所谓否定阿毗达磨者

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 302–304 页 · 19 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 302 页
အဘိဓမ္မာကို ပယ်သူဟူသည်
所谓否定阿毗达磨者
အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊ သဗ္ဗညုတဉာဏံ ပဋိဗာဟတိ၊ သတ္ထု ဝေ- သာရဇ္ဇဉာဏံ ပဋိနိဝတ္တေတိ၊ သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ။ အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ၊ ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။ တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော ''ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿတီ''တိ။ (အဘိ-ဋ္ဌ-၁-၃ဝ။) ဤအထက်ပါ အဋ္ဌကထာ စကားရပ်တို့ကား အဘိဓမ္မာကို ဘုရားဟော မဟုတ်ပါဟု ငြင်းပယ်နေသော ပုဂ္ဂိုလ်တို့အတွက်လည်းကောင်း၊ အဘိဓမ္မာ၌ ဟောကြားထားသော ခန္ဓာ အာယတန ဓာတ်ဟူကုန်သော ရုပ် ပရမတ် နာမ်ပရမတ်တို့ကို ဝိပဿနာရှုဖို့ မလိုဟု ယူဆနေကြသော သူတော်ကောင်းတို့အတွက်လည်းကောင်း သတိပေးထားသော စကားရပ်တို့ ဖြစ်ကြ၏။ ယင်းအဋ္ဌကထာစကားရပ်၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။
“阻拒阿毗达磨者,就是打击此胜者教轮,阻拒一切知智,使导师的无畏智退却,误导想要听闻的众会,在圣道上设置障碍。他显现出十八种破僧事中的一项,理应受举罪羯磨与呵责羯磨。施作相应的羯磨之后,应将他遣走,说:‘去吧!就以吃残食者的身份维生。’”(《殊胜义注》1-30。)以上义注之语,一方面是对那些否认阿毗达磨为佛说之人的警告,另一方面也是对那些认为不必观照阿毗达磨所说、称为蕴、处、界的胜义色与胜义名之贤者的警告。这段义注的含义如下。
အဘိဓမ္မာကို ဘုရားဟော မဟုတ်ပါဟု အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်၊ အဘိဓမ္မာ၌လာသော ခန္ဓာ အာယတန ဓာတ် သစ္စာဟု ဆိုအပ်ကုန်သော ရုပ်ပရမတ် နာမ်ပရမတ်တို့ကို ဝိပဿနာ မရှုသင့်ကြောင်း ရှုဖို့ မလိုကြောင်း ပြောကြားလျက် အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်သည် ဤမြတ်စွာဘုရား၏ အဆုံးအမသာသနာ တော်တည်းဟူသော မြတ်သော တရားဓမ္မစက်ကို ပုတ်ခတ်စော်ကားခြင်းကို ပေးရာ ရောက်၏၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို တားမြစ်ရာ ရောက်၏။ ဘုရားရှင်၏ အလွန်ရဲရင့်သော ဝေသာရဇ္ဇဉာဏ်တော် မြတ်ကို ဆုတ်နစ်စေ၏၊ အဘိဓမ္မာတရားတော်ကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်း ပရိသတ်ကို အမှားမှား အယွင်းယွင်း ပြောဆိုစေ၏ (= အဘိဓမ္မာ၌လာသော ရုပ်နာမ်တို့ကား သာဝကတို့၏ အရာမဟုတ်၊ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာ ဖြစ်၏၊ ရဟန္တာ အရှင်မြတ်ကြီးတို့၏ အရာသာ
有人说阿毗达磨不是佛说,从而阻拒阿毗达磨;又说不应、也不必观照阿毗达磨中称为蕴、处、界、谛的胜义色与胜义名,从而阻拒阿毗达磨。这样的人,就是在打击、侵害世尊的教诫与教法这一殊胜法轮,阻拒佛陀崇高的一切知智,使佛陀极为无畏的无畏智退却,并误导想要听闻、修习阿毗达磨的贤善众会。〔也就是说,他向他们作出种种错误说法:“阿毗达磨所说的色名,不是声闻弟子的行境,只是具一切知智的正等觉佛陀之行境,只是诸大阿罗汉之行境
