင်း၊ ရှေးရှေးသတိသည် နောက်နောက်သော သတိ၏ ကပ်၍တည်ရာ ဖြစ်သောကြောင့် လည်းကောင်း ဥပဋ္ဌာနလည်း မည်၏၊ ယင်းသမထနိမိတ်အာရုံ၊ ရူပကာယ နာမကာယအာရုံကို အောက်မေ့တတ် အမှတ်ရတတ်သော အနက်သဘောကြောင့် သတိလည်း မည်၏။ (မဟာဋီ-၁-၃၂ဝ။)
——又因为前一念成为后一念黏着安住之处,所以念也名为“安住”;另一方面,它能忆念、记持止的禅相所缘以及色身、名身所缘,故又名为“念”。(《大复注》1-320。)
တံ ကာယံ အနုပဿတိ
“တံ ကာယံ အနုပဿတိ”(Taṃ kāyaṃ anupassati)——反复随观该身
ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို ရှု၏ဟူသော စကားရပ်၌ ထိုကာယဟူသည် အဘယ်နည်း၊ ယင်း ကာယကို အဘယ်သို့ ရှုသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌ ဤသို့ ရှင်းပြထား၏။
在“依此念、此智而随观该身”这句话中,可以追问:所谓“该身”是什么?又应当如何随观该身?《无碍解道义注》解释如下。
တံ ကာယံ အနုပဿတီတိ သမထဝိပဿနာဝသေန ယထာဝုတ္တံ ကာယံ အနုဂန္တွာ စျာနသမ္ပယုတ္တဉာဏေန ဝါ ဝိပဿနာဉာဏေန ဝါ ပဿတိ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၈။) = သမထအလိုအားဖြင့် သမာဓိထူထောင်စဥ် သမထပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်သည် အဿာသပဿာသ နိမိတ္တကာယဟူသော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို စျာန်နှင့် ယှဥ်တွဲလျက် ရှိသော ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏။
“所谓‘随观该身’,是说依止与观两方面,随循上述之身,以禅相应智或观智而观见。”(《无碍解道义注》2-108。)=从止的方面说,在建立定的阶段,瑜伽行者以禅相应智反复观照入出息相身,也就是极其明净光亮的入出息似相。
〔စတုက္ကနည်းအားဖြင့် အာနာပါနပထမစျာန်စိတ်၌ စိတ်+စေတသိက် (၃၄)လုံး၊ ဒုတိယစျာန်စိတ်၌ (၃၂)လုံး၊ တတိယစျာန်စိတ်၊ စတုတ္ထစျာန်စိတ်တို့၌ စိတ်စေတသိက် (၃၁)လုံးစီ အသီးအသီး ရှိ၏။ စိတ္တက္ခဏ တစ်ခု အတွင်း၌ ပြိုင်တူ ယှဥ်တွဲ၍ ဖြစ်သော တရားများ ဖြစ်ကြ၏။ ထိုစိတ်စေတသိက်များတွင် ပညိန္ဒြေ စေတသိက် လည်း ပါဝင်၏၊ ထိုပညိန္ဒြေစေတသိက်ကား စျာန်နှင့် ယှဥ်တွဲနေသော စျာနသမ္မာဒိဋ္ဌိ အမည်ရသည့် စျာနသမ္ပ- ယုတ် ဉာဏ်တည်း၊ ထိုဉာဏ်ဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အဖန်ဖန် အထပ်ထပ် ရှုခြင်းကို သမထပိုင်း၌ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ခေါ်ဆိုသည် မှတ်ပါ။〕 (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ကြည့်ပါ၊၊) ဝိပဿနာပိုင်း၌ကား ဝိပဿနာအလိုအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားနှင့် တကွသော အဿာသပဿာသကာယ ကရဇကာယဟု ခေါ်ဆိုသော ရူပကာယ = ရုပ်တရားအပေါင်းနှင့် နာမကာယဟူသော နာမ်တရားအပေါင်းကို အနိစ္စ-ဒုက္ခ-အနတ္တ ဟူသော လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်လျက် ဝိပဿနာ
