十四不善心所
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 83–88 页 · 43 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 83 页
အကုသိုလ်စေတသိက် (၁၄) လုံး
十四不善心所
အကုသိုလ်စေတသိက် အမည်ရသော စေတသိက်တို့မှာ (၁၄)လုံး ရှိကြသည်။ ထိုတွင် ---- ၁။ အကုသလသာဓာရဏစေတသိက် = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသောစေတသိက် -(၄)လုံး၊ ၂။ လောဘမူစိတ်နှင့်သာ ထိုက်သလိုယှဥ်သော လောဘအုပ်စု စေတသိက် ---- (၃)လုံး၊ ၃။ ဒေါသမူစိတ်နှင့်သာ ထိုက်သလိုယှဥ်သော ဒေါသအုပ်စု စေတသိက် ---- (၄)လုံး၊ ၄။ သသင်္ခါရိက အကုသိုလ်စိတ်တို့နှင့်သာ ယှဥ်သော သသင်္ခါရိကအုပ်စုဝင် စေတသိက် ---- (၂)လုံး၊
称为不善心所的心所共有14个。其中:1.遍一切不善心心所,即与一切不善心相应的心所,4个;2.贪组心所,只依其所应而与贪根心相应,3个;3.嗔组心所,只依其所应而与嗔根心相应,4个;4.有行组心所,只与有行不善心相应,2个;
原书第 84 页
၅။ မောဟမူစိတ်နှင့်သာ ထိုက်သလိုယှဥ်သော မောဟအုပ်စု စေတသိက် ---- (၁)လုံး --- ဤသို့လျှင် အကုသိုလ် စေတသိက် (၁၄)လုံး ရှိပေသည်။
5.痴组心所,只依其所应而与痴根心相应,1个。如此共有14个不善心所。
အကုသလသာဓာရဏ စေတသိက် (၄) လုံး
四种遍一切不善心心所
(= အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ၄-လုံး)
(即与一切不善心相应的4个心所)
၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော = အသိမှားခြင်းသဘော၊ ၂။ အဟိရိက = (က) ဒုစရိုက်တရား၊ (ခ) လောဘ ဒေါသ မောဟစသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊ ၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား၊ (ခ) လောဘ ဒေါသ မောဟစသည့် အကုသိုလ်တရားတို့မှ မကြောက် ခြင်းသဘော၊ ၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊
1.痴:不了知所缘真实自性的性质,即错误认知的性质。2.无惭:对于(甲)恶行法,以及(乙)贪、嗔、痴等不善法,不感羞耻的性质。3.无愧:对于(甲)恶行法,以及(乙)贪、嗔、痴等不善法,不感畏惧的性质。4.掉举:心在所缘上不得安定、散乱不静的性质。
လောဘအုပ်စု စေတသိက် (၃) လုံး
三种贪组心所
၅။ လောဘ = အာရုံကို ''ငါ - ငါ့ဟာ''ဟု စွဲယူခြင်းသဘော၊ = အာရုံကို လိုလားတပ်မက်ခြင်းသဘော၊ = အာရုံ၌ ကပ်ငြိခြင်းသဘော၊ ၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊ = အယူမှားခြင်းသဘော၊ ခံယူချက်မှားခြင်းသဘော၊ ၇။ မာန = ''ငါ ငါ''ဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊ = ထောင်လွှားခြင်းသဘော၊ = အသာယူလိုခြင်းသဘော၊
5.贪:把所缘执取为“我、我的”的性质;希求、贪著所缘的性质;黏著于所缘的性质。6.邪见:把所缘执著、信认为常、乐、我、净的性质;见解错误、主张错误的性质。7.慢:以“我、我”令心昂扬、高举的性质;骄傲自大的性质;想要胜过他人的性质。
ရှင်းလင်းချက်
解释
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။
“就胜义而言,〔心〕奔行于并不存在的女人、男人等,却不奔行于实际存在的蕴等,故名无明。”
(ဝိသုဒ္ဓိ-၂-၁၅၇။)
(《清净道论》2-157。)
မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်သည်။ (၃၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိလောက သက်မဲ့လော က = သက်ရှိအရာဝတ္ထု သက်မဲ့အရာဝတ္ထုတို့ကို ပရမတ္ထသစ္စာနယ်မှ ဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်လျှင် ---- ၁။ ရုပ်တရားအစုအပုံ၊ ၂။ နာမ်တရားအစုအပုံ၊ ၃။ ရုပ်+နာမ်အစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ နာမရူပပရိစ္ဆေဒဉာဏ်တည်း။
痴也称为无明。对于存在于31界中的有生命世间与无生命世间——也就是有生命事物与无生命事物——若从胜义谛的范围,以慧眼分别、解析,则会了知其中只有:1.色法之聚;2.名法之聚;3.色法与名法之聚。这样的认知是正确的,即名色分别智。
၄။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ ပစ္စယပရိဂ္ဂဟဉာဏ်တည်း။
4.若了知其中只有因法之聚与果法之聚,这样的认知也是正确的,即缘摄受智。
原书第 85 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ထို ရုပ်-နာမ်-ကြောင်း-ကျိုး တရားစုတို့ကို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးပါမှ ဖြစ်- ပေါ်လာရသောကြောင့် သင်္ခါရတရားတို့ဟူ၍ ခေါ်၏။ ထိုသင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရသည့် ဒုက္ခ တရားတို့သာ ဖြစ်ကြ၏။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မဟုတ်သည့် အနတ္တတရားတို့သာ ဖြစ်ကြ၏။ ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားတို့သာ ဖြစ်ကြ၏။ သို့အတွက် ယင်းသင်္ခါရ တရားတို့ကို ---- ၅။ အနိစ္စတရား၊ ၆။ ဒုက္ခတရား၊ ၇။ အနတ္တတရား၊ ၈။ အသုဘတရားတို့သာ ဖြစ်ကြသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်နေ၏၊ ဝိပဿနာဉာဏ်များပင်တည်း။
这些色、名、因、果诸法聚,必须由各自相应的因法造作才会生起,所以称为行法。这些行法生起之后即会坏灭,故都只是无常法;它们不断遭受生灭所逼迫,故都只是苦法;它们并不是不坏不灭、以坚实核心与实质恒常存在的我,故都只是无我法;它们也都只是令人厌恶、可憎的不净法。因此,若了知这些行法只是:5.无常法;6.苦法;7.无我法;8.不净法,这样的认知也是正确的,即种种观智。
သို့အတွက် (၃၁)ဘုံ အတွင်း၌ တည်ရှိကြကုန်သော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို ---- ၁။ ရုပ်တရားအစုအပုံ၊ နာမ်တရားအစုအပုံ၊ ရုပ်+နာမ်အစုအပုံ = ခန္ဓာ (၅)ပါးအစုအပုံ = အာယတန (၁၂)ပါး အစုအပုံ = ဓာတ် (၁၈)ပါးအစုအပုံတို့ဟုလည်းကောင်း၊ ၂။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတို့ဟုလည်းကောင်း၊ ၃။ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံတို့ဟုလည်း- ကောင်း - သိရှိနေပါက ထိုအသိကို အသိမှန် = သမ္မာဒိဋ္ဌိ = ဝိဇ္ဇာဉာဏ်ဟု ဆိုရပေသည်။
因此,对于存在于31界中的一切有生命与无生命事物,若能了知它们是:1.色法之聚、名法之聚、色与名法之聚,即五蕴之聚、十二处之聚、十八界之聚;2.因法之聚与果法之聚;3.无常法之聚、苦法之聚、无我法之聚与不净法之聚——这种认知便称为正确之知=正见=明智。
ထိုသို့ အမှန်အတိုင်းမသိဘဲ သက်ရှိအရာဝတ္ထုတို့ကို ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့်လည်းကောင်း၊ သက်မဲ့အရာဝတ္ထုတို့ကို ရွှေ ငွေ သစ်ပင် ရေ မြေ တောတောင် စသည်ဖြင့်လည်းကောင်း၊ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးကို နိစ္စတရား သုခတရား အတ္တတရား သုဘတရားဟုလည်းကောင်း ပြောင်းပြန် သိမြင်နေပါက အသိမှား = အဝိဇ္ဇာဟု ခေါ်ဆိုရပေသည်။
