大善速行生起的诸因
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 160–169 页 · 76 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 160 页
မဟာကုသိုလ်ဇော စောရခြင်း၏ အကြောင်းများ
大善速行生起的诸因
ရူပါရုံကို အာရုံယူ၍ မဟာကုသိုလ်ဇောများ စောရခြင်း၏ အကြောင်းရင်းများနှင့် စပ်လျဥ်း၍ အဋ္ဌသာ- လိနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၁၁၇။) စသည်တို့၌ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုထားပေသည်။ ဤ၌ ဆိုလိုရင်းကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်။
关于以色所缘为所缘而生起大善速行的诸因,《殊胜义注》(Aṭṭhasālinī,1-117)等处已有广说。这里摘取其中要义加以说明。
ထိုအာရုံ (၆)မျိုးတို့တွင် ရှေးဦးစွာ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဤ မဟာကုသိုလ်ဇောစိတ်သည် ညိုသော အဆင်း၊ ရွှေသော အဆင်း၊ နီသော အဆင်း၊ ဖြူသော အဆင်း ရှိကုန်သော ပန်း၊ အဝတ်၊ ဂွေ့နီ၊ ဆေးဒန်း၊ မျက်စဥ်းညိုကျောက် အစရှိကုန်သော ဓာတ်တို့တွင် အမှတ်မထား တစ်ပါးပါးသော တင့်တယ်ကောင်း မြတ်သည့် သုဘဟုယူခြင်း၏ အကြောင်းဟု ဆိုအပ်သော ဝမ်းမြောက်ရွှင်လန်းခြင်း သောမနဿဖြစ်လောက် သော သုဘနိမိတ်ဖြစ်သော အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော စိတ်နှလုံးကို တိုးပွားစေတတ်သော နှစ်သက်ခြင်း၏ တည်ရာဖြစ်သော ရူပါရုံ အရောင်အဆင်းကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏။
在六种所缘中,先说取色所缘而生起的情形。这一大善速行心,取具有褐色、金色、红色或白色的花、衣物、雄黄(ဂွေ့နီ)、雌黄(ဆေးဒန်း)、褐色眼药石(မျက်စဥ်းညိုကျောက်)等物中的任一种颜色为所缘而生起。这样的色所缘(颜色)端严美好,被取作“净美”,故为净相;它为人所欲、所爱、所珍重,能令心增长,是欣悦的所依,足以令悦受生起。
ဤ၌ မေးမြန်းဖွယ်ရှိ၏။ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဤ ဣဋ္ဌအာရုံသည် တင့်တယ်ကောင်းမြတ် သော သုဘနိမိတ် ဖြစ်ခြင်းကြောင့် နှစ်သက်မြတ်နိုးခြင်း၏ တည်ရာအာရုံ ဖြစ်သောကြောင့် လောဘ၏ တည်ရာ ဝတ္ထုဖြစ်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဤဣဋ္ဌာရုံကို အာရုံပြုသော စိတ်သည် ကုသိုလ်ဖြစ်ရပါသနည်း ဟု မေးမြန်းဖွယ် ရှိ၏။ အဖြေကား ဤသို့တည်း။
这里可以提出一个问题:这个为人所欲、所爱、所珍重的可意所缘,因为是端严美好的净相,又是喜爱的所依所缘,难道不是贪据以生起的事物吗?那么,为什么取此可意所缘为所缘的心会是善心?答如下。
၁။ နိယမိတဝသေန ---- ကုသိုလ်ပြုခြင်း၌ အမြဲတမ်း သတ်မှတ်ထားအပ်သော စိတ်ဓာတ်၏ စွမ်းအင်သတ္တိ ကြောင့်လည်းကောင်း၊ ၂။ ပရိဏာမိတဝသေန ----- ကုသိုလ်ပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်ဓာတ်၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း၊ ၃။ သမုဒါစာရဝသေန ---- ကုသိုလ်ရေး၌ ကောင်းစွာ အထက်အထက်၌ လေ့ကျက်အပ်ပြီးသော ကျင့်သား ရနေသော စိတ်ဓာတ်၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း၊ ၄။ အာဘုဇိတဝသေန ---- ကုသိုလ်ဖြစ်အောင် နှလုံးသွင်းခြင်း၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း ---- ဤ (၄)မျိုးကုန်သော အကြောင်းတရားတို့ကြောင့် ဤဣဋ္ဌာရုံကို အာရုံပြုသော စိတ်သည် ကုသိုလ် ဖြစ်ရ ပေသည်။
1.由决定(niyamita):由于在行善方面恒常确立的心志具有力量;2.由倾向(pariṇāmita):由于被导向、倾向于行善的心志具有力量;3.由惯行(samudācāra):由于在善行上久经反复训练、已经养成习惯的心志具有力量;4.由作意(ābhujita):由于为令善法生起而作意的力量。由于这四种因,取此可意所缘为所缘的心便成为善心。
၁။ နိယမိတ ---- အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ - ''ငါသည် ကုသိုလ်စိတ်ကိုသာ ပြုလုပ်ထိုက်၏၊ မည်သည့်အာရုံ နှင့် တွေ့ကြသည်ဖြစ်စေ ငါ၏သန္တာန်၌ ကုသိုလ်စိတ်သာ ဖြစ်စေရမည်''ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထား၏။
1.决定(niyamita):某人的相续中恒常作出这样的确定与决断:“我只应令善心生起;无论遇到何种所缘,在我的相续中都只让善心生起。”
ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ကုသိုလ်စိတ်သာ ဖြစ်တတ်၏။
在此人的相续中,便往往只有善心生起。
၂။ ပရိဏာမိတ ----- မိမိ၏ စိတ်ဓာတ်ကို အကုသိုလ်ဖြစ်ခြင်းမှ ဆုတ်နစ်စေ၍ ကုသိုလ်ကို ပြုလုပ်ခြင်း၌ သာလျှင် စိတ်ဓာတ်ကို ညွတ်စေ၏၊ အကုသိုလ် မဖြစ်အောင် မိမိ၏ စိတ်ဓာတ်ကို စောင့်စည်း၍ ကုသိုလ် ဖြစ်ဖို့ရန် စိတ်ညွတ်ကိုင်းရှိုင်းထားသူ၏ သန္တာန်၌လည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏။
2.倾向(pariṇāmita):使自己的心志从不善中退却,只令它倾向行善;防护自己的心志,不让不善生起,并令心倾向于善。这样倾向于善者的相续中,也往往只有善心生起。
၃။ သမုဒါစာရ ---- အမြဲမပြတ် ကုသိုလ်စိတ် ဖြစ်အောင် ပြုကျင့်ခြင်းဟူသော အလေ့အကျက် ရနေသော ကုသိုလ်၏ ကောင်းစွာ ရှေးရှေး အထက်အထက်က ဖြစ်ခြင်းဖြင့်သာလျှင် စိတ်ကို ကုသိုလ်စိတ်ဖြစ်အောင် ကောင်းစွာ ရှေးရှေးကပင် လေ့ကျက်ထား၏၊ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက် ရနေသူ၏ သန္တာန်၌လည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ကုသိုလ်စိတ်သာ အဖြစ်များတတ်၏။
3.惯行(samudācāra):由于早先一次又一次、持续不断地修习令善心生起,便对善法形成了充分习惯;也就是说,早已训练自己的心,使它成为善心。自早先以来便惯于善心者的相续中,也往往只有善心生起,而且善心生起得更多。