〔依四分法,入出息初禅心中有心与心所共34法,第二禅心中有32法,第三禅心与第四禅心中各有31法。这些法在一个心刹那内同时相应而生。在这些心与心所中,也包括慧根心所;该慧根心所就是与禅相应、称为“禅正见”的禅相应智。应当知道:在止的阶段,以此智反复观照入出息似相,称为身随观念处修习。〕(参见名业处部分诸表。)从观的方面说,瑜伽行者把无常、苦、无我三相轮流安立于连同各自因法的色身——即称为入出息身、所生身的一切色法——以及名身——即一切名法——之上,以观——
ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏။ အကြောင်းတရားနှင့် တကွသော ထိုရူပကာယ နာမကာယကို ဝိပဿနာ ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုခြင်းကို ဝိပဿနာပိုင်း၌ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ခေါ်ဆိုသည် မှတ်ပါ။
——智反复观照。应当知道:在观的阶段,以观智反复观照连同因法的色身与名身,称为身随观念处修习。
အရေးကြီးလှသော အယူအဆတစ်ရပ်
一种极为重要的观点
အချို့အချို့သော ဆရာမြတ်တို့ကား ရုပ်တရားသက်သက်ကို ရှုမှုကိုသာလျှင် ကာယာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်ဆိုသည်ဟု အယူရှိတော်မူကြပြန်၏။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည်မှာလည်း ရုပ်တရား သက် သက်ကိုသာ ရှုရသည်ဟု နားလည်ကြ၏။
有些尊贵的导师又持这样的见解:只有观照色法,才称为身随观念处。他们也把“身随观念处”理解成只须观照色法。
၁။ ကာယာနုပဿနာမုခေန၊ ၂။ ဝေဒနာနုပဿနာမုခေန၊ ၃။ စိတ္တာနုပဿနာမုခေန၊ ၄။ ဓမ္မာနုပဿနာမုခေန (မ-ဋ္ဌ-၁-၂၄၅။) ---- စသည်တို့၌လာရှိသော မုခေန (= အဦးမူသဖြင့်) ဟူသော အဋ္ဌကထာကြီးများ၏ စကားကို သိပ် လက်မခံ
《中部义注》1-245等处有这样的用语——“၁။ ကာယာနုပဿနာမုခေန၊ ၂။ ဝေဒနာနုပဿနာမုခေန၊ ၃။ စိတ္တာနုပဿနာမုခေန၊ ၄။ ဓမ္မာနုပဿနာမုခေန (မ-ဋ္ဌ-၁-၂၄၅။)”——即“1.以身随观为先导;2.以受随观为先导;3.以心随观为先导;4.以法随观为先导”。其中 mukhena 的意思是“以……为首、为先”。对于义注大德们使用的 mukhena 一词,这些导师似乎也不大——
原书第 303 页
အာနာပါနဿတိသမာဓိပိုင်း လိုကြပေ။ ဤအချက်နှင့် ပတ်သက်၍ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာကြီး၏ ရှင်းလင်းချက်ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။ ယင်းအဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်ကို သဘောပေါက်ရန်အတွက် မူရင်းဖွင့်ရာ သံဝဏ္ဏေ- တဗ္ဗပုဒ်ဖြစ်သော ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို အနည်းငယ် ထပ်မံ၍ ဖော်ပြအပ်ပါသည်။
——愿意接受。关于这一点,现继续介绍《无碍解道义注》的说明。为了理解这段义注,先再略举其所注释的原文,也就是《无碍解道》巴利原典。
တာယ သတိယာ တေန ဉာဏေန တံ ကာယံ အနုပဿတိ၊ တေန ဝုစ္စတိ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာတိ။ (ပဋိသံ-၁၇၅။) ဤပါဠိတော်၏ မြန်မာပြန်ကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပေသည်၊ သို့သော် ဆိုလိုသော အဓိပ္ပါယ် စကားရပ်များ ဆက်စပ်မိရန်အတွက် ထပ်မံ၍ ဖော်ပြအပ်ပါသည်။
“依彼念与彼智,反复随观彼身;因此称为‘于身随观身之念处修习’。”(《无碍解道》175。)这段巴利的缅译已在上文列出;不过,为使前后义理衔接,现再列一次。
