见时应观什么

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 301–302 页 · 9 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 301 页
မြင်လျှင် ဘာကို ရှုရမည်နည်း
见时应观什么
ဤအဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းသည် ဤအထက်ပါ မေးခွန်းကို ဖြေဆိုနိုင် လောက်ပြီ။ အကယ်၍ မဖြေနိုင်သေးပါဟုဆိုလျှင် အဖြေမှာ ဤသို့ ဖြစ်၏။
修到这一阶段的贤善行者,应当已经足以回答上述问题。若仍不能回答,答案如下。
ရူပါရုံကို မြင်ခိုက်ဝယ် ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ ရူပါရုံကို ဆက်လက် အာရုံယူနေကြကုန် သော မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ --- ၁။ အာယတနဒေသနာတော်နည်း အရ - အာယတန (၄) ပါးစီ ၂။ ဓာတု ဒေသနာတော်နည်း အရ - ဓာတ် (၄) ပါးစီ ၃။ ခန္ဓဒေသနာတော်နည်း အရ - ခန္ဓာ (၅) ပါးစီ --- ဤသို့သော ရုပ်-နာမ် ပရမတ်အစစ် ဓာတ်အနှစ်တို့ကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရှုပွား ရမည်။
见色所缘时生起的眼门心路,以及继续取该色所缘为所缘的诸意门心路,在它们的每一心刹那中,应当以智观至明见,摄取、观修如下真实的究竟名色及其界之精髓:1.依处教说之法,每一刹那有4处;2.依界教说之法,每一刹那有4界;3.依蕴教说之法,每一刹那有5蕴。
ဤကား အဖြေတည်း။ ဤအဖြေမှာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း = ဒိဋ္ဌိဝိသုဒ္ဓိစခန်းပိုင်းကို ရည်ရွယ်၍ ဖြေဆို ထားသော အဖြေသာ ဖြစ်သည်။
这就是答案。不过,这一答案只是针对名色分别智部分,即见清净阶段而作的回答。
အကယ်၍ အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါက ယင်းစိတ္တက္ခဏတိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။) အကယ်၍ အသင်သူတော်ကောင်းသည် လက္ခဏာဒိစတုက္ကပိုင်းသို့ ရောက်ရှိခဲ့ပါမူ ယင်းစက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိကြသော ပရမတ္ထဓာတ်သားခန္ဓာ (၅)ပါးတို့၌ ပရမတ္ထ တရားလုံးတိုင်း တရားလုံးတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ထပ်မံ၍ သိမ်းဆည်းရဦးမည် ဖြစ်သည်။ (လက္ခဏာဒိစတုက္ကပိုင်းတွင် ထင်ရှားလတ္တံ့။) တစ်ဖန် အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်ရှိပါမူကား ယင်းစက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော --- ခန္ဓာ အာယတန ဓာတ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများရမည် ဖြစ်-
若贤善行者修到缘摄受智部分,就应在每一心刹那中摄取因法与果法。〔这将在缘起部分明示。〕若贤善行者修到特相等四法这一部分,则还须对于眼门心路、意门心路每一心刹那中所含、所住的究竟界性五蕴,依特相、作用、现起、近因之法,逐一摄取其中每一个究竟法。〔这将在特相等四法部分明示。〕再者,若贤善行者修到毗婆舍那部分,则须对于眼门心路、意门心路每一心刹那中存在的蕴、处、界,标举无常、苦、无我三相,修习毗婆舍那禅修业处。
ပေသည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ကြားခိုက် စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။
〔这将在毗婆舍那部分明示。〕听闻时等也应同样理解。
ဤကား မြင်ခိုက် ကြားခိုက် စသည်တို့၌ မည်သည့် အဆင့်၌ မည်ကဲ့သို့သော ပရမတ္ထဓာတ်သားတို့ကို မည်သို့ မည်ပုံ သိမ်းဆည်းရမည် ရှုပွားရမည်ဟု ညွှန်ကြားထားတော်မူသော ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ အဆိုအမိန့်တို့ပင် ဖြစ်ကြသည်။
以上正是巴利圣典、义注与复注的教说和指示:见时、闻时等,在什么阶段,应以何种方式摄取、观修哪些究竟界性之法。
သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တရားစစ် တရားမှန်ကိုသာ လိုလားတောင့်တလျက် ရှိသော၊ ဤဘဝ မှာပင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် အစစ်ကြီးကိုသာ မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက်သိမြင်လိုသော၊
对于只向往、渴求一切知正等觉佛陀真实正法,只愿就在此生以道、以果洞彻真实无为界、寂静界、涅槃的贤善行者;对于
原书第 302 页
အပါယ် ဘေးဆိုးကြီးမှ ကျွတ်လို လွတ်လိုသော၊ အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီးမှ အပြီးတိုင် ထွက်မြောက်လိုသော အသင် ယောဂါဝစရသူတော်စင်အဖို့ ဤအထက်ပါ ညွှန်ကြားချက်တို့ကား ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ရွှေပေလွှာတို့သာ ဖြစ်ကြပေသည်ဟု နှလုံးပိုက်တော်မူပါလေ။
希望脱离、解脱恶趣大难,希望彻底出离老、病、死三大灾厄的贤善瑜伽行者而言,上述这些指示正是应当恭敬顶戴、遵循实践的金叶经书。请如此铭记于心。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。