极其困难的工作
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 61–65 页 · 37 个翻译单元
本页并入了原书的相邻小节:心方面应知事项、唯世间心、未得禅那的三因凡夫相续中可能具有的心、已得禅那的三因凡夫相续中可能具有的心。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 61 页
အလွန်ခဲယဥ်းသော လုပ်ငန်းရပ်
极其困难的工作
စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+စေတသိက် = နာမ်တရားတို့ကို နာမ် ဃန ခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့ သည် သိမ်းဆည်းရှုပွား၍ကား ရရှိနိုင်ကြသည်သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ် ကို အယူအဆ လွဲမှားတော်မူကြသဖြင့် ယင်းနာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယ ကင်းရှင်းသွားစေရန်အတွက် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာ ပါဠိတော်၏ အဆိုအမိန့်ကို အောက်တွင် ဖော်ပြအပ်ပါသည်။
要依心定律的轨道,摄取、观照相续生起的心与心所诸名法,以智分解并破除称为“名法密集”的名法团块,使智见直达究竟法,并不是一项容易的工作。然而,弟子确实能够这样摄取、观照并有所成就。有人误解《弥兰王问经》巴利原典中的一段话,因而声称弟子不能观照这些名法。为消除疑惑,现将《殊胜义注》的解释与《弥兰王问经》巴利原典的教说列于下文。
ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာ ဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ---- ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?
巴利《殊胜义注》与《弥兰王问经》引文(缅文转写,起):“ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာ ဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ---- ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?”译:“世尊把这些触等五法逐一分解,并分别标举施设之名,完成了难行之事。譬如把各种水或各种油放进同一容器,搅拌一整天,仍可凭色、香、味的差别,以眼看、以鼻嗅或以舌尝而辨知其不同;即使如此,这也被称为难事。然而,正等觉者把在同一所缘上转起的这些非色的心与心所诸法逐一分解,并分别标举施设之名,所作乃极其困难。因此,具寿那先长老说:‘大王,世尊完成了难行之事。’‘那先尊者,世尊完成了什么难行之事?’”
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ ''အယံ ဖဿော၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တ''န္တိ။
“大王,世尊完成了难行之事:对于在同一所缘上转起的这些非色的心与心所诸法,他宣说其分别界定为:‘这是触,这是受,这是想,这是思,这是心。’”
သြပမ္မံ ဘန္တေ ကရောဟီတိ။
“尊者,请作譬喻。”
ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော ''ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒက''န္တိ။
“大王,譬如有人乘船进入大海,用双手掬水,以舌尝味;大王,他能否辨知:‘这是恒河(Gaṅgā)的水,这是亚穆那河(Yamunā)的水,这是阿致罗筏底河(Aciravatī)的水,这是萨罗浮河(Sarabhu)的水,这是摩希河(Mahī)的水’?”
ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။
“尊者,很难辨知。”
တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ။
“大王,世尊所作比这更加困难:对于这些非色的心与心所诸法——”
ပ ။ ဣဒံ စိတ္တ''န္တိ။ (အဘိ-ဋ္ဌ-၁-၁၈၆-၁၈၇။ မိလိန္ဒပဥှာ-၉၄။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်း သဘောတရားမှာ ဤသို့ ဖြစ်၏။
“……乃至:‘这是心。’”(《殊胜义注》1-186—187;《弥兰王问经》94。)以上巴利原典与义注所说的旨意如下。
原书第 62 页
နာမ်တရားတို့ကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ လည်းကောင်း ဘဝင်စသည့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့၌လည်းကောင်း စိတ္တနိယာမလမ်းကြောင်း အတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ်အစဥ်တို့တွင် စိတ္တက္ခဏတိုင်း၌လည်းကောင်း ဖဿလျှင် ငါးခုမြောက် ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။
前文已经说明:无论以智辨析、摄取名法,还是修习毗婆舍那而观照、审察名法;无论对于有分等离开心路的离路心,还是对于依心定律轨道相续生起的诸路心,都应在每一心刹那摄取、观照以触为第五的触等五法;换言之,应摄取、观照以触等五法为首的整组名法。
စိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြကုန်သော ဤ ဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမ ပညတ်များကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် ခဲယဥ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုတော် မူအပ်ပါပေပြီ၊ ဥပမာဆောင်၍ ထင်ရှားအောင် ဆိုပေဦးအံ့။
佛陀把存在于一个心刹那内的这一组触等五法逐一分解、辨析,并标举“触、受、想、思、识”等施设名称,完成了一项极其困难的工作。现在且以譬喻加以说明。
တစ်ခုတည်းသော ခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည်ဆိုကြပါစို့။ မြေပဲဆီ နှမ်းဆီ ဝက်ဆီ စသော အဆင်း အနံ့ အရသာ အမျိုးမျိုး ရှိသော ဆီတို့ကိုလည်း ခွက်တစ်ခုအတွင်း၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည် ဆိုကြစို့။ တစ်ခုတည်း သော ခွက်၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်း ကောင်း၊ အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း၊ နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း၊ လျှာဖြင့်လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏။
假设把颜色、气味与滋味各异的各种水倒入同一个杯中,整日搅拌;又假设把花生油、芝麻油、猪油等颜色、气味与滋味各异的各种油倒入同一个杯中,整日搅拌。即使各种水或各种油在同一杯中搅拌了一整天,由于彼此的颜色、气味与滋味仍有差异,人们或许还能用眼看、用鼻嗅、用舌尝,从而辨知使它们彼此有别的特异性质。
〔ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ် ခေါ်သည့် အမှုန်များအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ရုပ်တို့သည် အချင်းချင်း ဝိပ္ပယုတ္တတရားများသာ ဖြစ်ခြင်းကြောင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားနှင့် အခြား ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ပေါင်းစပ်မှု ယှဥ်တွဲမှု မရှိပေ။ သို့အတွက် ဉာဏ်ပညာမျက်စိ ရှိသူတို့၏ အဖို့မှာမူ တစ်ခုတည်းသော ခွက်၌ ထည့်၍ တစ်နေ့ ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း အထူးထူးသော ဆီတို့၏ သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့် တစ်ခု မတူ ထူးထွေကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း လျှာဖြင့်လျက်၍သော်
〔色法依其法性,只以称为色聚的微粒形态生起;所谓水、所谓油,都不过是水界的自然力特别强盛的诸色聚之集合。由于诸色法彼此只是互不相应之法,一个色聚内的色法与另一个色聚内的色法并不结合、相应。因此,对有智慧眼者而言,把各种水或各种油放进同一杯中搅拌一整天以后,仍可依据它们在颜色、气味与滋味上的彼此差异,用眼观看、用鼻嗅闻,或以舌尝——
လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်း သည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။〕 ဤသို့သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဥ်းစွာပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေနမထေရ် မိန့်ဆိုတော်မူအပ်ခဲ့လေပြီ။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်ကား တစ်ခုတည်းသော အာရုံ၌ ဖြစ်ပေါ်၍ နေကြကုန်သော ဤ စိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ---- ''ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ်'' - ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင် ပြတော်မူ၏။ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် အလွန်ခဲယဥ်းစွာ ပြုအပ် သော အမှုကို ပြုတော်မူအပ်ပါပေပြီ။
