不杂——安乐住
入出息念定部分 · 原书第 246–247 页 · 9 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 246 页
အသေစနက - သုခဝိဟာရ
အသေစနက - သုခဝိဟာရ(不杂——安乐住)
ကသိုဏ်းစျာန်များကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည့် ထိုထိုကသိုဏ်းဝန်းများကို ပြုလုပ်ရ၏။ ထိုသို့ ကသိုဏ်းဝန်း ပြုလုပ်ရခြင်းကို ပရိကံ တစ်မျိုးဟု ခေါ်၏၊ ဤအာနာပါနဿတိသမာဓိကား ငြိမ်သက်မွန်မြတ်မှုကို ရွက်ဆောင်ပေးနိုင်သည့် တစ်စုံတစ်ခုသော သွန်းလောင်း ထည့်စွက်အပ်သော ဖြည့်စွက်ပေးရမည့် ကသိုဏ်းဝန်း ပြုလုပ်ခြင်းကဲ့သို့သော ပရိကံ ပြုလုပ်ခြင်းစသော အကြောင်း တစ်ပါး ထင်ရှားမရှိခြင်းကြောင့် အသေစနက မည်၏။ ဤအာနာပါနကမ္မဋ္ဌာန်း၌ ငြိမ်သက်မှု၏ အကြောင်း ဖြစ်သော သွန်းလောင်းထည့်စွက်အပ်သော အကြောင်းတစ်ပါး မရှိ၊ ဤအာနာပါနဿတိသမာဓိကား ပရိကံ ပြုလုပ်ခြင်းစသော အကြောင်းတစ်ပါးနှင့် ရောယှက်မှု မရှိသောကြောင့် သီးသန့်ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏၊ အကြောင်း တစ်ပါးနှင့် ဆက်ဆံမှု မရှိပေ။ ဤအာနာပါနဿတိသမာဓိ၌ ငြိမ်သက်မှု၏ အကြောင်းရင်းဖြစ်သော ပရိကံလည်း
想修习而证得遍禅那的禅修者,必须制作地遍盘等各类遍盘。制作遍盘称为一种遍作。入出息念定之所以称为 အသေစနက(不杂),是因为它并无任何另一项必须灌注、添加的因素——例如制作遍盘之类的遍作——来成就寂静、殊胜。在这入出息念业处中,并无作为寂静之因而须另行灌注、添加的因素。由于入出息念定不与遍作等其他因素混合,它是一项独立的业处,不与其他因素相关。在这入出息念定中,作为寂静之因的遍作也——
မရှိ။ ဤ အာနာပါနဿတိသမာဓိ၌ ဥပစာရသမာဓိဖြင့်မူလည်း ငြိမ်သက်မှု ရှိသည်ကား မဟုတ်။ အခြားအခြား ကမ္မဋ္ဌာန်းများ၌ ဥပစာရစျာန် ဥပစာရသမာဓိအခိုက်၌ နီဝရဏတရားများ ကင်းရှင်း၍သွားခြင်း စျာန်အင်္ဂါများ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဟူသော အကြောင်းနှစ်ရပ်ကြောင့် ငြိမ်သက်မှု ဖြစ်ပေါ်လာရ၏။ ဤအာနာပါန ကမ္မဋ္ဌာန်းကား ထိုကဲ့သို့ မဟုတ်ပေ။ ဤအာနာပါနဿတိသမာဓိသည်ကား ဝင်လေ ထွက်လေဟူသော အာနာ ပါနကို စ၍ နှလုံးသွင်းသည့် အချိန်မှစ၍ မိမိ၏ သဘောအားဖြင့်သာလျှင် ငြိမ်လည်းငြိမ်သက် မွန်လည်း မွန်မြတ်သော ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏။
——不存在。入出息念定也不是凭借近行定才寂静。其他业处在近行禅、近行定阶段,因两项理由而变得寂静:诸盖已被清除,诸禅支明显生起。入出息念业处却不是如此。从开始对入息、出息用心的那一刻起,入出息念定便依其自身性质而成为一项既寂静又殊胜的业处。
အဘယဂိရိဝါသီ ခေါ် မြောက်ကျောင်းနေ ဆရာတော်တို့ကား ဤအာနာပါနဿတိသမာဓိကား ကောင်း သထက် ကောင်းအောင် နောက်ထပ် ထပ်ထည့်အပ် သွန်းထည့်အပ်သော အဆီသြဇာ မလို၊ ပင်ကိုယ်က အဆီ သြဇာ ရှိပြီးသား ပြည့်ဝပြီးသား ကမ္မဋ္ဌာန်းဖြစ်၏၊ သဘာဝအားဖြင့်ပင်လျှင် ချိုမြိန်ကောင်းမြတ်သော ကမ္မဋ္ဌာန်း ဖြစ်၏ဟု ဆိုကြကုန်၏။
