色法二十八种(之1)

色业处部分 · 原书第 545–569 页 · 228 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 545 页
ရုပ် (၂၈) ပါး
色法二十八种
စိတ္တဝိသုဒ္ဓိစခန်းမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ သမထယာနိကပုဂ္ဂိုလ်အဖို့ နာမ်ကမ္မဋ္ဌာန်းကစ၍ အား သစ်နည်း၊ ရုပ်ကမ္မဋ္ဌာန်းကစ၍ အားသစ်နည်းဟု နှစ်နည်း ရှိရာတွင် ရုပ်ကမ္မဋ္ဌာန်းက စ၍ အားသစ်နည်း အားထုတ်ပုံကို ယခုဆက်လက်၍ ဖော်ပြမည် ဖြစ်ပါသည်။ မဖော်ပြမီ ယောဂါဝစရပုဂ္ဂိုလ်တို့ ရှုပွားသိမ်းဆည်း ရမည့် ရုပ် (၂၈)ပါးကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
从心清净阶段进入见清净阶段时,对于止乘者,有从名业处入手用功和从色业处入手用功两种方法。现在继续说明从色业处入手的修习方法;在此之前,先列出禅修者应当观修、把握的二十八种色法。
မဟာဘုတ် (= ဓာတ်ကြီး) လေးပါး
四大种(即四大界)
၁။ ပထဝီဓာတ်
一、地界
ဂရုပထဝီအုပ်စု လဟုပထဝီအုပ်စု
重地界组 轻地界组
၁။ မာမှု …သဘော၊ ၂။ ပျော့မှု …သဘော၊ ၃။ ကြမ်းမှု …သဘော၊ ၄။ ချောမှု …သဘော၊ ၅။ လေးမှု …သဘော၊ ၆။ ပေါ့မှု …သဘော၊ ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ …(အဘိ-၁-၁၇ဝ။ ဓမ္မသင်္ဂဏီပါဠိတော်) ဧတ္ထ စ ''ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက''န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။
一、硬性;二、软性;三、粗性;四、滑性;五、重“何者是作为触处的色法?地界、火界、风界;硬、软、滑、粗、重、轻……”(《阿毗达磨》1-1“这里,以‘硬、软、滑、粗、重、轻’这些词,只是分别说明地界。”
(အဘိ-ဋ္ဌ-၁-၃၆၈၊ စာပိုဒ်-၆၄၇။)
(《阿毗达磨义注》1-368,第647段。)
၁။ ကက္ခဠ န္တိ ထဒ္ဓံ = မာ - မှုသဘော၊ ၂။ မုဒုကန္တိ အထဒ္ဓံ = ပျော့ - မှုသဘော၊ ၃။ ဖရုသန္တိ ခရံ = ကြမ်း - မှုသဘော၊ ၄။ သဏှန္တိ မဋ္ဌံ = ချော - မှုသဘော၊ ၅။ ဂရုကန္တိ ဘာရိယံ = လေး - မှုသဘော၊ ၆။ လဟုကန္တိ အဘာရိယံ၊ သလဒဟုကန္တိ အတ္ထော = ပေါ့ - မှုသဘော၊ (အဘိ-ဋ္ဌ-၁-၃၆၈။)
“所谓坚硬,即僵硬”,指硬性;“မုဒုကန္တိ အထဒ္ဓံ”译:“所谓柔软,即不僵硬”,指软性;“ဖရုသန္တိ ခရံ”译:“所谓粗,即粗糙”,指粗性;“သဏှန္တိ မဋ္ဌံ”译:“所谓滑,即光滑”,指滑性;“ဂရုကန္တိ ဘာရိယံ”译:“所谓重,即沉重”,指重性;“လဟုကန္တိ အဘာရိယံ၊ သလဒဟုကန္တိ အတ္ထော”译:“所谓轻,即不沉重;其义为轻盈”,指轻性。(《阿毗达磨义注》1-368。)
၂။ အာပေါဓာတ်
二、水界
၁။ ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘော၊ ၂။ အာဗန္ဓနဘာဝ = အာဗန္ဓနလက္ခဏာ = ဖွဲ့စည်းမှုသဘော၊
一、流动性(dravabhāva),即流动特相(paggharaṇa-lakkhaṇa):流动之性;二、黏结性(ābandhana-bhāva),即黏结特相(ābandhana-lakkhaṇa):结合之性。
原书第 546 页
၃။ တေဇောဓာတ်
三、火界
၁။ (က) ဥဏှဘာဝ = ဥဏှတေဇော = ပူမှုသဘော၊ ( ခ ) သီတဘာဝ = သီတတေဇော = အေးမှုသဘော၊ ၂။ ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘော၊
一、(甲)热性(uṇhabhāva),即热火界(uṇhatejo):热之性;(乙)冷性(sītabhāva),即冷火界(sītatejo):冷之性。二、成熟性(paripācanabhāva):令色法成熟之性。
၄။ ဝါယောဓာတ်
四、风界
၁။ ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော၊ ၂။ သမုဒီရဏဘာဝ = တွန်းကန်မှုသဘော၊
一、支持性(vitthambhanabhāva):支撑之性;二、推动性(samudīraṇabhāva):推动之性。
ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် ငါးပါး
五种净色(即澄明色、澄明界)
၁။ စက္ခုပသာဒ = မျက်စိ အကြည်၊ ၂။ သောတပသာဒ = နား အကြည်၊ ၃။ ဃာနပသာဒ = နှာ အကြည် (= နှာခေါင်းအကြည်)၊ ၄။ ဇိဝှါပသာဒ = လျှာ အကြည်၊ ၅။ ကာယပသာဒ = ကိုယ် အကြည် (= တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏။)၊
一、眼净色;二、耳净色;三、鼻净色;四、舌净色;五、身净色(遍布全身而住)。
ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး
七种行境色(即所缘色)
၁။ ရူပါရုံ = အရောင် = အဆင်း = ဝဏ္ဏ၊ ၂။ သဒ္ဒါရုံ = အသံ၊ ၃။ ဂန္ဓာရုံ = အနံ့၊ ၄။ ရသာရုံ = အရသာ၊ ၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ၊ တေဇော၊ ဝါယော။)၊ 〔မှတ်ချက် ---- ပထဝီ၊ တေဇော၊ ဝါယော - ဤဓာတ်ကြီးသုံးပါးကိုပင် တွေ့ထိ၍ ရစကောင်းသောကြောင့် ဖောဋ္ဌဗ္ဗဓာတ်ဟု ခေါ်ဆိုသဖြင့် ဂေါစရရုပ် (၇)မျိုးဖြစ်သည်။ ရုပ် (၂၈)ပါး ရေတွက်ရာ၌ကား ပထဝီ၊ တေဇော၊ ဝါယောတို့သည် ဓာတ်ကြီး (၄)ပါး၌ ထည့်သွင်း ရေတွက်ထားပြီး ဖြစ်၍ ရေတွက်ပြီးသည်ကို ထပ်မံ၍ မရေတွက်သော် အာရုံရုပ် = ဂေါစရရုပ် (၄)မျိုးဟု မှတ်ပါ။ ဖောဋ္ဌဗ္ဗရုပ်ဟု သီးသန့် မရှိ၊ ပထဝီ၊ တေဇော၊ ဝါယော ဓာတ်သုံးပါးကိုပင် ဖောဋ္ဌဗ္ဗရုပ်ဟု ခေါ်ဆိုသည်။〕
一、色所缘=颜色=可见色(vaṇṇa);二、声所缘=声音;三、香所缘=气味;四、味所缘=滋味;五、触所缘=所触(即地界、火界、风界)。〔注:地界、火界、风界这三大种本身可以被触,所以称为触界;加上前四项,合计便有七种行境色。计算二十八种色法时,地、火、风三界已经计入四大种,不再重复计算,因此所缘色只另计四种。并不存在一种独立的“触色”;所谓触色,就是地、火、风三界。〕
ဘာဝရုပ် (၂) ပါး
两种性色
၁။ ဣတ္ထိဘာဝရုပ် = အမျိုးသ္မီး ဖြစ်ကြောင်းရုပ်၊ ၂။ ပုရိသဘာဝရုပ် = အမျိုးသား ဖြစ်ကြောင်းရုပ်၊ 〔မှတ်ချက် ---- ယေဘုယျအားဖြင့် အမျိုးသ္မီး၌ အမျိုးသ္မီးဖြစ်ကြောင်း ဘာဝရုပ် တစ်မျိုးသာ ရှိ၏၊ အမျိုးသား ၌ အမျိုးသားဖြစ်ကြောင်း ဘာဝရုပ် တစ်မျိုးသာ ရှိ၏။ တစ်ဦး၌ တစ်မျိုးစီသာ ယေဘုယျအားဖြင့် ရှိတတ်၏။
一、女根色:成为女性之因的色法;二、男根色:成为男性之因的色法。〔注:一般而言,女性只有一种使其成为女性的性色,男性只有一种使其成为男性的性色;一个人通常只具有其中一种。
原书第 547 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ဤဘာဝရုပ်သည်လည်း တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏။ ဥဘတောဗျည်း = လိင် = ဗျည်းနှစ်မျိုးရှိသော ပုဂ္ဂိုလ်တို့လည်း ရံခါရှိတတ်သောကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်သည်။ သို့သော် ယင်း ဥဘတောဗျည်း တို့၌လည်း ဘာဝရုပ်ကား တစ်ခုသော အချိန်ကာလအတွင်း၌ တစ်မျိုးစီသာ ရှိနိုင်ပေသည်။ (အဘိ-ဋ္ဌ-၁- ၃၅၉ - ကြည့်။)〕
这种性色也遍布全身而住。偶尔也会有两性者(ubhatobyañjana),即具有两种性征的人,所以前文才说“一般而言”。不过,即使是两性者,在同一段时间内也只能具有一种性色。(参见《阿毗达磨义注》1-359。)〕
ဟဒယဝတ္ထုရုပ် တစ်ပါး
一种心所依处色
၁။ ဟဒယဝတ္ထုရုပ် = မနောဓာတ် + မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်သောရုပ်၊ 〔နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်၌ တည်ရှိသော သွေးများ၌ ပျံ့နှံ့လျက် ဖြစ်ပွား နေကြသော ဟဒယဒသကကလာပ်တို့တွင် ပါဝင်သော ဟဒယရုပ်သည် မနောဓာတ် + မနောဝိညာဏဓာတ် ဟူသော အသိစိတ်တို့၏ မှီ၍ ဖြစ်ရာရုပ် ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ် မည်၏။ ပဉ္စဝေါကာရ = ခန္ဓာ (၅)ပါး ရှိသော ဘုံကို ရည်ညွှန်းထားသည်။〕
一、心所依处色:作为称为意界与意识界的诸认知心之所依的色法。〔在心脏内部约一粒 punnāga 种子大小的小腔中存有血液;心所依处十法聚遍布这些血液而不断生起,其中所含的心所依处色是意界、意识界诸认知心依止而生的色法,所以称为“心所依处色”。这里的 pañcavokāra,是指具足五蕴的生存界。〕
ဇီဝိတရုပ် တစ်ပါး
一种命根色
၁။ ဇီဝိတိန္ဒြေ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်၊ 〔ဤရုပ်ကား ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့ကို စောင့်ရှောက်ပေးသော ကမ္မဇရုပ်တို့၏ အသက်ပင် ဖြစ်၏၊ တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် တည်ရှိ၏။〕
一、命根(jīvitindriya)=维持生命的色法、生命界。〔这种色法保护业生色,是业生色的生命,遍布全身而住。〕
အာဟာရဇရုပ် တစ်ပါး
一种食生色
၁။ ကဗဠီကာရအာဟာရ = စားမျိုအပ်သော အစာအာဟာရ၌ ပါဝင်တည်ရှိသော အဆီအစေး အနှစ်သြဇာ၊ 〔ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ်တို့၌လည်း ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း ဝယ် သြဇာရုပ်များ ပါဝင်လျက်ပင် ရှိ၏။ (ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ကြည့်ပါ။) ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာဟု အသီးအသီး ခေါ်ဆိုပေသည်။ ဤကျမ်း၌ကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ် မရှုပ်ထွေး စေရန်အတွက် အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ စားမျိုအပ်သော အစာအာဟာရမှန်သမျှသည် မစားမီ အာဟာရအဖြစ် တည်ရှိခိုက်၌လည်းကောင်း၊ စားပြီး၍ အစာသစ်အိမ်အတွင်း အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိခိုက်၌လည်းကောင်း၊ အစာဟောင်း ကောဋ္ဌာသအဖြစ် တည်ရှိခိုက်၌လည်းကောင်း ကလာပ်တစ်ခုအတွင်း ရှိ ဥတု ခေါ်သည့် တေဇောဓာတ်ကြောင့် ဆင့်ကဲ ထပ်ဆင့် ဖြစ်ပွားနေကြသော ဥတုဇသြဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။
一、段食(kabaḷīkāra-āhāra):存在于可吞咽食物中的油脂性精华食素。〔每一个业生色聚、心生色聚与时节生色聚中,也都含有食素色,分别称为业生食素、心生食素与时节生食素。(见色业处诸表。)本书为免禅修者的认识混乱,略作说明:凡可吞咽的食物,在未食而作为食物存在时、食后位于胃内而成为未消化食物部分时,以及成为已消化废物部分时,都只是由每一色聚中的时节——即火界——逐代产生的时节生食素八法聚。
ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနဿေဝ သြဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ-၂-၂၂၃။) ယင်းဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာကို ကဗဠီကာရ အာဟာရဟု (အဘိ-ဋ္ဌ-၁-၃၆၆။)၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်းကဗဠီကာရ အာဟာရ အမည်ရသော စားမျိုလိုက်သော အစာအာဟာရတွင် ပါဝင်တည်ရှိသော အဆီအစေးသြဇာသည် အစာအိမ်ဝန်းကျင် စသည်၌ တည်ရှိသော ဇီဝိတနဝကကလာပ် တို့တွင် ပါဝင်သော တေဇောဓာတ်ဟူသော ဂဟဏီ အမည်ရသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေနိုင်၏။ ကဗဠီ
“在胃中物、粪便、脓与尿这四种时节所生的身分中,各有八种色法,皆依时节所生、以食素为第八法的色聚而显现。”(《清净道论》2-223。)这些时节生食素八法聚中所含的食素,在《阿毗达磨义注》1-366中称为“段食”。称为段食、存在于已吞咽食物中的油脂精华食素,若得到胃周围等处命九法聚中所含的火界——名为 gahaṇī 的业生消化火——的资助,便能不断产生新的、以食素为第八法的食素八法聚。
原书第 548 页
ကာရ အာဟာရ အမည်ရသော သြဇာကြောင့် ဖြစ်သောကြောင့် ယင်းရုပ်တရားအပေါင်းကို အာဟာရဇရုပ်ဟု ခေါ်တွင်သည်၊ အာဟာရသမုဋ္ဌာန်ဟုလည်း ခေါ်သည်။ (ဝိသုဒ္ဓိ-၂-၂၅၁။) ယင်းအာဟာရသမုဋ္ဌာန်ရုပ်များတွင် ပါဝင်တည်ရှိသော သြဇာကား အာဟာရသြဇာတည်း။ ယင်းအာဟာရဇသြဇာ၏ အားပေးထောက်ပံ့မှုကို ရခဲ့သော် ကမ္မဇသြဇာ-စိတ္တဇသြဇာ-ဥတုဇသြဇာတို့ကလည်း သြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်စေနိုင်ပြန်၏။
由于这些色法由称为段食的食素所生,所以其总聚称为“食生色”,也称为“食所生色”。(《清净道论》2-251。)食所生色中所含的食素,就是食生食素。业生食素、心生食素与时节生食素得到这种食生食素的资助后,也能逐代产生新的食素八法聚。
တစ်ဖန် ---- ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ-၂-၂၅၁။) = တစ်နေ့ စားမျိုထားအပ်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အားပေး ထောက်ပံ့ထားနိုင်၏ ဟု ဆိုသဖြင့် တစ်ကြိမ် စားသုံးလိုက်သော ကဗဠီကာရအာဟာရ သြဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ ကို ရခဲ့သော် ခုနစ်ရက်တို့ ပတ်လုံးသော်လည်း အာဟာရသမုဋ္ဌာန်ရုပ်များကို အဆက်မပြတ် ဖြစ်စေနိုင်၏။
“一日所食用的食物,能够资助长达七日。”(《清净道论》2-251。)因此,一次食用的段食食素若得到业生消化火的资助,便能在七日之中持续不断地产生食所生色。
သို့အတွက် ရှေးရှေး အာဟာရဇသြဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော သြဇာကလည်း နောက်နောက်သော အာဟာရဇသြဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော သြဇာ၏ အားပေးထောက်ပံ့မှုကို ရခဲ့သော် (၁ဝ)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်သော ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်စေနိုင်ပြန်၏။
因此,先前诸食生食素八法聚中所含的食素,若又得到后来诸食生食素八法聚中所含食素的资助,便能逐代产生新的色聚,直至十代、十二代。
ဤအထက်ပါ ရှင်းလင်းချက်များအရ စတုသမုဋ္ဌာနိကသြဇာ၏ အာဟာရကိစ္စကို ပြုလုပ်ဆောင်ရွက်ရာ၌ တစ်နည်းဆိုရသော် စတုသမုဋ္ဌာနိကသြဇာ၏ အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ကဗဠီကာရ အာဟာရဇသြဇာ = အာဟာရသမုဋ္ဌာန်သြဇာ၏ အထောက်အပံ့ကို မှီရပေသည်။ ထို့ကြောင့် အဋ္ဌကထာ ဆရာတော်က ---- ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။
依上述说明,四因所生食素要执行食的作用,换言之,要产生新的食生色聚,就必须依靠段食食生食素——即食所生食素——的资“又因为它以应做成一口之团而吞咽的食物为所依,所以它获得‘段食’这个名称。”
(အဘိ-ဋ္ဌ-၃-၃၇၇။)
(《阿毗达磨义注》3-377。)
= ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုထိုက်သော အစာဟူသော တည်ရာရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိကသြဇာ ဟူသော အာဟာရ၏ အမည် တည်းဟု ဒုတိယတစ်နည်း ဖွင့်ဆိုထားပေသည်။ အထက်ပါ ရှင်းလင်းချက်ကား ဤအဋ္ဌကထာ၏ ဒုတိယအဖွင့် နှင့် အညီ ဖြစ်ပါသည်။
=由于它以米饭团等做成一口之团、应当吞咽的食物为所依,所以“段食”这个名称就是那称为食的四因所生食素之名。义注以第二种方式作了这样的解释;上文的说明,正与义注的第二种解释相合。
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၇။) ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ သြဇာ အာဟာရော နာမ။
“段食以食缘作为缘,资助此身。”(“所谓‘段食’,是说在由四种相续所生的色法中,食素名为食。”
(အဘိ-ဋ္ဌ-၃-၃၇၇။)
(《阿毗达磨义注》3-377。)
ဤပါဠိတော် အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်အရ ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ အာဟာရဇ သြဇာဟူသော လေးမျိုးလုံးသော သြဇာသည်ပင် ကဗဠီကာရ အာဟာရ မည်သည်ဟု မှတ်ပါ။
依上述巴利原典与义注的教说,应当知道:业生食素、心生食素、时节生食素与食生食素这四种食素,全都称为“段食”。
စားမျိုထိုက်သော အစာသစ်ဟူသည့် ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကား မုချအားဖြင့် ကဗဠီ ကာရ အာဟာရ အမည်ရသည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ယင်း ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင် သော သြဇာကြောင့် သြဇဋ္ဌမကရုပ်တို့ ဖြစ်ကြ၏၊ အာဟာရဇ သြဇဋ္ဌမကရုပ်တို့တည်း။ ယင်းတို့တွင် ပါဝင်သော သြဇာကား အာဟာရဇသြဇာတည်း။ ယင်းအာဟာရဇသြဇာ၏ အားပေးထောက်ပံ့မှုဖြင့် ကမ္မဇသြဇာ စိတ္တဇသြဇာ ဥတုဇသြဇာ ရှေးရှေးသော အာဟာရဇကလာပ်တို့တွင် ပါဝင်သော အာဟာရဇသြဇာသည် အာဟာရကိစ္စကို ဆောင်ရွက်နိုင်သဖြင့် ယင်း စတုသမုဋ္ဌာနိကသြဇာသည် စားမျိုအပ်သော ကဗဠီကာရ အာဟာရလျှင် တည်ရာ ရှိသောကြောင့် ဌာနူပစာရအားဖြင့် ကဗဠီကာရ အာဟာရ အမည်ရသည်။ အကျယ်ကို အာဟာရဇရုပ် ဖြစ်ပုံ ပိုင်းတွင် ရှုပါ။〕
称为可吞咽的新食之时节生食素八法聚,其总聚依直接义称为“段食”。在业生消化火的资助下,由这些时节生食素八法聚中所含的食素,又会产生食素八法聚,即食生食素八法聚;其中所含的食素便是食生食素。得到这种食生食素的资助,业生食素、心生食素、时节生食素,以及先前食生色聚中所含的食生食素,都能执行食的作用。由于这四因所生食素以可吞咽的段食为所依,便依“处所借称”(ṭhānūpacāra)而获得“段食”之名。详见食生色的生起方式一节。〕
