二十五美心所
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 88–93 页 · 38 个翻译单元
本页并入了原书的相邻小节:五十二种心所、名法的摄取方法、各线的划分方法、止乘者与纯观乘者。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 88 页
သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅) လုံး
二十五美心所(即二十五种美好的心所)
သောဘဏစေတသိက် (၂၅)လုံးမှာ ---- (က) သောဘဏသာဓာရဏစေတသိက် = သောဘဏအမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ---- (၁၉) လုံး၊ ( ခ ) ဝိရတီစေတသိက် ---- (၃) လုံး၊ ( ဂ ) အပ္ပမညာစေတသိက် ---- (၂) လုံး၊ (ဃ) ပညိန္ဒြေစေတသိက် ---- (၁) လုံး --- အားလုံးပေါင်းသော် ---- (၂၅) လုံး ဖြစ်သည်။
25种美心所为:(甲)遍一切美心心所,即与一切称为美心的美好之心相应的19种心所;(乙)离心所——3种;(丙)无量心所——2种;(丁)慧根心所——1种。合计25种。
သောဘဏသာဓာရဏ စေတသိက် (၁၉) လုံး
十九种遍一切美心心所
၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြခဲ့သော) (၈)ဌာနတို့၌ ယုံမှု+ကြည်မှု သဘော၊ = ယုံကြည်ခြင်းသဘော၊ = သက်ဝင် တည်နေခြင်းသဘော၊ 〔မှတ်ချက် --- ဤကား ခြုံငုံ၍ ရေးသားထားခြင်း ဖြစ်သည်။ နေရာဌာနသို့ လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။
1.信:对于〔疑条中所列的〕八处信受而净信的性质;信任的性质;信解并安住的性质。〔注:这里只是概括说明,必须随具体处所分别理解。
原书第 89 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း (၁) ဘုရားဂုဏ်ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ သဒ္ဓါတရားမှာ ဘုရားဂုဏ်၌ ယုံကြည်မှု ဖြစ်သည်။ အလားတူပင် --- (၂) တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု၊ (၃) သံဃာဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု၊ (၄) သီလကို အာရုံယူရာ၌ သီလသိက္ခာ = သီလကျင့်စဥ်ကို ယုံကြည်မှု၊ သမာဓိပိုင်း၌ စျာန်သမာဓိသိက္ခာ = စျာန်သမာဓိကျင့်စဥ်ကို ယုံကြည်မှု၊ ပညာပိုင်း၌ ရုပ်နာမ်ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဥ်၌ ယုံကြည်မှု၊ (၅) အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ ယုံကြည်မှု၊ (၆) အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ ယုံကြည်မှု၊ (၇) အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာနှစ်မျိုးလုံး၌ ယုံကြည်မှု၊ (၈) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို ရှုရာ၌ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘော
(1)以佛德为所缘而把握名法时,信就是相信佛德。同样,(2)以法德为所缘时,是相信法德;(3)以僧德为所缘时,是相信僧德;(4)以戒为所缘时,是相信戒学——戒行;在定的方面,是相信禅定之学——禅定之行;在慧的方面,是相信能够洞彻了知究竟色法、名法真实自性的慧学——慧行;(5)观照过去时,是相信过去诸蕴;(6)观照未来时,是相信未来诸蕴;(7)观照过去与未来两者时,是相信过去、未来这两类蕴;(8)观照因果相联的缘起时,是相信因果相联的缘起法
တရားတို့၌ ယုံကြည်မှု ---- ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့လိုက်၍ ယုံကြည်မှုများ ကွဲပြားမှုကို သဘောပေါက်ပါလေ။〕 ၂။ သတိ = ဘုရား တရားစသော ကုသိုလ်နှင့် စပ်ဆိုင်ရာ အာရုံ၌ ယှဥ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရား တို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်းသဘော၊ ၃။ ဟိရီ = မကောင်းမှု အကုသိုလ်တရားနှင့် ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊ ၄။ သြတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားနှင့် ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊ ၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊ =''ငါ့ဟာ''ဟု မစွဲယူခြင်းသဘော၊ 〔မှတ်ချက် --- လောကီအာရုံဟူသည် မိမိရှုပွားသည့် (၃၁)ဘုံ နယ်မြေအတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုဟူသော အရှုခံအာရုံ တစ်မျိုးမျိုးကိုသာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ဥပမာ ---
