现见智与类智(之5)

一夜贤者经 · 原书第 110–131 页 · 157 个翻译单元

本页并入了原书的相邻小节:现见智与类智。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 110 页
ဤသို့စသော အဖွင့် သံဝဏ္ဏနာတို့နှင့် အညီ ပရိညာ ပညာတို့ကား အတ္တပစ္စက္ခဉာဏ်တို့သာ ဖြစ်ကြ၏။
依照上述这类开释性的注疏解说,诸遍知慧都只是亲证现见智。
ယင်း ပရိညာတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြပေအံ့။ --- ဤအပိုင်းတွင်လည်း ပရိညာသည် လောကီ ပရိညာ လောကုတ္တရာ ပရိညာဟု နှစ်မျိုးပင်ရှိ၏။ လောကီပရိညာသည်လည်း ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာန- ပရိညာဟု သုံးမျိုး ရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာဟု သုံးမျိုးပင် ရှိပေသည်။ ထိုတွင် လောကီပရိညာ သုံးမျိုးတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။
下面继续阐明这些遍知。——在这一部分,遍知也分为世间遍知与出世间遍知两类。世间遍知又有知遍知、审察遍知、断遍知三种;出世间遍知也同样有知遍知、审察遍知、断遍知三种。其中,先说明三种世间遍知。
လောကီ ဉာတပရိညာ
世间知遍知
တတ္ထ ''ရုပ္ပနလက္ခဏံ ရူပံ၊ ဝေဒယိတလက္ခဏာ ဝေဒနာ''တိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏ- သလဒက္ခဏဝသေန ပဝတ္တာ ပညာ ဉာတပရိညာ နာမ။ ပ ။ တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ-၂-၂၄၁။) = ထိုပရိညာ သုံးမျိုးတို့တွင် ''ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်တည်း၊ ခံစား တတ်သော သဘောလက္ခဏာရှိသော တရားကား ဝေဒနာတည်း။'' --- ဤသို့စသည်ဖြင့် ထိုထို ခန္ဓာငါးပါး ပရမတ္ထဓာတ်သားတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြား မှတ်သားသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော နာမရူပပရိစ္ဆေဒဉာဏ်ပညာနှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်း- တတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ပညာသည် ဉာတပရိညာ မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၄၁။)
“其中,像‘色以变坏为相,受以感受为相’这样,依辨识各各法自身之相而生起的慧,名为知遍知。……其中,从分别诸行开始,直至摄受诸缘,是知遍知的领域。”(《清净道论》2-241。)=三种遍知之中,“具有变坏之自性相的法就是色;具有感受之自性相的法就是受。”如此,对五蕴中各各究竟界法各自固有的自性相善加分别、标记,由此生起而能分别、摄受名色的名色分别智,以及能在过去、未来、现在三时中分别、摄受因法与果法的缘摄受智,称为知遍知。(《清净道论》2-241。)
သော ''ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ''တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ''အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါ''တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလဒက္ခဏာ ဉာတပရိညာ နာမ။
“于是,他考察:‘这名色并非无因、无缘而生,而是有因、有缘而生。那么,它的因是什么?缘是什么?’他把它的缘确定为‘以无明为缘、以爱为缘、以业为缘、以食为缘’,又如此思惟:‘过去也只有诸缘与缘生法;未来与现在也只有诸缘与缘生法;除此之外,并无有情或个人,唯是纯粹的诸行之聚。’于是越渡对过去、未来、现在三时的疑惑。这种以观辨识诸行的慧,名为知遍知。”
(အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။)
(《迷惑冰消》2-241—242。)
= ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် - ''ဤနာမ်ရုပ်သည်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားမရှိဘဲ၊ အားပေး- ထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်လာသည်ကား မဟုတ်။ အဟုတ်သော်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်း တရား ထင်ရှားရှိသည် ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ထိုနာမ်ရုပ်၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတု အကြောင်းတရား = ဇနကအကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း တရား = ဥပတ္ထမ္ဘကအကြောင်းတရားကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် ---
=那位瑜伽行者,已以智分别、摄受五取蕴=十二处=名色诸法,直至究竟法的自性相层次。他以智考察:“这名色并非在没有显明的、能直接使果生起的因(hetu)=能生因(janaka-kāraṇa),也没有显明的、能扶助支持的缘(paccaya)=助成因(upatthambhaka-kāraṇa)时生起。实际是,只有在显明存在能直接生果的因=能生因,并且显明存在扶助支持的缘=助成因时,它才生起。那名色的直接能生之因=能生因是什么?扶助支持之缘=助成因是什么?”——
၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်၊ ၂။ တဏှာဟူသော အကြောင်းကြောင့်၊ ၃။ ကံဟူသော အကြောင်းကြောင့်၊
1.以称为无明的因为缘;2.以称为爱的因为缘;3.以称为业的因为缘;
原书第 111 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ၄။ အာဟာရဟူသော အကြောင်းကြောင့် - ဖြစ်ပေါ်လာရ၏ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ --- အဝိဇ္ဇာဖြစ်ခြင်းကြောင့် ကမ္မဇရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား၊ ကမ္မဇရုပ်က အကျိုးတရား၊ … ဤသို့ စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားမှတ်သား၍ --- ၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
4.以称为食的因为缘——〔名色〕必须生起。当以现见智亲自现前、洞彻知见时——因为有无明,故有业生色;无明是因法,业生色是果法……如此分别、标记因法与果法后,便见:1.过去也只有因法与果法。
၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
2.未来也只有因法与果法。
၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။
3.现在也只有因法与果法。
ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည် လည်းကောင်း၊ အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိ၊ ရုပ်-နာမ်-ကြောင်း- ကျိုး = သင်္ခါရတရား အစုအပုံသက်သက်သာလျှင် ရှိ၏ -- ဟု ပစ္စက္ခဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်၍ သွားပေ၏။ ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် --- ၁။ ရုပ်တရား ၂။ နာမ်တရား ၃။ အကြောင်းတရား ၄။ အကျိုးတရားတည်းဟူသော --- သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားတတ်သော ဉာတပရိညာ မည်၏။
除这些因法与果法以外,并没有能造作、能创造的个人或有情,也没有被造作、被创造的个人或有情;所有的只是名—色—因—果这些行法的纯粹聚集。——由于能以现见智如此确定,他便越渡、超越了对于过去、未来、现在三时“是否如此”的思量疑惑之疑。这种能善加分别、标记作为观智所观所缘的行法——1.色法,2.名法,3.因法,4.果法——的慧,称为知遍知。
(အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။)
(《迷惑冰消》2-241—242。)
ဤ အထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပစ္စက္ခဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါမှ ဉာတပရိညာစခန်းသို့ ဆို်က်ရောက်နိုင်မည်ဟူသော အချက်ကို ရိုသေကျိုးနွံစွာ ဦးထိပ်ရွက် ပန်ဆင်လျက် နာယူမှတ်သားလေရာသည်။
依照上述诸义注的开释,应当恭敬谦下地顶戴奉持、听受牢记这一要点:只有能够在过去、未来、现在三时中,以现见智分别、摄受因法与果法,才能到达知遍知的阶段。
လောကီ တီရဏပရိညာ
世间审察遍知
''ရူပံ အနိစ္စံ၊ ဝေဒနာ အနိစ္စာ''တိအာဒိနာ နယေန တေသံယေဝ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ တီရဏပရိညာ နာမ။ ပ ။ ကလာပသမ္မသနတော ပန ပဋ္ဌာယ ယာဝ ဥဒယဗ္ဗယာနုပဿနာ တီရဏပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ-၂-၂၄၁။) = ''ရုပ်တရား၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟု လည်းကောင်း၊ ဝေဒနာ၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟု လည်းကောင်း''--- ဤသို့စသော နည်းအားဖြင့် ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတည်းဟူသော လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဖြင့် ဖြစ်ပေါ်၍လာသော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာအာရုံရှိသော လက္ခဏာ- ရမ္မဏိကဝိပဿနာပညာသည် တီရဏပရိညာ မည်၏။ ပ ။ ရုပ်တရား နာမ်တရားတို့ကို ---
“以‘色无常,受无常’等方法,把共相安立于正是那些法上而生起、以相为所缘的观慧,名为审察遍知。……从聚思惟开始,直至生灭随观,是审察遍知的领域。”(《清净道论》2-241。)=“以智观见色法生起、坏灭的行相与自性,故说无常;以智观见受生起、坏灭的行相与自性,故说无常。”以此等方法,把五取蕴名色诸法依无常相、苦相、无我相这三相提起而修观、审察;由此生起的、以无常相、苦相、无我相为所依所缘的观慧,名为审察遍知。……至于色法与名法——
原书第 112 页
၁။ ရုပ်တရားကို တစ်ပုံ နာမ်တရားကို တစ်ပုံ - ဤသို့ (၂ )ပုံ ပုံ၍ ဖြစ်စေ၊ ၂။ ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံ၍ ဖြစ်စေ၊ ၃။ အာယတန (၁၂ )ပါးနည်းဖြင့် (၁၂ )ပုံ ပုံ၍ ဖြစ်စေ၊ ၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ၊ --- ဤသို့ စသည်ဖြင့် အစုလိုက် အပုံလိုက် အပေါင်းအစုအလိုက် ခြုံငုံ၍ လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော နည်းစနစ်ကို ကလာပသမ္မသနနည်းဟု ခေါ်ဆို၏။ ထို ကလာပသမ္မသနဉာဏ်မှစ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ဖြစ်ပျက်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်၏ ကျက်စား ရာနယ်ကား တီရဏပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၄၁။)
1.或把色法归作一组、名法归作一组,即归作2组;2.或依五蕴法归作5组;3.或依十二处法归作12组;4.或依十八界法归作18组。——如此等等,按聚、按组、按集合总括起来,提到三相之下而修观、审察的方法,称为“聚思惟法”。从聚思惟智开始,直到能把名—色—因—果这些行法的生灭观至刹那现在、提到三相之下而修观审察的生灭随观智为止,这一观智所行的范围,就是审察遍知的所依领域。(《清净道论》2-241。)
လောကီ ပဟာနပရိညာ
世间断遍知
တေသုယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ ပဟာနပရိညာ နာမ။ ပ ။ ဘင်္ဂါနုပဿနံ အာဒိ ကတွာ ဥပရိ ပဟာနပရိညာယ ဘူမိ။(ဝိသုဒ္ဓိ-၂-၂၄၁-၂၄၂။) = ထို ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ပင်လျှင် မြဲ၏ဟု = နိစ္စဟု အမှတ်မှားမှု နိစ္စသညာစသည်ကို ပယ်- နိုင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်၍လာသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တ- လက္ခဏာလျှင် တည်ရာအာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် ပဟာနပရိညာ မည်၏။ ပ ။
“就在这些法上,依舍断常想等而生起、以相为所缘的观慧,名为断遍知。……从坏灭随观开始以上,是断遍知的领域。”(《清净道论》2-241—242。)=正是对这些名色法、行法,借着舍断把它们误认为恒常的常想等而生起的、以这些名色诸行的无常相、苦相、无我相为所依所缘之观慧,名为断遍知。……
ယင်း သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်တတ်သော ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးသည် ပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်သည်။ ဤကား လောကီပရိညာ သုံးပါး တည်း။ (ဝိသုဒ္ဓိ-၂-၂၄၁-၂၄၂။)
从只观见这些行法纯粹坏灭的坏灭随观智开始,以上一切较高阶的观智,都是断遍知的所依领域。以上就是三种世间遍知。(《清净道论》2-241—242。)
လောကုတ္တရာ ပရိညာ သုံးပါး
出世间三遍知
ယသ္မာ ဝါ ဉာတတီရဏပရိညာယောပိ တဒတ္ထာယေဝ၊ ယသ္မာ စ ယေ ဓမ္မေ ပဇဟတိ၊ တေ နိယမတော ဉာတာ စေဝ တီရိတာ စ ဟောန္တိ၊ တသ္မာ ပရိညာတ္တယမ္ပိ ဣမိနာ ပရိယာယေန မဂ္ဂဉာဏဿ ကိစ္စန္တိ ဝေဒိတဗ္ဗံ။
“又因为知遍知与审察遍知也正是为了断遍知;又因为凡道智所舍断的诸法,必定已经被知、已经被审察,所以应知:从这个意义来说,三种遍知也都是道智的作用。”
(ဝိသုဒ္ဓိ-၂-၃၃၅။)
(《清净道论》2-335。)
တဿာ ဘင်္ဂါနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂဉာဏာ ဘူမိ။ (ဝိသုဒ္ဓိ-၂-၃၃၅။) ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော နယ်မြေကား ထိုပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။
“它的领域从坏灭随观开始,直至道智。”(《清净道论》2-335。)从坏灭随观智开始,直至圣道智为止的范围,就是该断遍知的所依领域。
နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ ''ယာဝ မဂ္ဂဉာဏာ ဘူမီ''တိ ဝုတ္တံ။ (မဟာဋီ-၂-၅ဝ၈။) မုချအားဖြင့် ပဟာနပရိညာဟူသည် အရိယမဂ်ဉာဏ်သာတည်း။ ထိုကြောင့် အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော ဝိပဿနာနယ်မြေကို ပဟာနပရိညာ၏ တည်ရာဘုံဖြစ်ကြောင်းကို အဋ္ဌကထာဆရာတော်က မိန့်ဆိုခြင်းဖြစ်သည်။
“就严格意义而言,所谓断遍知就是道智,所以说‘其领域直至道智’。”(《大复注》2-508。)就正义而言,断遍知唯是圣道智。因此,义注论师才说:直至圣道智为止的观智范围,是断遍知的所依领域。
ထိုကြောင့် တစ်နည်းဆိုရသော် --- ဉာတပရိညာနှင့် တီရဏပရိညာတို့သည် ပဟာနပရိညာ အကျိုးငှာသာ ဖြစ်ကြသည်။ ဉာတပရိညာနှင့် တီရဏပရိညာတို့သည် အရိယမဂ်ဉာဏ် အကျိုးငှာသာ ဖြစ်ပေါ်နေကြသော ပရိညာတို့ ဖြစ်ကြသည်။ အကြင်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ ဖြစ်ပေါ်နေသော ကိလေသာကို အရိယမဂ် တရားသည် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်စွန့်၏။ ထိုအရိယမဂ်တရားသည် ထိုတရားတို့ကို ကိန်းသေမြဲသော
因此,换一种说法——知遍知与审察遍知都只是为了成就断遍知;知遍知与审察遍知,都是只为成就圣道智而生起的遍知。凡生起于五蕴名色诸法之上的烦恼,圣道法都以正断将其灭除无余。该圣道法对于这些法,必定已经——
原书第 113 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း နိယာမ သဘောအားဖြင့် ပိုင်းခြားသိပြီးသာ ဖြစ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီးသာ ဖြစ်ကုန်၏။ ထိုကြောင့် ပရိညာသုံးပါးလုံးသည် ဤအကြောင်း ပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်၏ ကိစ္စသာ ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ-၂-၃၃၅။) အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- အရိယမဂ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့်စွမ်းအား ရှိခြင်းကြောင့် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။
——已经分别了知,也已经探究、思惟并判定为无常、苦、无我。因此,应当知道:从这一层意义来说,三种遍知全都是圣道智的作用。(《清净道论》2-335。)上述义注解释的含义如下:圣道法具有能把诸烦恼灭除无余的力量,因此,就直接、主要的意义而言,它获得“断遍知”之名。
