依出离舍
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 497–500 页 · 23 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 497 页
နေက္ခမ္မသိတ ဥပေက္ခာ
依出离舍
ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ''ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ ဥပေက္ခာ၊ ယာ ဧဝရူပါ ဥပေက္ခာ၊ ရူပံ သာ အတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ နေက္ခမ္မသိတာတိ ဝုစ္စတိ။(မ-၃-၂၆၁-၂၆၂၊၊)
“了知诸色的无常,以及它们的变异、离贪与灭,以正慧如实看见:‘过去与现在的一切色,都是无常、苦、会变异之法。’如此观见时,舍便生起;这样的舍超越色,所以称为依出离舍。”(《中部》3-261—262。)
原书第 498 页
ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း = ဝိပရိဏာမသဘော၊ ကင်းပြတ်ခြင်း = ဝိရာဂသဘော၊ ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ''ရှေး၌ ဖြစ်ခဲ့ ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း၊ ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန် သော ထိုရူပါရုံတို့သည် --- ၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း။
了知色所缘的无常性质,以及变异的性质、离贪的性质和灭的性质以后,如此观照:“过去曾经生起的色所缘也好,现在的色所缘也好,所有这些色所缘:1.都只是生起以后便会坏灭的无常法;
၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း။
2.都只是不断遭受生、灭逼迫的苦法;
၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း။
3.都只是会因老、死而变异坏灭的变异法。”
ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ဟုတ်မှန်သည့်အတိုင်း ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရ တရားတို့အပေါ်၌ လျစ်လျူရှုနိုင်သော ဥပေက္ခာသည် ဖြစ်ပေါ်လာ၏။〔ဥပေက္ခာဝေဒနာနှင့် တတြမဇ္ဈတ္တုပေက္ခာ ဟူသော တတြမဇ္ဈတ္တတာစေတသိက် နှစ်မျိုးလုံးကိုပင် ဤ၌ ဥပေက္ခာဟု ဆိုလိုသည်။ (ဒီ-ဋ္ဌ-၂-၃၂၃။)〕 ဤသို့ သဘောရှိသော ယင်းဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာသည် ရူပါရုံကို၊ တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာ ကို လွန်၍ ဖြစ်၏၊ လွန်မြောက်နိုင်၏။ ထိုကြောင့် ထိုဥပေက္ခာကို နေက္ခမ္မသိတဥပေက္ခာဟူ၍ ခေါ်ဆိုအပ်၏။
如此以观智无倒、如实地观见色所缘时,正在这样以观智如实观见的瑜伽行者,其相续中便会生起能对诸行保持中舍的“舍”。〔这里所谓“舍”,同时包括舍受,以及称为“中舍性之舍”的中舍性心所两者。(《长部义注》2-323。)〕具有这种性质的舍,能够超越色所缘,换言之,能够超越缘色所缘而生的烦恼。因此,这种舍称为“依出离舍”。
(မ-၃-၂၆၁-၂၆၂။)
(《中部》3-261—262。)
သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။
对于声、香、味、触与法所缘,也以同样方式开示。
နေက္ခမ္မသိတဥပေက္ခာ (၆)မျိုးတည်း။
因此共有六种依出离舍。
ဣမာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဣမာ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာဒိအာရမ္မဏေ အာပါထဂတေ ဣဋ္ဌေ အရဇ္ဇန္တဿ အနိဋ္ဌေ အဒုဿန္တဿ အသမပေက္ခနေ အသမ္မုယှန္တဿ ဥပ္ပန္နဝိပဿနာ ဉာဏသမ္ပယုတ္တာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဝေဒိတဗ္ဗာ။ (မ-ဋ္ဌ-၄-၁၈၇။) အသမပေက္ခနေတိ အသမံ အယုတ္တဒဿနေ အယောနိသော သမ္မောဟပုဗ္ဗကံ အာရမ္မဏဿ ဂဟဏေ။
“所谓这六种依出离舍,应知是:当可意等所缘显现于六门时,对于可意所缘不贪,对于不可意所缘不嗔,不因无等观而迷惑者所生、与观智相应的六种舍。”(《中部义注》“所谓‘于无等观’,是指无等、不适当之见,即以不如理、由痴为先而执取所缘。”
(မ-ဋီ-၃-၃၈၄။)
(《中部复注》3-384。)
ဤနေက္ခမ္မသိတ ဥပေက္ခာ (၆)မျိုးတို့ကား ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဒွါရ (၆)ပါးတို့၌ --- ၁။ အလိုရှိအပ် နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံ (၆)မျိုး၊ ၂။ အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သော အနိဋ္ဌာရုံ (၆)မျိုး၊ ၃။ အလယ်အလတ် အလိုရှိအပ်သော မဇ္ဈတ္တာရုံ သို့မဟုတ် ဣဋ္ဌမဇ္ဈတ္တာရုံ (၆)မျိုး --- ဤအာရုံ (၆)မျိုးတို့သည် ထိုက်သလို ရှေးရှူ ကျရောက်လာသောအခါ၊ ထင်လာသောအခါ --- ၁။ ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုး၌ ရာဂဖြင့် မတပ်မက်သော (= ရာဂဖြင့် မတပ်မက်အောင် ယင်းအာရုံတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာဝေဒနာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။
依世尊上述教说,当以下所缘随其所应进入范围、显现于六门时:1.六种可意所缘,即为人所欲、所喜、所珍重者;2.六种不可意所缘,即不为人所欲、所喜、所珍重者;3.六种中等可意所缘,也称中等所缘——这六种依出离舍便可能如下生起:1.对于六种可意所缘不以贪染执著的瑜伽行者,也就是为了不以贪染执著而正在把这些所缘安立于三相之下、修习审察毗婆舍那者,其相续中可以生起与观智相应的六种依出离舍受。
၂။ အနိဋ္ဌဖြစ်သော အာရုံ (၆)မျိုး၌ ဒေါသဖြင့် မပြစ်မှားသော စိတ်မပျက်သော ဝမ်းမနည်းသော (= မပြစ်မှား မိအောင် စိတ်မပျက်အောင် ဝမ်းမနည်းအောင် ယင်း အနိဋ္ဌာရုံ အမျိုးမျိုးကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက် ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။
2.对于六种不可意所缘,不因嗔恚而嗔害、不灰心、不忧伤的瑜伽行者,也就是为了不因嗔恚而嗔害、不灰心、不忧伤而正在把种种不可意所缘安立于三相之下、修习审察毗婆舍那者,其相续中也可以生起与观智相应的六种依出离舍。
原书第 499 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၃။ အသမပေက္ခန အမည်ရသော မညီမညွတ် ရှုကြည့်စရာဖြစ်သော ဣဋ္ဌာရုံ-အနိဋ္ဌာရုံ-ဣဋ္ဌမဇ္ဈတ္တာရုံ (မဇ္ဈ- တ္တာရုံ)တို့၌ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိနေသဖြင့် တွေဝေမှု မရှိသော ယောဂါ- ဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။
3.对于无智凡夫会以称为“无等观”的方式无等观察的三类所缘——可意所缘、不可意所缘与中等可意所缘——瑜伽行者如实了知其无常、苦、无我性质,因而不迷惑;其相续中也可以生起与观智相应的六种依出离舍。
အသမပေက္ခန
无等观
ဤအရာတွင် ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ (၃၂၃)၌ - အသမပေက္ခနေန - ဟု ရှိ၏။ ယင်း မဟာဝဂ္ဂ ဋီကာ၌လည်း အသမပေက္ခနေန - ဟုပင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
