意门与心所依处

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 31–33 页 · 29 个翻译单元

本页并入了原书的相邻小节:“转向”的含义、“门”的含义、为了避免混杂。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 31 页
၆။ မနောဒွါရ နှင့် ဟဒယဝတ္ထု
6.意门与心所依处
မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန ''မနောဒွါရေ''တိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ-၂-၄၁ဝ။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၂၅၉) ၌ ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း မနောဒွါရ၌ (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြား ထားတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က အထက်ပါအတိုင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်ပေ သည်။ ယင်းဋီကာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“所谓意门,是连同转向〔心〕在内的有分。由于〔心所依处〕是它的所依,所以指心所依处,依‘以能依称所依’的用法说‘在意门中’;意门即在那里生起。”(《大复注》2-410。)《清净道论》(2-259)如先前色业处部分的表格所示,教导把握意门中的五十四种色法。《大复注》师正是针对这一教导作出上述解释。复注这段话的意思如下。
မနောတိ ဘဝင်္ဂစိတ္တံ (သံ-ဋ္ဌ-၃-၅။) အရ ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။
“所谓‘意’,就是有分心。”(《相应部义注》3-5。)依此,有分意净界也称为意门。
မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ-ဋ္ဌ-၃၅။) ဟူသော ဖွင့်ဆိုချက်နှင့်အညီ အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်တတ်သောစိတ်)နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။ ထိုမနောဒွါရ ၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင် မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။
“所谓‘意’,应理解为连同转向〔心〕在内的有分。”依这段解释,连同转向——即审察所缘之心——在内的有分意净界,也称为意门。由于心所依处是该意门的所依,所以指心所依处,借用能依的有分意净界之名——换一种说法,也就是借用能依的有分意净界与转向〔心〕之名——而把它说成意门。意门正依心所依处而生。
ဌာနျူပစာရ ---- ဌာနီ ဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲ ထားသည်ဟု ဆိုလိုသည်။
处所借称(ṭhānūpacāra)——把作为居处者的有分意净界之“意门”名称,或把作为居处者的、连同转向〔心〕在内的有分意净界之“意门”名称,转用于作为处所的心所依处;于是,作为处所的心所依处也依这种借称而被称为意门。
ဤဖွင့်ဆိုချက်များ အရ ---- ၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။
依照这些解释:1.有分意净界也称为意门。
၂။ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။
2.连同转向〔心〕在内的有分意净界也称为意门。
၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့်မနောဒွါရဟု ခေါ်ဆို၏ဟု မှတ်ပါ။
3.心所依处色也依“处所借称”而称为意门。应当如此理解。
သို့အတွက် ဟဒယဝတ္ထုသည် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဓာတ်နှင့် မနောဝိညာဏဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော ဝီထိစိတ်တို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်သောကြောင့် ဝတ္ထုဟူသော အမည်ကို ရရှိ၏၊ သို့သော် မုချအားဖြင့်ကား မနောဒွါရဟူသော အမည်ကို မရရှိပေ။ ဌာနျူပစာရအားဖြင့်သာ မနောဒွါရဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့်ကား ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်
所以,心所依处是有分意净界这一意界,以及除五识之外、称为意识界的诸路心所依而生之色,因此获得“依处”之名;但依本义并不获得“意门”之名,只依“处所借称”才获得“意门”之名。依本义而言,真正称为意门的,是依心所依处而生、如同居处主人一般的有分——
原书第 32 页
မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနော အကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။
——意净界。换一种说法,连同转向〔心〕在内的有分意净界本身也称为意门。
တစ်နည်း ဖလူပစာရ စကားဟု မှတ်ပါ
另一解释:依果名转称其因(phalūpacāra)
အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့သည် မိမိ မိမိတို့၏ ရှေး၌ ကပ်လျက် ဖြစ်သွားကြသော ရှေးရှေးစိတ္တက္ခဏနှင့် အတူ ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော ဟဒယဝတ္ထုရုပ် အသီးအသီးကို မှီ၍ ဖြစ်ကြရ၏။ သို့အတွက် ဟဒယဝတ္ထုသည် အာဝဇ္ဇန်းနှင့် ဘဝင်တို့၏ ရှေးက ဖြစ်နှင့်၍ ယင်း အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့ ဖြစ်ပေါ်လာအောင် မှီရာ နိဿယ ပစ္စယသတ္တိဖြင့် = မှီရာ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေး၏။ ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်း တရားပင်တည်း။
转向心与有分心,各自都依相应的心所依处色而生;该心所依处色是在紧接于它们之前的前一心刹那生起时,与那个心刹那同时生起的。因此,心所依处在转向心与有分心以前已经生起,并以依止缘力——也就是作为所依之因——资助这些转向心与有分心生起。这就是依处前生依止缘。
သို့အတွက် ဟဒယဝတ္ထုကား ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်းတရား ဖြစ်၍ အာဝဇ္ဇန်းနှင့် ဘဝင် စိတ်တို့ကား ဝတ္ထုပုရေဇာတနိဿယ ပစ္စယုပ္ပန်အကျိုးတရားတို့ ဖြစ်ကြ၏။
因此,心所依处是依处前生依止缘这一因法,转向心与有分心则是由依处前生依止缘所生的果法。
အကျိုးဖြစ်ကြသော အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့၏ မနောဒွါရဟူသော အမည်ကို အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်ကိုလည်း ဖလူပစာရအားဖြင့် မနောဒွါရ ဟု ခေါ်ဆိုထားသည် မှတ်ပါ။
把作为果的转向心与有分心之“意门”名称,转用于作为因的心所依处色;所以,作为因的心所依处色,也依“依果名转称其因”的用法被称为意门。应当如此理解。
အာဝဇ္ဇန်း ဟူသည်
“转向”是指什么
မနောတိ ဘဝင်္ဂစိတ္တံ။ ပ ။ မနောဝိညာဏန္တိ သဟာဝဇ္ဇနကဇဝနံ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ ပ ။ မနောဝိညာဏန္တိ ဇဝနဝိညာဏံ။ (သံ-ဋ္ဌ-၃-၅။) သဟာဝဇ္ဇနကဇဝနန္တိ သဟမနောဒွါရာဝဇ္ဇနကံ ဇဝနံ။ (သံ-ဋီ-၂-၂၈၆။) ပထမနည်း ---- ၁။ ဘဝင်စိတ်သည် မနောဓာတ်တည်း။
“所谓‘意’,是有分心。……所谓‘意识’,是连同转向的速行。不要把转向与有分分开;所谓‘意’,应理解为连同转向在内的有分。……所谓‘意识’,是速行识。”(《相应部义注》3-5。)“所谓‘连同转向的速行’,是连同意门转向的速行。”(《相应部复注》2-286。)第一种解释:1.有分心是意界。
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဇောသည် မနောဝိညာဏဓာတ်တည်း။
2.连同意门转向在内的速行,是意识界。
ဒုတိယနည်း ---- ၁။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် မနောဓာတ်တည်း။
第二种解释:1.连同意门转向在内的有分,是意界。
၂။ ဇောစိတ်သည် မနောဝိညာဏဓာတ်တည်း။
2.速行心是意识界。
ဤအထက်ပါ ဖွင့်ဆိုချက်အရ အာဝဇ္ဇန်းဟူသည် မနောဒွါရာဝဇ္ဇန်းကိုပင် ဆိုလိုသည်ဟု မှတ်ပါ။
依照上述解释,应知这里所谓“转向”,就是意门转向。
ဒွါရ ဟူသည်
“门”是指什么
ဒွါရ-သဒ္ဒါသည် လူနေအိမ်များ၏ ပကတိသော တံခါးပေါက်ကိုသာ ဟောရင်း ဖြစ်၏။ ဤနေရာ၌ကား ထိုတံခါးပေါက်နှင့် အလားတူသော စက္ခုပသာဒစသော တရားများကို သဒိသူပစာရအားဖြင့် ဒွါရ-သဒ္ဒါက ဟောပြသည်။ အိမ်တစ်အိမ်ဝယ် တံခါးပေါက် မရှိလျှင် လူတို့သည် မဝင်ရောက်နိုင်ကြကုန်။ တံခါးပေါက် ရှိမှ သာလျှင် အိမ်ထဲသို့ ဝင်ရောက်နိုင်ကြ၏၊ အိမ်မှ ထွက်နိုင်ကြ၏။ ပကတိသော အိမ်တံခါးပေါက်သည် လူတို့ ဝင်ထွက်ကြောင်း ဖြစ်သကဲ့သို့ ခန္ဓာအိမ်ဝယ် စက္ခုပသာဒ စသည် မရှိလျှင် စက္ခုဒွါရဝီထိစသော ဝီထိစိတ်များ လည်း မဖြစ်နိုင်။ ခန္ဓာအိမ်၏ စက္ခုပသာဒ စသော တံခါးပေါက်များသည် စက္ခုဒွါရိက စသော ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ ဖြစ်ပေါ်လာကြောင်းတရားများ ဖြစ်ကြ၏။ သို့အတွက် ဖဿ စသော ထိုထို ဒွါရ၌ ဖြစ်ကြကုန်သော နာမ်တရားစုတို့၏ ဝင်ရောက်လာကြောင်း ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် စက္ခုပသာဒ
“门”(dvāra)一词,本来只表示人居房屋的普通门口;在这里,则依同类借称,用“门”一词表示眼净色等与房门相似的法。一所房屋若没有门,人们便不能进入;有门,才能进入屋内,也能从屋内出去。普通房门是人们出入之处;同样,如果五蕴这所房屋中没有眼净色等,眼门心路等路心就不能生起。五蕴之屋的眼净色等门口,是眼门心路等路心仿佛进入、也就是得以生起的因。因此,由于眼净色——