若不能如此如实了知,反而把有生命事物认作男人、女人、补特伽罗、有情、人、天、梵天等,把无生命事物认作金、银、树木、水、土地、森林、山岳等,又颠倒地把一切有生命与无生命事物认作常法、乐法、我法、净法,这种错误认知便称为无明。
ဤတွင် အဝိဇ္ဇာ = မောဟနှင့် ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိတို့၏ သဘောကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နားလည် စေရန် ဝိပဿနာနယ်၌ အရေးတကြီး သိသင့်သော အတ္တစွဲနှစ်မျိုးကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
为了使人更深入地理解此处无明=痴与见=邪见的性质,下面继续说明在观修领域中亟须了知的两种我执。
အတ္တစွဲ နှစ်မျိုး
两种我执
လောကသမညာအတ္တစွဲနှင့် သာသနာပ အယူအဆရှိကြသည့် မိစ္ဆာဒိဋ္ဌိတို့ ကြံဆအပ်သော အတ္တဒိဋ္ဌိစွဲဟု အတ္တစွဲနှစ်မျိုး ရှိပေသည်။
我执共有两种:一是世间通称之我执;二是佛教之外持邪见者所构想的我见执。
၁။ လောကသမညာအတ္တစွဲ ---- သက်ရှိအရာဝတ္ထုတို့ကို ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရစ္ဆာန် စသည်ဖြင့် စွဲယူမှု သက်မဲ့အရာဝတ္ထုတို့ကိုလည်း ရွှေငွေ လယ်ယာ အိုးအိမ် သစ်ပင် ရေမြေ တောတောင် --- စသည်ဖြင့် စွဲယူမှုတည်း။ လောကလူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ် ထင်ရှားရှိသည်ဟု စွဲလမ်း ယုံကြည်မှုမျိုးတည်း။ ယင်းလောကသမညာ အတ္တစွဲကိုပင် လောကလူတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝေါဟာရ = သတ္တသညာ - ဟုလည်း ခေါ်၏။ (မ-ဋီ-၁-၃၆၅-၃၆၆။) အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိလောက၌ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့ကို သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သက်ရှိလောကတစ်ခုလုံးကို သင်္ခါရတရားအစုအပုံ
1.世间通称之我执——把有生命事物执取为男人、女人、补特伽罗、有情、人、天、梵天、水牛、牛、畜生等;又把无生命事物执取为金银、田地、房舍、树木、水土、森林、山岳等。这是一种依世人日常称说使用的方式,执著、相信它们真实显然存在的执取。这种世间通称之我执,也称为“依世俗言说而生起的有情想”,因为它依世人所使用的惯用言说之力而生起。(《中部复注》1-365—366。)如上所释,当人能在内在与外在的有情世间中,以智把握、分别色、名、因、果诸行法时,便会把整个有情世间看作只是行法之聚,即
原书第 86 页
အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား အစုအပုံဟု သိမြင်ခဲ့သော် စွဲယူခဲ့သော် ထိုသိမြင်မှု စွဲယူ မှုမှာ မှန်၏။ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရစ္ဆာန် စသည့် သတ္တဝါသည် တကယ်ထင်ရှားရှိ၏ဟု သိနေခဲ့သော် စွဲယူခဲ့သော် ယုံကြည်ခဲ့သော် ထိုအသိ ထိုစွဲယူမှု ထိုယုံကြည်မှုသည် မှား နေ၏။
无常法、苦法、无我法与不净法之聚;这样的知见与执取是正确的。反之,若认知、执取并相信男人、女人、补特伽罗、有情、人、天、梵天、水牛、牛、畜生等有情真实显然存在,这种认知、执取与信念便是错误的。