ဝိပဿနာဉာဏ်တို့ကား တဒင်္ဂအားဖြင့်သာ ကိလေသာတို့ကို ပယ်စွန့်နိုင်သည့်စွမ်းအားရှိခြင်းကြောင့်၊ ကိလေသာ တို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်သည့် ဤအကြောင်း ပရိယာယ်အားဖြင့်သာ ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ တစ်ဖန် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကိုရရှိ၍ ပရိယာယ် အားဖြင့် ဉာတပရိညာ တီရဏပရိညာဟူသောအမည်ကိုလည်း ရရှိပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။
至于诸观智,因为它们只有以彼分断的方式舍断烦恼的力量,所以也只从这一转义上获得“断遍知”之名。另一方面,圣道法就直接、主要的意义而言称为断遍知,而从转义上也获得知遍知与审察遍知之名。理由如下。
အရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်တတ် ပယ်သတ်တတ် သောကြောင့် ပဟာန ဟူသော အမည်ကို ရရှိပေသည်။ သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက် ထွင်းဖောက်သိမြင်သောကြောင့် ပိုင်းပိုင်းခြားခြားသိသောကြောင့် ပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်။
圣道法能把应断的烦恼舍断无余、灭除无余,因此获得“断”之名;又因为它以所缘直接现前的方式,洞彻知见并清楚分别那应知当知的无为界、寂静界——殊胜的涅槃法,所以也获得“遍知”之名。因此,就直接、主要的意义而言,圣道法获得“断遍知”之名。
အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟူသော ပဋိဝေဓ နှစ်မျိုးတို့ဖြင့် သစ္စာ လေးပါးကို ထွင်းဖောက်သိမြင်၏။ ထိုပဋိဝေဓနှစ်မျိုးတို့တွင် အာရမ္မဏပဋိဝေဓဟူသည် အာရုံမျက်မှောက် ထွင်း- ဖောက်သိမြင်ခြင်းတည်း။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာ တရားကို အာရုံမျက်မှောက်ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်၏။ ထိုသို့ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်- မြတ်ကို အာရုံမျက်မှောက်ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်ရာ၌ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်း- ထားသည့် မောဟ အဝိဇ္ဇာအမှောင်ထုကိုလည်း အကြွင်းမဲ့ ဖျက်ဆီးလိုက်၏၊ အကြွင်းမဲ့ ပယ်သတ်လိုက်၏။
圣道法以称为“所缘通达”和“无痴通达”的两种通达,洞彻知见四圣谛。在这两种通达中,所谓所缘通达,就是以所缘直接现前的方式洞彻知见。圣道法把称为无为界、寂静界之涅槃的灭谛法作为直接现前的所缘而洞彻知见;当它如此把殊胜的无为界、涅槃法作为直接现前的所缘而洞彻知见时,也把遮蔽四谛、令四谛不能被知见的痴——无明黑暗——灭除无余、摧毁无余。
သို့အတွက် ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုသို့ သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ = အဝိဇ္ဇာအမှောင်ထုကို အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် ကိစ္စသိဒ္ဓိ အားဖြင့် သစ္စာလေးပါးကို သိမှုကို အသမ္မောဟပဋိဝေဓ ဟု ခေါ်ဆို၏။ ထိုကြောင့် အရိယမဂ်တရားသည် အသမ္မောဟပဋိဝေဓသဘောအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော --- ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့်၊ ၂။ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတည်း ဟူသော သမုဒယသစ္စာတရား --- ဤ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကိုလည်း ကိစ္စသိဒ္ဓိအားဖြင့် ပိုင်းခြားသိခြင်းကိစ္စ တစ်ပါတည်း
因此,对四谛全都加以了知的作用,也依作用成就而同时完成。这种借由把遮蔽四谛、令四谛不能被知见的痴——无明黑暗——灭除无余,而依作用成就了知四谛,称为“无痴通达”。所以,从无痴通达这一层意义来说,对于作为观智所观所缘的以下诸法,圣道法也能依作用成就加以分别了知:1.以过去、未来、现在、内、外、粗、细、劣、胜、远、近十一种情形而存在的五取蕴,即苦谛法;2.因法与果法之间的因果相联关系,即作为集谛法的缘起自性法。对于这些苦谛法与集谛法,依作用成就而分别了知的作用也一并——
ပြီးစီးသွားရကား ဤအကြောင်းပရိယာယ်အားဖြင့် ဉာတပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။
——完成。因此,从这一转义上,圣道法也获得“知遍知”之名。
တစ်ဖန် အရိယမဂ်တရားသည် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို မသိအောင်ဖုံးလွှမ်းထားသည့် မောဟ = အဝိဇ္ဇာကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုကြောင့် ကိစ္စသိဒ္ဓိအားဖြင့် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်း
再者,圣道法也把遮蔽苦谛法与集谛法之无常、苦、无我行相,令这些行相不能被知见的痴——无明——灭除无余。因此,对苦谛法与集谛法的无常、苦、无我行相作探究——
原书第 114 页
ဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်း လုပ်ငန်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုကြောင့် အရိယမဂ် တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။
——思惟、判定并分别了知的作用,也依作用成就而同时完成。因此,从这一转义上,圣道法也获得“审察遍知”之名。
တစ်ဖန် အရိယမဂ်တရားကို မရမီအတွင်း၌ အရိယမဂ်၏ ရှေးအဖို့၌ ကျင့်ရသော ပုဗ္ဗဘာဂပဋိပဒါကျင့်စဥ် ပိုင်းတွင် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ပိုင်းခြားသိခြင်း ဉာတပရိညာနှင့် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်း ဟူသော တီရဏပရိညာ - ဤပရိညာနှစ်ပါးတို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရ၏။
再者,在尚未获得圣道法以前,于圣道之前应修的前分行道阶段,瑜伽行者必须努力证得这两种遍知:一是分别了知苦谛法与集谛法的知遍知;二是对苦谛法与集谛法的无常、苦、无我行相加以探究、思惟、判定并分别了知的审察遍知。
ယင်းပရိညာနှစ်ပါးတို့ကား ပဟာနပရိညာအမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် ဉာတပရိညာ တီရဏပရိညာဟူသော အမည် ကိုလည်း ရရှိပေသည်။
由于这两种遍知完全是为了证得那称为“断遍知”的圣道法,所以,从这一层转义而言,圣道法也获得“知遍知”和“审察遍知”之名。
ဤအထက်ပါ လောကီပရိညာသုံးမျိုး လောကုတ္တရာပရိညာသုံးမျိုးတို့ဖြင့် အလုံးစုံသောဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းပိုင်းခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်၊ ပိုင်းပိုင်းခြားခြား သိပါမှ သာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဟု အထက်ပါ အပရိဇာနနသုတ္တန်တွင် ဘုရားရှင်က ဟောညွှန် လျက်ရှိပေသည်။ ထိုပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည့် တရားစုတွင် အတိတ်ဥပါဒါနက္ခန္ဓာငါးပါး အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း အကျုံးဝင်လျက်ရှိသည်ကိုကား ဖြူစင်ဖြောင့်စင်းသော စိတ်ထား မမေ့ ပျောက်တတ်သော သတိတရားဖြင့် ရိုသေစွာ မှတ်သားထားလေရာသည်။
如果不能以以上三种世间遍知和三种出世间遍知,清楚分别一切五取蕴、色名诸法,轮回流转的苦便不可能终结;只有清楚分别了知,轮回流转的苦才能终结——世尊在上述《不遍知经》中正作了这样的教导。对于必须以这三种遍知清楚分别了知的诸法,应当以清净正直之心和不忘失之念,恭敬牢记:过去五取蕴与未来五取蕴也都包括在内。
ယခုတစ်ဖန် ဆက်လက်၍ ဘုရားအလောင်းတော်၏ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ် အကြောင်း ကို မဟာဗုဒ္ဓဝင် ဒုတိယတွဲမှ ထုတ်နုတ်၍ ရေးသားတင်ပြအပ်ပါသည်။
现在继续从《大佛史》(Mahābuddhavaṃsa)第二册摘录,说明菩萨殊胜的大金刚观智(Mahāvajira-vipassanā-ñāṇa)。
အလောင်းတော်သည် ကုဋေသုံးသန်းခြောက်သိန်းသော
菩萨修习三百六十万俱胝——
မဟာဝဇိရဝိပဿနာတရား ပွားတော်မူခြင်း
——大金刚观法
ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ဒါနစသော ပါရမီကောင်းမှုကုသိုလ်စုဖြင့် လောဘ ဒေါသစသော ထိုထို ကိလေသာအင်္ဂါကို ပယ်ခွာသုတ်သင်အပ်ပြီးရကား နိဗ္ဗာန်ခရီးကို ကာဆီးဖုံးကွယ်မှု ပြုလုပ်တတ်သည့် မောဟ ကိလေသာဗိုလ်ချုပ်ကိုလည်း အခြံအရံနှင့် တကွ သုတ်သင်ရှင်းလင်းပြီး ဖြစ်သော ဘုရားအလောင်းတော်သည် ထိုသည့် ကဆုန်လပြည့်နေ့ မိုးသောက်ယာမ် (ညဥ့်၏နောက်ပိုင်း) အချိန်၌ မဟာဝဇိရဝိပဿနာတရား ပွားများ အားထုတ်တော်မူလေသည်။ အားထုတ်တော်မူပုံ အမြွက်မှာ --- အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းတို့ရှိရာ စကြဝဠာ တစ်တိုက်တစ်တိုက် အတွင်း၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ်ဖြစ်ပွားသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တစ်တိုက်တစ်တိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထသဘာဝဓမ္မအစစ်အနေဖြင့် အဝိဇ္ဇာ၊ သင်္ခါရ (ဟူသော အတိတ်အဓွန့်ကာလအကြောင်းတရား) ၊ ဝိညာဏ်၊
如前所述,菩萨借由布施等波罗蜜善业功德资粮,已经舍除、净化贪、瞋等种种烦恼支分;连同能够障蔽涅槃之路的烦恼统帅——痴——及其眷属,也已经清除净尽。这样成办一切之后,菩萨便在那一迦宋月圆日的黎明时分(后夜),修习大金刚观法。其修习方式略说如下:威令刹土(āṇākhetta)包含十万俱胝个世界系。菩萨审察每一世界系中人、天、梵天等有情于过去、现在、未来三时真正生起的法之核心时,清楚知见:无论每一世界系中的人、天、梵天有多少,就真正的究竟自性法而言,都不外是无明、行(过去时段的因法),以及识——
နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (ဟူသော ပစ္စုပ္ပန်အဓွန့်ကာလအကျိုးတရား)၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ (ဟူသော ပစ္စုပ္ပန်အဓွန့်ကာလအကြောင်းတရား) တို့နှင့် (ဥပပတ္တိဘဝဖြစ်သော) ဇာတိ၊ ဇရာ+မရဏ (ဟူသော အနာဂတ်အကျိုးတရား) ဤ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။
——名色、六处、触、受(现在时段的果法),爱、取、业有(现在时段的因法),以及生(即生有)、老死(未来的果法)。菩萨如此清楚知见了这十二缘起支所成的究竟自性法之法体。
原书第 115 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ်ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသားကို ဆင်ခြင်တော်မူသောအခါ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါတစ်ဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေ- ကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသား- ကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါးစီတည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုတို့ကို ကောင်းစွာ သိမြင်တော်မူလေသည်။
菩萨审察这个世界系中人、天、梵天等有情于三时真正存在的究竟自性法之法体时,清楚知见无明、行、识、名色、六处、触、受、爱、取、有、生、老死这十二缘起支的法体——即应当作为观照所缘的一组法。与此相同,他又审察其余世界系中人、天、梵天等有情于三时真正存在的究竟自性法之法体;如此审察时,也清楚知见每一世界系中都有与这个世界系相同的十二缘起支,即应当作为观照所缘的一组法。
ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းတည်း ဟူသော အာဏာခေတ်အတွင်း တည်ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဥ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသားကို စဥ်းစားဆင်ခြင်တော်မူသော၊ အလောင်းတော်သူမြတ်၏ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာ တင်ရမည့် တရားအစုတို့ကား -- အဝိဇ္ဇာပေါင်း ကုဋေတစ်သိန်း၊ သင်္ခါရပေါင်း ကုဋေတစ်သိန်း၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ+မရဏပေါင်းလည်း ကုဋေတစ်သိန်းစီဖြစ်ရကား (၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့် ) တရားသားတို့မှာ ကုဋေတစ်သန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။
如是,当菩萨思惟、审察威令刹土——十万俱胝个世界系——内人、天、梵天等有情的诸蕴相续中,于三时真正存在的究竟自性法之法体时,由菩萨智所知见、应当作为观照所缘的诸法组,就是:无明有十万俱胝组,行有十万俱胝组;识、名色、六处、触、受、爱、取、有、生、老死也各有十万俱胝组。因此,十二支合计,菩萨所谓的“观行所缘”(vipassanācāra,即应当作为观照所缘的诸法体)共有一百二十万俱胝组。
အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဥ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောကျာ်းသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ် ချုံ ပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရားအလောင်းတော်- သည်လည်း တစ်ထောင့်ငါးရာ ကိလေသာ တောအုပ် ချုံ ပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်- တော်၏ လက်သုံးဖြစ်သော မဟာဝဇိရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါနစတုတ္ထစျာန် သမာပတ်တည်းဟူသော ဓားသွေးကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထစျာန်သမာပတ်ကို ဝင်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတစ်သန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတရားအစုတို့ကို တစ်ခုစီ တစ်ခုစီ အနိစ္စလက္ခဏာယာဥ် တင်၍လည်းကောင်း၊ ဒုက္ခလက္ခဏာယာဥ် တင်၍လည်းကောင်း၊ အနတ္တလက္ခဏာယာဥ်
譬如一个人要砍伐、清除一片盘结稠密、极难开辟的大森林,便把手中之刀放在磨石上反复磨利,再以锋利的刀清除那盘结稠密的森林、灌丛和荆棘;同样,菩萨为了清除一千五百种烦恼所成的森林、灌丛和荆棘,也把自己手中的大金刚观智之慧剑磨得锐利,在称为磨刀石的入出息念第四禅等至中反复磨砺(即反复进入入出息念第四禅等至)。随后,对于上述一百二十万俱胝组缘起支诸法,他逐组分别置于无常相之下、置于苦相之下、置于无我相——
တင်၍လည်းကောင်း ဆင်ခြင်သုံးသပ်တော်မူလေသည်။
——之下,加以审察。
သို့ရကား ကုဋေတစ်သန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တစ်ခု တစ်ခုလျှင် အနိစ္စ ဝိပဿနာဉာဏ်၊ ဒုက္ခဝိပဿနာဉာဏ်၊ အနတ္တဝိပဿနာဉာဏ် ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သော ကြောင့် ကုဋေတစ်သန်းနှစ်သိန်းကိုတည်၊ သုံးဖြင့် မြှောက်ပွား၍ မဟာဝဇိရဝိပဿနာဉာဏ်တော်ပေါင်း ကုဋေ သုံးသန်းခြောက်သိန်း ဖြစ်လေသည်။
所以,在这一百二十万俱胝组缘起支诸法中,每一组都各有无常观智、苦观智、无我观智三种观智。以一百二十万俱胝乘以三,大金刚观智总数便是三百六十万俱胝。
(ဤ မဟာဝဇိရဝိပဿနာဉာဏ် အကြောင်းအရာအမြွက်သည် ဥပရိပဏ္ဏာသဋီကာ အနုပဒသုတ်အဖွင့် စာမျက်နှာ - ၂၇၅ - ၌လည်းကောင်း၊ ဝိနည်းသာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက သာရိပုတ္တမောဂ္ဂလဒာန ပဗ္ဗဇ္ဇာကထာအဖွင့် စာမျက်နှာ -၂၂၉ - ၌လည်းကောင်း လာရှိသည်။) ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာ ဖြစ်သည်။ ငါတို့ မြတ်စွာဘုရားအလောင်းတော်သည်လည်း ရှေးဘုရားအလောင်း တော်တို့ နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံ သုံးသပ်ဆင်ခြင်တော်
(这段大金刚观智的概要,见《中部·后五十经复注》〈逐一经〉释第275页,也见《律藏〈要义阐明〉复注》(Vinaya-sāratthadīpanī-ṭīkā)第三册《大犍度》〈舍利弗、目犍连出家论〉释第229页。)一切菩萨将要成佛时,照顺序与逆序审察缘起法,乃是自然常法。我们的菩萨也如过去诸菩萨一样,依前述方式顺逆审察缘起法——