原书第 549 页
ရုပ်အစစ် (၁၈) ပါး
十八种真实色法
ဤအထက်ဖော်ပြပါ (၁၈)မျိုးသော ရုပ်တရားတို့ကို ကက္ခဠတ္တ = ခက်မာမှု စသော မိမိ မိမိ၏ ဥစ္စာ ဖြစ်သော ကိုယ်ပိုင်သဘာဝလက္ခဏာ = ပရမတ္ထဓမ္မသဘာဝသတ္တိ ကိုယ်စီပါသောကြောင့် သဘာဝရုပ်ဟုလည်း ခေါ်သည်။ (၁) ၁။ ဖြစ်ပြီးလျှင် ပျက်သော အခြင်းအရာဟူသော အနိစ္စတာ၊ ၂။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံရသော အခြင်းအရာဟူသော ဒုက္ခတာ၊ ၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှု အခြင်းအရာ ဟူသော အနတ္တတာ --- ဤသို့ စသော ရုပ်-နာမ် ပရမတ္ထဓာတ်သား အားလုံးနှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာ ရှိသောကြောင့် သလက္ခဏရုပ်ဟုလည်း ခေါ်သည်။ (၂) ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားတို့သည် ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်ဟုလည်း ခေါ်သည်။ (၃) ရုပ်ဆိုသည့်အတိုင်း ရှေးကဖြစ်သွားသော ရုပ်အစီအစဥ်နှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ အသစ်
上述十八种色法,各自具有如硬性等属于自己的自性相,即各自具有究竟法的自性力,所以又称为(一)“自性色”(sabhāva-rūpa)。它们又都具有如下与一切色法、名法等究竟界共同相关的共相:一、无常性——生起以后便坏灭的情形;二、苦性——受生起与坏灭逼迫的情形;三、无我性——没有一个作为不坏团块、坚固实体与核心而恒存的我。由于具有这些共同共相,所以又称为(二)“具相色”(salakkhaṇa-rūpa)。它们由业、心、时节、食这些因所产生,所以又称为(三)“因所成色”(nipphanna-rūpa)。又如“色”这一名称所说,后起的色法不同于先前已生的色相续,会改变成另一种形态而一再成为新的——
အသစ် ဖြစ်တတ်သောကြောင့် = ဖောက်ပြန်တတ်သောကြောင့် ရူပရူပ = ရူပရုပ်ဟုလည်း ခေါ်သည်။ ရုပ်ဆိုမှ တကယ့် ရုပ်အစစ်ဟု ဆိုလိုသည်။ (၄) အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဥ်သုံးချက် တင်၍ သုံးသပ်ကောင်းသောကြောင့် = ဝိပဿနာ ဘာဝ- နာကမ္မဋ္ဌာန်း စီးဖြန်း၍ ရှုပွား၍ ရကောင်းသောကြောင့် သမ္မသန = သံမသနရုပ်ဟုလည်း ခေါ်သည်။ (၅) အောက်တွင် ဆက်လက်ဖော်ပြမည့် ကျန်ရုပ်အတု (၁ဝ)မျိုးတို့ကား ထိုကဲ့သို့ မဟုတ်၍ (၁) အသဘာဝ ရုပ်၊ (၂) အလက္ခဏရုပ်၊ (၃) အနိပ္ဖန္နရုပ်၊ (၄) အရူပရုပ်၊ (၅) အသမ္မသနရုပ် = အသံမသနရုပ်များတည်း။
——色法,也就是会变坏,所以又称为(四)“真色”(rūpa-rūpa);意思是,一说“色”,便指真正的色法。由于可以把无常、苦、无我三相安立于其上而审察,也就是可以作为毗婆舍那修习的业处而观修,所以又称为(五)“可思惟色”(sammasana-rūpa)。下面将继续说明的其余十种非实色并非如此,因此分别称为:一、无自性色;二、无相色;三、非因所成色;四、非真色;五、不可思惟色。
အနိပ္ဖန္နရုပ် = ရုပ်အတု (၁ဝ) မျိုး
十种非因所成色(即非实色)
ပရိစ္ဆေဒရုပ် (၁) ပါး
一种分界色
၁။ အာကာသဓာတ် ---- ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်ရအောင် ပိုင်းခြားတတ်သော ရုပ် ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်သည်။ ယင်း အာကာသ ဓာတ်ကို ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သောကြောင့် ပရိစ္ဆေဒရုပ်ဟုလည်း ခေါ်သည်။
一、空界——存在于诸色聚之间的空隙,使一个色聚不与另一个色聚混杂,也是划分诸色聚的界限。由于空界成为划分色聚的界限,所以又称为“分界色”。
ဝိညတ်ရုပ် (၂) ပါး
两种表色
၁။ ကာယဝိညတ်= ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ၊ ၂။ ဝစီဝိညတ် = နှုတ်ဖြင့် (= စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ၊ ဝိညတ် --- မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေတတ် သိစေနိုင်သော အမူအရာ အထူးကို ဝိညတ်ရုပ်ဟု ခေါ်၏။ ကာယဝိညတ်ဟူသည် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ကိုယ်ဖြင့် သိစေတတ်သော အမူအရာတည်း၊ ဥပမာ လက်ယမ်းပြ၍ ခေါ်ခြင်း စသည်တည်း။ ။ ဝစီဝိညတ်
一、身表:以身体使人知晓的身体动作;二、语表:以口——即语言声——使人知晓的言语动作。所谓“表”,就是能够让别人知晓自己内心意愿的特别动作表现。身表,是以身体使别人知晓自己内心意愿的身体动作,例如挥手招唤等;语表——
原书第 550 页
ဟူသည် နှုတ်ဖြင့် (= စကားသံဖြင့်) မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေတတ်သော အမူအရာတည်း။ ဥပမာ - လာပါဟု နှုတ်ဖြင့် (= စကားသံဖြင့်) ခေါ်ဝေါ်ခြင်းမျိုးတည်း။
——是以口——即语言声——使别人知晓自己内心意愿的言语动作,例如用声音说“来吧”而招唤。
လက်ယမ်း၍ ပြရာ၌ လာစေလိုသော မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးက သိနိုင်ခြင်းသည် လက်ယပ်ခေါ်လိုက်သည်တွင် ပါဝင်နေသော ကာယဝိညတ်ရုပ်၏ အစွမ်းတည်း။ လာပါဟု အသံကို ပြုရာ၌ လာစေလိုသော မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးက သိနိုင်ခြင်းသည် ထိုအသံတွင် ပါဝင်သော ဝစီဝိညတ်ရုပ်၏ အစွမ်းတည်းဟု မှတ်ပါ။ ။ သက်မဲ့ အရာဝတ္ထုတို့၏ လှုပ်ရှားမှု၌ ထိုသို့ မသိနိုင်ခြင်းမှာ ထို ဝိညတ်ရုပ်များ၏ သက်မဲ့အရာဝတ္ထုတို့၏ လှုပ်ရှားမှု၌ မရှိသောကြောင့်ဟု အဆိုရှိ၏။ ကာယဝိညတ် ဝစီဝိညတ် ရုပ်တို့ကား စိတ်ကြောင့် ဖြစ်ရကား သက်မဲ့အရာဝတ္ထုတို့၌ စိတ်မရှိသောကြောင့် ထိုဝိညတ်ရုပ်များသည် သက်မဲ့ ရုပ်တို့၌ မတည်နိုင်ခြင်း ဖြစ်သည်။
挥手示意时,别人能够知晓自己希望他过来的内心意愿,是招手动作中所含身表色的力量;发出“来吧”的声音时,别人能够知晓自己希望他过来的内心意愿,是该声音中所含语表色的力量。应当如此理解。另有一种说法认为:无生命物体的运动不能这样传达意愿,是因为无生命物体的运动中没有这些表色。身表色与语表色由心所生;无生命物体没有心,所以这些表色不能存在于无生命物体中。
ဝိကာရရုပ် (၅) ပါး
五种变异色
၁။ လဟုတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော၊ ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော၊ ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော၊ ၂။ မုဒုတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော၊ ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော၊ ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော၊ ၃။ ကမ္မညတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော၊ ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော၊ ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော၊ ဤလဟုတာ၊ မုဒုတာ၊ ကမ္မညတာ - ရုပ်သုံးမျိုးနှင့် ဝိညတ်ရုပ် နှစ်မျိုးပေါင်း ငါးမျိုးသော ရုပ်ကို ဝိကာရ ရုပ်ဟု ခေါ်သည်။ ထူးထွေခြားနားသော အမူအရာရုပ်များဟု ဆိုလိုသည်။
一、色轻快性(lahutā):(甲)心生色的轻快性;(乙)时节生色的轻快性;(丙)食生色的轻快性。二、色柔软性(mudutā):(甲)心生色的柔软性;(乙)时节生色的柔软性;(丙)食生色的柔软性。三、色适应性(kammaññatā):(甲)心生色在作用上的良好、堪能之性;(乙)时节生色在作用上的良好、堪能之性;(丙)食生色在作用上的良好、堪能之性。这三种色法与两种表色合为五种,称为“变异色”,意思是具有特殊、不同寻常形态的色法。
လက္ခဏရုပ် (၄) ပါး
四种相色
၁။ ဥပစယ = (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော၊
一、色积聚(upacaya):(甲)真实色法在一生中最初生起之性;
( ခ ) ဣန္ဒြေ ပြည့်စုံသည်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှသော ရုပ်များ အပြည့်အစုံ
(乙)直至诸根圆满,也就是一生中应当获得的一切色法——
ဖြစ်သည်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော၊ ၂။ သန္တတိ = ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေးနှင့်နောက် အစဥ်မပြတ် ဆက်စပ် လျက် အထပ်ထပ် ဖြစ်ခြင်းသဘော၊ 〔မှတ်ချက် ---- ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ် အားလျော်စွာ အထူးသဖြင့် တာဝတိံ သာ နတ်ပြည်ဝယ် အဘိဓမ္မာတရားဒေသနာတော်ကို နာယူနေကြသော နတ်ဗြဟ္မာတို့၏ အလိုအဇ္ဈာသယဓာတ်အားလျော်စွာ နှစ်မျိုးခွဲခြား၍ ဟောကြားပါမှ သဘောကျနိုင်မည် ဖြစ်သည့်အတွက် နှစ်မျိုးခွဲခြား၍ ဟောကြားထားတော်မူသည်။ ဤ ဥပစယ-သန္တတိ ရုပ်နှစ်မျိုးလုံးသည်ပင် ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်သဘောတရား တစ်ခုတည်းပင် ဖြစ်ပေသည်။〕
——全部具足为止,真实色法在前前色法之上逐步增盛而生之性。二、色相续(santati):一生中诸根圆满以后,真实色法前后无间相接、反复生起之性。〔注:本来都只是真实色法的生起;不过,为了顺应可教化者各自的意乐与性向,特别是顺应在三十三天听闻阿毗达磨法教的诸天、梵天之意乐与性向,必须把它分成两种宣说,他们才能领会,所以佛陀分别作了两种教说。色积聚与色相续这两种色法,其实同属真实色法的同一个生起——即生起之性。〕
原书第 551 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော (ရုပ်အစစ်တို့၏ တည်မှု = ဌီကာလကို
三、色老性(jaratā):真实色法成熟、衰老、朽坏之性(所谓真实色法之住立,就是——
ဆိုလိုသည်။)
——住立阶段。)
၄။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော (ရုပ်အစစ်တို့၏ ပျက်မှု = ဘင်ကာလကို ဆိုလိုသည်။)
四、色无常性(aniccatā):真实色法坏灭之性(所谓真实色法之坏灭,就是坏灭阶段)。
ဘူတရုပ် နှင့် ဥပါဒါရုပ်
大种色与所造色
ဤကား ရုပ်အစစ် (၁၈)မျိုး၊ ရုပ်အတု (၁ဝ)မျိုး - နှစ်ရပ်ပေါင်းသော် ရုပ် (၂၈)မျိုး ဖြစ်သည်။ ယင်းရုပ် (၂၈)မျိုးတို့တွင် ပထဝီ အာပေါ တေဇော ဝါယောဟူသော ရုပ်သဘောတရား (၄)မျိုးကို ခက်မာခြင်း ခိုင်မာခြင်း တောင့်မာခြင်း စသော မိမိသဘော = ပရမတ္ထဓမ္မသဘာဝသတ္တိကို မိမိ ဆောင်ထားတတ်သောကြောင့် - ဓာတု = ဓာတ်ဟုလည်းကောင်း၊ ဓာတ်ကြီး (၄) ပါးဟုလည်းကောင်း ခေါ်၏။ အခြားသော ရုပ်များထက် သဘော လက္ခဏာအားဖြင့်လည်းကောင်း၊ အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ် ၌ ကြီးကျယ်ထင်ရှားသောကြောင့် မဟာဘူတ = မဟာဘုတ် ဟူ၍လည်း ခေါ်၏။ အခြားသော ရုပ်များထက် သဘောလက္ခဏာအားဖြင့်လည်းကောင်း၊ အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်ရှားသောကြောင့် ဘူတရူပ = ဘူတရုပ်ဟုလည်း ခေါ်၏။ သမုတိသစ္စာနယ်၌ (၁) မြေဓာတ်၊ (၂) ရေဓာတ်၊ (၃) မီးဓာတ် = (အငွေ့ဓာတ်)၊ (၄) လေဓာတ်ဟု ခေါ်စမှတ် ပြုသည်။
以上十八种真实色法与十种非实色合计为二十八种色法。其中,地、水、火、风这四种色法各自承载着属于自己的自性——例如硬、坚固、僵直等究竟法的自性力——所以称为“界”(dhātu),也称为四大界。它们在自性特相和实体两方面,都比其他色法更为广大,并且在禅修者的认识中明显,所以又称为“四大种”(mahābhūta)。同样,因为它们在自性特相和实体两方面都比其他色法更明显,在禅修者的认识中清楚显现,所以又称为“大种色”(bhūta-rūpa)。在世俗谛范围内,通常把它们称为:一、地界;二、水界;三、火界(热气界);四、风界。
ယင်းဘူတရုပ် (၄)ပါးမှ ကြွင်းကျန်သော (၂၄)မျိုးသော ရုပ်တရားကို ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သောကြောင့် ဥပါဒါရုပ်ဟု ခေါ်ဆို၏။
二十八种色法中除这四种大种色以外的其余二十四种色法,因为依止大种色——即四大种——而生,所以称为“所造色”。
ရုပ်တို့၏ ဖြစ်ပုံသဘော
色法的生起方式
ယင်းရုပ် (၂၈)မျိုးတို့ကား တစ်လုံးချင်း တစ်ခုချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိကြပေ။ ရုပ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်နိုင်ကြသည်။ ရုပ်ကလာပ်ဟူသည် ပရမတ္ထသစ္စာနယ်၌ ဃန = အတုံးအခဲ မပြိုသေးသည့် အသေးဆုံး ရုပ်အဖွဲ့အစည်းတစ်ခု ဖြစ်၏၊ ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆ ပေါင်း များစွာ သေးငယ်သော အမှုန်ကလေးဖြစ်၏၊ အသေးဆုံး ရုပ်တုံးရုပ်ခဲ = ဃန ဖြစ်၏။ ယင်းရုပ်ကလာပ် တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ရုပ်တရားတို့သည် ---- ၁။ ဧကုပ္ပါဒ = တူသော ဖြစ်ခြင်း ရှိ၏ = ပြိုင်တူ ဖြစ်၏။
这二十八种色法没有逐一、单独生起的能力,只能依称为“色聚”的群组而生。色聚在胜义谛范围内,是尚未破除“密集”(ghana)的最小色法组合;它是约如极微尘(paramāṇu),或比极微尘小许多倍的微细粒子,是最小的色法团块。一个色聚中所含的诸色法具有:一、共生(ekuppāda)——生起相同,即同时生起。
၂။ ဧကနိရောဓ = တူသော ချုပ်ခြင်း ရှိ၏ = ပြိုင်တူ ချုပ်၏။
二、共灭(ekanirodha)——灭尽相同,即同时灭尽。
၃။ ဧကနိဿယ = တူသော မှီရာ ရှိ၏ = မှီရာ တူ၏။
三、共依(ekanissaya)——所依相同,即依止同一所依。
ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဥပါဒါရုပ်တို့သည် မိမိတို့နှင့် ကလာပ်တူဖြစ်သော ထိုရုပ်ကလာပ်၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုသာ မှီ၍ ဖြစ်ကြရ၏။ ကလာပ်ပြားဖြစ်သော အခြားအခြားသော ရုပ်ကလာပ်များ၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဘူတရုပ်ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ မဖြစ်ကြကုန်။ တစ်ဖန် ထို ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ကလာပ်တူ ဓာတ်ကြီး (၄)ပါး တို့သည်လည်း အချင်းချင်း ဓာတ်တစ်ပါးက ကျန်ဓာတ် (၃)ပါးကို၊ ဓာတ် (၂)ပါးက ကျန်ဓာတ် (၂)ပါးကို မှီ၍ ဖြစ်ကြ၏။ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဖြစ်တူ ပျက်တူ ဖြစ်ကြသည့် ဘူတရုပ်နှင့် ဥပါဒါရုပ်တို့သည် ကလာပ်ပြားဖြစ်သော အခြားရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြသော ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ မဖြစ်ကြပေ။ ဖြစ်တူ ပျက်တူဖြစ်ကြသည့် ကလာပ်တူ ရုပ်ကလာပ် တစ်ခုအတွင်း၌သာ အထက်
一个色聚中所含的诸所造色,只依止同一色聚内的四大种而生,不依止其他不同色聚中所含的大种色——四大种而生。再者,同一色聚内所含的四大种也彼此依止:一界依止其余三界,二界依止其余二界而生。同一色聚内共同生起、共同坏灭的大种色与所造色,不依止其他不同色聚内的四大种而生;它们只在同一个共同生灭的色聚之内,依照上面——
原书第 552 页
ပါ အတိုင်း ဥပါဒါရုပ်က မဟာဘုတ်ကိုလည်းကောင်း၊ မဟာဘုတ်များကလည်း အချင်းချင်းကိုလည်းကောင်း မှီ၍ ဖြစ်ကြသည်။
——所说的方式,由所造色依止四大种,诸大种又彼此依止而生。
ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ပုံစံမှန် သိရေးအတွက်၊ ယင်းရုပ်တရားတို့၏ ဥပါဒါရုပ်က ဘူတရုပ်ကို၊ ဘူတရုပ်ကလည်း ဘူတရုပ်အချင်းချင်းကို မှီ၍ ဖြစ်ပုံကို ဟုတ် တိုင်းမှန်စွာ ပုံစံမှန် သိရေးအတွက် ရုပ်ကလာပ်များကို ဦးစွာ ဉာဏ်ဖြင့် မြင်အောင် ရှုထားနိုင်ဖို့ ရှုထားတတ်ဖို့ လိုပေသည်။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်သောအခါ ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး (၉)မျိုး (၁ဝ)မျိုး စသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ယင်းပရမတ်အသီးအသီး၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာသို့ ဉာဏ် အမြင် ဆိုက်သည်တိုင်အောင် ထပ်မံ၍ ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်းသို့ ရှုနိုင်ပါမှသာလျှင် ပရမတ်အစစ် ရုပ်တရားများကို သိရှိမည် ဖြစ်သည်။ ယင်းသို့ ရှုမှုကို ရုပ်ကလာပ်များကို ဓာတ်ခွဲသည်ဟု ဤ
为了如其所是、以正确方式了知这些色法,使智见抵达究竟层面;也为了如其所是、以正确方式了知其中所造色如何依止大种色、大种色又如何彼此依止而生,禅修者首先必须能够以智观见色聚,并熟练这种观法。能够以智观见色聚以后,还须把每一个色聚内所含的8种、9种、10种等究竟色法,以智慧逐一分别、分析,再以智观见,直至智见抵达每一种究竟法各自的自性力与自性特相。只有能如此观照,才会了知真实的究竟色法。这种观法,本——
ကျမ်းစာတွင် ခေါ်ဝေါ်သုံးစွဲထားပါသည်။
——书称为“分析色聚”。