理。如此等等,应当理解:信会随所观的所缘不同而有所差别。〕2.念:在佛、法等与善有关的所缘上,使相应的心与心所——即诸相应法——不像葫芦般浮起,而像石板般沉入的性质;令心稳固于所缘的性质;不忘失所缘的性质。3.惭:对于恶、不善法与恶行感到羞耻的性质。4.愧:对于恶、不善法与恶行感到畏惧的性质。5.无贪:心不黏著、不贪爱世间所缘的性质;不把所缘执取为“我的”的性质。〔注:应知这里所谓“世间所缘”,只是指禅修者在31界范围内所观照的、有生命与无生命的各种欲事之中,任何一种作为所观的所缘。例如——
ရူပါရုံကဲ့သို့သော အာရုံမျိုးတည်း။〕 ၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊ ၇။ တတြမဇ္ဈတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု = မာန၊ စိတ်တွန့်ဆုတ်မှု = ထိန+မိဒ္ဓ --- ဤတရား
色所缘等这样的所缘。〕6.无嗔:心在所缘上不刚强、不粗暴的性质;不想毁坏所缘的性质。7.中舍性:(心的昂扬、高举即慢;心的退缩即昏沉与睡眠;对于这两类法,
နှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်စေတသိက်တို့ကို မိမိတို့၏ ဆိုင်ရာကိစ္စ
不让心趋入任何一边,并使心及诸心所各自执行其作用时
၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော။
既不过度也无不足),将心中正、平衡地安置于所缘的性质。
အာရုံကို လျစ်လျူရှုခြင်းသဘော၊ ၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊ ၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊ ၁ဝ။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန်ပေါ့ပါးခြင်းသဘော၊
对于所缘保持平等、中立而观待的性质。8.心所轻安:诸心所寂静的性质。9.心轻安:心寂静的性质。10.心所轻快性:诸心所敏捷、轻快的性质。
原书第 90 页
၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊ ၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ခြင်းသဘော၊ ၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ခြင်းသဘော၊ ၁၄။ ကာယကမ္မညတာ = စေတသိက်တို့ ဒါန-သီလ-ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊
11.心轻快性:心敏捷、轻快的性质。12.心所柔软性:诸心所柔软的性质。13.心柔软性:心柔软的性质。14.心所适应性:诸心所在布施、持戒、修习等各种善行中堪任的性质;配合得当、适宜的性质。
(ဘာဝနာမှု ဖြစ်လျှင် --- ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)
(若是修习,则是适合、便于观照的性质。)
၁၅။ စိတ္တကမ္မညတာ = စိတ်၏ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊
15.心适应性:心在布施、持戒、修习等各种善行中堪任的性质;配合得当、适宜的性质。
(ဘာဝနာမှု ဖြစ်လျှင် --- ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)
(若是修习,则是适合、便于观照的性质。)
၁၆။ ကာယပါဂုညတာ = စေတသိက်တို့ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင် လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊ ၁၇။ စိတ္တပါဂုညတာ = စိတ်၏ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်း သဘော၊ = ကျွမ်းကျင်လိမ္မာခြင်းသဘော၊ = ကိလေသာအနာ ကင်းခြင်းသဘော၊ ၁၈။ ကာယုဇုကတာ = စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ ၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊ 〔မှတ်ချက် --- ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။ ထင်ရှားမရှိသော ဂုဏ်ကို ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။〕
16.心所练达性:诸心所在布施、持戒、修习等各种善行中熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。17.心练达性:心在布施、持戒、修习等各种善行中熟练、娴习而能胜任的性质;善巧、纯熟的性质;没有烦恼之病的性质。18.心所正直性:诸心所正直的性质;没有诳与虚伪等弯曲不直的性质。19.心正直性:心正直的性质;没有诳与虚伪等弯曲不直的性质。〔注:掩盖实际存在的过失,是诳;把实际并不存在的德表现为有,是虚伪。〕