တစ်ဖန် သက်မဲ့အရာဝတ္ထုတို့ကို (ဗဟိဒ္ဓကို ရှုနိုင်သောအခါ) ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်အမှုန်များကို ဉာဏ်ပညာ မျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုကြည့်ပါက = ဓာတ်ခွဲကြည့်ပါက ဥတု ခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေ ကြသော သြဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇသြဇဋ္ဌမကရုပ်များနှင့် အသံပါသော် ဥတုဇသဒ္ဒနဝကရုပ်များ ကိုသာ တွေ့ရှိမည်ဖြစ်သည်။ ဥတုဟူသည် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကို ခေါ်သည်။ ယင်း သက်မဲ့ ရွှေ ငွေ စသော အရာဝတ္ထုတို့မှာ ရုပ်ကလာပ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်ရကား ယင်းကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ် ဥတု သည် နောက်ထပ် ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏။ အကြောင်းမကုန်သေးသမျှ ဖြစ်ပျက်
再者,对于无生命事物,〔当能够观照外在时,〕若专注观照,直至看见四大种,就只会见到色聚微粒。若再以慧眼分别、解析这些色聚微粒,也就是分析其中诸界,便只会见到由名为“时节”的火界所生、以食素为第八法的时节生食素八法聚诸色;若还含有声音,则会见到时节生声九法聚诸色。“时节”是指每一个色聚中所含的火界。金、银等无生命事物,只是由诸色聚构成的色聚集合;每一色聚中所含、称为时节的火界,都有能力继续产生一个又一个新的色聚。只要诸因尚未穷尽,它们便是不断生灭
နေကြသော ဓမ္မသဘာဝတို့၏ အစုအပုံတို့သာ ဖြစ်ကြသည်။ သို့အတွက် ယင်းသက်မဲ့အရာဝတ္ထုတို့ကို ဥတုဇ သြဇဋ္ဌမက ရုပ်တရားအစုအပုံဟုလည်းကောင်း၊ အသံပါခဲ့သော် ဥတုဇသဒ္ဒနဝက ရုပ်တရားအစုအပုံဟု လည်း- ကောင်း သိမြင်ခဲ့သော် ထိုအသိသည် မှန်နေ၏၊ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟု သိမြင်ခဲ့သော် ထိုအသိလည်း မှန်နေ၏။ ရွှေ ငွေ စသည်ဖြင့် သိခဲ့သော် ထို အသိကား မှားနေ၏။ ရွှေ ငွေ စသည်ဖြင့် စွဲယူခဲ့သော် ယုံကြည်ခဲ့သော် ထိုစွဲယူမှု ယုံကြည်မှုသည်လည်း မှားနေ၏။ ဤကား လောကသမညာအတ္တစွဲ သို့မဟုတ် ဝေါဟာရသတ္တသညာစွဲတည်း။
的法之自性聚而已。因此,若把这些无生命事物知见为时节生食素八法聚诸色之聚,或者在含有声音时知见为时节生声九法聚诸色之聚,这种认知是正确的;若知见为无常法、苦法、无我法、不净法之聚,这种认知也是正确的。若认作金、银等,这种认知就是错误的;若执取、相信它们是金、银等,这种执取与信念也同样错误。这就是世间通称之我执,或世俗言说有情想之执。
၂။ အတ္တဒိဋ္ဌိစွဲ
2.我见执
ဤ အတ္တဒိဋ္ဌိစွဲ၌ ---- (က) ပရမတ္တဒိဋ္ဌိစွဲ ( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ ---- ဟု အကြမ်းစားအားဖြင့် နှစ်မျိုး ခွဲနိုင်၏။
这种我见执,粗分为两种:(甲)最高我见执;(乙)生命我见执。
(က) ပရမတ္တ = ပရမအတ္တဒိဋ္ဌိစွဲ လောကကြီးနှင့်တကွ သတ္တဝါအသီးအသီးကို ဖန်ဆင်းနေသော ဖန်ဆင်းရှင်အတ္တ = ပရမတ္တ = ပရမအတ္တ ရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ပရမအတ္တဒိဋ္ဌိစွဲတည်း။
(甲)最高我(parama-atta)=最高我见执。错误地执取、主张存在一个创造整个世界以及每一个有情的创造者我=最高我(parama-atta),就是最高我见执。
( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ သတ္တဝါ အသီးအသီး သန္တာန်၌ အဖန်ဆင်းခံရသော ဇီဝကောင် = အသက်ကောင် = လိပ်ပြာကောင် = ဝိညာဏ်ကောင် = အတ္တကောင် ရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ဇီဝအတ္တဒိဋ္ဌိစွဲတည်း။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း နှစ်ပါး သုံးပါး စသည်ကိုလည်းကောင်း အတ္တဟု စွဲယူတတ်၏၊ သက္ကာယဒိဋ္ဌိ ဟုလည်း ခေါ်ဆို၏။ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒမှန်သမျှတို့သည် ဤသက္ကာယဒိဋ္ဌိ၌ အခြေစိုက်လျက် ရှိကြ၏။