ယင်းသို့ ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိနေသော ပရမတ္ထရုပ်တရားများကို ကိုယ်ပိုင် သဘာဝ သတ္တိ သဘာဝလက္ခဏာသို့ ဉာဏ်အမြင် ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် ပါမှ မြင်နိုင်ပါမှသာလျှင် ---- ၁။ မည်သည့် ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊ ၂။ မည်သည့် ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊ ၃။ မည်သည့် ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊ ၄။ မည်သည့် ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊ ၅။ မည်သည့် ရုပ်တရားများက မည်သည့် အကြောင်းတရားကြောင့်မျှ မဖြစ် ---- ဟု ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်မည် ဖြစ်သည်။
只有把每一个色聚内的究竟色法逐一分别、分析而观见,直至智见抵达各自的自性力与自性特相,才能分别了知:一、哪些色法由业而生;二、哪些色法由心而生;三、哪些色法由时节而生;四、哪些色法由食而生;五、哪些色法不由任何因而生。
ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှ ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲများ ပြိုကွဲသွားမည် ဖြစ်သည်။ ဃနပြိုပါ မှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တ ရောင်ခြည်တော်သည် တင့်တယ်စွာ ကွန့်မြူးစံပယ်လျက် ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။
只有能够分析色聚,色密集——即看似整块、坚实的色法团块——才会瓦解。只有密集破除,智见才会抵达究竟;只有智见抵达究竟,无我之光才会庄严灿烂地显现出来。
ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပုံ
开始把握四大种的方法
သမထပိုင်း၌ သမာဓိထူထောင်ပုံ စနစ်များနှင့် ဆက်စပ်၍ ဘုရားရှင်သည် ကမ္မဋ္ဌာန်း (၄ဝ) ဟောကြားထား တော်မူပေသည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိလာသောအခါ၌ကား ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိပေသည်။ ရုပ်ကမ္မဋ္ဌာန်းကို ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဟူ၍လည်းကောင်း၊ နာမ်ကမ္မဋ္ဌာန်းကို အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဟူ၍လည်းကောင်း အမည်တစ်မျိုးစီဖြင့်လည်း အသီးအသီး ခေါ်ဆိုပေသည်။
在止禅部分,关于建立定的各种方法,佛陀宣说了40种业处;到了观禅部分,则只有色业处与名业处两种。色业处又称 rūpa-pariggaha(色把握),即把握色法、以智分别摄取色法;名业处又称 arūpa-pariggaha(非色〔名法〕把握),即把握名法、以智分别摄取名法。
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပ မနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားပြသတော် မူသည်ရှိသော် ----
“其中,世尊宣说色业处时,依简略作意法或详细作意法宣说四界分别观。”(《阿毗达磨义注》2-252;《中部义注》1-280。)在色业处与名业处这两种业处中,当世尊宣说色业处时——
原书第 553 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၁။ သင်္ခေပမနသိကာရ = အကျဥ်း နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ၂။ ဝိတ္ထာရမနသိကာရ = အကျယ် နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း ---- စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားပြသ ဆိုဆုံးမတော်မူရိုး ဓမ္မတာ ဖြစ်ပေ သည်။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုတော်မူချက်အရ ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံ ရုပ်တရားကို သိမ်း ဆည်းပုံနှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရားက စ၍ သိမ်းဆည်းလိုသော ရုပ် ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ သမထကို အခြေ မခံသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး (၄)ပါးကိုပင်လျှင် စတင်၍ သိမ်းဆည်း
——一、依 saṅkhepa-manasikāra(简略作意法);二、依 vitthāra-manasikāra(详细作意法),照例宣说、开示并教导称为 catudhātuvavatthāna(四界分别观)的界业处。(《阿毗达磨义注》2-252;《中部义注》1-280。)依上述诸义注的解释,关于如何修习色业处、如何把握色法,佛陀只宣说界业处简略法与界业处详细法这两种方法。因此,想从色法开始把握、从色业处转入见清净阶段的止乘者,以及不以止为基础的纯观乘者,都必须从把握——
ရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း ကျင့်ခြင်းသည်သာလျှင် အသင်ယောဂီသူတော်ကောင်းအတွက် ပို၍ အကျိုးရှိသော ကျင့်စဥ် ဖြစ်ပေမည်၊ အကောင်းဆုံးသော ကျင့်စဥ် ဖြစ်ပေမည်။ သို့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း၊ ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်း ရှုပွားလိုသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည် လည်းကောင်း ဓာတ်ကြီး (၄)ပါးတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကစ၍ သိမ်းဆည်းရန် ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၂၂။) ဤ စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကား ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် ဥပစာရသမာဓိကို ရွက်ဆောင်ပေးတတ်သော ဥပစာရကမ္မဋ္ဌာန်း အမျိုးအစားတွင် ပါဝင်ကြောင်းကို (ဝိသုဒ္ဓိ-၁-၁ဝ၇။)တွင် ဆုံးဖြတ် ထားပေသည်။ ဥပစာရကမ္မဋ္ဌာန်းဟူသည် ဥပစာရသမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ရမည့်
——、观修四大种开始。依照佛陀所宣说、开示、教导的方式修行,对贤善禅修者才是更有利益、最为殊胜的行道。因此,《清净道论》义注也指示:纯观乘者,以及想从色业处开始把握、观修并转入见清净阶段的止乘者,都应从如实把握四大种各自的自性力与自性特相开始。(《清净道论》2-222。)称为 catudhātuvavatthāna(四界分别观)的这一界业处,在40种业处中,判定属于能导向近行定的近行业处一类。(《清净道论》1-107。)所谓近行业处,是指必须修习直至抵达——
ကမ္မဋ္ဌာန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤ၌ ဥပစာရသမာဓိဟူသည် သဒိသူပစာရအားဖြင့်သာလျှင် ဥပစာရ သမာဓိ အမည်ရသော သမာဓိမျိုးသာ ဖြစ်ကြောင်း၊ ကပ်စရာ စျာန်မရှိသည့်အတွက် စျာန်၏ အနီးအနား၌ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ် မဟုတ်ကြောင်း ရှေး၌ ရှင်းပြခဲ့ပြီး ဖြစ်ပေသည်။
——近行定的业处。这里所谓近行定,只是依 sadisūpacāra(同类借称)而得名的定;由于没有可供它趋近的禅那,并不是真正在安止禅附近生起的近行定。这一点前文已经说明。
ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် ဤ၌ ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း အားထုတ်ပုံကို ပြည်တည်၍ အကျယ်နည်း အားထုတ်ပုံကို နောက်ထား၍ ဖော်ပြထားပါသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း အားထုတ်ပုံကို ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏။
界业处有简略法与详细法两种;本书在这里先确立并说明简略法的修习,把详细法的修习留待后文。关于界业处简略法如何修习,佛陀在《大念处经》中如此宣说。
ဓာတုမနသိကာရ ပဗ္ဗ
“界作意品。”
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ-၁-၇၃။) = ရဟန်းတို့ နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကိုပင် ''ဤရူပကာယ၌ ပထဝီဓာတ် ရှိ၏၊ အာပေါဓာတ် ရှိ၏၊ တေဇောဓာတ် ရှိ၏၊ ဝါယောဓာတ် ရှိ၏''ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ပညာမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင် ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏၊ နှလုံး သွင်း၍ နေ၏။ (မ-၁-၇၃။)
“再者,诸比丘,比丘对此身,无论其如何安住、如何置放,皆依界省察:‘此身中有地界、水界、火界、风界。’”(《中部》1-73。)=诸比丘,再者,瑜伽行比丘对于这个如其所住、如其所置的色身,作意:“此色身中有地界、水界、火界、风界。”他以智慧之眼逐一仔细观察,不作个人、有情、生命或自我的理解,只依界的自性,审察、思惟而观修。(《中部》1-73。)
原书第 554 页
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာ- ပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ-၁-၇၃။) = ရဟန်းတို့ …ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ … ဤဥပမာ အတူပင် ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤ ရူပကာယကိုပင် ''ဤ ရူပကာယ၌ ပထဝီဓာတ် ရှိ၏၊ အာပေါဓာတ် ရှိ၏၊ တေဇောဓာတ် ရှိ၏၊ ဝါယောဓာတ် ရှိ၏''ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ပညာမျက်စိဖြင့် စေ့စေ့
“诸比丘,譬如熟练的屠牛者或屠牛者的弟子,杀牛以后,在四衢大道把牛分割成块而坐;同样,诸比丘,比丘对此身,无论其如何安住、如何置放,皆依界省察:‘此身中有地界、水界、火界、风界。’”(《中部》1-73。)=诸比丘,譬如熟练的屠牛者或其弟子,杀牛以后,在四条大道交会处把牛分解,肉归肉、骨归骨等,分别堆成一堆一堆而坐;同样,瑜伽行比丘对于这个如其所住、如其所置的色身,作意:“此色身中有地界、水界、火界、风界。”他不作个人、有情、生命或自我的理解,只依界的自性,以智慧之眼——
ငုငု မြင်အောင် ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏၊ နှလုံးသွင်း၍ နေ၏။ (မ-၁-၇၃။)
——仔细观察,审察、思惟而观修,并如此作意。(《中部》1-73。)
ဆိုလိုသော သဘောတရား
上述教说的含义
နွားသတ်ယောကျာ်း၏ သန္တာန်ဝယ် နွားကို ကျွေးမွေးစဥ်၌လည်းကောင်း၊ နွားကို သတ်ရာ သင်းချိုင်းသို့ ဆောင်ယူသွားစဥ်၌လည်းကောင်း၊ ဆောင်ယူသွားပြီးနောက် ထို သတ်ရာသင်းချိုင်း၌ ချည်နှောင်၍ ထားစဥ်၌ လည်းကောင်း၊ နွားကို ရိုက်ပုတ်သတ်ဖြတ်စဥ်၌လည်းကောင်း၊ သတ်ပြီးနောက် သေပြီးခါစ နွားသေကို မြင်စဥ်၌ လည်းကောင်း ထိုနွားကို ဖြတ်လှီး၍ အသားတခြား အရိုးတခြား အူတခြား အသည်းတခြား စသည်ဖြင့် ခွဲခြား ဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံ၍ မပြီးသေးသမျှ ကာလပတ်လုံး နွားဟူသော အမှတ်သညာ မကွယ်ပျောက် သေးပေ။ အရိုးတခြား အသားတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ ထိုင်လျက် ရောင်းနေသော နွားသတ်သမား၏ သန္တာန်၌ကား နွားဟူသော အမှတ် သညာသည် ကွယ်ပျောက်သွား၏၊ အသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏။ ထိုနွားသတ်သမား၏ သန္တာန်ဝယ် - ''ငါသည် နွားကို ရောင်း၏၊ ဤဝယ်သူတို့သည် နွားကို ဝယ်ယူ ဆောင်ယူကုန်၏'' - ဤသို့သော
在屠牛者的相续中,无论是饲养那头牛时,把牛牵往屠宰场时,牵到以后把牛系在屠宰场时,击打、宰杀牛时,还是杀后刚见到牛尸时,只要尚未把牛切开,分成肉、骨、肠、肝等,一类一类堆成一堆一堆,“牛”想就还没有消失。待他把骨、肉等分别解开,各自堆成一堆一堆,坐在四衢交会处售卖时,其相续中的“牛”想便消失,“肉”想随之生起。在这位屠牛者的相续中,“我在卖牛;这些买主正把牛买走”这样的——
စိတ်အကြံအစည်သည် မဖြစ်ပေါ်လာပေ။ အကယ်စင်စစ်သော်ကား ထိုနွားသတ်ယောကျာ်း၏ သန္တာန်ဝယ် ''ငါသည် အသားကို ရောင်း၏ဟူ၍သာလျှင်၊ ဤဝယ်သူတို့သည်လည်း အသားကို ဝယ်ယူ ဆောင်ယူကုန်၏'' ဟူ၍သာလျှင် စိတ်သည် ဖြစ်ပေါ်နေ၏။
——心念并不会生起;实际生起的只是:“我在卖肉;这些买主也正把肉买走。”
ဤဥပမာအတူပင် ဤယောဂါဝစရရဟန်းအားလည်း အရိယာဖြစ်သည်မှ ရှေးကာလ အရိယာ မဖြစ်မီ၊ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့်အတွက် ပညာမျက်စိ ကာဏ်းနေသည့် ပုထုဇန် ငမိုက်သား ဖြစ်နေ စဥ်အခါ၌ - လူဖြစ်စဥ်လည်းကောင်း၊ သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်း မရှိသော ရဟန်းညံ့ ဖြစ်စဥ်လည်းကောင်း အကြင်မျှလောက်သော ကာလပတ်လုံး တည်မြဲတိုင်းသော ထားမြဲတိုင်းသော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်အပေါင်းအစုဖြစ်သော ဤရူပကာယကြီးကို ပင်လျှင် သန္တတိ ရုပ်တုံးရုပ်ခဲ၊ သမူဟ ရုပ်တုံးရုပ်ခဲ၊ ကိစ္စ ရုပ်တုံးရုပ်ခဲဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ် အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်သဘော အစုအပုံအားဖြင့် အသီးအသီး ပြု၍ မရှုပွားရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး
同样,这位瑜伽行比丘在成为圣者以前,由于智见尚未抵达究竟,仍是慧眼昏盲的愚痴凡夫;无论仍是在家人,还是仍为尚未把握任何业处的庸劣比丘,只要他对这个如其所住、如其所置、由业、心、时节、食四因所生的色法聚合——整个色身——尚未以智分别、分析相续密集、组合密集、作用密集这三种看似整块坚实的色法团块,尚未把它分为地界、水界、火界、风界这些界的集合而逐一观修,在此期间——
သတ္တဝါဟူသော အမှတ်သညာသည်လည်းကောင်း၊ ပေါသ (= သတ္တဝါ) ဟူသော အမှတ်သညာသည်လည်း- ကောင်း၊ ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည်လည်းကောင်း မကွယ်ပျောက်သေး။ (သတ္တ-ပေါသ-ပုဂ္ဂလဟူသော
——“有情”想、“posa(有情)”想与“个人”想都还不会消失。(satta、posa、puggala这些词——
原书第 555 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း စကားတို့ကား အတ္တကို ရည်ညွှန်းခေါ်ဆိုထားသော စကားတို့တည်း။) သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်သဘော အစုအပုံအားဖြင့် အသီးအသီး ပြု၍ ရှုပွားနိုင်သော်တမူကား သတ္တသညာ = သတ္တဝါဟူသော အမှတ်သညာ သည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်း ယုံကြည်နေသော အတ္တဒိဋ္ဌိနောက်သို့ အစဥ်လိုက်နေသော သတ္တသညာနှင့် လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ် သတ္တဝါ တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်နေသော ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာဟူသော ဤနှစ်မျိုးသော သတ္တသညာသည်) ကွယ်ပျောက်၍ သွား၏၊ ဓာတ်၏အစွမ်းဖြင့်သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏။ ထိုကြောင့် ဘုရားရှင်သည် ----
——都是用来指称“我”的词。)反之,若能以智分别、分析相续密集、组合密集、作用密集这三种色法团块,再把它分为地界、水界、火界、风界这些界的集合而逐一观修,那么 sattasaññā——“有情”想——便会消失。这里的“有情”想有两种:一、随我见而行,执认确有生命实体、灵魂实体、识实体、自我实体的“有情”想;二、依世俗称谓而生,执认人们所说的个人、有情真实存在的“有情”想。这两种“有情”想都会消失,修习心便只依界而善加安住。因此,佛陀才宣说——
သေယျထာပိ ဘိက္ခဝေ ဒက္ခော။ ပ ။ ဝါယောဓာတူတိ ---- ဟူသော စကားကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ယင်းပါဠိတော်ကို အထက်၌ ဘာသာပြန်ဆို ပြီးခဲ့ပြီ။) (မ-ဋ္ဌ-၁-၂၇၆။ ဝိသုဒ္ဓိ-၁-၃၄၃။)
“诸比丘,譬如熟练的……风界。”佛陀正是宣说了这段话。(该巴利经文上文已译。)(《中部义注》1-276;《清净道论》1-343。)
ဃနဝိနိဗ္ဘောဂ
“分解密集。”
ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။
“只要还没有把这个如其所住、如其所置的身体分解密集而依界省察〔有情想就不会消失〕。”
ဓာတုသော ပစ္စဝေက္ခတော ပန သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။
“然而,依界省察时,有情想便消失,心只依界而安住。”
(ဝိသုဒ္ဓိ-၁-၃၄၃။ မ-ဋ္ဌ-၁-၂၇၆။)
(《清净道论》1-343;《中部义注》1-276。)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မဟာဋီ-၁-၄၂၈။ မ-ဋီ-၁-၃၆၅။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွား သုံးသပ်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲကြီး သုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီး လျက် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယော ဓာတ်ဟူသော ဓာတ်ကြီး (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသည့်တိုင်အောင် ရှေး ဦးစွာ ကြိုးပမ်းရမည်ဟူသော အချက်ကိုကား အလေးအနက်ထား၍ သတိပြုထားရမည် ဖြစ်ပေသည်။ (ရုပ်ဃန = အတုံးအခဲ သုံးမျိုးအကြောင်းကို ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီ။)