ဝိရတိ စေတသိက် (၃) လုံး
三种离心所
၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဥ်ခြင်းသဘော၊ = ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊ ၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဥ်ခြင်း သဘော၊ = ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊ ၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက်လေးပါး၊ ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဥ်ခြင်းသဘော၊ = ဝစီဒုစရိုက် ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
1.正语:远离与谋生无关的四种语恶行的性质;不违犯语恶行的性质。2.正业:远离与谋生无关的三种身恶行的性质;不违犯身恶行的性质。3.正命:远离与谋生有关的四种语恶行及三种身恶行的性质;不违犯语恶行与身恶行的性质。
原书第 91 页
အပ္ပမညာ စေတသိက် (၂) လုံး
二种无量心所
၁။ ကရုဏာ = ဒုက္ခိတသတ္တဝါကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊ = ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊ ၂။ မုဒိတာ = သုခိတသတ္တဝါကို အာရုံပြု၍ ကြည်သာဝမ်းမြောက်ခြင်းသဘော၊ = မငြူစူခြင်းသဘော၊
1.悲:以受苦有情为所缘而怜悯、悲悯的性质;想要救其脱离苦难的性质。2.随喜:以安乐有情为所缘而欣悦、欢喜的性质;不嫉妒的性质。
ပညိန္ဒြေ စေတသိက် (၁) လုံး
一种慧根心所
၁။ ပညိန္ဒြေ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက်သိမြင်ခြင်းသဘော၊ = သစ္စာလေးပါး အမှန်တရားကို ထွင်းဖောက်သိမြင်ခြင်းသဘော၊
1.慧根:以洞彻知见诸究竟法的真实自性为性;以洞彻知见四圣谛之真实为性。
〔မှတ်ချက် ---- ဉာဏ်ဟုလည်းကောင်း၊ အမောဟဟုလည်းကောင်း၊ သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ဓမ္မဝိစယ
〔注:同一种慧,也称为智、无痴、正见或择法
ဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာလေးပါးကို သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။〕 ဤသည်တို့ကား အကောင်း သောဘဏစေတသိက် (၂၅)လုံးတို့တည်း။
;这种慧在了知四圣谛的作用上具有支配力,因此称为慧根。〕以上就是25种美心所。
ဤတွင် စေတသိက်(၅၂)လုံးတို့ကို ဖော်ပြပြီးဖြစ်သည်။ အဘိဓမ္မာအခြေခံပညာ အားနည်းကြသော ယောဂါဝစရပုဂ္ဂိုလ်တို့ ကြိုတင် ကျက်မှတ်ရန်အတွက်သာ ရည်ရွယ်၍ စေတသိက် (၅၂)လုံးတို့ကို အထက်ပါ အတိုင်း သဘာဝလက္ခဏာကို ဦးစားပေးလျက် ရေးသားထားခြင်း ဖြစ်သည်။ အထက်ပါ ရှင်းလင်းချက် အတို ကောက်များမှာ အကျဥ်းချုပ် ဘာသာပြန်ဆိုချက်မျှသာ ဖြစ်သဖြင့် ယင်း စေတသိက်တို့၏ ကျယ်ပြန့်နက်ရှိုင်း သော သဘောတရားများကို အထက်ပါ ဘာသာပြန်မျှကို ဖတ်ရှုရုံမျှဖြင့် သိရှိခွင့် ရရှိနိုင်မည်ကား မဟုတ်ပေ။
至此,52种心所已经说明完毕。以上以自性特相为主来说明52种心所,目的只在让阿毗达磨基础知识薄弱的瑜伽行者预先熟记。上述简略说明只是概要性的译解;单凭阅读这些译解,并不能了知诸心所广博而深奥的法义。
သို့အတွက် သိသင့် သိထိုက်သော အချို့အချက်များကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ပိုင်း -- တွင် ထပ်မံ ၍ ရှင်းလင်း တင်ပြဦးမည်သာ ဖြစ်သည်။ ပရမတ္ထဓမ္မများကို သိမ်းဆည်းရာ၌ အားထုတ်စ အာဒိကမ္မိက ပုဂ္ဂိုလ် သည် သဘာဝလက္ခဏာကသော်လည်းကောင်း၊ ရသကိစ္စကသော်လည်းကောင်း စတင်၍ နှလုံးသွင်းနိုင်သဖြင့် အချို့စေတသိက်များ၌ လက္ခဏနှင့် ရသ နှစ်မျိုး ဖော်ပြထားပါသည်။
因此,另一些应知事项,将在“特相、作用、现起、近因”一节进一步说明。刚开始致力于把握究竟法的初学者,在把握究竟法时,可以从自性特相或作用开始作意;所以,对于有些心所,本书同时列出了特相与作用两项。
原书第 92 页
နာမ်တရားများကို သိမ်းဆည်းပုံအပိုင်း
名法的摄取方法
လိုင်းသတ်မှတ်ပုံ
各线的划分方法