ဖြစ်၏။ --- ဤသို့ စသည်ဖြင့် အဘိဓမ္မာကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်းပရိသတ် ကို အမှားမှား အယွင်းယွင်း ပြောဆိုစေ၏။) အရိယာ သူတော်ကောင်း ဖြစ်ကြောင်း လမ်းစဥ်၌ ပိတ်ဆီးကြောင်း ဖြစ်သော စည်းရိုးကြီးကို ကာရံ ဖွဲ့ချည်ထားရာ ရောက်၏။ သံဃာကွဲပြားကြောင်း ဖြစ်ကုန်သော ဘေဒကရ ဝတ္ထုတို့တွင် တစ်ခုခုကို ထင်ရှားပြရာ ရောက်၏။
而已。”诸如此类,他以种种错误之言误导想要听闻、修习阿毗达磨的贤善众会。〕他等于在通往圣者之路上筑起一道巨大的障碍围篱,并显露出诸破僧事中的一项。
ထိုရဟန်းတော်ကို သံဃာတော်က ကံကြီး ကံငယ် အသွယ်သွယ်တို့၌ ပစ်ပယ်ထားရန် သံဃာဘောင်မှ နှင်ထုတ်ခြင်း = ဥက္ခေပနီယကံကို ပြုထိုက်၏။ သံဃာတော်၏ ခြိမ်းချောက်မှုကို ခံရသော တဇ္ဇနိယကံကို ပြု- ထိုက်၏။ (ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ မဟုတ်ဟု ငြင်းခုံခြင်းသည် ဝိဝါဒ မည်၏။ ''ဗုဒ္ဓအဘိဓမ္မာ သည် လူသားတို့အတွက် အကျိုးကျေးဇူး တစ်စုံ တစ်ရာကို မပြုနိုင်၊ သာဝကတို့သည် ဗုဒ္ဓအဘိဓမ္မာ၌ လာသော ရုပ် နာမ် ပရမတ်တို့ကို ရှုလို့ မရနိုင်၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အလွန် တို- တောင်းသော အချိန်ကာလ အတွင်းဝယ် ကုဋေတစ်သိန်းမက ဖြစ်ပျက်သွားသော ဒီနာမ်တရားတွေကို ဘယ်လို လုပ် ရှုမလဲ'' --- ဤသို့ စသည်ဖြင့် ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်ကာ အဘိဓမ္မာ၏ အပြစ်တို့ကို ပြောကြပြန်၏၊ ထိုသို့ ပြောဆိုခြင်း ငြင်းခုံခြင်းတို့ကား အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းဟူသော ဓမ္မအဝဏ္ဏဘာသနလည်း
僧团应对该比丘施作举罪羯磨:把他排除在各种大、小僧团羯磨之外,使其暂停参与僧团共同生活;也应施作使他受到僧团呵责的呵责羯磨。〔争辩佛所说的阿毗达磨并非佛说,名为“诤论”。他们又说:“佛陀的阿毗达磨不能给人类带来任何利益;声闻弟子不可能观照佛陀阿毗达磨所说的胜义色名;在一眨眼、一闪电、一弹指这样极短的时间里,生灭超过十万俱胝的这些名法,怎么可能观照呢?”诸如此类,他们拿“十万俱胝”这个数字作武器,宣说阿毗达磨的过失。这类言说与争辩,也是所谓“贬损法之说”,即宣说阿毗达磨的过失
ဖြစ်၏၊ ထိုသို့သော ပုဂ္ဂိုလ်ကို ဥက္ခေပနီယကံလည်း ပြုထိုက်၏၊ တဇ္ဇနီယကံလည်း ပြုထိုက်၏ - ဟု ဆိုလို၏။) ထိုကြောင့် ထိုကံများကို ပြု၍ ---
之举;这意味着,对于这样的人,既应施作举罪羯磨,也应施作呵责羯磨。〕因此,施作这些羯磨之后
原书第 303 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ''စားကြွင်းစား = သူတောင်းစားလုပ်ကာ အသက်မွေးလေတော့''ဟု ပြောဆို နှင်ထုတ်ရမည်။ ---
应对他说:“去吧!就做一个吃残食的乞者,以此维生。”然后把他遣走。
(အဘိ-ဋ္ဌ-၁-၃ဝ။)
(《殊胜义注》1-30。)
ဤအထက်ပါ အဋ္ဌကထာ၏ သတိပေးချက်ကို ဦးထိပ်ရွက် ပန်ဆင်လျက် အဘိဓမ္မာကို အရမ်းမဝေဖန် မိဖို့ရန် နိဗ္ဗာန်ကို လိုလားသူတိုင်း အထူးသတိပြုရမည် ဖြစ်ပေသည် --- သူတော်ကောင်းအပေါင်းတို့ …
每一位向往涅槃的人,都应把以上义注的警告恭敬顶戴于首,格外谨慎,切勿轻率地批评阿毗达磨。诸位贤者……
ဝေသာရဇ္ဇဉာဏ်တော်မြတ် လေးပါး
四种无畏智
ရဟန်းတို့ …မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော် ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ အဘယ် (၄)မျိုးတို့နည်း ဟူမူ --- ၁။ အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ် ဝန်ခံတော်မူသော အရှင်ဘုရားသည် ''ဤမည် သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေး''ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ် ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင် ဖြစ်စေ ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်