原书第 33 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း စသည်တို့ကိုလည်း သဒိသူပစာရအားဖြင့် တင်စား၍ လူတို့သုံးဆောင်ရာ ဝင်ရောက်ရာ အိမ်တံခါးနှင့် တူသဖြင့် ဒွါရဟု ခေါ်ဆိုပေသည်။
——等是生于各门的触等名法仿佛进入、也就是得以生起之因,又与人们出入所用的房门相似,所以依同类借称而称为“门”。
ရောယှက် ရှုပ်ထွေးမှု ကင်းရန်
为了避免混杂
နာမ်တရားတို့ကို မှီရာ ဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရ အလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူကြ၏။ ဝတ္ထု (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား၊ အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ သိနေကြသည့် ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဝိညာဏဓာတ် အမည်ရကြသည့် ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ်တို့သည် ဟဒယဝတ္ထု၌ မှီ၍ ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ထို့ကြောင့် ဤကျမ်းတွင်လည်း ရောယှက် ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရဝီထိ စသော အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းပုံ ဝိပဿနာ
按所依之依处把握名法会有混杂,所以诸义注教导依处门把握、观修名法。六种依处中,心所依处不但是除五识之外、称为意识界而能依情况识知六所缘的诸路心所依之色,也是结生心、有分心、死亡心这些离路心所依之色。因此,如果按所依之依处把握、观修名法,因为能依情况识知全部六所缘的诸路心都依心所依处而生,就仍会混杂。故本书为了避免混杂,只说明依眼门心路等处门来把握名法以及作观修——
ရှုပွားပုံကိုသာ ဖော်ပြအပ်ပါသည်။ အထက်တွင် ရှင်းပြခဲ့သော အနုပဒသုတ္တန်အဋ္ဌကထာ၌ လာရှိသော ဝတ္ထု ဟူသည်မှာလည်း အာယတနဒွါရ အမည်ရသည့် ဒွါရကိုပင် ဆိုလိုသည်ဟု မှတ်ပါ။
——的方法。还应知道,上文《逐一经义注》所说的“依处”,指的正是称为处门的“门”。
ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသောအိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းတတ် ရှုပွားတတ်မည် ဖြစ်သည်။ အလားတူပင် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်၏ မှီ၍ဖြစ်ရာ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။
能够把握、观修心所依处色的禅修者,也能轻易把握、观修依该心所依处色而生、如同居处主人一般的有分意净界。同样,能够把握、观修有分意净界这一意门的禅修者,也能轻易把握、观修作为该有分意净界所依的心所依处色。
မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ (သံ-၁-၃ဝ၂။) ဤသို့စသော ဒေသနာတော်များ၌ ဟောကြားတော်မူသည့်အတိုင်း မနောဝိညာဏဓာတ် အမည်ရသည့် နာမ်တရားစုတို့ကို သိမ်းဆည်းလို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်မြတ်သည် ယင်း မနောဝိညာဏဓာတ်တို့၏ စွဲမှီ၍ ဖြစ်ရာ ဖြစ်သော ---- ၁။ မန အမည်ရသည့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း၊ ၂။ ဓမ္မာရုံအမည်ရသည့် တရားတို့ကိုလည်းကောင်း သို့မဟုတ် အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးကိုလည်းကောင်း ပူးတွဲ သိမ်းဆည်းပြီးမှ ယင်းမနောဝိညာဏဓာတ် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။
“缘意与诸法,意识生起。”(《相应部》1-302。)依此等教说,想要把握、观修称为意识界的一组名法的禅修者,应先配合把握:1.作为那些意识界所依之门、称为“意”的有分意净界,即意门;2.称为法所缘的诸法,或者六所缘中的任何一种;然后再把握、观修那些意识界名法。
ထိုသို့ ဒွါရနှင့် အာရုံ သို့မဟုတ် ဝတ္ထုနှင့် အာရုံတို့ကို ပူးတွဲသိမ်းဆည်းပြီးမှ ဆိုင်ရာ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ထိုနာမ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။ နာမ်တရားတို့၏ သက်တမ်းကား အလွန် တိုတောင်းလှသဖြင့် ယင်းတို့ စွဲမှီ၍ဖြစ်ရာ ဌာနမှ စောင့်၍ သိမ်းဆည်းပါမှ ယင်းနာမ် တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။
如此先把门与所缘,或依处与所缘配合起来把握,再把握、观修相应名法,便能轻易把握、观修这些名法。名法的寿命极为短暂,唯有守候在它们所依而生之处加以把握,才能用智分别、把握并观修这些名法。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。