နာမ်တရားတို့ကို သိမ်းဆည်းရာ (= ဉာဏ်ဖြင့် ပိုင်းခြားယူရာ)၌ ရှေးတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း အာယတနဒွါရအလိုက် သိမ်းဆည်းရမည် ဖြစ်သည်။ ယင်းသို့ သိမ်းဆည်းရာ၌ စျာန်ရသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ္တဓမ္မဖြစ်သော စိတ်+စေတသိက် = နာမ်တရားတို့က စ၍ သိမ်းဆည်းရ၏။ စျာန်မရသူ သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ---- တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိစ္ဆိန္ဒိတွာ ----
摄取名法(即以智分别摄取名法)时,必须如前文已经清楚说明的那样,依处门来摄取。如此摄取时,已得禅的止乘禅修者,应从禅支,以及由心与心所构成、称为禅那相应法的名法开始摄取。没有禅那的纯观乘禅“取该色法为所缘而生起的受、想、诸行与识,分别为‘这是非色〔名法〕’……”
(အဘိ-ဋ္ဌ-၁-၂၇၁။)
(《殊胜义注》1-271。)
ဤသို့ စသည်ဖြင့် အဋ္ဌသာလိနီအဋ္ဌကထာစသော ကျမ်းကြီးများ၌ ဖွင့်ဆို ညွှန်ကြားထားတော်မူသည့်အ- တိုင်း ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကစ၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဤ ကျမ်းတွင်ကား ---- ၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိစိတ်အစဥ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဥ်၊ သုဒ္ဓမနောဒွါရဝီထိစိတ်အစဥ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ရူပါရုံလိုင်းဟု လည်းကောင်း၊ ၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိစိတ်အစဥ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဥ်၊ သုဒ္ဓမနောဒွါရဝီထိစိတ်အစဥ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို သဒ္ဒါရုံလိုင်းဟု လည်းကောင်း၊ ၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဃာနဒွါရဝီထိစိတ်အစဥ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဥ်၊ သုဒ္ဓမနောဒွါရဝီထိစိတ်အစဥ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ဂန္ဓာရုံလိုင်းဟု
因此,依照《殊胜义注》等大论书的开示,应从缘取色法而生起的名法开始摄取。本书则作如下划分:1.摄取以色所缘为所缘而生起的眼门心路心相续,以及后随的随转意门心路心相续和纯意门心路心相续的部分,称为“色所缘线”;2.摄取以声所缘为所缘而生起的耳门心路心相续,以及后随的随转意门心路心相续和纯意门心路心相续的部分,称为“声所缘线”;3.摄取以香所缘为所缘而生起的鼻门心路心相续,以及后随的随转意门心路心相续和纯意门心路心相续的部分,称为“香所缘线”;
လည်းကောင်း၊ ၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဇိဝှါဒွါရဝီထိစိတ်အစဥ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဥ်၊ သုဒ္ဓမနောဒွါရဝီထိစိတ်အစဥ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ရသာရုံလိုင်းဟု လည်းကောင်း၊ ၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာယဒွါရဝီထိစိတ်အစဥ်နှင့် နောက်လိုက် တဒနု- ဝတ္တိက မနောဒွါရဝီထိ စိတ်အစဥ်၊ သုဒ္ဓမနောဒွါရဝီထိ စိတ်အစဥ်တို့ကို သိမ်းဆည်းသည့် အပိုင်းကို ဖောဋ္ဌဗ္ဗာရုံလိုင်း ဟုလည်းကောင်း၊ ၆။ ဓမ္မာရုံ အမည်ရသည့် ---- ၁။ ပသာဒရုပ် (၅)ပါး ၂။ သုခုမရုပ် (၁၆)ပါး ၃။ စိတ်+စေတသိက် = နာမ်တရား ၄။ အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော ပညတ် ---- ဟူသော ဤတရားစုတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ၊ အများစုကိုဖြစ်စေ အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနော- ဒွါရဝီထိစိတ်အစဥ်များကို သိမ်းဆည်းသည့်အပိုင်းကို ဓမ္မာရုံလိုင်းဟုလည်းကောင်း ----
4.摄取以味所缘为所缘而生起的舌门心路心相续,以及后随的随转意门心路心相续和纯意门心路心相续的部分,称为“味所缘线”;5.摄取以触所缘为所缘而生起的身门心路心相续,以及后随的随转意门心路心相续和纯意门心路心相续的部分,称为“触所缘线”;6.在下列称为法所缘的诸法中——(1)5种净色;(2)16种细色;(3)心与心所,即名法;(4)入出息似相、遍似相等概念——以其中一种或多种为所缘而生起的意门心路心相续,摄取这些心相续的部分,称为“法所缘线”;
原书第 93 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤသို့ အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။