这里,《长部·大品义注》第323页作 asamapekkhanena;《长部·大品复注》也同样采用 asamapekkhanena,并作如下解释:
သမံ သမ္မာ ယောနိသော န ပေက္ခနံ အသမပေက္ခနံ၊ တံ ပန ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေ ဝိယ ဣဋ္ဌာနိဋ္ဌေသုပိ ဗာလဿ ဟောတီတိ ''ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေ''တိ အဝတွာ ''အသမပေက္ခနေန အသမ္မုယှန္တဿာ''တိ ဝုတ္တံ၊ တိဝိဓေပိ အာရမ္မဏေ အသမပေက္ခနဝသေန မုယှန္တဿာတိ အတ္ထော။ (မ-ဋီ-၂-၂၆၈။) ဥပရိပဏ္ဏာသအဋ္ဌကထာ (မ-ဋ္ဌ-၄-၁၈၇။) ဥပရိပဏ္ဏာသဋီကာ (မ-ဋီ-၃-၃၈၄)တို့၌ကား အထက်တွင် ဖော်ပြထားသည့်အတိုင်း အသမပေက္ခနေဟု ရှိ၏။ အသမပေက္ခနေန၊ အသမပေက္ခနေဟု ပါဌ် နှစ်ထွေ ရှိနေ သော်လည်း ဆိုလိုရင်း အဓိပ္ပါယ်မှာ မပျက်စီးသွားပေ။ ယင်းအဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
“不能平等、正确、如理地观,就是无等观。愚者不但对中等可意所缘如此,对可意、不可意所缘也如此;因此,不说‘在可意、不可意、中等可意所缘上’,而说‘不因无等观而迷惑者’。其义是:愚者对于三类所缘,都会以无等观而陷入迷惑。”(《长部复注》2-268。)至于《中部·后五十经篇义注》(《中部义注》4-187)和《中部·后五十经篇复注》(《中部复注》3-384),则如上文所示,作 asamapekkhane。虽然原文有 asamapekkhanena 与 asamapekkhane 两种读法,所要表达的意义并未改变。这些义注与复注的意旨如下。
ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသော အန္ဓဗာလပုထုဇန် ငမိုက်သားသည်ကား အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု ကောင်းမွန် မှန်ကန်စွာ နှလုံးသွင်းမှု ယောနိသောမနသိကာရကို ရှေ့သွားမပြုတတ်သဖြင့်၊ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို ကောင်းမွန်မှန်ကန်စွာ မရှုမမြင် တတ်သဖြင့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားခြင်း နှလုံးသွင်းခြင်း အယောနိသောမနသိကာရကို ရှေ့သွားပြုကာ မညီမညွတ် ရှုတတ်သဖြင့် --- ဣဋ္ဌာရုံနှင့် တွေ့ကြုံလျှင်လည်း ရာဂဖြင့် တပ်မက်တတ်၏၊ အနိဋ္ဌာရုံ နှင့် တွေ့ကြုံလျှင်လည်း ဒေါသဖြင့် ပြစ်မှားတတ်၏ စိတ်ပျက်တတ်၏၊ ဝမ်းနည်းတတ်၏ မျက်ရည်ပေါက်ကြီး ငယ် အသွယ်သွယ် စီးဆင်းလာတတ်၏။ အလားတူပင် --- ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ = မဇ္ဈတ္တာရုံဟူ သော အာရုံသုံးမျိုးလုံး အပေါ်၌လည်း ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသဖြင့် ဆိုင်ရာဆိုင်ရာ ဒွါရ၌ ယင်းအာရုံ
没有洞见究竟法慧眼的盲愚凡夫,不能以正确方式作意所缘,不能以把所缘正确作意为无常、苦、无我、不净的如理作意作先导;他不能正确观见所缘无常、苦、无我、不净的真实性质,反以把所缘错认、作意为常、乐、我、净的不如理作意作先导,因而作无等观。遇到可意所缘时,他会以贪染执著;遇到不可意所缘时,他会因嗔恚而嗔害,灰心、忧伤,流下大大小小、各种各样的眼泪。同样,对于可意、不可意、中等可意这三类所缘,他也因为没有洞见究竟法的慧眼,所以当这六种所缘随其所应显现于各自的门时