“诸比丘,世尊有这四种无畏智。具足这些无畏智的世尊,宣称自己处于最上、为具一切知智者;在众会中发无畏之言,转动殊胜法轮。是哪四种呢?一、我宣称自己是正等觉佛陀:不依导师,而以自生智亲自、如实、正确地现前通达一切法。对于这样的我,若有人说‘这些法你尚未通达’,无论他是沙门、婆罗门、天、魔、梵,还是世间任何人,我都看不见他能就此提出合乎理据的责难。因此,我安住于寂静、
လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။
安稳与无所畏之中。”
၂။ အာသဝေါတရားတို့ ကုန်ပြီးသူ ခီဏာသဝ = ရဟန္တာအဖြစ် ဝန်ခံတော်မူသော အရှင်ဘုရားအား --- ''ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန်'' --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏ ဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သော သူပင်ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေး- ခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။
“二、我宣称自己是诸漏已尽的漏尽者,即阿罗汉。对于这样的我,若有人说‘这些漏你尚未断尽’,无论他是沙门、婆罗门、天、魔、梵,还是世间任何人,我都看不见他能就此提出合乎理据的责难。因此,我安住于寂静、安稳与无所畏之中。”
၃။ ''စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏။ --- ဟု အရှင်ဘုရား ဟောကြားထားတော်မူအပ်ကုန် သော ထိုတရားတို့သည် မှီဝဲသောသူအား စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို မပြုနိုင်ကုန်'' --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်- သောသူပင် ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရားမြင်တော် မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။
“三、对于这样的我,若有人说:‘你所宣说为“能障碍禅那、道与果”的那些法,并不能障碍亲近它们的人证得禅那、道与果’,无论他是沙门、婆罗门、天、魔、梵,还是世间任何人,我都看不见他能就此提出合乎理据的责难。因此,我安住于寂静、安稳与无所畏之中。”
၄။ ''သံသရာဝဋ်ဆင်းရဲ ဒုက္ခကုန်ခြင်းငှာ ဟောကြားထားတော်မူအပ်သော အရှင်ဘုရား၏ တရားတော်သည် ဟောတော်မူသည့်အတိုင်း ကျင့်သသူအား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကောင်းစွာ မထုတ်ဆောင်နိုင်'' --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံ တစ်ယောက်သောသူပင် ဖြစ်စေ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော် မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။
“四、对于这样的我,若有人说:‘你为了令轮回之苦灭尽而宣说的法,不能把依照所说而修行的人妥善引出轮回之苦’,无论他是沙门、婆罗门、天、魔、梵,还是世间任何人,我都看不见他能就此提出合乎理据的责难。因此,我安住于寂静、安稳与无所畏之中。”
原书第 304 页
ရဟန်းတို့ …မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော် ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ (အံ-၁-၃၁၅။ ဝေသာရဇ္ဇသုတ္တန်။) ဤသည်တို့ကား ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော် (၄)ပါးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော် (၄) ပါးတို့တွင် (၄)ခုမြောက်ဖြစ်သော စတုတ္ထဝေသာရဇ္ဇဉာဏ်တော်ကို အထူးဂရုပြုကြည့်ပါ --- အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း --- သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် အပရိဇာနန သုတ္တန်တွင် --- အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ပိုင်းပိုင်းခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင် --- ဟု ဟောကြားထားတော်မူခဲ့၏။
