蕴与取蕴

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 297–301 页 · 33 个翻译单元

本页并入了原书的相邻小节:分别辨识名法与色法、详细分别观照——五蕴法、一种良好的方法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 297 页
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
蕴与取蕴
ဆဋ္ဌေ ရူပက္ခန္ဓော ကာမာဝစရော၊ စတ္တာရော ခန္ဓာ စတုဘူမကာ။ ပ ။ ဣဓာပိ ရူပက္ခန္ဓော ကာမာဝစရော၊ အဝသေသာ တေဘူမကာ ဝိပဿနာစာရဝသေန ဝုတ္တာ။ ဧဝမေတ္ထ ရူပံ ရာသဋ္ဌေန ခန္ဓေသု ပဝိဋ္ဌံ၊ သာသဝရာ- သဋ္ဌေန ဥပါဒါနက္ခန္ဓေသု။ ဝေဒနာဒယော သာသဝါပိ အတ္ထိ၊ အနာသဝါပိ အတ္ထိ။ တေ ရာသဋ္ဌေန သဗ္ဗေပိ ခန္ဓေသု ပဝိဋ္ဌာ၊ တေဘူမကာ ပနေတ္ထ သာသဝဋ္ဌေန ဥပါဒါနက္ခန္ဓေသု ပဝိဋ္ဌာတိ။ (သံ-ဋ္ဌ-၂-၂၄၉။) ၁။ ခန္ဓာ (၅)ပါးတို့တွင် ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ- ရူပ-အရူပ-လောကုတ္တရာ ဟူသော ဘုံ (၄)ပါး၌ ဖြစ်ကုန်သော တရားတို့တည်း။
“在第六经中,色蕴属于欲界;其余四蕴属于四地。……此处色蕴也属于欲界;其余诸蕴,则依作为观智所行境的意义,只说三地法。因此在这里,色以‘聚’义摄入诸蕴,以‘有漏之聚’义摄入诸取蕴。受等既有有漏的,也有无漏的;从‘聚’义说,它们全都摄入诸蕴;但其中三地法以‘有漏’义摄入诸取蕴。”(《相应部义注》2-249。)1.在五蕴之中,色蕴是欲界法;受、想、行、识这四种名蕴,则是生于欲界、色界、无色界、出世间这四地的法。
လောကီ ဖြစ်စေ လောကုတ္တရာ ဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှ တရားများကို အားလုံး သိမ်းကြုံး၍ ပြတော်မူ ခြင်းငှာ ဤပထမ ခန္ဓဒေသနာတော်ကို ဟောပြတော်မူသည်။
为了把世间或出世间中一切可以总摄为蕴的法全都包摄开示,世尊宣说了这第一种“蕴”的教说。
၂။ ဒုတိယ ဟောတော်မူအပ်သော ဥပါဒါနက္ခန္ဓာဒေသနာတော်၌ --- ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။
2.在第二种所宣说的“五取蕴”教说中,色蕴是欲界法。
ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ-ရူပ-အရူပ ဟူသော ဘုံ (၃)ပါး အတွင်း၌ ဖြစ်ကုန်သော တေဘူမကတရားတို့တည်း။ ဝိပဿနာစာရဟူသော ဝိပဿနာဉာဏ်၏ ကျက်စားရာ အာရုံ အဖြစ်ဖြင့် ဥပါဒါနက္ခန္ဓာတို့ကို တစ်ဖန် ဟောကြားတော်မူရပြန်သည်။
受、想、行、识这四种名蕴,是生于欲界、色界、无色界这三地之中的三地法。为了把它们开示为观智所活动、所行的所缘,世尊又再次宣说诸取蕴。
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသည့် အခါ၌ကား တိဟိတ်ပုထုဇန် အဆင့်တွင်သာ တည်ရှိနေ သေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ လောကုတ္တရာ စိတ်စေတသိက် ဟူသော လောကုတ္တရာခန္ဓာတို့သည် မိမိ မရရှိသေးသော တရားတို့သာ ဖြစ်ခြင်းကြောင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ရကား လောကုတ္တရာခန္ဓာများကို အာရုံပြု၍ ဝိပဿနာ မစီးဖြန်းနိုင်။
修习观禅业处时,对于仍只处在三因凡夫阶段的瑜伽行者而言,称为出世间心、心所的出世间诸蕴,都是自己尚未证得的法;因为不能以智分别、摄取它们,所以不能以出世间诸蕴为所缘修观。
လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိတော်မူပြီးသော သူတော်ကောင်းတို့သည်ကား မိမိတို့ ရရှိထား သည့် လောကုတ္တရာတရားများကို အာရုံပြုနိုင်ကြ၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြ၏။ သို့သော် လောကုတ္တရာ စိတ်စေတသိက်တို့သည် --- တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ။ (အံ-၁-၁၅ဝ။) ဟူသော သင်္ခတသုတ္တန် ဒေသနာတော်နှင့် အညီ ဖြစ်မှု တည်မှု ပျက်မှု = ဥပါဒ်-ဌီ-ဘင် ဟူသော သင်္ခတ လက္ခဏာ (၃)ပါး ထင်ရှားရှိသောကြောင့် သင်္ခတတရားတို့လည်း ဖြစ်ကြ၏။ သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော --- ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာ ဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရသော တရားတို့သာ ဖြစ်ခြင်းကြောင့်၊ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း သိစရာ မျက်မှောက်ပြုစရာ
至于已经证得出世间殊胜妙法的贤善者,能够以自己所证得的出世间法为所缘,也能以智分别它们。不过,出世间心与心所依《有为相经》的开示:“诸比丘,有为法有这三种有为相。哪三种?生起显现,坏灭显现,住立者的变异显现。”(《增支部》1-150。)它们明显具有生起、住立、坏灭——即生、住、灭——这三种有为相,因此也是有为法。又因为它们必须得到诸观智——即善住于诸行无常、苦、无我三种情形、称为法住智的诸智——以强大的亲依止缘力资助,才得以生起;同时,也必须由无为界、寂静界这一殊胜涅槃,作为应知、应现前的
အာရုံအဖြစ် ရပ်တည်၍ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော တရားတို့သာ ဖြစ်-
所缘而住立,并以所缘缘力给予资助时,才可能生起的法;
原书第 298 页
ခြင်းကြောင့် သင်္ခါရတရားတို့လည်း ဖြစ်ကြ၏။ သို့အတွက် အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့လည်း မှန် ကြ၏။
正因为如此,它们也是行法;因此,说它们是无常法、苦法、无我法,也都是正确的。
သို့သော် ယင်း လောကုတ္တရာ စိတ်-စေတသိက်တို့သည် အနိစ္စ-ဒုက္ခ-အနတ္တတရားစုတွင် အကျုံးဝင်သော သင်္ခတတရား သင်္ခါရတရားများပင် ဖြစ်လင့်ကစား၊ မဂ်တရားတို့ကား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက် ကြောင်း = နိယျာနိကတရားကောင်း ဖြစ်နေကြ၏၊ ဖိုလ်တရားတို့ကလည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိသုခ = အငြိမ်းဓာတ် ချမ်းသာထူးကြီးကို ဒိဋ္ဌဓမ္မ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ခံစား စံစားဖို့ရန် အကြောင်း အကောင်းချည်း ဖြစ်နေကြ၏။ ထိုကြောင့် ယင်း လောကုတ္တရာ စိတ်- စေတသိက်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တဟု ဝိပဿနာ ရှုသော်လည်း နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့ရန် မဟုတ်ချေ။
然而,这些出世间心与心所虽然也是摄在无常、苦、无我诸法中的有为法、行法,但诸道法是导向脱离轮回苦的能出离善法;诸果法也全都是使人即于现法亲身受用无为界、寂静界、殊胜涅槃的寂静乐——寂静界殊胜安乐——的善因。因此,即使把这些出世间心与心所观为无常、苦、无我,也不是为了以厌离智厌离它们。