原书第 161 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၄။ အာဘုဇိတ ---- (က) ပတိရူပဒေသဝါသ = ကုသိုလ်ဖြစ်ခွင့် ရနိုင်သည့် ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ရခြင်း၊ ( ခ ) သပ္ပုရိသူပနိဿယ = သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခွင့် ရရှိခြင်း၊ ( ဂ ) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားရခြင်း၊ (ဃ) ပုဗ္ဗေ ကတပုညတာ = ရှေးရှေးဘဝ၌ ပြုအပ်ခဲ့သော ကောင်းမှုရှိသူ ဖြစ်ခြင်း ---- အစရှိကုန်သော အားကြီးကုန်သော မှီရာ ဥပနိဿယ အကြောင်းတရားတို့ကြောင့် ကုသိုလ် ဖြစ်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌လည်း ကုသိုလ် စိတ်သာ ဖြစ်တတ်၏။ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြရသော်လည်း လောဘ စိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည်။ (အဘိ-ဋ္ဌ-၁-၁၁၇။) ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား မဖြစ်လာသေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်လာ
4.作意(ābhujita):由于具备下列强力的亲依止条件:(甲)住于适宜处——居住在三宝兴盛、有贤善之士、因而有机会行善的合宜之处;(乙)亲近善士——有机会依止、亲近贤善之士;(丙)听闻正法——得以听闻贤善正法;(丁)往昔曾作福——在过去诸生曾经造作善业。依止这些强有力的亲依止因缘,善巧以正确方法作意、使善法生起者,具有作意(ābhujita),也就是如理作意;在他的相续中,往往只有善心生起。由于上述决定、倾向、惯行、作意四因,即使遇到净相、可意所缘,也不会生起贪心,只会生起善心。(《殊胜义注》1-117。)上述义注的解释,对于正在努力使未生的善法生起——
အောင် ဖြစ်ပေါ်လာပြီးသော ကုသိုလ်တရားများကို တိုးပွားအောင် ကြိုးစားလျက် ရှိသော အသင်ယောဂီသူတော် ကောင်းအဖို့ မဏိဇောတ ပြည်တန်မြထက် သာလွန်၍ အဖိုးမဖြတ်နိုင်သော လက်ဆောင်ကောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။
——并使已生的善法增长的贤善瑜伽行者而言,这是一份甚至胜过价值一国的摩尼佐德(Maṇijota)红宝石、无可估价的殊胜厚礼。
ပုဗ္ဗေ စ ကတပုညတာ စက်၏ စွမ်းအင်
“往昔曾作福”成就轮的力量
၁။ ပတိရူပဒေသဝါသ = ကုသိုလ်ဖြစ်ခွင့် ရရှိနိုင်သည့် ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခွင့် ရရှိခြင်း၊ ၂။ သပ္ပုရိသူပနိဿယ = ဘုရားအစ ရှိသော သူတော်သူမြတ်တို့ကို မှီခို ဆည်းကပ်ခွင့် ရရှိခြင်း၊ ၃။ သဒ္ဓမ္မသဝန = သူတော်ကောင်းတရားကို နာကြားခွင့် ရရှိခြင်း၊ ၄။ ပုဗ္ဗေ ကတပုညတာ = ရှေးရှေး ဘဝတို့၌ ပြုစုပျိုးထောင်အပ်ခဲ့ဖူးသော ပါရမီ ပုည သမ္ဘာရ ဟူသော
1.住于适宜处:得以居住在三宝兴盛、诸贤善之士所在、可有机会行善的合宜善地;2.亲近善士:得以依止、亲近以佛陀为首的诸贤善之士;3.听闻正法:得以听闻贤善正法;4.往昔曾作福:成为具足过去诸生中所培育、称为“波罗蜜福德资粮”的——
ကုသိုလ်ကောင်းမှု အဆောက်အဦ အထုအထည်ရှိသူ ဖြစ်ခြင်း ----
——善业之坚实基础与厚重积聚的人。
ဤသို့စသော အားကြီးသော မှီရာဥပနိဿယ အကြောင်းတရားတို့ကြောင့် ယောနိသောမနသိကာရ ဖြစ် ရကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့၏။ ဤတွင် ပုဗ္ဗေ ကတပုညတာစက်၏ အလွန်အရေးပါပုံကို အနည်းငယ် ဆက်လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။
上面已经说明:由于这类强有力的亲依止因缘,如理作意得以生起。这里再略加说明“往昔曾作福”成就轮何以极其重要。
ပုဗ္ဗေကတ ပုညတာစက် - ဟူသည် အတိတ်ဘဝ ထိုထိုက ---- ၁။ သမ္မာသမ္ဗောဓိဉာဏ်၊ ၂။ ပစ္စေကဗောဓိဉာဏ်၊ ၃။ အဂ္ဂသာဝကဗောဓိဉာဏ်၊ ၄။ မဟာသာဝကဗောဓိဉာဏ်၊ ၅။ ပကတိသာဝကဗောဓိဉာဏ် ---- ဟူသော ဗောဓိဉာဏ် အသီးအသီးတို့၏ အာရုံဖြစ်သော အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရည်မြော်မှန်း၍ ပြုစုပျိုးထောင်ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းများပင် ဖြစ်သည်။
所谓“往昔曾作福”成就轮,就是过去一生又一生中,曾以寂静界——涅槃殊胜法为志向而培育的明种子与行种子;涅槃分别是下列五种菩提智的所缘:1.正等菩提智;2.独觉菩提智;3.上首声闻菩提智;4.大声闻菩提智;5.普通声闻菩提智。
原书第 162 页
ဝိဇ္ဇာ သုံးပါး
三明
၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ရုပ်နာမ် (= ခန္ဓာ)အစဥ်ကို ဉာဏ်ဖြင့် အစဥ်လျှောက်၍ အောက်မေ့နိုင် သိနိုင်သော အဘိညာဏ်၊ ၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်သိမြင်နိုင်သော အဘိညာဏ်၊ ၃။ အာသဝက္ခယဉာဏ် = အာသဝေါတရား (၄)ပါးတို့၏ ကုန်ရာ ဖြစ်သော နိဗ္ဗာန်ကို သိမြင်နေသော
三明如下:1.宿住随念通——能够以智沿着相续追忆、了知过去曾住过的色名(蕴)相续之神通智;2.天眼通——能够如天眼一般遍见远近一切的神通智;3.漏尽智——知见四种漏灭尽之处——涅槃的——
အရဟတ္တမဂ်ဉာဏ် ----
——阿罗汉道智。
ဤဉာဏ် (၃)ပါးကို ဝိဇ္ဇာ (၃)ပါးဟု ဘယဘေရဝသုတ် (မ-၁-၂၆။)၌ ဘုရားရှင် ဟောကြားထားတော်မူ၏။
佛陀在《怖骇经》(Bhayabherava Sutta;《中部》1-26)中,把这三种智宣说为“三明”。
ဝိဇ္ဇာ ရှစ်ပါး
八明
တစ်ဖန် အမ္ဗဋ္ဌသုတ် (ဒီ-၁-၉၄။)၌ ---- ဝိဇ္ဇာ (၈)ပါး ဟောကြားထားတော်မူ၏။
此外,佛陀在《阿摩昼经》(Ambaṭṭha Sutta;《长部》1-94)中宣说了八明。