“所谓分解密集,就是把相续密集、组合密集与作用密集分别开来、加以辨析。”(《大复注》1-428;《中部复注》1-365。)依上述义注、复注的解释,瑜伽行者修习、审察界业处时,必须首先努力:以智打破、摧毁相续密集、组合密集、作用密集这三种色法团块,直至修习心宁静地黏着、安住于每一个色聚内所含的地界、水界、火界、风界这四大种所缘。对此必须郑重留意。(色法三种密集前文已经说明。)
အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၁)
义注的实修指导(一)
တသ္မာ ဣမံ ကမ္မဋ္ဌာနံ ဘာဝေတုကာမေန တိက္ခပညေန တာဝ ရဟောဂတေန ပဋိသလဒီနေန သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ယော ဣမသ္မိံ ကာယေ ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။
“因此,想修习此业处的利慧者,首先应到寂静处独居,转向自己整个色身:此身中所有坚硬性或粗糙性,就是地界。”
ယော အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ၊ အယံ အာပေါဓာတု။ ယော ပရိပါစနဘာဝေါ ဝါ ဥဏှဘာဝေါ ဝါ၊ အယံ တေဇောဓာတု။ ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ၊ အယံ ဝါယောဓာတူတိ ဧဝံ သံခိတ္တေန ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ မနသိကာတဗ္ဗံ ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၃၄၆-၃၄၇။) = ဉာဏ်ပညာ ထက်မြက်သော တိက္ခပညဝါ ပုဂ္ဂိုလ်အား ဓာတ်ကမ္မဋ္ဌာန်းအကျဥ်း နှလုံးသွင်းနည်းသည် လျောက်ပတ်၏။ ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိတိက္ခပညဝါ ပုဂ္ဂိုလ်အား ဓာတ်ကမ္မဋ္ဌာန်းအကျယ် နှလုံးသွင်းနည်းသည် လျောက်ပတ်၏။ ထိုကြောင့် ဤဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်းကို ပွားများအားထုတ်လိုသော
“所有黏结性或流动性,就是水界;所有令成熟性或热性,就是火界;所有支持性或推动性,就是风界。如此简略地把握诸界以后,应反复转向、作意、省察为地界、水界等,只是界、不是有情、没有生命。”(《清净道论》1-346至347。)=对于利慧者,界业处简略作意法是适合的;对于智慧不太锐利者,界业处详细作意法是适合的。因此,想修习这一界业处简略法的——
原书第 556 页
ဉာဏ်ပညာထက်မြက်သော တိက္ခပညဝါပုဂ္ဂိုလ်သည် ရှေးဦးစွာ ဆိတ်ငြိမ်ရာ အရပ်သို့ ချဥ်းကပ်လျက် အထူး ထူးသော အာရုံသို့ စိတ်ပျံ့လွင့်ပြေးသွားမှုကို တားမြစ်လျက် ဓာတ်ကြီး (၄)ပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံ၌ ငြိကပ်သော စိတ်ထားရှိသည် ဖြစ်လျက် - မိမိ၏ ကရဇကာယ အမည်ရသော ရူပကာယတစ်ခုလုံးကို ---- ဤ ရူပကာယ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ရှိ၏ဟု မဟာဘုတ် ဓာတ်လေးပါးအားဖြင့် ဆင်ခြင်၍ - ဤရူပကာယ၌ ---- ၁။ ခက်မာ (ခိုင်မာ)သည့် သဘောလက္ခဏာသည် ပထဝီဓာတ်၊ ကြမ်းတမ်းသည့် သဘောလက္ခဏာသည် ပထဝီဓာတ်၊ ၂။ ယိုစီးသည့် သဘောလက္ခဏာသည် အာပေါဓာတ်၊ ဖွဲ့စည်းသည့် သဘောလက္ခဏာသည် အာပေါဓာတ်၊ ၃။ ပူမှု သဘောလက္ခဏာသည် တေဇောဓာတ်၊ ရင့်ကျက်စေသည့် အဖြစ်ဟူသော ဉာဏ်အားထင်သော အခြင်းအရာသည် တေဇောဓာတ်၊ ၄။ ထောက်ကန်တတ်သော သဘောလက္ခဏာသည် ဝါယောဓာတ်၊ ရွေ့စေတတ် တွန်းကန်တတ်သော သဘောသည် ဝါယောဓာတ် ----
——利慧者,应先到寂静处,制止心向种种所缘散乱奔逸,使心黏着于四大种这一业处所缘;然后转向自己整个名为“所生身”的色身,作意“此色身中有地界、水界、火界、风界”,如此依四大种审察:一、坚硬的自性特相是地界,粗糙的自性特相是地界;二、流动的自性特相是水界,黏结的自性特相是水界;三、热的自性特相是火界,显现于智、能令成熟的性质是火界;四、支持的自性特相是风界,能令移动、推动的性质是风界——
ဤသို့သော နည်းဖြင့် အကျဥ်းအားဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို သဘာဝလက္ခဏာအားဖြင့်လည်းကောင်း၊ လုပ်ငန်းကိစ္စရသအားဖြင့်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် ဇီဝ မဟုတ်သောအားဖြင့် ဆင်ခြင်အပ်၏ နှလုံးသွင်း အပ်၏ အသီးအသီး စူးစိုက်၍ ရှုအပ်၏။ (ဝိသုဒ္ဓိ-၁-၃၄၆-၃၄၇။)
——以这种方法,简略地依自性特相与所行作用,以智分别、把握四大种;再反复数百次、数千次乃至数十万次,作意地界、水界、火界、风界,只看作界,不看作有情,不看作生命,逐一审察、作意、专注观照。(《清净道论》1-346至347。)
အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂)
义注的实修指导(二)
အထ ဝါ ပန ယေ ဣမေ စတုန္နံ မဟာဘူတာနံ နိဿတ္တဘာဝဒဿနတ္ထံ ဓမ္မသေနာပတိနာ ''အဋ္ဌိဉ္စ ပဋိစ္စ နှာရုဉ္စ ပဋိစ္စ မံသဉ္စ ပဋိစ္စ စမ္မဉ္စ ပဋိစ္စ အာကာသော ပရိဝါရိတော ရူပန္တွေဝ သင်္ခံ ဂစ္ဆတီ''တိ စတ္တာရော ကောဋ္ဌာသာ ဝုတ္တာ။ တေသု တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ယော ဧတေသု ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတူတိ ပုရိမနယေနေဝ ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ။ မနသိကာတဗ္ဗံ ပစ္စ- ဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၃၄၇။) တစ်နည်းသော်ကား ---- ဓာတ်ကြီး (၄)ပါးတို့၏ သတ္တဝါ မဟုတ် ဇီဝ အတ္တ မဟုတ်သည်၏ အဖြစ်ကို ထင်ရှားပြခြင်းငှာ ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူသည့်အတွက် ဓမ္မသေနာပတိ အမည်ရတော်မူသော အရှင်သာရိပုတ္တမထေရ်မြတ်ကြီးသည် ----
“或者,为了显示四大种并非有情,法将说了四种身分:‘依骨、依筋、依肉、依皮,被其围绕的空间只被称为色。’应以能在各身分之间随行的智慧之手,在其中反复拆解、分别;其中所有坚硬性或粗糙性,就是地界。如此依前述方法把握诸界以后,应反复转向、作意、省察为地界、水界等,只是界、不是有情、没有生命。”(《清净道论》1-347。)另一种方法是:为了显示四大种不是有情、不是生命自我,在乔达摩佛陀教法中居法将首席、因而名为“法将”的舍利弗尊者宣说——
၁။ ဖဏှောင့်ရိုးကို အစပြု၍ အစဥ်အတိုင်း စိုက်ထောင်လျက် တည်သော အလွန်နှင့် တကွ သုံးရာသော အရိုးကိုလည်း အစွဲပြု၍၊ ၂။ ထိုအရိုးအပေါင်းကို ဖွဲ့ယှက်၍ တည်သော ကိုးရာအပြားရှိသော အကြောကိုလည်း အစွဲပြု၍၊ ၃။ ထိုအရိုးအပေါင်းကိုပင် လိမ်းကျံလျက်တည်သော ကိုးရာအပြားရှိသော သားတစ်ကိုလည်း အစွဲပြု၍၊ ၄။ အရေပါးဖြင့် ဖုံးလွှမ်းထားအပ်သော တစ်ကိုယ်လုံးကို ရစ်ပတ်၍တည်သော အရေထူကိုလည်း အစွဲပြု၍
——一、依止从脚跟骨开始、依次向上竖立的三百余块骨;二、依止如网般交织、连接这些骨的900条筋;三、依止覆盖这些骨的900块肌肉;四、依止包裹全身、又被薄皮覆盖的厚皮;——
原书第 557 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ထို အရိုး-အကြော-အသား-အရေ တို့ဖြင့် ခြံရံထားအပ်သော အာကာသဓာတ်မျှသည်သာလျှင်၊ တစ် နည်း ---- ထို အရိုး-အကြော-အသား-အရေ တို့ကို အတွင်းအပ ခြံရံ၍ တည်သော အာကာသသည်ပင်လျှင် ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ = ရူပ (= ခန္ဓာကိုယ်) - ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ (မ-၁-၂၄၈။) ဟု အရိုး-အကြော-အသား-အရေ ဟူသော အကြင်သို့သော ဤကောဋ္ဌာသ လေးထွေတို့ကို ဟောကြားထားတော် မူအပ်ကုန်၏။
——只有被这些骨、筋、肉、皮围绕的空界;换一种说法,只有在内外围绕这些骨、筋、肉、皮而住的空间,才是“ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ”,即“只被称为色〔身体〕”。(《中部》1-248。)如此宣说了骨、筋、肉、皮这四种身分。
ထို အရိုး-အကြော-အသား-အရေ ဟူသော (၄)ပါးကုန်သော ကောဋ္ဌာသတို့ကို ထိုထို အရိုး-အကြော- အသား-အရေ ကောဋ္ဌာသတို့၏ အကြားသို့ အစဥ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ---- ၁။ မာမှုသဘော၊ ကြမ်းမှုသဘောသည် ပထဝီဓာတ်၊ ၂။ ယိုစီးမှုသဘော၊ ဖွဲ့စည်းမှုသဘောသည် အာပေါဓာတ်၊ ၃။ ပူမှုသဘော၊ ရင့်ကျက်စေမှုသဘောသည် တေဇောဓာတ်၊ ၄။ ထောက်ကန်မှုသဘော၊ တွန်းကန်မှုသဘောသည် ဝါယောဓာတ် ---- ဟု ရှေးနည်းအတိုင်းသာလျှင် ဓာတ်ကြီး (၄)ပါးတို့ကို မိမိတို့၏ ကိုယ်ပိုင် ပရမတ္ထဓမ္မ သဘာဝသတ္တိ ဟူသော သဘာဝလက္ခဏာအားဖြင့်လည်းကောင်း၊ လုပ်ငန်းကိစ္စရသအားဖြင့်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား ယူ၍ သိမ်းဆည်း၍ ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီ ဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့်
对于骨、筋、肉、皮这四种身分,应以能在各身分之间随行的智慧之手,反复拆解,逐一分别、分析,再依前述方法审察:一、坚硬性、粗糙性是地界;二、流动性、黏结性是水界;三、热性、令成熟性是火界;四、支持性、推动性是风界。如此,依四大种各自究竟法自性力的自性特相以及所行作用,以智分别、把握;再反复数百次、数千次乃至数十万次,作意地界、水界、火界、风界,只看作界,不看作有情——
ဇီဝမဟုတ်သောအားဖြင့် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ အသီးအသီး စူးစိုက်၍ ရှုအပ်၏။ (ဝိသုဒ္ဓိ-၁-၃၄၇၊၊)
——,不看作生命,逐一审察、作意、专注观照。(《清净道论》1-347。)
ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ
“只被称为色〔身体〕。”
ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ၊ သရီရန္တိ ဝေါဟာရံ လဘတိ။ ယထာ စ ကဋ္ဌာဒီနိ ပဋိစ္စ သင်္ခံ ဂတံ အဂါရံ လောကေ ''ခတ္တိယဂေဟံ၊ ဗြာဟ္မဏဂေဟ''န္တိ ဝုစ္စတိ၊ ဧဝမိဒမ္ပိ ''ခတ္တိယသရီရံ ဗြာဟ္မဏသရီရ''န္တိ ဝေါဟရီယတိ၊ နတ္ထေတ္ထ ကောစိ သတ္တော ဝါ ဇီဝေါ ဝါတိ အဓိပ္ပါယော။ (မဟာဋီ-၁-၄၃၇။) = ရူပန္တွေဝ- ၌ ရူပ-ဟူသော စကားလုံးကို သရီရံ-ဟု ဖွင့်ဆိုထားပေသည်။ ရူပဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟူသည် ခန္ဓာကိုယ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟု ဆိုလိုပေသည်။ လောက၌ သစ် စသည်တို့ကို အစွဲပြု၍ ဆောက်လုပ်ထားအပ်သော အိမ်ဟု ခေါ်ဆိုအပ်သော အရာကို ခတ္တိယဂေဟ = မင်းအိမ် = မင်း နန်းတော်၊ ဗြာဟ္မဏဂေဟ = ပုဏ္ဏားအိမ်ဟု ခေါ်ဝေါ်သကဲ့သို့ ဤဥပမာအတူပင် အရိုး-အကြော-အသား- အရေတို့ဖြင့် အတွင်းအပ ခြံရံ၍ တည်သော အာကာသဓာတ်မျှကို ခတ္တိယ သရီရ = မင်းခန္ဓာကိုယ်၊ ဗြာဟ္မဏ သရီရ = ပုဏ္ဏားခန္ဓာကိုယ် စသည်ဖြင့် ခေါ်ဝေါ်အပ်ပေသည်။ ဤ ရူပ-အတ္တ အမည်ရသော ခန္ဓာကိုယ်၌
“‘只被称为色’,即得到‘身体’这一通称。如世间依木材等构造而得名为房屋的事物,被称为‘刹帝利之家、婆罗门之家’;同样,此物也被通称为‘刹帝利身体、婆罗门身体’。其意是:这里没有任何有情或生命。”(《大复注》1-437。)=在“ရူပန္တွေဝ”中,rūpa一词被解释为sarīra(身体);“被称为色”就是“被称为身体”的意思。世间依木材等建造、称作房屋的事物,被称为 khattiya-geha(国王之家,即王宫)、brāhmaṇa-geha(婆罗门之家);同样,只有在内外被骨、筋、肉、皮围绕的空界,也被称为 khattiya-sarīra(国王的身体)、brāhmaṇa-sarīra(婆罗门的身体)等。在这个名为“色我(rūpa-attā)”的身体中——
တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း ဇီဝအတ္တသည်လည်းကောင်း မရှိဟု ဆိုလိုပေသည်။
——并没有任何有情,也没有生命我(jīva-attā)。这就是该段的含义。
(မဟာဋီ-၁-၄၃၇။)
(《大复注》1-437。)
ညွှန်ကြားချက် နှစ်ရပ်တို့၏ ထူးခြားမှု
两项指导的差别
အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်း ရှုပွားပုံ = ဘာဝနာနယ နှစ်မျိုး ညွှန်ကြား ထားတော်မူ၏။ ပထမ ဘာဝနာနယ၌ ---- သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ = မိမိ၏ ရူပကာယ တစ်ခုလုံးကို ဆင်ခြင်၍ - ဟု ညွှန်ကြားထားသဖြင့် မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏
上述《清净道论》义注对于界业处简略法的修习,给出了两种 bhāvanā-naya(修习方法)。第一种方法指示:“သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ”,译:“转向自己整个色身。”因此,应总摄自己的整个色身,以四大种的——
原书第 558 页
ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်းကောင်း၊ လုပ်ငန်းကိစ္စရသကို လည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။
——自性特相与所行作用为所缘而观照。
ဒုတိယဘာဝနာနယ၌ကား - တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ = ထိုထို အရိုး-အကြော-အသား-အရေ ကောဋ္ဌာသတို့၏ အကြားသို့ အစဥ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ရှုရန် ညွှန်ကြားထားသဖြင့် ထိုထို အရိုး-အကြော- အသား-အရေတို့၏ အကြားသို့ ဉာဏ်ဖြင့် အစဥ်လျှောက်၍ ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ ရှုရမည် ဖြစ်ပေသည်။
第二种方法则指示:“တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ”,译:“以能在骨、筋、肉、皮各身分之间随行的智慧之手,反复拆解,逐一分别、分析而观。”因此,应以智在骨、筋、肉、皮各处之间随行,以四大种为所缘而观照。
စတုဓာတုဝဝတ္ထာနဘာဝနာ
“四界分别观修习。”
တတ္ထ ဝဝတ္ထာနန္တိ သဘာဝူပလက္ခဏဝသေန သန္နိဋ္ဌာနံ၊ စတုန္နံ ဓာတူနံ ဝဝတ္ထာနံ စတုဓာတုဝဝတ္ထာနံ။
“其中,所谓‘分别’,就是依照对自性特相的辨察而作确定;分别四界,故名‘四界分别观’。”
ဓာတုမနသိကာရော၊ ဓာတုကမ္မဋ္ဌာနံ၊ စတုဓာတုဝဝတ္ထာနန္တိ အတ္ထတော ဧကံ။ (ဝိသုဒ္ဓိ-၁-၃၄၂။) ဣဒံ ဟိ ကမ္မဋ္ဌာနံ ပထဝီကသိဏာဒိကမ္မဋ္ဌာနံ ဝိယ န ပဏ္ဏတ္တိမတ္တသလဒက္ခဏဝသေန၊ နီလကသိဏာဒိ- ကမ္မဋ္ဌာနံ ဝိယ န နီလာဒိဝဏ္ဏသလဒက္ခဏဝသေန၊ နာပိ ဝိပဿနာကမ္မဋ္ဌာနံ ဝိယ သင်္ခါရာနံ အနိစ္စတာဒိ- သာမညလက္ခဏသလဒက္ခဏဝသေန ပဝတ္တတိ၊ အထ ခေါ ပထဝီအာဒီနံ သဘာဝသလဒက္ခဏဝသေန ပဝတ္တတိ။
“界作意、界业处与四界分别观,含义相同。”(《清净道“此业处不像地遍等业处那样,依善加辨察纯粹概念而转起;不像青遍等业处那样,依善加辨察青色等颜色而转起;也不像观业处那样,依善加辨察诸行的无常性等共相而转起;它确实只依地界等各自的自性特相而转起。”
တေန ဝုတ္တံ ''သဘာဝူပလက္ခဏဝသေနာ''တိ။ ကက္ခဠတ္တာဒိကဿ သလက္ခဏဿ ဥပဓာရဏဝသေနာတိ အတ္ထော။ (မဟာဋီ-၁-၄၂၅။) = ထို စတုဓာတုဝဝတ္ထာန - ဟူသော စကားရပ်၌ ဝဝတ္ထာန = ဝဝတ္ထာန် = ပိုင်းခြားမှတ်သားခြင်းဟူသည် - ၁။ ပထဝီဓာတ်၏ - ကက္ခဠတ္တလက္ခဏာ = ခက်မာခြင်း သဘောလက္ခဏာ၊ ၂။ အာပေါဓာတ်၏ - ပဂ္ဃရဏလက္ခဏာ = ယိုစီးခြင်း သဘောလက္ခဏာ၊ ၃။ တေဇောဓာတ်၏ - ဥဏှတ္တလက္ခဏာ = ပူခြင်း သဘောလက္ခဏာ၊ ၄။ ဝါယောဓာတ်၏ - ဝိတ္ထမ္ဘနလက္ခဏာ = ထောက်ကန်ခြင်း သဘောလက္ခဏာ ---- ဟူသော ဓာတ်ကြီး (၄)ပါးတို့၏ မိမိ မိမိ၏ ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြား မှတ်သားသောအားဖြင့် ဉာဏ်ဟူသော ဆုံးဖြတ်ခြင်းတည်း။ ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကို စတုဓာတုဝဝတ္ထာန = စတုဓာတုဝဝတ္ထာန်ဟု ခေါ်ဆိုပေသည်။
“所以说‘依照对自性特相的辨察’;其意是,贴近辨察坚硬性等自相。”(《大复注》1-425。)=在 catudhātuvavatthāna(四界分别观)一词中,vavatthāna(分别、确定)是指:一、地界的 kakkhaḷatta-lakkhaṇa——坚硬的自性特相;二、水界的 paggharaṇa-lakkhaṇa——流动的自性特相;三、火界的 uṇhatta-lakkhaṇa——热的自性特相;四、风界的 vitthambhana-lakkhaṇa——支持的自性特相。依四大种各自相应的自性特相善加分别、标记,由智作出确定;以智确定四大种各自的自性特相,就称为 catudhātuvavatthāna(四界分别观)。
၁။ ဓာတုမနသိကာရ = ဓာတ်ကို နှလုံးသွင်းခြင်း၊ ၂။ ဓာတုကမ္မဋ္ဌာန = ဓာတ်ကမ္မဋ္ဌာန်း၊ ၃။ စတုဓာတုဝဝတ္ထာန = စတုဓာတုဝဝတ္ထာန် = ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီး
一、ဓာတုမနသိကာရ(dhātumanasikāra)——对界作意;二、ဓာတုကမ္မဋ္ဌာန(dhātukammaṭṭhāna)——界业处;三、စတုဓာတုဝဝတ္ထာန(catudhātuvavatthāna)——分别、标记四大种各自的自性特——
အသီးကို ပိုင်းခြားမှတ်သားခြင်း ----
——相。