被称为“北寺住者”的无畏山寺住派诸长老说:这入出息念定不需为了使它好上加好而再添加、灌注滋养精华;它本来就是滋养充足、圆满具足的业处,是本性即甘美优妙的业处。
ဤအထက်တွင် ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း နောက်ထပ် သွန်းလောင်း ထည့်စွက်အပ်သော ပရိကံ ပြုလုပ်ခြင်း စသော အကြောင်းတစ်ပါး မရှိသည်လည်းဖြစ်သော ဤအာနာပါနဿတိသမာဓိကို ဝင်စားတိုင်း ဝင်စားတိုင်းသော ခဏ၌ ကိုယ်၏ချမ်းသာခြင်း ကာယိကသုခ၊ စိတ်၏ချမ်းသာခြင်း စေတသိကသုခ ဟူသော နှစ်မျိုးသော သုခကို ရခြင်းငှာ ဖြစ်သောကြောင့် ချမ်းသာသောနေရာ ချမ်းသာသောနေခြင်း ဟူ၍လည်း သိရှိ ပါလေ။ (ဝိသုဒ္ဓိ-၁-၂၅၉-၂၆ဝ။) ဤ၌ ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်စိတ်များကြောင့် ဖြစ်ကြသော စိတ္တဇရုပ်တို့ကား မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့တည်း။ ယင်းစိတ္တဇရုပ်တို့ကား ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံး၌ အနှံ့အပြား ပျံ့နှံ့၍ ဖြစ်နေကြ၏။ ယင်းရုပ်တို့ကား သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်တို့တည်း။
如上所释,这入出息念定没有须另行灌注、添加的遍作等其他因素;每次证入安止的刹那,都能获得身乐与心乐两种乐,因此也应知它是安乐之处、安乐之住。(《清净道论》1-259—260。)此处,以明亮的入出息似相为所缘而生起的初禅、第二禅、第三禅、第四禅诸禅心,会产生心生色;这些心生色是殊胜心生色。它们遍布禅修者的整个色身而生起。这些色法是以食素为第八法的八法聚。
ယင်းမွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့ဖြင့် တွေ့ထိအပ်သော ခန္ဓာအိမ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်၏
禅修者的蕴身受到这些殊胜心生色触及,因而——
原书第 247 页
အာနာပါနဿတိသမာဓိပိုင်း ချမ်းသာခြင်း ကာယိကသုခကို ထိုအချိန်၌ ရရှိနေ၏။ သို့အတွက် ယင်းအာနာပါနစျာန်စိတ်များကြောင့် ဖြစ်ပေါ် လာသော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့ဖြင့် တွေ့ထိအပ်သော ခန္ဓာအိမ်ရှိသည်၏ အစွမ်းဖြင့် ယင်းအာနာ ပါန စျာန်စိတ်များက ကိုယ်၏ ချမ်းသာခြင်း ကာယိကသုခကို ရရှိဖို့ရန် ဖြစ်စေသည်ဟု မှတ်ပါ။ ထိုသို့ ကိုယ်၏ ချမ်းသာခြင်း ကာယိကသုခကို ရရှိအောင် စျာန်စိတ်က ဖြစ်စေမှုကို ယောဂါဝစရပုဂ္ဂိုလ် သိရှိခွင့်ရခြင်းမှာ သို့မဟုတ် ကိုယ်၏ချမ်းသာခြင်း ကာယိကသုခကို ယောဂါဝစရပုဂ္ဂိုလ်ရရှိခြင်းမှာ အာနာပါနစျာန်မှ ထလာသော အချိန် ကာလ၌သာ ရရှိသည်ဟု မှတ်ပါ။ အကြောင်းမူ စျာန်ဝင်စားဆဲ ခဏ၌ စေတသိကသုခ အမည်ရသည့် စိတ် ချမ်းသာမှုကိုသာ ယောဂါဝစရပုဂ္ဂိုလ်က ခံစားနေသောကြောင့် ဖြစ်၏။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် တို့ကား သုခဝေဒနာနှင့်ယှဥ်၍ ထိုအချိန်၌ စေတသိကသုခဟူသည့် စိတ်ချမ်းသာမှု ရှိသည်ကား မှန်၏၊ စတုတ္ထ