သံသရာဝဋ် ဆင်းရဲဒုက္ခတရားများအဖြစ် သတ်မှတ်ထားသော လောကီ စိတ်-စေတသိက်-ရုပ်တို့ကိုသာ အာရုံ ပြု၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါမှသာလျှင် အနိစ္စ-ဒုက္ခ-အနတ္တသဘောတို့လည်း ပေါလောကြီး ထင်နိုင်မည်၊ သံသရာဝဋ်ဆင်းရဲဒုက္ခ အမည်ရသည့် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ လှလှကြီး ဝဝကြီး ငြီးငွေ့သည့် နိဗ္ဗိန္ဒဉာဏ်များလည်း ဖြစ်ပေါ်လာကြမည်။ ထိုကြောင့် ဝိပဿနာကမ္မဋ္ဌာန်း ရှုသည့်အခါ လောကီခန္ဓာများကို သာလျှင် ရှုရလေသည်။ ဤသို့လျှင် ဝိပဿနာရှုဖို့ရန် ရည်သန်တော်မူ၍ လောကီသက်သက် ဥပါဒါနက္ခန္ဓာ ဒေသနာတော်ကို တစ်ဖန် ဟောတော်မူရပြန်သည်။
唯有只以被认定为轮回苦法的世间心、心所与色法为所缘,修习毗婆舍那禅修业处,无常、苦、无我的本质才会鲜明显现,对于称为轮回苦的这五取蕴,也才会生起充分而深切厌离的厌离智。因此,修毗婆舍那业处时,只观照世间诸蕴。正是为了作这样的毗婆舍那观修,世尊才又开示纯属世间的取蕴教说。
ရုပ်တရားသည် အပေါင်းအစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌လည်း အကျုံးဝင်၏။ အာသဝေါ တရားတို့၏ အာရုံဖြစ်သော အပေါင်းအစုဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌လည်း အကျုံး ဝင်၏။
色法依“聚集”之义摄入蕴;又依“作为诸漏所缘的聚集”之义,摄入取蕴。
ဝေဒနာစသည့် နာမ်ခန္ဓာ (၄)ပါးတို့သည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ခန္ဓာတို့လည်း ရှိကုန် ၏၊ အာသဝေါတရားတို့၏ အာရုံ မဟုတ်ကုန်သော ခန္ဓာတို့လည်း ရှိကုန်၏။ နာမ်ခန္ဓာ (၄)ပါးတို့ကား အပေါင်း အစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။ ယင်းခန္ဓာ (၄)ပါး၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ကြ၏။ လောကုတ္တရာ စိတ်-စေတသိက်တို့ ကား အာသဝေါတရားတို့၏ အာရုံ မဟုတ်ကြကုန်။
至于受等四名蕴,其中既有作为诸漏所缘的蕴,也有不作为诸漏所缘的蕴。这四名蕴依“聚集”之义摄入蕴。摄在这四蕴中的世间心与心所,是诸漏的所缘;出世间心与心所,则不是诸漏的所缘。
ကာမ-ရူပ-အရူပ တည်းဟူသော ဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက် ဖြစ်ကြကုန်သော --- ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ခြင်းဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။
欲、色、无色三地所摄的世间心与心所,即受、想、行、识,依“作为诸漏所缘”之义,摄入取蕴。
ထိုဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကြကုန်သော လောကီ စိတ်-စေတသိက်-ရုပ်တရားတို့တွင် --- ၁။ ရုပ် (၂၈)ပါးသည် ရူပုပါဒါနက္ခန္ဓာ မည်၏။
在这三地所摄的世间心、心所与色法中:1.28种色法称为色取蕴。
၂။ ဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။
2.受心所称为受取蕴。
၃။ သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ မည်၏။
3.想心所称为想取蕴。
၄။ ကျန် စေတသိက် (၅ဝ)သည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။
4.其余50种心所称为行取蕴。
၅။ အသိစိတ် အားလုံးသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
5.一切能知之心称为识取蕴。
〔〔〔မှတ်ချက် --- ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးကို တစ်ခါတစ်ရံ ခေါ်ဝေါ်လွယ်ကူစေရန် ရူပက္ခန္ဓာ ဝေဒနာက္ခ- န္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟုလည်းကောင်း၊ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟု လည်းကောင်း အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။ ထိုသို့ အသုံးအနှုန်းများကို တွေ့ရှိပါက ဝိပဿနာ