原书第 116 页
မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ် တစ်သောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေ သည်။
——就在这次审察之时,诞生刹土(jātikhetta)内的一万个世界系,直至环海边际,全都震动起来。
မြတ်စွာဘုရားအလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ = (ဘုရားအလောင်း- တော်တိုင်း၏) ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါး တရားအစု၌ ကုဋေသုံးသန်းခြောက်သိန်းသော မဟာဝဇိရဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စား- တော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက်ဝိပဿနာဉာဏ်ပညာ ဓားအသွား ထက်စိမ့်သောငှာ အာနာပါနစတုတ္ထစျာန်သမာပတ်တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တစ်ဖန် သွေးတော်မူပြန်ခြင်း ဖြစ်သည်။) ထိုသို့ အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားတော်မူပြီးလျှင် (= အထက်ဝိပဿနာဉာဏ်ပညာ ဓားအသွား ထက်အောင် သွေးတော်မူပြီးလျှင်) ထိုစျာန်မှ ထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက်အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွားစေတော်မူလေသည်။
如前所述,菩萨依一切佛陀——也就是一切菩萨——的自然常法,在十二缘起支诸法组中修成三百六十万俱胝大金刚观思惟智之后,又进入入出息念第四禅。(这样入定,是为了在称为入出息念第四禅等至的上好磨刀石上,再次磨砺以生灭智为首的更高阶观智之慧剑,使其锋刃锐利。)再次进入入出息念第四禅之后(即磨利更高阶观智的慧剑之后),菩萨从该禅出定,在五蕴诸法组中轻易地生起以生灭智为首、更高又更高的诸观智。
(ဤ၌ ။ ။ အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋက သုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်- အောင် လေ့လာပွားများ အားထုတ်တော်မူခဲ့ဖူးသောကြောင့်လည်းကောင်း၊ ရှေးဖော်ပြရာပါ မဟာဝဇိရဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေသုံးသန်းခြောက်သိန်းတို့ဖြင့် လေ့လာပွားများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်လည်းကောင်း --- အထက်အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ရရှိ- တော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ စာမျက်နှာ-၅၅- ကို မှီးငြမ်းပြုသည်။) ဤကား မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ (၃၃၄-၃၃၈)တို့၌ လာရှိသော မဟာဝဇိရဝိပဿနာ ဉာဏ်-
(这里应当确信并牢记:菩萨过去曾在诸佛座下出家,学习通达三藏;修习观禅时,也曾经培育、修习直至生灭智、坏灭智、怖畏智、过患智、厌离智、欲解脱智、审察智、行舍智。又因上述三百六十万俱胝大金刚观思惟智的培育,其智慧力量极其广大。由于这两项原因,他才能轻易获得更高又更高的诸观智。此说参考《胜者庄严复注》(Jinālaṅkāra-ṭīkā)以及《经大品复注》(Sutta-mahāvagga-ṭīkā)第55页。)以上就是《大佛史》第二册第334—338页所载的大金刚观智——
တော်မြတ် အကြောင်း ဖြစ်သည်။
——这一殊胜智的说明。
ဗောဓိကထာ ကောက်နုတ်ချက်
《菩提说》节录
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်မြင်တော်မူပြီးနောက် ထိုညဥ့်၏ညဥ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခု- အဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရရှိတော်မူလျက် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေသည်။
菩萨于大纪元(Mahāsakkarāja)一〇三年迦宋月满月日、日落以前战胜天子魔。随后,他在当夜初夜获得宿住随念通,中夜获得天眼通,后夜获得漏尽智,由此成佛。
ထိုအခါ ဘုရားရှင်သည် ဗောဓိပင်ရင်း အပရာဇိတပလဒင်ထက်၌ပင် ခုနစ်ရက်ပတ်လုံး တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာထူးကြီးကို ခံစားတော်မူလျက် သီတင်းသုံးစံနေတော်မူ၏။
其时,世尊仍在菩提树下的不可胜座上,以同一跏趺坐姿安住整整七日,享受阿罗汉果解脱的殊胜安乐。
ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ညဥ့်ဦးယာမ်၌လည်းကောင်း၊ မဇ္ဈိမယာမ်၌လည်းကောင်း၊ ပစ္ဆိမယာမ်၌- လည်းကောင်း --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ပ ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယတွေဝအသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော။
迦宋月满月次日的初夜、中夜和‘以无明为缘而有诸行,以诸行为缘而有识……如此,这整个苦蕴生起。唯由无明无余离贪灭,故诸行灭;由诸行灭,故识灭——’
ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (ဝိ-၃-၁။)
‘……如此,这整个苦蕴止息。’(《律藏》3-1。)
原书第 117 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရတို့ဖြစ်ကုန်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောသည် ထင်ရှား ဖြစ်ပေါ်လာပေ၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏၊ သင်္ခါရ၏ ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောသည် ထင်ရှား ဖြစ်ပေါ်လာ၏။ (ဝိ-၃-၁။) --- ဤသို့လျှင် သံသရာဝဋ်ဒုက္ခ၏ ဖြစ်စဥ်တည်းဟူသော အနုလောမအားဖြင့်လည်းကောင်း၊ သံသရာဝဋ်- ဒုက္ခ၏ချုပ်စဥ်ဟူသော ပဋိလောမအားဖြင့်လည်းကောင်း ပဋိစ္စသမုပ္ပါဒ်သဘောတရားကို နှလုံးသွင်းတော်မူ၏။
由于无明生起,诸行便生起;由于诸行生起,识便生起……如此,这一纯然不杂安乐的苦聚、苦蕴,其生起之因及生起本身便显现出来。唯因无明由阿罗汉道而无余止息,诸行才止息;由于诸行止息,识便止息……如此,这一纯然不杂安乐的苦聚、苦蕴,其止息之因及止息本身便显现出来。(《律藏》3-1。)世尊即这样从轮回之苦的生起次第这一顺观,以及轮回之苦的止息次第这一逆观,对缘起法作意。
ပထမယာမ်၌ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အထက်ပါအတိုင်း အနုလုံပဋိလုံ နှလုံးသွင်းတော်မူ- ပြီးသောအခါ ပထမဥဒါန်းဂါထာကိုလည်းကောင်း၊ မဇ္ဈိမယာမ်၌ နှလုံးသွင်းတော်မူပြီးသောအခါ ဒုတိယဥဒါန်း ဂါထာကိုလည်းကောင်း၊ ပစ္ဆိမယာမ်၌ နှလုံးသွင်းတော်မူပြီးသောအခါ တတိယဥဒါန်းဂါထာကိုလည်းကောင်း ကျူးရင့်တော်မူလေသည်။ ဤအရာတွင် ဝိနယမဟာဝဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထားတော်မူ၏။ --- ဘဂဝါ ဟိ ဝိသာခပုဏ္ဏမာယ ရတ္တိယာ ပဌမယာမေ ပုဗ္ဗေနိဝါသံ အနုဿရိ၊ မဇ္ဈိမယာမေ ဒိဗ္ဗစက္ခုံ ဝိသောဓေသိ၊ ပစ္ဆိမယာမေ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသိ ကတွာ ''ဣဒါနိ အရုဏော ဥဂ္ဂမိဿတီ''တိ သဗ္ဗညုတံ ပါပုဏိ။ သဗ္ဗညုတပ္ပတ္တိသမနန္တရမေဝ စ အရုဏော ဥဂ္ဂစ္ဆိ၊ တတော တံ ဒိဝသံ တေနေဝ ပလဒင်္ကေန ဝီတိနာမေတွာ သမ္ပတ္တာယ ပါဋိပဒရတ္တိယာ တီသု ယာမေသု ဧဝံ မနသိ ကတွာ ဣမာနိ ဥဒါနာနိ ဥဒါနေသိ။
初夜如上顺逆作意缘起法之后,世尊吟诵第一首自说偈;中夜作意之后,吟诵第二首;后夜作意之后,吟诵第三首。关于这一点,《律藏‘世尊在毗舍佉月圆夜的初夜忆念宿住,中夜清净天眼,后夜顺逆作意缘起;当黎明将升起时,证得一切知智。就在证得一切知智之后,黎明随即升起。此后,他以同一跏趺坐度过那一天;到了次夜,三个夜分都如此作意,并吟诵这些自说偈。’
(ဝိ-ဋ္ဌ-၃-၂၃၇။)
(《律藏义注》3-237。)
= ဘုရားရှင်သည် (= ဘုရားအလောင်းတော်သည် ) မဟာသက္ကရာဇ် (၁ဝ၃)ခု ကဆုန်လပြည့်နေ့ ညဥ့်၏ ပထမယာမ်၌ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဥ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အစဥ်လျှောက်၍ အောက်- မေ့တော်မူခဲ့၏။ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်ကို စင်ကြယ်စေတော်မူခဲ့၏၊ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းရှုပွားတော်မူလတ်သော် ---''ဤယခုအခါ၌ နေအရုဏ်သည် တက်ပေတော့လတ္တံ့'' ဟု ပြောဆိုသင့်သော အချိန်၌ သဗ္ဗညုတဉာဏ်တော်မြတ်သို့ဆိုက်ရောက်တော်မူခဲ့၏။ သဗ္ဗညုတဉာဏ်တော်မြတ်သို့ ဆိုက်ရောက်တော်မူသည်၏ အခြားမဲ့မှာပင်လျှင် နေအရုဏ်သည်လည်း တက်ခဲ့လေ၏။ ထိုနောင် ထိုနေ့ပတ်လုံး ထိုထက်ဝယ်ဖွဲ့ခွေ ထိုင်နေခြင်းဖြင့်ပင်လျှင် အချိန်ကို ကုန်လွန်စေ၍ ဆိုက်ရောက်လာသော အထွက်တစ်ရက် = ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ညဥ့်၌ ညဥ့်သုံးယာမ်တို့၌ ဤအတူ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို အနုလုံ
也就是说,世尊(当时还是菩萨)在大纪元(Mahāsakkarāja)一〇三年迦宋月满月夜的初夜,以宿住随念通依次忆念过去曾住的诸蕴相续;中夜令天眼通清净;后夜顺逆作意、修观缘起之时,正当可以说‘现在黎明即将升起’之际,证得了一切知智。证得一切知智之后无间,黎明也随即升起。此后,他仍以同一跏趺坐度过整日;到了次日,即迦宋月满月次日之夜,又在三个夜分中如此对缘起法作顺——
ပဋိလုံ နှလုံးသွင်းတော်မူပြီးသောအခါ ဤဥဒါန်းဂါထာတို့ကို ကျူးရင့်တော်မူလေသည်။ --- ၁။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။
逆作意之后‘诚然,当诸法向那位精勤禅修的婆罗门显现时——’
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတုဓမ္မံ။ (ဝိ-၃-၂။)
‘于是他的一切疑惑尽皆消退,因为他如实了知有因之法。’(《律藏》3-2。)
အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်- ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာလက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။
‘精勤者(ātāpino)’,意为具有正勤之勇猛精进,能强力压伏、烧灼一千五百种烦恼。‘禅修者(jhāyato)’,意为对入出息等种种止业处,以及形形色色名色诸行的无常、苦、无我相,专注、深入而坚定地修观,直至到达安止禅之道;也可解作‘由于精勤修观’。‘婆罗门(brāhmaṇassa)’,意为在那位因已摒除一切恶而名为‘清净婆罗门’的阿罗汉圣者相续中。‘当……时(yadā)’,即某一时刻。‘诸法(dhammā)’,即三十七菩提分法。‘诚然(have)’,即确实。
原书第 118 页
ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ ယတော = ယင်းသို့ ဗောဓိပက္ခိယဓမ္မအပြား သုံးဆယ် ခုနစ်ပါးကုန်သော တရားတို့၏ ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာခြင်းကြောင့်။ သဟေတုဓမ္မံ = အဝိဇ္ဇာ အစရှိသော အကြောင်းတရားနှင့်တကွ သင်္ခါရ အစရှိသော အကျိုးတရားစု ဒုက္ခထုကို။ ပဇာနာတိ = ဝိပဿနာပညာ မဂ်ပညာဖြင့် ပိုင်းခြားထင်ထင် ထိုးထွင်းသိမြင်လေ၏။ အထ = ထိုသို့ ပဋိစ္စဓာတ် သမုပ္ပါဒ်ကို တပ်အပ် ထင်ထင် လင်းလင်း သိမြင်သော ထိုအခါ၌။ အဿ = ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို မသိမြင် ခြင်းကြောင့် ကာလသုံးပါးဝယ် ဖြစ်ပွားသည့် ရုပ်နာမ်တရားတို့၌ ယုံမှားခြင်းတရား (၁၆)ပါးတို့သည်။ ဝပယန္တိ = ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့ ကင်းပျောက် ချုပ်ငြိမ်းကြလေကုန်၏။
‘显现(pātubhavanti)’,即明显生起、出现。‘由于(yato)’,即由于这三十七菩提分法如此明显生起。‘有因之法(sahetudhammaṃ)’,即以无明等为因、连同诸行等果法在内的苦聚。‘了知(pajānāti)’,即以观慧和道慧分别而清楚、透彻地知见。‘于是(atha)’,即如此清楚无误地知见缘起之时。‘他的(assa)’,即在那位阿罗汉圣者的相续中。‘一切(sabbā)’,即无一遗漏、全部。‘疑惑(kaṅkhā)’,即对缘起法的疑惑,以及由于不知见缘起法而对三时所生名色法产生的十六种疑惑。‘消退(vapayanti)’,即 vi-apayanti,如霜雪遇见烈日般消失、止息。
၂။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။
‘诚然,当诸法向那位精勤禅修的婆罗门显现时——’
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒိ။ (ဝိ-၃-၂။)
‘于是他的一切疑惑尽皆消退,因为他证知诸缘的灭尽。’(《律藏》3-2。)
အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်- ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။
‘精勤者(ātāpino)’,意为具有正勤之勇猛精进,能强力压伏、烧灼一千五百种烦恼。‘禅修者(jhāyato)’,意为对入出息等种种止业处,以及形形色色名色诸行的无常、苦、无我相,专注、深入而坚定地修观,直至到达安止禅之道;也可解作‘由于精勤修观’。‘婆罗门(brāhmaṇassa)’,意为在那位因已摒除一切恶而名为‘清净婆罗门’的阿罗汉圣者相续中。‘当……时(yadā)’,即某一时刻。‘诸法(dhammā)’,即三十七菩提分法。‘诚然(have)’,即确实。
ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ ယတော = ယင်းသို့ ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ် ခုနစ်ပါးကုန်သော တရားတို့၏ ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာခြင်းကြောင့်။ ပစ္စယာနံ = အဝိဇ္ဇာ အစရှိသော အကြောင်းတရားတို့၏။ ခယံ = ကုန်ခန်းရာမှန် အသင်္ခတနိဗ္ဗာန်တရားတော်မြတ်ကို။ အဝေဒိ = ထိုးထွင်းထင်ထင် လင်းလင်း သိမြင်တော်မူလေပြီ။ အထ = ထိုသို့ အကြောင်းတရားတို့၏ ကုန်ရာ = ပစ္စယက္ခယ အမည်ရသည့် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို တပ်အပ်ထင်ထင် လင်းလင်း သိမြင်သောအခါ၌။အဿ = ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ခြင်းကြောင့် ကိုယ်တွင်း၌မှာ ဖြစ်ပေါ်လာမည့် ကင်္ခါယုံမှား တရားအစုတို့သည်။ ဝပယန္တိ = ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့
‘显现(pātubhavanti)’,即明显生起、出现。‘由于(yato)’,即由于这三十七菩提分法如此明显生起。‘诸缘的(paccayānaṃ)’,即无明等诸因法的。‘灭尽(khayaṃ)’,即诸因灭尽之处——殊胜的无为涅槃法。‘证知(avedi)’,即已经清楚、透彻地知见。‘于是(atha)’,即如此清楚无误地知见诸因灭尽之处、名为‘缘尽’的无为界涅槃胜义之时。‘他的(assa)’,即在那位阿罗汉圣者的相续中。‘一切(sabbā)’,即无一遗漏、全部。‘疑惑(kaṅkhā)’,即因未能透彻、清楚地知见无为界、寂静界这一殊胜涅槃法,而可能在内心生起的种种疑惑。‘消退(vapayanti)’,即 vi-apayanti,如霜雪遇见烈日般——
ကင်းပျောက် ချုပ်ငြိမ်းကြလေကုန်၏။
消失、止息。
၃။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။
‘诚然,当诸法向那位精勤禅修的婆罗门显现时——’
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ သြဘာသယမန္တလိက္ခံ။ (ဝိ-၃-၂။)
‘他驱散魔军而安住,犹如太阳照耀虚空。’(《律藏》3-2。)
အာတာပိနော = တစ်ထောင့် ငါးရာကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်- ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။
‘精勤者(ātāpino)’,意为具有正勤之勇猛精进,能强力压伏、烧灼一千五百种烦恼。‘禅修者(jhāyato)’,意为对入出息等种种止业处,以及形形色色名色诸行的无常、苦、无我相,专注、深入而坚定地修观,直至到达安止禅之道;也可解作‘由于精勤修观’。‘婆罗门(brāhmaṇassa)’,意为在那位因已摒除一切恶而名为‘清净婆罗门’的阿罗汉圣者相续中。‘当……时(yadā)’,即某一时刻。‘诸法(dhammā)’,即三十七菩提分法。‘诚然(have)’,即确实。
ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ (တဒါ = ထိုအခါ၌။) သူရိယော = ယုဂန္ဓိုရ်တောင်စွန်းမှ
‘显现(pātubhavanti)’,即明显生起、出现。‘(其时,tadā)’,即在那个时候。‘太阳(sūriyo)’,即从持双山顶端——
