处门与业门

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 3–4 页 · 18 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 3 页
အာယတနဒွါရ - ကမ္မဒွါရ
处门与业门
အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။
“依处门”是说依称为处的门;特加“处”字,是为了排除业门。
ကာယဒွါရေတိ ပသာဒကာယဒွါရေ။ မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန ''မနောဒွါရ''န္တိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ-၂-၄၁ဝ။) သာသနာတော်၌ အာယတနဒွါရ၊ ကမ္မဒွါရဟု ဒွါရ အသုံးအနှုန်း နှစ်မျိုး ရှိ၏။ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရဟူသော ဒွါရ သုံးပါးကား ကမ္မဒွါရတည်း။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရဟူသော ဒွါရ (၆)ပါးကား အာယတနဒွါရတည်း။
“在身门”是指身净色之门。“意门”是连同转向心在内的有分;又因心所依处是意门生起的所依,依“以能依者之名转称所依处”的用法,心所依处也称为“意门”。(《大复注》2-410。)在佛陀教法中,“门”有处门与业门两种用法。身门、语门、意门3种是业门;眼门、耳门、鼻门、舌门、身门、意门6种是处门。
ကာယဒွါရ --- ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရဟူသော ဒွါရ (၃)ပါး၌ ပါဝင်သော ကာယဒွါရဟူသည် ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် (အဘိ-ဋ္ဌ-၁-၁၂၆)၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း - စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် အကျုံးဝင်သော ကာယဝိညတ်ရုပ်သည် ကာယကမ္မဒွါရ မည်၏။ ယင်း ကာယကမ္မဒွါရ-အရ ကာယဝိညတ်ရုပ်ကို အရကောက်ယူရ၏။
身门——在身门、语门、意门3种业门中,身门的法体,如色业处部分依《阿毗达磨义注》1-126所说明,是心生色中所摄的身表色;所谓身业门,应理解为身表色。
တစ်ဖန် အာယတနဒွါရ (၆)ပါးတို့တွင်လည်း ကာယဒွါရ ပါဝင်ပြန်၏။ ယင်းကာယဒွါရအရကား ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် ပါဝင်သော ကာယပသာဒ = ကာယအကြည်ဓာတ်ကို တရားကိုယ် ကောက်ယူရ၏။
另一方面,6种处门中也有身门;此处身门的法体,是5种净色中的身净色。
ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဖြစ်ရာ ဒွါရ (= တံခါးပေါက်) သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရ မည်၏။
身净色能作为身门心路诸心生起的门,犹如出入的门户,所以称为身门。
原书第 4 页
မနောဒွါရ ---- ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ ဟူသော ကမ္မဒွါရတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ်မှာ ဤသို့ ဖြစ်၏။
意门——在身门、语门、意门3种业门中,意门的法体如下。
၁။ ''အယံ နာမ မနော မနောဒွါရံ န ဟောတီ''တိ န ဝတ္တဗ္ဗော။ (အဘိ-ဋ္ဌ-၁-၁၂၉။) ၂။ တေဘူမကကုသလာကုသလော ဧကူနတိံ သဝိဓော မနော မနောကမ္မဒွါရံ နာမ။ (အဘိ-ဋ္ဌ-၁-၁၃ဝ။) ၁။ စိတ်အားလုံးသည်ပင် မနောဒွါရ မည်၏။ စေတနာဟူသော ကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့်တည်း။
1.不应说:“有某一种心不是意门。”(《阿毗达磨义注》1-129。)2.三界中的29种善心与不善心,称为意业门。(同书1-130。)第一,一切心都称为意门,因为它们是名为思的业生起之因。
စေတနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် (= စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်) ဖြစ်၏။
思是遍一切心心所,即与一切心相应的心所。
ယင်းစေတနာသည် စိတ်နှင့်သာ အတူယှဥ်တွဲ၍ အမြဲ ဖြစ်လေ့ရှိသဖြင့် စိတ်မပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိသဖြင့် ယင်းစိတ်က သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်ရကား စိတ်အားလုံးသည် စေတနာဟူသမျှ၏ အကြောင်းဖြစ်၍ မနောဒွါရ မည်၏။
思恒常只与心俱生,离开心便不能生起;它必须由心以俱生缘等缘力资助才能生起。因此,一切心都是思生起之因,故称为意门。
၂။ အဘိဇ္ဈာ = အာရုံကို လိုလားတပ်မက်ခြင်း၊ ဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) ပျက်စီးစေလိုခြင်း ဖျက်ဆီးလိုခြင်း (= ဒေါသ)၊ မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း အမြင်မှားခြင်း စသော အကုသိုလ်တရားတို့နှင့် ယှဥ်သော အကုသိုလ်စေတနာတို့၏လည်းကောင်း၊ အနဘိဇ္ဈာ = အာရုံကို မလိုလား မတပ်မက်ခြင်း၊ အဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) မဖျက်ဆီးလိုခြင်း မပျက်စီးစေလိုခြင်း (= မေတ္တာ = အဒေါသ)၊ သမ္မာဒိဋ္ဌိ = မှန်ကန်သော သမ္မာဒိဋ္ဌိ ဉာဏ်အမြင် စသော ကုသိုလ်တရားတို့နှင့် ယှဥ်သော ကုသိုလ်စေတနာတို့၏လည်းကောင်း ---- ဤ (၂)မျိုးကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ကုသိုလ်ဇော အကုသိုလ်ဇော (၂၉)မျိုးသည် မနောဒွါရ မည်၏။ (အဘိ-ဋ္ဌ-၁-၁၂၉-၁၃ဝ။) တစ်ဖန် အာယတနဒွါရ (၆)ပါးတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ် ကောက်ယူပုံမှာ
第二,不善思与贪欲(对所缘的欲求贪著)、瞋恚(想伤害众生或行法,即瞋)、邪见等不善法相应;善思则与无贪欲(不欲求、不贪著所缘)、无瞋恚(不想伤害众生或行法,即慈与无瞋)、正见等善法相应。由于三界中的29种善速行与不善速行,是这两类善思、不善思生起之因,所以也称为意门。(《阿毗达磨义注》1-129—130。)至于6种处门中意门的法体——
အောက်ပါအတိုင်း (၃)မျိုး ရှိ၏။
有以下3种说法。
၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။
1.有分意净界也称为意门。
၂။ အာဝဇ္ဇန်း (မနောဒွါရာဝဇ္ဇန်း) နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟုခေါ်ဆို၏။
2.连同转向心(意门转向)在内的有分意净界,也称为意门。
၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့် တင်စား၍ မနောဒွါရဟု ခေါ်ဆို၏။
3.心所依处色也依处所转称的用法而称为意门。
ယင်း (၃)မျိုးလုံးသည်ပင် မနောဒွါရဝီထိ နာမ်တရားစုတို့၏ သို့မဟုတ် မနောဝိညာဏ်နာမ်တရားစုတို့၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သောကြောင့် မနောဒွါရ မည်၏။
这3者都是意门心路名法或意识名法生起的门,故称为意门。
ဤ နာမ်ကမ္မဋ္ဌာန်းပိုင်း၌ကား ကာယဒွါရနှင့် မနောဒွါရ အရ အာယတနဒွါရကိုသာ ဆိုလိုသည်ဟု မှတ်ပါ။
应知:在本名业处部分中,“身门”与“意门”所指的只是处门。
(ဤကျမ်းစာ - ၃၁ - စသည်၌လည်း ကြည့်ပါ။)
(亦请参见本书第31页等处。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。