(၆)မျိုးတို့ ထိုက်သလို ထင်လာသောအခါ ယင်းအာရုံတို့ကို နိစ္စဟု၊ သုခဟု၊ အတ္တဟု၊ သုဘဟု မညီမညွတ် ရှု တတ်၏၊ အသိမှားနေ၏၊ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိဘဲ အသိမှားနေသဖြင့် တွေဝေနေသူဟု ခေါ်ဆိုရ၏။ သို့အတွက် ပရမတ္ထ ပညာမျက်စိကာဏ်းနေသော လူမိုက်အဖို့ ဤဣဋ္ဌ-အနိဋ္ဌ- မဇ္ဈတ္တဟု သုံးမျိုးပြားသော အာရုံ (၆)မျိုးသည် နိစ္စ-သုခ-အတ္တ-သုဘဟု မညီမညွတ် ရှုကြည့်ဖွယ်ရာ အာရုံတို့ ဖြစ်နေကြ၏။ သို့သော် ပရမတ္ထ ဉာဏ်ပညာမျက်စိရှိသူ သူတော်ကောင်းကား --- ယင်းလူမိုက်၏ မညီ မညွတ် ရှုကြည့်စရာ ဖြစ်သော ဣဋ္ဌ-အနိဋ္ဌ-မဇ္ဈတ္တ အာရုံ (၆)ပါးတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု တွေဝေမှု မရှိဘဲ အနိစ္စ- ဒုက္ခ-အနတ္တ-အသုဘ ဟုသာ အမှန်အတိုင်း သိမြင်နေ၏။ ထိုထို သိမြင်နေသော မောဟဖြင့် တွေဝေမှု မရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုး ဖြစ်ပေါ်လာနိုင်ပေသည် ဟူလိုသည်။
便以无等观把它们观作常、乐、我、净,陷入错知。他不知所缘无常、苦、无我、不净的真实性质而错知,所以称为迷惑者。因此,对于洞见究竟法的慧眼失明的愚者,这些分为可意、不可意、中等可意三类的六种所缘,都成了会被他以无等观观作常、乐、我、净的所缘。可是,具有洞见究竟法慧眼的贤善者,对于这些被愚者作无等观的可意、不可意、中等可意六种所缘,并不迷惑为常、乐、我、净,而只如实知见为无常、苦、无我、不净。其意是:在这样知见、没有因痴而迷惑的瑜伽行者相续中,也可以生起六种依出离舍。
နေက္ခမ္မသိတ ဥပေက္ခာဝေဒနာ ရှုကွက်
依出离舍受的观法
ယင်း နေက္ခမ္မသိတဥပေက္ခာဝေဒနာကိုပင် နိရာမိသ ဥပေက္ခာဝေဒနာဟု ခေါ်ဆို၏။ အသင်သူတော်- ကောင်းသည် ယင်းရူပါရုံ စသည့် အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ --- ယင်းအာရုံ အသီး အသီး၏ ---
这种依出离舍受,也称为无爱染舍受。贤善者,你应在色所缘等六种所缘中逐一取一种为所缘,进而对于每一种所缘的
原书第 500 页
၁။ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စ အခြင်းအရာကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ အနိစ္စဟု သိနေသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ ဖြစ်ပေါ်လာမည်။ ယင်းဝီထိစိတ်အစဥ်တို့၌ ဝေဒနာကို အဦးမူသဖြင့် စိတ္တက္ခဏတိုင်းရှိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ သောမနဿဝေဒနာကို အဦးမူသဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။ ဥပေက္ခာဝေဒနာကို အဦးမူ သဖြင့် ယင်းနာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ ဥပေက္ခာဝေဒနာကို ကွဲကွဲပြားပြား ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။
1.以生起、坏灭的无常性质为所缘,观为“无常”。于是会生起正在了知“无常”的毗婆舍那意门速行心路相续。在这些心路相续中,应以受为首,摄取每一心刹那中的名法。若以悦受为首摄取名法,便称为如实了知无爱染乐受;若以舍受为首摄取这些名法,便称为清楚、如实了知无爱染舍受。
၂။ ထိုနောင် ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များနှင့် အာရုံရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းပါ။ (ရှုပုံ စနစ်များကို ရှေးတွင် ဖော်ပြခဲ့ပြီ။)
2.随后,还要继续摄取这些名法的所依处色与所缘色。(观修方法前文已经说明。)