原书第 119 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ပေါ်ထွန်းထွက်ပြူ ဥဒည်မူသော ရှင်နေမင်းသည်။ အန္တလိက္ခံ = အဇဋာပြင် မိုးကောင်းကင်ကို။ သြဘာသယံ = သြဘာသယန္တော = မိမိအရောင် ခြည်တစ်ထောင်ဖြင့် မိုက်မှောင် ပယ်ရှင်း ထွန်းလင်း တောက်ပလျက်။ တိဋ္ဌတိ ဣဝ = တည်နေသကဲ့သို့။ (သော ဗြာဟ္မဏော = ထိုရဟန္တာသခင် အရှင်သူမြတ်သည်။ တေဟိ ဓမ္မေဟိ = ထို ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့ဖြင့်။ ) မာရသေနံ = ကာမရာဂ စသည်ဆယ်ထပ် မာရ်စစ်တပ်ကို။ ဝိဓူပယံ = ဝိဓူပယန္တော = မုန့်မုန့်ညက်ညက် တိုက်ဖျက်ပယ်ဖျောက်လျက်။ တိဋ္ဌတိ = ပညာတန်- ဆောင် ဉာဏ်တော်ရောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျှင် နေစက်နှုန်းတူ တည်နေတော်မူပါပေ၏။
升起、显现的日轮。‘虚空(antalikkhaṃ)’,即无障碍的天空。‘照耀(obhāsayaṃ)’,即 obhāsayanto,以自身千道光芒驱散黑暗,照明辉耀。‘犹如安住(tiṭṭhati iva)’,即如同安住一般。(‘那位婆罗门(so brāhmaṇo)’,即那位阿罗汉圣者;‘以那些法(tehi dhammehi)’,即以那三十七菩提分法。)‘魔军(mārasenaṃ)’,即以欲贪为首的十重魔军。‘驱散(vidhūpayaṃ)’,即 vidhūpayanto,彻底摧毁、遣除。‘安住(tiṭṭhati)’,即以慧灯与智光灿然照耀,犹如日轮一般安住。
(ဝိ-၃-၂။) (မဟာဗုဒ္ဓဝင် - ဒု - ၃၅၇-၃၆၁။) ဤတွင် - ''ဘုရားရှင်သည် ဘုရားမဖြစ်မီ ဘုရားအလောင်းတော်ဘဝကလည်း ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူသောအခါ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံပဋိလုံ အပြန်အလှန် ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏။ ဘုရားဖြစ်တော်မူပြီးနောက်လည်း အလားတူပင် ယင်းပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုလုံ ပဋိလုံ အပြန်ပြန် အလှန်လှန် ရှုပွားသုံးသပ်တော်မူ၏''- ဟူသော ဤအချက်ကိုကား မှတ်သားထားလေရာသည်။
(《律藏》3-2;《大佛史》第二册,357—361。)这里应当记住这一点:‘世尊尚未成佛、仍为菩萨而修习观禅业处时,便曾对缘起法作顺逆往返的观修与审察;成佛之后,也同样反复顺逆观修、审察这一缘起法。’
ဂေါတမကစေတိယသုတ္တန် ကောက်နုတ်ချက်
《乔达摩支提经》节录
ဗေဒင်သုံးပုံ၌ တစ်ဘက်ကမ်းခပ်အောင် တတ်မြောက်ကြသည့် ဗြာဟ္မဏဘဝမှ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသော ရဟန်း (၅ဝဝ) တို့သည် ဘုရားရှင်၏ ပရိယတ္တိတရားတော်ကို အလွယ်တကူ မပင်မပန်း သင်ယူတတ်မြောက်မှုကို အကြောင်းပြု၍ ထိုရဟန်းတို့၏ သန္တာန်၌ မာန်မာနတရားများ ထင်ရှားစွာ ဖြစ်ပေါ်လာကြ၏။ ထို မာန်မာနတရားသည် ထို ရဟန်းတို့၏ အရဟတ္တဖိုလ်၏အန္တရာယ် ဖြစ်နိုင်ကြောင်းကို သိရှိတော်မူသဖြင့် ဘုရားရှင်သည် ထိုရဟန်း (၅ဝဝ)တို့အား မူလပရိယာယသုတ္တန် (မ-၁-၁။) မူလပရိယာယ- ဇာတ်တော် (ဇာတက-ဋ္ဌ-၂-၂၃၇။) တို့ကို ဟောကြားတော်မူလျက် ထိုရဟန်းတို့၏ မာနတရားကို နှိမ်ချိုးပေး- တော်မူ၏။ မာနကို နှိမ်ချိုးပြီးနောက် ထိုရဟန်းတို့၏ သန္တာန်ဝယ် သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများ အားထုတ်ကြသဖြင့် ဣန္ဒြေများ ရင့်ကျက်လာသောအခါ ဝေသာလီပြည် ဂေါတမကစေတီတွင် ဤ ဂေါတမက-
五百位比丘原为精通三吠陀的婆罗门,后来进入佛教、出家为僧。由于他们不费力便轻易学会世尊的教理教法,慢心在他们的相续中明显生起。世尊知道这种慢会成为他们证得阿罗汉果的障碍,于是向这五百位比丘宣说《根本法门经》(《中部》1-1)和《根本法门本生》(《本生义注》2-237),以折伏他们的慢。慢被折伏之后,他们修习止与观;待诸根因修习而成熟时,世尊在毗舍离城的乔达摩支提向他们宣说这部《乔达摩支——
စေတိယသုတ္တန်ကို ဘုရားရှင်သည် ဟောကြားတော်မူလေသည်။
提经》。
အဘိညာယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အနဘိညာယ၊ သနိဒါနာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အနိဒါနံ၊ သပ္ပါဋိဟာရိယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အပ္ပါဋိဟာရိယံ။ တဿ မယှံ ဘိက္ခဝေ အဘိညာယ ဓမ္မံ ဒေသယတော နော အနဘိညာယ သနိဒါနံ ဓမ္မံ ဒေသယတော နော အနိဒါနံ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသယတော နော အပ္ပါဋိဟာရိယံ ကရဏီယော သြဝါဒေါ ကရဏီယာ အနုသာသနီ၊ အလဉ္စ ပန ဝေါ ဘိက္ခဝေ တုဋ္ဌိယာ အလံ အတ္တမနတာယ အလံ သောမနဿာယ ''သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာက္ခာတော ဓမ္မော၊ သုပ္ပဋိပန္နော သံဃော''တိ။ (အံ-၁-၂၈ဝ။) = ရဟန်းတို့ …ငါဘုရားသည် တရားတော်ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီးမှသာလျှင် ဟောကြားတော်မူ၏။ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြား တော် မမူ။ ရဟန်းတို့ …ငါဘုရားသည် အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြား
‘诸比丘,我是证知后才说法,并非未证知而说;我说有因缘之法,并非无因缘;我说有对治力之法,并非无对治力。诸比丘,既然我如此证知后说法而非未证知,有因缘而非无因缘,有对治力而非无对治力,我的教诫理应奉行,我的训诲理应遵行。诸比丘,你们尽可为此知足、欢喜、心生悦乐:世尊是正自觉者,法为善说,僧伽善行。’(《增支部》1-280。)作者释曰:‘诸比丘……我只有亲自以现见智当面透彻知见法之后才宣说,绝非未曾亲自以现见智当面透彻知见便宣说。诸比丘……我只宣说具足因缘的法——
တော်မူ၏၊ အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူ။ ရဟန်းတို့ …ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူ၏၊ ဆန့်ကျင်ဘက် တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူ။
不宣说没有因缘的法。诸比丘……我只宣说具有力量和威势、能够遣除对立法的法,不宣说不具备这种力量和威势、不能遣除对立法的法。’
原书第 120 页
= ရဟန်းတို့ …တရားတော်ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးမှသာလျှင် တရားတော်ကို ဟောကြားတော်မူသော၊ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ တရားတော်ကို ဟောကြားတော်မမူသော၊ အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြား- တော်မူသော၊ အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူသော၊ ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော် အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူသော၊ ဆန့်ကျင်- ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော် အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူသော ထိုငါဘုရားသည် တစ်ကြိမ်တစ်ခါ ဆိုဆုံးမခြင်း သြဝါဒတရားစကားကိုလည်း ပြုအပ်ပြီးလေပြီ၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမခြင်း အနုသာသနီကိုလည်း ပြုအပ်ပြီးလေပြီ။
也就是说:‘诸比丘,我证知法之后才说法,并非未证知而说;只说有因缘之法,不说无因缘之法;只说有力量和威势、能够遣除对立法之法,不说不具备这种力量和威势、不能遣除对立法之法。这样的我,已经作了一次性的教诫,也已经作了反复再三的训诲。’
ရဟန်းတို့ …သင်တို့သည် --- ၁။ မြတ်စွာဘုရားသည် သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟူသည့် သိသင့် သိထိုက်သော ဉေယျဓမ္မ- တရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်း သိမြင် တတ်သည့် သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။
诸比丘,你们应当如此思惟:一、世尊具足正自觉者之德;对于应知、当知的五类所知法——行法、变易、相、涅槃与概念——无需老师教导,便以自生智自行亲证、洞彻知见。
၂။ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်သည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားထားအပ်သည့် သွာက္ခာတဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။
二、由四道、四果、涅槃与法蕴组成的这十类殊胜法,从初善、中善到后善,均已圆满宣说,故法具足善说之德。
၃။ ရှစ်ယောက်ထင်ပေါ် အရိယာထေရ်သံဃာတော်မြတ်အပေါင်းသည် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို ကောင်းမွန် ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်တတ်သည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။ --- ဤသို့လျှင် နှစ်သက်ကျေနပ်စွာ လက်ခံဖို့ရန် သင့်လှသည်သာတည်း၊ နှစ်လို့သော စိတ်ထားရှိဖို့ရန် သင့်လှ သည်သာတည်း၊ ရွှင်လန်းဝမ်းမြောက်ခြင်း သောမနဿတရား ထင်ရှားဖြစ်ဖို့ရန် သင့်လှသည်သာတည်းဟု မိန့်ကြားတော်မူ၏။ (အံ-၁-၂၈ဝ။) ဣမသ္မိ စ ပန ဝေယျာကရဏသ္မိ ဘညမာနေ သဟဿီ လောကဓာတု အကမ္ပိတ္ထ။ (အံ-၁-၂၈ဝ။) ဤ ဂါထာမဖက် စကားပြေသက်သက် ဖြစ်သော ဂေါတမကစေတိယသုတ္တန်တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော် တစ်ထောင်သော လောကဓာတ်၌ တည်ရှိသော မဟာပထဝီ မြေကြီးသည် ပြင်းစွာ တုန်လှုပ်ခဲ့လေပြီ။ (အံ-၁-၂၈ဝ။) ဣဒဉ္စ သုတ္တံ သုတွာ ပဉ္စသတာ ဘိက္ခူ တသ္မိယေဝါသနေ သဟ ပဋိသမ္ဘိဒါဟိ အရဟတ္တံ ပါပုဏိသု။
三、由八类圣者组成的殊胜僧团,恭敬而善巧地修习导向出离轮回的能出离善法,故具足善行之德。世尊教导说:‘你们确实理应如此欣然接受,理应内心欢喜,也理应生起悦乐。’(‘当这篇散文教说宣说之时,千世界震动。’(《增‘听闻此经后,五百位比丘就在原座(当座未起),连同诸无碍解一起证得阿罗汉果。’
(မ-ဋ္ဌ-၁-၆၁။)
(《中部义注》1-61。)
ဤဂေါတမကစေတိယသုတ္တန်ကို ကြားနာရပြီး၍ (၅ဝဝ)ကုန်သော ရဟန်းတော်တို့သည် ထိုနေရာ၌ပင်- လျှင် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။ (မ-ဋ္ဌ-၁-၆၁။) သက်မဲ့ဖြစ်သော လောကဓာတ်တိုက်ပေါင်း တစ်ထောင်၌ တည်ရှိသော မဟာပထဝီမြေကြီးကပင်လျှင် မှန်ကန်ကြောင်းကို သက်သေအရာ၌ တည်လာ တန့်လာ ရပ်တည်လာရသော သုတ္တန်ဒေသနာတော်ပင် ဖြစ်ပေ- သည်။ အကယ်၍ သက်ရှိသဝိညာဏကဖြစ်၍ အသိအလိမ္မာဉာဏ်ပညာနှင့် ပြည့်စုံသော အသင်သူတော်ကောင်း- သည်လည်း မဟာပထဝီမြေကြီးကဲ့သို့ သက်သေအရာ၌ တည်လာ တန့်လာ ရပ်တည်လာနိုင်ပါမူကား အသင် သူတော်ကောင်းသည်လည်း နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ ရောက်ရှိစပြုလာပြီ ဖြစ်ပေသည်။
听闻这部《乔达摩支提经》以后,五百位比丘就在当地连同四无碍解智一起证得阿罗汉果。(《中部义注》1-61。)这部经的教说,甚至令千世界中无生命的广大地界前来安住、屹立,为其真实性作证。如果有生命、有识知,并具聪慧与智慧的善人——你——也能像大地一样站出来为其真实性作证,那么你也已经开始踏上通往涅槃的道支大路。
原书第 121 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဤ၌ အထူးအလေးဂရုပြု၍ ရှင်းလင်းတင်ပြလိုသော အချက်ကား လောကသမုဒယဟု ခေါ်ဆိုသော သင်္ခါရလောက၏ ဖြစ်စဥ် = အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် လောကနိရောဓ ဟု ခေါ်ဆိုသော သင်္ခါရလောက၏ ချုပ်စဥ် = ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ်တရားတော်ပင် ဖြစ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်တော်မူမည့် ထိုညဝယ် ဘုရားအလောင်းတော်အဖြစ်နှင့်လည်း ထိုပဋိစ္စသမုပ္ပါဒ် သဘောတရားကို အနုလုံပဋိလုံအားဖြင့် ပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်တော်မူခဲ့၏။
这里要特别着重说明的是:所谓世间集,即行世间的生起次第,也就是顺缘行相(顺缘起法);所谓世间灭,即行世间的止息次第,也就是逆缘行相(逆缘起法)。在即将成佛的那一夜,世尊仍为菩萨时,便以名为现见智的观智,顺逆修观、审察这一缘起法。
(ဝိ-ဋ္ဌ-၃-၂၃၇။) ဘုရားဖြစ်တော်မူပြီးနောက်လည်း ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုလုံပဋိလုံအားဖြင့် အပြန်ပြန် အလှန်လှန် ရှုပွားသုံးသပ်တော်မူပြန်၏။ ဤ အကြောင်းအရာနှင့် ပတ်သက်၍ မဟာဗုဒ္ဓဝင်တွင် ဤသို့ မှတ်ချက်ချထားတော်မူ၏။ --- 〔 ဤ၌။ ။ မြတ်စွာဘုရား၏ ရွှေဉာဏ်တော်ဝယ် ခပ်သိမ်းသော တရားတို့သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထင်လင်းပြီးဖြစ်သော်လည်း မြတ်စွာဘုရားကိုယ်တော်မြတ်သည် (ဘုရားဖြစ်မည့် ထိုညဝယ် အလောင်းတော်ဘဝဖြင့် ) ဝိပဿနာနှလုံး ကျင့်သုံးတော်မူခဲ့စဥ်က ပဋိစ္စသမုပ္ပါဒ်တရားကို အဦးမူသဖြင့် ဝိပဿနာနှလုံး ကျင့်သုံးတော်မူခဲ့သောကြောင့်လည်းကောင်း၊ ထိုပဋိစ္စသမုပ္ပါဒ်တရားတော်က လွန်စွာသိမ်မွေ့ နက်နဲ မြင်နိုင်ခဲသောကြောင့်လည်းကောင်း ပဋိစ္စသမုပ္ပါဒ်ကိုသာ သံသရာဝဋ်ဒုက္ခ ဖြစ်စဥ် ချုပ်စဥ်ဟူသော အနုလုံပဋိလုံအားဖြင့် ဆင်ခြင်တော်မူသည်ဟု အထူးမှတ်သားရာ၏။〕 (မဟာဗုဒ္ဓဝင်-ဒုတိယတွဲ-၃၅၆။)
(《律藏义注》3-237。)成佛以后,世尊又反复顺逆修观、审察同一缘起法。关于这一点,《大佛史》作如下说明:〔这里应当特别注意:虽然一切法及其一切行相早已在世尊的殊胜智中明晰显现,但世尊亲自(在即将成佛的那一夜、仍为菩萨时)修习观禅作意之际,是以缘起法为首而作观禅作意;又由于缘起法极为微妙、深奥、难见,所以应当特别理解为:世尊唯独对缘起作顺逆思惟,将其视为轮回之苦的生起次第与止息次第。〕(《大佛史》第二册,356。)
မြတ်စွာဘုရားသည် မိမိကိုယ်တော်တိုင် ထိုးထွင်းသိမြင်ပြီးမှသာလျှင် သံသရာဝဋ်ဒုက္ခ = သင်္ခါရလောက၏ ဖြစ်စဥ် ချုပ်စဥ်ဟူသော အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သာဝကတို့အားသိရှိအောင် ဟော- ကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ဆိုဆုံးမသည့်အတိုင်း သာဝကတို့သည်လည်း ပစ္စက္ခဉာဏ်ဖြင့် သိရှိနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် သုတ္တန်တို့မှ ဒုတိယအရိယသာဝကသုတ္တန်ကို ဆက်လက် တင်ပြအပ်ပါသည်။
世尊先亲自透彻知见,而后才向弟子宣说、开示、教诫顺逆缘起法——即轮回之苦、行世间的生起次第与止息次第——使他们得以了知。世尊亲自宣说的诸经也表明,弟子能够依照教诫以现见智知见这一切。现在继续引录其中的《第二圣弟子经》。
ဒုတိယအရိယသာဝကသုတ္တန်
《第二圣弟子经》
န ဘိက္ခဝေ သုတဝတော အရိယသာဝကဿ ဧဝံ ဟောတိ ''ကိ နု ခေါ --- ကိသ္မိ သတိ ကိ ဟောတိ၊ ကိဿုပ္ပါဒါ ကိ ဥပ္ပဇ္ဇတိ၊ ကိသ္မိ သတိ သင်္ခါရာ ဟောန္တိ၊ ကိသ္မိ သတိ ဝိညာဏံ ဟောတိ၊ ကိသ္မိ သတိ နာမရူပံ ဟောတိ၊ ကိသ္မိ သတိ သဠာယတနံ ဟောတိ၊ ကိသ္မိ သတိ ဖဿော ဟောတိ၊ ကိသ္မိ သတိ ဝေဒနာ ဟောတိ၊ ကိသ္မိ သတိ တဏှာ ဟောတိ၊ ကိသ္မိ သတိ ဥပါဒါနံ ဟောတိ၊ ကိသ္မိ သတိ ဘဝေါ ဟောတိ၊ ကိသ္မိ သတိ ဇာတိ ဟောတိ၊ ကိသ္မိ သတိ ဇရာမရဏံ ဟောတီ''တိ။
‘诸比丘,多闻圣弟子不会这样想:“究竟如何?何法存在时,何法便存在?何法生起,何法便生起?何法存在时,诸行便存在?何法存在时,识便存在?何法存在时,名色便存在?何法存在时,六处便存在?何法存在时,触便存在?何法存在时,受便存在?何法存在时,爱便存在?何法存在时,取便存在?何法存在时,有便存在?何法存在时,生便存在?何法存在时,老死便存在?”’