၁။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုး မိုးပျံခြင်း စသော တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဏ်၊ ၂။ ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ အဝေးအနီး၌ တည်ရှိသမျှသော လူ၌ဖြစ်သော အသံ၊ နတ်၌ဖြစ်သော အသံတို့ကို ကြားသိနိုင်သော အဘိညာဏ်၊ ၃။ စေတောပရိယဉာဏ် = မိမိ၏ စိတ်ဖြင့် သူတစ်ပါး၏ စိတ်ကို သိနိုင်သော အဘိညာဏ်၊ ၄။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ရုပ်နာမ် (= ခန္ဓာ)အစဥ်ကို ဉာဏ်ဖြင့် အစဥ်လျှောက်၍ အောက်မေ့နိုင် သိနိုင်သော အဘိညာဏ်၊ ၅။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေး အနီး ရှိသမျှ အလုံးစုံကို အကုန် သိမြင်နိုင်သော အဘိညာဏ်၊ ၆။ အာသဝက္ခယဉာဏ် = အာသဝေါတရား (၄)ပါးတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိမြင်နေသော အရ- ဟတ္တမဂ်ဉာဏ်၊ ၇။ ဝိပဿနာဉာဏ် = ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်နေသော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်၊
1.神变智(iddhividha-ñāṇa):能够潜入地中、飞行空中等种种神通的神通智;2.天耳智(dibbasota-ñāṇa):如天耳一般,能够听知远近一切人声与天声的神通智;3.他心智(cetopariya-ñāṇa):能够以自己的心了知他人之心的神通智;4.宿住随念智(pubbenivāsānussati-ñāṇa):能够以智沿着相续追忆、了知过去曾住过的色名(蕴)相续之神通智;5.天眼智(dibbacakkhu-ñāṇa):能够如天眼一般遍见远近一切的神通智;6.漏尽智(āsavakkhaya-ñāṇa):知见四漏灭尽之处涅槃的阿罗汉道智;7.观智(vipassanā-ñāṇa):安住于名为苦谛与集谛的诸行法之无常相、苦相、无我相,故名“法住智”的观智;
၈။ မနောမယိဒ္ဓိဉာဏ် = စိတ်ဖြင့် ပြီးသော မနောမယ ခန္ဓာကိုယ်များစွာကို ဖန်ဆင်းနိုင်သော အဘိညာဏ်- ဤ (၈)ပါးတို့ကား ဝိဇ္ဇာ (၈)ပါးတို့ ဖြစ်ကြ၏။ ထိုထိုသုတ္တန်ကို နာယူနေသော သတ္တဝါတို့၏ အလိုအကြိုက် အဇ္ဈာသယဓာတ်ခံသို့ လိုက်၍ ထိုသို့ ခွဲ၍ ဟောကြားထားတော်မူခြင်း ဖြစ်၏။
8.意所成神变智(manomayiddhi-ñāṇa):能够以心造作众多意所成身的神通智。这八种就是八明。佛陀是顺随听受各部经之有情的喜好与意乐根性,而作这样的分别宣说。
စရဏတရား (၁၅) ပါး
十五种行法
၁။ သီလသံဝရ = ကိုယ်ကျင့်သီလကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ၂။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ = သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဟူသော ကမ္မဋ္ဌာန်း အာရုံတစ်ခုခု၌ မိမိ၏ စိတ်ကို အမြဲ သွတ်သွင်းလျက် = (ကမ္မဋ္ဌာန်းတရားကို အမြဲ နှလုံးသွင်းလျက်) မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒွါရ (၆)ပါး = တံခါးကြီး (၆)ပေါက်မှ လောဘ ဒေါသ မောဟ စသည့် ကိလေသာအညစ်အကြေးတို့ ဝင်ရောက်၍ မလာအောင် စောင့်စည်းခြင်း၊ ၃။ ဘောဇနေမတ္တညုတာ = အစာအာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်း၊
1.戒律仪(sīlasaṃvara):持守、守护自己的戒行;2.守护根门(indriyesu guttadvāratā):把自己的心恒常投入止业处或观业处的某一业处所缘中,也就是恒常将业处置于心中,由此守护眼、耳、鼻、舌、身、意六门这六扇大门,使贪、嗔、痴等烦恼垢秽不能由此进入;3.饮食知量(bhojane mattaññutā):了知饮食的适当限量;
原书第 163 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၄။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား ရှိခြင်း = နိုးကြားမှု၌ ထကြွလုံ့လ ဝီရိယ ရှိခြင်း (ညဥ့်သုံးယာမ် တစ်ယာမ်မျှသာ အများဆုံး အိပ်စက်ခြင်း)၊ ၅-၁၁။ သတ္တ သဒ္ဓမ္မ = သဒ္ဓါ ဟိရီ သြတ္တပ္ပ ဗာဟုသစ္စ ဝီရိယ သတိ ပညာ - ဟူသော သူတော်ကောင်းတရား (၇)ပါး၊ ၁၂-၁၅။ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန် ဟူသော စတုက္ကနည်းအရ ရူပါဝစရစျာန် (၄)ပါး- အားလုံးပေါင်းသော် စရဏတရား (၁၅)ပါး ဖြစ်သည်။
4.勤于觉醒(jāgariyānuyoga):保持清醒警觉,即于觉醒时奋发精进〔夜间三更,至多只睡一更〕。5—11.七种善士法(satta saddhamma):信、惭、愧、多闻、精进、念、慧这七种善士法。12—15.依四分法所说的初禅、第二禅、第三禅、第四禅四种色界禅。合计为十五种行法。
သတ္တ သဒ္ဓမ္မ = သူတော်ကောင်းတရား (၇) ပါး
七种善士法
၁။ သဒ္ဓါ = ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရား စသည့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ သက်ဝင် ယုံကြည်ခြင်း၊ ၂။ ဟိရီ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း၊ ၃။ သြတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ခြင်း၊ ၄။ ဗာဟုသစ္စ = ဗဟုသုတ = ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ပိဋကသုံးပုံ၏ အဆီ အနှစ် အချုပ်ဖြစ်သော ဗောဓိပက္ခိယတရား (၃၇)ပါးတို့၌ အကျုံးဝင်သော ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အာဂမသုတ - ဟူသော သင်သိ၊ အဓိဂမသုတ - ဟူသော ကျင့်သိ ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိခြင်း၊ 〔ဆရာသ္မားထံမှ သင်ယူ၍ ရရှိသော အသိကို အာဂမသုတ (= သင်သိ)ဟုလည်းကောင်း၊ နားဖြင့် ကြားနာ ၍ ရရှိသော အသိဖြစ်ခြင်းကြောင့် အကြား သုတဟုလည်းကောင်း ခေါ်ဆို၏။ ယင်း ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို မိမိကိုယ်တိုင် ဆရာသမားထံမှ ကြားနာခဲ့ရ သင်ယူခဲ့ရသည့်အတိုင်း
1.信:对三宝、业与业果等可信、值得信的所信事投入信受。2.惭:以恶、不善法与恶行为羞耻。3.愧:畏惧恶、不善法与恶行。4.多闻(bāhusacca=bahussuta,即广闻博见):对于佛陀所宣说、开示、教诫的三藏之精髓与纲要——三十七菩提分法所摄的蕴、处、界、谛、缘起诸法——具足两种多闻见识:称为 āgama-suta 的“由学而知”,以及称为 adhigama-suta 的“由修而知”。〔从导师处学习而获得的知识,称为 āgama-suta(由学而知);又因它是经由耳闻而获得的知识,也称为“闻所知”。至于这些蕴、处、界、谛、缘起之法,依照自己亲从导师处听闻、学习所得的内容而——