——而辨知使其彼此有别的特异性质。〕这就是说,即使这样的辨知尚且可能,那先大长老仍在《弥兰王问经》中称之为“难行(dukkara)”,即难以做到。至于正等觉者,则以殊胜智逐一分解、辨析在同一所缘上生起的这一组心与心所名法,并标举“这是触,这是受,这是想,这是思,这是识”等施设名称。能如此标举各法名称的佛陀,确实完成了极其困难的工作。
原书第 63 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း 〔ပထမ မဟာကုသိုလ်စိတ်ဟူသော မနောဒွါရိကဇောစိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ ဉာဏ် ပီတိ နှစ်မျိုး လုံး ပါဝင်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏။ ထိုစိတ်စေတသိက်တို့သည် ဧကုပ္ပါဒ စသော လက္ခဏာလေးပါးနှင့်ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်းရှိလျက် (= ဟဒယဝတ္ထုရုပ် တစ်ခုတည်းကိုသာ မှီဖြစ်ကြလျက်) အာရုံ တစ်ခုကိုပင် ဝိုင်းလျက် အာရုံပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် ''ဤသဘောကား ဖဿ၊ ဤသဘောကား ဝေဒနာ'' စသည်ဖြင့် သာဝကတို့၏ ခွဲခြားစိတ်ဖြာ၍ သိရှိဖို့ရန် အမည်နာမပညတ်တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေနမထေရ်မြတ်
〔在称为第一大善心的每一个意门速行心刹那内,由于与智、喜二者相应,共有心与心所34种名法,即1心与33心所。这些心与心所具足以同生等为首的四项特征:同生、同灭、同一所依〔即都依同一个心所依处色而生〕、同一所缘。若不是具一切知智的正等觉佛陀,为使弟子能够分解、辨析并了知这些法,而以“此法是触,此法是受”等方式为它们安立施设名称、加以开示,那么在任何一个世间界中,过去从未有人能这样做,现在也无人能够做到,未来相续诸劫也不会有人能够做到。因此,著名的具寿那先大长老——
က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤ အဓိပ္ပါယ်ထင်ရှားအောင် သမုဒ္ဒရာဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာ သော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။〕 ''ဒါယကာတော် မိလိန္ဒ မဟာရာဇာ …မြတ်စွာဘုရားသည် အလွန်ခဲယဥ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါပေပြီ။
——便为使弥兰大王明白此义,以流入大海的五大河水为譬喻,作如下开示。〕“弥兰大王……世尊完成了一项极其困难的工作。”
အရှင်ဘုရား နာဂသေန …မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန်ခဲယဥ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါသနည်း။
“那先尊者……世尊完成了什么极其困难的工作?”
ဒါယကာတော် မိလိန္ဒ မဟာရာဇာ …မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြသော နာမ်တရားဖြစ်ကုန်သော ဤစိတ်စေတသိက်တရားတို့ကို ---- ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း၊ ဤအာရုံ၏ အရသာကို ခံစားခြင်း သဘောတရားသည် ဝေဒနာတည်း၊ ဤအာရုံကို မှတ်သားခြင်း သဘောတရားသည် သညာတည်း၊ ဤစေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း၊ ဤအာရုံကို ယူတတ် (= သိတတ်) သော သဘောတရားသည် စိတ်တည်း။
“弥兰大王……世尊把在同一所缘上同时生起的这些心与心所名法分别界定为:接触所缘的本性是触;体验所缘滋味的本性是受;记认所缘的本性是想;推动、策励的本性是思;取所缘〔即知所缘〕的本性是心。”
ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြား ခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန် ခဲယဥ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။
“佛陀就这样标举施设名称,把每一法逐一分解而后开示;他完成的,正是这种通过逐一辨析而宣说的极其困难之事。”
အရှင်ဘုရား …ဥပမာကို ပြုတော်မူပါဦးလော့။
“尊者,请再举一个譬喻。”
ဒါယကာတော် မိလိန္ဒ မဟာရာဇာ …တစ်စုံတစ်ဦးသော ယောကျာ်းသည် လှေ သင်္ဘောဖြင့် သမုဒ္ဒရာ တွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် ---- ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုနာမြစ်ရေတည်း၊ ဤရေသည် အစိရဝတိ မြစ်ရေတည်း၊ ဤရေသည် သရဘု မြစ်ရေတည်း၊ ဤရေသည် မဟိ မြစ်ရေတည်း၊ ဤသို့လျှင် ထို ယောကျာ်းသည် သိနိုင်ရာပါသလော။
“弥兰大王……假如有人乘船进入大海,用双手掬水,以舌尝味,他能否分别知道:这是恒河(Gaṅgā)的水,这是亚穆那河(Yamunā)的水,这是阿致罗筏底河(Aciravatī)的水,这是萨罗浮河(Sarabhu)的水,这是摩希河(Mahī)的水?”