အထ ခေါ ဘိက္ခဝေ သုတဝတော အရိယသာဝကဿ အပရပ္ပစ္စယာ ဉာဏမေဝေတ္ထ ဟောတိ ''ဣမသ္မိ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ အဝိဇ္ဇာယ သတိ သင်္ခါရာ ဟောန္တိ၊ သင်္ခါရေသု သတိ ဝိညာဏံ ဟောတိ၊ ဝိညာဏေ သတိ နာမရူပံ ဟောတိ၊ နာမရူပေ သတိ သဠာယတနံ ဟောတိ၊ သဠာယတနေ သတိ ဖဿော ဟောတိ၊ ဖဿေ သတိ ဝေဒနာ ဟောတိ၊ ဝေဒနာယ သတိ တဏှာ ဟောတိ၊ တဏှာယ သတိ ဥပါဒါနံ ဟောတိ၊ ဥပါဒါနေ သတိ ဘဝေါ ဟောတိ၊ ဘဝေ သတိ ဇာတိ ဟောတိ၊ ဇာတိယာ သတိ ဇရာမရဏံ ဟောတီ''တိ။ သော ဧဝံ ပဇာနာတိ ''ဧဝမယံ လောကော သမုဒယတီ''တိ။
‘然而,诸比丘,在这里,多闻圣弟子只有不依他缘智:“此有故彼有;此生故彼生。无明存在时,诸行存在;诸行存在时,识存在;识存在时,名色存在;名色存在时,六处存在;六处存在时,触存在;触存在时,受存在;受存在时,爱存在;爱存在时,取存在;取存在时,有存在;有存在时,生存在;生存在时,老死存在。”他如此了知:“这世间就是这样生起的。”’
န ဘိက္ခဝေ သုတဝတော အရိယသာဝကဿ ဧဝံ ဟောတိ ''ကိ နု ခေါ --- ကိသ္မိ အသတိ ကိ န ဟောတိ၊ ကိဿ နိရောဓာ ကိ နိရုဇ္ဈတိ၊ ကိသ္မိ အသတိ သင်္ခါရာ န ဟောန္တိ၊ ကိသ္မိ အသတိ ဝိညာဏံ န
巴利经文(缅文转写,跨页未完):‘န ဘိက္ခဝေ သုတဝတော အရိယသာဝကဿ ဧဝံ ဟောတိ ''ကိ နု ခေါ --- ကိသ္မိ အသတိ ကိ န ဟောတိ၊ ကိဿ နိရောဓာ ကိ နိရုဇ္ဈတိ၊ ကိသ္မိ အသတိ သင်္ခါရာ န ဟောန္တိ၊ ကိသ္မိ အသတိ ဝိညာဏံ န’译:‘诸比丘,多闻圣弟子不会这样想:“究竟如何?何法不存在时,何法便不存在?何法止息,何法便止息?何法不存在时,诸行便不存在?何法不存在时,识便不——’
原书第 122 页
ဟောတိ၊ ကိသ္မိ အသတိ နာမရူပံ န ဟောတိ၊ ကိသ္မိ အသတိ သဠာယတနံ န ဟောတိ၊ ကိသ္မိ အသတိ ဖဿော န ဟောတိ၊ ကိသ္မိ အသတိ ဝေဒနာ န ဟောတိ၊ ကိသ္မိ အသတိ တဏှာ န ဟောတိ။ ပ ။ ဥပါဒါနံ ။
‘——存在?何法不存在时,名色便不存在?何法不存在时,六处便不存在?何法不存在时,触便不存在?何法不存在时,受便不存在?何法不存在时,爱便不存在?……〔同式省略,以下列举取——〕’
ဘဝေါ။ ဇာတိ။ ကိသ္မိ အသတိ ဇရာမရဏံ န ဟောတီ''တိ။
‘〔——有、生。〕何法不存在时,老死便不存在?”’
အထ ခေါ ဘိက္ခဝေ သုတဝတော အရိယသာဝကဿ အပရပ္ပစ္စယာ ဉာဏမေဝေတ္ထ ဟောတိ ''ဣမသ္မိ အသတိ ဣဒံ နဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ အဝိဇ္ဇာယ အသတိ သင်္ခါရာ န ဟောန္တိ၊ သင်္ခါရေသု အသတိ ဝိညာဏံ န ဟောတိ၊ ဝိညာဏေ အသတိ နာမရူပံ န ဟောတိ၊ နာမရူပေ အသတိ သဠာယတနံ န ဟောတိ။ ပ ။ ဇာတိယာ အသတိ ဇရာမရဏံ န ဟောတီ''တိ။ သော ဧဝံ ပဇာနာတိ ''ဧဝမယံ လောကော နိရုဇ္ဈတီ''တိ။
‘然而,诸比丘,在这里,多闻圣弟子只有不依他缘智:“此无故彼无;此灭故彼灭。无明不存在时,诸行不存在;诸行不存在时,识不存在;识不存在时,名色不存在;名色不存在时,六处不存在;……生不存在时,老死不存在。”他如此了知:“这世间就是这样止息的。”’
ယတော ခေါ ဘိက္ခဝေ အရိယသာဝကော ဧဝံ လောကဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာ- နာတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ၊ ဒဿနသမ္ပန္နော ဣတိပိ၊ အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ၊ ပဿတိ ဣမံ သဒ္ဓမ္မံ ဣတိပိ၊ သေက္ခေန ဉာဏေန သမန္နာဂတော ဣတိပိ၊ သေက္ခာယ ဝိဇ္ဇာယ သမန္နာဂတော ဣတိပိ၊ ဓမ္မသောတံ သမာပန္နော ဣတိပိ၊ အရိယော နိဗ္ဗေဓိကပညော ဣတိပိ၊ အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပီတိ။ (သံ-၁-၃ဝ၆-၃ဝ၈။) အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ-ဋ္ဌ-၂-၃၂။) န ပရပ္ပစ္စယေနာတိ ပရဿ အသဒ္ဒဟနေန။ (သံ-ဋီ-၂-၃၈။) = ရဟန်းတို့ … အာဂမသုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ -''အသို့ပါနည်း အဘယ်တရားသည် ထင်ရှားရှိလတ်သော် အဘယ်တရားသည်
‘诸比丘,当圣弟子如此如实了知世间的生起与灭没时,这位圣弟子也称为“具足正见者”,也称为“具足见者”,也称为“已来到此正法者”,也称为“见此正法者”,也称为“具足有学智者”,也称为“具足有学明者”,也称为“已入法流者”,也称为“具洞察力之圣者”,也称为“已抵达不死之门而住者”。’(《相应部‘所谓“不依他缘”,即不以他人为缘;不是由于信从别人,在这里,他所有的只是亲证现见智。’(《‘“不依他缘”,意谓不是由于信从他人。’(《相应部复注》2-38。)作者释曰:诸比丘……对于具足两种多闻——称为 āgama-suta 的“由学而知”,以及称为 adhigama-suta 的“由修而知”——的圣弟子,即我佛世尊的弟子,其相续中不会生起这样的念头:‘究竟如何?何法明显存在时,何法便——’
ဖြစ်ပေါ်လာသနည်း၊ အဘယ်တရား၏ ထင်ရှားဖြစ်ခြင်းကြောင့် အဘယ်တရားသည် ဖြစ်ပေါ်လာသနည်း။
——生起?由于何法明显生起,何法便生起?’
အဘယ်တရားသည် ထင်ရှားရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်သနည်း၊ အဘယ် တရားသည် ထင်ရှားရှိလတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှား ရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် သဠာယတန- သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ် လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရား သည် ထင်ရှားရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဘဝသည် ထင်ရှား ဖြစ်ပေါ် လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ် တရားသည် ထင်ရှားရှိလတ်သော် ဇရာမရဏသည် ထင်ရှားဖြစ်ပေါ်လာသနည်း'' --- ဟု
‘何法明显存在时,诸行便明显生起?何法明显存在时,识便明显生起?何法明显存在时,名色便明显生起?何法明显存在时,六处便明显生起?何法明显存在时,触便明显生起?何法明显存在时,受便明显生起?何法明显存在时,爱便明显生起?何法明显存在时,取便明显生起?何法明显存在时,有便明显生起?何法明显存在时,生便明显生起?何法明显存在时,老死便明显生起?’——
ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ် မလာပေ။ ရဟန်းတို့ …တကယ်စင်စစ်အားဖြင့်သော်ကား အာဂမ သုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏ သန္တာန်၌ --- မိမိမှတစ်ပါးသော အားထားယုံကြည်- အပ်သူ မရှိမူ၍ ဤအရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကို ကိုယ်တိုင်
这样的念头不会生起。诸比丘……事实上,对于具足上述两种多闻的圣弟子,即我佛世尊的弟子,在其相续中,他于此无须依赖、信从自己以外的任何人;对于因果关联——顺缘起法——能够由自己——
原书第 123 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း မျက်မှောက် ထွင်းဖောက် သိမြင်တတ်သော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ် သည်သာလျှင် ဖြစ်ပေါ် လာ၏။
——亲自现前、洞彻知见的不依他缘智,即亲证现见智,唯有此智生起。
ဤ အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဤ အကြောင်းတရား၏ ထင်ရှားဖြစ်ခြင်းကြောင့် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ --- အဝိဇ္ဇာသည် ထင်ရှားရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏၊ သင်္ခါရတို့သည် ထင်ရှားရှိကုန်လတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဝိညာဏ်သည် ထင်ရှားရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ နာမ်ရုပ်သည် ထင်ရှားရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်လာ၏၊ သဠာယတနသည် ထင်ရှား ရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဖဿသည် ထင်ရှားရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ် လာ၏၊ ဝေဒနာသည် ထင်ရှားရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်လာ၏၊ တဏှာသည် ထင်ရှားရှိလတ်- သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဥပါဒါန်သည် ထင်ရှားရှိလတ်သော် ဘဝသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဘဝသည် ထင်ရှားရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဇာတိသည် ထင်ရှားရှိလတ်သော် ဇရာ+
此因法明显存在时,此果法便明显生起;由于此因法明显生起,此果法便明显生起。——无明明显存在时,诸行明显生起;诸行明显存在时,识明显生起;识明显存在时,名色明显生起;名色明显存在时,六处明显生起;六处明显存在时,触明显生起;触明显存在时,受明显生起;受明显存在时,爱明显生起;爱明显存在时,取明显生起;取明显存在时,有明显生起;有明显存在时,生明显生起;生明显存在时,老死——
မရဏသည် ထင်ရှားဖြစ်ပေါ်လာ၏ --- ဟု ဤသို့သော အသိဉာဏ်သည်သာလျှင် ဖြစ်၏၊ ထိုအရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်- သာဝကသည် -''ဤသင်္ခါရလောကသည် ဤသို့ ဖြစ်ပေါ်လာ၏''ဟု အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏။
——便明显生起。唯有这样的知识生起。那位圣弟子,即我佛世尊的弟子,以不依他缘智——也就是亲证现见智——清楚分别了知:‘这行世间就是这样生起的。’
ရဟန်းတို့ …အာဂမသုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ - ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ --- ''အသို့နည်း အဘယ်တရားသည် ထင်ရှားမရှိလတ်သော် အဘယ်တရားသည် ထင်ရှားမဖြစ်ပေါ်လာလေသနည်း၊ အဘယ်တရား၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် အဘယ်တရားသည် ချုပ်လေသနည်း။ --- အဘယ်တရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်မလာကြကုန်သနည်း၊ အဘယ် တရားသည် ထင်ရှားမရှိလတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှား မရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် သဠာ- ယတနသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဖဿသည် ထင်ရှား ဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊
诸比丘……对于具足两种多闻——称为 āgama-suta 的“由学而知”,以及称为 adhigama-suta 的“由修而知”——的圣弟子,即我佛世尊的弟子,其相续中不会生起这样的念头:‘究竟如何?何法不明显存在时,何法便不明显生起?由于何法以不再生起之灭而止息,何法便止息?——何法不明显存在时,诸行便不明显生起?何法不明显存在时,识便不明显生起?何法不明显存在时,名色便不明显生起?何法不明显存在时,六处便不明显生起?何法不明显存在时,触便不明显生起?何法不明显存在时,受便不明显生起?——
အဘယ်တရားသည် ထင်ရှားမရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဘဝသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဇာတိသည် ထင်ရှား ဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဇရာ+မရဏသည် ထင်ရှားဖြစ်ပေါ်မလာ သနည်း'' --- ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ။ ရဟန်းတို့ …တကယ်စင်စစ်အားဖြင့်သော်ကား အာဂမသုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏ သန္တာန်၌ --- မိမိမှတစ်ပါးသော အားထား ယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု၏ ပြတ်စဲချုပ်ငြိမ်းမှု ပဋိလောမပဋိစ္စသမုပ္ပါဒ်
——何法不明显存在时,爱便不明显生起?何法不明显存在时,取便不明显生起?何法不明显存在时,有便不明显生起?何法不明显存在时,生便不明显生起?何法不明显存在时,老死便不明显生起?’这样的念头不会生起。诸比丘……事实上,对于具足上述两种多闻的圣弟子,即我佛世尊的弟子,在其相续中,他于此无须依赖、信从自己以外的任何人;对于因果关联的断绝止息——逆缘起法——
原书第 124 页
သဘောတရားကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်သော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ် သည်သာလျှင် ဖြစ်ပေါ်လာ၏။
——能够由自己亲自现前、洞彻知见的不依他缘智,即亲证现见智,唯有此智生起。