ဤစကားသုံးရပ်သည် တရားကိုယ် အနက်သဘောအားဖြင့် တစ်ခုတည်းသာ ဖြစ်၏။ (ဝိသုဒ္ဓိ-၁-၃၄၂။) ဤစတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းသည် ---- ၁။ ပထဝီကသိုဏ်း စသော ကမ္မဋ္ဌာန်းကဲ့သို့ ပထဝီ = မြေကြီးစသော ပညတ်မျှကို ကောင်းစွာ မှတ်သား သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။
这三个名称,依其所指法体与含义来说完全相同。(《清净道论》1-342。)这一四界分别观业处:一、不像地遍等业处那样,依善加标记地、土等纯粹概念而生起。
၂။ နီလကသိုဏ်းစသော ကမ္မဋ္ဌာန်းကဲ့သို့ အညိုရောင်စသော အရောင်အဆင်းကို ကောင်းစွာ မှတ်သား သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။
二、不像青遍等业处那样,依善加标记褐色等颜色、色彩而生起。
原书第 559 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃။ ဝိပဿနာကမ္မဋ္ဌာန်းကဲ့သို့ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ = အနိစ္စ လက္ခဏာ၊ ဒုက္ခအခြင်းအရာ = ဒုက္ခလက္ခဏာ၊ အနတ္တအခြင်းအရာ = အနတ္တလက္ခဏာ စသော သင်္ခါရ တရားတိုင်းနှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာကို ကောင်းစွာ မှတ်သားသည်၏အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။
三、不像观业处那样,依善加标记色、名、因、果这些行法的无常情形——无常相、苦的情形——苦相、无我的情形——无我相等一切行法共有的共相而生起。
အဟုတ်သော်ကား ---- ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ မှတ်သားသည်၏ အစွမ်းဖြင့်သာ ဤစတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း သည် ဖြစ်ပေါ်လာပေသည်။ ထိုကြောင့် --- သဘာဝူပလက္ခဏဝသေန = ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းခြားမှတ်သားသည်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချမှုကို စတု ဓာတုဝဝတ္ထာန် ခေါ်ဆိုကြောင်း အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ကက္ခဠတ္တ = ခက်မာခြင်း စသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ကပ်၍ စူးစမ်းခြင်း = ကပ်၍ ဆောင်ခြင်း = ကပ်၍ မှတ်သားခြင်း၏ အစွမ်းဖြင့် ဤဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်ရမည်ဟု ဆိုလိုပေသည်။
事实上,这一四界分别观业处,只依善加标记地界、水界、火界、风界各自的自性特相而生起。因此,义注师才说:“သဘာဝူပလက္ခဏဝသေန”,即“依分别、标记四大种各自的自性特相,以智作出确定”,并把它称为 catudhātuvavatthāna(四界分别观)。这句话的意思是:必须贴近四大种坚硬性等各自的自性特相,加以探究、持取、标记,以此方式修习、审察界业处。
(မဟာဋီ-၁-၃၄၅။)
(《大复注》1-345。)
ဤအထက်ပါ အရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟောကြားမြွက်ဖော် မိန့်ဆိုတော်မူချက် များအရ စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသော်လည်းကောင်း၊ သဘာဝလက္ခဏာ မထင်လွယ် သော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါးတို့၏ လုပ်ငန်းကိစ္စဟူသော ရသကိစ္စကိုသော်လည်းကောင်း ရှုပွားသုံးသပ်ရမည် ဖြစ်သည်။ ထိုသို့ ရှုပွား သုံးသပ်ပါမှသာလျှင် ဓာတ်ကမ္မဋ္ဌာန်းကို ရှုသည်ဟု ခေါ်ဆိုနိုင် ပေသည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာနှင့် ရသကိစ္စမှ လွဲ၍ အခြားအခြားသော အာရုံအမျိုးမျိုးကို ပညတ် ပရမတ် မခွဲဘဲ ရှုချင်သလို ရှုနေမှုကို စတုဓာတုဝဝတ္ထာန် = ဓာတ်ကမ္မဋ္ဌာန်းဟု မခေါ်ဆိုနိုင်ကြောင်း ကိုကား အထူးသတိပြုရမည် ဖြစ်ပေသည်။
依照上述各处巴利圣典、义注与复注的宣说、解释及教导,想修习称为 catudhātuvavatthāna(四界分别观)的界业处之贤善瑜伽行者,应观照、审察四大种的自性特相;若自性特相不易显现,则应观照、审察四大种称为所行作用的作用。只有如此观照、审察,才可称为修习界业处。必须特别注意:若离开四大种的自性特相与作用,对其他种种所缘不分概念与究竟,任意想怎么观就怎么观,不能称为 catudhātuvavatthāna(四界分别观)、也不能称为界业处。
သို့အတွက် အထက်တွင် ဖော်ပြထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်း ရှုပွားပုံ ညွှန်ကြားချက် နှစ်ချက်နှင့် အညီ ဓာတ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ရတော့မည် ဖြစ်သည်။ သို့သော် ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုသော်လည်းကောင်း၊ ရသကိစ္စကိုသော်လည်းကောင်း မရှုပွားတတ်- သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ကား ခဲယဥ်းမှု ရှိနေဦးမည်သာ ဖြစ်ပေသည်။ ထိုအခက်အခဲကို ကျော် လွှားလွန်မြောက်နိုင်ရေးအတွက် အခြေခံက စ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။
因此,现在必须依照上述《清净道论》义注关于界业处简略法修习的两项指导,开始奋力修习界业处。不过,对于尚不会观照四大种各自自性特相或所行作用的瑜伽行者,开始修习仍会有困难。为了帮助克服这些困难,下面从基础开始略作说明。
ဓာတ်ကမ္မဋ္ဌာန်း ရှုပွားသူ ပုဂ္ဂိုလ် နှစ်မျိုး
修习四界业处者的两类
ကမ္မဋ္ဌာန်း (၄ဝ)တို့တွင် မည်သည့် ကမ္မဋ္ဌာန်းကိုမျှ အားမထုတ်ဖူးသေးသော၊ အားထုတ်ဖူးသော်လည်း စံချိန်မီ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိ တစ်ခုခုသို့ မဆိုက်ရောက်ဖူးသေးသော ပုဂ္ဂိုလ်သည် ဓာတ် ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုသော်လည်းကောင်း၊ သဘာဝလက္ခဏာက မထင်ရှားခဲ့သော် ရသကိစ္စကိုသော်လည်းကောင်း၊ သို့မဟုတ် သဘာဝလက္ခဏာနှင့် ရသကိစ္စ နှစ်မျိုးလုံးကိုသော်လည်းကောင်း အာရုံယူ၍ သမာဓိ စတင်ထူထောင်ရမည် ဖြစ်သည်။ အကယ်၍ သဘာဝလက္ခဏာနှင့် ရသကိစ္စကို နှလုံး မသွင်းတတ်သေး မရှုတတ်သေးပါက ရှုပုံစနစ်ကို အောက်တွင် ဆက်လက်၍ ဖော်ပြမည် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ် မျိုးကို သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂-၂၂၂။) တွင် သတ်မှတ်ထားပေသည်။
在四十种业处中,从未修习过任何一种业处,或虽曾修习,却尚未达到合乎标准的近行定或任何一种安止定者,应以四大种各自的自性特相为所缘,开始建立定;若自性特相不显现,则以作用为所缘;或以自性特相与作用二者为所缘。若尚不懂得如何作意、观照自性特相与作用,下面将继续说明观法。《清净道论》义注(2-222)把这一类人界定为纯观乘者。
原书第 560 页
နောက်ပုဂ္ဂိုလ် တစ်မျိုးမှာ သမထယာနိကပုဂ္ဂိုလ် ဖြစ်သည်။ သမထယာနိကပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလိုလတ်သော် ဓာတ်ကမ္မဋ္ဌာန်း ကစ၍ နှလုံးသွင်းရမည် ဖြစ်သည်။ အကျဥ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် ကြိုက်နှစ်သက်ရာ နည်းကစ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသော်လည်းကောင်း၊ သဘာဝလက္ခဏာ မထင်ရှားပါက ရသကိစ္စကိုသော်လည်းကောင်း၊ သို့မဟုတ် သဘာဝလက္ခဏာနှင့် ရသကိစ္စ နှစ်မျိုးလုံးကိုသော်လည်းကောင်း နှလုံးသွင်း ရှုပွားရမည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အာနာပါနဿတိ သမာဓိဘာဝနာလမ်းစဥ်မှ စတုတ္ထစျာန်သမာဓိကို အခြေတည်၍ ဓာတ်ကမ္မဋ္ဌာန်းရှုပွားပုံကို ဖော်ပြမည် ဖြစ်ပါ သည်။ သို့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း နည်းမှီး၍ ရှုပွားနိုင်သည်သာ ဖြစ်ပါသည်။
另一类人是止乘者。止乘者若想作意色业处,应从界业处开始作意。在简略法与详细法中,可任选自己喜欢的一法开始;应作意、观修四大种的自性特相;若自性特相不显现,则观修作用;或兼观自性特相与作用。本书将以入出息念修定进程所得的第四禅定为基础,说明界业处的观修方法。不过,纯观乘者也可以仿照这一方法修习。
အကျဥ်းနည်း - အကျယ်နည်း
简略法与详细法
ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံ ဘာဝနာနည်း၌ ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါ ရဟန်းတော်အဖို့ - ဆံပင်တို့သည် ပထဝီဓာတ်တည်း၊ မွေးညင်းတို့သည် ပထဝီဓာတ်တည်း - ဤသို့ စသည်ဖြင့် (၄၂)ပါးသော ကောဋ္ဌာသတို့ဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည် နှေး ကွေးသည်၊ အချိန်ဖင့်နွှဲသည်ဟု ထင်လာ၏။ သို့သော် ဆံပင် စသော ကောဋ္ဌာသတို့၌ ---- ၁။ ခက်မာမှု သဘောလက္ခဏာသည် ပထဝီဓာတ်တည်း၊ ၂။ ဖွဲ့စည်းမှု သဘောလက္ခဏာသည် အာပေါဓာတ်တည်း၊ ၃။ ရင့်ကျက်စေမှု သဘောလက္ခဏာသည် တေဇောဓာတ်တည်း၊ ၄။ ထောက်ကန်မှု သဘောလက္ခဏာသည် ဝါယောဓာတ်တည်း - ဟု ဤသို့ နှလုံးသွင်း ရှုပွားသော ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါ ယောဂါဝစရ ရဟန်းတော် အဖို့ကား (ဝတ္ထုကို မသုံးသပ်ဘဲ သဘာဝလက္ခဏာမျှကိုသာ သုံးသပ်ရှုပွား နှလုံးသွင်းခြင်းကြောင့်) ကမ္မဋ္ဌာန်း
在修习界业处的方法中,智慧敏锐的 tikkhapaññavā 比丘会认为:以“头发是地界、身毛是地界”等方式,通过四十二身分把握四大种并以智分别,既缓慢又费时。然而,他若在头发等身分中作意、观修为:一、坚硬性的自性特相是地界;二、黏结性的自性特相是水界;三、令成熟性的自性特相是火界;四、支持性的自性特相是风界——那么,对于这位智慧敏锐的 tikkhapaññavā 瑜伽行比丘而言(因为他不审察身分,只审察、观修并作意自性特相),业处——
သည် ထင်ရှားလာ၏။
——便会显现。
သို့သော် ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိ တိက္ခပညဝါ ယောဂါဝစရ ရဟန်းတော်အဖို့မူကား ဤကဲ့သို့ ဆံပင်စသော ဝတ္ထုကို မသုံးသပ်ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးမျှကို နှလုံး သွင်း ရှုပွားသုံးသပ်ခဲ့သော် = အကျဥ်းနည်းအားဖြင့်သာ နှလုံးသွင်း ရှုပွားသုံးသပ်နေခဲ့သော် ကမ္မဋ္ဌာန်းသည် မထင်လာ မမြင်လာသည်၏ အဖြစ်ကြောင့် အမိုက်မှောင်သဖွယ် ဖြစ်လျက် ကမ္မဋ္ဌာန်း မထင်ရှားတော့ပေ။
但是,对于智慧不甚敏锐的 nātitikkhapaññavā 瑜伽行比丘,若同样不审察头发等身分,只作意、观修并审察四大种各自的自性特相,也就是只依简略法作意、观修并审察,由于业处不能显现、不能被看见,它便如处在昏暗之中,不再清楚显现。
ဆံပင်တို့သည် ပထဝီဓာတ်တည်း မွေးညင်းတို့သည် ပထဝီဓာတ်တည်း ဤသို့ စသည်ဖြင့် အကျယ်နည်းအားဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို နှလုံးသွင်း ရှုပွားသုံးသပ်ခဲ့သော် ကမ္မဋ္ဌာန်းသည် ထင်ရှားလာပေသည်။ (ဝိသုဒ္ဓိ-၁-၃၄၆၊၊) 〔မှတ်ချက် ---- ဓာတုဝိဘင်္ဂသုတ္တန်၌ မကျဥ်းမကျယ်နည်းအားဖြင့် ဟောကြားတော်မူချက် လာရှိပေသည်။
若依详细法,以“头发是地界、身毛是地界”等方式作意、观修并审察四大种,业处便会显现。(《清净道论》1-346。)〔注:《界分别经》中有依不简不详法所作的开示。
ထိုမကျဥ်းမကျယ်နည်းသည်လည်း အကျယ်နည်း၌ပင် အကျုံးဝင်သည်ဟု မှတ်ပါ။ (မဟာဋီ-၁-၄၂၆။)〕
应知,这种不简不详法也摄于详细法中。(《大复注》1-426。)〕
ကမ္မဋ္ဌာန်း ထင်ရှားပုံ - မထင်ရှားပုံ
业处显现与不显现
ဤအထက်ပါ ကမ္မဋ္ဌာန်း ထင်ရှားမှု မထင်ရှားမှုဟူသော စကားရပ်၌ ကမ္မဋ္ဌာန်းဟူသည် အာရုံလော၊ ဘာဝနာဉာဏ်လော၊ အဘယ်ကြောင့် ကမ္မဋ္ဌာန်း မည်သနည်း၊ အဘယ်သို့ ထင်ရှားသနည်း။ အဖြေကား ဤသို့ ဖြစ်၏။
在上述“业处显现、业处不显现”这一说法中,所谓业处,是指所缘,还是指修习智?为什么称为业处?又是如何显现的?回答如下。
ကမ္မဋ္ဌာနံ ပါကဋံ ဟောတီတိ ယောဂကမ္မဿ ပဝတ္တိဋ္ဌာနဘူတံ တဒေဝ လက္ခဏံ ဝိဘူတံ ဟောတိ။
“所谓‘业处显现’,即作为修习作业(yogakamma)发生之处的那一特相本身清楚显现。”
(မဟာဋီ-၁-၄၃၂။)
(《大复注》1-432。)
原书第 561 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း = ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ စိတ် စေတသိက်တို့ကို ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုနှင့် (ဤတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံနှင့်) ယှဥ်စပ်၍ ပေးခြင်း လုပ်ငန်းကိစ္စရပ်ကို ယောဂကမ္မဟု ခေါ်ဆို၏။
使瑜伽行者的心、心所与某一业处所缘相结合的作业——此处是与四大种的自性特相所缘相结合——称为“修习作业”(yogakamma)。
ထိုယောဂကမ္မလုပ်ငန်းရပ်၏ ဖြစ်ရာဌာန ဖြစ်၍ ဖြစ်သော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ = သဘာဝလက္ခဏာသည်ပင်လျှင် ထင်ရှားလာပေသည်။ (မဟာဋီ-၁-၄၃၂။) ဤစကားရပ်ဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိဟူသော အသီးအသီးသော သဘာဝ လက္ခဏာအာရုံသည် ယောဂကမ္မ၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်သည်ကို ပြသည်။ ဋီကာ ဆရာတော်က နောက်တစ်နည်း ထပ်ဖွင့်ပြန်သေး၏။
作为该修习作业发生之处的四大种究竟法自性力,也就是自性特相本身,便会清楚显现。(《大复注》1-432。)这段话表明:四大种各自称为“究竟法自性力”的自性特相所缘,因为是修习作业发生之处,所以称为业处。复注师又以另一种方式解释。
တဿ ဝါ လက္ခဏဿ သုဋ္ဌု ဥပဋ္ဌာနတော တံ အာရဗ္ဘ ပဝတ္တမာနံ မနသိကာရသင်္ခါတံ ကမ္မဋ္ဌာနံ ဝိဘူတံ ဝိသဒံ ဟောတိ၊ တိက္ခပညဿ ဣန္ဒြိယပါဋဝေန သံခိတ္တရုစိဘာဝတော။ (မဟာဋီ-၁-၄၃၂။) = တစ်နည်းအားဖြင့် ဆိုရသော် --- ဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ကောင်းစွာ ထင်ရှားနေသည်၏ အဖြစ်ကြောင့် ထိုဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို အာရုံပြု၍ ဖြစ်ပေါ်နေသော နှလုံးသွင်းရှုပွားမှု မနသိကာရ ဟု ခေါ်ဆိုအပ်သော ကမ္မဋ္ဌာန်းသည် ထင်ရှားလာ၏ သန့်ရှင်းစင်ကြယ်လာ၏။ ဉာဏ်ပညာ ထက်မြက်သော တိက္ခပညဝါ ပုဂ္ဂိုလ်၏ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ ဟူသော ဣန္ဒြေ (၅)ပါးတို့၏ ထက်မြက်နေသည့် အတွက် အကျဥ်းကိုသာ နှစ်ခြိုက်နေသည့် အဖြစ်ကြောင့်တည်း။ (မဟာဋီ-၁-၄၃၂။) ဤစကားရပ်ဖြင့် မနသိကာရဟု ခေါ်ဆိုအပ်သော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး
“另一说,由于那一特相善加现起,以它为所缘而进行、称为作意的业处,便清楚而明净;因为智慧敏锐者的诸根锐利,所以喜好简略法。”(《大复注》1-432。)换言之,由于四大种各自的自性特相清楚地显现在瑜伽行者的智中,以四大种各自的自性特相为所缘而生起、称为作意(manasikāra)的业处,便会清楚显现、洁净明晰。这是因为智慧敏锐者的信、精进、念、定、慧五根锐利,所以只喜好简略法。(《大复注》1-432。)这段话表明,称为作意、以四大种各自的自性特相为对象——
ကို ရှုပွားနေသော သိမြင်နေသော ဘာဝနာသည် တစ်နည်း ဘာဝနာဉာဏ် ဦးဆောင်သည့် စိတ်စေတသိက် တရားစုသည် ကမ္မဋ္ဌာန်း မည်သည်ကို ပြသည်။
——加以观修、知见的修习,换言之,由修习智为首的心与心所法聚,称为业处。
လိုရင်းမှတ်သားရန် ---- ပထမအဖွင့်က ရှုအပ်သော အရှုခံအာရုံကို ကမ္မဋ္ဌာန်းဟု ဆိုလိုသည်။ ဒုတိယ အဖွင့်က ရှုတတ်သော အာရမ္မဏိက စိတ်စေတသိက်တရားစုကို ကမ္မဋ္ဌာန်းဟု ဆိုသည်။
应当记住的要点是:第一种解释把所观照的所缘称为“业处”;第二种解释则把能观照、取所缘的心与心所法聚称为“业处”。
တိက္ခပညဝါ - နာတိတိက္ခပညဝါ
智慧敏锐者与智慧不甚敏锐者
ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါပုဂ္ဂိုလ်ကား ဣန္ဒြေ (၅)ပါးတို့၏ ထက်မြက်စူးရှ ရဲရင့် သည့်အတွက် အကျဥ်းကိုသာ နှစ်ခြိုက်ရကား ဓာတ်ကမ္မဋ္ဌာန်းသည် အလွန်ထင်ရှားနေ၏။ သို့သော် ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိ တိက္ခပညဝါပုဂ္ဂိုလ်ကား လျင်မြန်စွာ မဆင်ခြင်နိုင် မသိနိုင်သည်၏ အဖြစ်ကြောင့် အကျယ်ကို နှစ်ခြိုက်သည်ဖြစ်ရကား - ဆံပင်တို့သည် ပထဝီဓာတ်တည်း၊ မွေးညင်းတို့သည် ပထဝီဓာတ်တည်း ဤသို့စသည်ဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ တည်ရာဝတ္ထုကိုပါ ပူးတွဲသုံးသပ် ရှုပွားပါမှ ကမ္မဋ္ဌာန်းသည် ထင်ရှား လာပေသည်။
智慧敏锐的 tikkhapaññavā 者,因为五根锐利、敏捷而有力,只喜好简略法,所以界业处极为清楚显现。智慧不甚敏锐的 nātitikkhapaññavā 者,则因为不能迅速思惟、知晓而喜好详细法;只有把四大种所依的身分也结合起来,以“头发是地界、身毛是地界”等方式审察、观修时,业处才会清楚显现。
နာတိတိက္ခပညဿ အခိပ္ပနိသန္တိတာယ ဝိတ္ထာရရုစိဘာဝတော။ (မဟာဋီ-၁-၄၃၂။) ဓာတ်ဆိုတာဘာလဲ?