〔注——为了便于称说,这五取蕴有时也分别简称为色蕴、受蕴、想蕴、行蕴、识蕴,或简称为色、受、想、行、识。遇到这样的用语时,应当知道,它们只指作为毗婆舍那
原书第 299 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဉာဏ်၏ အရှုခံအာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာတို့ကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ တစ်ဖန် ဝိညာဏက္ခန္ဓာ၌ လောကီစိတ်ဟု ဆိုထားသော်လည်း အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ခွင့်ရှိသော လောကီစိတ်များ ကိုသာ ဆိုလိုပေသည်၊ စေတသိက်တို့မှာလည်း ယင်းစိတ်တို့နှင့် ယှဥ်သော စေတသိက်တို့ကိုသာ ဆိုလိုသည် ဟုလည်း မှတ်သားပါလေ။〕
智所观所缘的诸取蕴。又应记住:识蕴虽说是世间心,却只指在贤善行者的相续中可能生起的那些世间心;所谓心所,也只指与这些心相应的心所。〕
နာမ်-ရုပ်ကို ပိုင်းခြား မှတ်သားပါ
分别辨识名法与色法
ဣတိ ရူပက္ခန္ဓော ရူပံ၊ စတ္တာရော အရူပိနော ခန္ဓာ နာမန္တိ ဧဝမေကော ပဉ္စက္ခန္ဓဝသေန နာမရူပံ ဝဝတ္ထ- ပေတိ။ (ဝိသုဒ္ဓိ-၂-၂၂၅။) ၁။ ရူပက္ခန္ဓာက ရုပ်တရား၊ ၂။ နာမ်ခန္ဓာ (၄)ပါးက နာမ်တရား --- ဤသို့လျှင် ''ရုပ်တရား နာမ်တရား''ဟု ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။ ဤကား ခန္ဓာ (၅)ပါးနည်းဖြင့် ရုပ်-နာမ်ကို သိမ်းဆည်းပုံတည်း။ ဤနည်းမှာ ရုပ်တရားအားလုံးကိုလည်းကောင်း၊ လောကီနာမ်ခန္ဓာအားလုံးကို လည်းကောင်း ခြုံ၍ သိမ်းဆည်းသော နည်းတည်း။
“如此,色蕴是色,四个非色蕴是名;他便依五蕴而分别辨识名色。”(《清净道论》2-225。)也就是说:1.色蕴是色法;2.四名蕴是名法。应当如此以“色法、名法”分别辨识名色。这就是以五蕴法摄取名色的方法;此法总摄一切色法与一切世间名蕴而加以摄取。
၁။ အရူပသမ္မူဠှာ = နာမ်တရား၌ အသိဉာဏ် မသန့်ရှင်းသော ပုဂ္ဂိုလ် ၂။ သံခိတ္တရုစိ = အကျဥ်း နှစ်ခြိုက်သော ပုဂ္ဂိုလ် ၃။ တိက္ခပညဝါ = ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဤခန္ဓဒေသနာနည်းဖြင့် ဝိပဿနာရှုရန် ဟော- ကြားတော်မူခြင်း ဖြစ်ပေသည်။
1.对名法迷惑者,即对于名法智不清净的人;2.喜好简略者,即喜好简要的人;3.利慧者,即智慧锐利的人。世尊正是针对这三类人,依蕴教说之法开示毗婆舍那观修。
ဤသို့ ခြုံ၍ သိမ်းဆည်းသော နည်းမှာ ဉာဏ်ထက်မြက်ပါမှ အောင်မြင်မှု ရရှိနိုင်သည်။ ဉာဏ်နုံ့သူတို့ အတွက် အောက်ပါ ရှုကွက်တစ်မျိုးကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။
这种总摄而摄取的方法,只有智慧锐利才能修得成功。对于钝慧者,下面再说明另一种观法。
အသေးစိတ် ခွဲ၍ ရှုပုံ - ခန္ဓာ (၅) ပါးနည်း
详细分别观照——五蕴法
ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကန- ဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (မ-ဋ္ဌ-၁-၂၆၇-၂၆၈။) = ပဉ္စဒွါရဝီထိဝယ် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ --- ၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံက ရူပက္ခန္ဓာ၊ ၂။ မြင်တတ်သော စက္ခုဝိညာဏ်စိတ်က ဝိညာဏက္ခန္ဓာ၊ ၃။ ထိုဝိညာဏက္ခန္ဓာနှင့် ယှဥ်သော ဝေဒနာက ဝေဒနာက္ခန္ဓာ၊ ၄။ သညာက သညာက္ခန္ဓာ၊ ၅။ ဖဿ စသော စေတသိက် (၅)လုံးက သင်္ခါရက္ခန္ဓာ --- ဤသို့လျှင် ဤခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်း- ငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော
“这里,眼净色与色所缘是色蕴;见是识蕴;与它相应的受是受蕴;想是想蕴;触等是行蕴。如此,当这五蕴和合时,向前直视与向旁侧视才显现。在这里,究竟是谁向前直视?谁向旁侧视?”(《中部义注》1-267—268。)也就是说,在五门心路的眼识心刹那:1.眼净色与色所缘是色蕴;2.能见的眼识心是识蕴;3.与该识蕴相应的受是受蕴;4.想是想蕴;5.触等5种心所是行蕴。如此,当这五蕴的和合显现时,向前直视与向旁侧视便显现、生起。这样向前直视或向旁侧视时,究竟有哪一个
原书第 300 页
ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ယောက်သည် စောင်းငဲ့ ကြည့်သနည်း၊ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ယောက် မည်သည် မရှိ၊ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံမိခြင်းသာ ဖြစ်၏ ဟူလိုသည်။) အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း စက္ခုဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်းကောင်း၊ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော မပါဘဲလည်းကောင်း၊ မဟန္တာရုံဖြစ်ပါက ဇော မပါဘဲလည်းကောင်း၊ အတိမဟန္တာရုံ ဖြစ်က ဇော-တဒါရုံ မပါဘဲလည်းကောင်း ဖြစ်နိုင်သည့် စွမ်းအား မရှိသဖြင့် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ခန္ဓာ (၅)ပါးကို ရှုကွက်ထုတ်၍ အဋ္ဌကထာ ဆရာတော် ဖော်ပြခြင်းသည် ဥပလက္ခဏနည်း နိဒဿနည်းအားဖြင့် နည်းပေး လမ်းပြခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် စက္ခုဝိညာဏ်၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်းရှုပွားရ
补特伽罗、有情在向前直视?究竟有哪一个补特伽罗、有情在向旁侧视?〔意思是:实际上,并没有任何一个向前直视或向旁侧视的补特伽罗、有情,只有五蕴的和合而已。〕如上文反复说明,眼识不可能在没有五门转向的情况下生起,也不可能没有领受、推度与确定;若是大所缘,则不可能没有速行;若是极大所缘,则不可能没有速行与彼所缘。因此,义注阿阇梨只举出眼识心刹那中的五蕴作为观法,应知这只是以举一兼摄法与举例说明法给予方法、指示道路。因此,正如必须摄取、观修眼识中的五蕴一样:
သကဲ့သို့ --- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး၊ ၂။ သမ္ပဋိစ္ဆိုင်း၌ ခန္ဓာ (၅)ပါး၊ ၃။ သန္တီရဏ၌ ခန္ဓာ (၅)ပါး၊ ၄။ ဝုဋ္ဌော၌ ခန္ဓာ (၅)ပါး၊ ၅။ ဇော အသီးအသီး၌ ခန္ဓာ (၅)ပါး စီ၊ ၆။ တဒါရုံ အသီးအသီး၌ ခန္ဓာ (၅)ပါး စီ၊ တစ်ဖန် မနောဒွါရဝီထိ (နောက်လိုက် မနောဒွါရဝီထိများဝယ်) ၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး၊ ၂။ ဇော အသီးအသီး၌ ခန္ဓာ (၅)ပါး စီ၊ ၃။ တဒါရုံ အသီးအသီး၌ ခန္ဓာ (၅)ပါး စီ --- ဤသို့ စသည်ဖြင့် စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်၍ အာရုံယူကြသော မနောဒွါရဝီထိတို့၌ စိတ္တ- က္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးစီကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပါသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