ဤ အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဤ အကြောင်းတရား၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် ဤ အကျိုးတရားသည် (အနုပ္ပါဒ နိရောဓသဘောအားဖြင့်) ချုပ်၏။ --- အဝိဇ္ဇာသည် ထင်ရှားမရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ် မလာကြကုန်၊ သင်္ခါရတို့သည် ထင်ရှားမရှိကုန်လတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်မလာ၊ ဝိညာဏ်သည် ထင်ရှားမရှိလတ်သော် နာမ်ရုပ် သည် ထင်ရှားဖြစ်ပေါ်မလာ၊ နာမ်ရုပ်သည် ထင်ရှားမရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်မလာ၊ သဠာယတနသည် ထင်ရှားမရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဖဿသည် ထင်ရှားမရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဝေဒနာသည် ထင်ရှားမရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်မလာ၊ တဏှာသည် ထင်ရှားမရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်မလာ၊ ဥပါဒါန်သည် ထင်ရှားမရှိလတ်သော်
当此因法不明显存在时,此果法便不明显生起;由于此因法以不再生起之灭而止息,此果法也以不再生起之灭而止息。——无明不明显存在时,诸行不明显生起;诸行不明显存在时,识不明显生起;识不明显存在时,名色不明显生起;名色不明显存在时,六处不明显生起;六处不明显存在时,触不明显生起;触不明显存在时,受不明显生起;受不明显存在时,爱不明显生起;爱不明显存在时,取不明显生起;取不明显存在时——
ဘဝသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဘဝသည် ထင်ရှားမရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဇာတိသည် ထင်ရှားမရှိလတ်သော် ဇရာ+မရဏသည် ထင်ရှားဖြစ်ပေါ်မလာ --- ဟု ဤသို့သော အသိဉာဏ်သည်သာလျှင် ဖြစ်၏၊ ထိုအရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်- သာဝကသည် --- '' ဤသင်္ခါရလောကသည် (အနုပ္ပါဒနိရောဓသဘောအားဖြင့် ) ဤသို့ ချုပ်ငြိမ်း၏ '' ဟု အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏။
——有不明显生起;有不明显存在时,生不明显生起;生不明显存在时,老死不明显生起。唯有这样的知识生起。那位圣弟子,即我佛世尊的弟子,以不依他缘智——也就是亲证现见智——清楚分别了知:‘这行世间就是这样以不再生起之灭而止息的。’
ရဟန်းတို့ …အကြင်အခါ၌ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ဤသို့လျှင် သင်္ခါရလောက၏ ဖြစ်စဥ်ကိုလည်းကောင်း၊ ချုပ်စဥ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏၊ ရဟန်းတို့ …ထိုအခါ ဤအရိယာဖြစ်တော် မူသော ငါဘုရားရှင်၏ တပည့်သာဝကကို မှန်ကန်သော သမ္မာဒိဋ္ဌိအယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ မှန်- ကန်သော ဒဿနဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤ သဒ္ဓမ္မ အမည်ရသည့် သူတော်ကောင်း တရားသို့ ဆိုက်ရောက်လာသူဟူ၍လည်းကောင်း၊ သဒ္ဓမ္မအမည်ရသည့် ဤသူတော်ကောင်းတရားကို မြင်သူဟူ၍ လည်းကောင်း၊ ကျင့်ဆဲဖြစ်သည့် သေက္ခဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ကျင့်ဆဲဖြစ်သည့် သေက္ခ ဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဓမ္မသောတ အမည်ရသည့် တရားအယဥ်သို့ ကောင်းစွာ ဆိုက်- ရောက်လာသူဟူ၍လည်းကောင်း၊ ကိလေသာထုအစိုင်အခဲကို ဖောက်ခွဲဖျက်ဆီးနိုင်သော ဖြူစင်မြင့်မြတ်သော
诸比丘……当圣弟子,即我佛世尊的弟子,如此以不依他缘智——亲证现见智——无误、如实而清楚分别了知行世间的生起次第与止息次第时,诸比丘……这位圣弟子便称为“具足正见者”,也称为“具足正确智见者”,也称为“已来到此正法者”,也称为“见此正法者”,也称为“具足有学智见者”,也称为“具足有学明者”,也称为“已入法流者”,也称为“具足能够洞穿、摧毁烦恼坚厚之聚的清净高贵——
(ဝိပဿနာပညာ မဂ်ပညာဟူသော) နိဗ္ဗေဓိကပညာနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ အမြိုက်နိဗ္ဗာန်တံခါးဝသို့ ဆိုက်ရောက်၍ တည်နေသူဟူ၍လည်းကောင်း ဆိုအပ်၏။ (သံ-၁-၃ဝ၆-၃ဝ၈။) နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိကို ဘုရားရှင်က ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် လောကိယဝိပဿနာသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာမဂ္ဂသမ္မာဒိဋ္ဌိ နှစ်မျိုးလုံးကိုရောနှောလျက် သမ္မာဒိဋ္ဌိဟု ဘုရားရှင် က ဟောကြားထားတော်မူပေသည်။ (သံ-ဋ္ဌ-၂-၃၂။ သံ-ဋီ-၂-၃၈။) ထိုကြောင့် ဤသုတ္တန်၌ သေက္ခ အရ - သေက္ခောတိ ပုထုဇ္ဇနကလျာဏကေန သဒ္ဓိ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီ သေက္ခာ။ (အဘိ-ဋ္ဌ-၂-၃၁၅။) --- ဤ အဋ္ဌကထာအဖွင့်နှင့် အညီ ကလျာဏပုထုဇန်နှင့် တကွ အောက်အရိယာပုဂ္ဂိုလ် ခုနစ်ဦးတို့ကို သီလ သမာဓိ ပညာဟူသည့် သိက္ခာသုံးရပ်အကျင့်မြတ်ကို ကျင့်ဆဲ
——洞察力者”(即具足观慧与道慧者);也称为“已抵达不死涅槃之门而住者”。(《相应部》1-306—308。)由于世尊从名色分别智开始宣说正见,所以世尊兼摄世间观正见与出世间道正见两类,统称为正见。(《相应部义注》2-32;《相应部复注》2-38。)因此,‘所谓“有学”,是说善凡夫以及七种圣者仍在修学三学,所以称为有学。’(阿毗达磨义注,2-315;具体书名待考。)依照这段义注解释,善凡夫与下位七种圣者,由于仍在修习戒、定、慧三学的殊胜行道——
原书第 125 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဖြစ်ကြသောကြောင့် သေက္ခပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆိုအပ်ရကား ဤသေက္ခပုဂ္ဂိုလ်စာရင်းတွင် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံသော ကလျာဏပုထုဇန်ပုဂ္ဂိုလ်လည်း ပါဝင်သည်ဟု မှတ်သားပါလေ။
——所以称为有学者。应当注意:在有学者这一范围中,也包括具足观正见之智见的善凡夫。
ဤသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ကလျာဏပုထုဇန်နှင့်တကွသော သေက္ခအရိယာသူတော်- ကောင်းတို့သည် ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိ ဟူသော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဥ်ကိုလည်းကောင်း၊ လောကနိရောဓ ခေါ်သည့် သင်္ခါရ- လောက၏ ချုပ်စဥ်ကိုလည်းကောင်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါကြောင်းကို ဝန်ခံဟောကြား- ထားတော်မူပေသည်။ အလားတူပင် သာဝကတို့သည်လည်း လောကသမုဒယနှင့် လောကနိရောဓအကြောင်းကို မိမိတို့သာဝကအချင်းချင်း ဆွေးနွေးရင်းဖြင့် တစ်ပါးနှင့် တစ်ပါးဝန်ခံဟောပြောချက်များလည်း ပိဋကတော်၌ ထင်ရှားရှိသည်သာ ဖြစ်ပေသည်။ ဤတွင် ကောသမ္ဗိသုတ္တန်မှ ကောက်နုတ်ချက်အချို့ကို ဆက်လက်၍ တင်ပြ- အပ်ပါသည်။
在本经中,世尊亲自开示并确认:善凡夫以及诸有学圣者,以称为观正见、道正见的不依他缘智——即亲证现见智,亲自现前、洞彻知见所谓世间集的行世间生起次第,也亲自现前、洞彻知见所谓世间灭的行世间止息次第。同样,诸弟子彼此讨论世间集与世间灭时,彼此陈述、相互确认的言说,在三藏中也清楚可见。这里继续引录《憍赏弥经》的若干段落。
ကောသမ္ဗိသုတ္တန် ကောက်နုတ်ချက်
《憍赏弥经》节录
တစ်ချိန်ဝယ် အရှင်မုသိလ၊ အရှင်ပဝိဋ္ဌ၊ အရှင်နာရဒ၊ အရှင်အာနန္ဒာ မထေရ် မြတ်ကြီးတို့သည် ကောသမ္ဗိ- ပြည် ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ကြ၏။ ထိုအခါ အရှင်ပဝိဋ္ဌက အရှင်မုသိလ ကို စတင်၍ မေးခွန်းများ မေးတော်မူ၏။ အရှင်မုသိလကလည်း ဖြေကြားတော်မူ၏။ ယင်း အမေးအဖြေတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။ --- အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရ- ပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အတ္ထာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ''ဇာတိပစ္စယာ ဇရာမရဏ''န္တိ။
一时,穆尸罗尊者、巴维达尊者、那罗陀尊者与阿难尊者住在憍赏弥的瞿师罗园。当时,巴维达尊者开始向穆尸罗尊者提问,穆尸罗尊者“穆尸罗贤友,不依信,不依喜好,不依随闻,不依行相思惟,不依见审谛忍,穆尸罗尊者是否亲自具有这样的智:‘以生为缘,故有老死’?”
အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရ- ပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အဟမေတံ ဇာနာမိ အဟမေတံ ပဿာမိ ''ဇာတိပစ္စယာ ဇရာမရဏ''န္တိ။
“巴维达贤友,不依信,不依喜好,不依随闻,不依行相思惟,不依见审谛忍,我知道这一点,我看见这一点:‘以生为缘,故有老死。’”
(သံ-၁-၃၃၆။)
“(《相应部》1-336。)”
ထေရော ပန ပဉ္စပိ ဧတာနိ ကာရဏာနိ ပဋိက္ခိပိတွာ ပစ္စက္ခဉာဏေန ပဋိဝိဒ္ဓဘာဝံ ပုစ္ဆန္တော အညတြေဝ အာဝုသော မုသိလ သဒ္ဓါယာတိအာဒိမာဟ။ (သံ-ဋ္ဌ-၂-၁၁၃။) အမေး --- ငါ့ရှင် မုသိလ … ၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု၊ ၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်၊ ၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု၊ ၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု၊ ၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေ့သွားပြုလျက် စူးစူးစိုက်စိုက် ကြံစည် ၍ နှစ်သက်မှု --- ဤငါးမျိုးမှ တစ်ပါး အရှင်မုသိလအား ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူ၍ သိသော ပစ္စက္ခဉာဏ်သည် ရှိပါသလောဟု မေးမြန်းလျှောက်ထား၏။
“长老排除这五种理由,为了询问是否已以现见智通达,便说‘穆尸罗贤友,不依信……’等语。”(《相应部义注》2-113。)问——穆尸罗贤友……一、信=依靠并相信他人;二、喜好=仅由思考所得的个人意欲与偏好;三、随闻=辗转从他人处听闻;四、行相思惟=思量事物的行相;五、见审谛忍=以仅由思考所得的见解为先导,专注审察并认可它。撇开这五项,穆尸罗尊者是否具有了知“以生为缘,故有老死”的现见智?他如此问道。
原书第 126 页
အဖြေ --- ငါ့ရှင် ပဝိဋ္ဌ … ၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု၊ ၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်၊ ၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု၊ ၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု၊ ၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေ့သွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု --- ဤငါးမျိုးမှတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့် --- ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူသော ဤအကြောင်းကို တပည့်တော် သိပါ၏၊ တပည့်တော် မြင်ပါ၏ --- ဟု ပြန်လည်လျှောက်ထားတော်မူ၏။
答——巴维达贤友……一、信=依靠并相信他人;二、喜好=仅由思考所得的个人意欲与偏好;三、随闻=辗转从他人处听闻;四、行相思惟=思量事物的行相;五、见审谛忍=以仅由思考所得的见解为先导,专注审察并认可它。撇开这五项,凭现见智,我知道、我看见“以生为缘,故有老死”这一事实。穆尸罗尊者如此回答。
(သံ-၁-၃၃၆-၃၃၇။)
(《相应部》1-336—337。)
အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ပုံသို့တိုင်အောင် အလားတူပင် မေးတော်မူ၏၊ အလားတူပင် ဖြေဆိုတော်မူ၏။
如此逐支问至“以无明为缘,故有诸行”,也都作了同样的回答。
တစ်ဖန် သင်္ခါရလောက၏ ချုပ်စဥ်ကိုလည်း ဆက်လက်မေးမြန်းတော်မူပြန်၏။
随后,他又继续询问行世间的止息次第。
အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရ- ပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အတ္ထာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ''ဇာတိနိရောဓာ ဇရာမရဏနိရောဓော''တိ။ အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အဟမေတံ ဇာနာမိ အဟမေတံ ပဿာမိ ''ဇာတိနိရောဓာ ဇရာမရဏနိရောဓော''တိ။ (သံ-၁-၃၃၇။) အမေး --- ငါ့ရှင် မုသိလ … ၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု၊ ၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်၊ ၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု၊ ၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု၊ ၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေ့သွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု --- ဤငါးမျိုးမှ တစ်ပါး အရှင်မုသိလအား ''ဇာတိ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့်