ကျင့်သဖြင့် ထိုးထွင်းသိလာသော အသိကိုကား အဓိဂမသုတ (= ကျင့်သိ)ဟုလည်းကောင်း၊ ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ထွင်းဖောက် သိမြင်သော အသိဖြစ်၍ အမြင် သုတဟုလည်းကောင်း ခေါ်ဆို၏။ သို့အတွက် ဗာဟု သစ္စ = ဗဟုသုတကို အကြားအမြင်ဟု ရှေးဆရာမြတ်တို့ ဘာသာပြန်ဆိုတော်မူကြသည်။ ဉာဏ်စဥ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။ အောက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်များကို ကြည့်ပါ။〕
——修习;由此洞彻了知所得的知识,称为 adhigama-suta(由修而知);又因它是自己以智亲自现前、洞彻知见的知识,也称为“见所知”。因此,古代诸大德把 bāhusacca(多闻)译解为“闻见”。依观智次第而言,它就是名色分别智与缘摄受智。请看下列巴利圣典及义注的解释。〕
ဗဟုဿုတ
多闻
ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ။ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ-၂-၃၉၉။) ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။
“诸比丘,于此,圣弟子多闻、持所闻、积聚所闻。那些法初善、中善、后善,有义、有文,宣说完全圆满、遍净的梵行;如此之法,他已多闻、忆持、以言语熟习、以心随观,并以见善加通达。诸比丘,这称为闻财。”(“‘以见善加通达’:即就义与因而言,都已以慧善加通达,并亲自现前证知。”
(အံ-ဋ္ဌ-၂-၃၆၄။)
(《增支部义注》2-364。)
ရဟန်းတို့ …ဤသာသနာတော်၌ အရိယာသာဝကသည် ( တစ်နည်း --- အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် အကြားအမြင် = ဗဟုဿုတ များပြား၏၊ အကြားအမြင် = ဗဟုဿုတကို ဆောင်ထား၏၊ အကြားအမြင် = ဗဟုဿုတကို ဆည်းပူး၏။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်း
诸比丘……在此教法中,圣弟子〔换一种说法,就是身为圣者的我佛世尊之弟子〕闻见多广,即多闻;受持闻见,即受持多闻;积聚闻见,即积聚多闻。那些法在初、中、后三阶段全都善妙——
原书第 164 页
ဂုဏ်နှင့် ပြည့်စုံသော အနက်သဒ္ဒါနှင့် ပြည့်စုံသော နှုတ်ပယ်စရာ ဖြည့်စွက်စရာ မရှိသဖြင့် အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်မြင့်မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်ထား၏။ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၏။
——具足功德,具足义理与辞句;无可删减,也无须增补,因此完全圆满、周遍清净;能够阐明清白崇高的梵行。对于这样的法,该人曾多次听闻,已经忆持,以言语反复熟习,以心一再细密地观察、思惟、观修与审察,并以正见智之慧亲自现前、洞彻知见。
ရဟန်းတို့ …ဤသည်ကို အကြားအမြင် = သုတဓန = သုတဥစ္စာဟူ၍ ဆိုအပ်၏။ (အံ-၂-၃၉၉။) ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ --- (၁) အတ္ထ = တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း၊
诸比丘……这称为闻见之财,即闻财。(《增支部》2-399。)所谓“以见善加通达”(diṭṭhiyā suppaṭividdhā),是指:(1)就义(attha),即法体的义理而言,以及——
(၂) ကာရဏ = အကြောင်းတရားအားဖြင့်လည်းကောင်း ---
——(2)就因(kāraṇa),即因法而言。
ဤနှစ်မျိုးသော အခြင်းအရာအားဖြင့် ဘုရားရှင်၏ တရားတော်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ဆိုလိုကြောင်း အဋ္ဌကထာက ရှင်းလင်းဖွင့်ဆိုထား၏။
义注清楚解释:这句话是指依这两种方式,以正见智之慧亲自现前、洞彻知见佛陀的教法。
အတ္ထ = စိတ်+စေတသိက်+ရုပ်+နိဗ္ဗာန်ဟု ပရမတ္ထတရား (၄)ပါးရှိရာ ဤ၌ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြသည့် စိတ်+စေတသိက်+ရုပ်တို့ကို အတ္ထဟု ဆိုလို၏။ သစ္စာဒေသနာတော်နည်းအရ၊ ယင်းစိတ် စေတသိက် ရုပ်တို့ဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအား ဖြင့် တည်ရှိကြသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားစုတို့သာ ဖြစ်ကြ၏။
义(attha)——究竟法有心、心所、色、涅槃四种;此处所谓“义”,是指作为观智所观所缘的心、心所与色。依圣谛教法的方式而言,这些心、心所与色,就是以过去、未来、现在、内、外等十一种方式存在的五取蕴,也就是苦谛法聚。
ကာရဏ = သမုဒယသစ္စာ အမည်ရသည့် ဒုက္ခသစ္စာတရားစု၏ အကြောင်းတရားစုတို့သည် ကာရဏ မည်၏။
因(kāraṇa)——苦谛法聚的诸因法聚,称为集谛;这些因法聚名为“因”。
ထိုတွင် ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်သော ဉာဏ်ကား နာမရူပပရိစ္ဆေဒဉာဏ်တည်း။ သမုဒယသစ္စာကို ထိုးထွင်းသိတတ်သောဉာဏ်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။ ယင်းဉာဏ်နှစ်ပါးနှင့် ပြည့်စုံသူကို ဗဟုသုတ ရှိသူ = အကြားအမြင်များသူဟု ဆိုရ၏။ (အံ-၂-၃၉၉။ အံ-ဋ္ဌ-၂-၃၆၄။) ၅။ ဝီရိယ ---- သမ္မပ္ပဓာန်လုံ့လဝီရိယ ---- (က) မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်အောင်၊ ( ခ ) ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင်၊ ( ဂ ) မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်၊ (ဃ) ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ---- ၁။ အရိုး ကြွင်းစေ၊ ၂။ အရေ ကြွင်းစေ၊ ၃။ အကြော ကြွင်းစေ၊ ၄။ အသားအသွေးတွေ အကုန်ခန်းခြောက်ပါစေ ---- ယောကျာ်းတို့၏ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်သည့်အရာ မှန်ပါက နောက်သို့ မဆုတ်ပေအံ့၊ ဝီရိယ၏ ရပ်တန့် ထားခြင်း မည်သည် မဖြစ်စေအံ့ - ဟု အင်္ဂါ (၄)ပါး ခြံရံလျက် အပြင်းအထန် ကြိုးစားအားထုတ်မှု သမ္မပ္ပဓာန်