(乙)生命我见执。错误地执取、主张在每一个有情的相续中,存在一个受造的生命我实体=生命实体=灵魂实体=识实体=自我实体,就是生命我见执。人们也会把五蕴中的一蕴,或二蕴、三蕴等执取为我;这又称为有身见。一切邪见学说无不以此有身见为基础。
သန္တောကာယော သက္ကာယော = ထင်ရှားရှိသော ခန္ဓာ (၅)ပါး အပေါင်းသည် သက္ကာယတည်း။ သက္ကာယ အမည်ရသော ခန္ဓာ (၅)ပါး၌ အတ္တဟု စွဲယူမှု ခံယူချက်မှားမှုသည် သက္ကာယဒိဋ္ဌိတည်း။
巴利释词:“သန္တောကာယော သက္ကာယော”(santo kāyo sakkāyo)——显然存在的五蕴之聚,就是“有身”(sakkāya)。对于这称为“有身”的五蕴,错误地执取、主张它是“我”,便是有身见。
原书第 87 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ယင်းသက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိသို့ အစဥ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော သညာကို သတ္တသညာ ဟုလည်း ခေါ်ဆိုတော်မူကြသည်။ (မ-ဋီ-၁-၃၆၅။) ဤသို့လျှင် အတ္တဒိဋ္ဌိသို့ အစဥ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ (= ဇီဝကောင် အတ္တကောင် တကယ်ထင်ရှားရှိသည်ဟု စွဲလမ်းယုံကြည်သော သတ္တသညာ)နှင့် လူတို့ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ (= ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည် တကယ်ထင်ရှား ရှိ၏ဟု လူတို့ ခေါ်ဝေါ်သည့်အတိုင်း စွဲလမ်းယုံကြည်နေသော သတ္တသညာ)ဟု သတ္တသညာ နှစ်မျိုး ရှိပေသည်။ (မ-ဋီ-၁-၃၆၅-၃၆၆။) အတ္တဒိဋ္ဌိသို့ အစဥ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာမှာ အတ္တဒိဋ္ဌိစွဲတည်း။ လူတို့ ခေါ်ဝေါ်သည့် ဝေါဟာရအတိုင်း ဖြစ်ပေါ်လာသော သတ္တသညာမှာ လောကသမညာ အတ္တစွဲတည်း။ ဤသို့လျှင်
随着上述有身见——即我见——而生起的想,也称为“有情想”。(《中部复注》1-365。)这样,有情想共有两种:一是随着我见而生起的有情想〔即执著、相信确有生命实体与我实体的有情想〕;二是依世人惯用言说而生起的有情想〔即按照世人的称说,执著、相信男人、女人、补特伽罗、有情、人、天、梵天等真实显然存在的有情想〕。(《中部复注》1-365—366。)前者是我见执;后者是世间通称之我执。这样,
အတ္တစွဲ နှစ်မျိုးရှိသည်ဟု အကြမ်းစားအားဖြင့် မှတ်သားပါ။ ထိုအတ္တစွဲ နှစ်မျိုးကို သဘောပေါက်ပါမှ မောဟနှင့် ဒိဋ္ဌိကို ပို၍ သဘောပေါက်နိုင်မည် ဖြစ်သည်။
概略而言,应知我执有这两种。只有理解这两种我执,才能更深入地理解痴与邪见。
မောဟ နှင့် ဒိဋ္ဌိ
痴与邪见
မောဟသည် (၃၁)ဘုံအတွင်း၌ တည်ရှိကြသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု အသိမှား၏။ ဒိဋ္ဌိသည် (၃၁)ဘုံ အတွင်း၌ တည်ရှိကြသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက် ခံယူချက် မှား၏။ နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ၊ နိစ္စ သုခ အတ္တ သုဘဟု အယူမှားမှုကား ဒိဋ္ဌိတည်း။
痴把存在于31界中的有生命与无生命事物,错误地认知为常、乐、我、净;邪见则错误地相信、执取这些事物为常、乐、我、净。把它们错误地认知为常、乐、我、净,是痴;错误地主张它们是常、乐、我、净,则是邪见。
ဒေါသအုပ်စု စေတသိက် (၄) လုံး
四种嗔组心所
၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊ = ဖျက်ဆီးလိုခြင်းသဘော၊ ၉။ ဣဿာ = သူတစ်ပါး၏ ဂုဏ်သိရ် စည်းစိမ်ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊ = ကိုယ့်ထက်သာ မနာလိုမှုသဘော၊ ၁ဝ။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊ = သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်းသဘော၊ = မိမိစည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ၁၁။ ကုက္ကုစ္စ = (က)ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှု အကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ ( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
8.嗔:心刚强、粗暴的性质;想要毁坏所缘的性质。9.嫉:对于他人的名誉、财富与安乐心怀嫉妒、讥刺的性质;不能容忍他人胜过自己的性质。10.悭:隐藏自己财富的性质;不肯让自己的财富与他人分享的性质;不能容人触动自己财富的性质。11.恶作:(甲)对于已经造作、实行的不善与恶行,因为做了、行了而事后追悔、再度忧恼的性质;(乙)对于未曾造作、实行的善与善行,因为没有做、没有行而事后追悔、再度忧恼的性质。
သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂ ) လုံး
两种有行组心所
၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊ = စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊
12.昏沉:心昏钝的性质;心不振奋、不锐利的性质。
原书第 88 页
၁၃။ မိဒ္ဓ = ယှဥ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊ = ယှဥ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော၊
13.睡眠:相应诸心所昏钝的性质;相应诸心所不振奋、不锐利的性质。
မောဟအုပ်စု စေတသိက် (၁) လုံး
一种痴组心所
၁၄။ ဝိစိကိစ္ဆာ = (၁) သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်၊ (၂) မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟူသော တရားစစ် တရားမှန်၊ (၃) အရိယသံဃာစစ် သံဃာမှန်၊ (၄) သီလကျင့်စဥ် သမာဓိကျင့်စဥ် ပညာကျင့်စဥ်ဟူသော သိက္ခာသုံးပါး၊ (၅) သံသရာ၏ ရှေးအစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ၊ (၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ၊
14.疑:所疑的八处为:(1)真正的一切知正等觉佛陀;(2)称为道、果、涅槃与法蕴的真实正法;(3)真正的圣僧团;(4)戒行、定行、慧行这三学;(5)称为轮回前际的过去生命,即过去蕴;(6)称为轮回后际的未来生命,即未来蕴;
(၇) သံသရာ၏ ရှေးအစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ် ဘဝ = အတိတ်+
(7)称为轮回前际与后际的过去、未来生命,即过去与
အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၊
未来蕴这两类;
(၈) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ---
(8)因果相联的缘起法理——
ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော၊ 〔မှတ်ချက် --- ကံ-ကံ၏ အကျိုးတရား၌ သံသယရှိခြင်းများလည်း ဤကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စ- သမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက် ရှိပေသည်။〕 (အဘိ-၁-၂ဝ၈။ စာပိုဒ်-၁ဝဝ၈။) ဤကား အကုသိုလ်စေတသိက် (၁၄)လုံးတည်း။
对这八处犹疑不决的性质。〔注:对于业与业果有疑,也包括在对这种因果相联的缘起法理有疑之中。〕(《阿毗达磨》1-208,第1008段。)以上就是14种不善心所。