“穆尸罗贤友,不依信,不依喜好,不依随闻,不依行相思惟,不依见审谛忍,穆尸罗尊者是否亲自具有这样的智:‘由于生止息,老死便止息’?巴维达贤友,不依信,不依喜好,不依随闻,不依行相思惟,不依见审谛忍,我知道这一点,我看见这一点:‘由于生止息,老死便止息。’”(《相应部》1-337。)问——穆尸罗贤友……一、信=依靠并相信他人;二、喜好=仅由思考所得的个人意欲与偏好;三、随闻=辗转从他人处听闻;四、行相思惟=思量事物的行相;五、见审谛忍=以仅由思考所得的见解为先导,专注审察并认可它。撇开这五项,穆尸罗尊者是否具有这样的现见智,能够了知“由于生以不再生起之灭而止息——
ဇရာမရဏ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းသည် ထင်ရှားဖြစ်၏ဟူ၍သိသော ပစ္စက္ခဉာဏ်သည် ရှိပါသလောဟု မေးမြန်းတော်မူ၏။
——老死以不再生起之灭而止息这一事实显现”吗?他这样问道。
အဖြေ --- ငါ့ရှင် ပဝိဋ္ဌ … ၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု၊ ၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်၊ ၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု၊ ၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု၊ ၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေ့သွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု ---
答——巴维达贤友……一、信=依靠并相信他人;二、喜好=仅由思考所得的个人意欲与偏好;三、随闻=辗转从他人处听闻;四、行相思惟=思量事物的行相;五、见审谛忍=以仅由思考所得的见解为先导,专注审察并认可它。撇开这五项——
原书第 127 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ဤငါးမျိုးမှတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့် ''ဇာတိ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် ဇရာမရဏ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းသည် ထင်ရှားဖြစ်၏'' ဟူသော ဤအကြောင်းကို တပည့်တော် သိပါ၏၊ တပည့်တော် မြင်ပါ၏ဟု ပြန်လည်လျှောက်ထား၏။ (သံ-၁-၃၃၇။) အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောသို့ တိုင်အောင် ပုံစံတူပင် မေးတော်မူ၏၊ ပုံစံတူပင် အဖြေပေးတော် မူ၏။ ဤတွင် အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်းချက်များကို ဆက်လက်၍ တင်ပြအပ်ပါသည်။
——凭现见智,我知道、我看见这一事实:“由于生以不再生起之灭而止息,老死以不再生起之灭而止息这一事实显现。”穆尸罗尊者如此回答。(“由于无明止息,诸行便止息。”如此逐支问至这一项,也都作了同样的回答。这里继续说明义注、复注的解释。
၁။ သဒ္ဓါ --- အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါး၏ စကားကို ယုံကြည်၍ ဤသူသည် အကြင် စကားကို ပြောဆို၏၊ ထိုစကားသည် အမှန်သာဖြစ်၏ဟု စွဲယူ၏၊ ဤပုဂ္ဂိုလ်မျိုးကား သူတစ်ပါးကိုသာ ကိုးစားယုံကြည်သော သူတစ်ပါးအသိဖြင့်သာ သိနေသော သူတစ်ပါး၏ပါးစပ်တွင်သာ လမ်းဆုံးနေသော ပုဂ္ဂိုလ်မျိုးတည်း။ အမှားအမှန် ဝေဖန်ဆန်းစစ်မှု မရှိသောသူပင်တည်း။
一、信(သဒ္ဓါ)——有些人相信他人的话,认定:“此人既然这样说,这话必定真实。”这种人只依靠他人,只以他人之知为知,其所知止步于他人之口;正是不会辨别、审查真伪的人。
၂။ ရုစိ --- အခြားပုဂ္ဂိုလ်တစ်ဦးကား ထိုင်လျက် အကြောင်းအရာတစ်ခုကို မိမိကိုယ်တိုင် တွေးခေါ်၏၊ ထို ပုဂ္ဂိုလ်သည် - ''ဤအကြောင်းအရာသည် ဤအတိုင်းပင် ဖြစ်လိမ့်မည်၊ အခြားတစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်တန်ရာ''ဟု မိမိအလိုအကြိုက်အတိုင်း စဥ်းစားတွေးခေါ်လျက် ထိုအကြောင်းအရာကို နှစ်သက်၏၊ သူတစ်ပါး တို့အား ကိုးစားယုံကြည်မှုမရှိဘဲ မိမိကိုယ်တိုင်ပင်လျှင် မိမိအလိုအကြိုက်အတိုင်း တွေးခေါ်ထားသည့်အတိုင်း နှစ်သက်လျက် ထိုအကြောင်းအရာကို အမှန်ဟု စွဲယူ၏။
二、喜好(ရုစိ)——另有一种人,坐着独自思考某件事。他依自己的意欲与偏好想道:“这件事必定就是这样,不可能是另一种情形。”他如此思考,便喜欢上这个说法;不依靠、相信他人,而只因它合乎自己所想、所好,便喜欢它并认定它是真实的。
၃။ အနုဿဝ --- တစ်ယောက်သောပုဂ္ဂိုလ်ကား ''ဤအကြောင်းအရာသည် အဘယ်သို့ ဖြစ်ပေါ်လာသလဲ၊ ဤအကြောင်းအရာသည် အဘယ်ကြောင့် ထင်ရှားဖြစ်ပေါ်လာရသလဲ၊ ဤအကြောင်းအရာသည် ဤကဲ့သို့ ဖြစ်ပေါ်လာ၏၊ ဤအကြောင်းအရာသည် ဤအကြောင်းကြောင့် ထင်ရှားဖြစ်ပေါ်လာ၏၊ --- ဤသို့စသည်ဖြင့် အဆင့်ဆင့် ကြားထားဖူး၏။ ကြာမြင့်စွာသော အချိန်ကာလမှစ၍ ဤသို့ အဆင့်ဆင့် ကြားထားဖူးသော စကားသည် ရှိ၏၊ ဤစကားသည် အမှန်သာဖြစ်၏၊ ဤအကြောင်းအရာသည် အမှန်သာ ဖြစ်၏'' ဟု သူတစ်ပါးထံမှ တစ်ဆင့် ကြားနာရမှုဖြင့် အကြောင်းအရာတစ်ခုကို အမှန်ဟု စွဲယူ၏။ သူတစ်ပါး၏ ပါးစပ်တွင်သာ လမ်းဆုံး- နေရသော ပုဂ္ဂိုလ်တစ်မျိုးပင် ဖြစ်သည်။
三、随闻(အနုဿဝ)——又有一种人辗转听说:“这件事怎样生起?为什么会显现、生起?这件事以这种方式生起,因为这一原因而显现、生起……”他认为:“自久远以来,这番话便如此辗转听闻;这话必定真实,这件事必定真实。”于是,他凭从他人处辗转听闻而来的话,认定某件事是真实的。这也是一种所知道路只止步于他人之口的人。
၄။ အာကာရပရိဝိတက္က --- အခြားတစ်ယောက်သော ပုဂ္ဂိုလ်ကား - ဤအကြောင်းအရာသည် ဤသို့ကား ဖြစ်လေရာ၏ဟု စဥ်းစားတွေးခေါ်နေစဥ် မိမိကြံစည်စိတ်ကူးတွေးခေါ်လိုက်သော အကြောင်းအရာတစ်ခုသည် တွေးခေါ်ထားသည့် ဝတ္ထုအတိုင်း စိတ်ဝယ် ထင်လာ၏၊ ထိုပုဂ္ဂိုလ်သည် - ဤထင်လာသော အကြောင်းအရာသည် ရှိ၏ဟု မိမိကိုယ်တိုင်ကြံစည်စိတ်ကူးထားသော အခြင်းအရာအားဖြင့် ထိုအကြောင်းအရာကို အမှန်ဟု စွဲယူ၏။
四、行相思惟(အာကာရပရိဝိတက္က)——另有一种人在思考“这件事大概会是这样”时,自己构想、思量的某一事项,便依照所想的对象在心中显现出来。此人于是凭自己构想出来的行相,认定这件事确实存在,且是真实的。
လက်တွေ့မကျင့်ဘဲ အတွေးအခေါ်သက်သက်ဖြင့် လမ်းဆုံးနေသူသာဖြစ်၏။
这种人并未实际修行,他的道路只停留在思考上。
၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ --- အခြားတစ်ယောက်သောပုဂ္ဂိုလ်ကား အကြောင်းအရာတစ်ခုကို ကြံစည်တွေးခေါ်စဥ် ဤအကြောင်းအရာသည် ဤသို့ကြံစည်တွေးခေါ်ထားသည့်အတိုင်း တစ်စုံတစ်ခုသော အကျိုးသည်ကား ရှိသည် သာတည်း။ အခြားတစ်မျိုးသော အကျိုးမရှိဟူသော အခြင်းအရာအားဖြင့် မဖြစ်ဟု စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်း၏၊ ယင်းသို့ စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်းသောသူအား တစ်မျိုးသော အဘိနိဝေသ ခေါ်သည့် စွဲစွဲမြဲမြဲ သက်ဝင် ဆုံးဖြတ်ထားအပ်သော အယူအဆတစ်မျိုးသည် ဖြစ်ပေါ်လာ၏၊ ယင်းအယူအဆဖြင့် ထိုအကြောင်းအရာကို စူးစူးစိုက်စိုက် မျက်မှောက်ပြုနေသကဲ့သို့ စဥ်းစားတွေးခေါ်နေသော ထိုပုဂ္ဂိုလ်၏ ထိုအတွေးအခေါ်အပေါ်၌ နှစ်သက်ကျေနပ်လက်ခံမှုသည် ဖြစ်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် - ''ဤအကြောင်းအရာသည် ရှိသည်သာတည်း''
五、见审谛忍(ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ)——另有一种人在思考某件事时,牢牢地倾入并认定:“依我这样构想、思考,某种结果必定存在;不可能另有别样的结果。”对于这样牢牢倾入的人,便会生起一种称为固执(အဘိနိဝေသ)的见解,即牢固倾入并作出决定的观点。凭这种见解,此人专心思考那件事,仿佛正把它置于眼前;于是,对自己的这一思想生起喜爱、满意与认可。此人以“这件事确实存在”——
原书第 128 页
ဟု အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေးသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ ထိုအကြောင်း အရာကို နှစ်သက်ကျေနပ် လက်ခံထား၏။ ဤကား ဒိဋ္ဌိနိဇ္ဈာနက္ခန္တိတည်း။
——这一仅由思考所得的见解为先导,专注地思量那件事,并喜爱、满意、接受它。这就是见审谛忍。
(သံ-ဋ္ဌ-၂-၁၁၃။ သံ-ဋီ-၂-၁၂၂ - တို့၌ ကြည့်ပါ။)
(参见《相应部义注》2-113;《相应部复注》2-122。)
အမေးရှင်ကလည်း -- လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဥ် = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်းကောင်း၊ လောကနိရောဓခေါ်သည့် သင်္ခါရလောက၏ ချုပ်စဥ် = ပဋိလောမပဋိစ္စ- သမုပ္ပါဒ်သဘောတရားကိုလည်းကောင်း -- အထက်ပါ သဒ္ဓါ၊ ရုစိ၊ အနုဿဝ၊ အာကာရပရိဝိတက္က၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ ဟူသော ဤအကြောင်းငါးမျိုးတို့ကို ပယ်ရှားလျက် ပစ္စက္ခဉာဏ်ဖြင့် သိပါသလား မြင်ပါသလားဟု မေးမြန်းခဲ့၏။
提问者所问的是:对于所谓世间集的行世间生起次第——即顺缘起法,以及所谓世间灭的行世间止息次第——即逆缘起法,是否能够排除上述信、喜好、随闻、行相思惟、见审谛忍这五项,而以现见智知、以现见智见?
အဖြေရှင်ကလည်း ဤငါးမျိုးသော အကြောင်းအရာတို့မှ အခြားတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့်သာလျှင် သင်္ခါရလောက၏ ဖြစ်စဥ်နှင့် ချုပ်စဥ်ကို သိပါကြောင်း မြင်ပါကြောင်းကို ပြန်လည်တင်ပြလျှောက်ထားခဲ့၏။
回答者则陈述:正是以有别于这五项的现见智,知道并看见行世间的生起次第与止息次第。
ထိုအရှင်မုသိလမထေရ်မြတ်ကြီးကိုယ်တိုင်က ပစ္စက္ခဉာဏ်ဖြင့် သိပါ၏ မြင်ပါ၏ဟု ဝန်ခံဖြေကြားထားသော အဖြေတွင်ပါဝင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့၌ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ(၅ဝ) စသည်၌ ဟော ကြားထားတော်မူအပ်သော - ပုရိမကမ္မဘဝသ္မိ မောဟော အဝိဇ္ဇာ - ဤသို့စသော ဒေသနာတော်နှင့်အညီ -- ၁။ အဝိဇ္ဇာ သင်္ခါရ ဟူသော အတိတ်အဓွန့်ကာလတရားစု၊ ၂။ ဝိညာဏ်မှသည် (ကမ္မ)ဘဝသို့ တိုင်အောင်သော ပစ္စုပ္ပန်အဓွန့်ကာလတရားစု၊ ၃။ ဇာတိ၊ ဇရာမရဏဟူသော အနာဂတ်အဓွန့်ကာလတရားစု၊ ဤအဓွန့်ကာလတရားသုံးမျိုး ပါဝင်နေသဖြင့် အသင်သူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တို့ကို အတိတ်အဓွန့်ကာလတရား ပစ္စုပ္ပန်အဓွန့်ကာလတရား အနာဂတ်အဓွန့်ကာလတရားဟု ခေါ်ဆိုလိုက လည်း ခေါ်ဆိုပါ၊ သို့မဟုတ် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၂) ဥဒယဗ္ဗယဉာဏ်ခန်း၌ လာရှိသော --- ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ - စသော ဒေသနာတော်နှင့် အညီ ပစ္စုပ္ပန္နဓမ္မဟုချည်း ခေါ်ဆိုလိုကလည်း ခေါ်ဆိုပါ။
穆尸罗长老亲自回答“我以现见智知道、我以现见智看见”时所说的十二缘起支,依《无碍解道》巴利第“前一业有中的痴,即无明。”——可分为:一、无明与行,是过去时段的一组法;二、从识直到(业)有,是现在时段的一组法;三、生与老死,是未来时段的一组法。由于其中含有过去、现在、未来这三类时段之法,贤者若要把这些缘起支分别称为过去时段之法、现在时段之法、未来时段之法,便如此称呼;若依《无碍解道》巴利第52页“已生的无明是现在法。”——而把它们一概称为现在法,也可如此称呼。
Purimakammabhavasmiṃ moho avijjā, āyūhanā saṅkhārā, nikanti taṇhā, upagamanaṃ upādānaṃ, cetanā bhavoti ime pañca dhammā purimakammabhavasmiṃ idha paṭisandhiyā paccayā.Jātaṃ rūpaṃ paccuppannaṃ, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jātā avijjā paccuppannā, tassā nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ. Pe. Jāto bhavo paccuppanno, tassa nibbattilakkhaṇaṃ udayo, vipariṇāmalakkhaṇaṃ vayo, anupassanā ñāṇaṃ.