在这里,能够洞彻知见苦谛的智,就是名色分别智;能够洞彻知见集谛的智,就是缘摄受智。具足这两种智的人,才称为有多闻、广有闻见之人。(《增支部》2-399;《增支部义注》2-364。)5.精进——正勤精进:(甲)令尚未生起的不善法不生;(乙)令已经生起的不善法得以断除;(丙)令尚未生起的善法生起;(丁)令已经生起的善法增长。纵使出现以下情形:1.只剩骨;2.只剩皮;3.只剩筋;4.血肉全部干涸——只要是以男子的坚毅精进所能达到之事,我便绝不退转,也绝不让精进停顿。如是以这四项为伴而猛烈奋发,正是正勤——
လုံ့လဝီရိယပေတည်း။
——精进。
၆။ သတိ ----- ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော သတိ၏ တည်ရာအာရုံ (၄)မျိုးတို့ကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်တတ်သော ယင်းတရားတို့ကို မမေ့ပျောက်ခြင်းသဘော၊
6.念——对于身、受、心、法这四种念处所缘,能够一再反复观修、审察;其自性是不忘失这些所观之法。
原书第 165 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၇။ ပညာ ---- လောဘထု ဒေါသထု မောဟထုတည်းဟူသော ကိလေသာထု အစိုင်အခဲကို ဖြိုခွဲဖျက်ဆီးခြင်း ဖောက်ထွင်းခြင်းငှာ စွမ်းနိုင်သော သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်စေနိုင်သော စွမ်းအင် အပြည့်အဝရှိသော ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ထွင်းဖောက်သိမြင်နေသော ဥဒယဗ္ဗယဉာဏ်ပညာနှင့် တကွသော ဝိပဿနာပညာ ----- ဤ (၇)မျိုးတို့ကား သူတော်ကောင်းတရား (၇)ပါးတို့ ဖြစ်ကြသည်။ ဤဝိဇ္ဇာ (၈)ပါး၊ စရဏတရား (၁၅)ပါးတို့၌ ဝိပဿနာဉာဏ်ကား ဝိဇ္ဇာ စရဏ အမည်နှစ်မျိုး ရရှိသော တရားတစ်ခုပင် ဖြစ်သည်။ ဝိဇ္ဇာ (၈)ပါး၌လည်း ပါဝင်၏၊ စရဏတရား (၁၅)ပါး ၌လည်း ပါဝင်၏။ ပဋိသန္ဓေကျိုးကို ပေးတတ်သော ဝိပဿနာကံတို့ကား စရဏမျိုးစေ့၌ အကျုံးဝင်၍
7.慧——包括生灭智在内的毗婆舍那慧:它能击破、摧毁并贯穿称为贪聚、嗔聚、痴聚的坚实烦恼聚;具有充足力量,能令行者到达轮回苦尽之处的涅槃;并洞彻知见身、受、心、法念处所观的色、名、因、果=行法之无常、苦、无我三相。以上七种,就是七种善士法。在这八种明与十五种行法中,观智是兼得“明”与“行”两种名称的同一法;它既包含在八种明中,也包含在十五种行法中。能够产生结生果的诸观业,摄入行种子;而——
ပဋိသန္ဓေကျိုးကို မပေးသော ဝိပဿနာဉာဏ်တို့ကား ဝိဇ္ဇာမျိုးစေ့၌ အကျုံးဝင်ကုန်၏။ စရဏမျိုးစေ့ကား လက်ခြေနှင့် တူ၏။ ဝိဇ္ဇာမျိုးစေ့ကား မျက်စိနှင့် တူ၏။ နိဗ္ဗာန်သို့ သွားရာ၌ လက်ခြေနှင့် တူသော စရဏမျိုးစေ့လည်း ရှိပါမှ မျက်စိနှင့် တူသော ဝိဇ္ဇာမျိုးစေ့လည်း ရှိပါမှ ရောက်နိုင်သည်။
——不能产生结生果的诸观智,则摄入明种子。行种子如同手足,明种子如同眼睛;前往涅槃时,必须既有如手足的行种子,又有如眼睛的明种子,才能抵达。
ယင်း ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတို့ကား ပုဗ္ဗေ ကတပုညတာ စက်ပင် ဖြစ်၏။ ယင်း ပုဗ္ဗေ ကတပုညတာစက်က ကျေးဇူးပြုပေးပါမှ ပတိရူပဒေသဝါသ၊ သပ္ပူရိသူပနိဿယ၊ သဒ္ဓမ္မသဝနဟူသော စက်များ လည်း ပေါ်ပေါက်လာမည် ဖြစ်၏။ ယင်း စက် (၄)ပါးတို့က အားကြီးသော မှီရာ နိဿယ အကြောင်းတရား အဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးပါမှသာလျှင် မည်သည့် အာရုံနှင့် တွေ့ကြုံရသည်ပင် ဖြစ်စေ ယောနိသော မနသိကာရသာ အဖြစ်များ၍ ကုသိုလ်စိတ်သာ အဖြစ်များနေမည် ဖြစ်ပေသည်။ သို့အတွက် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဟူသော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းများကို သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ကျွတ်လွတ်လိုသူတိုင်း ဝဝကြီး ထွက်မြောက်လိုသူတိုင်းသည် နေ့ညမစဲ လုံ့လသည်းလျက် အပြင်း အထန် ကြိုးပမ်း ထူထောင်ကြရမည်သာ ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၁၁၇။ မူလဋီ-၁-၇ဝ။ စသည်၌ ကြည့်။)
这些善的明种子与善的行种子,正是“往昔曾作福”成就轮(pubbe ca katapuññatā-cakka)。只有这“往昔曾作福”成就轮给予助缘,住于适宜处、亲近善士、听闻正法这三轮才会随之出现。只有这四轮成为强有力的依止因并给予助缘,无论遇到什么所缘,才会多有如理作意,多生善心。因此,任何想要彻底脱离、完全出离轮回大苦的人,都必须日夜不息地奋发,以猛烈努力培育称为布施、持戒、止修与观修的善明种子和善行种子。(见《殊胜义注》1-117、《根本复注》1-70等。)
သောမနဿဖြစ်ရခြင်း၏ အကြောင်း
悦受生起的原因
ဤမဟာကုသိုလ်စိတ်၌ သောမနဿဝေဒနာနှင့် ယှဥ်သော မဟာကုသိုလ်စိတ် (၄)မျိုး၊ ဥပေက္ခာဝေဒနာ နှင့် ယှဥ်သော မဟာကုသိုလ်စိတ် (၄)မျိုးဟု သောမနဿနှင့် ဥပေက္ခာ (၄)မျိုးစီ ရှိ၏။ အာရုံ၏ စွမ်းအင်ကြောင့် ဤမဟာကုသိုလ်စိတ်၏ သောမနဿဝေဒနာနှင့် ယှဥ်တွဲ၍ ဖြစ်ရမှုကို သိရှိပါလေ။ မှန်ပေသည် - နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံကို အာရုံယူ၍ ဤမဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ဣဋ္ဌာရုံကို အာရုံ ယူ၍ ဖြစ်ပေါ်လာသည့် အတွက်ကြောင့် ဤ မဟာကုသိုလ် (ပထမ)စိတ်သည် သောမနဿ ဝေဒနာနှင့် အတူ ယှဥ်တွဲ၍ ဖြစ်ပေါ်လာရ၏။
在这些大善心中,与悦受相应的大善心有四种,与舍受相应的大善心有四种;悦受与舍受各有四种。应当了知:由于所缘的力量,这一大善心会与悦受相应而生。确实如此——当这一大善心取可欲、可爱、可珍重的可意所缘而生起时,正因为它取可意所缘而生起,这第一大善心便与悦受相应而生。