“诸比丘,世尊有这四种无畏智。具足这些无畏智的世尊,宣称自己处于最上、为具一切知智者;在众会中发无畏之言,转动殊胜法轮。”(《增支部》1-315,《无畏经》。)以上就是佛陀的四种无畏智。在这四种无畏智中,请特别留意第四种无畏智。如上文已经反复解释,《相应部·六处品》的《不遍知经》教示:如果不以三种遍知之慧清楚分别一切色名,直至证达道与果,就不能灭尽轮回之苦。
(သံ-၂-၂၄၉-၂၅ဝ။)
(《相应部》2-249—250。)
ယင်းအလုံးစုံသော ရုပ်-နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ပိုင်းပိုင်းခြားခြား သိရှိရေးအတွက် အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ခေါ်ဆို အပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရ၏။ သို့- အတွက် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းများ ဖြစ်ကြ၏။ တစ်နည်းဆိုရသော် ယင်းမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို မှန်ကန်စွာ အဆင့် ဆင့် ကျင့်ခြင်းကြောင့် အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်- အောင် ပိုင်းပိုင်းခြားခြား သိရှိလာ၏။ ယင်းသို့ သိရှိခြင်းသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းပင် ဖြစ်၏။
为了以三种遍知之慧清楚分别这一切色名,直至证达道与果,必须有系统地修习、努力培育应在圣道前分圆满的八支圣道;这称为“前分念处道”。因此,八支圣道就是能导向脱离轮回之苦的能出离善法。换言之,由于依次正确修习这八支圣道,行者便能以三种遍知之慧清楚分别一切色名,直至证达道与果;像这样如实了知,本身就是能导向脱离轮回之苦的能出离善法。
အကယ်၍ အသင်သူတော်ကောင်းသည် ''အဘိဓမ္မာ၌ လာရှိသော အလုံးစုံသော ရုပ်နာမ်တို့ကို ဝိပဿနာရှုဖို့ မလို၊ ရှုလို့ မရနိုင်၊ ဤလို ဤလိုသာ ရှုရ၏၊ ဤဟာ ဤဟာကိုသာ ရှုရ၏''ဟု ဤသို့ ပြောဆို လာငြားအံ့၊ -- ဤကဲ့သို့သော ပြောဆိုမှုမျိုးကိုပင် ရည်ရွယ်တော်မူ၍ အဋ္ဌသာလိနီအဋ္ဌကထာ ဆရာတော်က - ''အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်သည် ဤမြတ်စွာဘုရား၏ အဆုံးအမသာသနာတော်တည်းဟူသော မြတ်သော တရားဓမ္မစက်ကို စော်ကားခြင်းကို ပေးရာ ရောက်၏၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးကို တားမြစ်ရာ ရောက်၏၊ ဘုရားရှင်၏ အလွန်ရဲရင့်သော ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေ၏၊ အဘိ- ဓမ္မာတရားတော်ကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်း ပရိသတ်ကို အမှားမှား အယွင်း- ယွင်း ပြောဆိုစေ၏။ --- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၁-၃ဝ။) ပညာရှိသော်လည်း သတိဖြစ်ခဲ၏။
贤者,如果你说:“不必观照阿毗达磨所说的一切色名,而且也不可能观照;只能这样、那样观,只能观这个、那个。”《殊胜义注》的论师正是针对这类说法而解释道:“阻拒阿毗达磨者,就是在打击世尊的教诫与教法这一殊胜法轮,阻拒佛陀的一切知智,使佛陀崇高的无畏智退却,并误导想要听闻、修习阿毗达磨的贤善众会。”等等。(《殊胜义注》1-30。)即使有智慧,也难免一时失念。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。