如此分别称说、使用。
ထို (၆)လိုင်းတို့တွင် ဓမ္မာရုံလိုင်းသည် ဝီထိစိတ်အမျိုးအစား အရေအတွက် နည်းပါးသည့်အတွက် ဤ ကျမ်းတွင် ဓမ္မာရုံလိုင်းမှစ၍ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ စျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးလာသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ အတွက်လည်း အထူးဆီလျော်လျောက် ပတ် ကောင်းမြတ်သည်သာ ဖြစ်ပေသည်။
在这6条线中,法所缘线所含心路心的种类较少,因此本书先从法所缘线开始说明摄取方法。对于以禅那作为观禅基础、由止转入观的止乘禅修者,这样安排也尤其适宜妥当。
သမထယာနိကနှင့် သုဒ္ဓဝိပဿနာယာနိက
止乘者与纯观乘者
သမထယာနိကပုဂ္ဂိုလ်များသည် စျာန်ကို အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးရာ၌ ---- ၁။ ရုပ်တရားကစ၍ သိမ်းဆည်းသည့် နည်းတစ်နည်း၊ ၂။ နာမ်တရားကစ၍ သိမ်းဆည်းသည့် နည်းတစ်နည်း ---- ဟု သိမ်းဆည်းပုံ နည်းလမ်းနှစ်သွယ်ရှိရာ ရုပ်တရားကစ၍ သိမ်းဆည်းပုံ နည်းစနစ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ ထိုရုပ်တရားကစ၍ သိမ်းဆည်းခြင်းဟူသော ရုပ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ စတင်၍ အားသစ်သောနည်းသည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အတွက်လည်း အကျုံးဝင်လျက် ရှိပေသည်။
止乘者以禅那为基础转入观禅时,有两种摄取方法:1.从色法开始摄取;2.从名法开始摄取。从色法开始摄取的方法,已经在色业处部分说明。先从色法开始摄取、从色业处着手用功的方法,也同样适用于纯观乘者。
အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် ---- ၁။ ရုပ်တရားကို သိမ်းဆည်းပြီး၍ နာမ်တရားကို သိမ်းဆည်းလိုလတ်သော်လည်းကောင်း၊ ၂။ ရုပ်တရားကစ၍ သိမ်းဆည်းမှုကို မပြုလုပ်လိုဘဲ နာမ်တရားကစ၍ သိမ်းဆည်းလိုလတ်သော်လည်းကောင်း အောက်ပါ စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာပါ။
如果止乘者:1.已经摄取色法,想继续摄取名法;或2.不想先从色法开始摄取,而想从名法开始摄取,就应遵循以下规定。
တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ- ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ (ဝိသုဒ္ဓိ-၂-၂၂၂။) ဤ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိ ထားပြီးကုန်သော စျာန်တို့တွင် နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော စျာန်တို့တွင် တစ်ခုခုသော စျာန်ကို ဝင်စားပါ။ ထိုနောင် ထိုစျာန်မှ ထပါ။ ထိုစျာန်မှ ထပြီးသောအခါ ဝိတက်စသော စျာန်အင်္ဂါတို့ကို လည်းကောင်း၊ ထိုစျာန်နှင့် ယှဥ်သော စိတ်+စေတသိက် = စျာနသမ္ပယုတ်တရားတို့ကိုလည်းကောင်း လက္ခဏ- ရသ စသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်းပါ။
“欲成就〔见清净〕的止乘者,首先应除去非想非非想处,从其余色界禅或无色界禅中的任一禅出定,然后依特相、作用等摄取寻等禅支以及与该禅相应的诸法。”(《清净道论》2-222。)依《清净道论》义注这项解释,禅修者首先应进入自己已经证得、除非想非非想处禅以外的任一禅;随后从该禅出定。出定以后,应依特相、作用等,摄取寻等禅支,以及与该禅相应的心与心所——即禅那相应法。
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် အပြည့်အစုံ သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် အပြည့်အစုံ ဖော်ပြမည် ဖြစ်ပါသည်။ အာဒိကမ္မိက = ဦးစွာ အားထုတ်စဖြစ်သော၊ နာမ်ကမ္မဋ္ဌာန်းကို စတင်အား သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်များအတွက် ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာက စ၍သော် လည်းကောင်း၊ ရသက စ၍သော်လည်းကောင်း နာမ်တရားများကို သိမ်းဆည်းပုံကို ဤတွင် ရှေးဦးစွာ ဖော်ပြ အပ်ပါသည်။
关于如何依特相、作用、现起、近因四项完整摄取,将在“特相等四法”部分详细说明。对于初业者——最初开始用功、刚开始修名业处的禅修者——本处先说明从诸究竟法各自的自性特相或作用入手摄取名法的方法。