(ဘာသာပြန်) = ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန် အထပ်ထပ် ရှု၏၊ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ဆိုအပ်၏။
〔译文〕=依彼念与彼智,反复再三地随观彼身;因此称为“于身随观身之念处修习”。
ထိုပါဠိတော်ဝယ် တံ ကာယံ - ထိုကာယကို ဟူရာ၌ သမထအလိုအားဖြင့် အလွန်ကြည်လင်တောက် ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အဿာသ-ပဿာသ ကာယကို ကောက်ယူရကြောင်းကို လည်း ကောင်း၊ ဝိပဿနာအလိုအားဖြင့် ရုပ်တရားအပေါင်းဟူသော ရူပကာယနှင့် နာမ်တရားအပေါင်းဟူသော နာမကာယကို ကောက်ယူရကြောင်းကိုလည်းကောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုသို့ ကောက်ယူရာ၌ ဝိပဿနာပိုင်းတွင် ကာယအရ ရူပကာယ နာမကာယကို ကောက်ယူသင့်ပုံနှင့် ပတ်သက်၍ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌ- ကထာက ထပ်မံ၍ ရှင်းလင်းတင်ပြထားပြန်သည်မှာ ဤသို့ ဖြစ်၏။
在这段巴利中,关于“တံ ကာယံ”(彼身):从止的方面说,所摄取的是入出息身,即极其明净光亮的入出息似相;从观的方面说,所摄取的是作为一切色法的色身,以及作为一切名法的名身。这些已在上文说明。至于观修阶段为何应把色身与名身二者都摄为这里的“身”,《无碍解道义注》又作如下解释。
တံ ကာယန္တိ အနိဒ္ဒိဋ္ဌေပိ နာမရူပကာယေ ကာယသဒ္ဒေန တဿာပိ သင်္ဂဟိတတ္တာ နိဒ္ဒိဋ္ဌံ ဝိယ ကတွာ ဝုတ္တံ။ အနိစ္စာနုပဿနာဒယော ဟိ နာမရူပကာယေ ဧဝ လဗ္ဘန္တိ၊ န နိမိတ္တကာယေ။ (ပဋိသံ-ဋ္ဌ-၂-၁ဝ၈။) 〔ဆိုလိုရင်း〕 ---- ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ---- အနုပဿတီတိ ကထံ တံ ကာယံ အနုပဿတိ၊ အနိစ္စတော အနုပဿတိ၊ နော နိစ္စတော …
“所谓‘彼身’:虽然名色身没有被明确指出,但由于‘身’一词也摄取名色身,所以如同已经明指一般而说。因为无常随观等只能在名色身上成立,不能在相身上成立。”(《无碍解道义注》2-108。)〔其意如下〕《无碍解道》巴利原典只说——“အနုပဿတီတိ ကထံ တံ ကာယံ အနုပဿတိ၊ အနိစ္စတော အနုပဿတိ၊ နော နိစ္စတော …”译:“所谓‘随观’,是说:如何随观彼身?随观其为无常,不随观其为常……”
(ပဋိသံ-၁၇၅-၁၇၆။)
(《无碍解道》175—176。)
= အဖန်ဖန် အထပ်ထပ် ရှု၏ဟူသည် အဘယ်သို့လျှင် ထိုကာယကို အဖန်ဖန် အထပ်ထပ် ရှုသနည်း ? - အနိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏၊ နိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် မရှု … ဤသို့ စသည်ဖြင့်သာ ဟောကြားထားတော်မူ၏။ အနိစ္စ-ဒုက္ခ-အနတ္တဟူသော လက္ခဏာယာဥ် သုံးချက် တင်၍ ရှုရမည့် ကာယကို သရုပ်ထုတ်၍ ညွှန်ကြားထားမှု မရှိပေ။ ထိုသို့ပင် ရူပကာယ နာမကာယကို သရုပ် ထုတ်၍ ညွှန်ကြားထားမှု မရှိသော်လည်း ကာယသဒ္ဒါဖြင့် ထိုရူပကာယ နာမကာယကိုလည်း သိမ်းကျုံး ရေတွက် အပ်သည်၏ အဖြစ်ကြောင့် သရုပ်ထုတ်ကာ ညွှန်ကြားပြသသကဲ့သို့ ပြု၍ဟောကြားသွားတော်မူခြင်း ဖြစ်ပေ သည်။ မှန်ပေသည် - အနိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုခြင်းစသည့် အနိစ္စာနုပဿနာဉာဏ် စသည်တို့သည် ရူပကာယ နာမကာယ၌သာလျှင် ရအပ် ရနိုင်ကုန်၏၊ (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ္တကာယ၌ မရအပ် မရနိုင်ကုန်။