အရှင်ဘုရား နာဂသေန …သိရှိဖို့ရန် ခဲယဥ်းစွာ ပြုအပ်ပါပေ၏။
“那先尊者,要分别辨知这些河水是很困难的。”
原书第 64 页
ဒါယကာတော် မိလိန္ဒ မဟာရာဇာ …တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤ စိတ်+စေတသိက်တရားတို့ကို ---- ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။ ပ ။
“弥兰大王……对于在同一所缘上同时生起的这些心与心所名法,世尊分别界定说:接触所缘的本性是触;……乃至——”
ဤအာရုံကို ယူတတ် (= သိတတ်)သော သဘောတရားသည် စိတ်တည်း ---- ဤသို့လျှင် အမည်နာမပညတ် ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော် မူအပ်၏။ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန်ခဲယဥ်းစွာ ပြုအပ်သောအမှုကို ဘုရားရှင် သည် ပြုတော်မူအပ်ပါပေပြီ။ (မိလိန္ဒပဥှာ-၉၄။) ဤအထက်ပါ ပါဠိတော်အဋ္ဌကထာတို့၏ အဆိုအမိန့်ကား ---- တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူ ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ''ဤကား ဖဿ၊ ဤကား ဝေဒနာ'' စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင် ၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဥ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေ သည်။ သာဝကတို့သည် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင်ဟု
——“取所缘〔即知所缘〕的本性是心。佛陀就这样标举施设名称,把每一法逐一分解而后开示;他完成的,正是这种通过逐一辨析而宣说的极其困难之事。”(《弥兰王问经》94。)以上巴利原典与义注的教说,只是在说:佛陀以同一所缘为所缘,对同时生起的诸名法逐一以智分解、辨析,并标举、安立“这是触,这是受”等施设名称而作开示,是一项极其困难的工作;它并不是说,弟子不能观照一个心刹那内的名法——
ဟောကြားထားတော်မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘောပေါက်နိုင်ရမည် ဖြစ်သည်။
——并非如此宣说。必须深刻理解这一点。
အယူအဆ လွဲမှားသွားပါက ကျင့်စဥ်လည်း လွဲမှားသွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာ လျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။
见解一旦错误,修行方法也可能随之走偏。因此,涉及实修时,必须特别谨慎,不可产生错误见解。
ဤအထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာစကားရပ်ဝယ် ---- သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ-ဋ္ဌ-၁-၁၈၆။) သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ်ပေါ်နေကြကုန်သော နာမ်တရားစု တို့၏၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌၊ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြု၍ ''ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ်'' ဤသို့စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမ ပညတ်ကိုထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဥ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။
在上“正等觉者把在同一所缘上转起的这些非色的心与心所诸法逐一分解,并分别标举施设之名,完成了极其困难的工作。”(《殊胜义注》1-186。)正等觉佛陀以一切知智,在每一心刹那逐一分解、辨析以同一所缘为所缘而生起的整组名法,并以“这是触,这是受,这是想,这是思,这是识”等方式标举、安立各法的施设名称而作开示;《殊胜义注》说明,这便是佛陀所完成的极其困难的工作。对此尤其应当重视并牢记。
原书第 65 页
စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ
心方面应知事项
လောကီစိတ်သာ
唯世间心