1.五门转向中有五蕴;2.领受中有五蕴;3.推度中有五蕴;4.确定中有五蕴;5.每一个速行中各有五蕴;6.每一个彼所缘中各有五蕴。再者,在意门心路〔即随后的诸意门心路〕中:1.意门转向中有五蕴;2.每一个速行中各有五蕴;3.每一个彼所缘中各有五蕴。如此,应在眼门心路以及继续取色所缘为所缘的诸意门心路中,于每一心刹那各自摄取、观修五蕴。耳门心路等也应同样理解。
ကောင်းသော စနစ်တစ်ခု
一种良好的方法
ဤသို့ ခန္ဓာ (၅)ပါးနည်းဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ နာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထား ခဲ့သည့်အတိုင်း အတန်းလိုက် သိမ်းဆည်းခြင်းမှာ ပို၍ အသိဉာဏ် သန့်ရှင်းသည်ကို တွေ့ရ၏။ ရူပါရုံလိုင်း အကောင်းအုပ်စု နာမ်ကမ္မဋ္ဌာန်းဇယားကို ပြန်ကြည့်ပါ။ နာမ်တရား (၃၄)လုံး ပါဝင်သော မဟာကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဆိုကြပါစို့။ ဇယားတွင် ပထမဆုံးအတန်း ဖြစ်သည်။
如此依五蕴法摄取名色时,依名业处诸表所示逐行摄取,能使认识更加清晰。请回看色所缘线善组的名业处表。现以由含34种名法的大善速行为首的眼门心路与意门心路为例;这是表中的第一行。
၁။ ယင်း စက္ခုဒွါရဝီထိ-မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ မှီရာဝတ္ထုရုပ် (၅၄)တို့နှင့် ရူပါရုံ ကို ပူးတွဲသိမ်းဆည်း၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- ရုပ်-ရုပ် ဟုလည်းကောင်း ၂။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်သော ဝေဒနာတိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- ဝေဒနာ-ဝေဒနာ ဟုလည်းကောင်း ၃။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်သော သညာတိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ - သညာ-သညာ ဟုလည်းကောင်း
1.在这些眼门心路与意门心路中,把每一心刹那的54种所依处色法与色所缘合并摄取,以智观至明见,作意“色、色”;2.以每一心刹那中相应的每一种受为所缘,以智观至明见,作意“受、受”;3.以每一心刹那中相应的每一种想为所缘,以智观至明见,作意“想、想”;
原书第 301 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ၄။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်သော ဝေဒနာ-သညာမှ ကြွင်းသော စေတသိက်အားလုံးကို ခြုံ၍ အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- သင်္ခါရ-သင်္ခါရ ဟုလည်းကောင်း ၅။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ပါဝင်သော စိတ်တိုင်း စိတ်တိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ ဝိညာဏ်-ဝိညာဏ် ဟုလည်းကောင်း --- ဤသို့ အသီးအသီး သိမ်းဆည်းပါလေ။ ရူပါရုံလိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်စင်အောင် နည်းမှီး၍ သိမ်းဆည်းပါ။ သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။
4.总摄每一心刹那中除受、想以外的一切相应心所,以它们为所缘,以智观至明见,作意“行、行”;5.以每一心刹那中的每一个心为所缘,以智观至明见,作意“识、识”。应当如此逐项摄取。色所缘线中的善组与不善组,都应依此方法摄取无余;声所缘线等也应同样理解。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。