=“反复随观”是说:如何反复随观彼身呢?反复随观其为无常,不反复随观其为常……巴利原典只作了这类教说,并没有明确指出究竟以无常、苦、无我三相观哪一种身。虽然其中没有明指色身与名身,但由于“身”一词也把色身、名身摄在内,所以世尊如同已经明指一般而作了教说。确实,无常随观智等,只能在色身与名身上成立;在遍作相、取相、似相这些入出息相身上,则不能成立。
ဤကား အထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ စကားရပ်၏ ဆိုလိုရင်း သဘောအဓိပ္ပါယ်တည်း။ ဤ အဋ္ဌကထာစကားရပ်မှာလည်း သဗ္ဗကာယပဋိသံဝေဒီပိုင်းတွင် ဆက်လက်ဖော်ပြမည့် ပဋိသမ္ဘိဒါမဂ်ပါဠိတော် အတိုင်းသာ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။
以上就是《无碍解道义注》这段话的旨趣。这段义注也完全依照将在“sabbakāya-paṭisaṃvedī(清楚觉知一整息从始、中至终的全体)”一节继续引述的《无碍解道》巴利原典而作解释。
原书第 304 页
ဤအဋ္ဌကထာအရ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် သမထပိုင်း၌ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသ နိမိတ္တကာယကို ရှုရ၏၊ ဝိပဿနာပိုင်း၌ကား ရူပကာယ နာမကာယကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီတင်၍ ရှုရ၏။ ထိုသို့ ရှုခဲ့သော် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာကို ပွားများ အားထုတ်သည်ဟုပင် ခေါ်ဆိုသည် မှတ်ပါ။
依这段义注,修习入出息业处的瑜伽行者,在止的阶段应观遍作相、取相、似相这三种入出息相身;在观的阶段,则应轮流以无常、苦、无我三相观照色身与名身。应当知道:能如此观照,就称为修习身随观念处。
သို့အတွက် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ရုပ်တရားသက်သက်ကိုသာ ရှုပွားရသော သတိပဋ္ဌာန်မဟုတ်၊ ရုပ်တရားကို အဦးမူသဖြင့် သင်္ခါရတရားအားလုံးကိုပင် ရှုပွားရသော သတိပဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ဤမျှဖြင့် မကျေနပ်သေးပါလျှင် လက်မခံနိုင်သေးပါလျှင် အောက်ပါ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး၏ ဟောကြားတော်မူချက်ကိုလည်း ဆက်လက်၍ မြည်းစမ်းကြည့်ပါဦး၊ ချိုမြိန်သော အရသာ ထူးကြီးကို ခံစားရလိမ့်မည်ဟု မျှော်လင့်ပါသည်။
因此应当知道:所谓身随观念处,并不是只观修色法的念处;它是以色法为先导,进而观修一切行法的念处。贤善者,倘若至此仍未满意、尚不能接受,也请继续品味以下《无碍解道》巴利原典的教说;相信您会尝到甘美非凡之味。
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်
《无碍解道》巴利原典的教说
ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖဿော မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။
“所谓身,有两种身:名身与色身。何为名身?受、想、思、触与作意;上述名法与名身,以及被称为心行的诸法,这就是名身。”