ဤမဟာကုသိုလ်စိတ်၌ သောမနဿဝေဒနာနှင့် အတူယှဥ်တွဲ၍ဖြစ်မှု၌ များစွာသော သဒ္ဓါတရား ထင်ရှား ရှိသူ ဖြစ်ခြင်း စသည်တို့သည်လည်း အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ ထင်ရှားစေအံ့ --- ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ ယုံကြည်မှု သဒ္ဓါတရား မရှိသူတို့၏ သန္တာန်၌လည်းကောင်း၊ မှားယွင်းသော အယူဝါဒရှိသူ မိစ္ဆာဒိဋ္ဌိတို့၏ သန္တာန်၌လည်းကောင်း တကယ်စင်စစ် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဧကန် ဣဋ္ဌာရုံ (= အတိဣဋ္ဌာရုံ) ဖြစ်သည့် တထာဂတ အမည်ရတော်မူသော သုံးလောကထွဋ်ထား ရှင်တော်မြတ် ဘုရား၏ အဆင်း ရူပကာယတော်ကိုသော်မှလည်း မြင်တွေ့ရ၍ နှစ်သက်ဝမ်းမြောက်မှု သောမနဿဝေဒနာ သည် ဖြစ်ပေါ်၍ မလာနိုင်ပေ။ ဤမျှသာမကသေး ----- အကြင်သူတို့သည်ကား ကုသိုလ်ဖြစ်ခြင်း၌ အကျိုး အာနိသံသကို ဉာဏ်ဖြင့် မသိ မမြင်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍
在这种大善心与悦受相应而生时,具足强盛、显著的信等法,也是其原因。为说明此义——在对可信、值得信的所信事没有信的人之相续中,或在持错误见解的邪见者之相续中,即使见到名为如来的三界至尊佛陀之庄严色身——它确实是可欲、可爱、可珍重的可意所缘,即极可意所缘——也不可能生起悦受。不仅如此——有些人不能以智了知、见到行善的利益与功德;这些人由于受到他人劝请而——
原书第 166 页
ကောင်းမှုကုသိုလ်ကို ပြုကြရပါကုန်သော်လည်း ထိုပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် နှစ်သက်ဝမ်းမြောက်ခြင်း သောမ- နဿတရားသည် ထင်ရှား ဖြစ်ပေါ်မလာပေ။ ထိုကြောင့် ---- ၁။ အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အတိဣဋ္ဌာရုံ ဖြစ်ခြင်း၊ ၂။ ထူပြောများပြားသော အားကောင်းသော သဒ္ဓါတရား ရှိသူ ဖြစ်ခြင်း၊ ၃။ စင်ကြယ်သော သမ္မာဒိဋ္ဌိ အယူဝါဒ ရှိသူ ဖြစ်ခြင်း၊ ၄။ ကုသိုလ်၏ အကျိုးအာနိသင်ကို ဉာဏ်ဖြင့် သိမြင်လေ့ရှိသူ ဖြစ်ခြင်း ---- ဤအကြောင်းတရားတို့ကြောင့် ဤမဟာကုသိုလ်စိတ်ဖြစ်ပေါ်လာရာ၌ သောမနဿဝေဒနာနှင့် အတူ ယှဥ်တွဲ၍ ဖြစ်ပေါ်လာမှုကို သိရှိပါလေ။ တစ်နည်းအားဖြင့်ဆိုရသော် ရှေးဗောဇ္ဈင်္ဂ ကောသလဒပိုင်း၌ ဖော်ပြ ခဲ့သည့်အတိုင်း ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားတို့သည် ဤမဟာကုသိုလ်စိတ်၏ သောမနဿဝေဒနာနှင့် အတူယှဥ်တွဲ၍ ဖြစ်ခြင်း၏ အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ (အဘိ-ဋ္ဌ-၁-၁၁၇။)
——去作功德善业,其相续中也不会明显生起悦受。因此,应当了知:这一大善心与悦受相应而生,是由于以下诸因:1.所缘是极其可欲、可爱、可珍重的极可意所缘;2.此人具有丰厚、强盛的信;3.此人具有清净的正见;4.此人惯于以智了知善业的利益与功德。换一种说法,正如前面“觉支善巧”部分所述,令喜觉支生起的诸因,也就是这一大善心与悦受相应而生的诸因。(《殊胜义注》1-117。)
ဉာဏသမ္ပယုတ် ဖြစ်ရခြင်း
智相应之因
၁။ ကမ္မတော ---- ဉာဏ်၏ အဆောက်အဦ ဖြစ်သော ကံကို အားကြီးသော မှီရာ ရရှိခြင်း၊ ၂။ ဥပပတ္တိတော ---- ဗြဟ္မာပြည်၌ ပဋိသန္ဓေတည်နေရခြင်း၊ ၃။ ဣန္ဒြိယပရိပါကတော ---- ပညိန္ဒြေ၏ ရင့်ကျက်ခြင်း၊ ၄။ ကိလေသဒူရီဘာဝတော ---- ကိလေသာတို့၏ ဝေးကွာကုန်သည်၏ ဖြစ်မှု ရှိခြင်း ---- ဤသို့လျှင် ဤအကြောင်းတရားတို့ကြောင့် ဤမဟာကုသိုလ်စိတ် ဖြစ်ပေါ်လာရာ၌ ဉာဏ်နှင့် ယှဥ်တွဲ၍ ဉာဏသမ္ပယုတ် ဖြစ်ရမှုကို သိရှိပါလေ။
应当了知:这一大善心由于以下诸因而与智相应,成为智相应心:1.依业(kammato)——有作为智慧基础的业,成为强有力的依止;2.依投生(upapattito)——投生于梵天界;3.依根成熟(indriyaparipākato)——慧根成熟;4.依远离烦恼(kilesadūrībhāvato)——具足烦恼已经远离的状态。
၁။ ကမ္မတော ----- အကြင်သူသည် ရှေးယခင်အခါက သူတစ်ပါးတို့အား တရားဓမ္မကို ဟောကြားပြသ ပေးခဲ့ဖူး၏။ အသက်မွေးဝမ်းကြောင်း ပညာ ဖြစ်သော ဆင်စီးအတတ် မြင်းစီးအတတ် စသော သိပ္ပါ- ယတန၊ အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သော လယ်ထွန်ခြင်းလုပ်ငန်း ကုန်သွယ်ခြင်းလုပ်ငန်း နွား ကျောင်းခြင်းလုပ်ငန်း စသော ကမ္မာယတန၊ အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သော အသက်အပိုင်း အခြားကို သိတတ်သော သက်ကြည့်ဗေဒင်အတတ် စသော ဝိဇ္ဇာဋ္ဌာန --- ဤ သိပ္ပါယတန၊ ကမ္မာယတန၊ ဝိဇ္ဇာဋ္ဌာန အတတ်တို့ကို သူတစ်ပါးအား သင်ပေးခဲ့၏။ ဓမ္မကထိက ပုဂ္ဂိုလ်ကို ကောင်းစွာ ပြုအပ်သော ပူဇော်မှုကို ပြုလုပ်ပူဇော်၍ တရားဓမ္မကို ဟောကြားပြသစေခဲ့ဖူး၏။ ''နောင်အခါ၌ ဉာဏ်ပညာရှိသူ ဉာဏ်ပညာ ကြီးမားသူ ဖြစ်ရပါလို၏''ဟု ဆုတောင်းမှုကို ဖြစ်စေ၍ အထူးထူးသော ဒါနမျိုးစုံကို ပေးလှူ ခဲ့၏။ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြုစု ပျိုးထောင်ခဲ့သော ကံကို မှီ၍ ကုသိုလ်သည် ဖြစ်ပေါ်လာလတ်သော်
1.依业——有人过去曾为他人讲说、开示佛法;也曾把作为谋生知识的象术、马术等技艺处(sippāyatana),耕作、经商、牧牛等职业处(kammāyatana),以及能推知寿限的占算等术学处(vijjāṭṭhāna),传授给别人;曾如法供养说法师,请其讲说、开示佛法;又曾发愿:“愿我未来成为有智慧、具大智慧之人”,并作种种布施。依靠此人如此培育起来的业,当善心生起时——
ဉာဏ်နှင့် ယှဥ်သော ဉာဏသမ္ပယုတ် ကုသိုလ်စိတ်သာ ဖြစ်ပေါ်လာတတ်၏။
——通常只会生起与智相应的善心。
၂။ ဥပပတ္တိတော ----- ဒေါသ (ဒေါမနဿ) ဗျာပါဒ မရှိသော ဒေါသ ဗျာပါဒကင်းသော ရူပါဝစရဗြဟ္မ ပြည်ဟူသော လောက၌ ပဋိသန္ဓေတည်လျက် သွားရောက် ဖြစ်ပေါ်ရသော ပုဂ္ဂိုလ်၏သန္တာန်၌လည်း --
2.依投生——对于在没有嗔(忧受)与恶意、远离嗔恚的色界梵天界中结生者,其相续也正如经中所说——
တဿ တတ္ထ သုခိနော ဓမ္မပဒါ ပဒဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ
Sotānugata Sutta 巴利引文(缅文转写,前半):“တဿ တတ္ထ သုခိနော ဓမ္မပဒါ ပဒဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ——
ဝိသေသဂါမီ ဟောတိ။ (အံ-၁-၅ဝ၅။) ''ထိုဗြဟ္မာပြည်လောက၌ ချမ်းသာခြင်း သုခရှိသော ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရတရားပုဒ်အစုတို့သည် ပေါလောပေါ်သကဲ့သို့ ပေါ်လွင်ထင်ရှားလာကုန်၏၊ ရဟန်းတို့ …တရားတော်ကို အစဥ်လျှောက်၍ ရှုပွား
——ဝိသေသဂါမီ ဟောတိ။”(《增支部》1-505。)译:“在那梵天界中,这位安乐者的相续里,诸行法句如同浮现出来一般,鲜明地显现。比丘们……能够顺着法的次第观修而——
原书第 167 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်လာခြင်းသည် နုံ့နှေးလှသေး၏၊ လေးဆေးသေး၏၊ အကယ်စင်စစ်မှာမူ တရားတော်ကို အစဥ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်လာရာ ထိုအခါ၌ (ဤလူ့ပြည် လောက ရဟန်းဘဝတုန်းက ဝိပဿနာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်အောင် အလွန်အမင်း ကြိုးစား အားထုတ်ခြင်း ရှိခဲ့သော) ထိုသတ္တဝါသည် လျင်မြန်စွာသာလျှင် (မဂ်-ဖိုလ်) နိဗ္ဗာန်ဟူသော တရားထူး တရား မြတ်ကို ရခြင်း အဖို့ဘာဂ ရှိ၏'' (အံ-၁-၅ဝ၅။) ဤသို့ သောတာနုဂတသုတ္တန် ၌ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ဤနည်းဖြင့် ပဋိသန္ဓေ တည်နေရခြင်းကို မှီ၍လည်း ဖြစ်ပေါ်လာရသော ကုသိုလ်သည် (မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည်တိုင်အောင် ပို့ဆောင်ပေးနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲနေသည့် ကုသိုလ်ဖြစ်ခြင်းကြောင့်) ဉာဏသမ္ပယုတ် ဖြစ်ရ ပေသည်။
——审察的念,其生起尚且迟缓、缓慢;然而事实上,当随法次第观修、能够审察的念一经生起,(这有情在人界作比丘时,曾极力精进,力求达到观智的顶峰,)他便会迅速证得道、果与涅槃这一殊胜妙法。”(《增支部》1-505。)依佛陀在 Sotānugata Sutta 中如此教导的方法,依止这种结生而生起的善心,也必然是智相应的;因为它与能够一直导向道智、果智的观智相应。
〔မှတ်ချက် ---- တဿ။ ပ ။ ဝိသေသဂါမီ ဟောတိ - ဟူသော ဤသောတာနုဂတသုတ္တန် ပါဠိတော်ကား အင်္ဂါ (၉)တန်နှင့် ပြည့်စုံသော ဘုရားရှင်၏ ပရိယတ်တရားတော်တို့ကို သင်ယူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သင်သိ ကျင့်သိ ဤနှစ်သိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသောအခါ ဝိပဿနာဉာဏ်များ ရင့်ကျက်အောင် ကြိုးပမ်းလျက်ရှိသော ရဟန်းတော်သည် မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်မီ စပ်ကြားကာလတွင် ပျံလွန်၍ သွားလေရာ နတ်ပြည်၌ ဖြစ်ပုံ၊ တရားထူး ရပုံတို့ကိုပြသော ပါဠိတော် ဖြစ်၏။
〔注——Sotānugata Sutta 中“တဿ။ ပ ။ ဝိသေသဂါမီ ဟောတိ”这一巴利经文,是说一位比丘学习了具足九分的佛陀教理法,又以“由学而知”与“由修而知”这两种知,亲自现前洞彻了知色、名、因、果=行法;他正努力使诸观智成熟,却在尚未证达道、果、涅槃的中间阶段圆寂,随后投生天界,并在那里获得殊胜妙法。这段巴利经文就是说明这一经过。
အဗျာပဇ္ဇလောက အမည်ရသည့် ဗြဟ္မာပြည်သို့ ရောက်ရှိပုံကို တိုက်ရိုက်ဖော်ပြသော သာဓကပါဠိတော်ကား မဟုတ်ပေ။ ထိုကြောင့် ထိုပါဠိတော်ကို ဝိသေသဂါမီဟူသော တရားထူး တရားမြတ်ကို ရခြင်း အဖို့ဘာဂရှိသူ ဖြစ်ရာ၌ နည်းပြ အနေအားဖြင့် ယူထားကြောင်းကို သိရှိစေလို၍ ----- ဣမိနာ နယေန = သောတာနုဂတ သုတ္တန်၌ ဟောကြားထားတော်မူအပ်သော ဤနည်းဖြင့်ဟု အဋ္ဌကထာဆရာတော်သည် ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ နတ်ပြည်၌ ဖြစ်ရသူကဲ့သို့ပင် ထိုဗြဟ္မာပြည်၌ ဖြစ်ရသူမှာလည်း ရှေးယခင် လူဖြစ်စဥ် ရဟန်းဘဝက အားထုတ်အပ်ခဲ့သော တရားကို ပြန်၍ သတိ ဖြစ်သည့် အောက်မေ့နေရသည့် အချိန်ကပင် နှေးကွေး လေးဆေးစရာ ရှိသေး၏၊ သတိဖြစ်သည်နှင့် အောက်မေ့မိသည်နှင့် တစ်ဆက်တည်း တရားထူး တရားမြတ် ရဖို့ရန်မှာ အလွန်လျင်မြန်ပါသည်။ ထိုကြောင့် ရူပဗြဟ္မာပြည်၌ ပဋိသန္ဓေတည်နေရခြင်းကို မှီ၍လည်း ဖြစ် ပေါ်လာရသော ကုသိုလ်သည် ဉာဏသမ္ပယုတ်သာ ဖြစ်ရပေသည်ဟု ဆိုလိုပေသည်။〕
它并不是直接说明如何到达名为 avyāpajjaloka 的梵天界之例证经文。为了让人明白,此处只是把该经文作为说明“趋向殊胜者”(visesagāmī)——即能够证得殊胜妙法者——的示例,义注师才解释说:“ဣမိနာ နယေန”,意即“依 Sotānugata Sutta 所说的这一方法”。与投生天界者一样,投生该梵天界者,在重新忆起过去人间比丘生中曾修习之法时,尚可能迟缓;但念一生起、刚一忆起,随即获得殊胜妙法,却极其迅速。因此,此处是说:依止在色界梵天界结生而生起的善心,也只会是智相应的。〕
၃။ ဣန္ဒြိယပရိပါကတော ----- ပညိန္ဒြေ၏ ရင့်ကျက်ခြင်းသို့ ကပ်ရောက်ကုန်သော ပညာဒသက (= ပညာ ဉာဏ် အားကောင်းသည့် အခိုက်အတန့်) ဟူသော အသက် (၄ဝ)ကျော်မှ အသက် (၅ဝ)တွင်းသို့ ရောက် ရှိကုန်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ပညိန္ဒြေ၏ ရင့်ကျက်ခြင်းကို အမှီပြု၍လည်း ကုသိုလ်သည် ဖြစ်ပေါ် လာလတ်သော် ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ပေါ်လာတတ်ပေသည်။
3.依根成熟——年过四十而尚在五十岁以内的人,已进入称为“慧十年”(paññādasaka,即智慧强盛的阶段)的时期,接近慧根成熟。在这些人的相续中,善心若依止慧根成熟而生起,便通常生起智相应善心。
၄။ ကိလေသဒူရီဘာဝတော ---- အကြင်ပုဂ္ဂိုလ်တို့သည်ကား ကိလေသာ အညစ်အကြေးတို့ကို သမထ၊ ဝိပ- ဿနာ ဘာဝနာစွမ်းအင် လက်နက်ကောင်းကြီးများဖြင့် အချက်ကျကျ တဒင်္ဂ၊ ဝိက္ခမ္ဘနအားဖြင့် အခိုက် အတန့်ဖြစ်စေ ခပ်ကြာကြာဖြစ်စေ ခွာထားအပ်ကုန်ပြီ၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ကိလေသာတို့၏ ဝေးကွာ သည်၏ အဖြစ်ကို အမှီပြု၍လည်း ကုသိုလ်သည် ဖြစ်ပေါ်လာလတ်သော် ဉာဏသမ္ပယုတ် ကုသိုလ်မျိုး ပင် ဖြစ်ရတတ်ပေသည်။
