六识界
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 36 页 · 10 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 36 页
ဝိညာဏဓာတ် (၆) ပါး
六识界
ဝိပဿနာနယ်ပယ်၌ အကျဥ်းအားဖြင့် ဝိညာဏဓာတ် (၆)ပါး ရှိပေသည်။
在观禅的范围内,简要说有六识界。
၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ် (မျက်စိအကြည်ဓာတ်)ကို မှီဖြစ်၍ ရူပါရုံ (အရောင်)ကို သိသော စိတ် (= မြင်သိစိတ်)။
1.眼识:依眼净色而生、了知色所缘(颜色)的心,也就是见知心。
၂။ သောတဝိညာဏ်= သောတအကြည်ဓာတ် (နားအကြည်ဓာတ်)ကို မှီဖြစ်၍ သဒ္ဒါရုံ (အသံ)ကို သိသော စိတ် (= ကြားသိစိတ်)။
2.耳识:依耳净色而生、了知声所缘(声音)的心,也就是闻知心。
၃။ ဃာနဝိညာဏ် = ဃာနအကြည်ဓာတ် (နားအကြည်ဓာတ်)ကို မှီဖြစ်၍ ဂန္ဓာရုံ (အနံ့)ကို သိသော စိတ် (= နံသိစိတ်)။
3.鼻识:依鼻净色而生、了知香所缘(气味)的心,也就是嗅知心。
၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ် (လျှာအကြည်ဓာတ်)ကို မှီဖြစ်၍ ရသာရုံ (အရသာ)ကို သိသောစိတ် (= ရသာသိစိတ်)။
4.舌识:依舌净色而生、了知味所缘(滋味)的心,也就是尝知心。
၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ် (ကိုယ်အကြည်ဓာတ်)ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ)ကို သိသောစိတ် (= ထိသိစိတ်)။
5.身识:依身净色而生、了知触所缘(触碰)的心,也就是触知心。
၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို စွဲ၍ ဟဒယဝတ္ထုကို မှီဖြစ်၍ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိသောစိတ်။
6.意识:以有分意净界为门,依心所依处而生,能依相应情形了知全部六所缘的心。
စက္ခုဝိညာဏ်မှသည် ကာယဝိညာဏ်သို့ တိုင်အောင် ဝိညာဏ် (၅)မျိုးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံ ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည်လည်း ရှိ၏၊ အလိုမရှိအပ်သော အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည် လည်း ရှိ၏၊ ဣဋ္ဌာရုံကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ ကုသလဝိပါက် ဖြစ်ကြ၍အနိဋ္ဌာရုံတို့ကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ အကုသလဝိပါက်များ ဖြစ်ကြသည်။ ကုသလဝိပါက် အကုသလဝိပါက် နှစ်ရပ်ပေါင်းသော် ဒွေပဉ္စဝိညာဏ် (၁ဝ) ဖြစ်ကြသည်။ ယင်း ဒွေပဉ္စဝိညာဏ်မှ တစ်ပါး ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ် အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ မနောဝိညာဏဓာတ်ဟုလည်း ခေါ်ဆိုပေသည်။ ယင်းဝိညာဏဓာတ် တို့တွင် စက္ခုဝိညာဏ်သည် ရူပါရုံတစ်ခုတည်းကိုသာ သိ၏။ သောတဝိညာဏ်သည် သဒ္ဒါရုံ တစ်ခုတည်းကိုသာ သိ၏၊ ဃာနဝိညာဏ်သည် ဂန္ဓာရုံတစ်ခုတည်းကိုသာ သိ၏။ ဇိဝှါဝိညာဏ်သည် ရသာရုံ တစ်ခုတည်းကိုသာ
从眼识到身识这五种识,有时取可意所缘而生,有时取不可意所缘而生。取可意所缘的五识是善异熟,取不可意所缘的五识是不善异熟;善异熟与不善异熟两组相加,成为双五识十种。除这双五识之外,所有依心所依处而生的心都称为意识,也称意识界。在这些识界中,眼识只知色所缘,耳识只知声所缘,鼻识只知香所缘,舌识只知味所缘——
သိ၏၊ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံတစ်ခုတည်းကိုသာ သိ၏၊ မနောဝိညာဏ်သည်ကား အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိပေသည်။ ဣဋ္ဌာရုံကိုလည်း အာရုံပြု၏၊ အနိဋ္ဌာရုံကိုလည်း အာရုံပြု၏။
——身识只知触所缘;意识则能依相应情形了知全部六所缘。它既取可意所缘,也取不可意所缘。