ကတမော ရူပကာယော၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ-၁၈၁။) စေတနာဒီဟိ သင်္ခါရက္ခန္ဓော ဝုတ္တော။ ဧဝံ တီသု ခန္ဓေသု ဝုတ္တေသု တံနိဿယော ဝိညာဏက္ခန္ဓော ဝုတ္တောဝ ဟောတိ။ (ပဋိသံ-ဋ္ဌ-၂-၁၁၂။) အနိစ္စန္တိ ကိံ အနိစ္စံ။ ပဉ္စက္ခန္ဓာ အနိစ္စာ။ (ပဋိသံ-၁၉၁။) ဤအထက်ပါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးနှင့် အဋ္ဌကထာတို့ကား အာနာပါနပထမစတုက္ကတွင် သုံးခု မြောက်အဖြစ် လာရှိသော သဗ္ဗကာယပဋိသံဝေဒီဟူသော ဒေသနာတော်၌ ကာယအရ တရားကိုယ် ကောက်ယူ ပုံကို ဖော်ပြသော စကားတော်များ ဖြစ်ကြ၏။ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ကာယအရ မည်ကဲ့သို့ သော ကာယမျိုးကို ဆိုလိုကြောင်းကို ရှင်းပြသော စကားတော်များ ဖြစ်ကြ၏။ ထိုပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“何为色身?四大种、四大种所造色、入息、出息,以及作为系念标志的入出息触处;还有被称为身行的诸法,这就是色身。”(《无碍解道》1“以思等已说明行蕴;如此,三蕴既已说明,作为其所依的识蕴也就已经说明。”(《无碍解道义注》2“所谓无常,何者无常?五蕴无常。”(《无碍解道》191。)以上《无碍解道》巴利原典与义注,是在入出息念第一四法组的第三项“sabbakāyapaṭisaṃvedī(清楚觉知一整息从始、中至终的全体)”中,说明“身”一词究竟摄取哪些法体的教说;也是说明在身随观念处中,“身”究竟指哪一类身的教说。其旨趣如下。
ဤကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်း၌ ကာယဟူသည် ---- ၁။ နာမကာယ = နာမ်တရားအပေါင်း၊ ၂။ ရူပကာယ = ရုပ်တရားအပေါင်း ---- ဤနှစ်မျိုးကုန်သော ကာယတို့ပင်တည်း။
在身随观念处这一部分,所谓“身”,正是以下两种:1.名身=一切名法;2.色身=一切色法。
နာမကာယ (= နာမ်တရားအပေါင်း) ဟူသည် အဘယ်နည်း ?
什么是名身(=一切名法)?
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ မနသိကာရ တရားအပေါင်းသည်လည်းကောင်း၊ နာမ်မည်သော နာမ်တရား အပေါင်းသည်လည်းကောင်း၊ စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားအပေါင်းသည် လည်းကောင်း နာမကာယ မည်၏။ 〔〔〔ဤစကားရပ်ဖြင့် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူသော နာမ်ခန္ဓာ လေးပါးအပေါင်းသည် နာမကာယ မည်၏ဟု ဆိုလိုသည်။ အထက်ပါ အဋ္ဌကထာအဖွင့်ကို ကြည့်ပါ။〕
触、受、想、思、作意等诸法;一切称为“名”的名法;以及称为“心行”的受、想诸法——都名为名身。〔这句话的意思是:受、想、行、识四名蕴的全体,名为名身。参见上引义注的解释。〕
原书第 305 页
အာနာပါနဿတိသမာဓိပိုင်း ရူပကာယဟူသည် အဘယ်နည်း? ---- ၁။ ကာယသင်္ခါရဟု ဆိုအပ်သော မဟာဘုတ် ဓာတ်ကြီးလေးပါး၊ ၂။ မဟာဘုတ် = ဓာတ်ကြီးလေးပါးကို စွဲမှီ၍ ဖြစ်သော (၂၄)မျိုးသော ဥပါဒါရုပ် (ပဋိသံ-ဋ္ဌ-၂-၁၁၂-ကြည့်)၊ ၃။ ပကတိသော အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေ၊ ၄။ ဝင်သက်လေ ထွက်သက်လေဖြင့် ဖွဲ့စပ်အပ်သော (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ် ---- ဤသင်္ခါရတရားအပေါင်းသည် ရူပကာယ မည်၏။ (ပဋိသံ-၁၈၁။) တစ်ဖန် ယင်းပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌ပင် အာနာပါနစတုတ္ထစတုက္က၌ အကျုံးဝင်သော အနိစ္စာနုပဿီ ပုဒ်အရ အနိစ္စဟု ဝိပဿနာရှုရမည့် တရားများကိုလည်း ပဉ္စက္ခန္ဓာ အနိစ္စာ = ခန္ဓာငါးပါးတို့သည် အနိစ္စဟု ဟောကြားထားတော်မူပေသည်။