“智慧不甚敏锐者,因为不能迅速审察,所以喜好详细法。”(《大复注》1-432。)什么是界?
ပထဝီဓာတူတိအာဒီသု ဓာတုတ္ထော နာမ သဘာဝတ္ထော၊ သဘာဝတ္ထော နာမ သုညတတ္ထော၊ သုညတတ္ထော နာမ နိဿတ္တတ္ထော။ ဧဝံ သဘာဝသုညတနိဿတ္တတ္ထေန ပထဝီယေဝ ဓာတု ပထဝီဓာတု၊ အာပေါဓာတုအာဒီသုပိ ဧသေဝ နယော။ (မဟာဋီ-၁-၄၂၆-၄၂၇။)
“在‘地界’等词中,所谓界义就是自性义,所谓自性义就是空义,所谓空义就是非有情义。如此,因为具有自性、空、非有情之义,地本身即是界,故称地界;水界等也同此理。”(《大复注》1-426至427。)
原书第 562 页
= ပထဝီဓာတ် စသည်တို့၌ ဓာတွတ္ထ = ဓာတ်သဘောမည်သည် သဘာဝတ္ထတည်း။ သဘာဝတ္ထဟူသည် သုညတတ္ထတည်း။ သုညတတ္ထဟူသည် နိဿတ္တတ္ထတည်း။
也就是说,在地界等词中,dhātuttha 所谓“界义”就是 sabhāvattha“自性义”;所谓自性义就是 suññatattha“空义”;所谓空义就是 nissattattha“非有情义”。
ဤမျှဖြင့် နားမလည်နိုင်သေးသူတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည် ဓာတ် သဘောဟူသည် - (၁) မာမှု-ကြမ်းမှု၊ (၂) ယိုစီးမှု-ဖွဲ့စည်းမှု၊ (၃) ပူမှု-ရင့်ကျက်စေမှု၊ (၄) ထောက်ကန်မှု- တွန်းကန်မှု ဟူသော ပရမတ္ထဓမ္မသဘာဝ တရားကိုယ်တည်း။ ပရမတ္ထဓမ္မသဘာဝ တရားကိုယ်ဟူသည် အသက် ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တဝါဒသမားတို့ ပြောဆို ခေါ်ဝေါ်သုံးစွဲနေသော အတ္တဇီဝမှ ဆိတ်သုဥ်းနေသော သုညတတ္ထ သဘောတည်း။ သုညတတ္ထ သဘောဟူသည် ပုဂ္ဂိုလ် သတ္တဝါ မဟုတ် သော အတ္တမဟုတ်သော နိဿတ္တတ္ထ သဘောတည်း။
为使尚未理解的人明白,下面再略作解释。所谓界的性质,就是下列究竟法自性的法体:一、坚硬性与粗糙性;二、流动性与黏结性;三、热性与令成熟性;四、支持性与推动性。所谓究竟法自性的法体,就是 suññatattha“空义”之性,其中全无主张自我的人称作“生命体、灵魂体、识体、自我体”的 atta-jīva(自我、生命)。所谓空义之性,就是 nissattattha“非有情义”之性:它不是补特伽罗,不是有情,也不是我。
ဤအထက်ပါ ရှင်းလင်းချက်များအရ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကို နှလုံးသွင်း ရှုပွားရာ၌ ပထမတွင် သဘာဝတ္ထဟူသော ပရမတ္ထဓမ္မသဘာဝ = ပင်ကိုယ်သဘာဝလက္ခဏာကို နှလုံးသွင်း ရှုပွားရမည် ဖြစ်သည်။
依上述解释,瑜伽行者作意、观修诸界时,首先必须作意、观修 sabhāvattha“自性义”所指的究竟法自性,也就是本具的自性特相。
ထိုမှတစ်ဆင့် သုညတတ္ထသဘော နိဿတ္တတ္ထသဘောများသို့ အသိဉာဏ် ဆိုက်အောင် ရှုပွားရမည် ဖြစ်သည်။
再由此继续观修,使智知抵达 suññatattha“空义”与 nissattattha“非有情义”之性。
ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ အသီးအသီးကို ဉာဏ်စက္ခုဖြင့် ရှုမြင်နိုင်သောအခါ သုညတတ္ထသဘော နိဿတ္တတ္ထ သဘောများသို့ ဆိုက်မည် ဖြစ်သည်။ ထိုအခါကျမှ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ပထဝီဓာတ် အာပေါ ဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို သိရှိမည် ဖြစ်သည်။
当能够解析色聚,并以慧眼观见每一色聚中四大种各自的究竟法自性力时,就会抵达空义与非有情义之性。只有到那时,才会如实了知作为真实胜义、诸界精髓的地界、水界、火界与风界。
ဤသို့ဖြစ်လျှင် သဘာဝတ္ထနှင့် သုညတတ္ထ နိဿတ္တတ္ထတို့ကား မတူဟု အသင်ယောဂီသူတော်ကောင်းသည် ယူဆကောင်း ယူဆနိုင်ပါသည်။ ဤသို့ကား မယူဆသင့်ပါ။ ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်စအခါ၌ စလျှင် စချင်း ချက်ချင်းပင် ရုပ်ကလာပ်များကို တွေ့မြင်နိုင်ဖို့ ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်ဖို့ကား မဖြစ်နိုင်သေးပါ။
如此说来,善良的禅修者或许会认为:自性义与空义、非有情义彼此不同。但不应这样理解。瑜伽行者刚开始修习时,不可能立即看见色聚,也还不可能解析色聚。
ပထမတွင် ဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော သဘာဝ လက္ခဏာအာရုံပေါ်သို့ ဘာဝနာစိတ်ကို ကြိုးစား၍ ပို့ဆောင်နေရမည် ဖြစ်သည်။ ထိုသို့ ပို့ဆောင်စ အချိန်တွင် ရုပ်ကလာပ်များကိုလည်း မမြင်သေးပါက၊ ရုပ် ကလာပ်များကိုလည်း ဓာတ်မခွဲနိုင်သေးပါက၊ ရုပ်ကလာပ်အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုလည်း မရှုနိုင်သေး မမြင်နိုင်သေးပါက သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃန ဟူသော ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် သုညတတ္ထသဘော နိဿတ္တတ္ထသဘောသို့ မသက်ဝင်နိုင်သေးဟုသာ ဆိုလိုရင်း ဖြစ်ပါသည်။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ပြီးနောက် ရုပ် ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်သောအခါ၌မူကား ဃန-ဟူသော ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ
起初,必须努力把修习心导向四大种各自自性特相的所缘。刚这样修习时,若尚未看见色聚、尚不能解析色聚,也尚不能观见色聚中四大种各自的自性特相,那么,由于还不能以智破除称为相续密集、组合密集、作用密集的色法密集团块,所以只能说还未契入空义与非有情义之性。这里所要表达的是:看见色聚以后,当以智穿透、知见每一色聚中四大种各自的自性特相时,便能以智把称为“密集”的各种色法密集团块逐一破除——
ဖျက်ဆီးနိုင်ပြီ ဖြစ်၍ ပရမတ္ထသစ္စာနယ်သို့ ခြေစုံပစ်၍ ပြေးဝင်သွားပြီ ဖြစ်ရကား သဘာဝတ္ထ-သုညတတ္ထ- နိဿတ္တတ္ထ သဘောသို့ ဆိုက်ပြီဟု ဆိုလိုရင်း ဖြစ်ပါသည်။
——摧毁;这时就如同双足一跃,直奔胜义谛的领域,因而说已经抵达自性义、空义与非有情义之性。
လက္ခဏ နှင့် ရသ
特相与作用
အထက်တွင် ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်း ပွားများ အားထုတ်ပုံ ဘာဝနာနယ ပထမနည်း ဒုတိယနည်းတို့တွင် ---- ၁။ ပထဝီဓာတ်၌ ---- (က) ထဒ္ဓဘာဝ = မာမှုသဘော၊ ( ခ ) ခရဘာဝ = ကြမ်းမှုသဘော၊
在上述《清净道论》义注关于界业处简略法修习的第一法与第二法中:一、地界:(甲)thaddhabhāva=坚硬性;(乙)kharabhāva=粗糙性;
原书第 563 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၂။ အာပေါဓာတ်၌ ---- (က) ဒြဝဘာဝ = ယိုစီးမှုသဘော၊ ( ခ ) အာဗန္ဓနဘာဝ = ဖွဲ့စည်းမှုသဘော၊ ၃။ တေဇောဓာတ်၌ ---- (က) ဥဏှဘာဝ = ပူမှုသဘော၊ ( ခ ) ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘော၊ ၄။ ဝါယောဓာတ်၌ ---- (က) ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော၊
二、水界:(甲)流动性(dravabhāva)——流动;(乙)黏结性(ābandhanabhāva)——黏结。三、火界:(甲)热性(uṇhabhāva)——热;(乙)成熟性(paripācanabhāva)——令成熟。四、风界:(甲)支持性(vitthambhanabhāva)——支持;
( ခ ) သမုဒီရဏဘာဝ = တွန်းကန်မှုသဘော ----
(乙)推动性(samudīraṇabhāva)——推动。
ဤသို့လျှင် ဓာတ်တစ်ပါးတစ်ပါး၌ နှစ်မျိုးစီ ဖော်ပြထား၏။ ဤဖော်ပြချက်ကို မဟာဋီကာဆရာတော် ဘုရားက အောက်ပါအတိုင်း ရှင်းလင်းဖွင့်ဆိုထား၏။
这样,每一界都列出了两个方面。《大复注》的论师对此作如下解释。
၁။ (က) ထဒ္ဓဘာဝ = မာမှုသဘောကား - ပထဝီဓာတ်၏ သဘာဝလက္ခဏာ၊ ( ခ ) ခရဘာဝ = ကြမ်းမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ၊ ၂။ (က) ဒြဝဘာဝ = ယိုစီးမှုသဘောကား - အာပေါဓာတ်၏ သဘာဝလက္ခဏာ ( ခ ) အာဗန္ဓနဘာဝ = ဖွဲ့စည်းမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ ၃။ (က) ဥဏှဘာဝ = ပူမှုသဘောကား - တေဇောဓာတ်၏ သဘာဝလက္ခဏာ ( ခ ) ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ ၄။ (က) ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘောကား - ဝါယောဓာတ်၏ သဘာဝလက္ခဏာ ( ခ ) သမုဒီရဏဘာဝ = တွန်းကန်မှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ ဤသို့ အသီးအသီး ဖွင့်ဆိုထားပေသည်။ (မဟာဋီ-၁-၄၃၃။)
一、(甲)硬性(thaddhabhāva),是地界的自性特相;(乙)粗性(kharabhāva),是地界的作用(rasa-kicca)显现于智的方式,即现起之相(upaṭṭhānākāra)。二、(甲)流动性(dravabhāva),是水界的自性特相;(乙)黏结性(ābandhanabhāva),是水界的作用显现于智的方式,即现起之相。三、(甲)热性(uṇhabhāva),是火界的自性特相;(乙)成熟性(paripācanabhāva),是火界的作用显现于智的方式,即现起之相。四、(甲)支持性(vitthambhanabhāva),是风界的自性特相;(乙)推动性(samudīraṇabhāva),是风界的作用显现于智的方式,即现起之相。各界分别如此解释。(《大复注》1-433。)
ဥပဋ္ဌာနာကာရ-ဟူသည်
所谓“现起之相”(upaṭṭhānākāra)
ဥပဋ္ဌာနာကာရော စ နာမ ဓာတူနံ သကိစ္စကရဏဝသေန ဉာဏဿ ဝိဘူတာကာရော။ ကသ္မာ ပနေတ္ထ ဥဘယဂ္ဂဟဏံ? ပုဂ္ဂလဇ္ဈာသယတော။ ဧကစ္စဿ ဟိ ဓာတုယော မနသိ ကရောန္တဿ တာ သဘာဝတော ဂဟေတဗ္ဗတံ ဂစ္ဆန္တိ၊ ဧကစ္စဿ သကိစ္စကရဏတော၊ ယော ရသောတိ ဝုစ္စတိ။ တတြာယံ ယောဂီ ဓာတုယော မနသိ ကရောန္တော အာဒိတော ပစ္စေကံ သလက္ခဏတော၊ သရသတောပိ ပရိဂ္ဂဏှာတိ။ (မဟာဋီ-၁-၄၃၃။) ဥပဋ္ဌာနာကာရဟူသည် ဓာတ်ကြီး (၄)ပါးတို့၏ မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်သည်၏ အစွမ်းအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ထင်လာသော အခြင်းအရာတည်း၊ ဉာဏ်ဖြင့် ပိုင်းခြား ယူအပ်သော အခြင်းအရာကို ဆိုလိုပေသည်။
“所谓现起之相,是诸界执行各自作用时、其作用显现于智的方式。为什么这里要兼取两者?因为个人的意乐不同。对于有些人,当他作意诸界时,诸界依自性成为应把握的对象;对于另一些人,则因诸界执行各自作用而成为应把握的对象,这便称为作用。因此,这位瑜伽行者开始作意诸界时,应逐一依自性特相,也依自作用加以分别把握。”(《大复注》1-433。)所谓现起之相,是四大种各自执行其相应作用时、该作用显现于瑜伽行者之智的方式;也就是由智加以分别把握的方式。
ဤအရာ၌ အဘယ်ကြောင့် လက္ခဏာနှင့် ဥပဋ္ဌာနာကာရ နှစ်မျိုးစုံကို ယူခြင်းသည် ဖြစ်ပါသနည်း၊ လက္ခဏာနှင့် ရသ နှစ်မျိုးလုံးကိုယူ၍ အဘယ်ကြောင့် လုပ်ငန်းခွင်ကို ဖော်ပြနေရပါသနည်းဟု မေးမြန်းဖွယ် ရှိလာ၏၊ အဖြေကား --- ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အလိုအဇ္ဈာသယဓာတ်ကြောင့် ဖြစ်ပေါ်လာရသည် ဟူ၏။
这里可能会问:为什么要兼取自性特相和现起之相这两项?也就是说,为什么要把特相和作用二者都列为实际修习的下手处?答曰:这是为了顺应修习界业处的瑜伽行者各自的意乐倾向。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ဓာတ်တို့ကို နှလုံးသွင်း ရှုပွားခဲ့သော် သဘာဝလက္ခဏာအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်သို့ ရောက်ရှိလာကုန်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်သောအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်သို့ ရောက်ရှိ
有些瑜伽行者作意、观修诸界时,诸界依自性特相而成为智所应分别把握的对象;对于另一些瑜伽行者,诸界则因各自执行相应作用,而趋向成为——
原书第 564 页
လာကုန်၏။ ယင်းသို့သော မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ခြင်းကို ရသဟူ၍ ခေါ်ဆိုအပ်ပေ သည်။ ထိုလက္ခဏာနှင့် ရသ နှစ်မျိုးတို့တွင် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါးတို့ကို စတင်၍ နှလုံး သွင်း ရှုပွားခဲ့သော် အားထုတ်စအခါ၌ အသီးအသီးသော မိမိ မိမိ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာအားဖြင့် သော်လည်းကောင်း၊ မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စ ရသအားဖြင့်သော်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား ယူအပ် ရှုပွား သုံးသပ်အပ်ပေသည်။ (မဟာဋီ-၁-၄၃၃။) ဤသို့ သဘာဝလက္ခဏာကိုဖြစ်စေ၊ ရသကိုဖြစ်စေ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏၊ ဓာတ်ကြီး (၄)ပါး အာရုံပေါ်သို့ ဘာဝနာစိတ်ကို ထပ်ကာထပ်ကာ ရှေးရှုတင်ပေးအပ်၏။ (မဟာဋီ-၁-၄၃၃-၄၃၄။)
——智所应分别把握的对象。这种各自执行相应作用,就称为“作用”(rasa)。在自性特相与作用这两者之中,这位瑜伽行者开始作意、观修四大种时,在初始用功阶段,应逐一依每一界各自的自性特相,或依每一界相应的作用,以智分别把握,并加以观修、审察。(《大复注》1-433。)如此以智分别把握自性特相或作用之后,应当作意“地界、水界、火界、风界”,数百次、数千次乃至数十万次地一再反复思惟、作意;应一次又一次地把修习心引向四大种这一所缘。(《大复注》1-433—434。)
ထင်ရှားရာကို ရွေးချယ်ပါ
选择较为明显者
တဿေဝံ မနသိ ကရောတော ယံ လက္ခဏာဒီသု သုပါကဋံ ဟုတွာ ဥပဋ္ဌာတိ၊ တဒေဝ ဂဟေတွာ ဣတရံ ဝိဿဇ္ဇေတွာ တေန သဒ္ဓိံ ''ပထဝီဓာတု အာပေါဓာတူ''တိအာဒိနာ မနသိကာရော ပဝတ္တေတဗ္ဗော။
“当他如此作意时,在特相等各项中,哪一项极为明显地现起,就应只取那一项,放下另一项,并结合所取的一项,以‘地界、水界’等方式继续作意。”
(မဟာဋီ-၁-၄၃၄။)
(《大复注》1-434。)
ဤကဲ့သို့ နှလုံးသွင်း ရှုပွား၍နေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား လက္ခဏာစသည်တို့တွင် လက္ခဏာ သည်သော်လည်းကောင်း၊ ရသသည်သော်လည်းကောင်း ကောင်းစွာ ထင်ရှား၍ အသိဉာဏ်၌ ထင်လာ၏၊ ထို ကောင်းစွာ ထင်လာသော သဘာဝလက္ခဏာကိုသာလျှင်သော်လည်းကောင်း၊ ရသကိစ္စကိုသာလျှင်သော်လည်း- ကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဤမှ တစ်ပါးသော အသိဉာဏ်၌ ကောင်းစွာ မထင်လာသော လက္ခဏာ သဘော သို့မဟုတ် ရသသဘောကို လွှတ်လိုက်၍ ထိုကောင်းစွာ ထင်လာသော လက္ခဏသဘော ရသသဘော နှင့် အတူတကွ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု နှလုံးသွင်းမှုကို ဖြစ်စေပါ။