မည်သို့ပင် ခေါ်ဆိုသည် ဖြစ်ပါစေ --- ၁။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟုခေါ်ဆိုအပ်သော အရိယမဂ်၏ ရှေ့အဖို့ ဝိပဿနာပိုင်း၌လည်းကောင်း၊ ၂။ အရိယမဂ်ခဏ၌လည်းကောင်း၊ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို - အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်၊ ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ အပရပစ္စယဉာဏ်၊ အတ္တပစ္စက္ခဉာဏ် - ဤသို့စသည်ဖြင့် အမည်အမျိုးမျိုးတို့ဖြင့် ဟောကြားထားတော်မူအပ်သော ပစ္စက္ခဉာဏ်ဖြင့်ကား မျက်စိအမြင်ရှိသော ယောကျာ်းသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်ရမည်သာ ဖြစ်ပေသည်။ ယင်းသို့ သိပါမှ ယင်းသို့ မြင်ပါမှသာလျှင် အာသဝေါ တရားတို့၏ ကုန်ကြောင်း အရိယမဂ်ကို ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ဘုရားရှင်ကဟောကြားတော်မူလျက်ရှိ၏။ (သံ-၁-
无论采用哪一种称法:一、在称为前分念处道的圣道前分观修阶段;二、在圣道刹那,都必须努力以现见智亲自现前、洞彻知见这十二缘起支。教法为这种现见智安立了多种名称;原文列作:“အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်၊ ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ အပရပစ္စယဉာဏ်၊ အတ္တပစ္စက္ခဉာဏ်”,即随觉智、通达智、知遍知、审察遍知、断遍知、观正见、道正见、不依他缘智、亲证现见智等。正如有眼之人以眼识看见种种色所缘,禅修者也必须努力亲自现前、洞彻知见这十二缘起支。世尊还教导:只有如此知、如此见,才能证得导向诸漏灭尽的圣道。(《相应部》1-
၂၆၇။) ထိုသို့ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါမှသာလျှင် အဒိဋ္ဌဖြစ်သော အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုရမည် ဖြစ်ပေသတည်း။
267。)只有在先以现见智亲自现前、洞彻知见以后,才应当把同一理路导向未亲见的过去与未来,以类智加以观照。
စဥ်းစားနှိုင်းချိန်တော်မူပါ
敬请审慎思量
ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ
“罗睺罗,凡任何色,无论过去、未来、现在,内或外,粗或细,劣或胜,远或近;对于这一切色,他都如此观为:‘这不是我的,我不是这个,这不是我的自我’——”
原书第 129 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (သံ-၁-၄၄၄။ အနုသယသုတ္တ။) သမ္မပ္ပညာယ ပဿတီတိ သဟ ဝိပဿနာယ မဂ္ဂပညာယ သုဋ္ဌု ပဿတိ။ (သံ-ဋ္ဌ-၂-၁၉၇။) ဤသုတ္တန်တွင် ဘုရားရှင်က အရှင်ရာဟုလာအား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသည့် ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသည့် သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို -''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'' ဟု = အနိစ္စဟု ဒုက္ခဟု အနတ္တဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း သမ္မပ္ပညာဖြင့် ရှုပါဟု ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာကလည်း သမ္မပ္ပညာဖြင့် ရှုပါဟူသည် ဝိပဿနာပညာနှင့်တကွ အရိယမဂ်ပညာဖြင့် ကောင်းမွန်စွာ မြင်အောင် ရှုပါဟု ဆိုလိုကြောင်း ရှင်းပြထား၏။
“——以正慧如实观见。”(《相应部》1-4“所谓‘以正慧观见’,就是以观慧连同道慧善加观见。”(《相应部义注》2-197。)本经中,世尊教导罗睺罗:对于处在过去、未来、现在三时以及内、外两种相续中,依十一种情形而存在的五取蕴,应依巴利原文(缅文转写):“''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''”——“这不是我的,我不是这个,这不是我的自我”——观为无常、苦、无我,不颠倒、如实地以正慧观见。义注又解释,所谓“以正慧观见”,意为以观慧连同圣道慧善加观见。
ဤရှင်းလင်းချက်အရ သမ္မပ္ပညာ = ကောင်းမွန်မှန်ကန်သောပညာ ဟူသည် ဝိပဿနာပညာနှင့် မဂ် ပညာကို ဆိုလိုသည်ဟု မှတ်ပါ။ အတိတ်အနာဂတ်ပစ္စုပ္ပန်စသည့် ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဝိပဿနာပညာနှင့်လည်း ရှုပါ၊ အရိယမဂ်ပညာနှင့်လည်း ရှုပါဟု ဆိုလိုသည်။ ထိုသို့ ရှုရာ၌ ယင်းဝိပဿနာပညာ မဂ်ပညာသည် အနွယဉာဏ်လေလော၊ ပစ္စက္ခဉာဏ်လေလောဟူမူ - ဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။
依照这一解释,应当知道:所谓正慧,即善妙、正确之慧,所指是观慧与道慧。也就是说,应以观慧观过去、未来、现在等五取蕴为无常、苦、无我,也应以圣道慧观见。如此观见时,这观慧与道慧究竟是类智,还是现见智呢?复注师作了如下说明。
သမ္မ။ ပ ။ ပဿတီတိ ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန၊ မဂ္ဂက္ခဏေ အဘိသမယဝသေန သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ-ဋီ-၂-၁၈၁။) အရိယမဂ်၏ ရှေးအဖို့ ဝိပဿနာပိုင်း၌ အတိတ်ဥပါဒါနက္ခန္ဓာငါးပါး၊ အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးစသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဥ်တင်ကာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာရှုမြင်၏။ အရိယမဂ်အခိုက်၌ကား ယင်းအတိတ် ဥပါဒါနက္ခန္ဓာ အနာဂတ်ဥပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သတ်ခြင်း အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ယင်းဥပါဒါနက္ခန္ဓာတို့ကို ထိုးထွင်းသိသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာ ရှုမြင်၏ ---- ဟု ရှင်းလင်း တင်ပြထား၏။
“所谓‘正……见’,是在前行阶段以观智依思惟的方式而见,在道刹那则依现观的方式,以亲证现见智善见。”(《相应部复注》2-181。)这就是说:在圣道之前的观修阶段,以过去五取蕴、未来五取蕴等取蕴为所缘,将它们置于三相之下修观、审察,并以由此生起、称为观正见智的亲证现见智善加观见。在圣道刹那,则舍断遮蔽对过去、未来等取蕴之知的痴,依无痴通达而洞彻知见这些取蕴,并以由此生起、称为道正见的亲证现见智善加观见。复注如此作了解释。
အတိတ် ဥပါဒါနက္ခန္ဓာ အနာဂတ် ဥပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို အတ္တပစ္စက္ခဉာဏ်ဟု ဖွင့်ဆိုထားတော်မူ၏။
复注把能将过去、未来等五取蕴置于三相之下而修观、审察的观正见智,解释为亲证现见智。
အလားတူပင် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်ကိုလည်း အတ္တပစ္စက္ခဉာဏ်ဟုပင် ဖွင့်ဆိုထားတော်မူ၏။ ယင်းသို့ ဖွင့်ဆိုနေသော ဋီကာဆရာတော်မှာ အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလ မထေရ်မြတ် ပင် ဖြစ်သည်။ တစ်ဖန် --- အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနံ …(သံ-ဋီ-၂-၆၃။) အဝိဇ္ဇာသမုဒယာတိ အဝိဇ္ဇာယ ဥပ္ပါဒါ၊ အတ္ထိဘာဝါတိ အတ္ထော။ နိရောဓဝိရောဓီ ဟိ အတ္ထိဘာဝေါ ဟောတိ၊ တသ္မာ နိရောဓေ အသတိ အတ္ထိဘာဝေါ ဟောတိ၊ တသ္မာ ပုရိမဘဝသိဒ္ဓါယ အဝိဇ္ဇာယ သတိ ဣမသ္မိ ဘဝေ ရူပဿ သမုဒယော ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော။ တဏှာသမုဒယာ ကမ္မသမုဒယာတိ ဧတ္ထာပိ ဧသေဝ နယော။ (သံ-ဋီ-၂-၅၈။)
同样,复注也把道正见智解释为亲证现见智。作此解释的复注师,正是“而是正如以眼识见诸色一般,将色等及其集起等置于现前而见……”(《相应“‘由无明集’,意为由于无明生起,即由于无明存在。存在与灭相违,所以在灭不存在时便有存在。因此,前生所成的无明存在时,今生之色便有集起,即有生起;‘由爱集’与‘由业集’也同此理。”(《相应部复注》2-58。)
原书第 130 页
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (သံ-ဋီ-၂-၅၉။ မဟာဋီ-၂-၄၂၁။) မျက်စိအမြင်ရှိသော ယောကျာ်းသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံတို့ကို တွေ့မြင်ရသကဲ့သို့ အလားတူပင်- ၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း၊ ၂။ (က) ကမ္မဘဝကို ထူထောင်ခဲ့စဥ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် ပဋိသန္ဓေခန္ဓာငါးပါး အစ ရှိသော ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း သမုဒယသဘောကိုလည်းကောင်း၊ (ခ) ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှား
“所谓‘由无明灭而色灭’,是说最上道智使无明以不再生起之灭而灭,由于缘不存在时果也不存在,未来色也就以不再生起之灭而灭。”(《相应部复注》2-59;《大复注》2-421。)正如有眼之人以眼识看见诸色一般,同样地——1.依过去、未来、现在、内、外、粗、细、劣、胜、远、近十一种情形而存在的五取蕴。2.(甲)在建立业有时,由于前生所培育的无明、爱、取、行、业等因法明显生起、存在,当前以结生五蕴为始的果五取蕴便明显集起;(乙)由于今生所培育的无明、爱、取、行、业等因法明显生起、存在,未来果五取蕴便明显——
ဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါး အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော သမုဒယသဘောကိုလည်းကောင်း၊ (ဂ) ယင်းဥပါဒါနက္ခန္ဓာတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာဟူသော သမုဒယသဘောကိုလည်းကောင်း၊ ၃။ (က) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောက်ထပ် တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း ခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏လည်း ခန္ဓပရိနိဗ္ဗာန်စံသောအခါ၌ နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း = နိရောဓသဘော = အတ္ထင်္ဂမသဘောကိုလည်းကောင်း၊ (ခ) ယင်း ဥပါဒါနက္ခန္ဓာတို့၏ ဝိပရိဏာမလက္ခဏာ ဟူသော ပျက်ခြင်း ဘင် = နိရောဓသဘော အတ္ထင်္ဂမ သဘောကိုလည်းကောင်း ---
——生起,这就是集起之性;(丙)这些取蕴最初发生的生起相,也是集起之性。3.(甲)无明、爱、取、行、业等因法因阿罗汉道而以此后不再有生起机会的“不再生起之灭”彻底止息;由于诸因如此止息,未来果五取蕴在蕴般涅槃时,也以此后不再有生起机会的“不再生起之灭”彻底止息。这就是灭,即衰没之性。(乙)这些取蕴以变异相而坏灭、崩解,也是灭,即衰没之性。
ဤ သမုဒယသဘော နိရောဓသဘော = (အတ္ထင်္ဂမသဘော) ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စက္ခဉာဏ် ဖြင့် သိပါ၏ မြင်ပါ၏ ဟု ဖွင့်ဆိုရေးသားထားတော်မူသော သံယုတ်ဋီကာဆရာတော်မှာလည်း အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်ပင် ဖြစ်သည်။ တစ်ဖန် --- နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ-၂-၄၂၃။) တစ်နည်း ---- နယဒဿန = နည်းကိုပြသည်၏ အစွမ်းဖြင့် ဤသို့ ဖွင့်ဆိုခြင်းတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မ တို့၏ ---- ၁။ (က) ကမ္မဘဝကို ထူထောင်ခဲ့စဥ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် ပစ္စုပ္ပန်ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသည့် အကျိုးဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း ဥဒယကိုလည်းကောင်း၊ (ခ) ပစ္စုပ္ပန်တွင် ပြုစု
——瑜伽行者以现见智知、见这些集起之性以及灭、衰没之性。作此解释的《相应部复注》师,同样是阿“或者,这是依显示理路而如此说。因为首先见了现在诸法的生灭,然后才把这一理路导向过去与未来。”(《大复注》2-423。)换言之,所谓“依显示理路而说”,含义如下:先观现在诸法——1.(甲)在建立业有时,由于前生所培育的无明、爱、取、行、业等因法明显生起、存在,当前以结生五蕴为始的果五取蕴便明显生起;(乙)由于今生所培育——
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
ပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း တရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း ဥဒယကိုလည်းကောင်း၊ (ဂ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ခန္ဓပရိနိဗ္ဗာန်စံသော အခါ၌ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်း ဝယသဘောကိုလည်းကောင်း ရှုမြင်တတ်သော ပစ္စယတော ဥဒယဗ္ဗယဒဿန ---
——的无明、爱、取、行、业等因法明显生起、存在,未来果五取蕴便明显生起;(丙)由于无明、爱、取、行、业等因法经阿罗汉道而以不再生起之灭彻底止息,未来果五取蕴在蕴般涅槃时也以不再生起之灭止息。如此观见前述两种依缘生起,以及因法止息时未来果取蕴以不再生起之灭而止息的灭性(vaya),称为“依因缘观生灭”——
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
原书第 131 页
ကောင်းသော ည တစ်ညပိုင်း -- ပစ္စက္ခဉာဏ် နှင့် အနွယဉာဏ် အကြောင်း ၂။ (အကြောင်း) အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှုကို ရှုမြင်တတ်သော ခဏတော ဥဒယဗ္ဗယဒဿန --- ဤနှစ်မျိုးသော ဥဒယဗ္ဗယကို ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်ပြီးပါမှ အဒိဋ္ဌဖြစ်သော အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ ၎င်းင်းနည်းဟု ရှုပါ - ဟု ဤသို့ ဖွင့်ဆိုထားတော်မူသော မဟာဋီကာဆရာတော်မှာလည်း အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်ပင် ဖြစ်ပေသည်။
2.依刹那观见因、果诸取蕴各自的刹那生起与坏灭,称为“依刹那观生灭”。只有先以现见智观见这两种生灭,随后才把同一理路导向未曾现见的过去与未来,观作“也是如此”。作出这番解释的大复注师,同样正是阿阇梨护法长老。
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
ထိုကြောင့် အတိတ်အနာဂတ်မှန်သမျှကို ပစ္စက္ခဉာဏ်လုံးဝမပါဘဲ အနွယဉာဏ်သက်သက်ဖြင့်သာလျှင် အနုမာန မျက်ရမ်းဆ၍ မှန်းဆရှုရမည်ဟု ဋီကာဆရာတော်က ဖွင့်ဆိုမထားသည်ကိုကား နိဗ္ဗာန်ကို လိုလား တောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် သတိသမ္ပဇဥ် ဉာဏ်ယှဥ်လျက် စဥ်းစားနှိုင်းချိန်လေရာသည်။
因此,复注师并未解释说:对于一切过去、未来法,完全不用现见智,只凭类智,以推论粗略估量、猜测着观。渴求涅槃的善人,你应具足念与正知,以智审慎比较思量这一点。
Evaṃ manasi karoto na yāva udayabbayañāṇaṃ uppajjati, tāva udayabbayā suṭṭhu pākaṭā na hontīti katvā vuttaṃ ‘iti kirime dhammā … pe … paṭiventī’ti, nayadassanavasena vā evaṃ vuttaṃ. Paṭhamañhi paccuppannadhammānaṃ udayabbayaṃ disvā atha atītānāgate nayaṃ neti.
အမြတ်ဆုံးစကားတော်
最胜之言
ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ၊ ခေမံ နိဗ္ဗာနပတ္တိယာ။
“佛陀所说的安稳之语,是为抵达涅槃——”
ဒုက္ခဿန္တကိရိယာယ၊ သာ ဝေ ဝါစာနမုတ္တမာ။ (သံ-၁-၁၉၁။)
“——是为终结苦;那确是众语之中最胜。”(《相应部》1-191。)
ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကိုလည်း ယင်း သစ္စာလေးရပ် တရားမြတ်ကို ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်း သိမြင်စေတော်မူတတ်သောကြောင့် ဗုဒ္ဓဟူသော အမည်တော်ကို ရရှိတော်မူသည့် ဘုရားရှင်သည်။ နိဗ္ဗာနပတ္တိယာ = ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့ ပစ္စက္ခဉာဏ်ဖြင့် အာရုံမျက်မှောက် ဆိုက်- ရောက်ခြင်းငှာလည်းကောင်း။ ဒုက္ခဿ = ကာမ ရူပ အရူပဟု ခေါ်ဆိုသမုတ်အပ်သည့် ဘဝသုံးထပ် ဘုံသုံးရပ် တည်းဟူသော တေဘူမက ဝဋ်ဒုက္ခ၏။ အန္တကိရိယာယ = ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းခြင်းဖြင့် အဆုံးအပိုင်းအခြားကို ပြုခြင်းငှာလည်းကောင်း။ ခေမံ = ဘေးဒုက္ခ အဝဝတို့၏ ကုန်ရာကုန်ကြောင်း ငြိမ်းအေးရာ
“ဗုဒ္ဓေါ(buddho,佛陀)”:世尊不依老师,凭自生智自行洞彻四圣谛;又能使堪受调伏的天、人、梵天等一切有情也以现见智洞彻四圣谛,因而得名“佛陀”。“နိဗ္ဗာနပတ္တိယာ(nibbānapattiyā,为抵达涅槃)”:为以现见智将能止息一切烦恼热恼、名为大无为界与寂静界的殊胜涅槃法现前取作所缘而抵达它。“ဒုက္ခဿ(dukkhassa,苦的)”:指欲有、色有、无色有这三有——也就是三地——所摄的轮回苦。“အန္တကိရိယာယ(antakiriyāya,为令达到终尽)”:为以蕴般涅槃而止息,令苦彻底终结、达到尽头。“ခေမံ(khemaṃ,安稳)”:即一切灾患与众苦的穷尽处、令其穷尽之因、寂静处——
ငြိမ်းအေးကြောင်းဖြစ်သော။ ယံ ဝါစံ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဟု ခေါ်ဆို သမုတ်အပ်သည့် အကြင်တရားစကားတော်ကို။ ဘာသတေ = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။ သာ ဝါစာ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဟု ခေါ်ဆို သမုတ်အပ်သည့် ထိုတရားစကားတော်သည်ကား။ ဝါစာနံ = စကားဟူသမျှတို့တွင်။ ဥတ္တမာ = အသာဆုံး အမြတ်ဆုံး စကားတော် ဖြစ်တော်မူပါပေသတည်း။ (သံ-၁-၁၉၁။ သံ-ဋ္ဌ-၁-၂၅၂။) ဤမျှသော စကားအစဥ် တရားအယင်ဖြင့် ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ် အကြောင်းကို နိဂုံးခါးပတ် အဆုံးသတ်လိုက်ပါသည်။ အသင်သူတော်ကောင်းသည် ဤရှင်းလင်းချက်များကို ကျေကျေနပ်နပ်ကြီး လက်ခံ နိုင်ပါက ဘဒ္ဒေကရတ္တသုတ္တန်နှင့် ဆက်စပ်လျက် ရှင်းလင်းတင်ပြထားသော ရှင်းလင်းချက်များကိုလည်း လက်ခံ နိုင်လိမ့်မည်ဟု မျှော်လင့်အပ်ပါသတည်း။
——与令其寂静之因。“ယံ ဝါစံ(yaṃ vācaṃ,所说之语)”:指那被称为导向出离轮回的能出离善法之法语。“ဘာသတေ(bhāsate,说)”:即以悲为先、心怀慈爱而宣说、开示、教诫。“သာ ဝါစာ(sā vācā,那一语)”:就是那被称为导向出离轮回的能出离善法之法语。“ဝါစာနံ(vācānaṃ,众语之中)”:在一切言语之中。“ဥတ္တမာ(uttamā,最胜)”:它确是最上、最胜之语。(《相应部》1-191;《相应部义注》1-252。)至此,关于现见智与类智的说明就告一段落、完整收束。善人,如果你能够由衷接受上述解释,想必也能接受以下围绕《一夜贤者经》所作的阐释。

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。