什么是色身?——1.称为身行的四大种;2.依止四大种而生的24种所造色(参见《无碍解道义注》2-112);3.自然的 assāsa-passāsa,即入息与出息;4.依入息、出息而安立的似相(连同遍作相、取相)——这一切行法名为色身。(《无碍解道》181。)此外,就同一部《无碍解道》巴利原典入出息念第四四法组中的“အနိစ္စာနုပဿီ”(随观无常)一词而言,应以观把哪些法观为无常,经中也教说:“ပဉ္စက္ခန္ဓာ အနိစ္စာ”(五蕴无常)。
သို့အတွက် အထက်တွင် ဖော်ပြထားခဲ့သော ---- ၁။ အဿာသ ပဿာသ ကာယ၊ ၂။ ရူပကာယ၊ ၃။ နာမကာယတို့သည် ---- ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ကာယမည်ကြောင်း ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ စကား တို့မှာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌ လာရှိသော ဟောကြားတော်မူချက်များနှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေသော အဆိုအမိန့်များသာ ဖြစ်သည်ဟု ယုံကြည်စိတ်ချစွာ နာယူမှတ်သားလေရာ သည် - နိဗ္ဗာန်ကို အလိုရှိကြသော သူတော်ကောင်းအပေါင်းတို့ …။
因此,上文义注与复注所解释的——1.入出息身,2.色身,3.名身——在身随观念处中都名为“身”;这些教说与《无碍解道》巴利原典的教说,犹如恒河水与阎牟那河水交融一般,完全一致。诸位希求涅槃的贤善者,应当满怀信心地听受、铭记……
လုပ်ငန်းခွင် ရှေ့သို့ဆက်ရန်
继续实修
ပွားများအားထုတ်ပုံ အပိုင်းကို ထပ်မံ၍ ဆက်လက် ဖော်ပြအပ်ပါသည်။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲသော် ယင်းဝင်သက်လေ ထွက်သက်လေ၏ ရှည်မှု-တိုမှုကို သိအောင် ဆက်လက်၍ ကြိုးစား အားထုတ်ပါ။
下面继续说明具体的修习方法。当念已经稳固地安住于入息、出息这一所缘时,应继续努力,清楚知道入息与出息持续时间的长短。
ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ-၁-၂၆၃။) အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ (မဟာဋီ-၁-၃၁၈။) ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့နှင့် အထက်တွင် ဖော်ပြခဲ့သော ပဋိသမ္ဘိဒါမဂ်ပါဠိတော်တို့၏ မိန့်ဆို တော်မူချက်များအရ ဝင်သက်လေ ထွက်သက်လေတို့၏ ရှည်မှုဟူသည် အချိန်ကြာကြာ ဖြစ်မှုကို ဆိုလိုသည်၊ တိုမှုဟူသည် အချိန်တိုတို ဖြစ်မှုကို ဆိုလိုသည်ဟု မှတ်ပါ။
“至于它们的长与短,应依持续时间而知。”(《清净道论》“所谓‘依持续时间’,就是依时间的延续。”(《大复注》1-318。)依以上义注、复注以及前引《无碍解道》巴利原典的教说,应当知道:入息、出息之“长”,是指持续时间较长;其“短”,是指持续时间较短。
ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိခိုင်မြဲလာသောအခါ ယင်းဝင်သက်လေ ထွက်သက်လေတို့၏ အချိန်ကြာကြာဖြစ်နေလျှင်လည်း အချိန်ကြာကြာဖြစ်သည့်အတိုင်း၊ အချိန်တိုတိုဖြစ်နေလျှင်လည်း အချိန်တိုတို ဖြစ်သည့်အတိုင်း သိအောင် ဆက်လက် ကြိုးစားပါ။ ထိုသို့ သိအောင် ကြိုးစားရာ၌ ဝင်သက်လေ ထွက်သက် လေတို့ကို အချိန်ကြာကြာဖြစ်အောင် သို့မဟုတ် အချိန်တိုတိုဖြစ်အောင် ယောဂါဝစရပုဂ္ဂိုလ်ဘက်က မကြိုးစား ပါနှင့်။ အသက်ရှူမြဲတိုင်းသာ ပုံမှန် အသက်ရှူနေပါ။ ထိရာဌာနကို လွှတ်၍လည်း အတွင်းဘက် အပြင်ဘက် နှစ်ဘက်လုံးသို့ ဘာဝနာစိတ် မရောက်အောင်လည်း ကြိုးစားအားထုတ်ပါ။
当念已经稳固地安住于入息、出息这一所缘时,若入息、出息持续时间较长,就如其较长而知;若持续时间较短,就如其较短而知。应继续这样用功。但为了知其长短,瑜伽行者不可刻意把入息、出息拉长,也不可刻意把它们缩短,只须照常自然呼吸。同时,应不离开息的触点,并努力不让修习心向内或向外游走。
原书第 306 页
ဝင်သက်လေ ထွက်သက်လေတို့၏ ရှည်လျှင် ရှည်သည့်အတိုင်း၊ တိုလျှင်လည်း တိုသည့်အတိုင်း ထိမှု ထင်ရှားရာနေရာမှ စောင့်၍ သိအောင်သာ ကြိုးစားအားထုတ်ခဲ့သော် အထက် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မိန့်ဆို ထားတော်မူသည့်အတိုင်း အာနာပါနနိမိတ်များ စတင် ပေါ်ပေါက်လာတတ်ပါသည်။ နိမိတ်ပေါ်၍ နိမိတ်ပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်နေလျှင် စိတ်ကို ကပ်မြဲကပ်ထားပါ၊ ခွာမချလိုက်ပါနှင့်။ ထိုအချိန်တွင် ပါဠိတော် ၌ လာရှိသော - သဗ္ဗကာယ ပဋိသံဝေဒီ - ဟူသော ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ဆက်လက်၍ ကြိုးစားပါ။
如果只守候在息触明显之处,入息、出息长时如其长而知,短时如其短而知,那么,正如上引《无碍解道》巴利原典所说,入出息相便可能开始出现。相出现后,若修习心能够宁静地黏着于相,就让心继续稳稳黏着,不要移开。此时,应继续依巴利原典所说的“သဗ္ဗကာယ ပဋိသံဝေဒီ”(清楚觉知一整息从始、中至终的全体)而用功,清楚知道入息与出息各自从始、中至终的全体。
အကယ်၍ အာနာပါနနိမိတ်မှာ မခိုင်ခံ့ဖြစ်နေလျှင်သော်လည်းကောင်း၊ အာနာပါနနိမိတ် အာရုံ၌ ဘာဝနာ စိတ်ကို ကပ်၍မရ ဖြစ်နေလျှင်သော်လည်းကောင်း ထိုအခါမျိုး၌လည်း ပကတိသော ဝင်သက်လေ ထွက်သက် လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကိုပင် သိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ ---- အကယ်၍ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေ အောင် ကပ်ထားနိုင်သော်လည်း အာနာပါနနိမိတ်သည် မပေါ်ဖြစ်နေသေးအံ့၊ ထိုအချိန်အခါမျိုး၌လည်း ဝင် သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ ထိုဝင်သက်လေ-ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှား ရှား သိအောင် ကြိုးစားအားထုတ်ရသော ပါဠိတော်၌လာရှိသော နည်းသည် အဋ္ဌကထာကြီးများတွင် သတ်မှတ် ထားသော အနုဗန္ဓနာနည်းတွင် အကျုံးဝင်သွားပေသည်။
如果入出息相尚不稳固,或修习心无法黏着于入出息相,也仍应继续努力,清楚知道自然入息、出息各自从始、中至终的全体。又如修习心虽能宁静地安住于入息、出息长短这一所缘,入出息相却尚未出现,此时也应继续努力,把入息、出息各自从始、中至终的全体清楚知道。巴利原典所教这种清楚了知每一入息、出息始、中、终全体的方法,归入诸义注所判定的 anubandhanā(随逐法)。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。