对于如此作意、观修的瑜伽行者,在特相等各项中,自性特相或作用会清楚地显现于智。此时,应以智只分别把握清楚显现的自性特相,或只分别把握清楚显现的作用;舍弃除此以外、在智中不甚显明的特相或作用,并结合这项清楚显现的特相或作用,作意“地界、水界、火界、风界”。
(မဟာဋီ-၁-၄၃၄။)
(《大复注》1-434。)
ဤကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၌လာရှိသော ဓာတုမနသိကာရ အမည်ရသည့် ဓာတ် ကမ္မဋ္ဌာန်း အကျဥ်းရှုပွားနည်း ပြည်တည်ခန်းပင် ဖြစ်သည်။ ဤမျှ ဖော်ပြထားသော အားထုတ်စဥ်နှင့် ပတ်သက် သော ညွှန်ကြားလွှာ အရပ်ရပ်တို့ကို ဖတ်ရှုရ၍ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်းကို ရှုပွားတတ်သော ယောဂါဝစရ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့လည်း ရှိကောင်း ရှိကြမည် ဖြစ်၏။ မရှုတတ်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့လည်း ရှိကောင်း ရှိကြမည် ဖြစ်၏။ မရှုပွားတတ်သေးသူတို့အတွက် ရည်ညွှန်း၍ အခြေခံက စ၍ အားထုတ်ပုံ အစီ အစဥ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
这便是《清净道论》义注与《大复注》中所载、称为界作意(dhātumanasikāra)的界业处简略观修法之奠基说明。有些根器殊胜的瑜伽行者,读过上述各项用功指导后,或许便能修习界业处简略法;也可能有些瑜伽行者仍不会观修。现为尚不会观修的人,从基础开始继续说明用功次第。
ဓာတ်သဘော (၁၂) မျိုး
十二种界性
ဤကျမ်းတွင်ကား ဓမ္မသင်္ဂဏီပါဠိတော်သို့လိုက်၍ ပထဝီဓာတ်၌ မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ ဟု သဘောတရား (၆)မျိုးလုံးကို ရှုရန် ဖော်ပြထားပါသည်။ ကျန်ဓာတ် (၃)ပါးတို့၌ကား အဋ္ဌကထာ-ဋီကာတို့၌ ညွှန်ကြားထားတော်မူသည့်အတိုင်း -- အာပေါဓာတ်၌ ယိုစီး-ဖွဲ့စည်း = နှစ်မျိုး၊ တေဇောဓာတ်၌ ပူ-အေး = နှစ်မျိုး၊ ဝါယောဓာတ်၌ ထောက်ကန်-တွန်းကန် = နှစ်မျိုး - ရှုရန် ဖော်ပြထားပါသည်။ သို့အတွက် ---- ၁။ ပထဝီဓာတ်၌ သဘောတရား (၆) မျိုး (မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့)၊ ၂။ အာပေါဓာတ်၌ သဘောတရား (၂) မျိုး (ယိုစီး-ဖွဲ့စည်း)၊
本书依《法集论》巴利,在地界中列出硬、粗、重、软、滑、轻六种界性,全部作为观修对象。其余三界则依义注、复注的教导:水界观流动、黏结两种;火界观热、冷两种;风界观支持、推动两种。因此:一、地界有六性(硬、粗、重、软、滑、轻);二、水界有两性(流动、黏结);
原书第 565 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃။ တေဇောဓာတ်၌ သဘောတရား (၂) မျိုး (ပူ-အေး)၊ ၄။ ဝါယောဓာတ်၌ သဘောတရား (၂) မျိုး (ထောက်ကန်-တွန်းကန်)၊ အားလုံးပေါင်းသော် သဘောတရား (၁၂) မျိုး ဖြစ်သည်။
三、火界有两性(热、冷);四、风界有两性(支持、推动)。合计十二种界性。
ဤကျမ်းစာ၌ကား ဖော်ပြပါ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရား (၁၂)မျိုးကို ပြည်တည်၍ အလုပ် စခန်းကို စတင် ဖော်ပြထားပါသည်။ အကြောင်းကား ဤသို့ ဖြစ်၏။
本书正以所列四大种的十二种界性为基础,开始讲解实际修习。理由如下。
အကြောင်းပြချက်
理由
အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ သန္တာန်ဝယ် သမာဓိ အတော်အသင့် အားကောင်းလာသော အခါ အချို့အချို့ဓာတ်များ လွန်ကဲလာသည်ကို တွေ့ရ၏။ တစ်ကိုယ်လုံး၌ ဖြစ်စေ၊ ဦးခေါင်းကဲ့သို့ တစ်နေရာ၌ ဖြစ်စေ အချို့အချို့ဓာတ်များ အထူးလွန်ကဲလာတတ်၏။ ထိုအခါမျိုး၌ ဓာတ်တစ်ခုကို ဓာတ်တစ်ခုဖြင့် ညီမျှ သွားအောင် ထိန်းချုပ်ပေးရ၏၊ ဓာတ်ညီမျှသွားအောင် နှလုံးသွင်း ရှုပွားပေးရ၏။
在一些瑜伽行者的身心相续中,当定力增强到一定程度,会发现某些界性变得过强。某种界性可能遍及全身,也可能只在头部等一处特别过强。遇到这种情形,必须以一种界性调节另一种界性,使二者平衡;应当作意、观修,使诸界趋于平衡。
ပထဝီဓာတ် ---- အချို့ယောဂီများ၌ မာမှုသဘော လွန်ကဲလာတတ်၏၊ ခေါင်းတစ်ခုလုံးသည် သို့မဟုတ် ကိုယ်တစ်ကိုယ်လုံးသည် အလွန် ခိုင်မာတောင့်တင်းနေတတ်၏၊ မခံမရပ်နိုင် ဖြစ်နေတတ်၏။ ထိုအခါမျိုး၌ မခံ မရပ်နိုင် ဖြစ်လာခဲ့သော် သမာဓိသည် ပျက်ပြားသွားတတ်၏။ သို့မဟုတ် သမာဓိ၏ အရှိန်သည် လျော့သွား တတ်၏။ သို့အတွက် မာမှုသဘော လွန်ကဲနေသော် ပျော့မှုသဘောကို ပြောင်း၍ စိုက်ရှုလိုက်ပါက ဓာတ်ညီ မျှ၍ သွားတတ်ပေသည်၊ ဓာတ်ညီမျှသွားသောအခါ သမာဓိကို ဆက်လက်၍ တစ်ဖန် ထူထောင်ခဲ့သော် သမာဓိအဖြစ် မြန်တတ်ပေသည်။
地界——有些瑜伽行者的硬性会变得过强,整个头部或全身会异常坚硬、僵直,令人难以忍受。一旦到了难以忍受的程度,定便可能散失,或定力的势头减弱。因此,硬性过强时,若改为专注观照软性,诸界就会趋于平衡;平衡后再继续培育定,定力便能很快重新建立。
တစ်ခါတစ်ရံ ကြမ်းမှုသဘောတရားသည် မခံမရပ်နိုင်လောက်အောင် ထင်ရှားလာတတ်ပြန်၏။ အချို့ ယောဂီများ၌ အူ၊ အသည်း စသည့် အတွင်းကောဋ္ဌာသများအထိ ကြမ်းတမ်းနေသဖြင့် ရရှိပြီး သမာဓိမှာ လွယ်ကူစွာပင် လျှောကျသွားတတ်သည်ကို တွေ့ရ၏။ ထိုအခါမျိုး၌ ချောမှုသဘောကို ဓာတ်ချင်း ညီမျှမှုရှိ သည်တိုင်အောင် ပြောင်း၍ စိုက်ရှုရ၏။
有时粗性又会明显到难以忍受。可见有些瑜伽行者甚至肠、肝等内部身分都显得粗糙,已经获得的定也很容易退失。这时必须改为专注观照滑性,直至诸界彼此平衡。
တစ်ခါတစ်ရံ လေးမှုသဘောက လွန်ကဲလာတတ်ပြန်၏။ သမာဓိအားမကောင်းမီ ငြိမ်သက်စွာ ဣရိယာ ပုထ်ကို ထား၍ ကြာရှည်စွာ ထိုင်နေပါက လေးမှုသဘောတရားမှာ လွန်ကဲလာတတ်ပေသည်။ ထိုအခါမျိုး၌ ပေါ့မှုသဘောကို ဓာတ်ချင်း ညီမျှသွားအောင် ပြောင်း၍ စိုက်ရှုရ၏။
有时,重性又会变得过盛。在定力尚未强盛以前,若保持静止的威仪而久坐,重性便可能过盛。此时应转而专注观照轻性,使诸界达到平衡。
တစ်ခါတစ်ရံ သမာဓိ အလွန်အားကောင်းလာသောအခါဝယ် ပေါ့မှု သဘောတရားသည် အလွန် ထင်ရှား လာတတ်ပြန်၏၊ လေထဲ၌ လွင့်နေသကဲ့သို့ ဖြစ်နေတတ်၏။ ထိုအခါမျိုး၌လည်း လိုအပ်သော သမာဓိအဆင့်သို့ လွယ်ကူစွာ မရောက်နိုင် ဖြစ်နေတတ်၏။ ပေါ့မှုသဘော အားကောင်း၍ လွင့်တက်နေသောအခါမျိုး၌ကား လေးမှုသဘောကို ပြောင်း၍ စိုက်ရှုလိုက်ပါက ငြိမ်သက်သွားတတ်၏၊ ဓာတ်ညီမျှသွားတတ်၏၊ သမာဓိအဖြစ် မြန်လာတတ်၏။
有时,定力很强时,轻性反而会变得极其明显,感觉仿佛飘在空中。此时也可能难以顺利达到所需的定力层次。当轻性强盛、身体似在上浮时,若转而专注观照重性,便会渐趋安定,诸界得到平衡,定也会较快生起。
အလားတူပင် တစ်ခါတစ်ရံ ပျော့မှုသဘောတရားက အလွန်ထင်ရှားလာတတ်ပြန်၏။ ဂွမ်းပုံကဲ့သို့ ရွှံ့ပျော့ ကဲ့သို့ မုန့်ကျွဲသည်းကဲ့သို့ တစ်ကိုယ်လုံး အလွန်ပျော့ခွေနေတတ်၏။ ထိုင်ထားသည့် ကြမ်းအတွင်းသို့ ဝင်လု မတတ် ပျော့အိနေတတ်၏။ ထိုအခါမျိုး၌ မာမှုသဘောကို ပြောင်း၍ ရှုခြင်းဖြင့် ဓာတ်ချင်း ညီမျှအောင် ထိန်းပေးရ၏။
同样,有时软性会变得极其明显,全身软塌得像一堆棉絮、软泥或一块缅式软糕,甚至仿佛快要软陷进所坐的地面。此时应转而观照硬性,以维持诸界平衡。
原书第 566 页
တစ်ခါတစ်ရံ ပျော့မှုသဘောတရားနှင့် တွဲ၍ ချောမွေ့မှုသဘောတရားက အလွန်ထင်ရှားလာတတ်ပြန်၏။
有时,伴随软性,滑性也会变得极其明显。
ချောမွတ်သည့် အတွေ့အထိကြောင် ဘာဝနာ၌ သာယာမှု နိကန္တိများ ဝင်လာတတ်၏၊ သမာဓိ၏ အန္တရာယ်ပင် ဖြစ်သည်။ ထိုအခါမျိုး၌ မာမှု-ကြမ်းမှုတို့ကို တစ်ဖန်ပြန်၍ ရှုခြင်းဖြင့် ဓာတ်ချင်း ညီမျှသွားအောင် ပြုကျင့်ပေး ရ၏။
由于这种滑润的触感,禅修中可能生起欣乐与贪著(nikanti);这正是定的危险。此时应重新观照硬性与粗性,使诸界恢复平衡。
သို့အတွက် အဋ္ဌကထာ ဋီကာတို့၌ ပထဝီဓာတ်ဝယ် မာမှု-ကြမ်းမှု သဘောတရားနှစ်မျိုးကိုသာ ရှုကွက် အဖြစ် ဖော်ပြထားသော်လည်း ဤကျမ်း၌ကား ဓမ္မသင်္ဂဏီပါဠိတော်ဂတိသို့ လိုက်၍ ပထဝီဓာတ်၌ (၆)မျိုးလုံး ရှုရန် ညွှန်ကြားထားခြင်း ဖြစ်ပေသည်။
因此,义注与复注虽然只把地界的硬性、粗性两种列为观照项目,本书却依《法集论》圣典的理路,指导禅修者观照地界的全部六种界性。
မေးမြန်းဖွယ် အချက်တစ်ရပ်
一个值得追问的问题
မဟာရာဟုလောဝါဒသုတ္တန် စသော ဒေသနာတော်များ၌ ပထဝီဓာတ်ဝယ် ကက္ခဠ-ခရိဂတ = မာမှု- ကြမ်းမှု ဟူသော ဓာတ်သဘောတရား နှစ်မျိုးကိုသာ များသောအားဖြင့် ဘုရားရှင်ဟောကြားထားတော်မူ၏။
在《教诫罗睺罗大经》等开示中,佛陀对地界大多只宣说kakkhaḷa与kharigata,即硬性与粗性这两种界性。
သို့အတွက် အဋ္ဌကထာ-ဋီကာတို့ကလည်း ပထဝီဓာတ်၌ မာမှု-ကြမ်းမှု နှစ်မျိုးကိုသာ ရှုကွက်အဖြစ် များသော အားဖြင့် ဖော်ပြလေ့ ရှိကြ၏။ သို့သော် ဓမ္မသင်္ဂဏီပါဠိတော်၌ကား အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပထဝီ ဓာတ်ဝယ် မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ ဟု သဘောတရား (၆)မျိုး ဟောကြားထားတော်မူ၏။ ထိုသို့ ဟောကြားပါမှ နှစ်ခြိုက်သဘောကျကြမည့် နတ်ဗြဟ္မာတို့၏ အဇ္ဈာသယဓာတ်သို့ လိုက်၍ (၆)မျိုး ခွဲခြားလျက် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
因此,义注与复注通常也只把地界的硬性与粗性列为观照项目。然而《法集论》圣典却如上所述,宣说地界有硬、粗、重、软、滑、轻六种界性。这是佛陀随顺那些只有如此开示才会喜爱、认同的天与梵天之意乐倾向,而分别宣说为六种。
ယင်းသို့ ဖြစ်လျှင် ဒေသနာတော်နှစ်မျိုးသည် တစ်မျိုးနှင့် တစ်မျိုး မတူကွဲပြား ခြားနားလေသလောဟု မေးရန် ရှိလာပြန်၏။ အဖြေကား ဒေသနာတော်နှစ်မျိုးသည် တစ်မျိုးနှင့် တစ်မျိုး မတူကွဲပြား ခြားနားမှု မရှိဘဲ တူညီလျက်ပင် ရှိသည်ဟူ၏။ လောကဥပမာအားဖြင့် ဆိုပေအံ့။ ---- ၁။ အလွန် နူးညံ့ ပျော့ပျောင်းနေသော ရွှံ့တုံးတစ်ခု၊ ၂။ မီးဖုတ်ပြီး ကျက်နေသော အုတ်ခဲတစ်ခု၊ ၃။ အလွန်မာနေသော လိပ်သဲကျောက်တုံး ကျောက်ခဲကြီးတစ်ခု ---- ဟု အတုံးအခဲကြီး (၃)ခု ရှိသည် ဆိုကြစို့။
这样一来,或许会问:这两种开示彼此不同、互相矛盾吗?回答是:两种开示并无差异,意义相同。试以世间的事物作比喻。假设有三块东西:一、一团十分柔软的泥;二、一块经火烧熟的砖;三、一块极其坚硬的大石。
ထို (၃)မျိုးတို့တွင် ရွှံ့တုံးရွှံ့ခဲထက် အုတ်ခဲက ပို၍ မာ၏၊ အုတ်ခဲထက် လိပ်သဲကျောက်ခဲကြီးက ပို၍ မာ၏။ အုတ်ခဲသည် ရွှံ့တုံးရွှံ့ခဲနှင့် တိုင်းတာနှိုင်းစာလိုက်သော် ရွှံ့တုံးရွှံ့ခဲက ပျော့၏၊ အုတ်ခဲက မာ၏။ တစ်ဖန် အုတ်ခဲသည် လိပ်သဲကျောက်ခဲနှင့် တိုင်းတာနှိုင်းစာလိုက်သော် အုတ်ခဲက ပျော့၏၊ လိပ်သဲကျောက်ခဲက မာ၏- ဟု ဆိုရ၏။
在这三者中,砖比泥团硬,大石又比砖硬。把砖与泥团相比,泥团软而砖硬;再把砖与大石相比,砖软而大石硬。
အုတ်ခဲသည် ရွံ့ခဲနှင့် နှိုင်းစာလိုက်သောအခါ မာ၏-ဟု ဆိုရသော်လည်း လိပ်သဲကျောက်ခဲနှင့် နှိုင်းစာ လိုက်သောအခါ ပျော့၏-ဟု တစ်ဖန် ဆိုရပြန်၏။ သို့အတွက် မာမှု-ပျော့မှု ဟူသည် အရာဝတ္ထု နှစ်ခုတို့ကို နှိုင်းယှဥ်ကြည့်လိုက်သောအခါမှ ဖြစ်ပေါ်လာသော စံတစ်မျိုး ဖြစ်သည်။ အရာဝတ္ထုတစ်ခုကို ထောက်ဆ၍ မာသည်ဟု ဆိုရသော်လည်း အရာဝတ္ထုတစ်ခုကို ထောက်ဆလိုက်ပါက ပျော့သည်ဟု ဆိုရပြန်၏။ မည်မျှ ပျော့ သည်ဟု ဆိုရသော အရာဝတ္ထုကိုပင်ဖြစ်စေ သေသေချာချာ တွေ့ထိကြည့်ပါက ထိုအရာဝတ္ထုနှင့် ထိုက်တန် သလောက် မာမှုသဘောကား ရှိလျက်ပင် ဖြစ်သည်။ အလွန် ပျော့ပျောင်း နူးညံ့သည်ဟု သတ်မှတ်ထားသော ရွှံ့တုံးကိုပင် တွေ့ထိကြည့်ပါ။ သူနှင့် ထိုက်တန်သလောက် မာမှု သဘောကိုကား တွေ့ရှိမည်သာ ဖြစ်ပေသည်။
砖与泥团相比时虽称为硬,与大石相比时却又称为软。因此,硬与软是把两件事物相互比较时才成立的一种尺度。相对于某物,可以说它硬;相对于另一物,又可以说它软。即使某物被说成很软,只要仔细触摸,也仍有与该物相称的一定硬性。就连被认定为极其柔软的泥团,实际触摸时,也一定能发现与它相称的硬性。
နည်းနည်း မာမှုသဘောကို ပျော့သည်ဟု သုံးစွဲ၍ များများမာမှု သဘောကို မာသည်ဟု သုံးစွဲနေခြင်း ဖြစ်၏။
所以,只是把较少的硬性称为软,把较多的硬性称为硬。
原书第 567 页
ရုပ်ကမ္မဋ္ဌာန်းပိုင်း တစ်ဖန် ကြမ်းမှု-ချောမှု သဘောကိုလည်း ဆန်းစစ်ကြည့်ပါ။
再来考察粗性与滑性。
၁။ အလွန် ချောမွေ့သော င်္အကျီပိတ်စ တစ်ခု၊ ၂။ ပုဆိုး လုံချည်ချော တစ်ခု၊ ၃။ ဂုန်နီအိတ် တစ်ခု --- ရှိကြသည် ဆိုကြစို့။
假设有三样东西:一、一块十分光滑的衣料;二、一条平滑的笼基(缅式筒裙);三、一个麻袋。
ပုဆိုးနှင့် င်္အကျီကို နှိုင်းစာ တိုင်းတာကြည့်လိုက်ပါက င်္အကျီက ချောသည်၊ ပုဆိုးက ကြမ်းသည်ဟု ဆို ရ၏။ တစ်ဖန် ပုဆိုးနှင့် ဂုန်နီအိတ်ကို နှိုင်းစာတိုင်းတာကြည့်လိုက်ပါက ပုဆိုးက ချောသည်၊ ဂုန်နီအိတ်က ကြမ်းသည်ဟု ဆိုရပြန်၏။ သို့အတွက် ပုဆိုးသည် ဂုန်နီအိတ်နှင့် နှိုင်းယှဥ်ကြည့်လိုက်သောအခါ ချောသည်ဟု ဆိုရသော်လည်း င်္အကျီနှင့် နှိုင်းယှဥ်ကြည့်လိုက်သော အခါ၌မူကား ကြမ်းသည်ဟုပင် ဆိုရပြန်၏။ အရာဝတ္ထု တစ်ခုတည်းကိုပင် အခြားဝတ္ထုနှင့် နှိုင်းယှဥ် ကြည့်လိုက်သောအခါ ကြမ်းသည် ချောသည်ဟူသော အမည် နှစ်မျိုးကို ရရှိနိုင်လာ၏။ အကြောင်းမူ -- မည်မျှချောသည်ဟု ဆိုရသော်လည်း ထိုအရာဝတ္ထုနှင့် ထိုက်တန် သလောက် ကြမ်းတမ်းမှုကား ရှိသည်သာ ဖြစ်သည်။ အလွန်ချောသည်ဟု ဆိုရသော င်္အကျီကိုပင် စမ်းသပ် ကြည့်ပါက င်္အကျီနှင့် တန်သလောက် ကြမ်းတမ်းမှုကား ရှိလျက်ပင် ဖြစ်သည်။ သို့အတွက် နည်းနည်း ကြမ်း
把笼基与衣料相比,衣料滑而笼基粗;再把笼基与麻袋相比,笼基滑而麻袋粗。因此,同一条笼基与麻袋相比时称为滑,与衣料相比时却称为粗。同一件事物与别的事物比较时,可以得到粗、滑两种名称。原因是:无论被说成多么光滑,该事物仍有与自身相称的一定粗性;就连被说成非常光滑的衣料,实际检验时,也仍有与该衣料相称的粗性。因此,粗性较少者——