4.依远离烦恼——有些人已经运用止修与观修的强大力量,如用精良武器准确击中目标一般,依彼分或镇伏的方式,使烦恼污垢暂时或较长时间远离。在这些人的相续中,善心若依止烦恼远离的状态而生起,便通常是智相应善心。
ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိ သင်္ခယော။ (ခု-၁-၅၃။ အဘိ-ဋ္ဌ-၁-၁၁၈။) ယောဂါတိ ဘာဝနာဘိယောဂါ သမာဓိတော။ (မူလဋီ-၁-၇ဝ။)
巴利偈(缅文转写):“ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိ သင်္ခယော။”(《小部》1-53;《殊胜义注》1-118。)复注:“ယောဂါတိ ဘာဝနာဘိယောဂါ သမာဓိတော။”(《根本复注》1-70。)下页续作者的译解如下:
原书第 168 页
= ဘာဝနာကို လွန်စွာ ကြိုးကုတ် အားထုတ်ကြောင်းဖြစ်သော သမာဓိကြောင့် စင်စစ်အားဖြင့် မဟာပထဝီ မြေကြီးသဖွယ် ထုထည်ကြီးမားသော ပညာသည် ဖြစ်ပေါ်လာ၏။ ဘာဝနာကို လွန်စွာ ကြိုးကုတ် အားမထုတ် ခြင်းကြောင့် မဟာပထဝီမြေကြီးသဖွယ် ထုထည်ကြီးမားသော ပညာ၏ ကုန်ခန်းခြင်းသည် ဖြစ်ပေါ်လာ၏။
=由于极力精勤修习所成的定,犹如大地般广大厚重的慧确实会生起;由于不极力精勤修习,犹如大地般广大厚重的慧便会耗尽。
(ခု-၁-၅၃။)
(《小部》1-53。)
ဤသည်တို့ကား ဉာဏသမ္ပယုတ် ဖြစ်ရခြင်း၏ အကြောင်း (၄)မျိုးတို့ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇)ပါးတို့သည်လည်း ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ခြင်း၏ အကြောင်း တရားတို့ပင် ဖြစ်ကြသည်။ 〔ယင်း (၇)ပါးတို့ကို ရှေး ဗောဇ္ဈင်္ဂ ကောသလဒပိုင်း၌ ရှင်းပြခဲ့ပြီ။〕
以上就是智相应生起的四种原因。换一种说法,令择法觉支生起的七种因,也就是智相应善心生起的诸因。〔这七种因已经在前面的“觉支善巧”部分说明。〕
(အဘိ-ဋ္ဌ-၁-၁၁၇-၁၁၈။)
(《殊胜义注》1-117—118。)
ရူပါရုံကို သိပုံများ
了知色所缘的方式
စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် မနောဒွါရဝီထိ နာမ်တရားစုတို့သည် ရူပါရုံကို အာရုံပြုကြောင်းကို ဇယားများဖြင့် ဖော်ပြလျက် အထက်တွင် အကြိမ်ကြိမ် ရှင်းလင်းတင်ပြခဲ့၏။ ယင်းဝီထိတို့က ရူပါရုံကို သိရှိပုံ အမျိုးမျိုးကို ဆရာအစဥ်အဆက်တို့သည် ဤသို့ သတ်မှတ်လျက် ဖော်ပြတော်မူကြ၏။
眼门心路名法组与意门心路名法组取色所缘为所缘,前文已借各表反复说明。关于这些心路以不同方式了知色所缘,历代相承的诸师作了如下判定与阐释。
ဝဏ္ဏံ ပထမစိတ္တေနာ၊ တီတံ ဒုတိယစေတသာ။
“以第一心识知颜色,以第二心识知已经过去的〔颜色〕。”
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
“以第三心识知名称,以第四心识知意义。”
သဒ္ဒံ ပထမစိတ္တေနာ၊ တီတံ ဒုတိယစေတသာ။
“以第一心识知声音,以第二心识知已经过去的〔声音〕。”
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
“以第三心识知名称,以第四心识知意义。”
ဤသို့လျှင် မဏိမဉ္ဇူသာ ဋီကာကျမ်း စသည်တို့၌ ရှေးရှေး ဆရာမြတ်တို့ မိန့်မှာတော်မူအပ်သည်နှင့် အညီ ---- ၁။ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၍ စက္ခုဒွါရဝီထိ တစ်ဝီထိ ဖြစ်၏၊ ထိုနောင် ဘဝင်များ ခြားလျက် ---- ၂။ စက္ခုဒွါရဝီထိဖြင့် မြင်ပြီးသော အတိတ်ရူပါရုံကိုပင် အာရုံပြုရုံမျှ ပြု၍ တဒနုဝတ္တက (တဒနုဝတ္တိက) နောက်လိုက် မနောဒွါရဝီထိ တစ်ဝီထိ ကျ၏။ ထိုနောင် ဘဝင်များ ခြားလျက် ---- ၃။ ယင်းမြင်ပြီးသော အတိတ်ရူပါရုံ၏ အဖြူ အဝါ စသော အမျိုးအမည် နာမပညတ်ကို ဆင်ခြင်တွေးတော အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ (= သုဒ္ဓမနောဒွါရိကဝီထိ) တစ်ဝီထိ ကျပြန်၏။ ထိုနောင် ဘဝင်များ ခြားလျက် ---- ၄။ ထို မြင်ပြီးသော အတိတ် ရူပါရုံ၏ အနက်ဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ ကျပြန်၏။
如此,依 Maṇimañjūsā-ṭīkā 等论书中历代诸师的教诫:1.取现在色所缘为所缘,生起一道眼门心路;随后由若干有分隔开——2.只取刚由眼门心路看见、现已成为过去的色所缘为所缘,生起一道随转意门心路,即 tadanuvattaka(tadanuvattika)后随意门心路;随后由若干有分隔开——3.思量、取该已见过去色所缘的白、黄等种类名称,即名概念为所缘,又生起一道纯意门心路(suddha-manodvāra-vīthi);随后由若干有分隔开——4.取该已见过去色所缘的意义实体,即义概念为所缘,又生起一道纯意门心路。
ဤသို့လျှင် ရူပါရုံ အရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို တစ်နည်းဆိုရ သော် စက္ခုဒွါရနှင့် မနောဒွါရတို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ ---- စက္ခုဒွါရဝီထိ ---- ၁-ဝီထိ မနောဒွါရဝီထိ ---- ၃-ဝီထိ ----
如此,当色所缘(颜色)同时撞击眼净色与有分意净界——换言之,同时撞击眼门与意门——便生起:眼门心路 1 道;意门心路 3 道——
原书第 169 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ပေါင်းသော် (၄)ဝီထိ စေ့ပါမှ အဖြူ အဝါ၊ မည်သူ မည်ဝါ စသောအားဖြင့် အာရုံအားလျော်စွာ အထူးထူး အပြားပြား ခွဲခြားမှတ်သား သိရှိနိုင်ကြကုန်သည်ဟု မှတ်ပါ။ စက္ခုဒွါရဝီထိကား ရူပါရုံ (= အရောင်) မျှကိုသာ အာရုံပြုသည်။ ယောနိသောမနသိကာရ၊ အယောနိသောမနသိကာရအားလျော်စွာ ကုသိုလ်ဇောနှင့် အကုသိုလ် ဇောများ ထိုက်သလို စောနိုင်ကြပေသည်။
——合计 4 道心路(1 + 3 = 4)。应知,只有这 4 道齐全以后,才能随所缘而对“白、黄”“何人、何物”等作种种分别、标记与了知。眼门心路只取色所缘(颜色)为所缘;依如理作意或不如理作意,善速行与不善速行会各依其应而转起。