摄取名业处的三种方法

《趣向涅槃之道》中文全译本 · 非缩略版

非色摄受章 · 原书第 4–7 页 · 23 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 4 页
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်း
摄取名业处的三种方法
ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိ အာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာ- ဝသေန ဝါ ဝိညာဏဝသေန ဝါ။ (ဝိသုဒ္ဓိ-၂-၂၂၆။) တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ?
对于这样已将色法摄受得极清净的人,诸名法以3种方式现起:或依触,或依受,或依识。(《清净道论》2-226。)在名业处中,入手方式有3种:依触、依受或依心。如何实行呢?
原书第 5 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မိံ အာရမ္မဏေ စိတ္တစေတသိ- ကာနံ ပဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖဿော ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။
有的人,以简略法或详尽法摄取色业处之后,心与心所最初趋入该色法所缘时,触由于接触该所缘而生起,并清楚显现。有的人,受由于体验该色法所缘而生起,并清楚显现。有的人,识摄取并分别识知该色法所缘而生起,并清楚显现。
တတ္ထ ယဿ ဖဿော ပါကဋော ဟောတိ၊ သောပိ ''န ကေဝလံ ဖဿောဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။
其中,触清楚显现的人也这样把握:“并非只有触生起;与触同时,体验同一所缘的受、记认同一所缘的想、对同一所缘造作的思,以及识知同一所缘的识,也都生起。”他所把握的正是触等五法。
ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော ''န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။
受清楚显现的人这样把握:“并非只有受生起;与受同时,接触同一所缘的触、记认同一所缘的想、对同一所缘造作的思,以及识知同一所缘的识,也都生起。”他所把握的正是触等五法。
ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော ''န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (မ-ဋ္ဌ-၁-၂၈ဝ-၂၈၁။ ဒီ-ဋ္ဌ-၂-၃၁၄။ အဘိ-ဋ္ဌ-၂-၂၅၂။) အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္ထဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ-၂-၄၇ဝ။) ဧဝံ တဿ တဿေဝ ပါကဋဘာဝေပိ ''သဗ္ဗံ ဘိက္ခဝေ အဘိညေယျ''န္တိ၊ ''သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာန''န္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒဿေန္တော ''တတ္ထ ယဿာ''တိအာဒိမာဟ။
识清楚显现的人这样把握:“并非只有识生起;与识同时,接触同一所缘的触、体验同一所缘的受、记认同一所缘的想,以及对同一所缘造作的思,也都生起。”他所把握的正是触等五法。(《中部义注》1-280—281;《长部义注》2-314;《阿毗达磨义注》2-252。)所谓“入手”,应知是指在观智之前必须进行的名色分别;因此,先把握色法就是从色法入手,其余亦同。(《大复注》2-470。)虽然每位禅修者所清楚显现的起点各不相同,但经中说“一切皆应证知”“诸比丘,应证知一切”等,表示凡适合思惟的法都必须把握;为说明这一点,义注才说“其中,某人的……”等。
တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။
这里限定说“正是触等五法”,是因为4种非色蕴已经包括在其中,也已随举这组法而一并含摄。
ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ ''စက္ခုသမ္ဖဿဇာ စေတနာ''တိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။
之所以采用“触等五法”这一说法,是因为这组法遍及一切心的生起;其中,举出触与思,便总摄了一切行蕴法,因为在行蕴诸法中思是主要的。正因如此,《分别论》的经分别在解释行蕴时,以“眼触所生之思”等方式主要分别思;其余诸蕴则直接以各自的自体列入其中。
(မ-ဋီ-၁-၃၇ဝ။)
(《中部复注》1-370。)
ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
上述义注和复注的要义如下。
ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ဖွင့်ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် - ၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း ဤ (၃)မျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။
如色业处篇已经说明,对于已经以智辨别并清净摄取色法的瑜伽行者,诸名法会以3种方式中的一种,在其相续中显现:1.依触;2.依受;3.依识。
အဘိနိဝေသ ---- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ = ဝိပဿနာဉာဏ်၏
入手(abhinivesa)——在观智之前,应当先以智辨别、摄取色法与名法;这种名色分别的修习称为“观禅入手”,也就是对观智所缘——
原书第 6 页
အရှုခံ အာရုံတို့ကို နှလုံးသွင်းခြင်းဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ၊ နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ -- ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရား တို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက်ရှိ၏။ အကြောင်းတရား အကျိုးတရားတို့ ဟူသည်မှာလည်း အကြောင်းရုပ်နာမ် အစုအပုံနှင့် အကျိုးရုပ်နာမ် အစုအပုံတို့သာ ဖြစ်သောကြောင့်တည်း။
作意。从色法入手称为“从色法入手”,从名法入手称为“从名法入手”。对因法、果法作意,也属于这里所说的入手,因为因法与果法无非是因色名之聚和果色名之聚。
ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ---- ၁။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း ၂။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း ၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့် နှလုံးသွင်းခြင်းဟု နှလုံးသွင်းနည်း (၃)နည်း ရှိပေသည်။ ဤစကားရပ်ကို ထပ်မံ၍ ရှင်းလင်းတင်ပြရသော် ဤသို့ ဖြစ်၏။
在名业处中,有3种入手方法:1.依触入手;2.依受入手;3.依识入手。进一步说明如下。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ---- ၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း ၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့်ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်း ဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။
有些瑜伽行者以四界简略法或四界详尽法,以智辨别并摄取色业处;这时,在其智中,心与心所最初趋入该色法所缘、接触该所缘而生的触,会清楚显现。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။
有些瑜伽行者的智中,体验该色法所缘而生的受,会清楚显现。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏။
有些瑜伽行者的智中,能分别识知该色法这一所缘的识,会清楚显现。
ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် အကြင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏၊ ထိုဖဿ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ''ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည် လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ-သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခု မြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။
在这3类人中,若某位瑜伽行者的智中触最清楚,他便这样作意:“并非只有一个触生起。与触同时,体验同一所缘(即体验其滋味)的受也生起;记认、标记同一所缘的想也生起;推动、激励相应法趋向同一所缘的思也生起;分别识知同一所缘的识(其识知方式不同于慧与想)也生起。”由此,他以智辨别、摄取触等五法。
အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။
若某位瑜伽行者的智中,体验所缘滋味的受最清楚——
ထို ဝေဒနာထင်ရှားသောပုဂ္ဂိုလ်သည်လည်း ''ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည် ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သားတတ် သော = အမှတ်ပြု၍သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို
他便这样作意:“并非只有一个受生起。与受同时,接触同一所缘而生的触也生起;记认、标记同一所缘的想也生起;推动、激励相应法——
原书第 7 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။
趋向同一所缘的思也生起;分别识知同一所缘的识(其识知方式不同于慧与想)也生起。”由此,他以智辨别、摄取触等五法。
အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား ၏။ ထို ဝိညာဏ်ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ''ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ် နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော = (တွေ့ထိ သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သား တတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။
若某位瑜伽行者的智中,能够分别识知所缘的识最清楚,他便这样作意:“并非只有一个识生起。与识同时,接触同一所缘而生的触也生起;体验同一所缘滋味的受也生起;记认、标记同一所缘的想也生起;推动、激励相应法趋向同一所缘的思也生起。”由此,他以智辨别、摄取触等五法。
(မ-ဋ္ဌ-၁-၂၈ဝ-၂၈၁-စသည်။)
(《中部义注》1-280—281等。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。