သည်ကို ချောသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ များများကြမ်းသည်ကို ကြမ်းသည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။
——称为滑,粗性较多者则称为粗。
အလားတူပင် လေးမှုနှင့် ပေါ့မှုတို့၌လည်း သဘောပေါက်ပါလေ။ များများလေးသည်ကို လေးသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ နည်းနည်းလေးသည်ကို ပေါ့သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်၏။ အရာဝတ္ထုတိုင်း၌ အရာ ဝတ္ထုနှင့် ထိုက်တန်သလောက် အလေးချိန်ကား ရှိလျက်ပင် ဖြစ်သည်။ မာမှု-ကြမ်းမှု တို့၌ အလေးချိန်ကား ကပ်၍ ပါမြဲသာ ဖြစ်သည်။
对于重性与轻性,也应同样理解:重量较多称为重,重量较少称为轻。每一种事物都有与自身相称的重量;重量总是伴随硬性与粗性而有。
ထိုကြောင့် သုတ္တန်ဒေသနာတော်အများစု၌ ပထဝီဓာတ်ဝယ် မာမှုနှင့် ကြမ်းမှု နှစ်မျိုးကိုသာ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။ အဋ္ဌကထာ-ဋီကာတို့ကလည်း ထိုသို့ ဖွင့်ဆိုခြင်းပင် ဖြစ်သည်။
因此,多数经教只宣说地界的硬性与粗性两种,义注与复注也依此解释。
အာပေါဓာတ် ---- တစ်ခါတစ်ရံ ယိုစီးမှု သဘောတရား လွန်ကဲလာတတ်ပြန်၏။ ခန္ဓာအိမ် အတွင်းဝယ် ရေများ ဒလဟော စီးဆင်းနေသည့်အလား ယိုစီးမှု အလွန် ပြင်းပြင်းထန်ထန် ဖြစ်နေတတ်၏။ ထိုအခါမျိုး၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာတတ်၏၊ ရင်ထဲ၌ မငြိမ်သက်သော ခံစား မှုများ ပေါ်လာတတ်၏။ ရရှိပြီး သမာဓိသည် ပျက်ပြားသွားတတ်၏။ ထိုအခါဝယ် ဖွဲ့စည်းမှုသဘောကို ဦးစား ပေး၍ နှလုံးသွင်းလိုက်ပါက ယိုစီးမှုသဘောမှာ လျော့သွားတတ်၏။
水界——有时,流动性会变得过盛,身体内部仿佛大量的水猛烈奔流。此时,瑜伽行者的相续中容易生起心的躁动,内心出现不安的感受,已经获得的定也可能退失。此时若优先作意黏结性,流动性便会减弱。
အလားတူပင် တစ်ခါတစ်ရံ ဖွဲ့စည်းမှု သဘောတရားက အလွန် အားကောင်းလာတတ်ပြန်၏။ အသက်ရှူ ကြပ်လာတတ်၏၊ အသက်ရှူလို့ မဝနိုင် ဖြစ်နေတတ်၏၊ သမာဓိ ပျက်သွားတတ်၏။ ထိုအခါမျိုး၌ ယိုစီးမှု သ ဘောကို ပြောင်း၍ ဦးစားပေးလျက် နှလုံးသွင်းပေးပါက ဖွဲ့စည်းမှုသဘောတရားသည် လျော့သွားတတ်ပေသည်။
同样,有时黏结性会变得过强,使呼吸紧迫,甚至吸不够气,定也会退失。此时若转而优先作意流动性,黏结性便会减弱。
ယိုစီးမှု ဖွဲ့စည်းမှု နှစ်မျိုးတို့သည် ညီမျှမှုရှိသော် သမာဓိလည်း အဖြစ်မြန်လာတတ်ပေသည်။
当流动性与黏结性达到平衡时,定也会较快生起。
တေဇောဓာတ် ---- တစ်ခါတစ်ရံ ပူမှုသဘောတရားများက အလွန်အားကောင်းလာတတ်၏၊ မခံမရပ်နိုင် ဖြစ်လာတတ်၏၊ ချွေးသီး ချွေးပေါက်များ ကျလာတတ်၏။ ထိုအခါမျိုးဝယ် သမာဓိလည်း လျှောကျသွားတတ် ပြန်၏။ သို့အတွက် အပူဓာတ် လွန်ကဲလာသော် အေးမှုသဘောတရားကို ဦးစားပေး၍ နှလုံးသွင်းပေးရ၏။
火界——有时热性会变得过强,令人难以忍受,汗珠不断冒出,定也可能随之减退。因此,热性过盛时,应优先作意冷性。
ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏။
应如此调节,使诸界达到平衡。
原书第 568 页
တစ်ခါတစ်ရံ အေးမှုက လွန်ကဲလာတတ်ပြန်၏၊ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်၍ တောင့်တင်း ခိုင်မာ နေတတ်၏။ ထိုအခါမျိုး၌ ပူမှုနှင့် ပျော့မှုကို ဦးစားပေး၍ တစ်လှည့်စီ ရှုနေပါက ဓာတ်ညီမျှသွားတတ်ပေသည်။
有时冷性又会变得过盛,全身冰冷、僵硬。此时若优先轮流观照热性与软性,诸界便会达到平衡。
ဓာတ်ညီမျှမှု ရှိပါက သုခဝေဒနာ အဖြစ်များ၍ ပီတိ ပဿဒ္ဓိများလည်း ဝင်လာတတ်၏၊ သမာဓိလည်း တက်လာ တတ်ပေသည်။
诸界平衡时,乐受常会生起,喜与轻安也会出现,定力也会提升。
ဝါယောဓာတ် ---- တစ်ခါတစ်ရံ တွန်းကန်မှု သဘောတရားက လွန်ကဲလာ၍ တစ်ကိုယ်လုံး ယိမ်းယိုင် လှုပ်ရှားမှု သိပ်အားကောင်းလာသော် ထောက်ကန်မှုသဘောကို ပြောင်း၍ ဦးစားပေးကာ စိုက်ရှုရ၏။ တစ်ခါ တစ်ရံ ထောက်ကန်မှု သဘောတရားက လွန်ကဲလာပြန်၍ တစ်ကိုယ်လုံး လှုပ်မရ ဖြစ်နေခဲ့သော် တွန်းကန်မှု သဘောတရားကို ဦးစားပေး၍ ပြောင်းပြီး နှလုံးသွင်း ရှုပွားလိုက်ပါက ထောက်မှုနှင့် တွန်းမှုတို့မှာ ညီမျှလာ တတ်၏။
风界——有时推动性过盛,全身摇晃、动荡得很厉害,此时应转而优先专注观照支持性。有时支持性又会过盛,以致全身动弹不得,此时若转而优先作意、观修推动性,支持性与推动性便会达到平衡。
တစ်ခါတစ်ရံ တွန်းကန်မှုသဘောတရားက အလွန်အားကောင်းနေ၍ ထောက်ကန်မှု သဘောတရားဖြင့် ထိန်းပေးသော်လည်း ထိန်းမရ ဖြစ်နေခဲ့ပါမူ ထိုအခါဝယ် လေးမှုသဘော ဂရုပထဝီဓာတ်ကို ဦးစားပေး၍ ပြောင်းရှုလိုက်ပါက တွန်းကန် လှုပ်ရှားမှုများ ငြိမ်ဝပ်သွားတတ်ပေသည်။ စားပွဲပေါ်တွင် လေတိုက်ခတ်သဖြင့် တဖျပ်ဖျပ် လှုပ်ရှားနေသော စာရွက်ကို လေးလံသော အရာဝတ္ထုတစ်ခုဖြင့် ဖိထားလိုက်ပါက ငြိမ်သွားသကဲ့သို့ မှတ်ပါ။
有时推动性过于强盛,即使用支持性调节也无法控制;此时若转而优先观照称为重地界(garu-pathavī-dhātu)的重性,推动所致的晃动便会平息。譬如桌上的纸被风吹得不停颤动,用重物压住便会静止,应当如此理解。
နာ-ကျင်-ကိုက်ခဲမှု --- တစ်ခါတစ်ရံ တင်ပါးစသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်နေရာ၌ နာကျင် ကိုက်ခဲမှုများ အားကောင်းနေတတ်၏။ ထိုင်လိုက်၍ မကြာမီအချိန်အတွင်းမှာ အမြဲလိုလို နာကျင်ကိုက်ခဲမှုများ ဖြစ်နေတတ်၏။ ထိုအခါဝယ် ထိုနာကျင်ကိုက်ခဲနေသည့် နေရာသို့ စိုက်၍ မည်သည့်ဓာတ်များ လွန်ကဲနေ၍ ထိုသို့ နာကျင်ကိုက်ခဲနေပါသနည်းဟု စူးစမ်းကြည့်ပါ။ ပူမှု မာမှုတို့ လွန်ကဲနေ၍ နာကျင်ကိုက်ခဲနေသည်ဟု တွေ့ရှိပါက အေးမှုနှင့် ပျော့မှုကို နိုင်အောင် ဦးစားပေး၍ နှလုံးသွင်း ရှုပွားပါ။ နာကျင်ကိုက်ခဲမှု သက်သာ သွားတတ်ပါသည်။ အကယ်၍ ပူမှု-မာမှု-တွန်းကန်မှုများ အားကောင်း၍ နာ-ကျင်-ကိုက်ခဲနေသည်ကို တွေ့ရှိ ပါက အေးမှု-ပျော့မှု-ထောက်ကန်မှုတို့ကို ဦးစားပေး၍ နိုင်အောင် နှလုံးသွင်း ရှုပွားပေးပါက နာကျင်ကိုက်ခဲ မှုများမှာ လျော့သွားတတ်ပါသည်။
疼痛、麻痛、酸痛——有时臀部等身体某处会出现强烈疼痛,几乎每次坐下不久便开始疼痛。此时应专注该处,审察究竟是哪些界性过盛而造成疼痛。若发现是热性与硬性过盛,便应优先作意、观修冷性与软性,直至得力;疼痛往往会得到缓解。若发现热性、硬性、推动性强盛而造成疼痛,便应优先作意、观修冷性、软性、支持性,直至得力;疼痛往往会减轻。
တစ်ခါတစ်ရံ ခန္ဓာကိုယ်မှာ အလွန် ခိုင်မာတောင့်တင်း လေးလံနေပါက ပျော့မှု-ချောမှု-ပေါ့မှုတို့ကိုသာ နိုင်အောင် ဦးစားပေး၍ ရှုပွားပေးပါ။ ဓာတ်ညီမျှသွားသောအခါမှ သဘောတရား (၁၂)မျိုးလုံးကို တစ်ဖန်ပြန်၍ ရှုပါက သမာဓိအဖြစ် မြန်လာတတ်ပါသည်။
有时身体极其坚硬、僵直、沉重,就应只把软性、滑性、轻性作为重点,观修至得力。诸界达到平衡以后,再重新观照全部十二种界性,定便会较快生起。
ဓာတ်များမှာ သမာဓိ အတော်အသင့် အားကောင်းလာလျှင် ထိုကဲ့သို့ အယုတ်အလွန်များ ရှိလာတတ် သဖြင့် ဓာတ်အယုတ်အလွန်ကို ညီမျှအောင် ထိန်းနိုင်ရေးအတွက်လည်း အကြောင်းတစ်ရပ်၊ ဓမ္မသင်္ဂဏီ ပါဠိ တော်၌ ဟောကြားထားတော်မူသည့် ဓာတ်သဘောတရားများကို ကုန်စင်အောင် ရှုပွားစေလိုသည်လည်း အကြောင်းတစ်ရပ် - ဤအကြောင်းနှစ်ရပ်ကြောင့် ဤကျမ်းစာ၌ ဓာတ်သဘောတရား (၁၂)မျိုးကို ပြည်တည်၍ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်း ရှုကွက်ကို ဖော်ပြထားပါသည်။ အဋ္ဌကထာ-ဋီကာများကို ကျော်လွန်သွားသည် ဟူ၍ကား မယူဆစေလိုပါ။ အဋ္ဌကထာ-ဋီကာများ၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဓာတ်တစ်ပါး တစ်ပါး လျှင် သဘောတရား နှစ်မျိုးစီ ယူ၍ သဘောတရား (၈)မျိုးမျှကိုသာ ရှုပွားပါကလည်း သမာဓိအားကောင်း လာသောအခါ အထက်ပါ သဘောတရား (၁၂)မျိုးလုံးသည် ထင်ရှားလာသည်သာ ဖြစ်ပါသည်။
定力达到一定强度时,诸界会出现这样的不足与过盛。为了能够调节诸界强弱、使之平衡,是一个理由;为了使人完整观修《法集论》圣典所宣说的各项界性,又是一个理由。基于这两个理由,本书以十二种界性为基础,说明界业处简略法的观照项目。请不要以为这超越了义注与复注。即使依义注、复注的教导,每一界只取两种界性,只观照八种界性;定力强盛时,上述十二种界性也都会显现。
原书第 569 页
အလုပ်စခန်းကို စတင်အားထုတ်ပုံ
开始实际修习的方法
ရှေးဦးစွာ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ယင်း စတုတ္ထစျာန်သမာဓိမှ အရောင် ပြိုးပြိုးပြက် တလက်လက် ထွက်သည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထို စျာန်မှ ထ၍ ရှေးဦးစွာ - ပထဝီဓာတ် သဘောတရား (၆)မျိုးတို့တွင် ---- ၁။ မာမှု ထင်ရှားရာ တစ်နေရာမှ စ၍ မာမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
首先,以入出息念的似相为所缘,建立定直至第四禅等至,并使第四禅定发出闪耀、灿然的光明。从该禅定出定以后,先在地界的六种界性中——一、从硬性明显的某一处开始,观见遍及全身的硬性。
၂။ ကြမ်းမှု ထင်ရှားရာ တစ်နေရာမှ စ၍ ကြမ်းမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
二、从粗性明显的某一处开始,观见遍及全身的粗性。
၃။ လေးမှု ထင်ရှားရာ တစ်နေရာမှ စ၍ လေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
三、从重性明显的某一处开始,观见遍及全身的重性。
၄။ ပျော့မှု ထင်ရှားရာ တစ်နေရာမှ စ၍ ပျော့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
四、从软性明显的某一处开始,观见遍及全身的软性。
၅။ ချောမှု ထင်ရှားရာ တစ်နေရာမှ စ၍ ချောမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
五、从滑性明显的某一处开始,观见遍及全身的滑性。
၆။ ပေါ့မှု ထင်ရှားရာ တစ်နေရာမှ စ၍ ပေါ့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
六、从轻性明显的某一处开始,观见遍及全身的轻性。
ထိုနောင် အာပေါဓာတ် သဘောတရား နှစ်မျိုးတို့တွင် ---- ၇။ ယိုစီးမှု ထင်ရှားရာ တစ်နေရာမှ စ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
然后,在水界的两种界性中——七、从流动性明显的某一处开始,观见遍及全身的流动性。
၈။ ဖွဲ့စည်းမှု ထင်ရှားရာ တစ်နေရာမှ စ၍ ဖွဲ့စည်းမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
八、从黏结性明显的某一处开始,观见遍及全身的黏结性。
ထိုနောင် တေဇောဓာတ် သဘောတရား နှစ်မျိုးတို့တွင် ---- ၉။ ပူမှု ထင်ရှားရာ တစ်နေရာမှ စ၍ ပူမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
然后,在火界的两种界性中——九、从热性明显的某一处开始,观见遍及全身的热性。
၁ဝ။ အေးမှု ထင်ရှားရာ တစ်နေရာမှ စ၍ အေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
十、从冷性明显的某一处开始,观见遍及全身的冷性。
ထိုနောင် ဝါယောဓာတ် သဘောတရား နှစ်မျိုးတို့တွင် ---- ၁၁။ ထောက်ကန်မှု ထင်ရှားရာ တစ်နေရာမှ စ၍ ထောက်ကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
然后,在风界的两种界性中——十一、从支持性明显的某一处开始,观见遍及全身的支持性。
၁၂။ တွန်းကန်မှု ထင်ရှားရာ တစ်နေရာမှ စ၍ တွန်းကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။
十二、从推动性明显的某一处开始,观见遍及全身的推动性。
ထိုသို့ ရှုရာ၌ ဦးခေါင်းမှသည် ခြေဖျား၊ ခြေဖျားမှသည် ဦးခေါင်းသို့တိုင်အောင် အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကိုသွင်း၍ သဘောတရား (၁၂)မျိုးလုံးကို တစ်ခုပြီး တစ်ခု သွက်သွက်လက်လက် မြင်အောင် ရှုပါ၊ လေ့ကျင့်ပါ။ ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့ကား ဤမျှဆိုလျှင် ကောင်းမွန်စွာ ရှုပွားတတ်ပြီ ဖြစ်ပေသည်။ သို့သော် ဉာဏ်ပညာ အလွန်မထက်မြက်သူတို့ကား ဤမျှဖြင့် မရှုတတ်သေး ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့အတွက် ဉာဏ်နုသူတို့ ရှုတတ်ရေးအတွက် ဆက်လက်၍ ရှုကွက်ကို ထပ်မံ ဖော်ပြအပ်ပါသည်။
如此观照时,应从头至脚、再从脚至头,把称为“智”的手伸入骨间、腱间、肉间、皮间,敏捷地逐一观见全部十二种界性,并加以训练。智慧敏锐的瑜伽行者,只需讲到这里便已能够善加观修。然而,智慧不甚敏锐者仅凭这些说明,可能还不会观修。因此,下面将为慧力较弱者继续详述观法。
ဝ-လုံးတန်းက စပါ
从“ဝ”字母行开始
အထက်ပါ ညွှန်ကြားချက်အတိုင်း မရှုတတ်သေးပါက ဝ-လုံးတန်းက စ၍ ရှုရမည် ဖြစ်သည်။ အချို့ ယောဂါဝစရ ပုဂ္ဂိုလ်တို့ကား မာမှုသဘောကို စတင်၍ သင်ပေးလိုက်လျှင် လွယ်လွယ်ကူကူပင် ရှု၍ ရတတ်၏။
如果还不能依照上述指示观修,就必须从“ဝ”字母行开始。有些瑜伽行者一经教导从硬性入手,便能轻易观见。
သို့သော် အချို့မှာ ခက်ခဲနေတတ်ပြန်၏။ ဗျည်း (၃၃)လုံးတို့တွင် က-ကြီးက စသည် မှန်သော်လည်း ဝ-လုံးက စ၍ သင်မှ သဘောပေါက်နိုင်မည့် သူငယ်အား ဝ-လုံးက စ၍ သင်ပေးရ၏။ ဝ-လုံးတန်း ကျေညက်သွားသော အခါ တစ်ဖန် က-ကြီး ခ-ခွေးက စ၍ ပြန်သင်ပေးရပြန်၏။ အလားတူပင် ပထဝီဓာတ်က စ၍ သင်ပေးသော်
但是,另一些人仍会感到困难。缅文三十三个辅音固然以 က(ka-gyi)为首,但对于只有从 ဝ(wa-lone)字母行开始教才会明白的孩子,就得从 ဝ 字母行开始教;熟习了 ဝ 字母行以后,还要再从 က(ka-gyi)、ခ(kha-khwe)起头重新教。同样,即使已教他从地界开始——

本页是帕奥禅师缅文「五大册」第一册(趣向涅槃之道·第一册,书名暂定)的现代汉语全译,译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。