(甲)入出息品(ānāpānapabba)·第一阶段
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 448–449 页 · 27 个翻译单元
本页并入了原书的相邻小节:身随观念处、(甲)入出息品(ānāpānapabba)·第一阶段。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 448 页
သတိပဋ္ဌာန်တရား (၄) ပါး အခန်း
四念处章
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ ၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် --- ဟု ဤသို့လျှင် သတိပဋ္ဌာန်တရားသည် (၄)မျိုး (၄)စား ရှိ၏။ အနုပဿနာ (၄)ပါးဟုလည်း ခေါ်ဆို၏။ ထို (၄)မျိုးတွင် -- ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက်၊ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်သော် ယင်းသတိပဋ္ဌာန်ကို ကာယာနုပဿနာ သတိပဋ္ဌာန်ဟူ၍ ခေါ်ဆိုပေသည်။ ဤကျမ်းစာတွင် ယခု တင်ပြနေသော နာမ်ကမ္မဋ္ဌာန်းပိုင်း အထိ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော --- က။ အာနာပါနပဗ္ဗ --- ပထမဆင့်၊ ခ။ ဣရိယာပထပဗ္ဗ --- ပထမဆင့်၊ ဂ။ သမ္ပဇညပဗ္ဗ --- ပထမဆင့်၊ ဃ။ ဓာတုမနသိကာရပဗ္ဗ --- ပထမဆင့် --- ဤအပိုင်းကြီး (၄)ပိုင်းတွင် ပထမဆင့်ကျင့်စဥ်တို့ကို ဖော်ပြပြီး ဖြစ်ပါသည်။ ဤမျှဖြင့်ကား ကျင့်စဥ် မပြီး
1.身随观念处;2.受随观念处;3.心随观念处;4.法随观念处。如此,念处法共有四种,也称为四种随观。在这四种之中,以色法为先导,摄取色名,继而寻找这些色名的因法;再把连同因法的色名安立于三相之下,修习、审察观禅,这一念处就称为身随观念处。本书截至现今所讲的名业处篇,已经说明了摄入身随观念处的四大部分之第一阶段修法:甲、入出息品第一阶段;乙、威仪品第一阶段;丙、正知品第一阶段;丁、界作意品第一阶段。至此,修法尚未
ဆုံးသေးပါ၊ ရှေ့ဆက်ရန် များစွာ ရှိနေပါသေးသည်။ သို့သော် ရှေ့ဆက်ရမည့် ကျင့်စဥ်များကို မဖော်ပြမီ သတိပဋ္ဌာန် (၄)ပါးလုံး၌ ပထမဆင့်ကို တစ်ဖန်ပြန်၍ ရှင်းလင်း တင်ပြအပ်ပါသည်။
完成,后续还有许多内容。不过,在说明后续修法以前,先再次阐明四念处各自的第一阶段。
ကာယာနုပဿနာ သတိပဋ္ဌာန်
身随观念处
(က) အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့်
(甲)入出息品(ānāpānapabba)·第一阶段
သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။
“彼具念而入息,具念而出息。”
၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။
“1.入息长时,他了知:‘我入息长。’”
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။
“出息长时,他了知:‘我出息长。’”
၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။
“2.入息短时,他了知:‘我入息短。’”
ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။
“出息短时,他了知:‘我出息短。’”
၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
“3.他训练:‘我将觉知整个息身而入息。’”
သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
“他训练:‘我将觉知整个息身而出息。’”
၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။
“4.他训练:‘我将平息身行而入息。’”
ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။
“他训练:‘我将平息身行而出息。’”
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ဒီဃံ ဝါ အဉ္ဆန္တော ''ဒီဃံ အဉ္ဆာမီ''တိ ပဇာနာတိ၊ ရဿံ ဝါ အဉ္ဆန္တော ''ရဿံ အဉ္ဆာမီ''တိ ပဇာနာတိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု --- ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ပ ။
“诸比丘,譬如熟练的旋工或旋工学徒,长拉时了知:‘我长拉。’短拉时了知:‘我短拉。’同样,诸比丘,比丘入息长时,了知:‘我入息长。’……”
ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ-၁-၇ဝ-၇၁။)
“他训练:‘我将平息身行而出息。’”(《中部》1-70—71。)
原书第 449 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ထိုရဟန်းသည် --- သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏။
该比丘唯在具念时使入息生起。
သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏။
唯在具念时使出息生起。
၁။ ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ရှည်- စွာမူလည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။
1.入息长时,他了知:“我入息长。”出息长时,他了知:“我出息长。”
၂။ တိုစွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ တိုစွာမူ လည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။
2.入息短时,他了知:“我入息短。”出息短时,他了知:“我出息短。”
၃။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ဖြစ်စေအံ့ ဟု ကျင့်၏။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု ကျင့်၏။
3.他训练:“我将清楚觉知入息从初、中至后的全部过程而入息。”他训练:“我将清楚觉知出息从初、中至后的全部过程而出息。”
၄။ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်း ကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
4.他训练:“我将使粗重的入息平息而入息。”他训练:“我将使粗重的出息平息而出息。”
ရဟန်းတို့ …ဥပမာသော်ကား --- ကျွမ်းကျင်သော ပွတ်သမားသည်သော်လည်းကောင်း၊ ပွတ်သမား၏ တပည့်သည်သော်လည်းကောင်း ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း ရှည်ရှည်ဆွဲငင်၏ဟု သိ၏၊ ပွတ်ကြိုး ကို တိုတိုဆွဲငင်လျှင်လည်း တိုတိုဆွဲငင်၏ဟု သိ၏။ ရဟန်းတို့ …ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည်- ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ပ ။
诸比丘,譬如熟练的旋工或旋工学徒,长拉旋绳时,了知:“我长拉。”短拉旋绳时,了知:“我短拉。”同样,诸比丘,瑜伽行比丘入息长时,了知:“我入息长。”……
ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
他训练:“我将使粗重的出息平息而出息。”
(မ-၁-၇ဝ-၇၁။)
(《中部》1-70—71。)
ဤကား အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့် ဖြစ်ပါသည်။ ဤအာနာပါနပိုင်း ပထမဆင့်တွင် - ၁။ အာနာပါန စတုတ္ထစျာန်သို့တိုင်အောင် သမာဓိကို ထူထောင်ပုံ အပိုင်းကိုလည်းကောင်း၊ ၂။ အဿာသပဿာသကာယ --- အမည်ရသော ရုပ်တရား၊ ၃။ ထိုအဿာသပဿာသကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရား၊ ၄။ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရား၊ ၅။ အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် နာမ်တရား --- ဤ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပုံ အပိုင်းကိုလည်းကောင်း ရေးသားတင်ပြခဲ့ပြီးလေပြီ။
以上就是入出息品第一阶段。在这一阶段中,本书已经说明:1.如何建立定,直至入出息第四禅;2.称为“入出息身”的色法;3.作为入出息身之所依、称为“所生身”的四因所生色法;4.以这些色法为所缘而生起的名法;5.入出息初禅、第二禅、第三禅、第四禅的名法,以及如何摄取这些色法与名法。
အာနာပါနပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ပင် ဖြစ်သည်။
这正是入出息部分所摄身随观念处的第一阶段。