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ (၂၂၃) ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြကုန်သော စိတ်တို့မှာ လောကီ စိတ်-စေတသိက် တရားစုတို့သာ ဖြစ်ကြောင်း အထက်၌ ရှင်းလင်း တင်ပြခဲ့၏။ ဤတွင် တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် သုံးသပ်နိုင်သည့် စိတ် အမျိုးအစားတို့ကို အဘိဓမ္မာအခြေခံပညာ အားနည်းသူတို့အတွက် အကျဥ်းချုပ်၍ ဖော်ပြအပ်ပါသည်။
如《清净道论》2-223 所释,前文已经说明:作为观智所观所缘的诸心,只是世间心与心所诸法聚。这里为了阿毗达磨基础较弱者,简要列出三因凡夫能够以观智观修、审察的各种心。
စျာန်မရသော တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင် ရနိုင်သော စိတ်များ
未得禅那的三因凡夫相续中可能具有的心
၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး ၂။ ဟသိတုပ္ပါဒ်ကြဥ်သော အဟိတ်စိတ် ---- ၁၇ - မျိုး ၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး ၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး အားလုံးပေါင်းသော် ---- ၄၅ - မျိုး
1.不善心——12种;2.除生笑心以外的无因心——17种;3.大善心——8种;4.大果报心——8种。总计——45种。
စျာန်ရသော တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင် ရနိုင်သော စိတ်များ
已得禅那的三因凡夫相续中可能具有的心
၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး ၂။ ဟသိတုပ္ပါဒ်ကြဥ်သော အဟိတ်စိတ် ---- ၁၇ - မျိုး ၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး ၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး ၅။ မိမိ ရရှိသော စျာန် သို့မဟုတ် သမာပတ် (၈)ပါးလုံး ရခဲ့သော် မဟဂ္ဂုတ်စျာန် ---- ၉ - မျိုး အားလုံးပေါင်းသော် ---- ၅၄ - မျိုး တည်း။
1.不善心——12种;2.除生笑心以外的无因心——17种;3.大善心——8种;4.大果报心——8种;5.自己所获得的禅心;若八种等至全都获得,则有广大禅心——9种。总计——54种。
အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်မျှတိုင်ရုံသာ ရရှိသူဖြစ်လျှင် စတုက္ကနည်း အရ ယင်းစျာန်လေးပါးကို အထက်ပါ စျာန်မရပုထုဇန် ရနိုင်သော စိတ်အမျိုးအစား (၄၅)တွင် ထပ်ပေါင်းပါ။
如果贤善的禅修者只证到入出息念第四禅为止,那么依四分法,应把这4种禅心加在上述未得禅的凡夫所能具有的45种心之上。
(၄၉)ပါးတည်း။ ပဉ္စကနည်းဖြင့် အားထုတ်၍ ပဉ္စမစျာန်ဆိုက်သော် စျာန်ငါးပါး ပေါင်းထည့်ပါက ရနိုင်သော စိတ်အမျိုးအစားမှာ (၅ဝ)တည်း။ အကယ်၍ သမာပတ် (၈)ပါးလုံး ရရှိခဲ့ပါမူ ယင်း သမာပတ် (၈)ပါးတို့ကိုပါ ထပ်ပေါင်းပါ။ စတုက္ကနည်း ဖြစ်သော် (၅၃) ပဉ္စကနည်း ဖြစ်သော် (၅၄)ပါးတို့တည်း။
依四分法,合计49种。若依五分法修习而证得第五禅,则加上5种禅心,所能具有的心合计50种。如果八种等至全都证得,也应把这些等至心加上:依四分法合计53种,依五分法合计54种。
ဤအထက်ပါ စိတ်အမျိုးအစားတို့မှာ အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်ဖြင့် အဇ္ဈတ္တတွင် သိမ်းဆည်း ရှုပွားရမည့် စိတ်တရားတို့ပင် ဖြစ်ကြသည်။ ဗဟိဒ္ဓတွင်လည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ချုံငုံလျက် အလားတူပင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။ သို့အတွက် ယင်း စိတ်အမျိုးအစားတို့ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
以上这些心,正是贤善禅修者应当在内以观智把握、观修的心法;对于外在,也应依外在彼此同类的情形,作一般性的总摄而同样把握、观修。因此,先把这些心的种类列出。