——在那时获得身体的快乐,即身乐。因此,应当这样理解:由于其蕴身受到这些入出息禅那心所生的殊胜心生色触及,这些入出息禅那心便能使其获得身体的快乐,即身乐。禅修者得以知道禅那心这样生起身乐,或者亲自获得这种身乐,唯发生在从入出息禅那出定之时。因为在进入禅那期间,禅修者所感受的只是称为心乐的内心快乐。第一禅、第二禅、第三禅与乐受相应,所以那时确有称为心乐的内心快乐;至于第四禅——
စျာန်ကား ဥပေက္ခာဝေဒနာနှင့် ယှဥ်နေသဖြင့် မည်သို့လျှင် ထိုစတုတ္ထစျာန် ဝင်စားဆဲခဏ၌ စေတသိကသုခ ဟူသည့် စိတ်ချမ်းသာမှုကို ထိုစတုတ္ထစျာန်က ဖြစ်စေနိုင်ပြန်ပါသနည်းဟု မေးရန် ရှိ၏။ ဥပေက္ခာယ ဝါ သန္တဘာဝေန သုခဂတိကတ္တာ = ဥပေက္ခာဝေဒနာသည်လည်း ငြိမ်သက်သည့် သဘာဝစွမ်းအားရှိခြင်းကြောင့် သုခဝေဒနာနှင့် အလားတူရကား ထိုစတုတ္ထစျာန်ကို ဝင်စားဆဲခဏ၌လည်း စိတ်ချမ်းသာမှု စေတသိကသုခ ရှိသည်သာဟု သိရှိပါလေ။ (မဟာဋီ-၁-၃၁၃။) တစ်ဖန် အာနာပါနဿတိသမာဓိသည် မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်၌ စျာန်ဖြင့် မပယ်ခွာအပ် မနှုတ်ပယ် အပ်ကုန်သေးသော မိုက်မဲသည့် အဝိဇ္ဇာအကြောင်းခံကြောင့် ဖြစ်ပေါ်လာကြကုန်သော ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ်အယုတ်တရားတို့ကို မိမိ (= စျာန်စိတ်) ဖြစ်သော ခဏ၌ပင်လျှင် ပယ်ခွာ ထားနိုင်၏၊ ကောင်းစွာ (ဝိက္ခမ္ဘနပဟာန်ဖြင့်) ငြိမ်းအေးစေနိုင်၏။ တစ်နည်းဆိုသော် လောဘ ဒေါသ မောဟ
——由于与舍受相应,便会有人问:“在进入第四禅期间,第四禅又如何能产生“又因为舍受具有寂静性,归入与乐受相近的一类。”因此应当知道,即使正在进入第四禅,也仍有称为心乐的内心快乐。(《大复注》1-313。)此外,入出息念定能够在自身名色相续中,就在禅那心本身生起的刹那,以镇伏断排除并善加平息那些以愚痴无明为因、尚未被禅那排除而随生即起的不善恶法。换一种说法,对于贪、瞋、痴——
စသော ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲလျက် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းအဖို့ ရှိသည်၏အဖြစ် ကြောင့် အာနာပါနစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာဉာဏ်တို့ကို အစဥ်အတိုင်း ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အရိယမဂ်ဉာဏ်တည်းဟူသော ကြီးပွားခြင်းသို့ ရောက်ရှိ လတ်သော် ကိလေသာထု အစိုင်အခဲကို အရိယမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်၏၊ အရိယဖိုလ်ဉာဏ်ဖြင့် ကိလေသာအပူမီး ဟူသမျှကို ငြိမ်းအောင် ငြှိမ်းနိုင်၏၊ ငြိမ်းအေးစေနိုင်၏။ ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၁-၂၅၉-၂၆ဝ။)
——等烦恼的厚重结块,入出息念第四禅定具有破开它们、彻见四圣谛的能力。以入出息念第四禅定作为毗婆舍那的基础,依次精勤修习以获得诸观智,进而达到称为圣道智的增上时,便能以圣道智将烦恼结块断尽无余,并以圣果智熄灭、平息一切烦恼热火。这就是上述巴利经文的要义。(《清净道论》1-259—260。)